Tuesday, September 30, 2014

ဟောင်ကောင်း ကျောင်းသူကျောင်းသားတွေ ကွန်မြုနစ်စနစ်ကို ဆန့် ကျင်ပြီး



ဒီမိုကရေစီကို ငြိမ်းချမ်းစွာ လှုပ်ရှားတောင်းဆိုနေတဲ့ ဟောင်ကောင် ဒီမိုကရေစီအရေး တော်ပုံကို.... ဘေဂျင် မော်စီတုန်းကွန်မြုနစ် အာဏာပိုင်တွေ ဖိနှိပ်ရက်စက်နေတာ လက်ပိုက်မကြည်နေဖို့ ။ မိမိဟောင်ကောင်ကျောင်းသား တွေကို အကူညီပေးဖို့ တတ်နို်င်တဲ့ဖက်နေ ဒီမိုကရေစီ အရေးတော်ပုံကို ပါဝင် ကူညီဖို့  နိုင်ငံတကာကျောင်းသားတွေ ကို အရေးကြီး အကူအညီ တောင်းနေပါတာ ဖြစ်ပါတယ်။



လူငယ်အဖြူ နဲ့ အစိမ်း
အမေရိကန်

Monday, September 29, 2014

နိုင်ငံရေးဆွေးနွေးပွဲ မစနိုင်ပါက လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းမည်မဟုတ်ဟု NCCT ဆို

NCCT-Naing-Han-Thar

အပစ်အခတ်ရပ်စဲပြီးနောက် ပြည်နယ်နှင့် တိုင်းအသီးသီးရှိ တိုင်းရင်းသားများ အရေးနှင့် နိုင်ငံရေးကိစ္စရပ်များ ဆွေးနွေးမှု ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲ မစနိုင်ပါက တိုင်းရင်းသားများ၏ လက်နက်ကိုင်ပဋိပက္ခများ ချုပ် ငြိမ်းသွားမည် မဟုတ်ဟု တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။

ရန်ကုန်မြို့၊ရွှေလီလမ်းတွင် ကျင်းပသည့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ၊ NCCT အဖွဲ့ဝင်များနှင့် နိုင် ငံရေးပါတီများ သုံးပွင့်ဆိုင်တွေ့ဆုံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် အကြို ဆွေးနွေးပွဲတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည် ။

“ကျွန်တော်တို့ရဲ့နိုင်ငံက နိုင်ငံရေးဆွေးနွေးမှုအရ တစ်ခါမှ မလုပ်ခဲ့ဘူး။ အခု အစိုးရလက်ထက်မှာတော့ နိုင်ငံရေးဆွေးနွေးမှု မလုပ်ရင် မဖြစ်တော့ဘူးဆိုတာကို လက်ခံလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု

အောက်ခြေမှာ ညှိမရဘဲ တိုက်ပွဲတွေ ဆက်ဖြစ်နေ

29 Sept 2014
ကျိုက်မရောမြို့နယ်တွင်းမှာ DKBA နဲ့ မြန်မာအစိုးရစစ်တပ်တို့ ထိပ်တိုက်တွေ့နေတဲ့ အခြေအနေ ဖြစ်နေပြီး ဒီကနေ့ထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတုန်းပဲလို့ ဒီကေဘီအေ မြဝတီမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်ကြီးစိုးမြင့်က အတည်ပြု ပြောကြားပါတယ်။

“ဒီနေ့ ကျိုက်မရောမှာ မနက် ၈ နာရီမှာ တကြိမ်၊ ၁၀ နာရီမှာ တကြိမ် မွန်းလွဲပိုင်းမှာ တကြိမ် စုစုပေါင်း သုံးကြိမ်တိုက်ပွဲဖြစ်ခဲ့တယ်။ ကျနော်တို့ လူကြီးတွေနဲ့ အစိုးရအထက်ပိုင်းတွေလဲ ညှိနေကြတယ်။ ဒါပေမယ့် အောက်ခြေအထိ မသက်ရောက်ဘူးဖြစ်နေတယ်၊ အစိုးရစစ်တပ်ဘက်ကလည်း အင်အားအလုံးအရင်းနဲ့ ညှပ်ထားတော့ အခြေအနေက လှုပ်တာနဲ့ တိုက်ပွဲသံကြားရမယ် အနေအထားလေ၊ အဲဒီတော့ ၂ ဖက်လုံး ထိန်းသိမ်းဖို့ လိုတယ်။ ကျနော်တို့ ဒီကေဘီအေ အနေနဲ့လည်း ၂၆ ရက်နေ့က သိမ်းသွားတဲ့ သူတို့ လက်နက်တွေ ပြန်လွှဲပေးမှာပဲဖြစ်တယ်။ သိမ်းထားတဲ့ လက်နက်ကို စစ်ရေးနည်းနဲ့ အရလိုက်ယူမယ်ဆိုရင်တော့ အခြေအနေတွေ ပိုရှုပ်ထွေးလာနိုင်ပါတယ်” လို့ ဗိုလ်ကြီးစိုးမြင့်က ပြောပြပါတယ်။

စက်တင်ဘာ ၂၈ ရက် မနေ့က ကျိုက်မရောမြို့နယ် ငါးပြေမရွာမှာဖြစ်တဲ့ တိုက်ပွဲမှာ ဒီကေဘီအေ ဘက်က ကျဆုံးသူမရှိ၊ ရဲဘော် ၂ ဦးသာ ဒဏ်ရာရခဲ့တယ်ပြီး စိုးရိမ်စရာမရှိဘူးလို့ ဗိုလ်မှူး စောလုံ့လုံက ပြောပြချက်အရ သိရှိရပြီး ...

“မွန်ပြည်နယ် ကျိုက်မရောဘက်မှာ နှစ်ဘက်တပ်တွေ ထိပ်တိုက်တွေ့တဲ့ အခြေအနေတွေကို ကစထ မှူးနဲ့ ညှိနှိုင်ခဲ့တယ်။ အခြေအနေတွေ ထပ်ပြီး ရှုပ်ထွေးမှုမဖြစ်အောင် နှစ်ဘက်တပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ရပ်ထားဖို့တော့ လိုတယ်။ အခြေအနေက လှုပ်လိုက်တာနဲ့ ထိတွေ့မှုတွေ ဖြစ်မှာ

ဟောင်ကောင် အာဏာဖီဆန်ရေး လှုပ်ရှားမှု စတင်






ဟောင်ကောင်မှာ လူထုရဲ့ အာဏာ ဖီဆန်ရေး လှုပ်ရှားမှုတွေ အခု စတင် လိုက်ပြီလို့ ဒီမိုကရေစီ လိုလားတဲ့ လှုပ်ရှား မှုရဲ့ ခေါင်းဆောင် Benny Tai က ပြောလိုက်ပါတယ်။

အစိုးရ ရုံးစိုက်ရာ အဆောက်အဦ ရှေ့မှာ စုဝေးနေကြတဲ့ ထောင်နဲ့ချီတဲ့ လူတွေကို ဒီလို ပြောခဲ့တာ ဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုဟာ လာမယ့် သီတင်းပတ်က စလို့ ဟောင်ကောင်ရဲ့ စီးပွားရေး အချက်အချာ ကျတဲ့ နေရာတွေ ကို ပိတ်ဆို့ နေရာယူကြဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

တရုတ်ပြည်မကြီး အစိုးရက ဟောင်ကောင်ကို ဒီမိုကရေစီ အပြည့်အဝ ပေးဖို့ ငြ⁠င်းဆန်တယ်လို့ ရှု့ မြင်ထားတဲ့ ဟောင်ကောင် ကျောင်းသားတွေ ဆန္ဒပြကြရာက အခုလို လှုပ်ရှားမှုကြီး ပေါ်ထွန်း လာခဲ့တာ ဖြစ်ပါတယ်။

BBC Burmese

Saturday, September 27, 2014

IS ကို တိုက်ဖို့ ဗြိတိသျှ အမတ်တွေ မဲခွဲ သဘောတူ

ခုနှစ်နာရီကြာ အခြေအတင် ဆွေနွေးကြပြီးတဲ့ နောက်မှာ ထောက်ခံ မဲ (၅၂၄) မဲ၊ ကန့်ကွက်မဲ (၄၃) မဲ နဲ့ ဗြိတိသျှတပ် တွေ အီရတ်မှာရှိတဲ့ IS ပစ်မှတ်တွေကို လေကြောင်းက တိုက်စစ်ဆင်တာကို သဘောတူကြောင်း ဆုံးဖြတ်လိုက် ပါတယ်။ ဒီ အဆုံးအဖြတ်ကို ဗြိတိန်ရဲ့ အဓိက ပါတီကြီးတွေ အားလုံးက အမတ်အများစုက သဘောတူခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့် ဗြိတိသျှတိုက်လေယာဉ်တွေ တနင်္ဂနွေ မနက်ပိုင်း လောက်က စပြီး စစ်ဆင်ရေးထဲ ပါဝင်လာတာကို တွေ့ရနိုင် တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။

bbc

DKBA အဖွဲ့မှ တပ်မတော်သားနှင့် ရဲများကို ဖမ်းဆီးထိန်းသိမ်းထား

DKBA-4
ကရင်ပြည်နယ် မြဝတီမြို့နယ် ဒီကေဘီအေ ထိန်းချုပ်ရာနယ်မြေဖြစ်သည့် ဆုံစည်းမြိုင်ကျေးရွာတွင် ပြုလုပ်သည့် (၁၉) ကြိမ်မြောက် ဒီမိုကရေစီအကျိုးပြု တပ်မတော်နှစ်ပတ်လည်နေ့ (DKBA) နေ့အား ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က ကျင်းပရာ အခန်းအနားသို့အား လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် ကရင်တပ်သား တစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)

မွန်ပြည်နယ် ကျိုက်မရော မြို့နယ်တွင် မြန်မာစစ်တပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်(DKBA)တို့ စက်တင်ဘာ ၂၆ ရက် နံနက် ၁၁ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ရာပြီး စစ်သားများနှင့်ရဲများကို ဖမ်းဆီးထိန်းသိမ်းထားသည်ဟု  DKBA မှ ဗိုလ်မှူးချူပ် ကျော်သက်က  မဇ္ဈိမကို စက်တင်ဘာလ ၂၆ ရက် ညနေ ၅ နာရီခန့်က အတည်ပြု ပြောသည်။
DKBA တပ်ဖွဲ့များကို နယ်မြေမှ ထွက်လာရန် စစ်တပ်ဘက်မှ လာရောက်တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ လူ၃၀ခန့်ကို ဖမ်းဆီးထားသော်လည်း မွန်ပြည်နယ် အစိုးရနှင့် ကရင်ပြည်နယ် အစိုးရ၊ တပ်မတော် တို့ဘက်မှ လာရောက်ညှိနှိုင်းခြင်း မရှိသေးဟု ၎င်းက ဆိုသည်။
"အရင်တုန်းက ဖြစ်ခဲ့တဲ့ တိုက်ပွဲလေးတွေနဲ့ မြဝတီက ကျွန်တော်တို့လူ သတ်ခံလိုက်ရတုန်းက သိမ်းခံလိုက်ရတဲ့ လက်နက်တွေနဲ့ ဖမ်းထားတဲ့ ကျွန်တော်တို့ လူတွေကို ပြန်လွှတ်ပေးရင် သူတို့လူတွေ ကျွန်တော်တို့ ပြန်လွှတ်ပေးမယ်။ ညှိနှိုင်းခွင့် ကျွန်တော်တို့ လိုချင်တယ်" ဟု ဗိုလ်မှူးချူပ် ကျော်သက်က ပြောသည်။
အဆိုပါ တိုက်ပွဲ ဖြစ်ပွားချိန်တွင် DKBAမှ ဗျူဟာမှူး စောဆန်းအောင်သည် အပစ်ရပ်လတ်မှတ်ရေး ထိုးနိုင်ရန် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့်အတူ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ရန်ကုန်မြို့တွင် ဆွေးနွေးပွဲ တတ်ရောက်နေသည့် အချိန်ဖြစ်သည်။ သို့သော် ယင်းဖြစ်စဉ်အား ဗျူဟာမှူး စောဆန်းအောင်ကို အသိပေးထားပြီး ဖြစ်သည်ဟု

UPWC နှင့် NCCT တို့၏ ပူးတွဲသတင်းထုတ်ပြန်ချက်


ပည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ( UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ ပူးတွဲ သတင်းထုတ်ပြန်ချက

၂၀၁၄၊ စက်တင်ဘာလ (၂၆) ရက် ရန်ကုန်မြို့

၁။ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၏ ကိုယ်စားလှယ်အဖွဲ့ နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့ တို့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲနိုင်ရေးအတွက် သဘောတူစာချုပ်မူကြမ်း အပေါ် ညှိနှိုင်းဆွေးနွေးခြင်းကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့မှ (၂၆) ရက်နေ့ထိ ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန တွင် ပြုလုပ်ခဲ့ပါသည်။

၂။ နှစ်ဘက်ကိုယ်စားလှယ်များသည် ၂၀၁၄ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့မှ (၁၇) ရက်နေ့အထိ ယခင်ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲမှ ကျန်ရှိနေသည့် အချက်များကို ဆက်လက်ဆွေးနွေးညှိနှိုင်းရာတွင် တစ်ဖက်နှင့် တစ်ဖက်အကြား အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုများ နှင့် သဘောတူညီမှုများ ပိုမိုရရှိခဲ့ပါသည်။ ဤဆွေးနွေးပွဲမှ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (စတုတ္ထမူကြမ်း) ကို အတည်ပြုနိုင်ခဲ့ပါသည်။

၃။ နောက်တစ်ကြိမ် ဆွေးနွေးပွဲကို အောက်တိုဘာလအတွင်းထပ်မံ ကျင်းပရန်နှင့် ကျင်းပ မည့်ရက်ကို နှစ်ဘက်ခေါင်းဆောင်များမှ ညှိနှိုင်းရန်သဘောတူကြပါသည်။

၎။ ဤဆွေးနွေးပွဲသို့တက်ရောက်ကြသည့်နှစ်ဘက်ကိုယ်စားလှယ်များသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အမြန်ဆုံးချုပ်ဆိုနိုင်ရေးနှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများကို အမြန်ဆုံးကျင်းပကာ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရေးအတွက် ကြိုးပမ်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 26, 2014

၂၂ ၊ စက်တင်ဘာ ၂၀၁၄ KNU ရဲ့ ကရင်လူထုတွေ့ဆုံပွဲမှ အမေးအဖြေများအပိုင်း (1)


Thursday, September 25, 2014

အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရန် အောက်တိုဘာတွင် မသေချာ

အပစ်အခတ် ရပ်စဲရေး, ငြိမ်းချမ်းရေး, NCCT, UPWC
သြဂုတ်လ အတွင်းက ရန်ကုန်မြို့ MPC တွင် ကျင်းပသော ဆွေးနွေးပွဲသို့ တက်ရောက် လာသည့် တပ်မတော် အရာရှိကြီးများ (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)

အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ဆွေးနွေးလျက်ရှိသည့် အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း လက်မှတ် ထိုးနိုင်ရေးသည် အောက်တို ဘာ လတွင် ဖြစ်ရန် မသေချာကြောင်း သိရသည်။

“အပစ်ရပ်ရေးက အောက်တိုဘာလထဲမှာ ဖြစ်မဖြစ် ဆိုတာက မပြောနိုင်ဘူး။ ဖြစ်မယ် ဆိုတာကလည်း အစိုးရဘက်က ပြောတာပါ။ ကျနော်တို့ဘက်က ပြောထားတာ မရှိဘူး။ ဒါက သူတို့ဘက်က လျှော့ရင်တော့ ထိုးနိုင်မှာပါ။ ကျနော်တို့ဘက်က တင်းမာတာ မရှိဘူး။ ငြိမ်းချမ်းရေးကို ကျနော်တို့က ပိုလိုချင်ပါတယ်”ဟု NCCT အဖွဲ့မှ နိုင်ဟံသာက ပြောသည်။

ယခု ကျင်းပနေသည့် (၆) ကြိမ်မြောက် အစိုးရနှင့် တိုင်းရင်းသားအဖွဲ့များ အကြား အပစ်ရပ်ရေး ဆွေးနွေးပွဲတွင် အဓိကအပိုင်းဖြစ် သည့် တပ်နေရာ ချထားရေး၊ တပ်ပိုင်းဆိုင်ရာ လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများ ရေးဆွဲရေးကို အကျေအလည် ဆွေးနွေးရန် စီစဉ် ထားသော်လည်း မဆွေးနွေးနိုင်သေးကြောင်း သိရသည်။

အပစ်အခတ် ရပ်စဲရေးတွင် အရေးပါသည့် တပ်နေရာ ချထားရေး၊ တပ်ပိုင်းဆိုင်ရာ လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများနှင့် အခြေခံ သဘောတူညီချက်များကို နောက်ချန်အနေဖြင့် အပစ်အခတ်ရပ်စဲရေးပြီးမှ ဆက်လက်ဆွေးနွေးမည် ဆိုသည့်အချက်ကို တိုင်း ရင်း သားများဘက်မှ သဘောမတူညီကြောင်း၊ အခြေခံ မခိုင်မာပါက လက်မှတ်ထိုးသွားမည် မဟုတ်ဟုလည်း နိုင်ဟံသာ က

အမေရိကန်နှင့် မဟာမိတ်တပ်များ ISIS အား အမြစ်ဖြတ်ချေမှုန်းရေး


Wednesday, September 24, 2014

" တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့အမိန့်ကို ဖီဆန်ကြပြီလား "

စစ်တပ်က တနေ့တခြား မိုက်ရိုင်းတာ ကမ်းကုန်ပဲ။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့အမိန့်ကို ဖီဆန်ကြတာလား။ ဆင်းရဲသားနင်းပြား တောင်သူလယ်သမားတွေကို လိမ်လည်လှည့် ဖျားတာလား။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသခံ တောင်သူလယ်သမားများနှင့် ပြေလည်အောင် ဆွေးနွေးညှိနှိုင်းရန် သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များထံ ညွှန်ကြားထားကြောင်း သိရသော်လည်း၊ ဒေသခံကျေးရွာသူကျေးရွာသားများ ပိုမိုဒုက္ခရောက်စေရန် သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များက တမင်ကြံရွယ်လုပ် ဆောင်နေသည်မှာ ထင်ရှားလှသည်။


အမှတ်(၁)ခဲယမ်းမီးကျောက်တပ်သည် ပဲခူးမြို့၊ သာယာကုန်းကျေးရွာ အုပ်စုမှ ကျေးရွာ တောင်သူလယ်သမားများပိုင် လယ်ယာမြေဧက(၅၈၀၀) ကျော်ကို အဓမ္မ သိမ်းဆည်းထားပြီးနောက် ပြန်မပေးသေးသည့်အပြင်၊ သုံးမိုင်နီးပါး အရှည်ရှိသည့် အုတ်တံတိုင်းစည်းရိုး ကာရံလိုက်သဖြင့် ကျေးရွာသူ ကျေးရွာသားများ အလွန်ဒုက္ခရောက်လျက်ရှိပါသည်။


အုတ်တံတိုင်းစည်းရိုးသည် ကျေးရွာအ၀င်အထွက်လမ်းများအားလုံးကို ပိတ်ဆို့လိုက်သည်ဖြစ်၍၊ အမျိုးသမီးများနှင့်ကလေးငယ်များသာမက၊ ကျောင်းသူကျောင်းသားများပါ အုတ်တံတိုင်းစည်းရိုးကို ၀ါးလှေကားဖြင့် ခက်ခက်ခဲခဲ ကျော်ဖြတ်သွားလာနေရပါသည်။ အဆိုပါ ၀ါးလှေကားလေးကိုပင် မကြာခန လာရောက်ခုတ်ဖြတ် ဖျက်ဆီးလေ့ရှိသေးသည်။


သုံးမိုင်နီးပါးအရှည်ရှိသည့် ထိုအုတ်တံတိုင်းစည်းရိုးကြောင့် ကျောင်းသားငယ်လေးများသည် အဆိုပါအုတ်တံတိုင်းကို ခက်ခက်ခဲခဲ ကျော်ဖြတ်ရသည့်အပြင်၊ နှစ်မိုင်နီးပါးဝေးသော မူလတန်းကျောင်းလေးသို့ နှစ်နာရီကြာမျှ ခြေလျင်လျှောက်၍ နေ့စဉ်ကျောင်းတက်နေရပါသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် တာဝန်ရှိသလို အမြန်ဆုံး အရေးယူဆောင်ရွက်ပေးသင့်ပါသည်။


ကျမတို့ မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂအနေဖြင့်လည်း သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များထံသို့ မကြာမီတွင် တရားဝင် တင်ပြတောင်းဆို သွားမည်ဖြစ်ပါသည်။



Su Su Nway (FB)သတင်းစာမျက်နှာမှ

ငြိမ်းချမ်းရေး စစ်တမ်း (၇)။

ကေအင်ယူ၏ ရပ်တည်မှု နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး

ယူအင်န်အက်ဖ်စီ တပ်ပေါင်းစုမှ ကေအင်ယူထွက်ရေး၊ မထွက်ရေးသည် ကေအင်ယူတဖွဲ့ တည်းနှင့်သာမက ပြည်ထောင်စုတခုလုံး၏ ငြိမ်းချမ်းရေးကို တိုက်ရိုက်သက်ရောက်နိုင်သည့် ကိစ္စဖြစ်လာသည်။အဘယ်ကြောင့် ဆိုသော် ယူအင်န်အက်ဖ်စီ တပ်ပေါင်းစုနှင့် ပူးပေါင်းဆောင်ရွက်ရာ၌တွေ့ ကြုံရသည့် အခက်အခဲများကိုရှင်းပြရာတွင်ကေအင်ယူ အဖွဲ့ အစည်းကြီး ဟူသည့် နောက်ခံကို ယူလျှက် ခေါင်းဆောင်တဦးစ၊ နှစ်ဦးစ၏ လွဲမှားနေသည့်ထောက်ပြချက် အချို့  ကို အခြားအဖွဲ့ အစည်းများကပါ အမှန်ဟူ၍ လိုက်ပါ စဉ်းစားမိပါက ငြိမ်းချမ်းရေးသည် ရေစုန်တွင်မျောတော့မည့် ကိန်း ဖြစ်လာသည်။ ဤသည် တို့ ကို ပြည်တွင်းအခြေအနေတခုလုံးနောက်ခံ နှင့်သာမက နိုင်ငံတကာ အခြေအနေများနှင့်ပါ ဆက်စပ်ကာ အသေးစိပ် ဆန်းစစ်ရန်လိုလာသည်။

ပြီးခဲ့သည့် စက်တင်္ဘာလ ဒုတိယ ပတ်အတွင်းတွင် သမတ ဦးသိန်းစိန်သည် ယင်း၏ ဥရောပခရီးစဉ်အတွင်း ဂျာမနီ နိုင်ငံသို့ အရောက်သွား၍ ၀န်ကြီးချုပ် အင်ဂလာ မာကဲလ် နှင့်တွေ့ ကာရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်လုပ်ကိုင်ရန် နှင့် တိုးတက်ဖွံ့ ဖြိုးမှု ဆိုင်ရာအကူအညီပိုမိုပေးအပ်ရန်တောင်းခံခဲ့သည်။ ပြည်ပအားကိုးပုဆိန်ရိုး ဟု တချိန်လုံး ကြွေး ကြော်ခဲ့သော စစ်ခေါင်းဆောင်ဟောင်းတဦးဖြစ်သည့် ဦးသိန်းစိန်သည် ၂၀၁၀ ရွေးကောက်ပွဲအပြီး တည်ဆောက် လိုက်ရသည့် ကြီးမားလှသော အုပ်ချုပ်ရေးယန္တယားသစ်ကြီးလည်ပတ်နိုင်ရေးအတွက် မိမိကိုယ်တိုင် ပုဆိန်ရိုးဘ၀ကို အရောက်ခံလိုက်ရပါပြီ။
>
>
> ၀န်ကြီးချုပ်မာကဲလ်က ဂျာမနီ အနေ ဖြင့် ယင်းသို့ သောအကူအညီများပေးအပ်ရန် အသင့်ရှိသော်လည်း တိုင်းရင်းသားလူမျိုးစုများပြားလှစွာရှိနေသော မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၇ရန်အရေးကြီးကြောင်း၊ ငြိမ်းချမ်းရေး အတွက် အပေး အယူလုပ်ရန် နှင့် တိုင်းရင်းသားများအပေါ် သည်းခံရန် လိုအပ်ကြောင်း ဦးသိန်းစိန်ကို ဆုံးမသြ၀ါဒ ပေးလိုက်သည်။ ဤသည်မှာ ဂျာမနီက ဦးသိန်းစိန်ကို မီးနီပြလိုက်ခြင်းဖြစ်သည်။ ဦးသိန်းစိန် ဂျာမနီမှနေ၍ လက်ချည်း ဗလာ ပြန်လာရ သည်။ ငြိမ်းချမ်းရေးနှင့် စပ်လျှဉ်း၍ ဂျာမနီက ကြေနပ်လက်ခံနိုင်သည့် အခြေအနေကို မရောက်ပါက ဥရောပအခြားနိုင်ငံများသည်လည်း ဦးဆောင်နိုင်ငံကြီးဖြစ်သော ဂျာမနီကဲ့ သို့ ပင်လိုက်ပါ စဉ်းစားလာနိုင်သည်။ သို့ ဖြစ်လျှင် တိုးတက်ဖွံ့ ဖြိုးမှု ဆိုင်ရာ အကူအညီများမရ၊ နိုင်ငံခြားကုမ္ပဏီများ ၀င်ရောက်မှုနှေးကွေးကာ ဦးသိန်းစိန် ဦးဆောင် နေသည့် အရပ်သား အသွင်ယူ စစ်အစိုးရအတွက် အကြပ်တွေ့ နိုင်သည်။

ဤအခြေအနေကို ပြေလည်စေရန် စစ်အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့ အစည်း များအား ချော့တမျိုး၊ ခြောက်တဖုံဖြင့် တနိုင်ငံလုံးအပစ်ရပ်စာချုပ်အား ဖိအားပေးလက်မှတ်ရေးထိုးစေပြီး မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးရနေပါပြီဟု ကြေငြာရုံမှတပါး အခြားမရှိ။ ၂၀၁၅ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင် ရေးအတွက် လည်း စစ်အစိုးရအနေဖြင့် ယင်းစာချုပ်အား လက်မှတ်ရေးထိုးစေလိုသည်မှာ အာသာငန်းငန်း ဖြစ်နေသည်။ ဘောလုံး သည် တိုင်း၇င်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့  အစည်းများလက်ထဲသို့ ရောက်နေ ပါပြီ။ ဤသည်ကို ရှင်းလင်း

BBC က ရိုက်ကူး တင်ဆက်ထားတဲ့ ( T.N.L.A ) တအောင်းလွတ်မြောက်ရေး တပ်ဦး အကြောင်း


ကာချုပ်မင်းအောင်လှိုင်ရဲ့ UNFC အပေါ် ဝေဖန်ချက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထိခိုက်နိုင်


September 23, 2014
 
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကြောင့် တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်တွေမှာ အခက်အခဲတွေ ဖြစ်စေနိုင်တယ်လို့ ဝေဖန်ပြောဆိုလိုက်တာမို့ အဲဒီပြောဆိုချက်ကြောင့် လက်ရှိဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထိခိုက်နိုင်မယ့် အခြေအနေတွေ ပေါ်ပေါက်လာပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်အရာရှိကြီးတွေနဲ့ တွေ့ဆုံပွဲမှာ ကာချုပ် မင်းအောင် လှိုင်က ငြိမ်းချမ်းရေး အကြောင်းပြုပြီး ပြည်ပနဲ့ နယ်စပ်ဒေသတွေမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တချို့ ပြည်တွင်းကို ပြန်လည်ဝင်ရောက်လာပြီး ပြည်တွင်းပြည်ပ အထောက်အပံ့ အကူအညီနဲ့ နိုင်ငံရေးနဲ့ အခြား အင်အား တည်ဆောက် မှုတွေ၊ တောင်းဆိုမှုတွေ လုပ်လာကြောင်း၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) ရဲ့ မကြာသေးမီက ထုတ်ပြန် ကြေညာချက်ကြောင့် ငြိမ်းချမ်းရေး အခက်အခဲ ဖြစ် လာနိုင်တာမို့ သတိထားဖို့လိုကြောင်း ပြောဆိုသွား ပါတယ်။

ကာချုပ်မင်းအောင်လှိုင်ရဲ့ UNFC ရဲ့ မကြာသေးမီက ထုတ်ပြန်ချက်ဆိုတာက ဘယ်ထုတ်ပြန်ချက်ကို ရည်ရွယ် သလဲ ဆိုတာ သေချာမရှင်းလင်း ပေမယ့် စစ်တပ်နဲ့ အပစ်ရပ်စဲပြီးနောက် အစိုးရနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ UNFC က ဦးဆောင် ဆွေးနွေးမယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို ဆိုလိုပုံရပါတယ်။ UNFC ရဲ့ ဖွဲ့စည်းပုံကို မကြိုက်လို့ ဆိုတဲ့ အကြောင်း ပြချက်နဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) က UNFC အဖွဲ့

Tuesday, September 23, 2014

IS အပေါ် အမေရိကန်နဲ့ အာရပ် ၅ နိုင်ငံ တိုက်ခိုက်

ပုံစာ(၁)
အမေရိကန် ရေတပ် သင်္ဘောပေါ်ကနေ တိုမာဟော့ခ် ပဲထိန်း ဒုံးကျည်ကို IS ပစ်မှတ်ဆီ ပစ်လွှတ်စဉ်။

အမေရိကန်နဲ့ မဟာမိတ် အာရပ် ၅ နိုင်ငံ တို့ဟာ ဆီးရီးယား နိုင်ငံထဲက IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ အပေါ် လေကြောင်း တိုက်ခိုက်မှုတွေ၊ ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ပြုလုပ် ခဲ့ပါတယ်။ အခု စစ်ဆင်မှုမှာ ဆွန်နီ အာရပ် နိုင်ငံတွေ ဖြစ်တဲ့ ဘာရိန်း၊ ဂျော်ဒန်၊ ကာတာ၊ ဆော်ဒီ အာရေဗျနဲ့ ယူအေအီး နိုင်ငံတို့က ပထမဆုံး ပါဝင် ပံ့ပိုး ခဲ့ကြတယ်လို့ အမေရိကန် ဗဟို ကွပ်ကဲရေး စစ်ဌာနချုပ်က ပြောပါတယ်။


တိုက်ခိုက်မှုတွေကြောင့် ဆီးရီးယား အရှေ့ပိုင်းနဲ့ မြောက်ပိုင်းမှာ ရှိတဲ့ IS အဖွဲ့ရဲ့ လေ့ကျင့်ရေး ကွင်းတွေ၊ ကွပ်ကဲရေး အဆောက်အအုံတွေ၊ ယာဉ်တွေနဲ့ သိုလှောင်ရုံတွေ ပျက်စီး သွားတယ်လို့ အမေရိကန် စစ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။

အမေရိကန်က တိုက်ခဲ့တဲ့ ပစ်မှတ်တွေထဲမှာ IS အဖွဲ့ ဌာနချုပ် ရှိရာ ဆီးရီးယား မြောက်ပိုင်းက ရက်ကာ မြို့လည်း ပါဝင်တယ်လို့ သတင်းတွေက ဆိုပါတယ်။ တိုက်ခိုက်မှုတွေကြောင့် IS စစ်သွေးကြွ ဒါဇင်နဲ့ချီ

အမေရိကန်နှင့် မဟာမိတ်တပ်များ ISIS အား အမြစ်ဖြတ်ချေမှုန်းရေး စတင်



23september2014


အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်နိုင်ငံများအဖွဲ့ဟာ ဆီးရီးယားနိုင်ငံမှာ ရှိတဲ့ အစ္စလမ်မစ် နိုင်ငံတော် IS စစ်သွေးကြွ တွေကို လေကြောင်းတိုက်ခိုက်မှု စစ်ဆင်ရေးတွေ စတင်ပြီဖြစ်တယ်လို့ ပင်တဂွန် စစ်ဌာန ချုပ် က ပြောပါတယ်။ အခုလို လေကြောင်းစစ်ဆင်ရေး လုပ်ဆောင်ရာမှာ တိုက်လေယာဉ်တွေ၊ ဗုံးကြဲဂျက်လေယာဉ်တွေနဲ့ တွန်မာဟော့ မစ်ဆိုင်းဒုံးကျည်တွေကိုလည်း အသုံးပြုခဲ့တယ်လို့ ပင်တဂွန်ပြောခွင့်ရ John Kirby ပြောဆို တာကို ကိုးကားပြီး ဘီဘီစီ သတင်းမှာ ဖော်ပြပါတယ်။

SIS လို့ခေါ်တဲ့ အစ္စလာမ်မစ်နိုင်ငံ တည်ထောင်သူတွေက သြစတြေးလျ၊ အမေရိကန်၊ ကနေဒါနဲ့ ဥရောပတိုက်က မွတ်စလင်ဘာသာ မဟုတ်သူတွေကို သတ်ပစ်ဖို့ ကမ္ဘာပေါ်က သူတို့အဖွဲ့ကို ထောက်ခံသူတွေကို ပန်ကြားလိုက်ပါတယ်။

  အနောက်တိုင်းနိုင်ငံတွေအပေါ် စစ်ခင်းကြောင်း အတိအလင်းပြောကြားတဲ့ အသံဖိုင်ထဲမှာ ISIS အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် Abu Muhammad al-Adnani ash-Shami က ပြောခဲ့တာပါ။

အင်တာနက်သတင်းစာမျက်နှာမှ

မိမိတို့ရဲ့ ကလေးတွေကို ငါးသုံးကောင်အကြောင်း ပြောပြပေးပါ..

(၁) Chum salmon ငါး
Chum salmon ငါးအမဟာ ဥ,ဥပြီးတာနဲ့ ဥရဲ့မလှမ်းမကမ်းမှာ စောင့်နေခဲ့တယ်။ ဥကပေါက်လာတဲ့ ငါးကလေးတွေဟာ အစာမရှာတတ်သေးတော့ မိခင်ရဲ့အသားကိုပဲ စားရတော့တယ်။ Chum salmon အမဟာ ငါးကလေးကိုက်တဲ့ဒဏ်ကို အံကြိတ်ပြီး ခံခဲ့ပါတယ်။ ငါးကလေးတွေကြီးပြင်းလာချိန်မှာ ငါးအမဟာ အစားခံရလို့ အရိုးပဲကျန်ခဲ့တော့တယ်။ Chum salmonငါးအမဟာ လောကမှာ အမြင့်မြတ်ဆုံးဖြစ်တဲ့မိခင်မေတ္တာကို အသံတိတ် ပေးဆပ်နေခဲ့ပါတယ်။ Chum salmon ငါးက မိခင်မေတ္တာပြည့်ဝတဲ့ ငါးတစ်မျိုးဖြစ်ပါတယ်။

(၂) Northern snakehead
ဒီငါးမျိုးက ဥ,ဥပြီးတာနဲ့ မျက်စိနှစ်လုံးအလင်းကွယ်သွားတယ်လို့ ဆိုပါတယ်။ ငါးဟာ မျက်စိမမြင်တော့ အစာမရှာနိုင်လို့ ဆာလောင်တဲ့ဒဏ်ကိုခံရပါတယ်။ ဥကပေါက်လာတဲ့ ငါးပေါက်ထောင်သောင်းများစွာဟာ မိခင်အစာငတ်သေသွားမှာကို မကြည့်ရက်လို့ တစ်ကောင်ချင်းစီ မိခင်ရဲ့ပါးစပ်ထဲ ကူးခတ်ဝင်ရောက်ပြီး မိခင်ကိုအာရဟာဖြည့်ပေးကြပါတယ်။ မိခင်က အသက်ရှင်ကျန်ရစ်ခဲ့ပေမယ့် ငါးကလေးတွေရဲ့အသက်ရှင်နှုန်းက ၁ဝပုံပုံ ၁ပုံပဲရှိခဲ့ပါတယ်။ မိခင်အတွက် သူတို့ဟာ ငယ်ရွယ်တဲ့အသက်ကို စတေးခဲ့ကြပါတယ်။ Northern snakehead ငါးက မိဘကို ရိုသေကိုင်းရှိုင်းတဲ့ငါးဖြစ်ပါတယ်။

(၃) ဆော်လမွန်ငါး
နှစ်စဉ်နှစ်တိုင်း ဥ,ဥတဲ့ရာသီရောက်တိုင်း ဆော်လမွန်ငါးတို့ဟာ ခရီးမိုင်ထောင်ပေါင်းများစွာကိုဖြတ်သန်းပြီး ပင်လယ်ပြင်ကနေ ကုန်းတွင်းပိုင်းမှာရှိတဲ့ သူတို့ရဲ့မွေးရပ်မြေ မြစ်ချောင်းဆီ အရောက်ပြန်ကြပါတယ်။
ဆော်လမွန်ငါးတို့ရဲ့အပြန်လမ်းဟာ ခက်ခဲကြမ်းတမ်းလွန်းလှတာကို CCTVရုပ်မြင်သံကြားရဲ့ တိရစ္ဆာန်ကမ္ဘာ အစီအစဉ်မှာ ရိုက်ကူး တင်ဆက်ခဲ့ဖူးပါတယ်။ အိမ်အပြန်လမ်းမှာ ရေတံခွန်တွေကို ဆန်တက်ရပါတယ်။ ရေတံခွန်ဘေးမှာက ဝက်ဝံတွေအုပ်စုလိုက် စောင့်နေကြပါတယ်။ ရေတံခွန်ကို မဆန်တက်နိုင်တဲ့ ဆော်လမွန်ငါးတွေဟာ ဝက်ဝံညိုတွေရဲ့အစာ ဖြစ်ရပါတယ်။ ရေတံခွန်ကို ဖြတ်ကျော်နိုင်တဲ့ ငါးတွေက လက်ပန်းကျနေခဲ့ပေမယ့် လင်းယုန်ငှက်တွေရဲ့ ဖမ်းဆီးတာကို ရင်ဆိုင်ရပါသေးတယ်။

ကံကောင်းတဲ့ငါးလောက်ပဲ ဖမ်းဆီးသတ်ဖြတ်တာကို ရှောင်နိုင်ခဲ့ပါတယ်။ သိုလောင်ထားတဲ့ အင်အားနဲ့အဆီတွေ ကုန်ခမ်းသွားမှ ဆော်လမွန်ငါးတွေဟာ ကိုယ့်နေရပ်ဆီ ပြန်ရောက်ကြပြီး သူတို့တစ်သက်မှာ အရေးပါဆုံးဖြစ်တဲ့ မိတ်လိုက်၊ ဥ, ဥတဲ့ကိစ္စကို လုပ်ဆောင်ကြပါတယ်။ အဲဒီနောက် သူတို့မွေးရပ်ဌာနေမှာပဲ အေးအေးချမ်းချမ်း သေဆုံးသွားကြပါတယ်။ နောက်တစ်နှစ် နွေဦးရာသီမှာ ဆော်လမွန်ငါးလောင်းလေးတွေ ပေါက်ဖွား လာကြပါတယ်။ အဲဒီနောက် မြစ်ချောင်းတစ်လျှောက် စီးမျောလိုက်ပါပြီး သူတို့ရဲ့ရှေ့မျိုးဆက်အတိုင်း ခက်ခဲကြမ်းတမ်းတဲ့ဘဝလမ်းကို စတင်ကြပါတယ်။ ဆော်လမွန်ငါးဟာ မွေးရပ်ဇာတိကို မြတ်နိုးတွယ်တာတဲ့ငါးဖြစ်ပါတယ်။

ဒီလောကမှာ အနည်းဆုံး ငါးသုံးကောင်က ကျွန်မတို့ကို သက်ဝင်ခံစားနေစေခဲ့ပါပြီ။

ပထမငါးတစ်ကောင်က မိဘဖြစ်ပြီး ကျွန်မတို့ကိုဘဝပေးခဲ့သူဖြစ်တယ်။ သူတို့ကိုခွဲခွာပြီး အဝေးကိုထွက်သွားမယ့်ကျွန်မတို့ကို မျက်စိတစ်ဆုံးနဲ့ သူတို့ပို့ဆောင်နှုတ်ဆက်ခဲ့ပါတယ်။ နောင်တမရှိ၊ မျှော်လင့်ချက်တစ်စုံတစ်ရာမထားဘဲ သူတို့ပေးဆပ်နိုင်သလောက် ပေးဆပ်နေခဲ့ပါတယ်။

နောက်ငါးတစ်ကောင်က သားသမီးတွေဖြစ်ပါတယ်။ ဝမ်းကကျွတ်တာနဲ့ ကျွန်မတို့ရဲ့သွေးသားတော်စပ်သူဖြစ်ခဲ့ပါတယ်။ အဲဒီကစ အိုမင်းတဲ့အထိ အတူတကွနေထိုင်အဖော်ပြုသွားမယ်လို့ ယုံကြည်ခဲ့ပါတယ်။

နောက်တစ်ကောင်က မွေးရပ်ဇာတိဖြစ်ပါတယ်။ ဘယ်လောက်ပဲ အဝေးကိုရောက်ရောက်၊ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အိမ်အပြန်လမ်းဆိုတဲ့ လမ်းမပေါ်ဆီ ကျွန်မတို့
လျှောက်လှမ်းကြရမှာပါ။

ကျွန်မတို့က အထီးကျန်တဲ့ငါးတစ်အုပ်ပါ။ ဒီကမ္ဘာလောကထဲ မတော်တဆ ကူးခတ်ရောက်ရှိလာခဲ့ကြပါတယ်။ အဲဒီနောက် ဒီလောကထဲခိုလှုံနေထိုင်ရင်း ကျွန်မတို့ဘဝရဲ့ငါးသုံးကောင်ကို မြတ်နိုးတွယ်တာချစ်ခင်နေခဲ့ကြပါတယ်။

ဖိုးသူတော်


Copu from - (www.phothutaw.com)
Credit: 99 Sanay

ကုန်ကျစရိတ်အလွန်နဲ့ပြီး "အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံး ပိန်နည်း" တဲ့ဗျာ....


ဝတဲ့သူတွေအတွက် အလွယ်ကူဆုံး ပိန်စေတဲ့ ရိုးရှင်းတဲ့နည်းလေး တနည်းထဲဖော်ပြပေးပါ့မယ်
ခုဆို ဂျပန်မှာ ငှက်ပျောသီးဝယ်ယူ ရရှိနိုင်ဘို့ မနက်စောစောဈေးပြေးနေရပြီ ဆိုပဲ...

အရင်က လုံးဝ မထင်ရှားသာမာန် ငှက်ပျောသီးဟာ ခုချိန်မှာ ပိန်ရေးအတွက် အရမ်းကို အသုံးဝင်နေတယ်ဆိုတာ သိလာကြပြီးနောက်ပိုင်း... ငှက်ပျောသီးတင်သွင်းတဲ့ကုန်သည်တွေကလဲ... တင်သွင်းလို့ မလောက်နိုင်လောက်အောင် ဈေးကွက်က အရမ်းတောင်းဆိုလာကြတယ်တဲ့...

 Hitoshi Watanabe ဆိုသူ အသက် ၃၁ နှစ်ရှိပြီ ဖြစ်တဲ့ ဘွဲ့ရအလုပ်လက်မဲ့လူငယ် တယောက်ဟာ ဒီနည်းဟာ အကောင်းဆုံးဆိုတာ ကို ၂၀၀၆ ခုနှစ်မှာ တွေ့ရှိခဲ့ တယ်တဲ့... သူ့ကောင်မလေး Sumiko ဆိုတဲ့မိန်းကလေးက ဆေးဆိုင်မှာ ဆေးရောင်းတဲ့ အလုပ်လုပ်ရင်း... တရုတ် တိုင်းရင်ဆေး ပညာ သင်ကြားခဲ့ရတာကတော့... ဘာဖိအားမှ ပေးစရာမလိုတဲ့ အရိုးရှင်းဆုံးပိန်နည်းကတော့ မနက်စောစောမှာ ငှက်ပျောသီးစားပြီး ရိုးရိုးရေတခွက်သောက်လို့ရှိရင် ဇီဝချေဖျက်နုန်း အလွန်မြင့်မားပြီး... နေ့လည်စာနဲ့ ညစာ ဘယ်လောက်စားစား..... ပိန်နိုင်ပါတယ်လို့ဆိုပါတယ်....

 သူ့ကောင်မလေးပြောတဲ့အတိုင်း စားလိုက်တာ ၆လအတွင်းမှာ ၁၃ ကီလိုဂရမ်တောင်ကျတယ် လို့ဆိုပါတယ်...အဲတာ နဲ့ သူကောင်မလေးSumiko ကိုလက်ထပ်ပြီး ဒီဖြစ်ရပ်ကို MY SPACE ဂျပန်ဗားရှင်း MIXI မှာ ပို့စ်တင်ထားတယ် လို့ဆိုပါတယ်...

 ဒီဇာတ်လမ်းလေးဟာ ပထမဆုံး Banana Diet Story အဖြစ်နဲ့ ထင်ရှားကျော်ကြား ခဲ့ပြီး စာအုပ်တောင် ထုပ်ခဲ့ရတယ်... အုပ်ရေ ၆ သိန်းတောင်ရောင်းခဲ့ရပါတယ်..

 ဒီအကြောင်းပိုမို လူသိများလာရခြင်းအကြောင်းကတော့... တိုကျို အသံလွှင့်ဌာနက ထုပ်လွှင့်တဲ့ အော်ပရာ အဆိုတော်ဟောင်းကြီးKumiko Mori ကလည်း ငှက်ပျောသီး တန်ခိုးနဲ့ ၇ ကီလိုတောင်ကျတယ် ဆိုတဲ့အကြောင်း ထုတ်လွှင့်ပြသခဲ့တာလဲပါပါတယ်....

တခြားနည်းတွေနဲ့ ပိန်အောင် ပြုလုပ်ပေးသူတွေ မျက်ခုံးတောင်ပင့်သွားစေလောက်အောင် လွယ်ကူ မြန်ဆန် ပါတယ်တဲ့..... အစားလဲရှောင်စရာမလိုဘူး... အချိန်မှန်လဲ စားစရာမလိုဘူး.... ညဆို မစားပဲလဲနေစရာမလိုဘူး.... ဘာလေ့ကျင့်ခန်းမှလဲ လုပ်စရာမလိုပဲ မပင်ပန်းပဲ လွယ်လွန်းလို့ပါတဲ့....

ကဲကဲ... တို့ဆီမှာ အပေါများဆုံးကလဲ ငှက်ပျောသီး... ဘယ်နားသွားသွားရှိတယ်...ငှက်ပျောသီးစားပြီးရင် ရိုးရိုးရေလေးလဲသောက်ဖို့ မမေ့နဲ့နော်....

(ဇေယျာဟိဏ်း)

ဟောင်ကောင်မှာ ကျောင်းသား သပိတ် စတင်


ဟောင်ကောင်မှာ ထောင်သောင်း ချီတဲ့ တက္ကသိုလ် ကျောင်းသားတွေဟာ Chinese University ရဲ့ ပရဝုဏ် ထဲမှာ စုရုံးပြီး လာမယ့် ရွေးကောက်ပွဲမှာ တရုတ် အစိုးရက စိတ်ကြိုက် ရွေးထားတဲ့ ကိုယ်စားလှယ်တွေ ယှဉ်ပြိုင်နိုင်ရေး အစီအစဉ်ကို ကန့်ကွက်တဲ့ အနေနဲ့ တပတ်ကြာ ကန့်ကွက် ဆန္ဒပြမှုကို စတင် လိုက်ကြပါတယ်။

 ကျောင်းသား အများစုဟာ အဓိပ္ပာယ် ပြည့်ဝတဲ့ ဒီမိုကရေစီ ရအောင် စွမ်းဆောင် ရယူမယ် ဆိုတဲ့ အမှတ် သင်္ကေတ အဖြစ် အဝါရောင် ဖဲပြားတွ ဆင်မြန်းကြပြီး တက္ကသိုလ် ဝင်းထဲကို စုရုံး ဝင်ရောက် ခဲ့ကြပါတယ်။
ပညာရေး ဝန်ထမ်းတွေနဲ့ ပညာရှင် ၄၀၀ နီးပါး ကလည်း ဒီကျောင်းသားတွေကို ထောက်ခံ အားပေးကြပါတယ်။

၂၀၁၇ ခု ရွေးကောက်ပွဲမှာ ဘေဂျင်း အစိုးရက လိုလားတဲ့ လက်တဆုပ်စာ ကိုယ်စားလှယ် တွေပဲ နေရာ ရစေမယ့် ရွေးကောက်ပွဲ စည်းမျဉ်းသစ် အပေါ် မှာ မကျေနပ်လို့ ခုလို ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ဒီ ဆန္ဒပြပွဲဟာ တရားတဲ့ စည်းမျဉ်းကို ပြည်သူတွေက အာခံတဲ့ ပထမ ခြေလှမ်း အဖြစ် ရည်ရွယ်တာ ဖြစ်ပါတယ်။

ဘီဘီစီသတင်း

ငြိမ်းချမ်းရေးနေ့တွင် အစိုးရထံ ပြည်သူများက အချက်ငါးချက် တောင်းဆို


22 Sept 2014 

 ပင်လုံစိတ်ဓာတ်ကို အခြေခံသည့် အင်အားစု အားလုံးပါဝင်သော နိုင်ငံရေးေ ဆွးနွေးပွဲများ မဖြစ်မနေ ကျင်းပရန်နှင့် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ၊ အကြမ်းဖက်မှုများ မပေါ်ပေါက်စေရန် အစိုးရအနေဖြင့် တာဝန်ယူမှုရှိစွာ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အပါအ၀င် အချက်ငါးချက်ကို အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများက အပြည်ပြည်ဆိုင်ရာငြိမ်း ချမ်းရေးနေ့တွင် ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်သည်။

ပြည်တွင်းစစ် ဖြစ်ပွားနေခဲ့သည်မှာ နှစ်ပေါင်းခြောက်ဆယ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး မကြာသေးမီကလည်း လူမျိုးရေး၊ ဘာသာရေးကိုအခြေခံသည့် ပဋိပက္ခများ၊ အကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့၍ ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်များ ထိခိုက်ဆုံးရှုံး ကာ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုများကင်းမဲ့ခဲ့ရသည်။ ယင်း အတွက်ကြောင့် ငြိမ်းချမ်းရေးကို လိုလားသော လူငယ်များ၊ ကျောင်းသားအဖွဲ့အစည်းများ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများက အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့

တပ်ပိုင်းဆိုင်ရာ နားလည်မူမရှိရင် အပစ်ရပ်ရေး မသေချာဘူး ( နိုင်ဟံသာ )

အသံဖိုင်နားဆင်ရန်....

22 September 2014

 တပ်ပိုင်းဆိုင်ရာကိစ္စတွေနားလည်မူမရှိရင် အပစ်အခတ်ရပ်စဲရေးမသေချာဘူးလို့ အစိုးရနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ခေါင်းဆောင် နိုင်ဟံသာက ဒီဗွီဘီကို ပြောကြားလိုက်ပါတယ်။

အစိုးရနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့ရဲ့ ၆ ကြိမ်မြောက် အပစ်ရပ် ဆွေးနွေးပွဲကို ဒီကနေ့ ရန်ကုန်မြို့၊ မြန်မာငြိမ်းချမ်းရေး စင်တာမှာ စတင်ကျင်းပနေပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲရလဒ်နဲ့ ပတ်သက်ပြီး ဒီဗွီဘီသတင်းထောက် မျိုးဇော်လင်း၊ ထွန်းထွန်းသိန်းနဲ့ အောင်ကျော်ဇောတို့က ဆွေးနွေးပွဲအပြီးမှာ အန်စီစီတီခေါင်းဆောင် နိုင်ဟံသာကို တွေ့ဆုံမေးမြန်းထားပါတယ်။



 by DVB

NCCT နှင့် အစိုးရတို့ ၏(၅)ရက်တိုင် ပြုလုပ်မည် အစည်းဝေးစတင်

အစိုးရနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT ) တို့ရဲ့ ၆ ကြိမ်မြောက် ၅ ရက်တိုင်တိုင်ပြုလုပ်မယ့် တတိယမူကြမ်း အပစ်ရပ် ညှိနှိုင်းအ စည်းအဝေးပွဲ ဆွေးနွေးပွဲကို ရန်ကုန်မြို့၊ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီကနေ့ စတင်ကျင်းပနေပါတယ်။(DVB)

Monday, September 22, 2014

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အတွက် လမ်းလျှောက်ဆန္ဒထုတ်ဖော်သူ အထိန်းသိမ်းခံရ



 နေပြည်တော်ကောင်စီ ပျဉ်းမနားမြို့တွင် လက်ရှိနိုင်ငံရေးအကျပ်အတည်များကို လေးပွင့်ဆိုင် တွေ့ဆုံဖြေရှင်းပေးရန် ABDDF တပ်ရင်း ၂၀၇ ရဲဘော်ဟောင်း ကိုဇော်မြင့်(ခ) ဇော်ကြီး က အပြည်ပြည်ဆိုင်ရာငြိမ်ချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် လမ်းလျှောက်ကာ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။ ဆန္ဒပြချိန် ၁၅ မိနစ် ဝန်းကျင်အတွင်း ပျဉ်းမနားမြို့မရဲစခန်းက တာဝန်ရှိသူများက ခွင့်ပြုချက်မရရှိဘဲ ဆန္ဒထုတ်ဖော်ခဲ့သည်အတွက် ထိန်းသိမ်းသွားသည်။

အဆိုပါရဲစခန်းက မည်သည့်ပုဒ်မဖြင့် အရေးယူမည်ကို လက်တစ်လော ထုတ်ပြန်ပေးနိုင်ခြင်းမရှိပေ။ ဆန္ဒဖော်ထုတ်မှုကို ဗိုတောက်ခင်လမ်း Rain လက်ဖက်ရည်ဆိုင်ရှေ့မှ စတင်လမ်းလျှောက်ခဲ့ပြီး ရွှေချည်နှစ်လမ်းအတိုင်း လမ်းလျှောက်စဉ် ထိန်းသိမ်းခြင်းခံခဲ့ရခြင်းဖြစ်သည်။

by Mizzima

Sunday, September 21, 2014

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ မြန်မာ့တပ်မတော်နှင့် TNLA တပ်မတော်တိုက်ပွဲဖြစ်

တရုတ်နယ်စပ်နမ့်ခမ်း တွင် မြန်မာ့တပ်မတော်နှင့် TNLA တပ်မတော်တိုက်ပွဲဖြစ်
 
၂၁ ရက် စက်တင်ဘာလ ၂၀၁၄ ခုနှစ်။


နမ့်ခမ်းမြို့နှင့် ၃ မိုင်ခန့်အကွာအဝေးတွင် TNLA တပ်မတော် တပ်ရင်း (၁၁၂)နှင့် မြန်မာ့တပ်မတော် တပ်မ (၈၈)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာမှာ မန်စပ်-အွယ်လောရွာအနီးဖြစ်ပြီး ယနေ့ ညနေပိုင်း ၃း၁၅ မှ ၃း၃၀ အထိ ၁၅ မိနစ် ကျော်ခန့်ဖြစ်ပွားခဲ့သည်။ TNLA တပ်မတော်ဘက်တွင် ထိခိုက်မှု မရှိပါ၊ မြန်မာ့တပ်မတော်ဘက် ထိခိုက်ကျဆုံး မှုမသိရသေးပါ။

မြန်မာ့တပ်မတော်သည် တိုက်ပွဲဖြစ်ပွားသည့်နေရာမှ ပြန်လည်ဆုတ်ခွာခြင်း မရှိသေးသည့်အတွက် ဆက်လက်ပြီး တိုက်ပွဲဖြစ်ပွားနိုင်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၉ ၄၇၀၉၇၇၇၂၊ ၀၆၉၂ ၆၂၂၄၈၅

Saturday, September 20, 2014

မြ၀တီမြို့ကပစ်ခတ်မှု DKBA ဗျူ ဟာမှူးဗိုလ်မှူးကြီးဆန်းအောင်ရဲ့ တုန့်ပြန်ပြောဆိုချက်


19 Sep 2014

ဒီနေ့မနက် ၂ နာရီက မြဝတီမြို့ ကြံခင်းလမ်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ ဒီကေဘီအေ တပ်ရင်း ၉၁၀ က ဗိုလ် တဦးသေဆုံးပြီး တပ်ဖွဲ့ဝင်တဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။

မြဝတီမြို့ခံတဦး ပြောတာကတော့ "ဒီကေဘီအေဗိုလ်ဟာ အရက်မူးပြီး မြို့ထဲမှာ ကားသုံးစီး ကိုတိုက်ပြီး မောင်းပြေးခဲ့ပါတယ်။ အဲ့လိုမောင်းသွားရင်း လှည့်ကင်းထွက်တဲ့ စစ်တပ်၊ ဘီဂျီအက်ဖ်၊ ပြည်သူ့စစ် ပူးပေါင်း အဖွဲ့ရဲ့ ကားကိုတိုက်ပြီး ထွက်ပြေးမယ်လုပ်လို့ ပူးပေါင်းအဖွဲ့က ပစ်ခတ်ဖမ်းဆီးရာမှာ တဦးသေ၊ တဦးဒဏ်ရာ ရရှိပြီး မြဝတီဆေးရုံ အရေးပေါ်ဌာနမှာ ဆေးကုသမှုခံယူနေတယ်" လို့ ပြောပါတယ်။

ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဒီကေဘီအေ ဗျူဟာမှူး ဗိုလ်မှူးကြီးစောဆန်းအောင်က အခုလိုတုန့်ပြန်ပြောဆိုခဲ့ပါ တယ်။

"ကျနော်တို့တပ်ဖွဲ့ဝင် ညကသေဆုံးရတဲ့ကိစ္စကို တာဝန်ရှိသူတွေ အမြန်ဆုံးဖြေရှင်းပေးရမယ်။ ကျနော်တို့ဘက်ကမှားပေမဲ့ အဲလိုပစ်သတ်ပိုင်ခွင့်မရှိဘူး။ အခုဟာက အုပ်စုဖွဲ့ပြီး အပစ်ခံရတာဖြစ်တယ်။ လက်ရှိအခြေအနေက အောက်ခြေတပ်ဖွဲ့ဝင်တွေကို ထိန်းချုပ်ဘို့ခက်နေတယ်။ အကောင်းဆုံးကတော့ ကျနော်တို့လူကိုပစ်သတ်တဲ့လူကို ဒီကေဘီအေလက်ထဲအပ်ရမှာဖြစ်တယ်။ အဲလိုမှမဟုတ်ရင် ဆိုးကျိုးတွေဘဲဆက်ဖြစ်လာမယ်

"အရင်ကမြိုင်ကြီးငူမှာ BGF တပ်ဖွဲ့ဝင်တဦးကို ဒီကေဘီအေတပ်ဖွဲ့ဝင်တဦးက ပစ်သတ်တဲ့အတွက် အဲဒီရဲဘော်ကို သူတို့ဆီကျနော်တို့လွှဲပေးလိုက်တယ်။ အခုကိစ္စမှာလည်း အဲဒီလူကို ဒီကေဘီအေဆီ လွှဲပေးရမှာဖြစ်တယ်။ "အခုဖြစ်တာက သူတို့ဘက်က ပစ်သတ်တာဖြစ်တယ်။ ကျနော်တို့လူတွေ သူတို့ကိုလုံးဝမပစ်ဘူး။ အမှားရှိတဲ့လူကို ဒီလိုဘဲ ပစ်သတ်ရလား။ ဒီပစ်မိန့်ကို တပ်ရင်း (၂၇၅)က

ရွှေဝါရောင်ကာလတွင် ကျူးလွန်ခဲ့သူများ ၀န်ခံရန် ဦးမင်းကိုနိုင်ပြော

ဓာတ်ပုံ − နစ်ကီ

 ရွှေဝါရောင်တော်လှန်ရေးကာလတွင် ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် တာဝန်ရှိသူများကိုယ်တိုင် ၀န်ခံရန်လိုအပ်ပြီး သမိုင်းတွင် အမှန်တရားကျန်ခဲ့မည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က ပြောကြားလိုက်သည်။

‘‘ခံခဲ့ရတဲ့ သူတွေဘက်က နိုင်ငံရေးအကျဉ်းသားဖြစ်စေ၊ သံဃာတော်တွေဖြစ်စေ ခွင့်လွှတ်နိုင်လားမေးတာ အဆင့်ကျော်နေပါတယ်။ ကာယကံရှင်တွေက ၀န်ခံဖို့၊ ပြီးတော့ ၀န်ချတောင်းပန်ဖို့ လိုပါတယ်။

သမိုင်းမှာ အာဏာရှိတိုင်းလည်း ပြီးလို့မရပါဘူး’’ဟု စက်တင်ဘာ ၁၈ ရက်က ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေးနေ့ အခမ်းအနားတွင် ဦးမင်းကိုနိုင်ကပြောကြားခဲ့သည်။

ကျောင်းဝင်းများထဲသို့ လက်နက်များဖြင့် အဓမ္မ ၀င်ရောက်စီးနင်းခြင်း၊ ဗုဒ္ဓဆင်းတုတော်များ ဖျက်ဆီးခံရခြင်း၊ လက်နက်မရှိသော သံဃာတော်များကို အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်းများကို မေ့မရသော်လည်း ပြုခဲ့သူများနှင့် အပြုခံရသူများ နောက်နောင်ထိုကဲ့သို့ အဖြစ်မျိုး ထပ်မံမဖြစ်ပွားစေရန်နှင့်

ယနေ့နံနက် မြ၀တီတွင် ပစ်ခတ်မှုဖြစ် DKBA တဦးသေ တဦးဒဏ်ရာ ပြင်းထန်


ယနေ့နံနက် ၂ နာရီခန့်က မြ၀တီမြို့ ကြံခင်းလမ်းတွင် မြန်မာစစ်တပ်နှင့် DKBA ပစ်ခတ်မှုဖြစ်ပွားရာ DKBA တပ်ရင်း (၉၁၀)မှ ဗိုလ်လင်းနိုင် သေဆုံးပြီး ကျန်တဦး ဒဏ်ရာမင်းထန်စွာရရှိပြီး မြ၀တီဆေးရုံ အရေးပေါ်ဌာနတွင် ရောက်ရှိနေသည်ဟု DKBA တပ်မှူးတဦးကပြောသည်။

ပစ်ခတ်မှုကို အသေးစိပ် စုံစမ်းမှုများပြုလုပ်နေပြီး လုံးဝလက်မခံနိုင်သည့် ဖြစ်ရပ် ဖြစ်သည်ဟု DKBA တပ်မှူးကြီးတဦးက ပြောပြီး မြန်မာအာဏာပိုင်များ ယခုဖြစ်ရပ်ကို ဖြေရှင်းပေးရမည်ဟုဆိုသည်။

ကြံခင်းလမ်းတွင် နေထိုင်သူတဦးက"ဖြစ်တာဟုတ်တယ် ဒီကေဘီအေနဲ့ နယ်ခြားစောင့်တပ်ပြည်သူ့စစ် ပူးပေါင်းအဖွဲ့လို့ကြားတယ်"ဟုပြောသည်။မြ၀တီတွင် နှစ်ရက်ဆက်တိုက် ချိန်ကိုက်မိုင်းတွေ့ရှိပြီးနောက် အာဏာပိုင်များက လုံခြုံရေးကို တိုးမြှင့်ထားသည်ဟု ခရိုင်အဆင့်တာဝန်ရှိသူတဦးက ယမန်နေ့က

Friday, September 19, 2014

ကျပ် (၅,၀၀၀)တန် အသစ်ထုတ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နေပြည်တော် (၂၀၁၄၊၉၊ ၁၈)ရက်နေ့သတင်းကြေညာချက်


မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံတော်၏ ဈေးကွက်စီးပွားရေးအနစ် ပီပြင်စွာဖြစ်ပေါ်လာရေးနှင့် ငွေရေးကြေးရေး စနစ်ခေတ်မီ၊ ခိုင်မာတိုးတက်လာစေရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာ အဆင့်မီ အဆင့်မြင့်လုံခြုံမှုအဆင့်တန်းရှိသော ငွေစက္ကူ များကို ထုတ်ဝေခဲ့ပါသည်။

  မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ထုတ်ဝေခဲ့သော ငါးထောင်ကျပ်တန် ငွေစက္ကူ ၏ တရားဝင်လှည့်လည် သုံးစွဲငွေအဖြစ် တည်ရှိနေမှုကို မထိခိုက်စေဘဲ ယင်းငွေစက္ကူ ၏ လုံခြုံမှုအဆင့်အတန်း ပိုမိုမြင့်မားစေ၍ အရည်အသွေး ပိုမိုကောင်းမွန်စေရန်၊ အသုံးပြုနိုင်မှု သက်တမ်း ပိုမိုရှည်ကြာစေရန်နှင့် အတုအပပြုလုပ်ခြင်းမှ ကာကွယ်ရန် အလို့ငှာ လုံခြုံရေးကြိုး ပုံစံသစ်၊ ရေစာသစ်နှင့် ငွေစက္ကူ ၏ မျက်နှာပြင်နှစ်ဘက်ကို ဗားနစ် (Varnish) အလွှာဖြင့် ဖုံးအုပ်ကာကွယ်ထားသည့် ငါးထောင်ကျပ်တန် ငွေစက္ကူကို ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ထုတ်ဝေမည် ဖြစ်ပါသည်။

မူလက ငါးထောင်တန် ငွေစက္ကူ ၏ မျက်နှာစာတွင် ဒေါင်လိုက်ထည့်သွင်းထားသော အကန့်လိုက် ဆစ်ပိုင်းပြီး မြှုပ်နှံထားသည့် လုံခြုံရေးကြိုးအစား အရောင်ပြောင်းလဲနိုင်သည့် လုံခြုံရေးကြိုးအသစ်ကို အကန့်လိုက် အဆစ်ပိုင်းပြီး ပြောင်းလဲထည့်သွင်းထားပါသည်။ ၎င်းလုံခြုံရေးကြိုးအသစ်သည် ယခင်လုံခြုံရေးကြိုးထက် အရွယ်အစား ပိုမိုကြီး၍ အရောင်လည်းပြောင်းလဲနိုင်ပြီး ငွေစက္ကူ ကို ကြည့်သည့် အနေအထားပေါ်မူတည်၍ လုံခြုံရေးကြိုး၏ အရောင်သည် ရွှေဝါရောင်မှ အစိမ်းရောင်သို့ ပြောင်းလဲနိုင်ပါသည်။ ငါးထောင်ကျပ်တန် ငွေစက္ကူ ၏ မျက်နှာစာဖက်၊ လက်ယာဘက်ပိုင်းတွင် ပုံစံအသစ်ဖြင့် ပြုလုပ်ထားသည့် ဆင်ဖြူ တော်ပုံ ရေစာပါရှိပြီး ငွေစက္ကူကို အလင်းရောင်တွင် ကြည့်ပါက ရေစာကို တွေ့နိုင်ပါသည်။ ငွေစက္ကူ ကို ဖုံးအုပ်ကာကွယ်ထားသည့် ဗားနစ် (Varnish) အလွှာသည် ပြင်ပမှ ရေခိုးရေငွေ့များ၊ အရည်များနှင့် အရောင်စွန်းထင်းနိုင်သည့် အရာများကြောင့် ငွေစက္ကူ ၏ အရည်အသွေး နိမ့်ကျ၍ ငွေစက္ကူ ပျက်စီးခြင်းကို ကာကွယ်စေသဖြင့် ငွေစက္ကူ ၏ အသုံးပြုမှု သက်တမ်းကို ပိုမို

အစိုးရတပ်နှင့် ကေအင်န်ယူကြား တိုက်ပွဲများပြန်ဖြစ်




18 September 2014
ကရင်ပြည်နယ် ဖာပွန် မြို့နယ်တွင် အစိုးရတပ်နှင့် ကရင် အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၅ တို့ကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်က ဖာပွန်အမှတ်(၁) အခြေ ချစစ်ဗျူဟာမှ ခလရ(၁၉) နှင့် ကေအင်န်ယူ တပ်မဟာ(၅) လက် အောက်တပ်ရင်း(ခ) တို့အကြား ထိတွေ့မှုပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ညောင်လေးပင်နှင့် တောင်ငူ မြို့နယ်မှ လာရောက်နေထိုင် သူများရှိသည့် ဒုက္ခသည်စခန်း အနီးသို့ အစိုးရတပ်မှ ၀င် ရောက်လာခြင်းကြောင့် ထိတွေ့ မှု ပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ် ကြောင်း ကရင်အမျိုးသားအ စည်းအရုံးမှ အထွေထွေအတွင်း ရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။

‘‘သတ်မှတ်ထားတဲ့ နေရာ ကို ကျော်ဝင်လာလို့ ဖြစ်တာပါ’’ ဟု ၎င်းကဆိုသည်။

ကရင်အမျိုးသားအစည်းအ ရုံးသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီအတွင်း အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေးထိုးခဲ့သည်။

ထိုသို့ လက်မှတ်ရေးထိုး ထားသော်လည်း ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက တပ်မဟာ ၅ နယ်မြေအတွင်း အစိုးရနှင့် ကေအင်န်ယူ တိုက်ပွဲဖြစ်ပွားခဲ့ သေးသည်။

Copy from - 7day

Thursday, September 18, 2014

မြန်မာစစ်တပ်ရာဇသံ ကရင်တက်ဖွဲ့လက်မခံ

KNU/KNLA . PC ကရင်ငြိမ်းချမ်းရေးကောင်စီနဲ့ကလို့ထူးဘောကရင်အစည်းအရုံး KKO အဖွဲ့တွေကို မြ၀တီအခြေစိုက် ရှေ့တန်းအမှတ်(၂၇၅) ခြေလျင်တပ်ရင်းမှူးကနေ ဒီလ ၁၄ ရက်နေ့စွဲနဲ့တားမြစ်သတိပေးစာပေးပို့ခဲ့တာကို ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့က လက်မခံတဲ့အကြောင်း ဒီနေ့ရက်စွဲနဲ့ ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။

အလားတူကြေညာချက်ကို မကြာမီထုတ်ပြန်သွားမယ်လို့လည်း ကလို့ထူးဘောကရင်အစည်းအရုံး KKO အဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီကြေညာချက်ကို ပြည်တွင်းပြည်ပက သတင်းဌာနတွေကို ကရင်ငြိမ်းချမ်းရေးကောင်စီက ဗိုလ်မှူးကြီးတိုက်ဂါးက ဒီနေ့ရက်စွဲနဲ့ပေးပို့ခဲ့တာပါ။

သူက" ဒီကိစ္စကိုလက်မခံနိုင်တဲ့အတွက် မီဒီယာကနေတဆင့် နိုင်ငံတကာက သိရှိနိုင်ဘို့အတွက် ထုတ်ပြန်ရတာဖြစ်တယ်"ဆိုပြီး ကရင်အမျိုးသား(မီဒီယာ)ကို ဒီနေ့မွန်းလွှဲပိုင်းမှာ ပြောဆိုခဲ့ပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)


Wednesday, September 17, 2014

မြန်မာစစ်တပ်ရာဇသံ


ကိုရီးယားလူမျိုးတွေ မွှေးခဲ့တဲ့မီးကြောင့် ရဲတပ်ဖွဲ.၀င်တွေရိုက်နှက်တာခံလိုက်ရတာကတော့ လစာ၊နစ်နာကြေး မရကြတဲ့ မြန်မာအလုပ်သမလေးတွေပါ


 လှိုင်သာယာ စက်မှုဇုန် (၃) ရှိ မာစတာစပေါ့စ် အားကစားဖိနပ်စက်ရုံတွင်စက်တင်ဘာ
၁၆ရက် ညပိုင်းက အလုပ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များရုန်းရင်းဆန်ခတ် ဖြစ်ပွား
ခဲ့ကြောင်း သတင်းရရှိသည်။


မာစတာစပေါ့စက်ရုံ အလုပ်သမားများသည် ဇွန်လလစာနှင့်တရားမဝင်စက်ရုံပိတ်သိမ်း
ခဲ့သည့်အတွက် နစ်နာကြေးရရှိရန် ဇူလိုင်လ၁၇ ရက်နေ့က ကိုးရီးယားသံရုံးအရှေ့ထိ
ဆန္ဒထုတ်ဖော်ခဲ့ဖူးသည်။


အဆိုပါစက်ရုံပိုင်ရှင်ဖြစ်သူ ကိုရီးယာနိုင်ငံသို့ ပြန်သွားပြီးနောက်ပိုင်းစက်ရုံပစ္စည်းများ
ကို လေလံတင်ရောင်းချပြီး အလုပ်သမားများ ရစရာရှိသည့်နစ်နာကြေးများ ခွဲဝေပေး
မည်ဟု သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားသည်။ကနဦး သတင်းများအရ စက်ရုံ
တွင်း ပစ္စည်းများကို လာယူသည့်တာဝန်ရှိသူများကို စက်ရုံအလုပ်သမားများက ပိတ်ဆို့
ထားရာမှတစ်ဆင့်ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ အပြန်အလှန် ရိုက်နှက်မှုများ ဖြစ်ပွား
ခဲ့ကြပြီးညဆယ်နာရီခန့်တွင် လူစုကွဲသွားကြောင်း သိရသည်။

အဆိုပါ ရဲတပ်ဖွဲ.၀င်များ၏ ရိုက်နက်မှုကြောင့် လစာ၊နစ်နာကြေးမရကြတဲ့ မြန်မာလူမျိုး
အလုပ်သမလေး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း သတင်းရရှိပါသည်။

သတင်း- Aung Aung Kyaw.
ဓါတ်ပုံ- ကိုသော်ဇင်စိုး

Tuesday, September 16, 2014

KIO,ပညာရေးဌာန မှ ကိုယ်ပိုင် တက္ကသိုလ် ဖွင့်မည်

(ဓါတ်ပုံ- မိုင်ဂျာယာန် အထက်တန်းကျောင်းပုံ၊ နှင့် ကောလိပ် အတွက် မြေနေရာတိုင်းတာနေစဉ်။)

(Lachid Kachin) KIO,ပညာရေး ဌာန မှ မိုင်ဂျာယာန် မြို့ တွင် ကိုယ်ပိုင် တက္ကသိုလ် ဖွင့်လစ်ရန်အတွက် အဆောက်အဦးများ စတင်ဆောက်လုပ် ပြင် ဆင်နေ ပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

ကချင့် ပညာရေး ကော်မတီ မှ KIA, တပ်မဟာ (၃) ဒေသ ဖြစ်သော မိုင်ဂျာယာန် မြို့ တွင် ကချင် တက္ကသိုလ်၊ ကောလိပ် ကျောင်းသစ် ဆောက်လုပ်ရန်အတွက် မြေနေရာတိုင်းတာ ခြင်း နှင့် ကျောင်းအ ဆောက်အဦးပုံစံ ရေးဆွဲ ခြင်း များ စတင် ဆောင်ရွက် နေ ပြီ ဖြစ် ကြောင်း သိရှိရပါသည်။
လက်ရှိ တွင် မိုင်ဂျာယာန် မြို့ ၌ KIO, ပညာရေး ဌာနမှ ဦးစီးကာ ပရီ ကောလိပ် ကျောင်း ၊ဖယ်ဒရယ် ဥပဒေ ကျောင်း၊ အဆင့်မြင့် အင်္ဂလိပ်စာ အထူးသင်တန်းကျောင်း ၊ဆရာဖြစ်သင် ကျောင်း နှင့် အခြား သောသင်တန်း ကျောင်းများ အား ဖွင့် လစ်သင်ကြား ပေးလျှက်ရှိကြောင်း သိရှိရပါသည်။

Copy from - Lachid Kachin

IS အဖွဲ့ကို ချေမှုန်းရေး နိုင်ငံ ၃၀ ကတိပေး




IS အစ္စလာမ်မ္မစ် နိုင်ငံ အဖွဲ့ကို တိုက်ခိုက်ရာမှာ ပူးပေါင်း ကူညီမယ်လို့ နိုင်ငံပေါင်း ၃၀ က နိုင်ငံခြားရေး ဝန်ကြီးတွေက ကတိပြု လိုက်ပါတယ်။

IS အဖွဲ့ကို တိုက်ဖျက်ဖို့ မဟာဗျူဟာ ချမှတ် နိုင်ရေးအတွက် ပြင်သစ် နိုင်ငံ ပဲရစ် မြို့မှာ ပြုလုပ်တဲ့ နိုင်ငံတကာ ညီလာခံကို အဲဒီ ဝန်ကြီးတွေ တက်ရောက် နေကြတာ ဖြစ်ပါတယ်။

အဲဒီ ညီလာခံ ကြေညာချက်ထဲမှာ သူတို့ အနေနဲ့ စစ်ရေး အကူအညီ အပါအဝင် အီရတ် အတွက် လိုအပ်တဲ့ ဘယ်လို ကူညီမှုမျိုး မဆို အားလုံးကို ထောက်ပံ့ ပေးသွားမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးတွေ ကတိပြု ခဲ့ကြတာ ဖြစ်ပါတယ်။

ခုလို ညီလာခံ တက်လာကြသူ အားလုံးက IS အဖွဲ့ကို တိုက်ခိုက်ဖို့ သဘောတူကြတယ် ဆိုတာကို အားရ ကျေနပ် မိတယ်လို့ ပြင်သစ် နိုင်ငံခြားရေ ဝန်ကြီး Laurent Fabius က ပြောပါတယ်။ IS အဖွဲ့ကို နောက်ဆုတ်သွားအောင် သာမက လုံးဝ ချေမှုန်းနိုင်ဖို့ကိုလည်း အားလုံးက လိုလားတယ်လို့ သူက

Monday, September 15, 2014

အိုင်အက်စ် စစ်သွေးကြွများက ဗြိတိသျှလူမျိုး တဦးကို ခေါင်းဖြတ်သတ်


 ဗြိတိသျလူမျိုး အကူအညီပေးရေး ၀န်ထမ်း ဒေးဗစ် ဟိန်းစ်ကို ခေါင်းဖြတ်သတ်ဖြတ်ပုံရတဲ့ ဗွီဒီယိုတခုကို အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ (အိုင်အက်စ်) စစ်သွေးကြွတွေက စက်တင်ဘာလ ၁၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပြန်ပါတယ်။

အခုနောက်ဆုံး ဗွီဒီယိုနဲ့ပတ်သက်လို့ လူမှုကွန်ယက် မီဒီယာတွေမှာတော့ ပျံ့နှံ့နေပါတယ်။ အရင်ကလည်း အမေရိကန် သတင်းထောက်တွေ ဖြစ်တဲ့ ဂျိမ်းဖော်လေနဲ့ စတီဗင် ဆော့လော့ဖ် တို့ကို ဒီလို ခေါင်းဖြတ်သတ်တာမျိုးကို အိုင်အက် သူပုန်တွေက ဖြန့်ဝေခဲ့ဖူးပါတယ်။

အခု ဗွီဒီိယိုမှာ ပါတဲ့ ဟိန်းစ်ကတော့ စကော့တလန်ပြည်နယ် ပါသ်မြို့က ဖြစ်ပါတယ်။ အသက် ၄၄ နှစ်အ၇ွယ် ဖခင်ဖြစ်ပြီး ကလေးနှစ်ယောက် ရှိပြီး ဆီးရီးယားနိုင်ငံမှာ မနှစ်က ပြင်သစ် အဖွဲ့တဖွဲ့ဖြစ်တဲ့ အက်တစ် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးအေဂျင်စီအတွက် အလုပ်လုပ်နေရင်း အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
.
Credit : DVB

Sunday, September 14, 2014

ဘဝတွေဟာ သေချင်သလို သေနေကြရတယ် .... အစိုးရက ဘာတခုမှ တာဝန်မယူခဲ့ဘူး ....


 လမ်းပေါ်တွင် ဓာတ်လိုက်သေဆုံးသူ နှစ်ဦး၏ နာရေးအတွက် ၈၈မျိုးဆက်မှ ကူညီ
 
စက်တင်ဘာလ ၁၂ ရက်၊ ည ၈း ၁၅ နာရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းမ ( ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံး ရှေ့) ကားမှတ်တိုင်ရှိ ဓာတ်တိုင်တွင် ၀ါယာလျှော့ဖြစ်ပြီး ဓာတ်တိုင်အောက်မှ အမျိုးသမီးတစ်ဦး (မအေးအေးဆင့် ၄၂ နှစ်)နှင့် ကလေးငယ်တစ်ဦး (မဖြူစင်ငြိမ်း (ခေါ်) ပြားအုံ ၁၀နှစ်)တို့ ဓာတ်လိုက်ကွယ်လွန်ခဲ့သည်။


ထိုအချိန်က ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံးတွင် ရှိနေကြသူများ၏ မျက်စေ့ရှေ့မှာပင် ဖြစ်ပျက်သွားသည့် မြင်ကွင်းအတွက် အထူးဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ကြရသည်။


ဓာတ်တိုင်ဝါယာလျှော့ဖြစ်ပွားလျှင်ဖြစ်ပွားချင်း သက်ဆိုင်ရာတာဝန်ရှိသည့် သင်္ဃန်းကျွန်းမြို့နယ် လျှပ်စစ်ဌာနသို့ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံးမှ ဖုန်းဖြင့် အကြောင်းကြားပေးခဲ့ပြီး ယခုဖြစ်စဉ်အတွက် မြို့နယ်လျှပ်စစ်ဌာနတွင် တာဝန်ရှိကြောင်းလည်း

မြ၀တီရောက် ထိုင်းကုန်တင်ကားကြီး (၃ဝ) ကို ကရင်တပ်ဖွဲ့ ပိတ်ဆို့

ပြည်သူဘက်က ရပ်တည်ကူညီပေးတဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ PC ....
ကရင်ပြည်နယ် မြ၀တီမြို့မှာ စနေနေ့မနက်က ဖြစ်ပွားခဲ့တဲ့ ထူးခြားဖြစ်ရပ်တခုနဲ့ မြင်ကွင်း ဓာတ်ပုံတွေကို - ကရင်အမျိုးသား (မီဒီယာ) ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာကနေ ကူးယူ ဖော်ပြပေးလိုက်ပါတယ်]

တရားဝင်ခရီးသွားလက်မှတ်နှင့် မဲဆောက်ဘက်သွားသည့် မြန်မာခရီးသွားများကို ထိုင်းရဲများက နည်းမျိုးစံဖြင့်ဖမ်းဆီးကာ ငွေကြေးတောင်းခံသည့်အတွက် ယနေ့မြ၀တီသို့ဝင်ရောက်လာသည့် ထိုင်းကုန်တင်ကားကြီး အစီး၃၀ ခန့်ကို ကရင်ငြိမ်းချမ်းရေးကောင်စီ PC အဖွဲ့မှ ဗိုလ်မှူးကြီးတိုက်ဂါး ဦးဆောင်သည့်အဖွဲ့က ထွက်ခွာခွင့်မပေးဘဲ ပိတ်ဆို့လိုက်သည့် ဖြစ်ရပ်တခု ယနေ့မြ၀တီမြို့တွင် ဖြစ်ပွားခဲ့သည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်သွားသည့် မြန်မာခရီးသွားများကို နေ့စဉ်နီးပါး ငွေညှစ်နေသည့်အတွက် ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီးတိုက်ဂါးက ကရင်အမျိုးသား (မီဒီယာ)ကိုပြောသည်။
၎င်းက "နေ့တိုင်းပဲ ခံနေရတယ်။ တိုင်းရင်းသားတွေရော ဗမာရော အကုန်ခံနေရတယ်။ ဘယ်သူမှ တားဆီးပေးလို့မရဘူး။ ဒီနည်းလမ်းပဲ ရှိတယ်။ မြန်မာနိုင်ငံသားတွေ ခံနေရတာတွေကို ထိုင်းဘက်က တာဝန်ရှိသူတွေ သိစေချင်တယ်။ အကယ်၍နောက်ထပ်ဖြစ်အုံးမယ် ဆိုရင်တော့ ဒီထက်ကြီးတဲ့ တုန့်ပြန်မှုကို ထပ်လုပ်မယ်" ဟု ဆိုသည်။


နံနက် ၁၁ နာရီကစတင်ခဲ့သည့် ပိတ်ဆို့မှုကို မြ၀တီခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး- မြ၀တီမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးးခင်မောင်ဇော်၊ မဲဆောက်- မြ၀တီမြို့နယ်အဆင့် နယ်ခြားကော်မတီ မြန်မာဘက်ခြမ်းဥက္ကဌ ဒုတိယဗိုလ်မှူးကြီးဝင်းထွန်းတို့က လာရောက် ညှိနှိုင်းဖြေရှင်းပေးခဲ့သဖြင့် ပိတ်ဆို့မှုကို မွန်းလွှဲ ၁ နာရီတွင် ရုပ်သိမ်းလိုက်သည်။


အဆိုပါကိစ္စနှင့် ပတ်သက်၍ မြ၀တီခရိုင်တာဝန်ရှိသူများနှင့် ထိုင်းဘက်ခြမ်း မဲဆောက်အပါအ၀င် တာ့ခ်ခရိုင် တာဝန်ရှိသူများ မနက်ဖြန် မြ၀တီမြို့ တွင် ဆွေးနွေးကြမည်ဖြစ်သည်။


အဆိုပါဖြစ်စဉ်ကြောင့် ဒေသခံမြန်မာစစ်တပ်က လုံခြုံ ရေးအတွက် တပ်ဖွဲ့ဝင်များ နေရာခွဲ၍ ချထားသဖြင့် စားသောက်ဆိုင်အချို့ နှင့် ဈေးဆိုင်များ ပိတ်ထားလိုက်ကြပြီး မလိုလားအပ်သော ဆိုကျိုးများဖြစ်ပေါ်လာမည်ကို စိုးရိမ်မှုများဖြစ်ရသည်ဟု အမှတ် ၄ ရပ်ကွက်မှ လဘက်ရည်ဆိုင်ပိုင်ရှင်တဦးက ဆိုသည်။

ကရင်ငြိမ်းချမ်းရေးကောင်စီ PC မှ ဗိုလ်မှူးကြီးတိုက်ဂါးက မနက်ဖြန်ထိုင်းနှင့်မြန်မာ နှစ်ဘက် တာဝန်ရှိသူများ၏ ဆွေးနွေးမှုများကို စောင့်ကြည့်သွားမည် ဟုလည်း ဆိုသည်။


မနက်ဖြန် မြန်မာနှင့်ထိုင်း တာဝန်ရှိသူများ၏ ဆွေးနွေးပွဲရလဒ်များကို ဆက်လက်ဖော်ပြပေးသွားပါမည်။


ဧရာဝတီ

ကွာလာလမ်ပူ မြန်မာဆိုင်တန်းအော်ပရာစီ ဖမ်းဆီး မြန်မာများစွာဖမ်းခံရ

ဖမ်းဆီးထားသူများကို စစ်ဆေးခြင်း
ဖမ်းဆီးခေါ်ဆောင်သွားသော လဝက မှ ကားများ
ယနေ့ နံနက် ၁၁ နာရီမှ စတင်ပြီး မလေးရှား ကွာလာလမ်ပူ ရှိ မြန်မာဆိုင်တန်းများ တည်ရှိရာ ဂျလန်းစီလန်း ၊ ဂျလန်းလီပို့ပူဒူး ၊ မိုင်ဒင်း (ကေအယ်) ၊ စသော နိုင်ငံခြားသားများ စုစည်းရာ ၊ မြန်မာဆိုင်များ ၊ ဘင်္ဂလားဆိုင်မျာ ၊ နီပေါဆိုင်များသို့ အထူးအော်ပရာစီ ပြုလုပ်ကာ လဝက ၊ အထူးရဲ ၊ ရေးလား ၊ ရဲ ၊ ပြည်သူ့စစ် စသည့်အင်အား ၁၀၀ ကျော်ဖြင့် လာရောက်စစ်ဆေးဖမ်းဆီးသွားခဲ့သည် ။

စားသောက်နေစဉ်ဖမ်းဆီးမှုကြောင့် ကျန်ရစ်ခဲ့သော အိတ်များ
ဖမ်းဆီးသူများသည် မြန်မာဆိုင်များသို့လာရောက် ဝယ်ယူစားသုံးသူများ ကိုသာမက ဆိုင်ရှင် ၊ အလုပ်သမား များကိုပါ ပါမစ်စစ်ဆေးကာ ပါမစ် နှင့်အလုပ်မမှန်ကန်သူ အားလုံးကို စစ်ဆေး မေးမြန်းမရှိ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည် ။ ပတ်စပို့ ၊ ပါမစ် မှန်ကန်သူများကိုမူ စစ်ဆေးရုံစစ်ဆေးပြီး ဖမ်းဆီးမှု မပြုသွားခဲ့ပါ ။ လာရောက် စာသုံးသူများထဲမှ ပါမစ် မှန်ကန်သူ စာအုပ် လက်ဝယ်ရှိသူများကိုလဲဖမ်းဆီး မသွားခဲ့ပါ ။

ပါမစ် ရှိနေစေကာမူ အလုပ်နှင့် ပါမစ် မတူသည့်သူ အားလုံး ယနေ့ဖမ်းဆီးခံရပြီး စုစုပေါင်း ၁၀၀ ကျော်ခန့် ကား ၃ စီးဖြင့် ဖမ်းဆီးသွားခဲ့သည် ။ UN ကဒ် ကိုင်ဆောင်ထားသူများကိုပါ ယနေ့စစ်ဆေးရန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပြီး ယခုထိုသူများ ဂျလန်းဒူတ လဝက ရုံးသို့ရောက်ရှိ ဖမ်းဆီးခံထားရကြောင်း