Sunday, January 18, 2015

ဆုတ်ခွာပေးခဲ့သော KIA,စခန်းအားလုံး KIA မှပြန်လည် သိမ်းပိုက်နိုင်

ဖားကန့် ဒေသ ကေအိုင်အေ တပ်ရင်း (၆) ၏ ရှေ့တန်း စခန်း များ ဖြစ်သော အောင်ဘာလေ အနီးရှိ မိုင်ဆပ်ကောင် စခန်း ၊ Wa Je Post၊ RCM ဆုတောင်း တောင်ကုန်းအနီး မှ စခန်း နှင့် တန်ဂေါင် စခန်း များအား မြန်မာ စစ်တပ် တပ်မ (၆၆) လက်အောက်ခံ တပ်များမှ (15-16,Jan,2015) ရက်နေ့ တို့ တွင် စစ်အင်အား အလုံးအရင်း ဖြင့် ၀င်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့ ခြင်း ဖြစ်သည်။

ကေအိုင်အေ တပ်မှ (၁၆)ရက်နေ့ မွန်းလွဲ (၁ )နာရီ အချိန်ခန့် မှ စတင် ကာ ၄င်း တို့ ဆုတ်ခွာပေးခဲ့ သော တပ်စခန်းများ အားပြန်လည်သိမ်းပိုက် နိုင်ရန် တန်ပြန်ထိုးစစ်ဆင် ခဲ့ရာ ထိုနေ့ ခြင်း၌ပင် တန်ဂေါင် စခန်းကို ၄င်း၊ (၁၇)ရက်နေ့ တွင် Wa Je Post နှင့် RCM ဆုတောင်းတောင်အနီးရှိ စခန်း ကို ၄င်းပြန်လည် သိမ်းပိုက်နိုင် ခဲ့ ဖြစ်ကြောင်း သိရှိရပါသည်။ နောက်ဆုံးကျန်ရှိနေ သော အောင်ဘာလေ ရွာအနီးရှိ မိုင်ဆပ်ဂေါင် စခန်း အား ယနေ့ (၁၈.၁.၂၀၁၅) ရက်နေ့ တွင် ပြန်လည် သိမ်းပိုက်နိုင် ပြီ ဖြစ်ကြောင်း အောင်ဘာလေ ရွထဲတွင် ပိတ်မိနေ သော ဗမာ စစ်တပ်မှ ဓါးစာခံ အဖြစ် တားထား သော ရွာသားမျး ကို လည်း ကေအိုင်အေ မှ ကယ်ထုတ်နေ ပြီ ဖြစ်ကြောင်း ကေအိုင်အေရှေ့တန်း အရာရှိများထံမှ သတင်းရရှိပါသည်။

ယခု လက်ရှိတွင် ကေအိုင်အေ တပ်များ သည် (၂၀၁၃) နှစ်ဆန်းပိုင်း၌ မြန်မာ စစ်တပ် တပ်မ (၆၆) မှ လာရောက် သိမ်းပိုက် လိုက်သော ဖားကန့် ဂင်ဆီ ဟော ရှိ ၄င်းတို့ ၏ ကေအိုင်အေ တပ်ရင်း (၆) ဌာနချုပ် ဟောင်း ( ယခု တပ်မ -၆၆ စခန်းချထိုင်သောနေရာ) အား ပြန်လည် ရရှိသိမ်းပိုက် နိုင်ရန် အတွက် ယနေ့ နံနက် (၁၀း၃၀) ခန့် မှ စတင် ကာ ဂင်ဆီ ဟော ရှိ ၄င်း တပ်မ (၆၆) ထိုင်ထားသော ၄င်း တို့ ၏စခန်းဟောင်းအား ပြန် လည် တိုက်ခိုက်နေ ကြောင်း သိရှိရပါသည်။ ယခုသတင်းရေးသားနေ ချိန် အထိ(6pm) အထိ အပြင်း အထန် တိုက်ခိုက်နေ ဆဲ ဖြစ်ကြောင်း ကေအိုင်အေ ရှေ့တန်းအရာရှိများထံ မှ ယခုလေး တင်သတင်း ပေးပို့ လာပါသည်။ တပ်မ-၆၆ မှ လည်း အပြင်းအထန်ပြန်လည် ခုခံနေ ကြောင်း ထပ်မံ သိရှိရပါသည်။

သတင်းရင်းမြစ် - ကချင်သတင်းဌာန

0 comments: