Sunday, November 30, 2014

အစိုးရလက်အောက် အရပ်ဘက်လူ့အဖွဲ့အစည်းများ အခြေအနေ ဦးမင်းကိုနိုင် ဟောပြော

http://burmese.dvb.no/wp-content/uploads/2014/11/10801976_806381996066969_7957212601051345954_n.jpg

အိုဆာကာ တက္ကသိုလ်ရဲ့ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံကိုရောက်နေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမင်းကိုနိုင်ဟာ အိုဆာကာမြို့ တက္ကသိုလ်မှာ လက်ရှိ မြန်မာအစိုးရ လက်အောက်က အရပ်ဘက်လူ့အဖွဲ့အစည်းများအခြေအနေ ခေါင်းစဉ်နဲ့ ဒီနေ့ ဟောပြောခဲ့ပါတယ်။





ဟောပြောပွဲကို ဂျပန် တက္ကသိုလ်က ပါမောက္ခတွေ၊ ကျောင်း သားကျောင်းသူတွေနဲ့၊ ဂျပန်နိုင်ငံမှာ ပညာလာရောက် သင်ကြားနေ တဲ့ မြန် မာကျောင်းသားတွေ၊ ၂၀၀ နီးပါးတက်ရောက် နားထောင်ခဲ့ပါတယ်။

တက်ရောက်လာ သူတွေက ဦးမင်းကိုနိုင် ရဲ့ ထောင်တွင်း အတွေ့အကြုံ၊ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ မေးမြန်းသလို၊ ဟောပြောပွဲအပြီးမှာ ဂျပန်သတင်းမီဒီယာတွေကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာတော့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အထူးစိတ်ဝင်တစား မေးမြန်းခဲ့ကြပါတယ်။

ဦးမင်းကိုနိုင်ဟာ ဂျပန်နိုင်ငံမှာ ရောက်ရှိနေချိန်အတွင်း ဂျပန်လွှတ်တော်အမတ်တွေ အပါအ၀င် ဂျပန်နိုင်ငံရဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပြီး ဒီဇင်ဘာ ၆ ရက်နေ့မှာလည်း ဆိုဖိယာ တက္ကသိုလ်မှာ ဟောပြောဖို့ ရှိပါတယ်။

Copy from - DVB

Wednesday, November 26, 2014

PSLF/TNLAမှ ကျေးဇူးမှတ်တမ်းတင်ခြင်း



မြန်မာ့တပ်မတော်မှ ရည်ရွယ်ချက်ရှိရှိ ဖြင့်ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ၁၉ ရက် နိုဝင်ဘာ လ ၂၀၁၄ ခုနှစ်တွင် ကျဆုံးခဲ့ရသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများမှ မဟာမိတ် ရဲဘော် အရာရှိလောင်းများနှင့် အတူ မိမိတို့ P.S.L.F/T.N.L.A အရာရှိလောင်းများ အတွက် ရည်စူးပြီး မြန်မာပြည် အနယ်အနယ်အရပ်ရပ်တွင် ရက်လည် ဆွမ်းသွတ် အလှူဒါနပြုလုပ် အမျှတမ်းဝေခြင်း၊ ဘာသာ ပေါင်းစုံ ဆုတောင်းပွဲ များပြုလုပ်ခြင်း၊ အနက်ရောင် လှုပ်ရှားမှုများပြုလုပ်ခြင်း စသဖြင့် တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို ဖော်ထုတ်ပြသပြီး မြန်မာ့တပ်မတော်၏ အကြမ်းဖက် လုပ်ရပ်များကို လက်မခံကြောင်း ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ခဲ့ကြသည့် မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်ရှိ တိုင်းရင်းသား မိဘညီအစ်ကို မောင်နှမများ အားလုံးကို မိမိတို့ P.S.L.F/T.N.L.A မှ အထူး ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းပြုအပ်ပါသည်။

အမျိုးသားလွတ်မြောက်ရေးအတွက် အသက်ပေးလှူခဲ့သည့် အရာရှိလောင်း များအား ဂုဏ်ပြုခြင်းနှင့် အတူ တိုင်းရင်းသား မိဘပြည်သူများနှင့် အစဉ် လက်တွဲကာ အမှန်တကယ်ငြိမ်းချမ်းသာယာသော ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ တည်ဆောက်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်း ကတိပြုအပ်ပါသည်။


ဗဟိုကော်မတီ
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်
P.S.L.F/T.N.L.A

Sunday, November 23, 2014

၂၀၁၄ခုနှစ် နိုဝင်ဘာလ ၁၉ရက်နေ့တွင် လုပ်ကြံခြင်းခံရသော တအာင်းဗိုလ်လောင်းများအား ဝမ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနား ကို လားရှိုးရှိ တအာင်းဒေသခံများကျင်းပပြုလုပ်။

ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း AUN-Japan နိုင်ငံရေးဆွေးနွေးပွဲ အခမ်းအနား


ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း AUN-Japan နိုင်ငံရေးဆွေးနွေးပွဲ အခမ်းအနားကို Kumin Katsudou Suishinka, မှာ ယနေ့ နေ့လည်မှာ ကျင်းပခဲ့ကြပြီး အတူတကွ စုပေါင်းလှုပ်ရှားမည့် ရှေ့လုပ်ငန်းစဉ်များတို့ကို ဆွေးနွေးခဲ့ကြကြောင်းနှင် ယခုလ ၁၉ရက်နေ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ ဗိုလ်သင်တန်းကျောင်းကို ၁၀၅ မမအမြောက်ဆံဖြင့် ရည်ရွယ်ချက်ရှိရှိ အစိုးရစစ်တပ်၏ ပစ်ခတ်သည့်အပေါ် ရှုတ်ချကန့်ကွက်ကြောင်း၊ သင်တန်းကျောင်း တက်ရောက်ပြီး ကျဆုံးသွားကြသည့် တိုင်းရင်းသား ဗိုလ်လောင်းကျောင်းသားတို့အတွက် ဆုတောင်းသည့် အခမ်းနားအစီအစဉ်ကိုပါ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

AUN-Japan

ကျင်းပရေးကော်မတီ စတုတ္ထအကြိမ် ညှိနှိုင်းစည်းဝေးမှတ်တမ်း။

၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ၊ ကိုဂျင်မီ နှင့်
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများတွေ့ဆုံပွဲ ဖြစ်မြောက်ရေး အတွက် ကျင်းပရေးကော်မတီ
စတုတ္ထအကြိမ် ညှိနှိုင်းစည်းဝေးမှတ်တမ်း။

ယနေ့ MPC ရုံးရှေ့ ရပ်သံမှတ်တမ်း


(MPC) ရုံးခန်းရှေ့မှာ ငြိမ်းချမ်းရေး လိုလားသူ လူငယ်များ လွမ်းသူပန်းခွေ၊ ပန်းစည်းချတဲ့ လှုပ်ရှားမှု







နိုဝင်ဘာလ ၁၉ ရက်တွင် တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လိုင်ဇာမြို့ အနီးရှိ KIA ဗိုလ်သင်တန်းကျောင်းတွင် သင်တန်းတက်နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ လူငယ် ဗိုလ်လောင်းစုစုပေါင်း(၂၃)ဦး သေဆုံးခဲ့ပြီး(၂၀)ခန့် ဒဏ်ရာရရှိခဲ့တယ်။ ကျဆုံးသွားခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ အရာရှိငယ်များ အတွက်သူတို့ရဲ့ မိသားစုများ၊ ကိုယ်စားပြုအဖွဲ့အစည်းများ၊ သူငယ်ချင်းမိတ်ဆွေ များနှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြောင်း ထုတ်ဖော်ပြသရန်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းများအတွက် အပျက်သဘောဆောင်တဲ့ တပ်မတော်၏လုပ်ရပ်ကို ကန့်ကွက်သည့်အနေဖြင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) ရုံးခန်း ရှေ့မှာ လွမ်းသူပန်းခွေ၊ ပန်းစည်းချတဲ့ လှုပ်ရှားမှုတစ်ခုကို ငြိမ်းချမ်းရေး လိုလားသူ လူငယ်များနှင့် တက်ကြွ လှုပ်ရှားသူများက ယနေ့ မနက်ပိုင်းက လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။


Author /photo ကြည်နူး


Wednesday, November 19, 2014

အစိုးရစစ်တပ် ပစ်ခတ်မှုကြောင့် ကေအိုင်အေ ဗိုလ်လောင်း ၂၀ ကျဆုံး

 အစိုးရ တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်း KIA တပ်မှ ဗိုလ်လောင်း များအား တွေ့ရစဉ်
အစိုးရ တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်း KIA တပ်မှ ဗိုလ်လောင်း များအား တွေ့ရစဥ
ကချင်ပြည်နယ် ခယာဘွမ် အခြေစိုက် အစိုးရတပ်မတော် ခြေမြန်တပ်ရင်း ၃၈၉ က လိုင်ဇာအရှေ့ဘက် ဝေကြိုင်ဘွမ်မှာရှိတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)ရဲ့ အရာရှိ ဗိုလ်သင်တန်းကျောင်းကို ပစ်ခတ်တဲ့ အတွက် အရာရှိ သင်တန်း သား ၂၀ ကျဆုံးပြီး ၁၆ ဦး ဒဏ်ရာရသွားတယ်လို့ ကေအိုင်အေက ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။

ဒီကနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က ပစ်ခတ်မှုကြောင့် စစ်ရေးပြကွင်းမှာ စစ်ရေး လေ့ကျင်နေတဲ့ အရာရှိငယ် သင်တန်းသားတွေ သေဆုံးဒဏ်ရာရခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့ဆောင် ကုသခဲ့သလို ဒဏ်ရာ အခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့ ကေအိုင်အေ ပြောခွင့်ရ ဦးလနန်က ပြောပါတယ်။
“ဒါကတော့ ရည်ရွယ်ချက်ရှိရှိ လုပ်တဲ့ဖြစ်စဉ်ပါ။ ဘာကြောင့်လဲဆိုတော့ ဒီနေ့မနက် ဖြစ်စဉ်မှာ လည်း တိုက်ပွဲဖြစ်တာလည်း အဲဒီဒေသတလျှောက်မှာ၊ ၈ နာရီခွဲ ၉ နာရီမှာဖြစ်တဲ့ မိနစ် ၂၀ တိုက်ပွဲဟာလည်း ဗိုလ်လောင်းသင်တန်းရဲ့ မိုင် ၆ မိုင်လောက်ရှိတဲ့နေရာမှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲ ဖြစ်တဲ့နေရာမှာ ကန်တောင်ရွာကနေ လက်နက်ကြီးပစ်ကူပေးသေးတယ်။ ၁၂ နာရီ ၃၆ မိနစ်လောက်မှာ ခယာဘွမ်က နေပြီးတော့ ကျနော်တို့ ဗိုလ်သင်တန်းကျောင်းကို ပစ်မှတ်ကို တိကျသေချာအောင် ချိန်ပြီး ပစ်ခတ်တာပါ။ အဲဒါကြောင့် စစ်ရေးပြကွင်းမှာ လေ့ကျင့်နေတုန်း သွားပြီးတော့ ထိမှန်တဲ့ အတွက်ကြောင့် ကျနော်တို့ဘက်က တော်တော်လေး အထိအခိုက် အကျအဆုံးများတယ် ”လို့ ဦးလနန်က ပြောပါတယ်။

ဒီနေ့မနက် ၄ နာရီ ပတ်ဝန်းကျင်မှာ ဟူပင်ဒေသ အနီးမှာ ကေအိုင်အေ တပ်ရင်း ၂၆ နဲ့ အစိုးရ ခြေလျင်တပ်ရင်း ခလရ ၆ တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သလို ၈ နာရီပတ်ဝန်းကျင်မှာလည်း ကေအိုင်အေ ဗဟိုဌာနချုပ်ရဲ့ အထက်မှာရှိတဲ့ တပ်စခန်းတချို့ကို ခြေမြန်တပ်ရင်း ၃၈၄ က ၀င်ရောက်တိုက်ခိုက် ခဲ့သလို ခမရ ၃၉၀ ကနေပြီး ကန်ဒေါင်ယောင် ကေအိုင်အေစခန်းကို ၀င်တိုက်ခိုက်ခဲ့တယ်လို့ သူက ပြောပါတယ်။

ခယာဘွမ်ဟာ ၂၀၁၂ ခုနှစ် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားပြီးတဲ့နောက် အစိုးရက လေယာဉ်နဲ့ တိုက်ခိုက်သိမ်း ယူသွားတဲ့ တောင်ကုန်းဖြစ်သလို ဝေကြိုင်ဘွမ်နဲ့ ကီလိုမီတာ အနည်းငယ်သာ ကွာဝေးတဲ့နေရာမှာရှိတာပါ။

ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးနဲ့ အပစ်အခတ် ရပ်စဲရေးမှာ ပါဝင်တဲ့ အဖွဲ့တွေကိုလည်း အကြောင်းကြားထားပြီး အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲ တွေအပေါ် ထိခိုက်မှု ရှိမရှိ ပြောဖို့ စောသေးတယ်လို့ ကေအိုင်အေက ပြောပါတယ်။

Copy from - DVB

နိုင်ငံရေး ဆွေးနွေးပွဲ အပြီး လက်နက် ဖြုတ်သိမ်းမည့် ကိစ္စအား UNFC ဒုဥက္ကဌ ငြင်းဆို


နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ အပြီးတွင် လက်နက်များ ဖြုတ်သိမ်း သွားမည်ဟု သမ္မတ ဦးသိန်းစိန်၏ တဆင့် စကားကို ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းမှ နိုင်ဟံသာ ဦးဆောင်သည့် UNFC ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီတို့ တွေ့ဆုံ ပွှဲ၌ ပြောဆို ခဲ့သည်ဟု သတင်း ဖေါ်ပြ ချက်သည် မှားယွင်းမှု ဖြစ်ကြောင်း UNFC ဒုတိယ ဥက္ကဌ နိုင်ဟံသာက အောက်တိုဘာလ (၁၈) ရက်နေ့၌ ရွှေဟင်္သာ သတင်း ဌာနသို့ ပြောကြား ခဲ့သည်။

“သတင်းမီဒီယာ တွေက အဓိပ္ပါယ်ကောက် လွှဲမှား ရေးလိုက်တယ် လို့ပဲ ကျွန်တော် မြင်တယ်။ ဦးအောင်မင်း တို့နဲ့ တွေ့တုန်းက နိုင်ငံရေး အရ ဆွေးနွေး ပြီးတဲ့ နောက်ပိုင်းမှာ လက်နက် စွန့်ရမယ်လို့ သမ္မတလဲ မပြော ပါဘူး။ ဦးအောင်မင်းလဲ မပြောပါဘူး”ဟု နိုင်ငံသာက ရွှေဟင်္သာ သတင်းဌာနအား ပြောကြား ခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာ (၉) ရက်နေ့တွင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း အပါအ၀င် အစိုးရ ၀န်ကြီး (၄) ဦးနှင့် နိုင်ဟံသာ ဦးဆောင်သည့် UNFC ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီတို့ နေပြည်တော်တွင် အလွတ် သဘော တွေ့ဆုံ ဆွေးနွေး ခဲ့ပြီးနောက် နိုင်ငံရေး ဆွေးနွေးပဲ ပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များအား လက်နက် ဖြုတ်သိမ်းရန် သမ္မတမှ ပြောကြား

Ramon Magsaysay ဆုရှင် ဂျပန်လွှတ်တော်မှာ မြန်မာ့အရေးတင်ပြ

၂၀၁၀ ခုနှစ် Ramon Magsaysay ဆုရှင် ဒေါ်ဆိုင်းရော်
၀၁၀ ခုနှစ် Ramon Magsaysay ဆုရှင် ဒေါ်ဆိုင်းရော်
ဂျပန်လွှတ်တော်အမတ်များသမဂ္ဂ ဥက္ကဋ္ဌ နာဂါဆာဝါ မဆာဟာရူး ကနေ ဦးဆောင်ပြီး ဂျပန်နိုင်ငံရောက် မြန်မာတိုင်းရင်းသားများ စုပေါင်းဖွဲ့စည်းထားတဲ့ (Nonprofit Organization for Peace) အဖွဲ့တို့ကနေ ၂၀၁၀ ခုနှစ် Ramon Magsaysay ဆုရှင် ဒေါ်ဆိုင်းရော်ကို ဖိတ်ခေါ်ပြီးတော့ မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ စစ်ပြေးဒုက္ခသည်များ အရေးကိစ္စတွေကို ဂျပန်အောက်လွှတ်တော် အစည်းအဝေးခန်းမမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန် က သတင်းပေးပို့ထားပါတယ်။
မြန်မာ့ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားအရေးကိစ္စတွေနဲ့ ပက်သက်ပြီး ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂ ဥက္ကဋ္ဌ နာဂါဆာဝါ မဆာဟာရူးကနေ ၂၀၁၀ ခုနှစ် Ramon Magsaysay ဆုရှင် ဒေါ်ဆိုင်းရော်ကို ဖိတ်ခေါ်ပြီးတော့ သတင်းစာရှင်းလင်းပွဲတရပ်ကို နိုဝင်ဘာ ၁၇ ရက်နေ့က ဂျပန်အောက်လွှတ်တော် အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲမှာ ဒေါ်ဆိုင်းရော်က မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ဆောင်မှုကိစ္စနဲ့ စစ်ပြေးဒုက္ခသည် အရေးကိစ္စတွေကို တင်ပြဆွေးနွေးသွားတယ်လို့ NOP Peace (Nonprofit Organization for Peace) အဖွဲ့ ဒါရိုက်တာ မိုင်းကျော်ဦးက အခုလို ပြောပါတယ်။

“မြန်မာပြည်က ငြိမ်းချမ်းရေး process နဲ့ ဖြစ်နေတဲ့ အနေအထားတွေရော၊ လက်ရှိ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး ကူညီနေတဲ့ အနေအထားတွေရယ်၊ လိုအပ်ချက်တွေရော အကုန်လုံးပေါ့နော် ဂျပန်လာရောက်တင်ပြတာလေ။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ရပ်နေတဲ့ ဒုက္ခသည်တွေကလည်း နေရပ်ကို ပြန်လို့မရတဲ့ အနေအထားဖြစ်နေတယ်။ အထူးသဖြင့်ပေါ့နော် ကျနော်တို့ ရှမ်းပြည်နယ်မှာ ဆောင်းရာသီ ရောက်တော့မယ်။ ဆောင်းရာသီ ရောက်တော့မယ့်အချိန်မှာ သူတို့တွေ ထပ်ပြီးတော့မှ ဒုက္ခသည်တွေ အိမ်ပြန်နိုင်တဲ့ လမ်းက မမြင်သေးဘူးပေါ့နော်။ တိုက်ပွဲတွေလည်း ပြန်ဖြစ်လာတဲ့အပေါ်မှာ ဆရာမကတော့ ဒီဂျပန်အစိုးရကို သိအောင်ပေါ့နော်။ နောက်ပြီးတော့ ဆရာမက သူ ကူညီတဲ့အချိန်မှာ ကြုံနေရတဲ့ အခက်အခဲတွေ၊ ပရဟိတလုပ်ငန်းတို့၊ ကျန်းမာရေးစောင့်ရှောက်မှုတို့၊ တိုင်းရင်းသားဒေသတွေမှာ လုပ်ခဲ့တဲ့ အတွေ့အကြုံလေးတွေကိုလည်း တိုက်ရိုက် ဂျပန်ကိုပြောပြတယ်။”

ဒီသတင်းစာရှင်းလင်းပွဲကို မြန်မာ့ဒီမိုကရေစီအရေး အကူအညီပေးရေး ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂ ဥက္ကဋ္ဌ နာဂါဆာဝါ မဆာဟာရူးကနေ ဦးဆောင်ပြီး ဂျပန်နိုင်ငံရောက် မြန်မာတိုင်းရင်းသားများ စုပေါင်းဖွဲ့စည်းထားတဲ့ NOP Peace (Nonprofit Organization for Peace) အဖွဲ့တို့ကနေ စုပေါင်း စီစဉ်မှုနဲ့ ပြုလုပ်ခဲ့တာပါ။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံကို အဓိက အကူအညီတွေ ပေးနေတဲ့ နိုင်ငံဖြစ်သလို နောင်မြန်မာနိုင်ငံအတွက် အကူအညီပေးရာမှာ အရပ်သား လူမှုအဖွဲ့အစည်းတွေကနေတဆင့် အကူညီပေး ဆောင်ရွက်သွားဖို့ ဆရာမဒေါ်ဆိုင်းရော်က တိုက်တွန်းပြောကြားသွားတယ်လို့ မိုင်းကျော်ဦးက အခုလို ပြောပါတယ်။

“အကူအညီတွေအများကြီး မြန်မာနိုင်ငံကို ရောက်နေတဲ့အချိန်မှာ အထူးသဖြင့် ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး အကူအညီတွေဟာ တကယ်ပဲ ထိထိရောက်ရောက် ရောက်ဖို့အတွက် အစိုးရကလုပ်နေတဲ့ MPC သွားတာလည်း တပိုင်းပေါ့နော်။ တိုက်ရိုက်အရပ်သား လူမှုအဖွဲ့အစည်းတွေကို ပေးမယ်ဆိုရင် ပိုမို ထိရောက်တဲ့ဟာမျိုးတွေကို ဆရာမက ရှင်းပြတယ်လေ။” ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂ ဥက္ကဋ္ဌ မစ္စတာ နာဂါဆာဝါ မဆာဟာရူးဟာ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးသူတယောက်ဖြစ်ပြီး မြန်မာ့အရေးကို စိတ်ဝင်စားသူတဦးလို့ မိုင်းကျော်ဦးက ပြောပါတယ်။

“သူကတော့ တစိုက်မတ်မတ် ကျနော်တို့ တိုင်းရင်းသားအရေးကို ကူညီနေတော့လေ သူတို့အာဏာရလာတဲ့အချိန်မှာ သူက ပညာရေးဝန်ကြီးတာဝန်ကို ထမ်းဆောင်တယ်။ တိုင်းရင်းသားအရေးကို အဓိက သူ ပြောဆိုလှုပ်ရှားတာ လွှတ်တော်မှာ သူကိုယ်တိုင်ကလည်း သိတယ်၊ နောက် ဆရာမကလည်း လာပြောတဲ့အတွက် နောက်ပြီး သူ လွှတ်တော်မှာ တင်ပြပြောဆိုတဲ့အခါမှာ ပိုပြီး အားဖြစ်သွားတာပေါ့နော်။ သူကိုယ်တိုင်က နယ်စပ်မှာလည်း ရောက်ဖူးတယ်၊ ပြည်တွင်းကိုလည်း အကြိမ်ကြိမ် ၀င်ပြီးတော့မှ လေ့လာတော့ အမတ်ကတော့ တော်တော်လေး သိပါတယ်။ သူတို့တိုင်လည်း တချို့အချက်ကလေးတွေ သိတာ ရှိပါတယ်။ ” တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့  လက်နက်ကိုင်ပဋိပက္ခတွေနဲ့ နိုင်ငံရေးပြဿနာရပ်တွေဟာ ဒေသတွင်းထွက်တဲ့ သယံဇာတတွေနဲ့ ဆက်စပ်မှုရှိနေသလို လူမျိုးစုဆိုင်ရာ အခွင့်အရေးနဲ့ ပက်သက်လို့ တိုင်းရင်းသားတွေနဲ့ အစိုးရအကြား လွန်ဆွဲပွဲဖြစ်နေတယ်လို့လည်း ဒေါ်ဆိုင်းရော်ကနေ စာတမ်းတင်သွင်း ထောက်ပြခဲ့ပါတယ်။

ဒါ့အပြင် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးရေး ကိစ္စရပ်တွေမှာ တိကျခိုင်မာတဲ့ ကတိကဝတ်နဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပဖို့ သဘောတူညီချက် မရသေးသလို မြန်မာ့နိုင်ငံရေး အခြေအနေဟာလည်း ပဋိပက္ခ အလွန်ကာလသို့ မရောက်ရှိသေးကြောင်း ဒေါ်ဆိုင်းရော်ကနေ အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့ အောက်လွှတ်တော် အဆောက်အဦး အစည်းအဝေး ခန်းမမှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားကို  ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂ ဥက္ကဋ္ဌ နာဂါဆာဝါ မဆာဟာရူး အပါအ၀င် ဂျပန်နိုင်ငံခြားရေးဌာနမှ တာဝန်ရှိသူတွေ အထက်နဲ့ အောက်လွှတ်တော်အမတ်တွေ Japan International Cooperation Agency - JICA က တာဝန်ရှိသူတွေ၊ ဂျပန်နိုင်ငံရောက် မြန်မာတိုင်းရင်းသားများ စုစုပေါင်း ၁၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။

Copy from - voanews.com

မျက်နှာဖုံးများကွာကျလေပြီ

၂၀၁၅ ရွေးကောက်ပွဲ ပြီးမှ အခြေခံဥပဒေ ပြင်မည်ဟု သူရဦးရွှေမန်း ပြော


၂၀၁၅ ရွေးကောက်ပွဲပြီးမှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်မည်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရ ဦးရွှေမန်းက အောက်တိုဘာ ၁၈ရက် နေပြည်တော်မှာ မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ၂၀၁၅ ခုနှစ် မေလမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လူထုဆန္ဒ ခံယူကာ ရလဒ်ကို ထားရှိပြီး ရွေးကောက်ပွဲ ကျင်းပသွားမယ်၊ ရွေးကောက်ပွဲအပြီး ၂၀၁၆ လွှတ်တော် ဒုတိယသက်တမ်း ပြန်စတဲ့အချိန်မှ အဲဒါကို အတည်ပြုမယ်၊ ၂၀၁၅ ရွေးကောက်ပွဲကို ၂၀၀၈ အခြေခံဥပဒေနဲ့ပဲ သွားမယ်လို့လည်း ဆိုပါတယ်။

ပုဒ်မ ၄၃၆နဲ့ ၅၉ (စ) ပြင်ဆင်ရေးကိစ္စတွေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေဟာလည်း အများသဘောနဲ့သာ ဆိုင်တဲ့အကြောင်းနဲ့ လက်ရှိ လွှတ်တော်မှာ ဆွေးနွေးနေတဲ့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးချက်တွေတော့ ဒီအတိုင်းထားရှိမှာ ဖြစ်တယ်လို့ လွှတ်တော်အကြီးအကဲက ပြောသွားပါတယ်။

Copy from - DVB TV News

ဂျန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့ တောင်းဆိုသည့် ဆန္ဒပြပွဲ



ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများတို့မှ စုပေါင်း၍ မြန်မာနိုင်ငံ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်သူတရပ်လုံးကို စစ်ကျွန်ပြုမည့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အမြန်ပြုလုပ်ရန် အတွက် ဂျပန်နိုင်ငံ Kasumigaseki အရပ်ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့၌ ဖိအားပေး တိုက်တွန်းတောင်းဆိုသည့် ဆန္ဒပြပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း။ ။မိုင်းကျော်ဦး

Monday, November 17, 2014

ဂျပန်နိုင်ငံ အောက်လွတ်တော် Comference အဆောက်အဦးမှာ တိုင်းရင်းသားအရေးဆွေးနွေး

ု့
( ၂၀၁၄ - ၁၁ - ၁၇ ) ရက် ယနေ့ kasumigaseki ဂျပန်နိုင်ငံ အောက်လွတ်တော် Comference အဆောက်အဦးမှာ NPO Peace ဦးဆောင်မှုနဲ့ မေတ္တာဖေါင်ဒေးရှင်းကို တည်ထောင်ခဲ့သူ ဆရာမဒေါ်လဖိုင်ဆိုင်းရော်မှ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လက်ရှိအခြေအနေ တိုင်းရင်းသားဒေသ ဒုက္ခသည်များ ကျမ္မားရေးစောင့်ရှောက်မှု တိုင်းရင်းသားဒေသ ဖွံ့ဖြိုးမှု ပရဟိတလုပ်ငန်းများတို့ကို တင်ပြဆွေးခဲ့သလို ဂျပန်နိုင်ငံခြားဌာန တာဝန်ရှိသူများ၊ JICA တာဝန်ရှိသူများနှင့် သတင်းမီဒီယာများ တွေ့ဆုံပြီး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရပါသည်။


မိုင်းကျော်ဦး

ကိုမင်းကိုနိုင် ၊ ကိုဂျင်မီ နှင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများတွေ့ဆုံပွဲ အခမ်းအနားကျင်းပနိုင်ရေး တတိယအကြိမ် အစည်းဝေး


ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ၊ ကိုဂျင်မီ နှင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများတွေ့ဆုံပွဲ အခမ်းအနား ကျင်းပနိုင်ရေးအတွက် တတိယအကြိမ် ညှိနှိုင်းအစည်းဝေးနဲ့ ဂျပန်နိုင်ငံရောက် အင်အားစုများ စုပေါင်းဆောင်ရွက်လှုပ်ရှားမယ့် ရှေ့လုပ်ငန်းစဉ်များတို့ကိုပါ ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

(၂၀၁၄ - ၁၁ - ၁၆)

အိုဘားမား၏ မိန့်ခွန်းအပြည့်အစုံ

လူငယ်များ၏ မေးခွန်းများကို ဖြေကြားပေးနေသော အိုဘားမား၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

န်မာလူငယ်များ မင်္ဂလာပါ(လက်ခုပ်သံများ)

မြန်မာနိုင်ငံကို ပြန်ရောက် လာခွင့်ရတာဟာ အံ့ဩစရာပါပဲ။ အားလုံးပဲ ထိုင်ကြပါ၊ ထိုင်ကြပါ။ကျွန်တော်တို့ ဆိုင်းဘုတ်တွေ မြင်နေရတယ်။ ‘‘ပြုပြင်ပြောင်းလဲရေးက အတုအယောင်ပဲ’’၊ ‘‘အပြောင်းအလဲ’’။ အိုကေ။ ကောင်းပြီ။ ခင်ဗျားတို့ အနေနဲ့ ပြီးရင် မေးခွန်းတွေမေးဖို့ အခွင့်အရေးရပါမယ်။ ဟုတ်ပြီ။ ဒါတွေကို ဘေးဖယ်ထား လိုက်ပါ။ ကျွန်တော်တို့ ဒီအတွက် ပဲ ဒီခန်းမကို ရောက်နေတာလေ။ ကြည့်ပါ။ ခင်ဗျားတို့ဟာ ဒီလို ခန်းမတစ်ခုထဲကို ရောက်နေရင် ဆန္ဒပြနေစရာမလိုပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ မေးခွန်းတွေကို တိုက်ရိုက်မေးနိုင်လို့ပဲ ဖြစ်တယ်။

လွန်ခဲ့တဲ့ ၂နှစ်က ကျွန်တော်ဟာ အမေရိကန်သမ္မတတစ်ဦးအနေနဲ့ ဒီနိုင်ငံကို ပထမဆုံးအကြိမ် ရောက်လာခဲ့တယ်။ ကျွန်တော်တို့ကို ဖော်ဖော်ရွေရွေ၊ ပျူပျူငှာငှာ  နှုတ်ဆက်ခဲ့တဲ့အတွက်အလေးအနက် ခံစားမိပါတယ်။  နှစ်နိုင်ငံလုံးရဲ့ အလံတွေကို ဝှေ့ယမ်းနှုတ်ဆက်နေတဲ့ ကလေး လေးတွေကို မြင်ခဲ့ရတယ်။ ပြီး တော့ ကျွန်တော်ဟာ ဒီနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ကွဲပြားခြားနားတဲ့ ဓလေ့ထုံးစံတွေကို တွေ့မြင်ရပြီး စိတ်အားတက်ကြွမိခဲ့တယ်။ ကွဲပြားတဲ့ ယုံကြည်မှု၊ လူ့အဖွဲ့အစည်းအသီးသီးရဲ့ မတူညီတဲ့ဘာသာရေးဆိုင်ရာနေရာတွေကိုတွေ့ခဲ့ရတယ်။ ဒီနေ့လည်း ကျွန် တော်အဲဒီလိုမျိုး နောက်တစ်ကြိမ် ခံစားမိခဲ့ပြန်ပါပြီ။ ခေတ်သစ် မြန်မာနိုင်ငံရဲ့ မွေးဖွားသန့်စင်ရာ နေရာလို့ ဆိုနိုင်မယ့် အတွင်းဝန်များရုံး (ဝန်ကြီးများရုံး)ကို သွား ရောက် လည်ပတ်ဖို့ အခွင့်အရေး ရခဲ့ပါတယ်။ ဗမာ၊ တရုတ်၊

Sunday, November 16, 2014

ဆန္ဒပြကျောင်းသားများ သမဂ္ဂအဆောက်အဦးဟောင်းနေရာသို့ သွားရောက်ဂါရ၀ပြု.

ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ယခင်ကျောင်းသားသမဂ္ဂအဆောက်အဦတည်ရှိခဲ့ဖူးသည့် နေရာရှိ ဗိုလ်အောင်ကျော်အထိမ်းအမှတ်ကျောက်တိုင်တွင် သွားရောက် ဂါရ၀ပြုနေသည့် ပညာရေးဥပဒေဆန့်ကျင်ဆန္ဒပြသည့် ကျောင်းသားများကို နိုဝင်ဘာလ(၁၅)ရက်နေ့ ညနေပိုင်းကတွေ့မြင်ရစဉ်
(ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ)


ကျောင်းသားများက ၎င်းတို့ အခွင့်အရေးများ ဆုံးရှုံးနေသည့် အမျိုးသား ပညာရေး ဥပဒေ ပြဌာန်းချက်အား ဆန့်ကျင်ဆန္ဒပြ တောင်းဆိုမှုကို ရန်ကုန်မြို့ သမိုင်းလမ်းဆုံမှ စတင်ပြီး ရန်ကုန်တက္ကသိုလ် အတွင်းရှိ ကျောင်းသားသမဂ္ဂအဆာက်အဦဟောင်းနေရာအထိ လမ်းလျှောက်ဆန္ဒပြမှုတစ်ခု နိုဝင်ဘာလ(၁၅)ရက်နေ့ကပြုလုပ်ခဲ့သည်။

လှိုင်တက္ကသိုလ်နယ်မြေ အဓိပတိလမ်းမပေါ်ရှိ တက္ကသိုလ်ဝင်ပေါက်တွင် ဆန္ဒပြကျောင်းသားများ ကျောင်းအတွင်း ၀င်ရောက်ခြင်းမရှိစေရန် အတွက် ၀င်းတံခါးပိတ်ထားခဲ့သည့်အတွက် ကျောင်းသားများ တောင်းဆိုမှုများကို ပြုလုပ်ခဲ့သည်။ အာဏာပိုင်များမှ လိုက်လျောခြင်းမရှိသည့်အတွက် ဆန္ဒပြကျောင်းသားများသည် ကျောင်းနံရံကို ကျော်တတ်ကြပြီး ကျောင်းသား သမဂ္ဂ အဆောက်အဦးဟောင်း တည်ရှိခဲ့ဖူးသည့် နေရာရှိ အင်္ဂလိပ်အစိုးရ လက်ထက်က ကျဆုံးခဲ့သည့် ကျောင်းသား ခေါင်းဆောင်ဦးဖြစ်သည့် ဗိုလ်အောင်ကျော် အထိမ်းအမှတ်ကျောက်တိုင်သို့ သွားရောက်ဂါရ၀ပြုခဲ့ကြသည်။

အဆိုပါ ဆန္ဒပြ ကျောင်းသားများသည် ဂါရပြုမှုပြီးဆုံးသည့်အခါ လှည်းတန်း ကုန်းကျော်တံတားအောက်သို့သွားရောက်ပြီး ကျောင်းသားများ၏ လိုအပ်ချက်များ ကျောင်းသားအခွင့်အရေးများအတွက် ဟစ်ကြွေးတောင်းဆိုမှုများပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲသို့ (၈၈)မျိုးဆက် ကျောင်းသားဟောင်းများနှင့် နိုင်ငံရေးအင်အားစုများ လာရောက် အားပေး ကူညီဝိုင်းဝန်းခဲ့ကြသည်။ လွှတ်တော်အဆင့် အမျိုးသား ပညာရေး ဥပဒေမူကြမ်း ရေးဆွဲရေး ကော်မတီနှင့် သမ္မတရုံးမှ ဦးဆောင်သည့် လက်တွေ့ကျသော ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ နှစ်ခုက ရေးဆွဲတင်ပြခဲ့သည့် အမျိုးသား ပညာရေး ဥပဒေမူကြမ်းပါ အချက်များအပေါ် ကျောင်းသားသမဂ္ဂများက ပြင်းပြင်းထန်ထန် ကန့်ကွက်နေသည့်ကြားမှ စက်တင်ဘာလ ၃၀ ရက်တွင် ပြည်ထောင်စု လွှတ်တော်က အမျိုးသား ပညာရေး ဥပဒေကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။

သတင်းရင်းမြစ် - ဧရာဝတီ

Saturday, November 15, 2014

အမျိုးသားပညာရေးဥပဒေကို ကျောင်းသားထု သပိတ်မှောက်

အစိုးရက အတည်ပြုထားတဲ့ အမျိုးသား ပညာရေးဥပဒေကို ကျောင်းသားတွေ စုပေါင်းပြီး ရန်ကုန်မြို့မြို့တော်ခန်းမရှေ့ သပိတ်မှောက် ဆန္ဒပြနေကြပါတယ်။


အမျိုးသား ပညာရေး ဥပဒေအား ကန့်ကွက်ဆန္ဒဖေါ်ထုတ်ပြသပွဲ 14-11-2014


သမ္မတ အိုဘားမား တည်းခဲ့တဲ့ Kenpinski Hotel

အမေရိကန် သမ္မတ ဘားရက်အိုဘားမား ဟာ သူ့ရဲ့ နေပြည်တော်ခရီးမှာ Kenpinski Hotel မှာတည်းခိုခဲ့ပါတယ်။

Kenpinski Hotelဆိုတာ လူသူခြောက်သွေ့တဲ့ နေပြည်တော်က ဒက္ခိဏသီရိ ဟိုတယ်ဇုန် ရွှေပြည်တော်ဝင်လမ်းမှာရှိတဲ့ ကြယ် ငါးပွင့် အဆင့်ရှိ ဇိမ်ခံ ဟိုတယ်ကြီးတခုပါ။

ယနေ့ခေတ်လက်ရာနဲ့ ရှေးဟောင်း အနုပညာပေါင်းစပ်တည်ဆောက်ထားတဲ့ ခမ်းနားတဲ့ဟိုတယ်ကြီးဖြစ်ပြီး၊ အကောင်းဆုံးအခန်း (Presidential Suite) ဈေးနှုန်းက တညကို အမေရိကန် ဒေါ်လာ ၆၀၀၀ ရှိတယ်လို့ သိရပါတယ်။
တကယ်တော့ Kenpinski Hotel ဆိုတဲ့ အမည်ကို ဥရောပ ထိပ်တန်းဟိုတယ် အုပ်စုတခုက ပိုင်ဆိုင်ပါတယ်၊ ၁၈၉၇ ခုနှစ် ဂျာမနီ နိုင်ငံ ဘာလင်မြို့မှာ စတင် ဖွင့်လှစ်ခဲ့ရာက စပြီး၊ သက်တမ်း နှစ်ပေါင်း ၁၀၀ကျော်အတွင်းမှာ ဥရောပသာမက အရှေ့အလယ်ပိုင်း၊ အာဖရိက ၊ မြန်မာနိုင်ငံအပါအ၀င် ၃၆ နိုင်ငံမှာ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ပေါင်း ၁၀၀ကျော် ပူးပေါင်းဖွင့်လှစ်ထားပါတယ်။
နေပြည်တော်က Kenpinski Hotel ကိုတော့ ကမ္ဘောဇဘဏ်နဲ့ Air KBZ လေကြောင်းလိုင်းကို ပိုင်ရှင် စီးပွားရေး လုပ်ငန်း ရရှင် ဦးအောင်ကိုဝင်း (KBZ)က ပူးတွဲ ပိုင်ဆိုင်ပါတယ်။ ဦးအောင်ကိုဝင်းဟာ အမေရိကန်ရဲ့ ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုမှ လွတ်ကင်းတဲ့ လုပ်ငန်းရှင် တဦးလည်းဖြစ်ပါတယ်။
ဒီတခါ အမေရိကန်သမ္မတ အိုဘားမား ခရီးစဉ်မှာ တည်းခိုနေထိုင်မှုနဲ့ ပတ်သက်ပြီး၊ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက လာရောက်ခဲ့တဲ့ နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီ လို ဝေဖန်မှုမခံရအောင်၊ သေချာစိစစ်ရွေးချယ်ခဲ့ပုံရပါတယ်။

သမ္မတ အိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ်အတွက် သူ့ရဲ့ ရုံးအဖွဲ့ဟာ လွန်ခဲ့တဲ့ ၉ လခန့်ကတည်းက ကြိုတင်ပြင် ဆင် ခဲ့ပြီး၊ အမေရိ ကန်နိုင်ငံက လုံခြုံရေးအရာရှိတွေနဲ့ နိုင်ငံခြားရေးဝန်ကြီး ဌာနက တာဝန်ရှိသူတွေဟာ လွန်ခဲ့တဲ့ ၂လခန့်က တည်းက Kenpinski Hotel တခုလုံးကို ငှားရမ်းနေထိုင်ကာ တခြားဧည့်သည်တွေကို တည်းခိုခွင်ပေးတော့ပါဘူး။
လုံခြုံရေးအရ ဟိုတယ် ပြူတင်းပေါက်တွေကို ကျည်ကာမှန်တွေ လဲလှယ်ကာရန်ခဲ့သလို၊ သမ္မတအိုဘားမားရဲ့ လုံခြုံရေးအတွက် လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ် နိုဝင်ဘာလက သမ္မတ အိုဘားမားဟာ ပထမအကြိမ် မြန်မာပြည်ကို လာရောက်ခဲ့ပါသေးတယ်၊ ဒါပေမယ့် နေပြည်တော်ကို သွားရောက်ခြင်းမရှိပဲ၊ ရန်ကုန်မြို့မှာသာ နေထိုင်ခဲ့ပါတယ်။
.
ရန်ပိုင် ( Irrawaddy ) နိုဝင်ဘာ ၁၄၊ ၂၀၁၄

မြန်မာသမ္မတကို အချက်ငါးချက် အဓိကထားပြောခဲ့တယ်လို့ အိုဘားမားပြော

ရန်ကုန်၊ နိုဝင်ဘာ ၁၄

အမေရိကန်သမ္မတ ဘားရက် အိုဘားမားဟာ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံချိန်မှာ အချက်ငါးချက်ကို အဓိကထား ပြောခဲ့တယ်လို့ အိုဘားမားက ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ ဒီနေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်က ပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ သူက အခုလို ပြောဆိုခဲ့တာပါ။

“လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ပြုလုပ်ရမယ့် အချိန်အတိုင်း အတိအကျ အချိန်မှန်လုပ်ဖို့ အမေရိကန် ပြည်ထောင်စုက မျှော်လင့်တယ်။ အခြေခံ ဥပဒေပြင်ဆင်တဲ့နေရာမှာ အားလုံးပါဝင်တဲ့ လုပ်ငန်းစဉ် ဖြစ်ရမယ်၊ တစ်စုတစ်ဖွဲ့တည်းက ပြင်တာမျိုးလုံးဝ မဖြစ်ရဘူး” ဆိုပြီး အိုဘားမားက ပြောပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်ကို အမေရိကန် အစိုးရ အားပေးတယ်။ အကောင်းမြင်စရာ အချက်တွေလည်း တွေ့တယ်လို့ သူက ပြောတယ်။ ဒါပေမယ့် ပြီးဆောင်အောင် လုပ်ဖို့အတွက် အလုပ်အများကြီး ကြိုးစားဖို့ လိုသေးတယ်။ ဘာသာရေးဆိုင်ရာ လူနည်းစုအပေါ် ဆက်ဆံမှုကို အာရုံစိုက်ပြီး စောင့်ကြည့်နေတယ်လို့ ပြောခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

သတင်းမီဒီယာသမား တွေကို တရားစွဲဆို ဖမ်းဆီးထောင်ချနေတာနဲ့ ပတ်သက်ပြီးတော့လည်း သမ္မတ ဦးသိန်းစိန်နဲ့ ပြောဆိုခဲ့တယ်လို့ ဘားရက်အိုဘားမားက ပြောပါတယ်။

Copy from - The Voice Weekly

အမေရိကန် သမ္မတ ဘားရတ် အိုဘားမားဟာ နိုဝင်ဘာလ ၁၄ရက်နေ့က ရန်ကုန်မြို့ကို ရောက်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်...


ပညာရေးဥပဒေ ပြည်လုံးကျွတ် သပိတ်မှောက်ဖို့ ဆုံးဖြတ်


 အမျိုးသားပညာရေးဥပဒေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သပိတ်မှောက်ဖို့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးတွင် မနေ့က ဆုံးဖြတ်လိုက်ပါတယ်။
.
ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း) နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ သုခခန်းမမှာ ကျင်းပနေတဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးကနေ အခုလို ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း
ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုမင်းနိုင်ဦး က ပြောပါတယ်။
.
"ကျွန်တော်တို့ လိုချင်တာက ကျောင်းသားပြည်သူကို အခြေခံတဲ့ ဒီမိုကရေစီ၊ စစ်မှန်တဲ့ အမျိုးသားဒီမိုကရေစီ ဥပဒေမူကြမ်းတစ်ခုရလာဖို့ တောင်းဆိုသွားမှာ ဖြစ်ပါတယ်၊ ကျွန်တော်တို့က နိုင်ငံတော်အစိုးရကို ဦးတည်ပြီး တောင်းဆိုသွားမှာဖြစ်ပါတယ်၊ ယခုချိန်မှာ ကျွန်တော်တို့ရဲ့ ရလာဒ်က မရှိသေးဘူး၊ ကျွန်တော်တို့လိုချင်တဲ့ နိုင်ငံရေး ဥပဒေမူကြမ်း တစ်ခုရလာဖို့ ကျွန်တော်တို့ ကြိုးစားသွားဖို့

Friday, November 14, 2014

မြန်မာပြည်သူတွေကို မကြောက်တဲ့ သမ္မတ


 မြန်မာပြည်ကို ဒုတိယအကြိမ်အဖြစ် ၂ရက်တာ ခရီးစဉ်ရောက်ရှိခဲ့တဲ့ အမေရိကန် သမ္မတ ဘားရတ်အိုဘားမားဟာ နိုဝင်ဘာ ၁၄ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ အရှေ့တောင်အာရှနိုင်ငံတွေက ဖိတ်ကြားထားတဲ့ အာဆီယံ လူငယ်တွေအပြင် မြန်မာလူငယ် ၂၀၀လောက်နဲ့ တွေ့ဆုံသွားပါတယ်။ ၂၀၁၂ ပထမအကြိမ် ခရီးစဉ်တုန်းမှာ စိန်ရတုခန်းမမှာပဲ မိန့်ခွန်းပြောကြားခဲ့စဉ်တုန်းက အိုဘားမားဟာ "မြန်မာနိုင်ငံ မင်္ဂလာပါ"လို့ နှုတ်ဆက်ခဲ့သလို အခုတခေါက်မှာလည်း "ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်"လို့ မြန်မာ စကားပုံကို ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။ YSEALI လို့ခေါ်တဲ့ အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များ ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ်ကို အမေရိကန်က စီစဉ်ခဲ့ပြီး အရင် ဧပြီလတုန်းကလဲ မလေးရှားမှာ YSEALI လူငယ်တွေနဲ့ Town Hall meeting တွေ့ဆုံခဲ့တုန်းက မြန်မာလူငယ် ၁၀ယောက် တက်ရောက်ခဲ့ကြပါတယ်။
.
Credit : DVB

Thursday, November 13, 2014

အမေရိကန် သမ္မတ အိုဘားမားဟာ ဒီကနေ့မှာ မြန်မာ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ



အာဆီယံ အစည်းအဝေး အတွက် မြန်မာနိုင်ငံ ရောက်ရှိနေတဲ့ အမေရိကန် သမ္မတ အိုဘားမားဟာ ဒီကနေ့မှာ မြန်မာ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ရာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေအပေါ် သူ့အနေနဲ့ အပြုသဘော ရှုမြင်ကြောင်း၊ ဒါပေမယ့် နောက်ထပ် ဆောင်ရွက်စရာတွေ လိုနေသေးကြောင်း ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ နောက်ထပ် ဆောင်ရွက်စရာတွေ လိုနေပါသေးကြောင်း၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ အခိုင်အမာ ပူးပေါင်း ဆောင်ရွက်သွားဖို့ အမေရိကန်က သန္နိဋ္ဌာန် ချထားကြောင်း၊ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ အကောင်အထည် ပေါ်ပြီး မြန်မာပြည်သူတွေ အခိုင်အမာ အကျိုးဖြစ်ထွန်းရေးဟာ အမေရိကန် အစိုးရရဲ့ အဓိက ရည်မှန်းချက် ဖြစ်ကြောင်း သမ္မတ အိုဘားမားက ပြောသွားပါတယ်။

အမေရိကန် စေတနာ့ဝန်ထမ်း ငြိမ်းချမ်းရေး တပ်ဖွဲ့တဖွဲ့ကိုလည်း မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် လာမယ့်နှစ်မှာ စေလွှတ်မယ်လို့လည်း သမ္မတ အိုဘားမားက ထုတ်ဖော် ကြေညာလိုက်ပါတယ်။ အဲဒီ အဖွဲ့ဟာ၂၀၁၅ ခုနှစ် နှောင်းပိုင်းလောက်မှာ မြန်မာနိုင်ငံကို ရောက်ရှိ လာမှာ ဖြစ်ပြီး မြန်မာစကား၊ ဓလေ့ထုံးစံနဲ့ နည်းပညာပိုင်း ဆိုင်ရာ လိုအပ်ချက်တွေကို ၃လကြာ သင်ယူပြီးရင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေမှာ နှစ်နှစ်ကြာ ကူညီ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

သမ္မတ အိုဘားမားဟာ သမ္မတ ဉီးသိန်းစိန်နဲ့လည်း တွေ့ဆုံဖို့ ရှိပြီး မနက်ဖြန်မှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

Copy from - BBC