Thursday, January 29, 2015

ကျောင်းသားသပိတ်အဖွဲ့ကို ထပ်မံတားဆီးမယ်

ရန်ကုန်၊ ဇန်နဝါရီ ၂၈
-
သပိတ်မှောက် ကျောင်းသားအဖွဲ့တွေကို ဒီနေ့လည်း ကျောက်ပန်းတောင်းနဲ့ တောင်သာနယ်ကြား မိုင်တိုင်အမှတ် ၄၂၃/ ၇ မှာ ထပ်မံတားဆီးမယ်လို့ မြင်းခြံခရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
-
ကျောင်းသားအဖွဲ့ ဝဲလောင် အနီးအနားက ရွာတစ်ရွာမှာ အိပ်ရင် လုံခြုံရေး အပြည့်အဝ ပေးသွားမယ်လို့လည်း သူက ဆိုပါတယ်။
-
သပိတ်မှောက် ကျောင်းသားအဖွဲ့ဟာ ပုပ္ပါးအထိ ဆက်သွားဖို့ အစီအစဉ် ရှိပြီး သူတို့ ဖြတ်သွားမယ့် အချိန်ဟာ မှောင်ချိန်ရောက်နေပြီဖြစ်တဲ့အတွက် လုံခြုံမပေးနိုင်လို့ အခုလို တားဆီးဖို့ စီစဉ်ရတာလို့ အုပ်ချုပ်ရေးမှူးက ရှင်းပြပါတယ်။

The Voice Weekly

0 comments: