

အမျိုးသားပညာရေးဥပဒေကို ခရီးရှည်ချီတက် သပိတ်မှောက်သော ကျောင်းသားများ
ကျောက်ပန်းတောင်းမြို့သို့ အရောက်တွင် သောင်းနှင့်ချီသော ပြည်သူများနှင့် အခြေခံ
ပညာကျောင်းသူ၊ကျောင်းသားများကပါ ကြိုဆိုခဲ့သည်။
၁၀ရက်မြောက် ခရီးရှည်ချီတက်သပိတ်မှောက်မှုအဖြစ် ယနေ့တွင် ပုပ္ပားမြို့မှ ထွက်ခွာ
လာသော သပိတ်မှောက်ကျောင်းသားများမှာ မွန်းလွဲ ၂နာရီခွဲတွင် ကျောက်ပန်းတောင်း
မြို့ AGTI ကျောင်းရှေ့သို့ရောက်ရှိပြီး ဟောပြောခဲ့သည်။
၎င်းတို့နှင့်အတူ AGTI ကျောင်းသားများက လိုက်ပါပူးပေါင်းပြီး မြို့ထဲသို့ဆက်လက်
ချီတက်ရာ ထောင်သောင်းချီသောပြည်သူများက ကြိုဆိုပြီး မြို့ခံကျောင်းသား၊
ကျောင်းသူများ၊ ပြည်သူများပါ ပူးပေါင်းသပိတ်မှောက်နေကြောင်း 7Day Daily
သတင်းထောက်က သတင်းပေးပို့သည်။
သပိတ်မှောက်ကျောင်းသားများမှာ ယနေ့ည ကျောက်ပန်းတောင်းမြို့၌ ညအိပ်ရပ်နားမည်ဖြစ်သည်။
သတင်းဓါတ်ပုံ-7Day News Journal
0 comments:
Post a Comment