၁။၂၀၁၅ ရွေးကောက်ပွဲအတွက် တရုတ်ကြောက်အစိုးရက တရုတ်ကို မုန်းတီးကြောင်း ပြချင်ကြတယ်။ (တရုတ်စီမံကိန်းတွေကြောင့် ပြည်သူတို့က သူတို့ကို မုန်းနေမှန်း သိကြတယ်)
၂။ သစ္စာဖောက်ခဲ့တာကို ဖုံးဖိလိုတယ်။ (ဖုန်းကြားရှင်က သူတို့နဲ့ ပထမဆုံး
အပစ်ရပ်ခဲ့တဲ့ အဖွဲ့အစည်း ဖြစ်တယ်။ နောက် သန်းရွှေခင်းကျင်းတဲ့
နယ်ခြားစောင့်တပ်အစီအစဉ်ကို လက်မခံလို့ သူ့လက်ထောက်နဲ့ ပေါင်းပြီး
တပ်မတော်က သစ္စာဖောက်ခဲ့တယ်။ အခု သူ ပြန်လာတော့
အဲဒီအကြောင်းပေါ်ကုန်မှာစိုးလို့ ဖုန်းကြားရှင်ကို နာမည်ဖျက်ထားနှင့်တယ်။)
၃။ နိုင်ငံတကာမှာ မျက်နှာပန်းလှအောင် လုပ်ချင်တယ်။ (ဘိန်းကိစ္စနဲ့
ဖုန်းကြားရှင်ကို မောင်းထုတ်ခဲ့ပေမဲ့ ဖုန်းကြားရှင်မရှိတဲ့နောက်မှာ
ဘိန်းထုတ်လုပ်မှုက ပိုများလာတာ ဖြစ်တယ်။ ဒါပေမဲ့ ကြက်ခြေနီကို
ပစ်ပါတယ်ဆိုတဲ့အမှုနဲ့ ဖုန်းကြားရှင် ပြဿနတက်အောင် အကွက်ဆင်ချင်တယ်။
အမှန်မှာ ဒီလိုလုပ်ဖို့ မြန်မာသံအမတ်ဟောင်းတစ်ဦးက ပြီးခဲ့တဲ့အပတ်ကတည်းက
အစိုးရကို အကြံပြုခဲ့ပြီဖြစ်တယ်။)
၎။ ဖုန်းကြားရှင်က သတိ(၃)ကြိမ်
ပေးခဲ့တယ်။ ဘာကြောင့် အရပ်သားထိခိုက်မှု ရှိခဲ့သလဲ။ ဒါကတော့ ပြည်သူတို့နဲ့
ဖုန်းကြားရှင်ကြား ရန်တိုက်ပေးတာ ဖြစ်တယ်။ (မတိုက်ခင်တစ်လ၊ မတိုက်ခင်
သုံးရက်၊ တိုက်တော့မဲ့ရက် မနက်(၆)နာရီမှာ သတိပေးခဲ့တယ်။ အဲဒီမှာ
ကျန်နေခဲ့တဲ့ ကိုးကန့်တွေကို အစိုးရတပ်က ပစ်ခတ်ခဲ့တယ်။ မြန်မာတပ်ကတော့
ဗမာတွေကိုပဲ လုံခြုံရေး ပေးခဲ့တယ်။ ကိုးကန့်အရပ်သားတွေကို ပစ်ခတ်ခဲ့တယ်။
အခု ကြက်ခြေနီတွေထဲမှာ မသင်္ကာစရာတွေ ရှိနေနိုင်တယ်။ အဲဒီမှာ ရှိတဲ့
အရပ်သားတွေဆိုတာ ဘယ်သူတွေလဲ။ ဒီက သွားတဲ့ ကြက်ခြေနီတွေဆိုတာလည်း ဘယ်သူလဲ။
အကောင်းဆုံးက ကမ္ဘာ့ကြက်ခြေနီကို လွှတ်လိုက်ပါ။ အရပ်သားတွေ
တကယ်ပိတ်မိနေခဲ့ရင်ပေါ့လေ။)
၅။ ပြဿနာက အစိုးရအလိုတော်ရိတွေက
တရုတ်ပြည်ကွန်မြူနစ်ပါတီကို အပြစ်တင်နေပေမဲ့ တရုတ်အစိုးရနဲ့ မြန်မာအစိုးရက
တိတ်တဆိတ်ဆက်ဆံနေမှုများ ရှိနေခ်ြငးပါပဲ။ (ဒါကို ဟန်တရုတ် ဖြစ်တဲ့
ဖုန်ကြားရှင်တောင် မကျေနပ်ခဲ့ဘူးလေ။ ခင်ဗျားတို့ နဂါးကြီးကို ရှိသမျှ
ကျွေးပြီး ရေနဂါးဖုန်းကြားရှင်နဲ့ ခြောက်ပြတာ ရီစရာမကောင်းဘူးလား)
အစိုးရအလိုတော်ရိတွေက ဖုန်းကြားရှင်တပ်က ကြက်ခြေနီအဖွဲ့ကို
ပစ်ခတ်ခဲ့တယ်လို့ တစိုက်မတ်မတ် စွတ်စွဲတယ်။ 7 Days ဆိုရင် ဒီသတင်းပဲ တင်တာ
များတယ်။ အစိုးရနဲ့ တပ်ကို လုံးဝထောက်ခံတဲ့ ဂျာနယ်ဖြစ်သွားတယ်။
ရုပ်ရှင်အစည်းအရုံးကလည်း လောက်ကိုင်ကို သွားဖို့ ပြင်နေကြပြီ။ ဒါပေမဲ့
ဒီလူတွေဟာ ကချင်မှာ အစိုးရက အရပ်သားတွေကို သတ်ဖြတ်တုန်းက၊
မုဒိမ်းကျင့်တုန်းက၊ ရွာကို မီးရှို့တုန်းက၊ လိုင်ဇာဌာနချုပ်ရှိ
ဗိုလ်လောင်းသင်တန်းပစ်ခံရတုန်းက တိုင်းရင်းသားတွေက စစ်အုပ်ချုပ်ရေး
အုပ်ချုပ်ပြီး တက်လာသမျှဗမာ့တပ်မတော်ကို ရှင်းပစ်ပါလို့ ဘယ်သူကမှ
မရေးခဲ့ကြဘူး။
ဒါဟာ အမှန်တရား ဖြစ်တယ်။ နောက်တစ်ခု ပြောချင်တယ်။
ဒီအုပ်စုတွေက ကျောင်းသားသပိတ် ဖြစ်တော့ ကလေးတွေ အေးအေးဆေးဆေး
ပညာသင်ကြားနေတာကို မြင်ရတာ စိတ်ချမ်းသာလိုက်တာလို့ အဘဘောမနေသူတွေ
ဖြစ်ကြတယ်။ ဒီမှာ ပြောင်ပြောမယ်။ ဒီတစ်ခါလည်း ပြည်သူတွေ
အလိမ်ခံလိုက်ရပြန်ပြီ။
U Ravika
0 comments:
Post a Comment