Monday, January 26, 2015

တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော် တိုက်ပွဲဆက်လက် ပြင်းထန်

၂၀၁၅ခုနှစ် ဇန်န၀ါရီလ ၂၆ ရက်။

တအာင်းဒေသ၊ နမ့်ခမ်းမြို့နယ် ၊ပန်းဆေးဒေသ၊ ဂျုံနန်းကျေးရွာအနီးတွင် ဇန်န၀ါရီလ ၂၅ ရက်နေ့ ည ၂၀း၁၀ နာရီတွင် တအာင်းတပ်မတော်တပ်မဟာ ၁ လက်အောက်ရှိ တပ်ရင်း ၄၇၈ နှင့် မြန်မာ့တပ်မတော် တပ်မ ၈၈ တို့တိုက်ပွဲ ဆက်လက်ဖြစ်ပွါးခဲ့သည်။

တိုက်ပွဲတွင် တအာင်းတပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှု မရှိပါ။ မြန်မာ့တပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှု စာရင်း မသိရှိရသေးပါ။ တိုက်ပွဲနောက်ဆက်တွဲသတင်းအား ဆက်လက်တင်ပြသွားပါမည်။

ဇန်န၀ါရီ ၂၅ ရက် ည ၁၈း၀၀ နာရီမှ ၂၀း၃၀ နာရီတွင်လည်း တစ်ကြိမ်ဖြစ်ပွါးပြီး ဇန်န၀ါရီလ ၂၅ ရက်နေ့တွင် ဒုတိယအကြိမ်မြောက် ဖြစ်ပွါးခြင်းဖြစ်သည်။ ယခုကာလသည် တအာင်းတပ်မတော်မှ တအာင်းဒေသအတွင်း ဘိန်းခင်းများ လိုက်လံဖျက်ဆီးသည့် ကာလဖြစ်၍ တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲပြင်းထန် လျက်ရှိသည်။

အထူးသဖြင့် နမ့်ခမ်းမြို့နယ် ဘိန်းစိုက်ပျိုးမှု အများဆုံးဖြစ်သော ပန်ဆေးဒေသ ပတ်ဝန်းကျင်တွင် နှစ်စဉ်ဆိုသလို တိုက်ပွဲဖြစ်ပွါးမှုအများဆုံးဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော် တိုက်ပွဲဆက်လက် ပြင်းထန် ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၂၆ ရက် တအာင်းဒေသ၊ နမ့်ခမ်းမြို့နယ် ၊ပန်မောဝ်ကျေးရွာအနီးတွင် ယနေ့ ဇန်န၀ါရီလ ၂၆ရက် နံနက် ၀၈း၁၀ နာရီမှ ၁၅း၀၀ အချိန်ထိ တအာင်းတပ်မတော်တပ်မဟာ ၁ လက်အောက်ရှိတပ်ရင်း ၄၇၈ နှင့် မြန်မာ့တပ်မတော် တပ်မ ၈၈ တို့တိုက်ပွဲပြန်လည်ဖြစ်ပွါးခဲ့သည်။ တိုက်ပွဲတွင် နှစ်ဘက် ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။ တိုက်ပွဲ နောက်ဆက်တွဲသတင်းအား ဆက်လက်တင်ပြသွားပါမည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

0 comments: