
၁။ ပညာရေးမူဝါဒများနဲ့ ဥပဒေများနည်းဥပဒေများ ဆက်စပ်ဥပဒေများ ရေးဆွဲရာတွင် ကျောင်းသားကျောင်းသူ ကိုယ်စားများ ဆရာဆရာမကိုယ်စားလှယ်များ ပါဝင်ရန်ကိစ္စ
-
၂ ။ကျောင်းသားသမဂ္ဂများ ဆရာသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင်
လှုပ်ရှားခွင့်နှင့် ၄င်းသမဂ္ဂများ တည်ရှိမှုအပေါ် တရားဝင် အသိအမှတ်ပြုရေးကိစ္စ
-
၃။ လက်ရှိပြဌာန်းပြီးဖြစ်သော အမျိုးသား ပညာရေးဥပဒေတွင် ပါဝင်သည့် အမျိုးသားပညာရေးကော်မရှင်နှင့်
တက္ကသိုလ်များ ပေါင်းစပ်ညှို နှိုင်းရေးကော်မတီ ဖွဲ့စည်းထားခြင်းကိစ္စ
-
၎။ ဒေသအလိုက်နဲ့ ကျောင်းအလိုက်လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ပညာရေးဆိုင်ရာ ကိုယ်ပိုင်ပြဌာန်းခွင့်ကိစ္စ
-
၅ ။လက်ရှိကျင့်သုံးနေသော စာမေးပွဲစနစ်နွှဲ တက္ကသိုလ်ဝင်ခွင့်များပြင်ဆင်ရန်ကိစ္စ
-
၆ ။ကျောင်းသားများလွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်ပြီး ကိုယ်တိုင်လေ့လာ စူးစမ်းသင်ယူနိုင်သည့် သင်ကြားနည်းစနစ်များ ပြောင်းလဲရန်ကိစ္စ
-
၇။ တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကားလွတ်လပ်ခွင့်နှင့် မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေးစနစ်
( mother tongue based multi- lingual eduacation ) ကို အမျိုးသားပညာရေးဥပဒေတွင် ထည့်သွင်းပြဌာန်းရန်ကိစ္စ
-
၈။ မသန်စွမ်းကလေးများအပါအဝင် ကလေးအားအတွက် လူတိုင်းကျုံးဝင် ပညာရေး
( inclusive education ) ကိစ္စ
-
၉။ ကျောင်းသားအရေးအခင်းများကြောင့် ကျောင်းထုတ်ခံခဲ့ရသည့် ကျောင်းသားများ ကျောင်းပြန်လည် တက်ရောက်ရန်ကိစ္စ
-
၁၀။ ပညာရေးအသုံးစရိတ်ကို တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၂၀% သတ်မှတ်နိုင်ရေး ကိစ္စ
-
၁၁ ။အခမဲ့ မသင်မနေရ ပညာရေးစနစ်ကို မူလတန်း အဆင့်သာမက အလယ်တန်း အဆင့်ထိ တိုးမြှင့် ကျင့်သုံးရေးကိစ္စ
0 comments:
Post a Comment