Thursday, October 30, 2014
ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ခေါင်းဆောင်များ ဆွေးနွေးမည်
မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးဖြစ်စဉ် ညင်သာခိုင်မာစွာ ကူးပြောင်းနိုင်ဖို့အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တို့ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးကြဖို့ သမ္မတက ဖိတ်ကြားလိုက်ပါတယ်။
.
လာမယ့် အောက်တိုဘာ ၃၁ရက် မနက်ပိုင်းမှာ နေပြည်တော်ရှိ သမ္မတအိမ်တော်မှာ တွေ့ဆုံဆွေးနွေးကြဖို့ သမ္မတဦးသိန်းစိန်က ဖိတ်ကြားတာလို့ ဖိတ်ကြားစာလက်ခံရရှိထားတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးစိုင်းလိတ်က ဒီဗွီဘီကို ပြောပါတယ်။
.
“ဆွေးနွေးမယ့် အကြောင်းအရာ ၃ ချက် ရှိပါတယ်။ အသွင်ကူးပြောင်းရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ညင်သာစွာနဲ့ ခိုင်မာစွာ ကူးပြောင်းနိုင်ဖို့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေ ဆက်လက် အကောင်အထည်ဖော်နိုင်ဖို့နဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အတွက်ကို ဆွေးနွေးညှိနှိုင်းနိုင်ဖို့ အဲ့ဒီအချက်တွေ ဆွေးနွေးနိုင်ဖို့ ဆိုပြီး အက်စ်အန်အယ်လ်ဒီပါတီ အနေနဲ့ရော ယူအန်အေ ကိုယ်စားပါ
Wednesday, October 29, 2014
ငိမ်းချမ်းရေးစစ်တမ်း(၁၀)။ ကေအင်ယူမှ သူငယ်ချင်းသို့ အိတ်ဖွင့်ပြန်ကြားစာ,
သို့ 
စောထူးထူးလေး
ကေအင်ယူဥက္ကဌ၏ အကြံပေး၊ ဗိုလ်မှုးကြီး
အကြောင်းအရာ။သူငယ်ချင်းရဲ့ ၂၀၁၄ ခုနှစ်အောက်တိုဘာ ၂၂ ရက်စွဲဖြင့် မိမိထံ
                                 အိပ်ဖွင့်ပေးစာကို ပြန်ကြားခြင်း။
သူငယ်ချင်း
ဘယ်လိုဘဲ ဖြစ်ဖြစ် မင်း အခုလို ပွင့်ပွင့်လင်းလင်းပြောလာတာ ကို ကြိုဆိုလျှက်ပါ။ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးဆိုင်ရာ ပြသနာတွေကို လူထုကြီးတရပ်လုံး သိနိုင်တဲ့ လမ်းကြောင်းလေးတွေ ပေါ်လာစေခြင်လို့ ဘဲ။ All Inclusive အားလုံးပါဝင် ရေးဆိုတဲ့ ဆိုင်းဘုတ်အောက် ကနေ ငါးပွင့်ဆိုင်တွေ၊ သုံးပွင့်ဆိုင် တွေဘန်းပြပြီး စစ်အစိုးရက သူလက်သပ်မွေးထားတဲ့ အင်အားစုတွေ ထည့်ဘို့ ကြိုး စားနေတာကို မကြိုက်လို့ ဘဲ။ (စစ်အစိုးရလို့ ပြောတာကို မင်းလက်ခံနိုင်မှာပါ။ အခုမင်းတို့ ကေအင်ယူခေါင်းဆောင်တွေ နဲ့ ဓါတ်ပုံတွဲရိုက်ထားတဲ့  ပုဂ္ဂိုလ် တွေကို ကြည့်ပါ။ ၂၀၀၈ ဖွဲ့ စည်းပုံအရရော လက်တွေ့  အရရော တကယ့်အာဏာလဲ သူတို့ လက်ထဲမှာဘဲ ရှိနေတယ် မဟုတ်လား။ဒါကြောင့် ငြိမ်းချမ်းရေး ပြသနာတွေကို အဖြေရှာရာမှာ စစ်အစိုးရနဲ့ သူ့ လူတွေ အဓိက လွှမ်းမိုးမယ့် ʻအားလုံးʼ ဆိုတဲ့ စကားလုံးထက် ʻလူထုပါဝင်ရေးʼ ဆိုတဲ့ ဝေါဟာရ ကို ကိုယ်ကတော့ ပိုပြီးတန်ဘိုးထားတယ်။ 
သာဓကအားဖြင့် အခုပေးစာတွေ ထွက်လာသလိုပေါ့ ။ကေအင်ယူရဲ့ ထိပ်တန်းခေါင်းဆောင်တချို့ နဲ့  တသား တည်းရှိနေတဲ့ မင်းက ကိုယ့်ဆီကို အိပ်ဖွင့်ပေးစာပို့ လာ၊ မင်းဘက်က အမြင်ကိုတင်ပြ၊ ကိုယ်ကလဲ ကိုယ့်အမြင်ကို ပြန် တင်၊ ဒီအခါမှာ သတင်းအချက်အလက်တွေကို လူထုတွေ ပိုသိရှိလာကြပြီး ပိုစဉ်းစား ခွင့်ရ၊ မတူတဲ့သုံးသပ်ချက်တွေ ပေါ် ထွက်လာ၊ သူငယ်ချင်းလိုဘဲ အခြားတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့ အစည်းခေါင်းဆောင်တွေ ကလဲ သူတို့ အမြင်တွေ၊ ဆွေးနွေးပွဲမှာ ကြုံရတဲ့ အခက်အခဲတွေကို အခုထက်ပိုပြီး ပွင့်ပွင့်လင်းလင်းတင်ပြချက်တွေပြု၊ အဲဒါတွေအပေါ်မှာ အခြေခံပြီး လူထုတွေ လွတ်လပ်စွာ စုစည်းဆွေးနွေးခွင့်ရ၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ် ခွင့်ရ ကြမယ် ဆိုရင် တဖြေးဖြေးနဲ့ လူထုလှုပ်ရှားမှုတွေ ဖိအားတွေ ပေါ်လာနိုင်တယ်။ ဒါဟာ ʻလူထုပါဝင်ရေးʼ ဘဲလို့  ကိုယ် နားလည် တယ်။ ဒီလိုဖြစ်စေခြင်တာပါ။ ပဋိပက္ခရဲ့ ဘက်နှစ်ဘက် အစည်းအဝေးတွေမှာ ကိုယ်တိုင်တက်ခွင့်ရဘို့ မလို ပါဘူး။ 
မင်းရဲ့ စာထဲမှာပါတဲ့ အချက်တွေကို မပြန်ကြားခင် ကိုယ့်ရပ်တည်ချက်ကို နည်းနည်းကလေး ပြောပါရစေ။ ပထမ ကတော့ မာနယ်ပလော တော်လှန်စစ်ကာလအတွင်းမှာရော နောက်ပိုင်း မှာပါ အဓိကအားဖြင့် ကေအင် ယူ လွှမ်းမိုးတဲ့ ဒေသ နဲ့ အဲသည်နောက်ခံကို အမှီပြုပြီး တော်လှန်ရေးလုပ်ခွင့်ရခဲ့တွက်ရော၊ စစ်အာဏာရှင်စနစ် ဆန့် ကျင်ရေးအခြေခံကနေ ဥပဒေစိုးမိုးရေး အထောက်အကူပြုလုပ်ငန်းတွေ လုပ်ခွင့်ရခဲ့တဲ့အတွက်ပါ ကေအင်ယူကို တန်ဘိုးထားဆဲဘဲ ဆိုတာပါ။ 
ဒုတိယ ကတော့ အခုမင်းနဲ့ အနီးကပ်နေပြီး ကေအင်ယူ ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တာဝန်ယူ နေသူတွေ ထဲမှာ ကိုယ်နဲ့ ပုဂ္ဂိုလ်အရပြသနာ ဖြစ်ခဲ့တာ တဦးမှ မရှိဘူးဆိုတာဘဲ။ လက်ရှိဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖေါ ဟာ ကိုယ့်ရဲ့ 
ရေဒီယို အင်တာဗျူး၊ ဥပဒေကြောင်း သုံးသပ်ချက်တွေကို အသိအမှတ်ပြု အားပေးလေ့ရှိသူတွေထဲက တဦးပါ။ကိုယ်လဲ သူ့ ကို တလေးတစား ဆက်ဆန်ခဲ့တာဘဲ။ ငြိမ်းချမ်းရေး တကယ်ရစေခြင်တဲ့ စေတနာ သူ့ မှာ ရှိမယ်ဆိုတာ ကိုယ်ယုံ ကြည်တယ်။ ဒါပေမယ့် သူငယ်ချင်း။ စေတနာတခု ထဲနဲ့ ဆိုရင်တော့ ပြသနာတက်တတ်တယ် လေ။ အဖေ့ရဲ့ နဖူးပေါ် မှာ မှက်တကောင်ကိုက်နေလို့ အဖေ့အပေါ်စေတနာ ထားပြီး သားဖြစ်သူက အဲဒီ မှက် ကို သစ်ခုတ်တဲ့ ပုဆိန်နဲ့ ထခုတ်၊ မှက်က အသာလေးပျံထွက်သွား၊
ကွတ်ခိုင်အမြှောက်တပ်မှ TNLA တပ်စခန်းသို့ ပြင်းထန်စွာတိုက်ခိုက်
အောက်တိုဘာလ ၂၉ ရက် ၂၀၁၄ 
ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေပိုင်း ၁၇း၀၀ မှစပြီး ၂၄း၀၀ အထိ မြန်မာ့စစ်တပ်များမှ တားမိုးညဲမြို့နယ်၊ ရှီဖျင်းကျိုင်တောင်ကုန်းရှိ TNLA အမှတ် (၅) ဗျူဟာ လက်အောက်ခံ တပ်ရင်း (၃၃၅) တပ်စခန်းကုန်းသို့ မြန်မာ့စစ်တပ်များ မှ ပြင်းထန်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 
ညနေ ၁၇း၀၀ မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ၂၀း၀၀ နာရီဝန်းကျင်ပစ်ခတ်တိုက်ခိုက်ပြီး ၄င်းနောက်ပိုင်း အမြှောက်တပ်မှ ၁၂၀ မမဖြင့် မရပ်မနား ည ၂၄း၀၀ ကျော်အထိ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း TNLA အမှတ် (၅) ဗျူဟာရုံးမှ အစီအရင်ခံသည်။ 
မြန်မာစစ်တပ်များမှာ မနေ့ညနေပိုင်းတွင် ကွတ်ခိုင်ဘက်မှ ကားလေးစီးဖြင့် တာမိုးညဲသို့ သွားရောက်ပြီး TNLA တပ်များကို တိုက်ခိုက်တာဖြစ်ကြောင်း နှင့် အဆိုပါ တပ်များတွင် ကွတ်ခိုင်အမြောက်တပ်လည်းပါဝင်သည်ဟု သိရသည်။ 
TNLA တပ်မတော် တပ်ရင်း (၃၃၅)တို့မှာ အောက်တိုဘာလ ၂၈ ရက် အစောပိုင်းကတည်းက တပ်စခန်းအရွေ့ အပြောင်း လုပ်ထားသည့်အတွက် ယမန်နေ့ည တိုက်ပွဲတွင် ထိခိုက်မှုမရှိပါ။ 
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၉ ၄၇၁၃၂၁၁၈၊ ၀၆၉၂ ၆၂၂၄၈၅၈ 
Monday, October 27, 2014
မြို့တော်ခန်းမရှေ့ ကိုကိုကြီးရဲ့ မိန့်ခွန်းစဆုံး
Sunday, October 26, 2014
နမ့်ခမ်း အနီးတွင် မြန်မာစစ်တပ်မှ တအန်းတပ်မတော်အား ပိတ်ဆို့ တိုက်ခိုက်ပြီးနောက်တွင် နေရာအနှံ့အပြား တိုက်ပွဲငယ်များ ဖြစ်ပွား
အောက်တိုဘာ ၂၆ ရက် ၂၀၁၄။
အောက်တိုဘာလ ၂၄ ရက်မှစပြီး မြန်မာစစ်တပ်မှ TNLA တပ်မတော်အား ပိတ်ဆို့တိုက်ခိုက်ပြီး နောက်ပိုင်းတွင် နမ့်ခမ်းမြို့အနီး ကောင်းဝိုင်း၊ နမ့်ဆရီး၊ နမ့်ဟောမ်၊ ငေါခါးရွာ နေရာအနှံ့အပြားတွင် တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲများတွင် မြန်မာစစ်တပ်မှ အထိနာသော်လည်း အသေးစိတ်အခြေအနေကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပါ။
၂၄ ရက်မှ မြန်မာစစ်တပ် တပ်မ(၈၈)နှင့် ခမရ (၄၅)တို့မှ TNLA တပ်မတော်အား စတင် ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။ ၄င်းနောက်တွင် ၂၄ ရက်နံနက် ၁၀း၀၀ နာရီအချိန် ကောင်းဝိုင်းရွာအနီးတွင် TNLA
မြို့တော်ခန်းမရှေ့ ကိုမင်းကိုနိုင်ရဲ့ အပိတ် မိန့်ခွန်း
သည်းခံတာနဲ့ ငုံ့ခံတာ မတူဘူး။
ခွင့်လွှတ်တာနဲ့ ခွင့်ပြုတာ မတူဘူး။
မင်းကိုနိုင်
ယနေ့ မြို့တော်ခန်းမရှေ့ ကိုမင်းကိုနိုင် အသံ...
" လက်ပံတောင်းတောင်မှာ သံဃာတော်တွေကို မီးလောင်ဗုံး နဲ့ ဖြိုခွင်းခဲ့တာမျိုး ကိုပါကြီးလိုဖြစ်စဉ်မျိုးက ဘာကိုပြနေလဲဆိုတော့ လက်ယဉ်နေတာကို ပြနေတာမျိုးပါ "
ကိုမင်းကိုနိုင်
သတင်းဓါတ်ပုံ - အင်တာနက်စာမျက်နှာမှ ကူးယူခဲ့ပါသည်။
Wednesday, October 22, 2014
အစိုးရမှ ကျောင်းတရားဝင်ကျောင်းဖွင့်ထားပေးပြီး ကျောင်းဆရာ/မ တစ်ယောက်မှ စေလွှတ်ခြင်းမရှိ
21 Oct 2014
ပူတာအို မြို့နယ်မှ ကိုယ်ထူ ကိုယ်ထ ဖွင့်လစ်လျှက်ရှိသည့် မလိခေါမ်ကျေးရွာ မူလတန်းကျောင်းအား ပူတာ အိုမြို့နယ် ပညာရေးဒုမှူးမြို့နယ်ဦးစီးမှူးမှ တရားဝင် တွဲဖက်မူလတန်းကျောင်းအဖြစ် တရားဝင်လာ ရောက်ဖွင့် လှစ်ခဲ့ပြီးဖြစ်သော်လည်း ယခုထိ စာသင်မည့်ဆရာများ တစ်ယောက်မှ စေလွတ်ခြင်းမရှိသေးသည့်အတွက် ဒေသခံများ အခက်အခဲဖြစ်နေကြကြောင်းသတင်းရရှိသည်။
“ဒီမှာကျောင်းမရှိတော့ ကလေးတွေက အရမ်းဒုက္ခရောက်တယ်။ (၅) မိုင်ဝေးတဲ့ကျောင်းကို သွားတက်ရတယ်။ သူငယ်တန်း၊ ပထမတန်းတွေက လမ်းမလျှောက်နိုင်ဘူး။ ကလေးတွေက မနက် (၅) နာရီလောက်ဆိုရင် သွား ရပြီ။ လမ်းကမကောင်း ဗွက်တန်းတွေနဲ့ဆိုတော့
နမ့်ဆန်တွင် TNLA တပ်မတော်နှင့် တပ်မ (၇၇)တိုက်ပွဲဖြစ် မြန်မာတပ်မှ အထိနာ
၂၁ ရက် အောက်တိုဘာလ ၂၀၁၄ ခုနှစ်
နမ့်ဆန်မြို့အနီး နမ်းခေးရွာတွင် ယနေ့ နံနက် ၀၅း၀၀ မှ ၀၅း၃၀ အထိ TNLA တပ်မဟာ (၂) လက်အောက်ခံ၊ တပ်ရင်း အမှတ် (၂၅၆)နှင့် မြန်မာစစ်တပ် တပ်မ (၇၇)လက်အောက်ခံ ခမရ (၁၀၆)တို့ တိုက်ပွဲဖြစ်ပွားကြောင်းသိရသည်။
တအန်းတပ်မတော်မှ ဒေသအတွင်း ကင်းလှည့်ရာတွင် မြန်မာစစ်တပ်တို့နှင့် ထိပ်တိုင်ရင်ဆိုင်မှုဖြစ်ပွားပြီး အပြန်အလှန် မိနစ် ၃၀ ကျော် ပစ်ခတ်ခဲ့ကြကြောင်း TNLA အရာရှိမှ တင်ပြသည်။
TNLA တပ်ရင်း အရာရှိ အစီအခံချက်အရ ထိခိုက်ကျဆုံးမှု အသေးစိတ် မသိရသေးသော်လည်း တအန်းတပ်မတော်မှ ပစ်ခတ်လိုက်သော RPG ကြောင့် မြန်မာစစ်တပ်မှ အနည်းဆုံးငါးဦး ကျနိုင်သည်ဟု တိုက်ပွဲအစီရင်ခံသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၉ ၄၇၁၃၂၁၁၈၊ ၀၆၉၂ ၆၂၂၄၈၅၈
လူသတ်မှု မကျုးလွန်ကြောင်း မြန်မာ ၂ ဦး အခိုင်အမာပြော
ထိုင်းနိုင်ငံတောင်ပိုင်း ကော်တောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ထိုင်းရှေ့နေ ၃ ဦးက ၆ နာရီကြာ သွားရောက် တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
Copy from - BBC
Monday, October 20, 2014
ကွတ်ခိုင်မြို့အနီးတွင် TNLA နှင့် မြန်မာစစ်တပ် တိုက်ပွဲဖြစ်
အောက်တိုဘာလ ၂၀ ရက် ၂၀၁၄
ကွတ်ခိုင်မြို့နှင့် မနီးမဝေးသော မိုင်းယုလေးနှင့် ငေါ့ငါးရွာအကြားတွင် TNLA တအန်းတပ်မတော် တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၁၀၁) နှင့် မြန်မာစစ်တပ်တို့ ယနေ့ ညနေပိုင်း ၁၇း၃၀ မှ ၁၈း၀၀ အထိ  တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။
ငေါ့ငါးရွာအနီးတွင် လှုပ်ရှားနေသော TNLA တပ်မတော်အား ကွတ်ခိုင်အခြေစိုက် မြန်မာစစ်တပ် ခလရ (၄၅)မှ သွားရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု အရှေ့တန်းအရာရှိမှ အစီရင်ခံသည်။
မြန်မာ့စစ်တပ်ဘက်မှ ထိခိုက်မှု အခြေအနေ မသိရသေးပါ၊ တအန်းတပ်မတော်မှ ထိခိုက်မှု မရှိပါ။
ယမန်နေ့ နှင့်ယနေ့ ၂၀ ရက် နံနက်ပိုင်းတွင် လားရှိုးမှ ကွတ်ခိုင်၊ မူဆယ်၊ နမ်းခမ်းသို့ မြန်မာစစ်တပ်မှ စစ်အင်အား စစ်ကား အစီး(၆၀)ဖြင့်လည်း ထပ်မံအင်အားဖြည့်ထားသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၉ ၄၇၁၃၂၁၁၈၊ ၀၆၉၂ ၆၂၂၄၈၅၈
သျှမ်းပြည်နယ်အတွင်ဒ အစိုးရနှင့် FUA တပ်ပေါင်းစုအကြား တိုက်ပွဲပြင်းထန်နေ
တနင်္လာနေ့၊ အောက်တိုဘာလ 20 ရက် 2014 ခုနှစ်
ရှမ်းပြည်အရှေ့မြောက်ဖက် မြန်မာအစိုးရတပ်နှင့် ပြည်ထောင်စုတပ်မတော် (Federal Union Army-FUA) တပ်ဖွဲ့ အကြား လွန်ခဲ့သည့်နှစ်ရက်နေ့မှစ၍ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၁၅၊ သောကြာနေ့မှစပြီး အစိုးရတပ်နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အောက် ပြည်ထောင်စုတပ်မတော် (FUA) အကြား တာမိုးနဲ အရှေ့ဖက် မုန်းဆီး (Mung Ji) ဒေသတွင် တိုက်ခိုက်မှုတစ်နေကုန်နီးပါး ဖြစ်ပွားခဲ့ရာ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း စစ်မြေပြင်အနီးအနား ရောက်ရှိနေသူ ကချင်နှစ်ချင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) စစ်ပြေးဒုက္ခသည်ကယ် ဆယ်ရေး ဆရာဇော်ဆိုင်း ပြောသည်။
သူက “တိုက်ပွဲဖြစ်နေတာ Mung Ji ဒေသမှာ ဟုတ်တယ်။ အစိုးရ တပ်ဘက်ကတော့ တပ်မ ၁၁ နဲ့ ၅၅ တွေပါ ဒေသခံ ၃ ယောက်ကျည်ဆံ ထိတယ်" ဟု ပြောသည်။
အောက်တိုဘာလ ၁၆ရက်နေ့ ညနေဖြစ်ပွားသည့် တိုက်ပွဲအတွင်း ပြည်သူဖက်က သုံးယောက်ကို ကြည်ဆံ ထိမှန်ခဲ့ပြီး ၎င်းတို့ သုံးယောက်မှ တစ်ယောက်အား ဆေးရုံသို့ ပို့ဆောင်ထားရာက ကျန်သည့် နှစ်ယောက်က ယနေ့ Mung Ji မှ ကွတ်ခိုင် သို့ သယ်ဆောင် လာသည့် လမ်းတွင် ရှိနေဆဲဖြစ်ကြောင်း ပြောသည်။
ထို့အတူ အစိုးရတပ်နှင့် FUA တပ်ပေါင်းစုဖက် အဖွဲ့သုံးဖွဲ့ဖြစ်သည့် KIA တပ်မဟာ ၄၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA ကိုးကန့်တပ်) နှင့် တအောင်း လွတ်မြောက်ရေး တပ်မတော် (TNLA) များသည်လည်း လွန်ခဲ့သည့်နှစ်ရက်စပြီး တစ်နေကုန် တိုက်ခိုက်မှုများ ဖြစ်ပွားနေကြောင်း ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ မှ ဗိုလ်မှူးဇော်မော် KNG ကချင်သတင်းဌာန သို့ အတည်ပြုပြော
?????....အမှန်တကယ် အာဏာရှင်ဆိုသူတွေကို ဆန့်ကျင်ဆန္ဒပြတယ်ဆိုရင် ထောက်ခံပါတယ် ???? ...
လုပ်ကြပြန်ပြီ… ကျောင်းသားအစစ်တွေဟာ ဘယ်တော့မှခိုးကြောင် ခိုးဝှက်မလုပ်ဘူး
…လုပ်ရင် ..... သတ္တိရှိရှိလုပ်တယ်…
နောက်ပြီး ဆန္ဒပြပွဲတွေ အမြဲရှေ့ကနေ ရောက်
ရောက်နေတဲ့ ရဲတို့ SB တို့ ဘယ်နားသွားသေနေကြ
သလဲ…ဒီလို အကွက်တွေက ရိုးနေပါပြီ…
စမ်းချောင်း ၂၄ ရဲစခန်းက နီးနီးလေးပါ။
ပုံရဲ့ညာဖက်ခြမ်း အရှေ့နားကလမ်းကြားထဲကနေ စမ်းချောင်းရဲစခန်း တာဝန်ကျရဲအရာရှိတွေ အမြန်လမ်းလျှောက်ဆင်းလာရင်
၈ မိနစ်အောက်ဆိုရောက်ပါပြီ။
တော်လှန်ရေးပန်းခြံထဲမှာ စစ်တပ်လည်းရှိနေပါသေးတယ်။
ရပ်ကွက်ထဲမှာ ရဲကင်းတွေရှိသလို
ကျွန်းတောလမ်းထိပ်၊ ဗားကရာလမ်းပေါ်က
အနောက်ပိုင်းခရိုင် မ.ယ.ကရုံးမှာ စ.ရ.ဖတွေ၊ ပူးပေါင်းအဖွဲ့တွေ ၂၄နာရီရှိတတ်ပါတယ်။
လမ်းလျှောက်သွားရင် ၁၀မိနစ် နဲ့ ၁၅မိနစ်ကြား။
စက်ဘီးနဲ့သွားရင် ၁၀မိနစ်အောက်သာကြာပါတယ်။
ဆိုင်ကယ်စူပါကပ် ကစ်တံနင်းစက်နှိုးပြီး အပြင်းမောင်းသွားရင် လမ်းဘယ်လောက်ကြပ်ကြပ် ၅မိနစ်သာသာခန့်သာကြာပါတယ်။
စမ်းချောင်းရဲစခန်း နဲ့ စ.ရ.ဖ အချို့မှာ ဆိုင်ကယ်တွေလည်းရှိပါတယ်။
တမင် ပွဲဆူအောင်လုပ်တယ်လို့ ထင်ပါတယ်ဗျာ။ ယနေ့ခေတ်လူငယ်တွေ အဲ့ဒီလောက် သတ္တိမနည်းပါဘူး။
*မျက်နှာဖုံးစွပ်တာရယ်*
*ချက်ချင်းဖမ်းမမိတာရယ်*
*ဆူပူအကြမ်းဖက်လိုခြင်း ပုံသဏ္ဍာန်* ပေါ်လွင်နေတာရယ်ကြောင့် ဘယ်လိုနည်းနဲ့မှ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ပညာတတ်ကျောင်းသားလူငယ်များ မဖြစ်နိုင်ပါဘူး။
***ကျောင်းသားတွေ သတိရှိကြပါ***
***လူငယ်တွေ သတိရှိကြပါ***
***ပြည်သူတွေ သတိရှိကြပါ***
***သွေးဆူမလွယ်ကြပါနဲ့!!!***
ထောင်ချောက်ဖြစ်ဖို့ ၈၀% ပါ။
လေးစားစွာဖြင့်
စမ်းချောင်းသား အောင်အောင်ရွှေ
Copy from - Wai Moe Aung(FB)သတင်ဒစာမျက်နှာမှ
Sunday, October 19, 2014
တိုင်းရင်းသားများ၏ နိုင်ငံရေး ဆွေးနွေးချက်ကို စစ်တပ်က လက်မခံ
ကျင်းပရေးကော်မတီမှ ပထမဆုံးကြိမ် ညှိနှိုင်းစည်းဝေးမှတ်တမ်း။
၂၀၁၄ အောက်တိုဘာလ (၁၉)ရက်။
ယနေ့နံနက် ၉း၃၀ နာရီမှ ၁၂း၀၀ နာရီထိ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ဂျပန်ရောက်ပြည်ထောင်စုမြန်မာနိုင်ငံသားများတွေ့ဆုံပွဲ့ ကျင်းပနိုင်ရေးအတွက် ကျင်းပရေးကော်မတီမှ ပထမဆုံးကြိမ် ညှိနှိုင်းစည်းဝေးမှတ်တမ်း။
MKO
Saturday, October 18, 2014
ကော်သူးလေ တပ်မတော် KAF အဖြစ် ပေါင်းစည်းမှု အငြင်းပွားဖွယ် ကောင်းပေမယ့် ကရင် လူထုများ ကြိုဆို
Thursday, 16 October 2014
ကရင် လက်နက်ကိုင် တပ်ဖွဲ့ လေးဖွဲ့ ပါဝင်သော ကော်သူးလေ တပ်မတော် ( Kawthoolei Armed Force – KAF) အဖြစ် အောက်တိုဘာလ (၁၃) ရက်နေ့တွင် ပေါင်းစည်း ခဲ့မှုကို ကရင် လူထု များနှင့် အရပ်ဖက် ကရင် လူမှု အဖွဲ့အစည်း များက လိုလားကြောင်း ၎င်းတို့၏ ပြောကြားချက် များအရ သိရှိ ရသည်။
“ကရင် တပ်များ ပေါင်းစည်းရေး၊ပါတီ ပေါင်းစည်း ရေးကိုလွန်ခဲ့တဲ့ နှစ်နှစ် လောက်က ကရင် လက်နက်ကိုင် တပ်များ ပြည်လည် ပေါင်းစည်းရေး ကော်မီတီက အကောင် အထည် ဖော်ဖို့ ကြိုးပမ်း ခဲ့တာ ကြာပြီ၊ အခုမှ အကောင် အထည် ပေါ်ခဲ့ တာပါ” ဟု ကရင် အမျိုးသမီး ဖွံဖြိုး တိုးတက်ရေး အဖွဲ့မှနော်ဇူဇန်နာ လှလှစိုးကပြောသည်။
ထိုကဲ့သို့ ကော်သူးလေ တပ်မတော် အဖြစ် ကရင် လက်နက်ကိုင် အဖွဲ့များ ပြန်လည် ပေါင်းစည်း ခဲ့ရာတွင် ကရင် အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင် အမျိုးသား ကာကွယ်ရေး အဖွဲ့ အစည်း (KNDO)၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA –PC) တို့ ပါဝင်ကြောင်း အောက်တိုဘာလ (၁၃) ရက်နေ့၌ ကြေငြာချက် ထုတ်ပြန် ခဲ့သည်။
ထိုထုတ်ပြန် ခဲ့သည့် ကြေငြာချက်၌ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) အား ကိုယ်စား ပြု၍ ဒုတိယ စစ်ဦးစီးချုပ်က ၎င်း၊ ကရင် အမျိုးသား ကာကွယ်ရေး အဖွဲ့ အစည်း (KNDO) အား ကိုယ်စား ပြု၍ ဦးစီးချုပ်က ၎င်း၊ ဒီမိုကရေစီ အကျိုးပြုကရင့် တပ်မတော် (DKBA) အား ကိုယ်စား ပြု၍ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားပွယ် က၎င်း၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA –PC) အား ကိုယ်စား ပြု၍ အထူး ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါး က၎င်း အသီးသီး လက်မှတ် ရေးထိုး၍ ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ထိုပေါင်းစည်းမှုမှာ စစ်မှန်သော ပေါင်းစည်းမှု မဟုတ်ပဲ တစ်စုံ တစ်ဦးမှ အတုအယောင် ဖန်တီး ထားသော ပေါင်းစည်းမှု ကြေငြာချက်သာ ဖြစ်ကြောင်း ကနဦး၌ သတင်းများ ထွက်ပေါ် လာခဲ့သော်လည်း ယင်းပေါင်းစည်းမှု ထုတ်ပြန်ချက်မှာ အစစ်အမှန် ကြေငြာချက် ဖြစ်ကြောင်း DKBA တပ်ဖွဲ့၏ ကလို့ထူးဘော စစ်ဗျူဟာမှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က အတည်ပြု ပြောသည်။
ဗျုဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က “တစ်ကယ် အစစ်အမှန်ကို လက်မှတ် ထိုးထား တာပါ၊အတု အယောင် မဟုတ်ပါဘူး၊ ကရင် ပြည်သူ တွေက တောင်းဆိုလို့ ကရင် ပြည်သူ လူထုရဲ့အကျိုး စီးပွားကို ကာကွယ်ဖို့ အတွက်ကရင် ပြည်သူ တွေကပြန်ပေါင်း လိုက်ပါလို့ ဆိုလာတဲ့ အတွက် ကြောင့်ပါ” ဟု ဆိုသည်။
မရှေး မနှောင်း၌ ထိုပေါင်းစည်းရေး၌ လက်မှတ် ရေးထိုး ခဲ့သည့် KNU/KNLA – PC မှ အထူး ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါးအား ၎င်းတို့ အဖွဲ့၏ စစ်ဥပဒေ ပုဒ်မ (၂) အပိုဒ်က အမိန့် ညွှန်ကြားချက် များအား လေးစား လိုက်နာမှု မရှိခြင်း၊ စစ်အက်ဥပဒေ ပုဒ်မ (၂၆) အရ အဖွဲ့အစည်း ဂုဏ်သိက္ခာ မထိခိုက် စေရန် ကာကွယ် ထိန်းသိမ်းရန်မှ ပျက်ကွက် ခြင်းနှင့် ထိုလုပ်ရပ် များအတွက် အထက် အရာရှိ များမှ ညှိနှိုင်းရန် ဆင့်ခေါ် မှုကို လက်မခံ သောကြောင့် အဖွဲ့မှ ထုတ်ပယ် လိုက်ကြောင်း အောက်တိုဘာ (၁၄) ရက်နေ့တွင် KNU/KNLA – PC အဖွဲ့မှ ကြေငြာချက် တစ်စောင် ထပ်မံ ထုတ်ပြန်ခဲ့သည်။
အလားတူပင် ကရင် အမျိုးသား အစည်းအရုံး၏ ကာကွယ်ရေး ဌာနမှလည်း အဆိုပါ အောက်တိုဘာလ (၁၄) ရက်နေ့ ၌ပင် ကြေငြာချက် တစ်စောင်အား အလားတူ ထုတ်ပြန် ခဲ့ပြီး ကော်သူးလေ တပ်မတော် အဖြစ် ပေါင်းစည်းရေး၌ လက်မှတ် ရေးထိုး ထားသည့် KNLA ဒုစစ်ဦးစီးချုပ်နှင့် KNDO ဦးစီးချုပ် တို့သည့် ယင်းတို့၏ သဘောထား အမြင် အပေါ်တွင်သာ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ကြေငြာချက် ထပ်မံ
ပြည်သူဘက်က ရပ်တည်မိလို့ အလိုမကျတော့ချိန်မှာ ပေးလိုက်တဲ့ဆုလာဒ် ထောင် (၁၃) နှစ် ဒဏ်ငွေ တသိန်း သဘောပေါက်သင့်ပြီ...
ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဆင့် (အငြိမ်းစား) (သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း) အား နိုင်ငံတော် အကြည်ညိုပျက်အောင် လုပ်ဆောင်မှု ပုဒ်မ ၁၂၄(က) အရ ငွေဒဏ် ၁ သိန်းနှင့် ထောင် ၁၀ နှစ်၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၀၉ အရ ထောင်ဒဏ် ၃ နှစ်တို့ကို ကျခံရန် ယနေ့ (အောက်တိုဘာ ၁၇) တွင် နေပြည်တော်၊ ဒက္ခိဏခရိုင် တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
ဓာတ်ပုံ - ခင်မောင်ဝင်း (AP)
Friday, October 17, 2014
နိုင်ငံရေးအကျပ်အတည်း ဘယ်လိုအဖြေရှာမလဲ
ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ)၊ NARONG SANGNAK/အီးပီအေ
မြန်မာ့နိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ လေ့လာသူများနှင့် ပညာရှင်များက တူညီသော မှတ်ချက်တစ်ခု ပေးကြသည်။ အခြေအနေမကောင်းဘူးဟူ၍ ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးလိုသည့် ဆန္ဒရှိသည်။ ကရင်အမျိုးသား အစည်းအရုံး(KNU)မှလွဲ၍ ကျန်တိုင်းရင်းသား လက်နက်ကိုင် အများစုကမူ ၂၀၁၅ နောက်ပိုင်း တက်လာမည့် အစိုးရနှင့်မှ လက်မှတ်ထိုးလိုသည့် သဘောရှိသည်။ တပ်မတော်ကလည်း တိုင်းရင်းသားများ လက်မခံသည့် မူ ၆ ချက်ကို တစ်နိုင်ငံလုံး အပစ်ရပ်ရခါနီးမှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပြန်လည်ရှေ့တန်းတင်လာသည်ကို တွေ့ရသည်။
ထို့ကြောင့်လည်း စက်တင်ဘာလ နောက်ဆုံးပတ်တွင် ပြုလုပ်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(NCCT) တို့၏ ငါးရက်ကြာ ဆွေးနွေးပွဲ၌ မည်သည့် သဘောတူချက်မှမရဘဲ ပြီးဆုံးသွားခဲ့သည်။ ထို့
ရွာနှင့်အနီးဝန်းကျင်အား လက်နက်ကြီးအလုံး (၂၀)ကျော်ပစ်ခတ် ရွာသားများထိပ်လန့်
သျှမ်းပြည်တောင်ပိုင်း ကျေသီးမြို့နယ် ဝမ့်ဝပ်ကျေးရွာအုပ်စု အတွင်း အခြေချနေထိုင်သည့် အစိုးရ တပ်မတော်စစ်ကြောင်းတခုက လက်နက်ကြီး အလုံး ၂၀ ကျော် ရပ်ရွာ ထဲသို့ပစ်ခတ် သောကြောင့် ရွာသားများ ထိပ်လန့်ကာ ရွာလုံးကျွတ်ဘုန်းကြီးကျောင်းသို့ တိမ်းရှောင်ကြ သည်ဟု ဆိုသည်။
အောက်တိုဘာ ၁၃ နှင့် ၁၄ ရက်နေ့အတွင်း အစိုးရ တပ်မတော် စစ်တိုက်လေယာဉ်များ၊ရဟတ် ယာဉ်များ ဝမ့်ဟိုင်းဒေသသို့ နေ့စဉ်ပျံသန်းကြောင်း၊ အောက်တိုဘာ ၁၃ ရက်နေ့ နံနက် ၁၁ နာရီတွင် ဝမ့်ဝပ်ကျေးရွာအုပ်စု အတွင်းသွား လာလှုပ်ရှားသည့် အစိုးရတပ်မတော် စစ်ကြောင်းတခုက ဝမ့်တဖန်ကျေးရွာတွင် ချ၍ ပန်စေ့ကျေးရွာ နှင့် အနီးတဝိုက်သို့ ၆၀ မမ အမျိုးအစား အလုံး ၂၀ ကျော် ပစ်ခတ်ခဲ့သည့် အတွက် ပန်စေ့ဒေသခံများ ဝမ့်ဝပ် ဘုန်းကြီးကျောင်း ဒုက္ခသည်စခန်းသို့ ထွက်ပြေးကြသည်ဟု ဆိုသည်။
“ကျနော်တို့ရွာထဲ ၊ ရွာအနီး၊ လယ်တော တွေမှာ လက်နက်ကြီးတွေကျတယ်။ သျှမ်းစစ်သား တွေကို ကူညီထောက်ပံ့ရင် ရွာကိုမီးရှို့ပစ်မယ်လို့လဲ ခြိမ်းခြောက်ထားတော့ ကျနော်တို့ရွာကို တကယ်လုပ် တော့မှာလား ဆိုပြီးကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးကြတယ်။ ဝမ့်ဝပ်ဘုန်ကြီးကျောင်းကိုဘဲပြေးရတာပေါ့” - ဟု အမည်မဖေါ်လိုသည့် စစ်ဘေးရှောင်သူ တဦးက
ဖါးကန့် KIA,တပ်ရင်း (၆)သည် ၄င်းတို့နေရာမှ လုံးဝ ဖယ်ပေးမည်မဟုတ်
 (ဓါတ်ပုံ- ဖါးကန့် ကေအိုင်အေ တပ်ရင်း (၆)မှ ကေအိုင်အေ ရဲဘော် များအားရှေ့တန်းတနေရာ၌တွေ့ရစဉ်။)
 ကေအိုင်အေတပ်ရင်း(၆)ထိန်းချုပ်နေမြေတွင် ကျောက်စိမ်းတူးဖော်နေသူများ ထွက်ပြေးနေ။ကေအိုင်အေတပ်ရင်း(၆)အားအစိုးရ တပ်မတော်တပ်မ(၆၆)မှ အောင်တိုဘာလ ၁၄ ရက်ညနေ (၆)နာရီတွင် နောက်ဆုံးထားကာ ပြောင်းရွေ့ပေးရန် စာပေးပို့သောကြောင့် ၄င်းနေရာတွင် ကျောက်စိမ်းတူးဖော် လုပ်ကိုင်နေ သူများ မနေ့ကနေစတင်ပြီး လုံးခင်းသို့ ထွက်ပြေးလာပြီဖြစ်ကြောင်း ကေအိုင်အေ အနောက်ပိုင်းတပ်မှူးဦးတန်ဆိုင်းကပြောသည်။
ကေအိုင်အေ နောက်ပိုင်းတပ်မှူးဦးတန်ဆိုင်းက “ စာပို့လာတဲ့နောက်ပိုင်း စစ်ဖြစ်လာရင် သူတို့ဒုက္ခရောက်မှာ စိုးလို့ ကြိုတင်ထွက်ပြေးဖို့ ပြောထားတယ်၊ မနေ့ကနေပြေးပြီ ဒေသခံ ရွာသားတွေက မပြေးဘူး။သူတို့ပြေးရင် ဗမာတွေ သူတို့နေရာတွေကို ၀င်သွားမှာစိုးလို့ ဆိုပြီး မပြေးဘူး” ဟုပြောသည်။
စစ်ရေးအခြေအနေနှင့်ပတ်သတ်ပြီး ကေအိုင်အေအနေဖြင့် သူတို့နေရာတွင်သာ ရှိနေမည် ဖြစ်ပြီး၊ မြန်မာ အစိုးရတပ်မတော် စစ်ကြောင်းများ ၀င်ရောက်ကျူးကျော်လာပါက ခုခံတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ၄င်းကပြောသည်။
ယခုကဲ့သို့ စစ်ရေးတင်းမာမှု ဖြစ်ပွားလာရခြင်းမှာ ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီများ လွပ်လွပ်လပ်လပ် ကျောက်စိမ်းတူးဖော်နိုင်ဖို့ အစိုးရစစ်တပ်က ကာကွယ်ပေးခြင်းတို့ကြောင့် ဖြစ်ပေါ်လာရသည့် ကိစ္စဖြစ်ကြောင်း ကေအိုင်အေ အနောက်ပိုင်းခရိုင်မှူးက သုံးသပ်ပြောဆိုသည်။
(ကေအိုင်အေတပ်ရင်း(၆)ကို ပြောင်းရွေ့ပေးရန် စာပေးပို့သည့် ကိစ္စနှင့်ပတ်သတ်ပြီး သတင်းအချက်အလက် မေးမြန်းရန် မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်ကို ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံခြင်းမရှိပါ။)
 သတင်းရင်းမြစ် - ကချင်သတင်းဌာန
Wednesday, October 15, 2014
ထိုးစစ်ချက်ချင်းရပ်တန့်ပေးရန် အစိုးရကို ယူအန်အက်ဖ်စီ တောင်းဆို
naing han tar
မြန်မာ့တပ်မတော် ထိုးစစ်တွေ ချက်ချင်းရပ်ပေးဖို့နဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်မဖြစ်ပွားစေဖို့ အရေးယူဆောင်ရွက်ပေးဖို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က အစိုးကို တောင်း ဆိုလိုက်ပါတယ်။။
လတ်တလော ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်အ တွင်း ပြန် လည်ဖြစ်ပွားနေ တဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ် မိကြောင်း ယူအန်အက်ဖ်စီက ဒီကနေ့ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
ယူအန်အက်ဖ်စီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက “ဒီလိုမမျှော်လင့်ပဲ ဖြစ်လာတဲ့အပေါ်မှာ အရှိန်မြန်မြန်သပ်နိုင်ဖို့ အရေးကြီးတယ်။ အရှိန်မသပ်နိုင်ဘူးဆိုရင် နောက်ပိုင်ကြီးကျယ်လာပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်လာ လိမ့်မယ်။ နောက်ဆုံးကတော့ အဲလိုဖြစ်လာရင် ရရှိထားတဲ့ နိုင်ငံရေးဆွေးနွေးမှုအရှိန်ဟာ
Tuesday, October 14, 2014
ကရင် လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့ ပြန်လည် ပေါင်းစည်းပြီ
ကရင်, KNU , KNDO , DKBA , KNU/KNLA-PC ,  ငြိမ်းချမ်းရေး, အပစ်အခတ်ရပ်စဲရေး , တပ်မတော်, အစိုးရစစ်တပ်
ကရင်အမျိုးသား လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်သည့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင် အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO)၊ ကလိုထူးဘော စစ်ဌာနချုပ် (DKBA) နှင့် KNU/KNLA –PC အဖွဲ့များပူးပေါင်း၍ ကော်သူး လေတပ်မတော် (KAF) အဖြစ် ပြန်လည်ပေါင်းစည်းရန် သဘောတူလိုက်ကြောင်း စုံစမ်းသိရှိရသည်။
“ကရင်ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ ပြည်လည်ပေါင်းစည်းတဲ့သဘောပါ။ တခြားဘာသဘောမှ မပါပါဘူး။ KAF ကို သဘော တူတယ်ဆိုတာကလည်း လက်ရှိဖြစ်နေတဲ့ ကရင်ပြည်နယ်က ပဋိပက္ခတွေကို ထိန်းချုပ်နိုင်ဖို့ပါ။ ဒီလို သဘော တူ လိုက် တာ ကလည်း ညီညွှတ်ရေးကို အဓိကထားပြီး လုပ်ဆောင်တာပါ” ဟု DKBA တပ်မဟာ ဌာနချုပ်မှ ဗိုလ်မှူးချုပ် ကျော်သက် ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဇေယျာက ဧရာဝတီသို့ အသိပေးပြောကြားခဲ့သည်။
ကရင်လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ပေါင်းစည်းရာတွင် KNDO အဖွဲ့ကိုယ်စား သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် ဗိုလ်မှူးကြီး နန္ဒာမြ ကလည်း “ အခြားပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဖို့ ကျနော်တို့ အဖွဲ့ဖွဲ့လိုက်တာပါ။ ကျနော်တို့ကရင် လက်နက် ကိုင် အဖွဲ့တွေဟာ အဖွဲ့အမျိုးမျိုး ကွဲနေကြတယ်။ ဒီအဖွဲ့တွေကို ပြန်လည်စုစည်းနိုင်ဖို့အတွက် နည်းလမ်းရှာဖွေနေပါတယ်။ ပူးပေါင်းတယ် ဆိုပေမယ့် ကိုယ့်ရဲ့ အမှတ်တံဆိပ်တွေကို မစွန့်လွတ်ချင်ကြပါဘူး။ တခြားအဖွဲ့တဖွဲ့နဲ့ လုံးလုံးလျားလျား ပူးပေါင်း ဖို့ကိုလည်း ဘယ်သူမှ သဘောမတူကြပါဘူး။ ဒါကြောင့် တပေါင်းတည်း ဖြစ်အောင် KAF ဖွဲ့ဖို့
Saturday, October 11, 2014
နိုဗဲလ် ငြိမ်းချမ်းရေးဆု ပါကစ္စတန်မှ မာလာလာနှင့် အိန္ဒိယမှ Kailash Styarthi တို့ ပူးတွဲရရှိ
နော်ဝေနိုင်ငံ အခြေစိုက် နိုဗဲလ် ငြိမ်းချမ်းရေး ဆုရွေးချယ်ရေးအဖွဲ့က ယခုနှစ်အတွက်ငြိမ်းချမ်းရေး နိုဗဲလ်ဆု ကို အိန္ဒိယ နိုင်ငံမှ မစ္စတာ Kailash Styarthi နှင့် ပါကစ္စတန်နိုင်ငံမှ မာလာလာ ယူဆွတ်ဇာအိ( Malala Yousafzay ) တို့ကို ရွေးချယ်လိုက်ကြောင်း ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကြေညာပါတယ်။ 
 ဓာတ်ပုံ- Nobelprize.org
မစ္စတာ ခိုင်လာ့ရှ် နှင့် မစ္စ မာလာလာတို့သည် ကလေးသူငယ်နှင့် လူငယ်များ၏ ပညာရေး အခွင့်အရေး ဖိနှိပ်ခံရမှု များကို ရုန်းကန်လှုပ်ရှားခဲ့သည့်အတွက် ယခုကဲ့သို့ နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင်များ အဖြစ် ရွေးချယ်
ခြင်းဖြစ်ကြောင်း ဆုရွေးချယ်ရေးအဖွဲ့က ကြေညာသွားတာပါ။ 
ပါကစ္စတန် အမျိုးသမီးများ ပညာသင်ယူခွင့် ရရှိရေး ကြိုးပမ်းသည့် အသက် ၁၆ နှစ် အရွယ်ရှိ မာလာလာ သည် ၂၀၁၂ ခုနှစ်က တာလီဘန် အကြမ်းဖက် သမားတွေရဲ့ ပစ်ခတ်မှုခံရပြီးနောက် ကမ္ဘာတ၀န်းက သူ့ကို လေးစား အသိအမှတ်ပြုလာကြပါတယ်။ 
အိန္ဒိယနိုင်ငံသား မစ္စတာ ခိုင်လတ် ဆယာ့ထီ ကလည်း ကလေး အခွင့်အရေး လှုပ်ရှားသူတဦးဖြစ်ပြီး ၁၉၉၀ ခုနှစ်များကတည်းက ကလေး လုပ်သား ပပျောက်ရေးလှုပ်ရှားမှုတွေ အိန္ဒိယနိုင်ငံမှာ လုပ်ဆောင် လာခဲ့သူ ဖြစ်ပါတယ်။ 
သတင်းရင်းမြစ်  - ဧရာဝတီ
ဒီကေဘီအေနှင့် အရပ်သားကို အစိုးရစစ်တပ် ဖမ်းဆီးထိန်းသိမ်း
October 10, 2014
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ပိုင်း ကမိုင်ကုန်းကျေးရွာနှင့် အံဖလေးကျေးရွာကြား ရေတွင်းဖြူကုန်းတွင် ဒီမိုကရေစီအ ကျိုးပြုကရင့်တပ်မတော်(ဒီကေဘီအေ) စစ်သား ၂ဦးနှင့် ရွာတန်းရှည်ရွာသားတစ်ဦးတို့ကို ယမန်နေ့ ည ၈နာရီကျော်အချိန်တွင် ကော့ကရိတ်မြို့နယ် အခြေစိုက် စစ်ကွပ်ကဲရေးဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ-၅၄၆)မှ ဖမ်းဆီးထိန်းသိမ်းလိုက် သည်ဟု ရွာတန်းရှည်ကျေးရွာသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
“ညက ဒီကေဘီအေစစ်သားတွေကပေါ့နော်။ ရွာတန်းရှည်မှာလာပြီးတော့ သူတို့ကို ဆိုင်ကယ်နဲ့ ကမိုင်ကုန်းကို လိုက်ပို့ခိုင်း တယ်။ အဲဒါနဲ့ သူလည်းလိုက်ပို့ပေးတယ်။ အခုအဖမ်းခံရတဲ့ ရွာတန်းရှည်ရွာသားက ဆိုင်ကယ်တက္ကဆီမောင်းတော့ သူလည်း လိုက်ပို့ပေးတော့ ဒီကေဘီအေတွေနဲ့အတူ အဖမ်းခံရတယ်”ဟု အမည်မဖော်လိုသူ အဆိုပါရွာသားက ပြောသည်။
၎င်းစစ်တပ်သည် အောက်တိုဘာ ၉ရက်နေ့ညက လှိုင်ဝ၊ ချောင်းတောင်၊ အာရှလမ်းမကြီးအတိုင်း တက်လာပြီး လမ်းတွင် အဆို ပါ ဒီကေဘီအေများနှင့် ရွာသားကို ဖမ်းဆီးလိုက်ပြီး လက်ရှိတွင် ကမိုင်ကုန်းစာသင်ကျောင်းတွင် ထိန်းသိမ်းထားခဲ့သည်။ ထို့အ တွက် ရွာတန်းရှည်ကျေးရွာရှိ ရွာဥက္ကဋ္ဌများနှင့် အမျိုးသမီးများ စုစုပေါင်း ၃၀ဦးကျော်က သွားရောက်ညှိနှိုင်းပြောဆိုသော်လည်း ပြန်မလွှတ်ပေးသေးဘဲ စစ်ဆေးရန်ရှိသေးသည်ဟု စစ်တပ်က ပြန်လည်ပြောဆိုကြောင်း ဒေသခံများထံမှ သိရှိရသည်။
ရွာတန်းရှည်ရွာသားနှင့်အတူ အဖမ်းခံထားရသည့် ဒီကေဘီအေစစ်သားနှစ်ဦးမှာ ဒီကေဘီအေ ကလို့ထူးဝါးဗျူဟာမှူး ဗိုလ်မှူးချုပ် စောကျော်သက်၏ တပ်ဖွဲ့ဝင်များဖြစ်ကြပြီး ၎င်းတို့ကို လက်နက်နှင့်အတူ ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဒီကေဘီအေ ကော့က ရိတ်ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးစောသရဲနီက
ရှမ်းတောင်ပိုင်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားမှုတွင် ဒေသခံ ၄ ဦး သေဆုံး
ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ့်ဝပ် ကျေးရွာအုပ်စုတွင် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) နှင့် မြန်မာ အစိုးရတပ်များ ယခုလဆန်းပိုင်း အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားရာ၌ ဒေသခံ ၄ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကြောင်း သိရ သည်။
ကျေးသီးမြို့နယ် ဝမ့်ဝပ်ကျေးရွာ အုပ်စုအတွင်းရှိ တာဖာဆောင် တံတားအနီးတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားပြီး ရွာတွင်းသို့ လက်နက်ကြီးများ ရောက်ရှိ ထိမှန်သဖြင့် ဒေသခံ ၄ ဦး သေဆုံး၍ တဦး ဒဏ်ရာရရှိပြီး ဒေသခံ ရွာသားများ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင် နေကြသည်ဟု ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်၏ ပြန်ကြားရေး တာဝန်ခံ နန်းခွမ်လိတ်က ဧရာဝတီကို ပြောသည်။
“ရွာတွေထဲထိ လက်နက်ကြီးတွေ ရောက်တယ်။ ရွာမှာနေတဲ့ သက်ကြီးအဘိုးအို ၂ ဦးကို ထိတာကြောင့် သေဆုံးသွားတယ်။ နောက်၂ ဦးက မိုင်းရယ် ဈေးသွားတဲ့ လမ်းမှာ သေနတ်နဲ့ ပစ်သတ်ခံရတယ်။ ဒေသခံ တဦးကတော့ မော်တာကျည် ထိပြီး ကျေးသီးဆေးရုံမှာ တင်ထားရတယ်။ တိုက်ပွဲကြောင့် ဒေသခံ ရွာသားတွေ အိမ်မှာ မနေရဲကြဘူး။ တခြားကို ထွက်ပြေး နေကြတယ်။ တောထဲ တနေရာမှာ
နမ္မတူမြို့နယ်အတွင်း TNLA တပ်မတော်နှင့် မြန်မာအစိုးရတပ် တိုက်ပွဲဖြစ်ပွား စစ်တပ်မှ (၆)ဦး ပြင်းထန်စွာ ဒဏ်ရာရ
၁၀ ရက် အောက်တိုဘာလ ၂၀၁၄
နမ္မတူမြို့နယ် မန်စံ နှင့် ပန်လုံရွာအကြား နမ့်ဆီလင်းကျေးရွာအနီးတွင် TNLA တပ်မဟာ - ၃ လက်အောက်ခံ ၊ TNLA တပ်ရင်း အမှတ် - ၇၇၃ နှင့် မြန်မာ့စစ်တပ်မှ တပ်မ - ၇၇ တို့ တိုက်ပွဲဖြစ်ပွားပြီး မြန်မာစစ်တပ်မှ (၆) ဦး ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ ယနေ့ နံနက်ပိုင်း ၀၇း၃၀ မှ ၀၇း၅၀ အကြား ဖြစ်ပြီး မိနစ်နှစ်ဆယ်ကျော် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။
အောက်တိုဘာလ ပထမပါတ်အတွင်း မြန်မာစစ်တပ်မှ တအန်းဒေသသို့ စစ်အင်အားများ ထပ်မံတိုးမြှင့်ပြီးနောက် ဒေသအတွင်း ယခင်ကထက် တိုက်ပွဲဖြစ်ပွါးမှုအလားလာပို၍ များပြားလာနိုင်သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
Friday, October 10, 2014
တာဝန်ကျေတဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ
ယနေ့  ထိုင်းသံရုံး တွင်တိုကျို ရှိမြန်မာ့အရေးလှုပ်ရှားသူများ ဆန္ဒပြခဲ့ကြပါတယ်။ ထိုင်းမှာ လက်ရှိဖမ်းခံနေရတဲ့  လိပ်ကျွန်း က မြန်မာ၂ဦး အတွက် တိုကျို ရှိ ထိုင်းသံရုံးသို့  သွားရောက်ပြီး ယနေ့  ညနေ၃နာရိမှ ၄နာရီအထိ ကန့် ကွက်ဆန္ဒပြပြီး ထိုင်းသံရုံးသို့  ကန့် ကွက်စာပို့ ပေးခဲ့ပါတယ်။
ရုပ်သံသတင်း - ကိုထွန်းဝေ
တနိုင်ငံလုံး အပစ်ရပ်ရေး ဝေးနေဦးမယ်
ရန်ကုန်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ နောက်ဆုံးနေ့က ဆွေးနွေးပွဲအပြီး ခန်းမထဲက ထွက်လာကြတဲ့ နှစ်ဖက်ခေါင်းဆောင် တွေရဲ့ ခြေလှမ်းတွေဟာ လေးလေးပင်ပင် ဖြစ်နေသလို မျက်နှာတွေကလည်း အပြုံးကိုယ်စီ ကင်းမဲ့နေတာ တွေ့ရပါတယ်။
ကာကီရောင် ဆင်မြန်းထားတဲ့ ဦးဆောင်ဆွေးနွေးသူ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC)က ပြည်ထောင်စု ဝန်ကြီးကလည်း သူ့ရဲ့ အဆင်မပြေတဲ့ အမူအယာမျက်နှာကို မကြာ ခဏ ဆိုသလို ချွေးသုတ်လျက် ညှိုးနွမ်းနေတဲ့ သူ့မျက်နှာကို ဖုံးကွယ်ဖို့လုပ်ဆောင်နေပါတယ်။ တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင် အရာရှိရဲ့ ပုံစံကလည်း သူ့ရဲ့ အမှတ် အသား ဖြစ်တဲ့ မာန်ပါပါပြောတာ၊ နှုတ်ခမ်းစုကာ ရယ်တာ စတဲ့ ပုံစံတွေ ပျောက်ချင်းမလှ ပျောက် နေပါတယ်။
ရိုးရှင်းစွာ နေတတ်ပြီး တည်ကြည်လှတဲ့ တိုင်းရင်းသား အဖွဲ့ခေါင်းဆောင် ပုံစံကလည်း စိတ်ဓာတ် မာပေမယ့် လေသံတွေက တိုး ညင်း လို့ နေပါတယ်။ ဖက်ရှင် အကျဆုံးလို့ နာမည်ရသူ၊ ရယ်လိုက်ရင် မျက်လုံးမှေးအောင် ရယ်တတ်တဲ့ တိုင်းရင်းသား ခေါင်း ဆောင်ရဲ့ အပြုံးကလည်း သိပ်အသက် မပါလှတော့ပါ။
သူတို့ တတွေဟာ ကိုယ်စီ အထက်အမိန့်ကို နာခံပြီး လာရောက် ဆွေးနွေးကြရသူတွေ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေး အရ တွေ့ဆုံ လာ တာ ၅ ကြိမ်မက ရှိပြီဖြစ်တာမို့ အတန်ငယ် ရင်းနှီးမှုတွေရနေပြီ ဖြစ်ပေမယ့်
DKBA ဗျူ ဟာမှူးကို ဖမ်းဝရမ်းထုတ်
DKBA ဗျူဟာမှူး ဗိုလ်မှူးကြီး ဆန်းအောင်ကို ကျိုက်မရော ရဲစခန်းက ဖမ်းဝရမ်း ထုတ်လိုက် တယ် ဆိုတဲ့ သတင်းတွေ ဗုဒ္ဓဟူးနေ့ ညနေက ထွက်ပေါ်ခဲ့ပါတယ်။
ကော့ကရိတ်ခရိုင်က DKBA အကြီးအကဲ ဗိုလ်မှူးချုပ် စောကျော်သက်ကတော့ ဒီပြဿနာဟာ စက်တင်ဘာ လကုန်ပိုင်းတုန်းက မွန်ပြည်နယ် ကျိုက်မရော မြို့နယ်ထဲမှာ အစိုးရ စစ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့တွေနဲ့ DKBA ငြိမ်းချမ်းရေး တပ်ဖွဲ့အကြား တိုက်ပွဲ ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်နေတယ်လို့ ပြောပါတယ်။
အဲဒီတိုက်ပွဲတုန်းက အစိုးရ စစ်တပ်ဆီက သိမ်းယူထားတဲ့ သေနတ်ရှည် ၆ လက်ကို ပြီးခဲ့တဲ့ ရက်ပိုင်းတုံးက ကော့ကရိတ် အခြေစိုက် စကခ ၁၂ က တဆင့် DKBAက အစိုးရကို ပြန်ပေးလိုက်ပေမယ့် DKBA ရဲ့ လက်နက် တွေကိုတော့ ပြန်ပေးခြင်း မရှိပဲ DKBA ဗျူဟာမှူး ဗိုလ်မှူးကြီး ဆန်းအောင်ကိုပါ အခုလို ဖမ်းဝရမ်း
ဗိုလ်မှူးကြီးတိုက်ဂါးအား မြ၀တီမြို့မရဲစခန်းက လက်နက်မှုဖြင့် အမှုဖွင့်
ယမန်နေ့က ကရင်ငြိမ်းချမ်းရေးကောင်စီဌာနချုပ်တွင်ကျင်းပခဲ့သည့် အရေးပေါ်အစည်းအဝေးတွင် အဖွဲ့၏အဓိပတိ ဗိုလ်ချုပ်ကြီးစောဌေးမောင်က လက်ရှိအခြေအနေများနှင့်ပတ်သက်၍ ဗိုလ်မှူးကြီးတိုက်ဂါးနှင့် တွေ့ဆုံရန်ရှိသည်ဟု အစည်းအဝေး တက်ရောက်ခဲ့သည့် တပ်ရင်းမှူးတဦးကပြောသည်။
အဆိုပါအစည်းအဝေးတွင် လက်ရှိအခြေအနများနှင့် ပတ်သက်၍ ဗိုလ်မှူးကြီးတိုက်ဂါးကို အပြစ် မမြင်ကြောင်းနှင့် အဖွဲ့မှလည်း ထုတ်ပယ်ခြင်းမရှိဟု ၎င်းတပ်ရင်မှူးကဆိုသည်။
အဖွဲ့၏အဓိပတိကလည်း လက်ရှိအခြေအနေများနှင့်ပတ်သက်၍ ဗိုလ်မှူးကြီးတိုက်ဂါးနှင့်တွေ့ဆုံးရန်ဆန္ဒရှိပြီး ဗိုလ်မှူးကြီးတိုက်ဂါးမှလည်း ဗိုလ်ချုပ်ကြီးစောဌေးမောင်နှင့်မကြာမီသွားရောက်တွေ့ဆုံမည်ဟုသိရှိရသည်။
လက်ရှိတွင်ကရင်ငြိမ်းချမ်းရေးကောင်စီ PC မှ ဗိုလ်မှူးကြီးတိုက်ဂါးကို မြ၀တီမြို့မရဲစခန်းက လက်နက်မှုဖြင့် အမှုဖွင့်ထားသည်။
ဗိုလ်မှူးကြီးတိုက်ဂါးက ၎င်းကိုလက်နက်မှုဖြင့်အမှုဖွင်ံထားခြင်းမှာ ၎င်းးအပေါ်မတရားအကွက်ဆင်ကာ အကောက်ကြံခြင်းဖြစ်သည်ဟု ယခုရက်ပိုင်းအတွင်းကပြောဆိုသည်။
ပုံစာ - ဗိုလ်မှူးကြီးတိုက်ဂါး။
သတင်းရင်းမြစ် - ကရင်အမျိုးသား (မီဒီယာ)
Thursday, October 9, 2014
မြန်မာများလူသတ်မှု ကျူးလွန်သည်ဟု စွပ်စွဲချက် ထိုင်းတရားရုံး ပယ်ချလိုက်
ထိုင်းနိုင်ငံတောင်ပိုင်း စူရဌာနခရိုင် လိပ်ကျွန်းပေါ် ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်မှုဖြင့် စွပ်စွဲကာ တရားရုံးတင်ထားသည့်အမှုကို ထိုင်းအစိုးရ ဥပဒေအကြံပေးအဖွဲ့က ပယ်ချလိုက်သည်ဟု စွပ်စွဲခံထားရသူများကို လိုက်ပါ ကူညီပေးနေသည့် ရှေ့နေ ဦးအောင်မျိုသန့်က အောက်တိုဘာ ၈ ရက်တွင် ပြောသည်။
Thailan-Suspects-3
ကမ္ဘာလှည့်ခရီးသည်စုံတွဲကို သတ်မှုဖြင့် ဖမ်းဆီးခံထားရသော ကိုဝင်းဇော်ထွန်း(ဘယ်)နှင့် ကိုစော(ညာ) တို့သည် ထိုင်းရဲတပ်ဖွဲ့အား အခင်းဖြစ်ပွားပုံကို သရုပ်ပြနေစဉ်။ (ဓာတ်ပုံ - အေဖက်စ်ပီ)
ထိုင်းရဲတပ်ဖွဲ့မှ တရားစွဲဆိုရန် တင်ပြချက်များသည် မပြည့်စုံခြင်းကြောင့် စွဲချက်တင်သည်ကို ပယ်ချလိုက်ခြင်း ဖြစ်သည်ဟု ဦးအောင်မျိုးသန့်က ဆိုသည်။
“ဟုတ်ပါတယ် ခင်ဗျား ထိုင်းတရားရုံးက အမှုနဲ့ပတ်သက်လို့ ပြည့်စုံတာ မရှိဘူး ပြန်လည် စိစစ်ပါဆိုပြီးတော့ တင်ပြလိုက်ပါတယ်။ တင်ပြလိုက်တဲ့အခါမှာ အစိုးရ ရှေ့နေရုံးရဲ့ ဆုံးဖြတ်ချက်အရ ဒီအမှုကို ပြန်လည် ပြည့်စုံအောင် စိစစ်ပြီးတော့ တင်ပြပါ ဆိုပြီးတော့ ပယ်ချလိုက်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
“ထိုင်းရဲ့ ထုံးစံအရ အမှုတွဲတခုကို တင်မယ်ဆိုရင် အမှုတွဲကို ရဲက စစ်ဆေးပြီးတာနဲ့ တပြိုင်နက် အစိုးရ ရှေ့နေရုံးကို တင်ပြပါတယ်။ အဲဒီအစိုးရ ရှေ့နေရုံးက ခွင့်ပြုမှသာလျှင် တရားရုံးကို တင်လို့ ရပါတယ်။ အစိုးရ ရှေ့နေရုံးက ခွင့်ပြုခြင်းမရဘဲနဲ့ ပြန်ချပေးလိုက်တာပါ” ဟုလည်း ဦးအောင်မျိုးသန့်က ပြောသည်။
စွပ်စွဲခံရသူများကို မြန်မာကောင်စစ်ဝန် အပါအဝင် အဖွဲ့က ၃ ရက်ကြာ စစ်ဆေးတွေ့ရှိချက်များအရ မြန်မာနိုင်ငံသား နှစ်ဦးမှာ လူသတ်မှုနှင့် ပတ်သက်ပါဝင်ခြင်း မရှိဟုလည်း ရှေ့နေ ဦးအောင်မျိုးသန့်က သုံးသပ်ခဲ့သည်။
၎င်းအမှုစစ်ဆေးရေးတွင် မြန်မာနိုင်ငံတော်အဆင့် ပူးတွဲ ပါဝင်ဆောင်ရွက်ရန် လိုအပ်သည်ဟုလည်း သူက ပြောဆိုသည်။
သတင်းရင်းမြစ် - ချင်းမိုင် (မဇ္ဈိမ)
ကို Nay Myo Zin (FB)စာမျက်နှာမှ တိုက်တွန်းနှိုးဆေယ်သည့် ဆန္ဒထုတ်ဖေါ်ပွဲ...
မနက်ဖြန်မနက် ထိုင်းဝန်ကြီးချုပ် ရန်ကုန်ကိုလာမည်ဟု သိရပါသည်။
လူသတ်မှုစွပ်စွဲချက်ဖြင့် ဖမ်းဆီးထားခံရသော မြန်မာနိုင်ငံ သား ၂ ဦးအတွက် ကွဲလွဲနေသော သက်သေများ မဖြစ်နိုင်သော စွပ်စွဲချက်များအတွက် နိုင်ငံတကာ အကူအညီ ဖြင့် ပြန်လည်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးပါရန် လေဆိပ်တွင် စောင့် ဆိုင်းတောင်းဆိုကြပါရန် တရားမျှတမှုလိုလားသော မြန်မာ မျိုးချစ်အပေါင်းအား တိုက်တွန်းအပ်ပါသည်။
 မနက်ဖြန် လေယာဉ်ခရီးစဉ် အတိအကျသိရပါက မိမိတို့ပါ လာရောက် ပူးပေါင်းမည်ဖြစ်ပါသည်။
ဆန္ဒပြပွဲ ပူးပေါင်းပါဝင်ကြပါရန် နှိုးဆော်အပ်ပါသည်။
ဂျပန်ရောက် မြန်မာနိုင်ငံသားများသို့....
အောက်တိုဘာ ၉ ရက် နေ့လည် ၃း၀၀ တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ ထိုင်းနိုင်ငံသံရုံးရှေ့တွင် ကော့တောင်ကျွန်း လူသတ်မှုတရားခံများအဖြစ်ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသားနှစ်ယောက်အတွက် တရားမျှတစွာစုံစမ်းစစ်ဆေးရန်
တောင်းဆို ဆန္ဒပြမှုပြုလုပ်မည် ဖြစ်ပါသည်။
အောက်တိုဘာလ ( ၉ ) ရက်နေ့ မနက်ဖြန် တိုကျို ထိုင်းနိုင်ငံသံရုံးရှေ့ ဆန္ဒပြပွဲ ပူးပေါင်းပါဝင်လိုသူများ ... "စုရပ်" Yamanote- line ,Meguro ဘူတာမှာ နေ့လည် ၂း၃၀ နာရီထက် နောက်မကျဖို့ နှိုးတော်အပ်ပါသည်။
နောက်ကျသူများ မိမိအစီစဉ်ဖြင့် ထိုင်းနိုင်ငံ သံရုံးရှေ့သို့ လာရောက်ဖို့ မေတ္တရပ်ခံပါသည်။
မြ၀တီမြို့တွင် ကရင်အမျိုးသားအလံမထောင်ရန်အာဏာပိုင်များ သတိပေး
ကရင်ပြည်နယ် မြ၀တီမြို့က နေအိမ်ခြံဝင်းတွေမှာ ကရင်အမျိုးသားအလံ မထောင်ဖို့ အာဏာပိုင်တွေက လိုက်လံသတိပေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
လွန်ခဲ့တဲ့ ၃ ရက်လောက်ကစပြီး မြို့အတွင်းရှိ ကရင်အိမ်တွေကို လိုက်လံပြီး နေအိမ်တွင်း၊ ခြံဝင်းတွေမှာ ကရင်အလံမထောင်ဖို့ လိုက်လံ သတိပေးတာလို့ မြ၀တီမြို့ခံ တဦးက ပြောပါတယ်။ဒီလိုအလံဖြုတ်ခိုင်းမှုဟာ မြ၀တီမြို့နယ်အတွင်း အစိုးရတပ်နဲ့ ကရင်လက် နက်ကိုင်တပ်ဖွဲ့ တွေအကြား တင်းမာမှုအချို့ ဖြစ်ပွားခဲ့ပြီးတဲ့နောက် အုပ်ချုပ်ရေးပိုင်းက ဆောင်ရွက်ချက်ဖြစ်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မြ၀တီဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူး စောဇောရိုးက မြ၀တီမြို့ပေါ်မှာ ကရင်အလံ လိုက်လံ ဖြုတ်ခိုင်တာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုပါတယ်။
အိမ်တွေမှာ ကရင်အမျိုးသားလံတော်ကို ဖြုတ်ခိုင်းပေမယ့် ရုံးတွေကိုတော့ မဖြုတ်ခိုင်းဘူးလို့လည်း ပြောပါတယ်။ ဒီလိုဖြုတ်ခိုင်းမှုနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအလံတော်ဟာ အုပ်ချုပ်ရေးပိုင်းကို ဘယ်လို
ရှမ်းပြည်နယ်မှာ အပစ်ရပ်ပြီး တပ်တွေဆုတ်ခွာပေးဖို့ "၀"နဲ့ မိုင်းလားတောင်းဆို
 ရှမ်းပြည်နယ်မှာ အောက်တိုဘာလ ၂ ရက်ကနေ ၅ ရက်နေ့ထိဖြစ်ခဲ့တဲ့ အစိုးရတပ်တွေရဲ့ SSPP/SSA တပ်တွေကို ထိုးစစ်ဆင်ခဲ့တဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ အပစ်ရပ်ပြီး တပ်တွေဆုတ်ခွါပေးဖို့ ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် UWSA နဲ့  မိုင်းလားတပ်ဖွဲ့ခေါ် ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) တို့ ပူးပေါင်းပြီး အောက်တိုဘာလ ၅ ရက်နေ့  နေ့စွဲနဲ့  ကြေညာချက်ထုတ်ပြန်လိုက်သလို၊ အဲဒီကြေညာချက်ကို သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့  ပြည်ထောင်စုလွှတ်တော် ဥက္ကဌ ဆီပေးပို့ လိုက်ပါတယ်။
အဲဒီကြေညာချက်ဟာ စစ်ဆန့်ကျင်ရေးကြေညာချက်ဖြစ်တယ်လို့  ဝပြည်သွေးစည်းညီညွတ်ရေးပါတီက ဒုတိယနိုင်ငံရေးတာဝန်ခံ ဦးညီကျော်က RFA ကိုပြောပါတယ်။
"စစ်တွေကိုဆန့်ကျင်တာ၊ ငြိမ်းချမ်းရေးရချင်တယ် ဒါပါပဲ"
အဲဒီကြေညာချက်မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပြိုကွဲစေမယ့် အပြောအဆိုအပြုအမူကို ဆန့်ကျင်ရှုံ့ချတဲ့အကြောင်းနဲ့  စစ်ရေးလှုပ်ရှားမှုတွေရပ်ဖို့၊ အောက်တိုဘာလ ၂ ရက်နေ့က သိမ်းပိုက်လိုက်တဲ့ဒေသတွေကနေ ဆုတ်ခွါပေးဖို့၊ ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့  ရေးသားဖေါ်ပြထားပါတယ်။
ဒီအတောအတွင်း အစိုးရစစ်တပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့အကြား အပစ်အခတ်ရပ်စဲထားဖို့ နှစ်ဘက်သဘောတူခဲ့ပေမယ့် အစိုးရတပ်ဖွဲ့တွေ မဆုတ်ခွာသေးဘူးလို့ SSPP/SSA တာဝန်ရှိသူတွေက ပြောပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီကတဆင့် တိုက်ပွဲတွေရပ်ဆိုင်းဖို့ တရားဝင်ပြောကြားထားပေမယ့် တပ်တွေမဆုတ်ခွာသေးတဲ့အတွက် နယ်မြေတည်ငြိမ်အေးချမ်းရေးကို
UWSA နှင့် မိုင်းလား အဖွဲ့ တို့ ၏ မြန်မာ အစိုးရထံသို့ထုတ်ပြန်ချက်
ပြည်ထောင်စု အဆင့် နိုင်ငံတော် နှင့် အပစ်ရပ် သဘောတူ လက်မှတ်ရေးထိုးထားသော SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ် မတော် (၀မ်ဟိုင်းအခြေစိုက် အဖွဲ့ )အား ယခုရက် ပိုင်း အတွင်း မြန်မာ အစိုးရ စစ်တပ်မှ ထိုးစစ်ဆင် တိုက်ခိုက်နေ မှု အပေါ်UWSA ခေါ် "၀" ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် နှင့် မိုင်းလား အဖွဲ့ တို့ ၏ သဘောထားထုတ် ပြန်ချက် နှင့် မြန်မာ အစိုးရ ထံ သို့တောင်းဆို စာ။
Tuesday, October 7, 2014
တိုင်းရင်းသားတွေရဲ့Federal အသံ
"တိုင်းရင်းသားတွေ မျှော်လင့်နေကြတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ထောင်ကျင့်သုံးနိုင်ဖို့ နီးပြီးလား" ဆိုသည့် ခေါင်းစဉ်ဖြင့်
Federal: Can federalism be a solution? (Part A)
Federal: Can federalism be a solution? (Part B)
Federal: Can federalism be a solution? (Part C)
ရူပဗေဒ နိုဘယ်ဆု ဂျပန် ၃ ဦး ရရှိ
ရူပဗေဒ နိုဘယ်ဆု ဂျပန် ၃ ဦး ရရှိ ၂၀၁၄ ခုနှစ်အတွက် ရူပဗေဒ ဆိုင်ရာ နိုဘယ်ဆုကို အပြာရောင် အလင်းထွက်တဲ့ LED အလင်းထုတ် ပစ္စည်းကို တီထွင်ခဲ့သူ ဂျပန် သိပ္ပံပညာရှင် ၃ ဦးက ပူးတွဲ ရရှိသွား ပါတယ်။ သူတို့ထဲက ၂ ဦးကတော့ ဂျပန်နိုင်ငံ နာဂိုရာ တက္ကသိုလ်က Isamu Akasaki နဲ့ Hiroshi Amano တို့ဖြစ်ပြီး၊ ကျန်တဦး ကတော့ ကယ်လီဖိုနီးယား တက္ကသိုလ်က ဂျပန် နွယ်ဖွား အမေရိကန် Shuji Nakamura ဖြစ်ပါတယ်။
ပါမောက္ခ အီဆာမူ အကာဆာကီ၊ ဟီရိုရှီ အမာနို နဲ့ ရှူဂျီ နာကာမူရာ တို့ ၃ ဦးဟာ ၁၉၉၀ ပြည့်လွန် နှစ်တွေမှာ အပြာရောင် အလင်းထွက်တဲ့ ပထမဆုံး LED ကို တီထွင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ အချိန်က ရှိနှင့်ပြီး ဖြစ်တဲ့ အနီရောင်နဲ့ အစိမ်းရောင် LED အလင်းထုတ် ပစ္စည်းတွေကို သူတို့ တီထွင်ခဲ့တဲ့ အပြာရောင် LED နဲ့ ပေါင်းစပ်ပြီး စွမ်းအင် သက်သာတဲ့ အဖြူရောင် LED မီးလုံးတွေ တစ်ခေတ်ဆန်း ထွက်ပေါ် လာနိုင်ခဲ့ပါတယ်။
ဆွီဒင်နိုင်ငံ မြို့တော် စတော့ဟုမ်းမှာ ရှိတဲ့ နိုဘယ်ဆု ရွေးချယ်ရေး ကော်မီတီက ဒီဆုကို ကြေညာခဲ့တာ ဖြစ်ပြီး ဆုငွေ ကတော့ ဒေါ်လာ ၁ သန်းကျော် ဖြစ်ပါတယ်။
Copy from - BBC
တိုင်းရင်းသားတွေရဲ့Federal အသံ
Monday, October 6, 2014
အခန့်မသင့်ရင်စစ်တောင်ထဖြစ်နိုင်တယ် ။။။။။။။
ထိုင်းနိုင်ငံ လိပ်ကျွန်းက လူသတ်မှုနဲ့ ပတ်သတ်ပြီး စာတွေ လိုက်ဖတ်ကြည့်တဲ့အခါ..
ခု ထိုင်းအစိုးရက အတည်ပြု ဖော်ထုတ်ထားတဲ့ လူသတ်တရားခံ
မြန်မာလူမျိုးကောင်လေးနှစ်ယောက်က တစ်ကယ့်အစစ် တရားခံ မဟုတ်ဘူးဆိုတာ
သေချာသည်ထက် သေချာလာတာကို တွေ့ရတယ်
ဖြစ်စဉ်ကို အကျဉ်းချုံးပြောရမယ်ဆိုရင်......
Full Moon Day Night မှာ တိုးရစ်တွေ အဲဒီ ကမ်းခြေမှာ
တစ်နည်းအားဖြင့် ကမ်းခြေက ဘားတွေ ကလပ်တွေမှာ သောက်ကြစားကြတယ်
အဲဒီမှာ AC Bar လို့ ခေါ်တဲ့ ဘားမှာ ..ဒေးဗစ်နဲ့ ဟမ်နာ ဆိုတဲ့ ဗြိတိန်စုံတွဲ နှစ်ယောက်လည်း သူတို့ သူငယ်ချင်းတွေနဲ့ သောက်ကြစားကြတယ်
(ပုံ၁ - မှာ စားသောက်ဆိုင်မှာ သောက်နေကြတဲ့ ပုံကို တွေ့ရပါမယ်..
အဲဒီပုံမှာ .. ဟမ်နာရဲ့ ဖုန်းကို တွေ့ရမှာ ဖြစ်ပြီး ..
လူသတ်မှု ဖြစ်ပြီးတဲ့နောက်မှာ ... ထိုင်းဝန်ကြီးချုပ်က ဟမ်နာရဲ့ ဖုန်းကို မြန်မာလူမျိုး ကောင်လေးနှစ်ယောက် အခန်းမှာ တွေ့တယ်လို့ ဆိုခဲ့ပေမယ့် ..
တစ်ကယ်တမ်းကျ ဟမ်နာ့ဖုန်းက သူငယ်ချင်းမဆီမှာ ကျန်နေခဲ့ပြီး ..
အဲဒီဖုန်းကို သူမ သူငယ်ချင်းကလဲ ထိုင်းရဲတွေဆီမှာ လာရောက်အပ်နှံခဲ့ပြီး ဖြစ်ပါတယ်)
အဲဒီဆိုင်မှာ သောက်စားကြပြီး မျက်မြင်တစ်ချို့ရဲ့ အပြောအရ ဒေးဗစ်တို့ စုံတွဲနဲ့ ဘားက လူတစ်ချို့နဲ့ စကားများ ရန်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်
ပြီးတော့ ..ည ၂ နာရီမှာ ဒေးဗစ်တို့ စုံတွဲ ဘားကနေ ထွက်လာပါတယ်
သူတို့ သူငယ်ချင်း ဗြိတိန်သား Mr. Sean
ဆိုသူတစ်ယောက်ပါလာပြီး ..ကမ်းခြေမှာ ဂီတာ တီးကြပါတယ်
အဲဒီမှာ .. ဘားက စကားများခဲ့တဲ့ ကိတ်စကို မကျေနပ်တဲ့ ထိုင်းလူဆိုးတစ်သိုက် ..
ဖြစ်နိုင်ချေ နှစ်ယောက် သုံးယောက် ရောက်လာပြီး ဒေးဗစ်တို့ သုံးယောက်နဲ့ တိုက်ခိုက်ကြတယ် ဆိုတာကို ပုံ ၂ မှာ ..
သွေးစွန်းနေတဲ့ ဂီတာရယ် .. လက်နဲ့ ခြေထောက်တွေမှာ ဒဏ်ရာရထားတဲ့Mr. Sean ရဲ့ ဓါတ်ပုံတွေကို ကြည့်ရင် သိနိုင်ပါတယ်
အဲဒီနောက်မှာMr. Sean ဟာ ကမ်းခြေကနေ ထွက်ပြေးလွတ်မြောက်လာပြီး
သူ့ ဖေ့ဘုတ်မှာ ... ထိုင်းမာဖီးယား လူဆိုးတွေက သူ့ကို လိုက်သတ်ဖို့ ကြိုးစားနေပါတယ်လို့ ဖွင့်ဟ ခဲ့တာကို .. ပုံ ၃ မှာ မြင်ရပါလိမ့်မယ်
(Mr.Sean ဟာ နောက်ပိုင်းမှာတော့ သူ့ အသက်အနရယ်အတွက်
အမှန်တရားကို မျက်ကွယ်ပြုပြီး ...ထိုင်းတွေရဲ့ အလိုအတိုင်း . အဖြစ်မှန်တွေကို လိမ်လည်ထွက်ဆိုခဲ့ပုံရပါတယ်.... သူ့မှာ ရထားတဲ ဒဏ်ရာတွေက
စက်ဘီးမှောက်လို့ ရတာပါလို့ .. ထွက်ဆိုသွားခဲ့ပြီး ရန်ပွဲကို ဖျောက်ပြစ်ခဲ့ပါတယ်)
အဲဒီအဖြစ်အပျက်တွေကို ပိုသေချာတဲ့ အချက်အပြင်
မြန်မာ လူမျိုး ကောင်လေးတွေ မသတ်ဘူး ဆိုတာကို ဖော်ပြပေးမယ့်
အဓိက အချက်အဖြစ်
သေဆုံးသူ ဒေးဗစ်ရဲ့ အလောင်းကို စစ်ဆေးတဲ့ အချိန်မှာ ..
ဦးခေါင်း တစ်ဝိုက် မျက်နှာပြင်တွေမှာ .. တစ်လက်မအရွယ်ရှိတဲ့ ဓါးကို အသုံးပြုထားတဲ့
ဒဏ်ရာ ဒဏ်ချက်တွေကို တွေ့ရတာပါပဲ
ထို ဒဏ်ရာများ နည်းတူ ရန်ပွဲက လွတ်မြောက်လာတဲ့ Mr. Sean ရဲ့ လက်နဲ့ ခြေထောက်တွေမှာ ပုံစံတူ တစ်လက်မ ဓါးအသုံးပြုထားတဲ့ ဒဏ်ရာတွေကို တွေ့နိုင်ပါတယ်
ဒါကြောင့် ပေါက်တူးကို အသုံးပြုပြီး သတ်ခဲ့ပါတယ်ဆိုတဲ့ ထိုင်းရဲတွေရဲ့ မြန်မာလူမျိုးကောင်လေးတွေအပေါ် စွပ်စွဲထားတဲ့ အချက်တွေက မှားယွင်းနေတာ သိသာလာပါတယ်
ပုံ ၄ မှာ ကြည့်ပါ ပေါက်တူးကြောင့် မဟုတ်ပဲ ... တိုက်ခိုက်မှုမှာ သေချာကျွမ်းကျင်အောင် လေ့ကျင့်ထားတဲ့
ထိုင်း မာဖီးယား လူဆိုးတွေရဲ့ ... တစ်လက်မ ဓါး နဲ့ တိုက်ခိုက်မှုကြောင့်
ဒေးဗစ်တို့ စုံတွဲ သေဆုံးခဲ့ရတာကို ရှင်းလင်းစွာ နားလည်သွားပါလိ့မ်မယ်
ဒါကို ထိုင်းအစိုးရအနေနဲ့ ... ထိုင်းလုပ်ငန်းရှင် မာဖီးယားဂိုဏ်းတွေက
လာဘ်ငွေတွေ ရယူပြီး .. တစ်ကယ့် လူသတ်တရားခံတွေကို မျက်နှာလွှဲကာ
မြန်မာလူမျိုး မလည်မ၀ယ် ကောင်လေးတွေကို တရားခံအဖြစ် လွှဲချခဲ့တာပဲ ဖြစ်ပါတယ်
စတိုးဆိုင်ကနေ ဖမ်းမိတဲ့ ပုံရိပ်တွေအရ
သူတို့တွေက အခင်းဖြစ်ပွားရာ နေရာနဲ့ မီတာ အနည်းငယ် ကွာဝေးတဲ့နေရာမှာ ရှိခဲ့ပေမယ့်
ဒေးဗစ်တို့ စုံတွဲကို ကျူးလွန်ခဲ့တဲ့ မုဒိန်းမှု လူသတ်မှုတွေမှာ ပါဝင်ပါတ်သတ်မှု လုံးဝမရှိဘူးဆိုတာကို ကျွန်တော်တော့ ယုံတယ်ဗျာ
ဒီအမ်အေ စစ်တာ တူနေတာတို့ ... သူတို့ ကိုယ်တိုင်က ၀န်ခံတယ် တို့ ဆိုတာက
ရဲတွေက မိမိ လက်ခုပ်ထဲကရေ မှောက်လိုမှောက် လှန်လိုလှန်
လုပ်ချင်သလို လုပ်လို့ရတဲ့ အရာမို့ .. အတည် ယူ လို့ မရ ပါဘူး
တစ်ကယ်တမ်းသာ သူတို့ သတ်ခဲ့ရင်လဲ ... သူတို့ အပြစ်နဲ့ သူတို့ ဘာမှ မပြောလိုပေမယ့် ..
ခုလို လိုက်လေ့လာကြည့်တဲ့အခါကျတော့ မင်္သကာစရာအချက်တွေနဲ့
မဖြစ်နိုင်ဘူးဆိုတဲ့ အချက်တွေက ပိုပြီး ခိုင်မာလာတဲ့အတွက်
ဒီစာကို ချရေးလိုက်တာပါ
တရားကို နတ်စောင့်ပါတယ်..
ရာဇ၀တ်ဘေး ပြေးမလွတ်ပါဘူး .. တရားခံအစစ်တွေကို ဖမ်းမိမယ်လို့ မျှော်လင့်ပါတယ်
From// ဆရာကြည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Austinz Hein
Koh Tao ကျွန်းလူသတ်မှူနဲ့ပတ်သက်ပြီး ခုရေးတာကိုဆဲချင်လဲဆဲကြပါ။
စပြီးအသတ်ခံရထဲကစိတ်ဝင်စားလို့ Mirror တို့Straight Time ကိုသေချာဖတ်ခဲ့တဲ့အတွက်ဒီအမှုအကြောင်းအတော်လေးသိခဲ့ပါတယ်။
ဘန်ကောက် Post ကိုလဲယုံမရပါဘူး ဒါ့ကြောင့်သူ့ဆီမှာတော့ comment ပဲဖတ်ပါတယ်။
မြန်မာ Media တွေမှာခေက်စားလာတာဒီကလေးတွေအဖမ်းခံရပြီးမှပါ။
ခုအဖမ်းခံနေရပြီးဝန်ခံလိုက်တဲ့ကလေးနှစ်ယောက်ကိုတကယ်လူသတ်သမားမုဒိန်းသမားတွေအဖြစ်မြန်မာတွေကရော ကမ္ဘာကပါမယုံကြဘူး လက်မခံကြဘူး မဖြစ်နိုင်ဘူးလို့ရေးကြပြောကြတယ်။
သူတို့ရုပ်ရည်နဲ့လူသတ်သမား မုဒိန်းသမားမဖြစ်နိုင်းဘူး အစားထိုးခံရတယ် ငွေယူပြီးဝန်ခံခိုင်းတယ် မတရားနှိပ်စက်ပြီး ဖြောင့်ချက်တောင်းတယ် စသည်ဖြင့်ပြောကြပါတယ်။ တစ်ခုသတိချပ်ရမှာက သူတို့တကယ်သတ်တယ်ဆိုရင် ခင်ဗျားတို့ဘယ်လောက်အော်အော်သူတို့အတွက်အထောက်အပံ့မဖြစ်ပါဘူး။ ဒီလိုအော်နေသူတွေကရော
သူတို့မဖြစ်နိုင်တာကိုဘာနဲ့သက်သေပြနိုင်လဲ။ ဘယ်သူမှမပြနိုင်ပါဘူး။ ဒါကို တပ်ထဲမှာဆိုရင်တော့ ဟန်းကော ရိုက်တယ်လို့ခေါ်ပါတယ် ။
ကောလဟာလ ပေါ့ ဖြစ်စေချင်တာ ထင်ရာတွေကိုပြောတယ် ဘောင်မဝင်ဘူး ။
ကလေးမျက်နှာလေးနဲ့ အမြဲပြုံးနေတဲ့လူသတ်သမားတွေ အရမ်းကိုသန့်ပြန့်တဲ့ရုပ်ရေသွင်ပြင်နဲ့မုဒိန်းမှုကျူးလွန်သူတွေနိုင်ငံတိုင်းမှာရှိခဲ့ပါတယ်။
ဒါ့ကြောင့်ဒီလူငယ်တွေလူသတ်မှုကျူးလွန်တယ်လို့မယုံကြည်ရင် ဘာကြောင့်ဆိုတဲ့နေရာမှာခင်ဗျားတို့အများဆုံးသုံးနေတဲ့ရုပ်ကလေးတွေက
သန့်သန့်လေးတွေ ဒီရုပ်လေးတွေနဲ့ဒီလိုသတ်တယ်ဆိုတာလုံးဝမဖြစ်နိုင်ဘူး
ဆိုတာတွေကိုရပ်လိုက်တော့။ ရေးထားတဲ့ comment တွေကို edit လုပ်ရင်လုပ် မလုပ်ရင် deleted သွားလုပ်လိုက်ဖို့အကြံပေးချင်တယ်။
မြန်မာတွေရောထိုင်းတွေရော scapegoat မြင်တာနဲ့ goat ဆိုတာ ဆိတ်ပဲဆိုပြီး ကလေးတွေကို ဆိတ်ဖမ်းသလိုဖမ်းလာတယ် ဘာညာလျှောက်ရေး ပုံတွေလုပ် တကယ်တော့ scapegoat ဆိုတာ ထိုးကျွေးခံရတာ အပြစ်မရှိပဲနဲ့တရားခံအဖြစ်ဖြစ်သုံးချခံရတယ်လို့ ပြောတဲ့ idiom စကားလုံးသာဖြစ်တယ်။ ခုချိန်ကျွန်တော့်အမြင်ကိုပြောပါဆိုရင်တော့
ဘာမဆိုဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူရဲ့ သွင်ပြင် အသက် ဥပတိရုပ် ကျွန်းပေါ်ရောက်တာကြာခြင်းမကြာခြင်း ထိုင်းစကားတတ်ခြင်းမတတ်ခြင်းဟာ
ဒီလိုလူသတ်မှုကျူးးလွန်ခြင်းနဲ့အချိုးချလို့မရဘူးခေါင်းအေးအေးနဲ့စဉ်းစားသင့်ပါတယ်။ သူတို့မှာတကယ်အပြစ်ရှိရင်ထိုင်းနိုင်ငံဥပဒေအရအပြစ်ပေးတာကိုခံရပါမယ်။
သူ့နိုင်ငံထဲမှာဖြစ်တဲ့အမှု ထိုင်းရဲတွေမစစ်နဲ့ FBI ကိုခေါ်စစ်ခိုင်းမယ်။ စကော့တလန်ယာဒ် ခေါ်ကိုစစ်ခိုင်းမယ်လုပ်လို့မရပါဘူး။
နိုင်ငံတိုင်းမှာလွတ်လပ်တဲ့တရားစီရင်ရေးနဲ့အချုပ်အခြာအာဏာတည်ပြီးသားဖြစ်တဲ့အတွက်ပါ။ နည်းပညာအကူအညီပေးတာ အကြံညဏ်ပေးတာပဲလုပ်လို့ရပါမယ်။
စဉ်းစားစရာတွေထဲမှာ သူတို့ဒီအမှုကျူးးလွန်ချိန်မှာမူးယစ်ဆေးသုံးထားရင်
ဘယ်လိုလုပ်မလဲ ??? Koh Taoမှာအဲ့ဒါတွေဘယ်လောက်ပေါလဲဆိုတာ
ထိုင်းတောင်ပိုင်းမှာနေတဲ့သူတိုင်းသိပါတယ်
နောက်တစ်ခုကသူတို့မှာဆွေမျိုးသားချင်းတွေမရှိပဲမနေဘူး ကျွန်းပေါ်မှာအားလုံးကအဆက်အသွယ်တွေနဲ့လာကြတာပါ။
ခင်ဗျားတို့မေးကြတဲ့မေးခွန်းကိုဖြေပေးအုံးမယ် တကယ်သတ်တဲ့လူဆိုရင် ဒီကျွန်းမှာဆက်နေပါ့မလားဆိုတော့ ပြေးချင်တိုင်းပြေးမရပါဘူး။ ကျွန်းရဲ့လူအဝင်အထွက်ကိုကန့်သက်ထားပါတယ် ထိုင်းရဲတွေက ဘယ်သူမှပေးမပြန်ဘူးလို့ယူဆရပါတယ်။
လူတွေပြောတဲ့အထဲမှာ David Miller ရဲ့အရပ်က ခြောက်ပေ သုံးလောက်ရှိတယ် ဒီကလေးတွေလိုဖလံလေးတွေကရေနှစ်သတ်တယ်ဆိုတာလုံးဝမဖြစ်နိုင်ဘူး
ဟုတ်ပြီ ဒါဆိုရင် ဗလမရှိလဲဇရှိတယ်တို့ Size is doesn't matter ဆိုတဲ့စကားတွေကဘာလို့ပေါ်လာသေးလဲ ???
တော်တော်ဆဲချင်နေပြီမှတ်တယ် သည်းခံအုံးနော်။
နောက်တစ်ခုက မသေခင်ကမ်းခြေမှာဘယ်လိုတွေဖြစ်ခဲ့လဲ ဘယ်သူသိလဲ ဘယ်သူမှမသိဘူး။
အသတ်ခံရသူတွေရဲ့အဲ့ဒီ့အချိန်မှာ ကာယကြံ့ခိုင်မှု ပါတ်ဝန်းကျင်အနေအထား သတ်သူတွေရဲ့လူအင်အား လက်နက် အင်အား စိတ်ပိုင်းဆိုင်ရာအခြေအနေ မူးယစ်ဆေးသုံးထားခြင်းရှိမရှိစတဲ့ အခြေအနေစတာတွေ ကိုသိသူလုံးဝထွက်မလာပါဘူး ။
နောက်တစ်ခုက သေသူ ရဲ့ဒဏ်ရာတွေဟာအခင်းဖြစ်ရာအနီးမှာတွေ့တဲ့ ပေါက်တူးနဲ့မတူဘူးလို့ပြောကြတယ်။ ခင်ဗျားတို့ထဲမှာမှုခင်းဆရာဝန်ဘယ်နှစ်ယောက်ပါလဲ ပေါက်ပြားအရွယ်ဘယ်လောက်လဲသိလား???ဘာနဲ့သတ်သေပြမလဲ???
သေသူမိန်းကလေးကို ပေါက်တူးနဲ့သတ်ပြီး အမျိုးသားကိုတခြားလက်နတ်နဲ့သက်တာရောမဖြစ်နိုင်ဘူးလား ဟုတ်ပြီ ဒါဆိုရင်ဒီကလေးတွေသတ်တယ်လို့သေချာပြီလားဆိုတော့ သံသယအဖြစ်ခံရတုန်းပဲရှိသေးတယ် တရားခွင်မှာခုခံလို့ရသေးတယ်
သံသယအကျိုးကိုခံစားနိုင်သေးတယ်။ ထင်တာပြောတာကိုယ့်ပါတ်ဝန်းကျင်သိတဲ့သူချင်းပဲကောင်းတယ်
English လိုရေးတဲ့ site တွေကိုတတ်ပြီးထိုင်းတွေပါရောပြီးဆဲတာတွေ လူစုံစုံမှာတတ်ပြီးဒီရုပ်လေးတွေကလူသတ်ပါ့မလားသွားသွားမရေးနဲ့ ကြာရင်ကျန်တဲ့နိုင်ငံခြားသားတွေ ရောထိုင်းတွေပါအမြင်ကတ်လာလိမ့်မယ်
ခုသူတို့ကကိုယ့်ဘက်မှာအများကြီး။
" ရေးသင့်တာကသေဆုံးသူတွေအတွက်ဝမ်းနဲကြောင်း အမှုကိုပွင့်လင်းမြင်သာပြီးအမှန်အတိုင်းဖြစ်စေချင်ကြောင်း
ထိုင်းရဲတပ်ဖွဲ့ရဲ့စွမ်းဆောင်ရေနဲ့လုပ်ရပ်ကိုပြန်စစ်ဆေးသင့်ကြောင်း " ဒီလောက်ဆိုကောင်းနေပြီ
ဒီအမှုဟာ သံသယဖြစ်စရာ တွေ မေးခွန်းထုတ်ချင်စရာတွေနဲ့ပြည့်နေတယ်
ဒါတွေကိုထိုင်းရဲကကောင်းကောင်းရှင်းပြရင်တော့ပွဲပြီးပြီ။ ခုချိန်ထိသူတို့ကောင်းကောင်းမရှင်းနိုင်သေးဘူး။
ဘယ်လိုအချက်တွေကြောင့်လဲဆိုတော့
ဒီလောက်လူကောင်ကွာတဲ့စုံတွဲကိုသူတို့နှစ်ယောက်ဘယ်လိုအနိုင်ယူခဲ့လဲ
ကလေးတွေအရပ်က ငါးပေလေး နဲ့ငါးပေငါးပဲရှိတယ်
သေသူရဲ့ဒဏ်ရာတွေဟာအောက်ကပင့်ပြီးလုပ်ထားတဲ့ပုံမပေါက်ဘူ
လှဲချပြီးလုပ်ရင်ရနိုင်တယ် ဒါပေမယ့်တစ်ယောက်ကိုလုပ်နေချိန်မှာကျန်တစ်ယောက်ကအော်တာ
ထွက်ပြေးတာ တိုက်ခိုက်တာမလုပ်ဘူးလား အမျိုးသားကိုသတ်ပြီးမှအမျိုးသမီးကိုမုဒိန်းကျင့်လို့ရမှာဖြစ်တယ်
လူတစ်ယောက်ကိုလောလောလတ်လတ်သတ်ပြီးဒီစိတ်ဖြစ်နိုင်လောက်အောင်ပြင်းထန်ပါ့မလား ??? ဒါမှမဟုတ်နှစ်ယောက်လုံးကိုသတ်ပြီးမှ အမျိုးသမီး body ကို rape လုပ်ခဲ့တာများလား ??? ဒီလောက်ဇပြင်းလား ??? ဒီကလေးတွေအရင်ကရောကျူးလွန်ဘူးတဲ့ပြစ်ချက်အဟောင်းရှိလား ???
အမျိုးသမီးကိုသတ်ပြီး သေသူအမျိုးသားဆီကဘောင်းဘီတိုကိုဘာ့ကြောင့်ယူဝတ်တာလဲ
သူတို့မှာဘာဒဏ်ရာမှမရှိရအောင် ကျဉ်စက်လိုဟာမျိုးသုံးပြီးမှပြန်မလုပ်နိုင်မှ
သတ်ခဲ့တာလား??? နောက်တစ်ခုကဒဏ်ရာတွေအရလူသတ်သမားဟာ
ဘယ်သန်လို့သိရတယ် ကလေးနှစ်ယောက်လုံးကညာသန်တွေဖြစ်နေတယ်
သူတို့ဟာ အရင် DNA အစစ်ခံရတဲ့ အယောက် 30 ထဲမှာပါဝင်ပြီးဖြစ်တယ်
သီချင်းဆိုခဲ့တာလဲအမှန်ပဲ ဒါပေမယ့် သေသူအမျိုးသမီးဆီကလူသတ်သမားရဲ့ သုတ်ရည်ကိုစစ်ရာမှာတွေ့တဲ့ DNA နဲ့ကိုက်ညီမှုမရှိဆိုပြီးပြန်လွှတ်ခဲ့တယ်
လူတွေသိချင်တာက DNA က ခုမှဘာလို့လာပြီးတူနေတာလဲ ဒါမျိုးရှိလို့လား ???
အသတ်ခံရတဲ့စုံတွဲဟာ AC ဘားကထွက်မလာခင်သူတို့ဘားက လူတွေနဲ့စကားများကတောက်ကဆဖြစ်ခဲ့တယ်
သူတို့ထွက်သွားချိန်မှာတခြားအဖြူ စုံတွဲတစ်တွဲလဲအတူပါခဲ့တယ်
သူ့တို့ကိုခြေရာခံလို့မရတဲ့အတွက်က လျှို့ဝှတ်သောစုံတွဲလို့အမည်တပ်ခဲ့တယ်
သူတို့ကဘယ်သူတွေလဲ ခုဘယ်မှာလဲ ???
ဟယ်နာရဲ့လက်ထဲမှာတွေ့ရတဲ့ဆံပင်ဟာဘယ်သူ့ဆံပင်လဲ???
ဒီဆံပင်ပိုင်ရှင်ဟာလူသတ်သမားမဖြစ်နိုင်ဘူးလား ???
ကလေးနှစ်ယောက်မဟုတ်တာတော့သေချာတယ်
DNA အရဥရောပတိုက်သားတစ်ယောက်ရဲ့ဆံပင်ပါ
AC ဘားမှာ part time အလုပ်လုပ်တဲ့ သေသူရဲ့သူငယ်ချင်း စကော့လူမျိုး Sean ဟာ ကမ်းခြေကနေ တောထဲထွက်ပြေးပြီး ပုန်းနေခဲ့တယ်
သူ့ ဖေ့ဘုတ်မှာ AC ဘားပိုင်ရှင်သတ်ခဲ့တယ်လို့ ယူဆရတဲ့ status ရယ် AC ဘားက ထိုင်းဖီးယားတွေ သူ့ကို လိုက်သတ်ဖို့ရှာနေကြပြီ ကယ်ကြပါဆိုပြီး Status တင်ခဲ့တယ်
သူဟာတော်တော်ထိတ်လန့်သွေးပျက်ပြီးဒီအမှုကိုဗူးကွယ်ခဲ့တယ်လို့ယူဆရပြီးတစ်ဦးတည်းသောမျက်မြင်သတ်သေဖြစ်နိုင်ပါတယ
ခု သူပြောတဲ့မာဖီးယားတွေဘယ်ပျောက်နေလဲ ???
Sean ရဲ့စကားကိုပိုပြီးခိုင်လုံစေတာက သူရဲ့လက်နဲ့ခြေထောက်မှာသေသူ အမျိုးသားရဲ့မျက်နှာနဲ့ဦးခေါင်းကဒဏ်ရာနဲဆင်တူတဲ့ဒဏ်ရာတွေကိုတွေ့ရတယ်
လက်နက်ဟာလက်သီးထဲကိုထည့်ပြီးသုံးတဲ့ဓားတိုကလေးတွေလို့ယူဆရတယ် ဒီလက်နက်နဲ့ ကလေးတွေအကျွမ်းဝင်လား??? ဘယ်သူတွေဆောင်တတ်လဲ ???
ဒါကို Sean ဘာလို့ ဆိုင်ကယ်စီးရင်းဒဏ်ရာရတာလို့လိမ်ပြီးထွက်ဆိုခဲ့လဲ ??? သူဟာသေဆုံးသူနဲ့အဲ့ညကအတူမရှိဘူးဆိုတာပေါ်လွင်အောင် facebook မှာ
ဘာလို့ status တင်ပြီး
ထိုင်းနိုင်ငံကနေချက်ချင်းပြန်ပြေးဖို့လေဆိပ်ကိုသွားရတာလဲ???
တကယ်ပဲကလေးတွေကို ခြိမ်းခြောက်တာတွေ ရက်ရက်စက်စက်နှိပ်စက်ပြီးဖြောင့်ချက်ရယူခြင်းခံခဲ့ရလား???
ပြန်လွှတ်လိုက်ပြီဆိုတဲ့နောက်တစ်ယောက်ဘာလို့ပျောက်နေရလဲ ???
စကားပြန်ရဲ့ဘာသာပြန်မှုဘယ်လောက်ကျွမ်းကျင်လဲ???
စူရတ်က ပလာတာရောင်းတဲ့ကုလားကိုဘာကြောင့်သုံးလဲ???
ကလေးတွေ ဂစ်တာတီးသီချင်းဆိုတဲ့ နေရာနဲ့ ဒီလောက်ကပ်နေတဲ့နေရာမှာ
ချစ်တင်းနှောတာဖြစ်နိုင်ပါ့မလား ??? ဘာ့ကြောင့်ဘယ်သူမှနေရာရွှေ့ဖို့မစဉ်းစားခဲ့ရတာလဲ???
ဒါမျိုးမြင်ယုံနဲ့စိတ်မထိမ်းနိုင်ရအောင်ကမ်းခြေမှာအရင်ကရောဒီလိုတွေမလုပ်ကြလို့လား သူတို့မမြင်ဘူးလို့လား ???
AC ဘားပိုင်ရှင်ကျွန်းသူကြီးရယ် သူ့ညီရယ် သူ့သားရယ် အစပိုင်းမှာ DNA စစ်တာကိုဘာလို့ အစစ်မခံလဲ ???
စစ်ပြီးတဲ့အခါမှာကိုက်ညီခြင်းမရှိဆိုတာရောသေချာလား(အဲ့ဒီ့အချိန်မှာရဲချုပ် Koh tao ဆင်းမလာသေးပါဘူး)
AC ဘားပိုင်ရှင်ကျွန်းသူကြီးကသူ့အမေနဲ့ ဝန်ကြီးချုပ်နဲ့အရမ်းရင်းနှီးပြီး
ဝန်ကြီးချုပ်ရဲ့ပွဲတွေကိုသူပဲတာဝန်ယူပြီးလုပ်ပေးရတယ်ဆိုတာ
ဘာကြောင့်ပြောသွားတာလဲ??? ဒါ့အပြင် သူကသတင်းစာတွေကိုတရားစွဲမယ် သူတို့လုပ်တာသတ်သေပြနိုင်ရင်ပိုက်ဆံဘယ်လောက်ပေးမယ်ဆိုပြီးဘာလို့ထလုပ်ရတာလဲ ??? ကာဗာယူတာလား မလုံတာလား ????
အလောင်းတွေတွေ့ပြီး ကျွန်းအသွားအလာကိုပိတ်လိုက်တာမနက် 10am မှဖြစ်ပြီး
မနက်ငါးနာရီခန့်မှာ ကျွန်းကနေ ရေကြောင်းမေးပြီးထွက်သွားတဲ့ ကိုယ်ပိုင်မော်တော်ဘုတ်ပေါ်မှာဘယ်သူတွေပါသွားလဲ ????
သေသူရဲ့ဖုန်းကိုရဲတွေလက်ထဲသူ့သူငယ်ချင်းတွေကအပ်ခဲ့တာဖြစ်ရဲ့သားနဲ့
ဘာလို့ဒီကလေးတွေဆီကရတယ်လို့ပြောရတာလဲ ??? သူ့မှာဖုန်းနောက်တစ်လုံးရှိသေးရင်တောင်ဒီကလေးတွေက
လူသတ်ပြီးယူလာတဲ့ဖုန်းကိုအိမ်မှာပဲသိမ်းထားပါ့မလား ???
ဒီကလေးတွေဟာကျွန်းပေါ်မှာ cctv ကင်မရာတွေဒီလောက်များတာသိရဲ့သားနဲ့
လူသတ်ပြီး သေသူရဲ့ဘောင်းဘီကိုချွတ်ဝတ် အပေါ်ပိုင်းဗလာနဲ့ ပြေးနေတယ်ဆိုတာရော ယုတ္တိရှိရဲ့လား ???
ဒါ့အပြင်ဘာကြောင့် cctv footage clip ထဲက သုံးမိနစ်စာကိုဖျတ်ထားရတာလဲ ???
သတ်တာ မြန်မာလို့ ပြောလိုက် ထိုင်းလို့ ပြောလိုက် လူဖြူလို့ ပြောလိုက် နဲ့အမျိုးမျိုးပြောပြီး ဟိုလူ့ဖမ်း ဒီလူ့ဖမ်း ပြီးရင်ပြန်လွှတ်အနဲဆုံးသုံးခါလုပ်ခဲ့တယ်ထိုင်းရဲတွေ
ဒီတခါရောသေချာပြီလား ????
ထိုင်းတွေရော နိုင်ငံခြားသားတွေကပါ ဝိုင်းပြီးစောက်သုံးမကျဘူးလို့
ပြောတာခံနေရတဲ့ထိုင်းရဲတွေရဲ့အရည်အသွေးဘာလဲ ဘယ်လဲ ????
ထိုင်းရဲတွေကကမဖော်ထုတ်နိုင်တဲ့အတွက်ဖိအားတွေပျောက်အောင်
လက်တလောကုစားခြင်းများလား ????
သူတို့အတွက်ဆားပုလင်းနှင်းမောင်တို့ CID တို့ FBI တို့ကဝိုင်းကူမှရမှာလား ဘာကြောင့်ပွင့်လင်းမြင်သာမှုမရှိတာလဲ ???
ထိုင်းမှာငွေပေးရင်အားလုံးငြိမ်းတယ်လို့နိုင်ငံခြားသားတွေကပါတညီတညာထဲပြောရအောင်ထိုင်းရဲကရုပ်ပေါက်တာရဲချုပ်မသိဘူးလား ???
သို့လော သို့လော တွေအများကြီးနဲ့လူသတ်မှုပါ
ဦးစံရှားလေနဲ့ပြောရရင်တော့အမှုကထင်တာပိုပြီးနတ်နဲလာပြီဗျ။
အခန့်မသင့်ရင်စစ်တောင်ထဖြစ်နိုင်တယ်။
တကယ်ပဲ ဒီကလေးတွေဟာ ထိုးကျွေးခံရတာဆိုရင်တော့တကယ်သနားစရာပါ။
တရားဥပဒေမှာစကားတစ်ခုရှိတယ် အပြစ်ရှိတဲ့သူ ၁၀၀ မှားလွှတ်မိတာထက် အပြစ်မဲ့သူတစ်ယောက်မှားပြီးအပြစ်ပေးခံရမှာပိုစိုးရိမ်ပါတယ်တဲ့။
ဘယ်သူသတ်သတ် အမှန်အတိုင်းဖြစ်စေချင်တယ်။။။။။။။။။။။။။။။။
SSPP နှင့် အစိုးရတပ် သုံးရက်မြောက် တိုက်ပွဲ ဆက်ဖြစ်
Saturday, 04 October 2014
ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် အစိုးရတပ်တို့ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အောက်တိုဘာလ ၄ ရက်တွင် သုံးရက်မြောက် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသည်ဟု SSPP၏ တပ်ပေါင်းစုရေးရာဌာန၏ ဒုတိယ တာဝန်ခံ ဗိုလ်မှူးကြီး ပိန်ဖက မဇ္ဈိမကို ပြောသည်။
“တိုက်ပွဲက ဆက်ဖြစ်နေတယ်။ မနေ့ကတော့ သုံးနေရာလောက်မှ တိုက်ပွဲဖြစ်တယ်။ ဒီနေ့တော့ သူတို့ လက်နက်ကြီးနဲ့ ပစ်တဲ့နေရာကို ကျွန်တော်တို့သွားတိုက်တာ”ဟု အောက်တိုဘာ ၄ရက်တွင် ဗိုလ်မှူးကြီး ပိန်ဖက ပြောသည်။
အစိုးရစစ်တပ်က တာဖာဆောင်ဒေသမှ ၆ မိုင်ခန့်အကွာအဝေးမှ ၁၂၀ မမလက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် အောက်တိုဘာလ ၃ ရက်တွင် တာဖာဆောင်တံတားအနီးရှိ တပ်စခန်းကို SSPP က ဆုတ်ခွာပေးလိုက်ရသည်ဟု ဗိုလ်မှူးကြီး ပိန်ဖက ပြောသည်။ ယင်းတိုက်ပွဲကြောင့် နှစ်ဖက် ကျဆုံးမှုများ ရှိခဲ့ပြီး အစိုးရတပ်ဘက်ကမူ အောက်တိုဘာ ၃ရက်အထိ အရာရှိတစ်ဦးအပါအဝင် စစ်သည် ၆ဦး
မြန်မာ့တပ်မတော် တအာင်းဒေသသို့ စစ်အင်အား ထပ်မံ တိုးမြှင့်
၎ ရက် အောက်တိုဘာလ ၂၀၁၄ ခုနှစ်
တအာင်းဒေသ သို့ ယနေ့ အောက်တိုဘာလ ၄ ရက်နေ့တွင် မြန်မာ့တပ်မတော်မှ ကွတ်ခိုင်မြို့နယ်၊ ကွမ်းလုံလမ်းမအပိုင်း ဘက်သို့ စစ်သည်တော်နှင့် ရိက္ခာ အပြည့်ပါသော စစ်ကားကြီးအစီး(၃၀)ကျော်၊ မူဆယ်၊နမ့်ခမ်းဘက်အခြမ်းသို့ (၁၀)စီးကျော် ခန့်မှန်းအင်အား (၄၀၀) နီးပါး တပ်အင်အား ထပ်မံတိုးမြှင့် လာကြောင်း စုံစမ်းသိရှိရသည်။
တအာင်းသေဒသို့ ၂၀၁၄ ခုနှစ်အတွင်း နယ်မြေခံတပ်အပြင် ဧပြီ/မေလ တွင် တပ်မ(၁၁၊၇၇၊၈၈)၊ တပ်မ(၃)ခုတိုးမြှင့်ထားပြီး .ခုအောက်တိုဘာလ ၄ ရက်နေ့သည် ဒုတိယအကြိမ် တပ်အင်အား ထပ်မံတိုးမြှင့်ခြင်းဖြစ်သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၉ ၄၇၀၉၇၇၇၂၊ ၀၆၉၂ ၆၂၂၄၈၅