Friday, January 30, 2015

ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး သဘောတူညီမှု ပြည်ထောင်စုနေ့မှာ လက်မှတ်ထိုးကြဖို့ UNFC တိုက်တွန်း


ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး သဘောတူညီချက်ကို လာမယ့် ဖေဖော်ဝါရီ ၁၂ရက်နေ့မှာ မြန်မာသမ္မတကြီးမှူးတဲ့ အစိုးရအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ သဘောတူညီချက်ထိုးကြဖို့ ဆန္ဒရှိတယ်လို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC က ဇန်နဝါရီ ၂၉မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အမျိုးသားပြည်နယ်တွေကို အခြေခံပြီး ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်ရှိတဲ့ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး သဘောတူညီချက်ကို မြန်မာအစိုးရနဲ့ NCCT တို့ကြား သဘောတူရေးထိုးမယ်ဆိုရင် ယုံကြည်မှုတိုးလာနိုင်သလို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် NCA ကိုလည်း နှောင့်နှေးမှုမရှိဘဲ လုပ်ဆောင်နိုင်ကြမယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

0 comments: