Wednesday, January 28, 2015

တွေ.ဆုံဆွေးနွေးအဖြေမှန်ရှာဖွေခြင်းမှတပါး အခြားမရှိပြီ




 သပိတ်မှောက်ကျောင်းသား စစ်ကြောင်းသည် တောင်သာမြို့အတွင်းသို့ ရောက်ရှိနေပြီးဖြစ်ကြောင်း သိရသည်။ ကျောင်းသားများသည် တောင်သာမြို့ရှိ မုံပင် ဘုန်းတော်ကြီးကျောင်းတွင် တစ်ည တည်းခို အနားယူမည်ဖြစ်ပြီး ဇန်နဝါရီ ၂၈ ရက် ၉ နာရီအချိန်တွင် တောင်သာမြို့မှ ဆက်လက် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီ ၂၈ ရက်နေ့၌ အစိုးရ၏ ကမ်းလှမ်းချက်အရ သမ္မတရုံး ပြည်ထောင်စု ဝန်ကြီးဦးအောင်မင်းနှင့် နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးရန် ကျောင်းသားကိုယ်စားလှယ်နှစ်ဦး ရွေးချယ် ထားကြောင်းနှင့် ကိုနန္ဒာစစ်အောင်နှင့် ကိုအောင်မှိုင်းဆန်းတို့ သွားရောက်မည်ဖြစ်ကြောင်း သပိတ်မှောက် ကျောင်းသားများ ထဲတွင် တစ်ဦး အပါအဝင်ဖြစ်သော ကိုမင်းသွေးသစ်က ပြောကြားသည်။

ကျန်ရှိသော ကျောင်းသားများမှာမူ ပုံမှန်အစီအစဉ်အတိုင်း ဇန်နဝါရီ ၂၈ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင်
ရန်ကုန်မြို့သို့ ဆက်လက် ချီတက်မည် ဖြစ်သည်။

သတင်း- EMG

0 comments: