သပိတ်မှောက်ကျောင်းသားများကို တောင်သာမြို့ခံများက တစ်မြို့လုံးနီးပါးထွက်၍ ကြိုဆိုနေသည်။
ယနေ့နံနက် ၉ နာရီမှ စတင်၍ မြင်းခြံမြို့မှ ထွက်ခွာလာသော အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်သော ကျောင်းသားများမှာ မြင်းခြံမြို့နှင့် တောင်သာမြို့ကြားတွင် လုံခြုံရေးတပ်ဖွဲ့များက အတားအဆီးသုံးခု ပြုလုပ်စောင့်ဆိုင်းနေမှု သုံးခုကို ကြုံခဲ့ရသော်လည်း အစိုးရမှ တာဝန်ရှိသူများနှင့် သပိတ်မှောက် ကျောင်းသားများကြား ညှိနှိုင်းမှု အဆင်ပြေသောကြောင့် လုံခြုံရေးများက အတားအဆီးအားလုံးကို ဖယ်ရှားပေးကာ တောင်သာမြို့သို့ ချီတက်နိုင်ခဲ့ခြင်းဖြစ်သည်။
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ အစိုးရ၊ လွှတ်တော်၊ ကျောင်းသားသမဂ္ဂ၊ NNER တို့ လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရန် အစိုးရ၏ ကမ်းလှမ်းမှုကို သပိတ်မှောက်ကျောင်းသားများက လက်ခံသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အတားအဆီးများ ဖယ်ရှားပေးခဲ့ခြင်းဖြစ်သည်။
ပညာရေးဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင်အကြိုတွေ့ဆုံဆွေးနွေးရန် မနက်ဖြန်(ဇန်န၀ါရီ ၂၈) တွင် နေပြည်တော်၌ အစိုးရတာဝန်ရှိသူများနှင့် သပိတ်မှောက်ကျောင်းသားခေါင်းဆောင်နှစ်ဦး တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။
တောင်သာမြို့မ၀င်မီ တစ်မိုင်ခန့်အလိုမှစ၍ မြို့ခံများက သပိတ်မှောက်ကျောင်းသားများကို ထွက်၍ ကြိုဆိုခဲ့ကြောင်း 7Day Daily သတင်းထောက်က သတင်းပေးပို့သည်။
Copy from - 7Day News Journal

0 comments:
Post a Comment