Sunday, August 31, 2014

UNFC အဖွဲ့မှ KNU နှုတ်ထွက်





သြဂုတ် - ၃၁ - ၂၀၁၄

ထိုင်းနိုင်ငံချင်းမိုင်မြို့တွင်၌ ယနေ့ဆက်လက်ကျင်းပသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ပထမအကြိမ်ညီလာခံတွင် ကရင်အမျိုးသားအစည်းအရုံး KNU သည် အဖွဲ့ဝင်အဖြစ်မှ ယနေ့နှုတ်ထွက်သွားသည်.

UNFC ၏ ဖွဲ့စည်းပုံနှင့်မူဝါဒများကို မကြိုက်သဖြင့် ယနေ့နံနက် အစည်းအဝေးကျင်းပနေချိန် ဒေသစံတော်ချိန် ၁၁ နာရီခန့်တွင် အဖွဲ့ဝင်အဖြစ်နှုတ်ထွက်ကာ အစည်းအဝေးခန်းမမှ KNU ကိုယ်စားလှယ်များ ထွက်ခွာသွားသည်ဟု ညီလာခံတက်ရောက်နေသည့် ကိုယ်စားလှယ်တဦးက ကရင်အမျိုးသား - မီဒီယာ - ကိုပြောသည်။
 

ယခုကျင်းပနေသည့် UNFC ညီလာခံကို ယခုလ ၂၅ ရက်နေ့က ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် စတင်ကျင်းပနေခြင်းဖြစ်ပြီး ညီလာခံကိုယ်စားလှယ် ၁၀၀ ခန့်တက်ရောက်လျှက်ရှိသည်။

UNFC ကို ၂၀၁၁ ခုနှစ်တွင် ဖေဖော်ဝါရီလတွင်စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

သတင်း - ကရင်အမျိုးသား - မီဒီယာ
 




Saturday, August 30, 2014

UNFCနှင့် ပြည်တွင်း ဒီမိုကရေစီအင်အားစုများ ငြိမ်းချမ်းရေး ဘုံသဘောတူညီမှု ချမှတ်မည်


 Friday, 29 August 2014

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် ပြည်တွင်း ဒီမိုကရေစီအင်အားစု အဖွဲ့အစည်း ငါးဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သြဂုတ် ၂၉ရက်က တွေ့ဆုံခဲ့ပြီး မြန်မာ့ငြိမ်းချမ်းရေး အခြေအနေများကို သုံးသပ်၍ ငြိမ်းချမ်းရေး ဘုံသဘောတူညီမှု ချမှတ်မည်ဟု UNFC၏ မဟာမိတ်အဖွဲ့တစ်ခုဖြစ်သည့် ညီညွတ်သောတိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့(UNA)၏ သဘာပတိ အဖွဲ့ဝင် ဦးအေးသာအောင်က မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ UNFC မှာ မပါတဲ့ အဖွဲ့အစည်းများ အနေနဲ့ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ် အပါအဝင် မြန်မာနိုင်ငံ အပြောင်းအလဲအတွက် အားလုံးဆွေးနွေး ဆုံးဖြတ်မယ်။ ဘုံလုပ်ငန်းစဉ်တခု ချမှတ်မယ်။ တကယ်တော့ လက်တွဲ ပူးပေါင်း ဆောင်ရွက်မယ် ဆိုရင် နိုင်ငံရေးဆွေးနွေးရမည့် ကဏ္ဍတွေမှာပါ အကျိုးရှိမယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဦးအေးသာအောင်က ပြောသည်။

UNFC နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ရှစ်လေးလုံးအထောင်အထည်ဖော်ရေး ကော်မတီ၊ ၁၉၉ဝ ရွေးကောက်ခံ ကိုယ်စားလှယ်များအဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)မှ ကိုယ်စားလှယ်ပေါင်း ၁ဝဝကျော်က အစိုးရနှင့် NCCTတို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် အပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးမှုအပေါ် အကြံပြုရန် UNFC၏ ဖိတ်ကြားချက်အရ လာရောက်ခြင်းဖြစ်ပြီး သြဂုတ်၂၉နှင့် ၃ဝ နှစ်ရက်ဆက်တိုက် ဆွေးနွေးမည် ဖြစ်သည်။

“ပြည်တွင်းက အင်အားစုတွေအနေနဲ့ လက်ရှိ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေရော အပစ်ရပ်ထားတဲ့ လူတွေရော၊ ပါတီတွေရော အားလုံးကြားထဲမှာ တွေ့ဆုံနိုင်တဲ့အခွင့်အလမ်း အဲဒါကို ထိထိရောက်ရောက်အသုံးချပြီးတော့ ကျွန်တော်တို့ကြားမှာ နားလည်ညှိနှိုင်းထားတဲ့ ရပ်တည်ချက်တစ်ခုခု ထွက်လာနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်”ဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ပြောသည်။

ငြိမ်းချမ်းရေး အာမခံချက်ရှိရန်အတွက် ပထမအဆင့်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခြင်း ဖြစ်၍ အရေးကြီးသော တွေ့ဆုံဆွေးနွေးမှု ဖြစ်သည်ဟု ဦးကိုကိုကြီးက ဆက်ပြောသည်။

“ငြိမ်းချမ်းရေးဖြစ်စဉ်က နိုင်ငံသားတွေ အားလုံးပါဝင်လာမှ ဒီငြိမ်းချမ်းရေးက အာမခံချက်ရှိမယ်၊ ပထမအဆင့်မှာက လက်နက်ကိုင် အဖွဲ့အစည်းတွေကြား၊ နိုင်ငံရေး အင်အားစုတွေ အကြား တွေ့ဆုံဆွေးနွေးမှုတွေ စလုပ်တာပေါ့”ဟု ဦးကိုကိုကြီးက ပြောသည်။

သြဂုတ်လ ၂၉ရက် နံနက်ပိုင်းတွင် UNFC ခေါင်းဆောင်များ၏ ညီလာခံ ကျင်းပခဲ့ပြီးနောက် မွန်းလွဲပိုင်းတွင် ပြည်တွင်းမှ ဒီမိုကရေစီအင်အားစုများနှင့် ဆက်လက် ဆွေးနွေးခြင်း ဖြစ်သည်။ UNFC၏ ညီလာခံကို သြဂုတ် ၂၅ရက်မှ စတင်ကျင်းပခဲ့ပြီး ဆွေးနွေးမှု မပြီးပြတ်သေး၍ နိုင်ငံရေး အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးမှု ပြီးမှသာ ဆက်လက်ကျင်းပမည် ဖြစ်သည်။

သတင်းရင်းမြစ် - မဇ္ဈိမ



Thursday, August 28, 2014

ထူးခြးတဲ့ ဂျပန်တို့အလှူ "ကမ္ဘာကြီးကိုကယ်တင်ဖို့ ရင်ဘတ်ကြီးကိုကိုင်ကြစို့ ".....


ပန်နိုင်ငံ တိုကျိုမြို့Shinjaku ရပ်ကွက်မှာ Stop!AIDS ဆိုတဲ့ အလှူငွေပွဲလေးတစ်ပွဲကို ပြီးခဲ့တဲ့စနေတနင်္ဂနွေတုန်းက ပြုလုပ်ခဲ့ပါတယ်။
အလှူငွေပွဲလေးဆိုပေမဲ့ ကမ္ဘာသိဖြစ်ရလောက်အောင် သူရဲ့လှူဒါန်းမှုပုံစံက ထူးခြားပါတယ်။

ဒီပွဲမှာ နာမည်ကြီး အပြာမင်းသမီးတွေက ဝင်ရောက်ကူညီခဲ့ကြတာဖြစ်ပြီး သူတို့ရဲ့ရှပ်အင်္ကျီတွေကို ပုံပါအတိုင်း မပေးထားမှာဖြစ်ပါတယ်။ ပွဲကိုလာရောက်တဲ့ အမျိုးသားတွေဟာ အလှူငွေထည့်ဝင်ပြီး ကိုင်တွယ်ခွင့်ရမှာဖြစ်ပါတယ်။ဒါပေမဲ့ ၁၈ နှစ်ကျော်ရမှာဖြစ်ပြီး မကိုင်ခင် လက်ကို ပိုးသတ်ရပါမယ်။ အလှူငွေဟာ ဂျပန်ယန်း ၁၀၀၀ ကျော်အထက် ထည့်ရမှာဖြစ်ပါတယ်။


လှူဒါန်းသူအမျိုးသားဟာ ထပ်ကာထပ်ကာလှူဒါန်းခွင့်လည်း ရှိတယ်လို့ ဆိုပါတယ်။
ရရှိလာတဲ့ငွေကြေးအားလုံးကို ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ AIDS ရောဂါ ကုသကာကွယ်ရေးအတွက် လှူဒါန်းသွားမှာဖြစ်ပါတယ်။


ဒီပွဲကို ဂျပန်ရုပ်သံဌာနတွေက တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပြီး အခြားအစီအစဉ်တွေလည်းပါဝင်တယ်လို့ဆိုပါတယ်။
 “ကျွန်မရင်သားတွေက လူအဖွဲ့အစည်းကို အကူအညီဖြစ်လိမ့်မယ်လို့ တစ်ခုမှမတွေးခဲ့ဖူးဘူး” လို့ အပြာစတားတစ်ဦးဖြစ်သူ Rina Serina က Tokyo Sport ကို ပြောကြားခဲ့ပါတယ်။



Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

UNFC” ရဲ့ ပထမဆုံးအကြိမ်ညီလာခံ



တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ “ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ- UNFC” ရဲ့ ပထမဆုံးအကြိမ်ညီလာခံကို ဒီကနေ့ သြဂုတ်လ ၂၅ ရက်နေ့ကစပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုအောင်မိုးမြင့်က သတင်းပေးပို့ထား ပါတယ်။

video by - rfa.org/

မြန်မာအစိုးရ စစ်တပ် ၏ ယုတ်မာမှု


ရှမ်းပြည်မြောက်ပိုင်း မိုးမိတ် မြို့နယ်၊ မန်ရှီကျေးရွာမှ အသက် (၃၈) နှစ် ရှိ ဦးအိုက်ဇက်အား မြန်မာအစိုးရ တပ်၊ တပ်မ (၇၇) မှ ဖမ်းဆီးနှိပ်စက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော သြဂုတ်လ (၁ရ) ရက်နေ့ က အစိုးရစစ်ကြောင်း မန်ရှီရွာထဲသို့ ဝင်လာပြီး ဦးအိုက်ဇက်ကို ဖမ်းဆီး တုပ်နှောင်ကာ အစိုးရ စစ်တပ် ၏ စစ်ဗိုလ် ၀တ်စုံကို ၀တ်ဆင် စေပြီး စစ်ကြောင်း ရှေ့ဆုံးမှ မိုင်းဗုံး အကာ အကွယ် အဖြစ်လျှောက် စေခဲ့ကြောင်း၊ ၄င်း ၀တ်စုံကို ၀တ်ဆင်ရန် ငြင်းဆန်သော ကြောင့်ပြင်းထန် စွာရိုက်နှက်ခဲ့ကြောင်း၊ သြဂုတ်လ (၁၇-၂၁) ရက်နေ့ထိ (၄) ရက် ဆက်တိုက် ထိုကဲ့သို့ပြုလုပ် ခဲ့ကြောင်း နှိပ်စက် ဒဏ်ရာများ ပြင်းထန် လွန်း၍ လမ်းမ လျှောက်နိုင် တော့သော အခါမှ လမ်းခုလပ်တွင် ပစ်ထားခဲ့ရာ တွေ့ရှိသောရွာသားများ ရွာသို့ပြန်လည်ခေါ်ဆောင်လာကာဆေးကုသပေးခဲ့ကြရကြောင်း သိရသည်။

ယခုအခါ ဦးအိုက်ဇက်သည် မိမိ ရွာသို့ ပြန်လည်ရောက်ရှိပြီဖြစ်သော်လည်း အစိုးရတပ် မှ နှိပ်စက်ထားသော ဒဏ်ရာများကြောင့် မိမိ နေအိမ်တွင် ဆေးဝါးကုသနေဆဲဖြစ်ကြောင်း သိရသည် ။

သတင်းရင်းမြစ် - ကချင်သတင်းဌာန


Wednesday, August 27, 2014

ငိမ်းချမ်းရေး ရောင်ခြည် သန်းလာပြီ လား


 သြဂတ်စ်လ၂၆ ရက်၂၀၁၄
 
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ UPWC ၊ တပြည်လုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT နဲ့နိုင်ငံရေးပါတီ ၃၄ ပါတီတို့ “သုံးပွင့်ဆိုင်အစည်းအဝေး” ကို သြဂတ်စ်လ ၁၈ ရက် ကနေ ၂၀ ရက်နေ့အထိ ရန်ကုန်မြို့ ရွှေလီလမ်းမှာရှိတဲ့ ငြိမ်းချမ်းရေးစင်တာမှာ ပြုလုပ်ခဲ့ပါတယ်။

ဒီသုံးပွင့်ဆိုင်အစည်းအဝေးမတိုင်ခင်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူညီလက်မှတ်ရေးထိုးဖို့အတွက် UPWC နဲ့ NCCT တို့ ၁၅-၁၇ သုံးရက်တာဆွေးနွေးခဲ့ကြပါသေးတယ်။ အဲဒီဆွေးနွေးပွဲကနေ အစိုးရဖက်က ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ဖို့ သဘောတူတယ်၊ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီလက်မှတ်ရေးထိုးပြီးရင် ၂၄ နာရီအတွင်း အကောင်အထည်ဖော်ရမယ်−စတဲ့ရလဒ

တအာင်းဒေသအတွင်း တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်


၂၆ ရက် သြဂုတ်လ ၂၀၁၄ ခုနှစ်။



တအာင်းဒေသ၊ ကျောက်မဲမြို့နယ်၊ မန်မိုင်ကျေးရွာအနီးတွင် ယနေ့ သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၀၃း၀၀ နာရီ အချိန်မှ ၀၃း၃၀ နာရီအချိန်ထိ တအာင်းတပ်မတော် တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း(၇၁၇) နှင့် မြန်မာ့တပ်မတော် တပ်မ(၇၇) နှစ်ဘက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။

 နမ္မတူမြို့နယ်၊ နမ္မတူ-မန်တုံ ကားလမ်းမပေါ် ဘော်တွင်းအနီးတွင်လည်း ၀၉း၃၀ နာရီမှ ၁၀း၂၀ နာရီ အချိန်ထိ တအာင်းတပ်မတော် အမှတ်(၅) ဗျူဟာကွပ်ကဲမှုလက်အောက်ရှိ တပ်ရင်း (၇၇၃/၈၈၅) နှင့် မြန်မာ့တပ်မတော် တပ်မ(၇၇)တို့ ဒုတိယအကြိမ် တိုက်ပွဲ ထပ်မံ ဖြစ်ပွါးပြန်သည်။ 

 သြဂုတ် ၂၆ ရက် တစ်ရက်အတွင်း တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွါးခြင်း ဖြစ်သည်။

 တိုက်ပွဲတွင် တအာင်းတပ်မတော် ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှုမသိရှိရသေးပါ။

 တိုက်ပွဲ အသေးစိတ်သတင်းအား ဆက်လက် တင်ပြသွားပါမည်။

 သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၉ ၄၇၀၉၇၇၇၂၊ ၀၆၉၂ ၆၂၂၄၈၅

Monday, August 25, 2014

ဖုံးကွယ်ထားသော နိုင်ငံသားများ၏ တန်ဖိုးမြင့် သဘာဝအရင်းအမြစ်

gas-1
သဘာဝရင်းမြစ်များ လွန်စွာပေါကြွယ်ဝသည့် မြန်မာနိုင်ငံတွင် တန်ဖိုးအကြီးမားဆုံး သဘာဝရင်းမြစ်တစ်ခုကို မည်သူတွေ ထုတ်ယူမြတ်စွန်းနေသည်ကို အစိုးရ တာဝန်ရှိသူများနှင့် ကာယကံရှင်ကုမ္ပဏီများကလွဲ၍ မည်သူကမျှ ရေရာစွာ သိရှိနိုင်ခြင်း မရှိသလို အစိုးရဘက်ကလည်း မိမိနိုင်ငံပိုင် စွမ်းအင်များကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်မှု အားနည်းလျက် ရှိနေသည်။
ကမ္ဘာတွင် မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့ပိုင်ဆိုင်မှု များပြားလှသည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်နေသော်လည်း ပြည်တွင်းသုံးစွဲမှုအတွက် လွန်စွာနည်းပါးနေသေးကာ စမ်းသပ်ဆဲ လုပ်ကွက်များမှ ထပ်မံတွေ့ရှိမှသာလျှင် သုံးစွဲရတော့မည်ဆိုသော အနေအထားတွင်သာ ရှိနေသေးသည်။
သဘာဝဓာတ်ငွေ့တင်ပို့မှုသည် နိုင်ငံပို့ကုန်ကဏ္ဍ၏ ၃၀ ရာခိုင်နှုန်းအထိ ရှိနေသော်လည်း ရရှိလာသည့် အကျိုးအမြတ်များကို မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍအပါအ၀င် အခြားမည့်သည့်ကဏ္ဍများတွင် ပြန်လည် အသုံးချနေသည်ကို ယနေ့ထက်တိုင် ပွင့်လင်းမြင်သာစွာ တွေ့မြင်ရခြင်း မရှိသေးပေ။
ယခင် တပ်မတော်အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်တွင် သဘာဝဓာတ်ငွေ့ ပို့ကုန်တန်ဖိုး ၂ ဒသမ ၆ ဘီလီယံခန့် ရရှိခဲ့ပြီး ပြည်ပပို့ကုန်၏ ၃၀ ရာခိုင်နှုန်းကျော် အထိရှိခဲ့သည်။ အစိုးသစ်တက်လာပြီး နောက်ပိုင်းတွင်လည်း သဘာဝဓာတ်ငွေ့သည် ပြည်ပပို့ကုန်ကဏ္ဍ၏ ရှေ့ဆုံးမှ ဆက်လက် ရပ်တည်နေခဲ့သည်။
ပြီးခဲ့သည့်နှစ်တွင် သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံအထိ တိုးမြင့်ရရှိခဲ့ပြီး စစ်အစိုးရ လက်ထက်မှ အစိုးရသစ်ကာလ ယခုအချိန်အထိ သဘာဝဓာတ်ငွေ့သည် အစိုးရအတွက် အကြီးမားဆုံး နိုင်ငံခြားငွေ အရင်းအမြစ်အဖြစ် ဆက်လက်ရပ်တည်နေဆဲ ဖြစ်သည်။
သို့သော် စစ်အစိုးရလက်ထက်မှသည် အစိုးရသစ်လက်ထက်ကာလအထိ တိုင်းသူပြည်သားများက တိုင်းပြည်၏ တန်ဖိုးအကြီးဆုံး သဘာဝအရင်းအမြစ်၏ အကျိုးအမြတ်ကို မည်သူက ရရှိခံစားနေသည်ကို သိရှိနိုင်ရန် အလှမ်းဝေးနေဆဲ ဖြစ်သည်။
ယခင် အစိုးရလက်ထက်ကတည်းက တိုင်းပြည်၏ စီးပွားရေးကဏ္ဍတိုးတက်ရေးအတွက် သဘာဝဓာတ်ငွေ့ ရောင်းချရမှုကို မည်သို့အသုံးချခဲ့သည်ကို သိရှိခဲ့ရခြင်း မရှိသလို အစိုးရသစ်သက်တမ်း သုံးနှစ်ကျော်အထိလည်း မည်သည့်ကဏ္ဍ၊ မည်သည့်လုပ်ငန်းများတွင် တိုင်းပြည်အတွက် အကျိုးရှိစွာ ပြန်လည်အသုံးချနေသည်ကို တွေ့မြင်ရခြင်း မရှိသေးဟု သဘာဝသယံဇာများနှင့် ပတ်သက်၍ သုတေသနပြုခဲ့ကြသည့် နိုင်ငံတကာနှင့် ပြည်တွင်းအခြေစိုက် သုတေသီ အဖွဲ့အစည်းများက တစ်သမှတ်တည်း မှတ်ချက်ပြုထားသည်။

gas-2

ထုတ်လုပ်မှု၏ ခြောက်ပုံတစ်ပုံ
သြဂုတ်လဆန်းတွင် ထိုင်းအခြေစိုက် ပီတီတီအီးပီကုမ္ပဏီက လုပ်ကိုင်နေသည့် ဇောတိက ကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်းမှ ဓာတ်ငွေ့နေ့စဉ် ကုဗပေသန်း ၂၄၀ ကို စတင်ထုတ်လုပ်ခဲ့သည်။ ပြည်တွင်း သုံးစွဲမှုအတွက် ဓာတ်ငွေ့ ကုဗပေသန်း ၁၀၀ နှင့် ထိုင်းနိုင်ငံသို့ ကုဗပေ သန်း ၁၄၀ ပို့လွှတ်မှု စတင်ခဲ့သည်။
မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကောင်အထည်ဖော်ခဲ့သည့် ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းကို ၁၉၉၈ ခုနှစ်ကတည်းက တိုတယ်ကုမ္ပဏီက လုပ်ကိုင်ခဲ့ပြီး နေ့စဉ် ထုတ်လုပ်နေသည့် ကုပဗေ သန်း ၈၀၀

အရှေ့အလယ်ပိုင်းဒေသစစ်ပွဲများတွင် အာရှသားပေါင်းများစွာ သွားရောက်တိုက်ခိုက်နေ


အာရှဒေသမှ လူရာပေါင်းများစွာသည် အီရတ်နှင့် ဆီးရီးယား နိုင်ငံများတွင် ဖြစ်ပွားနေသည့် စစ်ပွဲများတွင် သွားရောက် တိုက်ခိုက် နေကြကြောင်း သိရသည်။ အာရှဒေသမှ လူများစွာ အရှေ့အလယ်ပိုင်း စစ်ပွဲများတွင် သွားရောက် တိုက်ခိုက်နေခြင်းသည် အာရှဒေသ အတွက် ပြဿနာ တစ်ခုဖြစ်လာပြီဖြစ်ပြီး၊ ယင်းကိစ္စကို အချိန်မီတားဆီးရမည်ဖြစ်ကြောင်း အက်စ်ရာဇရတ်နမ် နိုင်ငံတကာလေ့လာရေး ကောလိပ်ရှိ နိုင်ငံရေး အကြမ်းဖက်မှု နှင့် အကြမ်းဖက်ဝါဒ လေ့လာရေး နိုင်ငံတော်ဌာန၏ အကြီးအကဲ ပါမောက္ခ ရိုဟန်ဂူနာရတ်နာက ပြောဆိုခဲ့သည်။ အရှေ့အလယ်ပိုင်း စစ်ပွဲများတွင် အာရှ သားများ ၀င်ရောက် တိုက်ခိုက်နေခြင်းတွင် အကြောင်းအရင်း စုံလင်လှကြောင်း၊ တချို့က ဘာသာရေးကြောင့် တချို့က လူမျိုးရေးကြောင်း နှင့် တချို့က အယူအဆတို့ကြောင့် တိုက်ပွဲဝင်ကြခြင်းဖြစ်ကြောင်း၊ မည်သို့ပင်ဆိုစေ ဘာသာရေး စစ်ပွဲဆင်နွှဲခြင်း သို့မဟုတ် ဂျီဟတ်စစ်ပွဲဆင်နွဲခြင်းသည် အရှေ့တောင် အာရှတွင် တဖြည်းဖြည်းဖြင့် ခြေကုပ်ယူနေပြီ ဖြစ်ကြောင်း လေ့လာသူများ သုံးသပ်သည်။

အီရတ်နှင့် မဟာဆီးရီးယား အစ္စလာမ် နိုင်ငံတော်အဖွဲ့ (ISIS) ဟု ယခင်က သိကြသည့် အစ္စလာမ် နိုင်ငံတော်အဖွဲ့ (IS)သည် ဆီးရီးယားနှင့်အီရတ်တို့ရှိ ၎င်းတို့ သိမ်းပိုက်ထားသည့် နယ်မြေတချို့ကိုစုစည်းပြီး အစ္စလာမ် နိုင်ငံတော်ထူထောင်ကြောင်း ကြေညာခဲ့ပြီး နောက် စစ်ပွဲများ ၏အရှိန် မြင့်တက်လာခဲ့ သည်။ ယင်းကြောင့် အာရှနိုင်ငံများ အထူးသဖြင့် နိုင်ငံတွင်း အစ္စလာမ် ဥပဒေများဖြင့် အုပ်ချုပ်သည့် ပြည်နယ်များ ထူထောင်လို သည့် အဖွဲ့များရှိနေသော အင်ဒိုနီးရှားနိုင်ငံ အတွက် စိုးရိမ်စရာများရှိ လာခဲ့သည်။ အင်ဒိုနီးရှားအစိုးရသည် ISIS ကို တားမြစ် ပိတ်ပင်ခြင်းဖြင့် နိုင်ငံတွင်း အကြမ်းဖက်အဖွဲ့ခြေကုပ်ယူမည့် အန္တရာယ်ကို ကြိုတင်ကာကွယ်ခဲ့သည်။ သို့သော် အင်ဒိုနီးရှားအစိုးရသည် နိုင်ငံသားများ နိုင်ငံရပ်ခြားသို့ သွားရောက်ပြီး တိုက်ခိုက်မှုများတွင်ပါဝင် နေခြင်းကို ပိတ်ပင်ခြင်း မရှိသောကြောင့် နိုင်ငံသာား(၂၀၀)ခန့်သည် ဆီးရီးယားသို့ သွားရောက် တိုက်ပွဲဝင် ခဲ့ပြီးဖြစ်သည်။ ယင်း ဖြစ်ရပ်သည် အင်ဒိုနီးရှား တစ်နိုင်ငံတည်းတွင်သာ ဖြစ်ပွားနေခြင်း မဟုတ်ဘဲ ဒေသတွင်းရှိ နိုင်ငံအများစုတွင် မြေအောက် အဖွဲ့အစည်းများသည် စစ်သွေးကြွ တပ်သားများကို စုဆောင်းမှုများရှိ နေခဲ့သည်။ အရှေ့ အလယ်ပိုင်း စစ်ပွဲများတွင် မလေးရှားနိုင်ငံသား(၁၀၀)ကျော်၊ စင်ကာပူနိုင်ငံသား အနည်းငယ်နှင့် သြစတြေးလျ နိုင်ငံသား အများအပြားတို့ ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။

သြစတြေးလျအစိုးရသည် ယင်းဖြစ်ရပ်ကို တားဆီးနိုင်ရန် အတွက် နိုင်ငံ၏ အကြမ်းဖက်မှု ဥပဒေများကို တင်းကြပ်မှုများပြု လုပ်ခဲ့သည်။ မကြာသေးမီတွင် ပြဋ္ဌာန်းလိုင်သည့် ဥပဒေသစ်များအရ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းများသည် ဒေသခံအကြမ်းဖက် အဖွဲ့ငယ်များကို ဖယ်ရှားပစ်ခြင်း၊ နိုင်ငံရပ်ခြားရှိ စစ်ပွဲများတွင် ၀င်ရောက်တိုက်ခိုက်နေသည့် နိုင်ငံသားများ၏ ပတ်စ်ပို့ကို ရုပ်သိမ်းခြင်းနှင့် နိုင်ငံသို့ ပြန်လာခွင့်ပိတ်ပင်ခြင်း တို့ကို ပြုလုပ်ခွင့်ရှိနေသည်။

အစွန်းရောက်များ မိခင်နိုင်ငံသို့ ပြန်လာခွင့် မရှိအောင် ပိတ်ပင်ခြင်းသည် အရေးပါလှကြောင်း၊ အာရှဒေသတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကို လေ့လာလျှင် ပြည်ပ တွင် အကြမ်းဖက်ပညာများလေ့လာသင်ယူ ပြီး ပြည်တော်ပြန်လာသည့် ဒေသခံများက ကျူးလွန်ခဲ့သည်ကို တွေ့မြင်နိုင်ကြောင်း ပါမောက္ခ ဂူနာရတ်နာက ပြောဆိုခဲ့သည်။

အင်တာနက်သတင်းစာမျက်နှာမှ

သဘာဝဘေးအန္တာရယ်နှင့် ငလျင်ဒဏ်များ" ကြုံလာလျှင် မည်သည့်နေရာသို့ ထွက်ပြေး တိမ်းရှောင် ခိုလှုံရမည့်နေရာကို စုဝေးပြီး လိုက်လံ ပြသပေးမည့်အစီအစဉ်

TOSHIMA-KU မြို့နယ်အတွင်း နေထိုင်သည့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ ဂျပန်နိုင်ငံတွင် "သဘာဝဘေးအန္တာရယ်နှင့် ငလျင်ဒဏ်များ" ကြုံလာလျှင် မည်သည့်နေရာသို့ ထွက်ပြေး တိမ်းရှောင် ခိုလှုံရမည့်နေရာကို စုဝေးပြီး လိုက်လံ ပြသပေးမည့်အစီအစဉ်ကို အောက်ပါ အစီအစဉ်အတိုင်း မည်သူမဆို လိုက်ပါနိုင်ကြောင်း အသိပေးအပ်ပါသည်။
မိုင်းကျော်ဦး

တစ်တိုင်းပြည်လုံးကို နလပိန်းတုံး ထင်နေလား . . .?


(၁)
တိုင်းပြည်ရဲ့ သယံဇာတတွေ အကုန်လုံးကို ရောင်းစားခဲ့ကြပြီးပါပြီ။ ကျောက်စိမ်း၊ တွင်းထွက်၊ သစ် နောက်ဆုံး အမျိုးသမီးတွေကိုပါမချန် တရုတ်အတွက် ပို့ကုန်လုပ်ခဲ့ကြပြီးပါပြီ။ အခုချိန်မှာ ရန်ကုန်မြို့ရဲ့ နှလုံးသည်းပွတ်၊ မြန်မာနိုင်ငံရဲ့ နှလုံးသည်းပွတ်၊ ပင်လယ်ထွက်ပေါက်နဲ့နီးပြီး တန်ဖိုးအရှိဆုံး မြေနေရာကို ရောင်းစားဖို့ ပြင်ဆင်လာတာ တွေ့ရပါတယ်။

ဩဂုတ် ၂၂ ရက်မှာလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန် အစည်းအဝေးမှာ ဒီကိစ္စ ပေါ်ပေါက်လာပါတယ်။ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ရန်ကုန်မြို့သစ် စီမံကိန်းကို ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနဲ့ တွံတေးမြို့နယ်တွေမှာရှိတဲ့ မြေဧက ၃ဝဝဝဝ ပေါ်မှာ အကောင်အထည်ဖော်မယ်လို့ ဆိုတယ်။ စီမံကိန်းကို မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီက အကောင်အထည်ဖော်မယ်။ မြို့သစ်စီမံကိန်းပြုလုပ်မယ့် မြေတွေအတွက် လယ်ယာမြေ ဥပဒေပုဒ်မ ၂၉ အရ ခွင့်ပြုချက်ရထားပြီးပြီ။ မြို့မြေအဖြစ် သတ်မှတ်ဖို့ တည်ဆဲဥပဒေတွေနဲ့အညီ ဆောင်ရွက်နေပြီလို့ ပြောတယ်။

စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုကို ငွေကျပ်ဘီလျံ ၇ဝဝဝ၊ အမေရိကန်ဒေါ်လာ ရှစ်ဘီလျံနဲ့ သုံးနှစ်အတွင်း ရာခိုင်နှုန်း ၇ဝ ပြီးအောင် လုပ်မယ်။ ကုမ္ပဏီက အဆင့်မြင့် တန်ဖိုးနည်းအိမ်ရာ ၂ဝဝဝဝ၊ မိဘမဲ့ကလေးဦးရေ ၂ဝဝဝ အတွက် အဆင့်မြင့်ကျောင်း တစ်ကျောင်း၊ ဘိုးဘွား ၂ဝဝဝ ဆံ့ အဆင့်မြင့်ရိပ်သာ တစ်ခု၊ ခြောက်လမ်းသွား မြစ်ကူးတံတား ငါးစင်းကို နိုင်ငံတော်ကို ပြန်လှူ မယ်လို့ ဦးလှမြင့်က ပြောခဲ့ပါတယ်။ စီမံကိန်း ဧရိယာအတွင်းက လယ်ယာလုပ်ကိုင်သူတွေ၊ ကျေးရွာငယ်တွေမှာ

Sunday, August 24, 2014

အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို ဆီရီးယားနယ်ထဲအထိ တိုက်ခိုက်သွားမည်ဟု အမေရိကန် ပြော

3961390020

အီရတ်မှာ အမေရိကန် သတင်းထောက်တယောက် ခေါင်းဖြတ်ခံရပြီးနောက် အိုင်အက်စ် အစ္စလာမ္မစ်သူပုန်တွေကို ဆီရီးယာနယ်မြေထဲအထိ တိုက်ခိုက်သွားဖို့ စဉ်းစားနေတယ်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က သြဂုတ်လ ၂၂ ရက်နေ့မှာ ပြောပါတယ်။

အမေရိကန်တွေကို ကာကွယ်ဖို့၊ အစ္စလာမ္မစ်သူပုန်တွေရဲ့ တိုက်ခိုက်မှုကို ခြိမ်းခြောက်မှုကို ရင်ဆိုင်ရာမှာ လိုအပ်တဲ့ တုံ့ပြန်မှုတွေလုပ်သွားဖို့ စဉ်းစားနေတယ်လို့ ပြောပါတယ်၊ ဒီအတွက် နယ်မြေ အကန့်အသတ် ထားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

အိုအက်စ် သူပုန်တွေဟာ လွန်ခဲ့တဲ့ ၆ နှစ်ကထက် စာရင် အန္တရာယ် ပိုများလာတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

အမျိုးသားလုံခြုံရေး လက်ထောက် အကြံပေး ဘန်း ရိုဒီစ်က အစ္စလာမ္မစ်သူပုန်တွေ ဖမ်းထားတဲ့ တန်ဆာခံတွေကို ကယ်နိုင်ဖို့ စစ်ရေး၊ ထောက်လှမ်းရေးနည်း၊ သံတမန်နည်းလမ်းတွေကို အသုံးပြုသွားမယ်လို့ ပြောပါတယ်။

အခုအထိ အမေရိကန်ဟာ အီရတ်မြေပေါ်မှာ ယာဇီဒီ ဘာသာဝင် လူနည်းစုတွေကို ကာကွယ်ဖို့နဲ့ မိုဆိုလ်ရေကာတာကို သူပုန်တွေ လက်ကနေ ပြန်သိမ်းဖို့ တိုက်ပွဲတွေအတွက် အစ္စလာမ္မစ်သူပုန်တွေကို လေကြောင်းတိုက်ခိုက်မှု အကြိမ် ၉၀ ကျော် ပြုလုပ်ခဲ့ပါတယ်။

ဒီရက်ပိုင်းတွေအတွင်း အမေရိကန်က အီရတ်မြေပေါ်မှာ အစ္စလာမ္မစ်သူပုန်တွေကို လေကြောင်းကနေ တိုက်ခိုက်နေတာပါ၊

သတင်းရင်းမြစ် - ဒီဗွီိဘီ

TNLA နှင့် အစိုးရတပ်တို့ ယနေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ဟုဆို

Saturday, 23 August 2014

ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် နမ့်ခွန်ကျေးရွာအနီး ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)နှင့် မြန်မာအစိုးရ စစ်တပ်တို့အ ကြား သြဂုတ်လ ၂၃ ရက်က တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားနေသည်ဟု TNLA ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က မဇ္ဈိမကို ပြောသည်။

TNLA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၇၁၇ နှင့် အစိုးရ၏ တပ်မ ၇၇ တပ်ဖွဲ့များ ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ကျောက်မဲမြို့နယ် နမ့်ခွန်ရွာအနီးမှာ ကျွန်တော်တို့အဖွဲ့က နယ်မြေစိုးမိုးရေး ခရီးထွက်နေတာ။ အဲဒီမှာ တပ်မ ၇၇ က ကျွန်တော်တို့ ရှိတဲ့ဘက်မှာ လိုက်တိုက် တာ။လမ်းခုလတ်မှာ တွေ့ပြီးတော့ ရင်ဆိုင်တိုက်ပွဲဖြစ်တာ”ဟု ပြောသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေချိန်အတွင်း တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့ဟု သူကဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၈ ရက်ကလည်း နမ့်ခမ်းမြို့နယ် ကောင်းဝိုင်းကျေးရွာနှင့် မန်စပ်ကျေးရွာအကြား TNLA ၏ တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၁၁၂ နှင့် အစိုးရ တပ်မ ၈၈ တပ်ဖွဲ့တို့

Saturday, August 23, 2014

“ဖက်ဒရယ်”စကား သတိထား


၂၀၀၈ အခြေခံဥပဒေ တည်မြဲနေသမျှ “ဖက်ဒရယ်ပြည်ထောင်စု” မည်သို့မျှ မတည်ဆောက်နိုင်ပါ။ ထို့အပြင် တန်းတူရေးနှင့် ဒီမိုကရေစီအခွင့်အရေးများကို ဖိနှိပ်ကန့်သတ်ချုပ်ချယ်ထားသည့် “တည်ဆဲဥပဒေများ”ကိုလည်း ဖျက်သိမ်းပစ်ရလိမ့်မည်။

ဤအချက် ၂ရပ်မှာ “ဖက်ဒရယ်ပြည်ထောင်စု”တည်ဆောက်ရေးအတွက် အခြေခံလိုအပ်ချက်ပင် ဖြစ်ပါသည်။ ယင်းသို့ အခြေခံ အချက်များမရှိဘဲ “ဖက်ဒရယ်ပြည်ထောင်စု” တည်ဆောက်ရေးကို သဘောတူသည်/လက်ခံသည် စသဖြင့် ရေးသားပြောဆိုနေ မှုများသည် အခြေအမြစ်မဲ့ ပြောဆိုနေမှုများ/ လှည့်ဖြားမှုများပင် ဖြစ်နေလိမ့်မည်။

အလွယ်ကူဆုံး ဥပမာတစ်ခုပေးရလျှင် တောင်ယာစပါး စိုက်ပျိုးမည်ဆိုလျှင် ပထမဦးစွာ မိမိရွေးချယ်ထားသည့် တောင်စောင်း ပေါ်ရှိ သစ်ပင်ကြီးငယ်များကို ခုတ်ထွင်ပစ်ရမည်။ ယင်းနောက် အဆိုပါ ခုတ်ထွင်ထားသည့် သစ်ပင်များကို မီးရှို့မည်၊ “ကျွန်းခွေ” ရမည်။ ယင်းနောက်မှ စပါးစေ့ချ၍ စိုက်ပျိုးနိုင်မည်။ ယင်းသို့ မပြုလုပ်ဘဲ တောင်ယာစပါးစိုက်၍ မရနိုင်ပါ။ စိုက်လျှင်လည်း စပါး ပင်များ ချိနဲ့

Thursday, August 21, 2014

“တပ်ပိုင်းဆိုင်ရာဘက်က ညှိရတာ အခက်ခဲဆုံးပါပဲ”


အပစ်အခတ် ရပ်စဲရေး, ငြိမ်းချမ်းရေး , အစိုးရ , တပ်မတော် , ဖက်ဒရယ် , တိုင်းရင်းသား
NCCT ခေါင်းဆောင် နိုင်ဟံသာ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ ရန်ကုန်မြို့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့နဲ့ ပူးပေါင်း ဖွဲ့စည်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနိုင်းရေး အဖွဲ့ (NCCT) တို့ အခုလ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့ အထိ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။


နှစ်ဘက်သဘောတူညီချက် ရရှိဖို့အတွက် အခန်း (၇) ခန်းပါတဲ့ ဒုတိယ မူကြမ်း (Single Text) ကို အဆုံးသပ်နိုင်ရေး နှစ်ဖက် ဆွေးနွေး ခဲ့ကြတာဖြစ်ပါတယ်။ ဆွေးနွေးချက်တွေထဲက အများစု သဘောတူညီမှု ရရှိခဲ့ပေမယ့် သဘောတူ လက်မှတ်ထိုးနိုင်ရေး အတွက် အရေးပါတဲ့ အချက်တချို့ကျန်ရှိနေသေးပြီး စက်တင်ဘာလဆန်းပိုင်းမှာ ပြန်ဆွေးနွေးဖို့ ရှိနေပါတယ်။


အစိုးရဘက်ကတော့ ကျန်ရှိနေသေးတဲ့အချက်တွေကို လာမယ့် စက်တင်ဘာလဆန်းပိုင်းမှာ နှစ်ဖက်တွေ့ဆုံပြီး အပြီးသတ်နိုင်ဖွယ် ရှိကြောင်းနဲ့ ဒီနှစ်မကုန်ခင် အောက်တိုဘာလထဲမှာပဲ တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲကြီး ကျင်းပ သွားနိုင် လိမ့်မယ်လို့ ဆိုပါတယ်။


နှစ်ဖက်အဖွဲ့တွေကြား ဆွေးနွေးရာမှာ ဘယ်လို ကဏ္ဍတွေမှာ ခက်ခဲ ကြန့်ကြာမှုတွေ ရှိနေသလဲ။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးရင်ရော ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး ဖြစ်လာနိုင်မလား စတဲ့ အချက်တွေအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အလားအလာတွေနဲ့ ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် မေခ က NCCT ခေါင်းဆောင် နိုင်ဟံသာ ကို တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။   ။ အခုဆွေးနွေးမှုရလဒ်တွေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စောင့်ကြည့်နေသူတွေက တိုးတက်မှုတွေ ရှိတယ်လို့ ပြောတာလည်းရှိသလို အားမလိုအားမရ ပြောဆိုသံတွေလည်း ကြားရပါတယ်။ အန်ကယ့် အနေနဲ့ ဘာများပြောချင်ပါလဲ။

ဖြေ။  ။ အခုက အန်ကယ်တို့ ဆွေးနွေးနေတဲ့အခိုက်မှာ အန်ကယ်တို့ဘက်က ဆွေးနွေးရမယ့်အချက်ကို အစိုးရဘက်က လက်ခံ ထား ပါတယ်။ စာချုပ်ထဲမှာ အခန်းတိုင်းလိုလိုက အသေးစိတ်ဆွေးနွေးရတယ်။ အခုလိုအခြေအနေအထိဖြစ်အောင်တက်လှမ်းဖို့လည်း မလွယ်ပါဘူး။ ပြည်သူတွေဘက်က ပြောနေတာကိုလည်း သိပါတယ်။ စိတ်ရှည်ပေးစေချင်တယ်။ အခုချိန်မှာသိပ်ပြီးခက်ခဲ တာ တော့

အစိုးရတပ်မတော် တပ်မ(၈၈)မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသား (၁) ဦး သေဆုံးပြီး (၂) ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခြင်း

 
၁၈ရက်၊ သြဂုတ်လ၊ ၂၀၁၄ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းဝိုင်းကျေးရွာနှင့် မန်စပ်ကျေးရွာကြားတွင် မြန်မာအစိုးရ စစ်တပ် တပ်မ (၈၈)နှင့် တအာင်းတပ်မတော် တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၁၁၂) တို့သည် နံနက် ၉း ၄၅မှ ၁၀း ၀၀ နာရီ အထိ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အွမ်လောအုပ်စု မန်ကောင်းကျေးရွာနေ(ဂေါင်းတ၀ါး) ရွာသား (၂)ဦးနှင့် ဟိုနားကျေးရွာနေ ရွာသားတဦးတို့မှ လက်နက်ကြီးထိမှန်ပြီး တစ်ဦးမှာ ဤနေ့တွင် နမ့်ခမ်းဆေးရုံသို့ သေဆုံးခြင်းနှင့် နောက်ထပ် (၂)ဦးမှာ ဒဏ်ရာ ပြင်းထန်စွာရရှိသဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။
 
အွယ်လောအုပ်စု မန်ကောင်းကျေးရွာနေ ရွာသားနှစ်ဦးသည် နမ့်ခမ်းမြို့ပေါ်သို့ အလည်သွားသည့်အခါ မန်ကောင်းကျေးရွာ အဆင်းလမ်းတွင် မြန်မာစစ်တပ်မှ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် မိုင်းညီနိုင်ဇား အသက် (၂၂)နှစ် နှင့် မိုင်းယိုင်ထွန်းသန်း အသက် (၂၃)နှစ်တို့အား ထိမှန်ခဲ့ပါသည်။ လက်နက်ကြီး ထိမှန်မှုကြောင့် အစိုးရတပ်ရင်းမှာ သူတို့နှစ်ဦးကို တအာင်းစစ်တပ်ထင်ကာ ဖမ်းဆီး လက်ထိပ်ခတ်ထားပြီး စစ်ဆေးမေးမြန်းပါသည်။ မိုင်းညီနိုင်ဇားသည် နမ့်ခမ်းဆေးရုံသို့ရောက်သည့်အခါတွင် သေဆုံးပြီး မိုင်းယိုင်ထွန်းသန်းသည် ဘယ်ဖက်ခေါင်း၊ ၀ဲပျံမျက်လုံး၊ ဗိုက်တည့်တည့်၊ ဘယ်ဖက်ပေါင်စသည့်တို့ ဒဏ်ရာပြင်းထန်စွာဖြင့် ထိမှန်ထားသည်။
 
‘’ ကျနော်တို့ နှစ်ယောက်က မြို့ကို သွားမလို့ ဆင်းလာတယ်။ နိုင်ဇားက ဆိုင်ကယ်မောင်းတယ်။ ကျနော်က နောက်ကနေ လိုက်စီးတယ်။ အစိုးရ စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကျနော်တို့ နှစ်ယောက်ကို ထိတယ်။ ကျနော်တို့ နှစ်ယောက်လဲ တကိုယ်လုံး သွေးတွေနဲ့၊ ဗမာစစ်တပ်က ကျနော်တို့ နှစ်ယောက်ကို မြင်တယ်။ ကျနော်တို့နှစ်ယောက်ကို တအာင်းတပ်မတော်ဆိုပြီး ဖမ်းဆီး လက်ထိပ်ခတ်လိုက်တယ်။ ပြီးတော့ ကျနော်တို့ နှစ်ယောက်ကို စစ်ဆေးတယ်။ ကျနော်တို့

Wednesday, August 20, 2014

တစ်နိုင်ငံလုံးအပစ်ရပ် စာချုပ်ကို လက်မှတ်မထိုးမီ ပြည်သူအား ချပြရန် ဗိုလ်ချုပ်ဂွန်မော်ပြော...



တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးသဘောတူညီချက် စာချုပ်ကို လက်မှတ်မရေးထိုးမီ ပြည်သူလူထုအပါအဝင် နိုင်ငံရေး ပါတီများနှင့် အဖွဲ့အစည်းအသီး သီးအား ချပြရန်လိုအပ်ကြောင်း NCCT ဒုတိယအဖွဲ့ခေါင်းဆောင် (၂) ဗိုလ်ချုပ်ဂွန်မော်ကပြောကြား သည်။

သြဂုတ် ၁၈ ရက်ကပြုလုပ်ခဲ့ သော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော် မတီ(UPWC) တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲ ရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT နှင့် နိုင်ငံ ရေးပါတီများ ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက် ၍ သုံးပွင့် ဆိုင်တွေ့ဆုံပွဲတွင် ဗိုလ် ချုပ်ဂွန်မော်က အဖွင့်မိတ်ဆက် စကားပြောကြားရာ၌ ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ် သည်။

‘‘ကျွန်တော်တို့ NCA လက် မှတ်ကိုမရေးထိုးမီ သက်ဆိုင် ရာ လူထုနဲ့အဖွဲ့အစည်းအသီးသီး၊ နိုင်ငံရေးပါတီများကို ချ ပြဖို့လို တယ်’’ဟုဆိုသည်။ ထို့အပြင် ဗိုလ်ချုပ်ဂွန်မော် က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမှတစ်ဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လက် ဆောင် ရွက်ရာတွင် NCCT အဖွဲ့ဝင်များအပြင် NCCT အဖွဲ့ဝင်မဟုတ် သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ များ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများနှင့် ကျွမ်း ကျင်ပညာရှင်များအားလုံး ပါဝင်ဆောင်ရွက်ရန် လိုအပ် ကြောင်း ပြောသည်။

‘‘အခု ကျွန်တော်တို့ပြောနေ တာက အားလုံးပါဝင်ရေးပဲဖြစ် ပါ တယ်။ ဘယ်အချိန်မှာစမလဲ၊ ဘယ်လိုရေးဆွဲမလဲ၊ ဘာ ကြောင့် လဲဆိုရင် ကျွန်တော်တို့ ဆက် လက်ပြီးဆောင်ရွက် ရမယ့်လုပ် ငန်းအားလုံးဟာ တစ်နိုင်ငံလုံး ပြည်သူလူထုအပါ အဝင် တစ်နိုင် ငံလုံးက ပါဝင်ဆောင်ရွက်ဖို့လိုတဲ့ ကိစ္စဖြစ်တယ်’’ ဟု ဗိုလ်ချုပ်ဂွန် မော်ကပြောသည်။

ငြိမ်းချမ်းရေးအတွက်အရေး ကြီးသည့် တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးစာချုပ်ကို လက် နက်ကိုင်အဖွဲ့အစည်းအားလုံး ပါ ဝင်၍ မကြာမီလက်မှတ်ရေးထိုး နိုင်မည်ဟု မျှော်လင့် ကြောင်း UPWC ဒုဥက္ကဋ္ဌ

ဂျပန်တွေမသိတဲ့ ရန်ကုန်မြို့ အကြောင်း


မဟာရန်ကုန် မြို့ ပြသယ်ယူပို့ဆောင်ရေးစီမံကိန်း (YUTRA)အတွက် ဂျပန် JICA က စီမံကိန်းအကြိုလေ့လာသုံးသပ်ချက်လုပ်ပြီး အချက်ကြီးကိုးခုကိုပြင်ဆင်ဖို့ လိုအပ်တယ်လို့ အကြံပြုထားပါတယ်..။ မီးပွိုင့်တွေ စနစ်တကျမရှိတာ၊ လမ်းပေါ် ဈေးရောင်းတာ၊ ကားတွေ စည်းကမ်းမလိုက်နာတွေ..ပေါ့..။ အချက်အားလုံးဟာ အမှန်တွေချည်းပဲဆိုတော့ သိပ်တော့ ပြောစရာမရှိပါဘူး..။ ဒါပေမယ့် ဂျပန်တွေက ချို့ ယွင်း ပျက်စီးနေတာတွေ စည်းကမ်းမရှိတာတွေ အဲဒီလို အပေါ်ယံတွေပဲ သိပြီး အဲဒါတွေ ဘာလို့ဖြစ်နေသလဲ ဆိုတာကိုသေချာမ သိဘူးလို့ထင်ပါတယ်..။

မီးပွိုင့်လည်း မပျက်ဘူး..ဒါပေမယ့် ပွိုင့်ကင်းတဲတွေရှေ့ ကို ပိုက်ဆံ ပစ်ချပေးတတ်တဲ့ လိုင်းကားတွေ ပွိုင့်ဝနားခေါင်းပြူလာရင် စိမ်းနေရင် ဘယ်လောက် ကြာကြာထပ်စိမ်းတယ်..နီနေရင် ရုတ်ချည်း ထစိမ်းတဲ့ ပွိုင့်တွေ ရှိတာကို ဂျပန်တွေမသိဘူး..။

ကားအုံနာ အပွင့်ကြီးကြီးတွေကို ကြောက်ပြီး တာဝန်ရှိသူတွေ မဖမ်းရဲတဲ့ စည်းကမ်းပျက် လိုင်းကားတွေ ရှိနေတာကို ဂျပန်တွေမသိဘူး..။ ဒီလိုကားမျိုးက ကားသမားတွေက ရပ်ကွက်ထဲ တုတ်နဲ့ ၀င်ရိုက်ရင်တောင် မဖမ်းနိုင်တာ၊ မဖမ်းရဲတာကို ဂျပန်တွေမသိဘူး..။


လမ်းပေါ် ဈေးရောင်းခွင့်သာ တရားဝင်မရှိတာ ဈေးကောက်မှန်မှန်ပေးပြီးမှ ဈေးရောင်း နေကြတယ်ဆိုတာကို ဂျပန်တွေမသိဘူး..။ ဒီဈေးသည်တွေကို ဖမ်းချင်တဲ့အချိန်ဖမ်းပြီး မဖမ်းချင်တဲ့အချိန် ဈေးကောက်တောင်းပြီး ပေးရောင်းထားတာကို ဂျပန်တွေမသိဘူး..။


သယံဇာတကြွယ်ဝပြီး တက္ကသိုလ်က နှစ်စဉ်သောင်းချီပြီး ဘွဲ့ရပညာတတ်တွေရှိနေတဲ့ ဒီနိုင်ငံမှာ လမ်းဘေးဈေးရောင်းပြီး ၀မ်းစာကို ခက်ခက်ခဲခဲ ရှာစားနေရတဲ့ ဒီလို လမ်းဘေးဈေးသည်တွေ ဘာလို့

အပစ်ရပ်မူကြမ်း လက်မှတ်ရေးမှတ်ထိုးမှုတွင် သက်သေအဖြစ် ဒေါ်အောင်ဆန်းစုကြည်ပါရန်လိုဟု အင်န်စီစီတီပြော


19 August 2014

အပစ်ရပ်မူကြမ်းအချောသတ်ပြီးစီးပါက တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်ရပ်ရေးသဘောတူညီမှု လက်မှတ်ရေးထိုးရာတွင် အသိသက်သေအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ရန် တိုင်းရင်းသားများက လိုလားကြသည်ဟု NCCTအဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ UPWC နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့၏ တစ်နိုင်ငံလုံးအပစ်ရပ်မူကြမ်းကို ဆွေးနွေးရန်နှင့် အပစ်ရပ်မူကြမ်း အချောသတ်ပြီးစီးပါက အသိသက်သေအဖြစ် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လက်မှတ်ရေးထိုးရန် တိုင်းရင်းသားများက အစိုးရကို တင်ပြထားသည်ဟု သြဂုတ် ၁၈ ရက် မြန်မာငြိမ်းချမ်းရေးစင်တာတွင် သတင်းမီဒီယာများကို ပြောကြားလိုက်ခြင်းဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ကို ပါတီအနေနဲ့ မဟုတ်ဘူး။ သူ့ရဲ့ နိုင်ငံတကာ လက်ခံမှု အခြေအနေအရကို ပုဂ်္ဂိုလ်ရေးအရ ဖိတ်ကြားဖို့ လိုပါတယ်။ လက်မှတ်ရေးထိုးတဲ့အချိန်မှာ သူက အသိသက်သေအဖြစ်နဲ့

Tuesday, August 19, 2014

ဒ်ါအောင်ဆန်းစုကြည်နဲ့ UNFC ကိုယ်စားလှယ်တို့တွေ့ဆုံဆွေးနွေး


Tuesday, August 19, 2014

ရန်ကုန်မြို့တွင် ရောက်ရှိနေကြသောညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီအဖွဲ့ (UNFC ) နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် အမှတ် ၅၄ တက္ကသိုလ် ရိပ်သာလမ်းနေအိမ်တွင် ယမန်နေ့ သြဂုတ်လ ၁၈ ရက်နေ့ညနေ ပိုင်းက ဆွေ့ဆုံ ဆွေးနွေးခဲ့ကြ ပါတယ်။

 မနေ့က ညနေ ၄ နာရီခွဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို UNFC ကိုယ်စားလှယ်များဖြစ်ကြတဲ့ ဗိုလ်ချုပ် ဂွမ်မော်၊ ဦးနိုင်ဟံသာ၊ ဦးခွန်ဥက္ကာနှင့် ဦးထွန်ဇော်တို့ ၄ ဦးဟာ ရောက်ရှိ လာကြပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
 
ဘာတွေ ဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ အသေးစိပ်ကို မသိရသေးပေမယ့် လက်ရှိ အကောင်အထည်ဖော်ရေး လုပ်ဆောင်နေတဲ့ အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေူး ဖြစ်စဉ်တွေနဲ့ ပတ်သက်တယ်လို့ နီးစပ် သူတွေက ဆိုပါတယ်။
 အိမ့်သံစဉ်

သတင်းရင်းမြစ် - ဧရာဝတီ


Monday, August 18, 2014

တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ဆက်လက် ဖြစ်ပွား မြန်မာ့တပ်မတော် (၁၀) ဦး ထက်မနည်း ကျဆုံး ဒဏ်ရာရ

၁၈ ရက် သြဂုတ်လ ၂၀၁၄ ခုနှစ်။

တအာင်းဒေသ၊ နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်းကျေးရွာနှင့် မန်စပ်ကျေးရွာကြားတွင် ယနေ့ သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၀၉း၄၅ နာရီ အချိန်မှ ၁၀း၀၀ နာရီအချိန်ထိ တအာင်းတပ်မတော် တပ်မဟာ(၁) လက်အောက်ခံ တပ်ရင်း(၁၁၂)၊ နှင့် မြန်မာ့တပ်မတော် တပ်မ(၈၈) တို့ နှစ်ဘက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။

 တိုက်ပွဲတွင် တအာင်းတပ်မတော် ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်မတော်မှ (၁၀) ဦး ထက်မနည်း ကျဆုံး ဒဏ်ရာရသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၉ ၄၇၀၉၇၇၇၂၊ ၀၆၉၂ ၆၂၂၄၈၅

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် UPWC ၊ NCCT နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ မြင်ကွင်းများ ။

( ၁၈-၈-၂၀၁၄) ရက်
Photos by MPC

တနိုင်ငံလုံး အပစ်ရပ် စာချုပ် ရေးဆွဲမှု ဆက်လက် ညှိနှိုင်းရဦးမည်


အစိုးရနှင့် တိုင်းရင်သား လက်နက်ကိုင်အဖွဲ့များ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စာချုပ်ရေးဆွဲရာတွင် ကွဲလွဲချက် ၄ ချက် နှင့် ညှိနှိုင်းရမည့် အချက်တချို့ ကျန်ရှိနေကြောင်း နှစ်ဘက် ခေါင်းဆောင်များက ထုတ်ဖော် ပြောကြားသည်။

အစိုးရ ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ(UPWC)နှင့် တိုင်းရင်းသားများ ဘက်မှ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) တို့ သြဂုတ် ၁၇ ရက် ဆွေးနွေးပွဲ နောက်ဆုံးရက် အပြီးတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထိုကျန်ရှိနေသည့်အချက် များကို လာမည့် စက်တင်ဘာလတွင် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်သည်ဟုလည်း ဆိုသည်။

“ဒီအစည်းအဝေးမှာ ကျနော်တို့ လွန်ခဲ့တဲ့ အစည်းအဝေးက ကျန်ခဲ့တဲ့ အချက်တွေကို တော်တော်များများ ဖြေရှင်းနိုင်ခဲ့ပါတယ်။ အချက်တချို့ပဲ အနည်းငယ်ကျန်တာကို တွေ့ရှိရပါတယ်။ ဒီအချက်တွေကိုလည်း လာမယ့်စက်တင်ဘာလ လဆန်းမှာပြုလုပ်မယ့် အစည်းအဝေးမှာ ကျနော်တို့အားလုံး ဆုံးဖြတ်နိုင်လိမ့်မယ်လို့ ကျနော် ယုံကြည်နေပါတယ်။ အကယ်၍သာ အဲဒီမှာ ဆုံးဖြတ်နိုင် ရင် တော့ လက်မှတ်ရေးထိုးမယ့် ရက်ကိုလည်း သတ်မှတ်သွားနိုင်မှာ ဖြစ်ပါတယ်”ဟု UPWC မှ ပြည်ထောင်စု ဝန်ကြီး

Sunday, August 17, 2014

အပစ်ရပ်ခိုင်မာဖို့ စောင့်ကြည့်ရေး ကော်မတီများ ဖွဲ့ရမည်ဟု NCCT ခေါင်းဆောင်ပြော


Saturday, 16 August 2014

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး သဘောတူညီမှု လက်မှတ်ရေးထိုးပြီးနောက် နှစ်ဖက် တပ်များ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ မဖြစ်ပေါ်စေရန် စောင့်ကြည့်ရမည့် ကော်မတီများ ဖွဲ့စည်းသွားမည်ဟု အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ ( NCCT)မှ ပထမ ခေါင်းဆောင် နိုင်ဟံသာက မဇ္ဈိမကိုပြောသည်။

“ တပ်ဖွဲ့တွေရဲ့ နယ်မြေထိစပ်နေတဲ့ နေရာတွေမှာ ပစ်ခတ်မှု မဖြစ်အောင် စောင့်ထိန်းရမယ့် စည်းကမ်းတွေ ချမှတ်ဖို့ လိုတယ်၊ ဒီ့အပြင် စည်းကမ်းတွေ လိုက်နာဖို့ စောင့်ကြည့်ရမယ့် ကော်မတီ ဖွဲ့ရမယ်၊ဒါမှ အပစ်ရပ် ခိုင်မာမယ်" ဟု မဇ္ဈိမကိုပြောသည်။ တိုက်ပွဲများကြောင့် အပစ်ရပ်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် ယုံကြည်မှု ကျဆင်းစေနိုင်သည်ဟု နိုင်ဟံသာက မှတ်ချက်ပြုသည်။

အပစ်ရပ်သဘောတူညီမှု လက်မှတ်ရေးထိုးပြီးနောက် ကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ပြည်နယ် အလိုက် စောင့်သည့် တပ်များ ထားရှိရန် လို/မလို ၊ ပြည်ထောင်စုတပ်မတော်တွင် လူမျိုးပေါင်းစုံ ပေါင်စည်းသည့် စစ်ရေးခေါင်းဆောင်ပါဝင်ရန် လို /မလို စသည်ဖြင့် ဆွေးနွေးပွဲတွင် အကောင်အထည် ဖော်သွားမည်ဟု ဆိုသည်။

အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ အထူးအကြံပေး ဦးလှမောင်ရွှေက “ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ဆုံးဖြတ်ချက်တွေကို အကောင်အထည် ဖော်သွားဖို့ လိုတယ်၊ အဲ့မတိုင်ခင် ၁၀၀ ရာနှုန်း စံနှုန်းပြည့်တော့ ဖြစ်မှာမဟုတ်ဘူး၊ နှစ်ဖက် ညှိပြီးယုံကြည်မှုနဲ့ သွားရမယ်” ဟု ပြောသည်။

တိုင်းရင်းသားဒေသအချို့တွင် ပဏာမ အပစ်ရပ်သဘောတူညီမှုများ ရှိသော်လည်း တိုက်ပွဲများ ထိတွေ့မှု ဖြစ်နေသည်မှာ တပ်နေရာ ချထားမှုများ မရှိခြင်းကြောင့် ဟု ဦးလှမောင်ရွှေက ပြောသည်။

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် သဘောတူညီ လက်မှတ်ရေးထိုးပြီးနောက်တွင် တိုက်ပွဲများ ထပ်မံမဖြစ်ရန် ဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။

   *****************************************
အပစ်ရပ်မူကြမ်း ၁၀ ချက်သာ ဆွေးနွေးရန် လိုတော့သည်

 

 အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ ဆွေးနွေးနေသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးမူကြမ်းတွင် ဆက်လက်ညှိနှိုင်းရန် အချက် ၁၀ ချက်သာ ကျန်ရှိတော့သည်ဟု သြဂုတ်လ ၁၆ ရက်၊ ဆွေးနွေးပွဲ အပြီးတွင် နှစ်ဖက်ခေါင်းဆောင်များက မီဒီယာများကို ထုတ်ဖော်ပြောဆိုလိုက်သည်။

NCCT မှ ဒုတိယခေါင်းဆောင် စောကွယ်ထူးဝင်းက “အချက်အကုန်လုံး သဘောတူညီမှု ရရှိနေပြီလို့လည်း ပြောနိုင်တယ်၊ အပစ်ရပ်မူကြမ်းမှာ ထည့်ဖို့ မလိုအပ်တဲ့ အချို့အချက်တွေကိုတော့ အဖွဲ့တစ်ဖွဲ့ထပ်ဖွဲ့ပြီး

NCCT နှင့် UPWCတို့၏ ဆွေးနွေးပွဲ သတင်းရုပ်သံ

Saturday, August 16, 2014

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အခြေခံမူ အစိုးရသဘောတူပြီ


တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ အခြေခံမူကို အစိုးရဘက်က သဘော တူလိုက်ပါတယ်။ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ပထမနေ့အဖြစ် ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ)နဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်အတွက် ဒီနေ့ တွေ့ဆုံဆွေးနွေးပွဲမှာ သဘောတူလိုက်တာပါ။


အန်စီစီတီအဖွဲ့ခေါင်းဆောင် နိုင်ဟံသာကတော့ တိုင်းရင်းသားတွေလိုလားတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အခြေခံမူက အချက်ကို အစိုးရဘက်က လက်ခံခဲ့တယ်လို့ ပြောပါတယ်။

“အဓိကအားဖြင့် တိုင်းရင်းသားတွေဘက်က အရေးကြီးဆုံးအချက်လို့ ခံယူထားတဲ့ အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ဖို့ အစိုးရဘက် လက်ခံလိုက်ပြီ။ ဒါပေမယ့် လုံးဝပြေလည်သွားပြီဆိုတဲ့ အဆင့်တော့ မရောက်သေးဘူး။ အခုမှ စပြီးဆွေးနွေးတာကတော့ အခန်း ၁ နဲ့ ၂ လောက်ပဲ ရောက်ပါသေးတယ်။”

သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူ ဦးလှမောင်ရွှေက “တိုင်းရင်းသားတွေဘက်က တင်တဲ့ အဆိုပြုတဲ့အထဲမှာ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုလို့ အဆိုပြုတယ်။ ကျနော်တို့ ယူပီဒဗလျူစီဘက်က အဆိုပြုတာကတော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများမှ ဆုံးဖြတ်ချက်နဲ့အညီ ပြည်ထောင်စုစနစ်ကိုအခြေခံတဲ့ ဖက်ဒရယ်နိုင်ငံဆောင်ရွက်ရန်ဟာကို ပြန်အဆိုပြုတာ တိုင်းရင်းသားတွေဘက်က လက်ခံတဲ့ အတွက် အဲဒီအချက်က ပြီးသွားပြီပေါ့ဗျာ။ အဲဒါကတော့ အဓိကဖြစ်တဲ့အတွက် ကျန်တဲ့ဟာတွေမှာလည်း အားလုံးနီးပါး အဆင်ပြေသွားပါတယ်” လို့

တပြည်လုံး အပစ်ရပ်ရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ဖက်ဒရယ်မူဝါဒပိုင်းဆိုင်ရာကိစ္စကို ဦးစားပေးဆွေးနွေးမယ်




15 August 2014

တပြည်လုံး အပစ်ရပ်ရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ဖက်ဒရယ်မူဝါဒပိုင်းဆိုင်ရာကိစ္စကို ဦးစားပေးဆွေးနွေးမယ်လို့ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။

ဝေါဟာရ စကားလုံးထက် အရေးကြီးတဲ့မူပိုင်း၊ လုပ်ငန်းပိုင်းဆိုင်ရာ အချက်အလက်တွေကို ရွေးထုတ်ဆွေးနွေးဖို့ လိုမယ်လို့ ဒီနေ့ ကျင်းပတဲ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာ ဆွေးနွေးပွဲအဖွင့်မိန့်ခွန်းမှာ သူက ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက “အခြေခံ အချက်အလက်တွေအနေနဲ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ဒီအချက်ဟာ အရေးကြီးပြီး အဓိကအကျဆုံး ဦးစားပေးဖြေရှင်းရမယ့် အချက်ဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုမူနဲ့ ကိုက်ညီတဲ့ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး ဒီအချက်ဟာလည်း ဖက်ဒရယ် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲဖို့ မရှိမဖြစ်

Friday, August 15, 2014

လက်ရှိအပြောင်းအလဲ ရန်ကုန်မြို့ခံတွေရဲ့ အမြင်အင်တာဗျူး

တနေ့ က ဂျပန်တီဗီ ချယ်နယ် ၄ မှာလာသွားတာလေးပါ မြန်မာနိုင်ငံမှာဒီမိုကရေစီရနေပြီလား အပြောင်းအလဲကို ရန်ကုန်မြို့ခံတွေအမြင်ကိုဗျူးထားတာပါ တွေ့ ရာသူဗျူးထားတာထင်ပါတယ် အရမ်းကောင်းပါတယ် နောက် ကျနော့်ကိုမင်းက ဂျပန်ကအကူအညီတွေပေးတယ်ပေးတယ် သတင်းတွေပဲတင်နေတယ် အဲဒါတွေဘယ်ရောက်ကုန်လဲမေးကြ သူတွေအတွက်ပါ

မိန်းကလေးချစ်သူထားဖို့ အချိန်မရှိသူတွေ အတွက်

August 14, 2014

ဂျပန်နိုင်ငံမှာ စီးပွားရေး ပြိုင်ဆိုင်မှု အားကြီးမှုတွေကြောင့် လူတိုင်းနီးပါး အချိန်ပြည့် အလုပ်များနေတတ်ကြ ပါတယ်။ အချိန်ပြည့် အလုပ်များကြသူတွေအတွက် မိန်းကလေး ရည်စားတယောက်ရဖို့ ချိန်းဆိုဖို့တောင် အချိန်မပေးနိုင်အောင် ဖြစ်နေကြတာပါ။

ဒါပေမယ့် ဂျပန်နိုင်ငံရဲ့ စက်မှု ဖွံ့ဖြိုးမှုနဲ့ နည်းပညာအဆင့်မြင့်မှုတွေက လူဘောင်လောကရဲ့ ကွက်လပ်တွေ ကို ဖြည့်ဆည်း ပေးနေပါတယ်။ ဒီလိုလူမျိုးတွေအတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍက တီထွင်မှုတွေကလည်း အံ့မခန်းပါဘဲ။

Love Doll လို့ ခေါ်တဲ့ ပုရိသတွေရဲ့ အဖော်အဖြစ် တာဝန်ထမ်းဆောင်မယ့် အရုပ် ဖန်တီးမှုဟာ ဂျပန်နိုင်ငံ က ၁၉၇၇ ခုနှစ် ကတည်းက အဆင့်ဆင့် တိုးတက်မှုတွေ ရှိလာခဲ့တာပါဘဲ။
 

အရုပ်တွေဟာ လူသားရဲ့ အသားအရေလို နူးညံ့တဲ့ထိတွေ့မှု အာရုံရစေဖို့ ရာဘာအကောင်းစားနဲ့ ပြုလုပ် ထားတာ ဖြစ်သ လို အသွင်သဏ္ဍန်ကလည်း စွဲမက်ဖွယ် လုပ်ဆောင်ထားပါတယ်။

စီလီကွန်နဲ့ တကယ့် လူ့အသားအရေလို ဖြစ်အောင် Love Doll တွေကို အခုနောက်ပိုင်းတီထွင်ဆန်းသစ် ခဲ့ကြပါ တယ်။ Love Doll တွေရဲ့ ကိုယ်ခန္ဓာတွေကလည်း လူသားတွေကို အလွယ်တကူ ကွေးနိုင် ဆန့်

တောင်သူများအား သေနတ်ဖြင့် အကြမ်းဖက်ရန် ပစ်ခတ်မိန့်ပေးသူ ရဲတပ်ဖွဲ့ဝင်

ပြင်ဦးလွင်ခရိုင်၊ စဥ့်ကူးဒေသ၊ ညောင်ဝန်းရာမှ တောင်သူများအား အကြမ်းဖက်သမား ရဲများသည် ခရိုနီမြေသိမ်းသမားတို့၏ အလိုကျအတိုင်း၊ မည်သည့် တရားရုံးရုံးခွင့်ပြုချက်၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာမှု၊ ရယူမှုမရှိပဲ ယနေ့မနက် ၁၀း၃၀ မိနစ်တွင် တောင်သူများအား သေနတ်ဖြင့် ပစ်ခတ်၊ ရဲအင်အား၂၀၀ ကျော် ပါဝင်သည်၊၊

တောင်သူ ဒေါ်စန်းကြည်နု သေနတ်ထိမှန်၊ ရွာသားခုနှစ်ဦး အကြမ်းဖက် ရိုက်နှက်ခံရသည်၊အထက်ပါ အကြမ်းဖက် ပစ်ခတ်မှုအား အနီးကပ်၍ဖြစ်စဉ် နေရာရှိ ပစ်ခတ်မိန့်ပေးသူသည်၊ စဥ့်ကူးမြို့နယ် ရဲတပ်ဖွဲ့ မှုး၊အောင်စိုး(ကိုပိုင်နံပါတ်-၆၈၃၄၂)ဖြစ်သည်၊၊ ပစ်ခတ်သူ ရဲတပ်ဖွဲ့ဝင်များမှာ အောက်ခြေ ရဲတပ်ဖွဲ့ဝင်များဖြစ်ပြီး၊ တိကျသော အရေးယူမှုများနှင့် အတူ ၁၄၊၅၊၂၀၁၄ သုခိတ္တာရုံ ဘုန်းကြီးကျောင်း၌ လူထုနှင့်ရဲတပ်ဖွဲ့ဝင်များ သဘောတူညီချက်များအား၊ မန္တလေးတိုင်း၊ ဒုရဲမှုးကြီး၊ မြင့်ဦး(ကိုယ်ပိုင်နံပါတ်၁၇၆၃)မှ တာဝန်ခံဆောင်ရွက် အရေးယူပေးမည်ဖြစ်ကြောင်း ဒုရဲမှုးကြီးမြင့်ဦးမှ လူထုရှေ့ မှောက်၌ ကတိပြု လက်မှတ်ထိုးခဲ့သည်၊၊ ဒေသခံများမှယ ခုအကြမ်းဖက်လုပ်ရပ်ကို ကျူးလွန်ခဲ့သော ရဲတပ်ဖွဲ့ ဝင်များအား နောက်ကွယ်မှ အဆင့်ဆင့်ညွန်ကြားခဲ့သည်၊အကြမ်းဖက် အာဏာပိုင်များအား အရေးယူဖော်ထုတ်ရန် တရားစွဲရေး လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဟု ဒုရဲမှုးကြီးအား ပြောကြားခဲသည်၊၊

 ၁၄၊၈၊၂၀၁၄
အချိန်၊ည၆း၄၀မိနစ်
ညောင်ဝန်းရွာ

Thursday, August 14, 2014

တအာင်းတပ် TNLA နှင့် မြန်မာအစိုးရတပ် တို့ တိုက်ပွဲဖြစ်ပွား


၁၄ ရက် သြဂုတ်လ ၂၀၁၄ ခုနှစ်
 
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်၊ ရေပုံးကျေးရွာနဲ့ မိုးလုံကျေးရွာအကြားမှာ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၃၆၇) နဲ့ အစိုးရ စစ်တပ် တပ်မ (၇၇) လက်အောက်ခံတပ်ရင်းတို့ ဒီကနေ့မနက်ပိုင်းက ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မန်တုံမြို့နယ်ထဲမှတဆင့် TNLA ပျောက်ကျားတပ်တွေကို လိုက်လံတိုက်ခိုက်ဖို့ ကျိုးစားတဲ့ အစိုးရ စစ်ကြောင်းနဲ့ လမ်းခုလတ်မှာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ နာရီဝက်ခန့်ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ပွဲမှာ TNLA ဘက်က ကျဆုံး ဒဏ်ရာ မရရှိခဲ့ကြောင်း၊ အစိုးရစစ်တပ်ဘက်က အခြေအနေကိုလည်း မသိရသေးကြောင်း ထုတ်ပြန်ချက်မှာတွေ့ရှိရပါတယ်။


TNLA တပ်ဖွဲ့ဟာ အစိုးရ နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မရရှိသေးဘဲ ၂၀၁၄ ခုနှစ်ထဲမှာ အစိုးရ စစ်တပ်နဲ့ တိုက်ပွဲ အများဆုံးဖြစ်ပွားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး နှစ်ဖက်တိုက်ပွဲတွေကြောင့် ရာနဲ့ချီတဲ့ ဒေသခံတွေလည်း မြို့ပြတွေပေါ်တက်ပြီး စစ်ဘေးခိုလှုံနေရဆဲဖြစ်ပါတယ်။


သတင်းရင်းမြစ် - ဧရာဝတီ





တွေ့ဆုံပွဲ ထုတ်ပြန်ချက် နိုင်ငံရေး ပါတီအများစု လက်မခံ

uaungmin-party-305.jpg
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင် တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ နိုင်ငံရေးပါတီ ၆၆ ပါတီက ကိုယ်စားလှယ်တွေ မနေ့က တွေ့ဆုံဆွေးနွေးအပြီးမှာ ထုတ်ပြန်တဲ့ ကြေညာချက်ဟာ နိုင်ငံရေးပါတီအားလုံးရဲ့ သဘောတူညီချက်မယူဘဲ ထုတ်ပြန်ခဲ့တဲ့အတွက် မနေ့က ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ နိုင်ငံရေးပါတီ အများစုက လက်မခံဘူးလို့ သိရပါတယ်။
မနေ့ကထုတ်ပြန်တဲ့ ကြေညာချက်အပေါ် သဘော မတူတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းညွန့်လွင် က အခုလို ပြောပါတယ်။
"အပစ်အခတ်ရပ်စဲရေး တိုက်တွန်းတာဖြစ်တဲ့အတွက် ကန့်ကွက်ဖို့ကလည်း အတော်ခက်သွားတာပေါ့၊ အပစ် အခတ်ရပ်စဲရေးကို အမြန်ဆုံး လက်မှတ်ထိုးပါဆို ပြီးတော့ အတင်းတိုက်တွန်းတဲ့ဟာမျိုးပေါ့၊ သိပ်မကောင်းဘူးပေါ့၊ တစ်ဖက်လူကို ဖိအားပေးတာ ကျပါတယ်၊ အစည်းအဝေးပြီးနောက်ပိုင်းမှာ သူတို့ဟာသူတို့ ပါတီနာမည်တွေကိုတပ်ပြီး ကြေညာချက်ထုတ်တာ"
ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ နိုင်ငံရေးပါတီတွေရဲ့ သဘောထားဆိုပြီး ထုတ်ပြန်ထားတဲ့ ကြေညာချက်မှာ နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို အမြန်ဆုံးလက်မှတ်ရေးထိုးကြဖို့ သက်ဆိုင်သူတွေကို တိုက်တွန်းကြောင်း၊ အဲ့ဒီကတဆင့် နိုင်ငံရေးဆွေးနွေးမှု မူဝါဒတွေ ရေးဆွဲဖို့နဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေကို အပစ်အခတ်ရပ်စဲရေး စာချုပ်ပါ သဘောတူညီချက်အတိုင်း မပျက်မကွက်ပြုလုပ်ဖို့

Wednesday, August 13, 2014

အစ္စလာမ် အစွန်းရောက်အန္တရာယ် ညီညွတ်စွာ တိုက်ဖျက်ဖို့ အီရတ်ကို အိုဘားမားတိုက်တွန်း


အီရတ်နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ဖက်ခြမ်းဒေသတွေမှာ ခြိမ်းခြော်ကလာတဲ့ အစ္စလာမ်မစ်သူပုန်တွေကို တိုက်ခိုက်နှိမ်နင်းနေတဲ့ အီရတ်တပ်ဖွဲ့တွေမှာ အီရတ်ပြည်သူတွေ ၀င်ရောက်ပူးပေါင်းဖို့ အရေးကြီးတယ်လို့ အမေရိကန်သမတ အိုဘားမားက ပြောလိုက်ပါတယ်။

အီရတ်နိုင်ငံတွင်းက အမျိုးမျိုးသော လူမှုအသိုင်းအ၀ိုင်းတွေအကြား ညီညွတ်မှုရအောင်လို့ အီရတ်အစိုးရအနေနဲ့ အလျင်အမြန်ဆောင်ရွက်ရမယ်လို့ အမေရိကန်အစိုးရက ယူဆတဲ့အကြောင်း သမ္မတအိုဘားမားက တနင်းလာနေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ အစ္စလာမ်မစ်နိုင်ငံတော် ထူထောင်မယ်ဆိုပြီး ခြိမ်းခြောက်နေတဲ့ စစ်သွေးကြွတွေကို အပြတ်နှိမ်နင်းရေးဆိုတဲ့ ဦးတည်ချက်အပေါ်မှာ အီရတ်အစိုးရသစ် ဖွဲ့စည်းရေးအတွက် ကြိုးပမ်းနေကြသူအားလုံး ငြိမ်းငြိမ်းချမ်းချမ်း အတူတကွရှိကြဖို့ကိုလည်း သမ္မတအိုဘားမားက တိုက်တွန်းပါတယ်။

အစ္စလာမစ် အစွန်းရောက်တွေဟာ အီရတ်နိုင်ငံအတော်များများကို အခု သိမ်းပိုက်ထားကြတာပါ။ အီရတ်မြောက်ပိုင်းက ကာ့ဒ်တိုက်ခိုက်ရေးသမားတွေနဲ့ အရပ်သားဒုက္ခသည်တွေကို အကူအညီပေးဖို့ အမေရိကန်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်ဆိုတာကိုလည်း သမ္မတအိုဘားမားက ပြောပါတယ်။ သူပုန်တွေ ထိန်းသိမ်းထားတဲ့ အဲဒီဒေသတွင်း အစ္စလာမ်မစ်နိုင်ငံတော်လုပ်ဖို့ အစွန်းရောက်တွေက ကြိုးပမ်းနေတာတွေ နှိမ်နင်းဖို့ အတွက်လည်း အမေရိကန်လေကြောင်းက အသင့်ရှိထားတယ်လို့ သမတအိုဘားမားက ပြောပါတယ်။

အခု ၀န်ကြီးချုပ်သစ်အဖြစ် အဆိုပြုခံထားရတဲ့ အီရတ်လွှတ်တော်အမတ် Haider al-Abadi ကိုလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း သူရော ဒုသမ္မတ Joe Biden ပါ ဖုံးဆက် နှုတ်ခွန်းစကားဆိုခဲ့တယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။ အီရတ်ဝန်ကြီးချုပ် Nouri al-Maliki ကို အစားထိုးဖို့ ကန့်ကွက် ဝေဖန်မှုတွေကြောင့် ၀န်ကြီးချုပ်နေရာသစ်အဖြစ် လွတ်တော် ဒုဥက္ကဋ္ဌ Mr.Abadi ကို သမ္မတသစ် Fouad Massoum က အဆိုပြုခဲ့ပါတယ်။ ဆူနီ၊ ကာ့ဒ်နဲ့ အခြားလူမျိုးငယ်တွေအပါအ၀င် အီရတ်နိုင်ငံတွင်းက မတူကွဲပြားတဲ့အင်အားစုတွေကို ပြီးခဲ့တဲ့ ၈ နှစ်အတွင်းမှာ စုစည်းနိုင်အောင် မလုပ်နိုင်ခဲ့ဘူးဆိုပြီး Mr.Maliki ဟာ အတော်ကြီး အဝေဖန်ခံခဲ့ရပါတယ်။

သတင်းရင်းမြစ် - ဗွီအိုအေ (မြန်မာဌာန)

ဇာဂနာ ပြောတဲ့ ထိပ်ပြောင် အကြောင်း တတိယလှိုင်းကြမ်း၊မောင်မောင်ဝမ်း နှင့် လမ်းပျောက်မြန်မာပြည်။


တကယ်တော့ဒီလိုစာတွေ ကျွန်တော် မရေးချင်ပါဖူး။တိုင်းပြည် ပြန်လည် ပြုပြင်နေတဲ့ ကာလမှာ အတူပူးတွဲလုပ်ဆောင်ကြဖို့ ကို အာသီသ ထားသူပါ။သဘောထား မတိုက်ဆိုင်ရင်တောင်မှ အနိမ့်ဆုံး တိုင်းပြည်ကိုချစ်တယ် ဆိုတဲ့ သဘောထားအခံကိုပဲ ဘုံသဘောတူညီချက် အနေနဲ့ လက်ခံပြီး လက်ကမ်းနေဆဲပါ။

တစ်ချို့ ကဆို ဇာဂနာ ဟာ သမ္မတ နဲ့ နီးစပ်တယ်၊ဘက်ပြောင်းသွားပြီ၊ခွထိုင်နေတယ် စသဖြင့် စသဖြင့် ရေးနေကြတာ ဝေဖန်နေကြတာ ကြားပါတယ်။ဖတ်ရပါတယ်။ လမ်းဆုံးတော့ရွာတွေ့ မှာပဲ ဆိုတဲ့ စိတ်နဲ့ တစ်ခွန်းမှ ပြန်မပြောခဲ့သလို မတုံ့ ပြန်ခဲ့ပါဖူး။ သေချာတာ တစ်ခုကတော့ (ဇာဂနာ ဟာ ကိုယ့် ယုံကြည်ချက် ပေါ်မှာ တစ်လက်မ မှ အတိမ်းအစောင်းမခံပဲ ရပ်တည် နေဆဲပါ)။နောက်ထပ်သေချာတာတစ်ခုကတော့(ဒီနေ့ ထက်ထိ မဆလ၊န၀တ၊နအဖ နဲ့ ဦးသိန်းစိန် အစိုးရ တို့ ဆီကနေ ပေါင်မုန့် တစ်ချပ်တောင် အလကား မရခဲ့ဖူးပါဖူး၊တောင်းလဲမတောင်းခဲ့ပါဖူး။)န၀တ၊နအဖ ခေတ်တုန်း ကရုပ်ရှင်သမားတွေကိုတယ်လီဖုန်းတွေပေးခဲ့တဲ့အထဲမှာဇာဂနာ မရခဲ့သလိုမြေကွက်တွေ ပေးခဲ့တဲ့အထဲမှာ လဲ ဇာဂနာ မပါခဲ့ပါဖူး။

ခု ဦးသိန်းစိန် အစိုးရ လက်ထက်မှာ မြန်မာမီနီဆလွန်းတွေ ပေးတော့လည်းဇာဂနာ မရခဲ့ပါဖူး။ဒီစကားတွေ ပလ္လင်ခံနေတာအကြောင်းရှိပါတယ်။ ဘာကျေးဇူးစား ကျေးဇူးခံမှ မရှိလို့ လိပ်ပြာသန့် တယ်။ပြောစရာရှိရင် ပြောင်ပြောမယ်။ပွင့်ပွင့်လင်းလင်းဝေဖန်မယ် ဆိုတဲ့စိတ်နဲ့ပါ။ခံစရာ ရှိရင်လဲ ဘယ်သူ့ ကိုမှဆွဲခေါ်မနေပါဖူး။ခံသွားမှာပဲဖြစ်ပါတယ်။ တစ်ဖက်မှာကြည့်ပြန်တော့ ဇာဂနာ ဟာ ဘယ်ပါတီ၊ဘယ်အသင်းအဖွဲ့ ထဲကိုမှ ၀င် မထားတဲ့အတွက် ဘယ်သူ့ မျက်နှာကိုမှ မငဲ့ပဲ မှားရင်မှားတယ် ထောက်ပြနေမှာပါပဲ။

ခုလည်းပြောဖို့ လိုအပ်လာလို့ ပြောရပါပြီ။သမ္မတ ရဲ့ တတိယလှိုင်းပြောင်းလဲရေးဟာ အစမှာကထည်း ကတော်တော်ပရမ်းပတာ နိုင်နေပါတယ်။ဒီနေရာမှာ နိုင်ငံရေး စကားပြောရမှာဖြစ်လို့  နိုင်ငံရေးဆန်တဲ့ သုံးသပ်မှုကိုပဲ ပြောရပါလိမ့်မယ်။ စစ်အာဏာရှင် ကနေ ဒီမိုကရေစီပြုပြင်ရေးသွားတဲ့ နိုင်ငံတိုင်းရဲ့ ဆင်ခြေတစ်ခုကတော့ ပြောင်းလဲလိုစိတ် မရှိတဲ့  သူတွေ ရယ် ပြောင်းလဲလိုသူတွေရယ် ဆိုတဲ့ ဂိုဏ်း ၂ ဂိုဏ်း အမြဲရှိနေတတ်ပါတယ်။ဒီဆင်ခြေ ကိုအကောင်အထည်ဖော်တဲ့အနေနဲ့  အမာဂိုဏ်းသားတွေ နဲ့ အပျော့၈ိုဏ်းသားတွေ အဖြစ်ပုံဖော်ပြီးသရုပ်ဆောင်ခဲ့ကြတယ်လို့  ကျွန်တော်တို့ ထင်ထားပါတယ်။

တတိယလှိုင်းအစမှ ပထမ ဗေထိ ကတော့ မီဒီယာနဲ့ သမ္မတ ကြားကအကွဲအဟပါပဲ။ ဒါကိုအခြေံပြီးသည်လို သုံးသပ်ကြည့်ရအောင်။

၁။သမ္မတ နဲ့ မီဒီယာ တွေကို ၇န်တိုက်ပေးမယ်။သည်တော့ သမ္မတ ရဲ့  တတိယလှိုင်း ပြုပြင်မှုကို မီဒီယာက မထောက်ခံတော့ဖူး။ဒီတော့ သမ္မတ မအောင်မြင်နိုင်တော့ဖူး။ ဒါ့ကြောင့် ၂၀၁၅ မှာ ဦးသိန်းစိန်

မန္တလေး တံတားဦးလေဆိပ်အကြောင်း ပြောပြန်ရင် လွန်ရာကျမယ် မထင်.....

မန္တလေးအပြည်ပြည်ဆိုင်ရာ တံတားဦးလေဆိပ်ကို ပြန်ရောက်ပြီဆိုရင်ပဲ အပြည်ပြည်ဆိုင်ရာဆိုတဲ့ အသုံးအနှူံးနဲ့ တော်တော်လေး အလှမ်းဝေးနေသလို ခံစားလိုက်ရတယ်.... 

 Immigration လဝက ကနေထွက်လာတဲ့ခရီးသည်တွေကို ကတွတ်ပေါက်က ဗျိုင်းစောင့်နေတဲ့အလား ပုံပျက်ပန်းပျက်နဲ့ တာကော၊ လောပန်း အိတ်ရွေးပေးမယ် ဘာညာ စသဖြင့် မားကက်တင်းဝိုင်းပြီးဆင်းနေတဲ့ အလုပ်သမားများကို ရှောင်ရှားနေရတာက တစ်ဒုက္ခ။ လိုင်စင်ရ အလုပ်သမားတွေ လဝကကောင်တာနားအထိလာပြီး မားကက်တင်းဆင်း ဘော်ချက်တာဟာ တခြား နိုင်ငံတကာလေဆိပ် တွေမှာ မတွေ့ဘူးတဲ့ ပြည်ပခရီးသည်တချို့လဲ ထူးခြားအံ့ဖွယ် ဖြစ်လို့နေမှာပါ။

 ခရီးဆောင်အိတ်က တော်တော်နဲ့ထွက်မလာတာဟာလဲ ထုံးစံလိုဖြစ်နေတဲ့ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးရဲ့ ထူးခြားတဲ့ စီမံခန့်ခွဲမှု အတတ်ပညာဆိုရင်မှားမယ်မထင်ပါ။ အဲ့ဒီထက်ပိုထူးခြားတာကတော့ သူများနိုင်ငံကလေဆိပ်တွေမှာ အခမဲ့ဝန်ဆောင်မှုပေးနေတဲ့ လူနာတွန်းလှည်းကို တရားဝင်ငွေတောင်းခံပြီး ဝန်ဆောင်မှုပေးတာကလဲ အံ့ဖွယ်တစ်ပါးပါ။

 စိတ်ရှည်သီးခံမှုအပေါင်းနဲ့ ခရီးဆောင်အိတ်ရွေးပြီး သကာလ ဓာတ်မှန်စက်တစ်လုံးတည်းနဲ့ ခရီးသည် တစ်ရာကျော်ရဲ့ အိတ်တွေကို ဖြတ်သန်းစစ်ဆေးခြင်းဟာလဲ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးရဲ့ အံ့မခန်းဝန်ဆောင်မှုပင်။ တခြားနိုင်ငံကလေဆိပ်တွေမှာတော့ ရေဗူးမယူရပါဘူး။ ဒီမှာတော့ တာကော၊ လောပန်းတွေ ရေဗူးကိုယ်စီနဲ့။ သူများနိုင်ငံက စစ်ဆေးရင် ခရီးသည်ရဲ့ ဖိနပ်၊ ခါးပါတ်ချွတ်ပြီး ရှာတယ်။ ခရီးသည်တွေရဲ့ လုံခြုံရေးကိုသာ ရှေးရှုတယ်လို့ ခံစားရတယ်။ ဒီမှာ ဘာရှာသလဲဆိုတာ တော့ မပြောတတ်။ ဒီလို လုံခြုံရေးအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်ချင်ရင် စက် သုံးလေးလုံးထားပြီး နိုင်ငံတကာအဆင့် လုပ်စေချင်ပါတယ်။ 

 အဲ့ဒိနောက် လုံခြုံရေးလဲဖြတ်ပြီးရော နိုင်ငံတကာအဆင့်မီ ဆိုက်ကားဂိတ်ထဲ ရောက်သွားတဲ့အလား ကားဂိတ်တွေက ဝိုင်းဆွဲမတတ်ပါ။ ကားငှားဖို့ ဂိတ်တွေရှိနေတာပဲ၊ လိုအပ်ရင် လာငှားမှာပေါ့။ ခုလိုမျိုးမြင်ရတာ တကယ့်ကို စိတ်မချမ်းသာစရာပါ။ 

 အဆိုးတွေထဲက အဆိုးဆုံးကိုဆက်ပြောရရင် ပြည်ပနိုင်ငံတွေမှာ ခရီးဆောင်အိတ်တင်တွန်းလှည်းကို ကားရပ်နားကွင်းအထိ ယူသွားလို့ရပါတယ်၊ ဒီမှာတော့ ယူလို့မရအောင်လုပ်ထားပြီး အပြင်က လိုင်စင်ရအလုပ်သမားတစ်သိုက်က ကိုက်တစ်ရာလောက် သယ်ပေးလိုက်ရင် တစ်အိတ်ကို တစ်ထောင်ပေးတာ နှာခေါင်းရှုံ့သေးတယ်။ ပြည်ပမှာ ကိုယ့်အိတ်ကိုယ်ကို တစ်လမ်းလုံး အေးအေးဆေးဆေး သက်သက်သာသာ သယ်လာခဲ့သမျှ မန္တလေးလေဆိပ်ရောက်မှ အညွန့်ခူးခံလိုက်ရတယ်ဆိုရင် မမှားပါ။

 သူများရဲ့ဝမ်းရေး ဆိုပေမယ့် နိုင်ငံတကာလေဆိပ်မျိုးမှာတော့ ရုပ်ပျက်ဆင်းပျက်နဲ့ နိုင်ငံပါ သိက္ခာကျတယ်လို့ မြင်မိတယ်။

 ဒီလို ပုံစံဖြစ်လာအောင် ရှယ် ဝန်ဆောင်မှုတွေနဲ့ဖန်တီးထားတော့ တာဝန်ကျ Old Service အတွင်း ဝန်ထမ်းတချို့က ကိုယ်ပိုင်ကုမ္ပဏီထောင်ထား သကဲ့သို့ ခရီးသည်ကြိုပို့ အဆင့်မြင့်ဝန်ဆောင်မှု ဈေးကွက် တစ်ခု ထပ်မံပေါ်ပေါက်လာရ တော့တာပါပဲ။ ဘယ်လောက် အဆင်ပြေသလဲဆိုရင် လေယာဉ်ပေါ်ကဆင်းပြီး လူပဲအပြင်ကို ထွက်သွားရုံပဲ။ ပြီးရင် ပေါ်တီကိုအောက်မှာ လာကြိုတဲ့ကားပေါ် တက်ပြီးဇိမ်လေးနဲ့ ထိုင်စောင့်နေလိုက်ပါ။ သူများတကာတွေလို နဖူးကချွေး ခြေမကျအောင် တန်းစီနေစရာမလိုဘူး။ ကျန်တဲ့ အိတ်တွေက အတွင်းလူရဲ့ ကိုယ်ပိုင် ကုမ္ပဏီဖွင့်ထားသလိုမျိုး ထူးရှယ် ဝန်ဆောင်မှုနဲ့ မကြာခင် ကားပေါ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါလိမ့်မယ်။ ဒါဟာလဲ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးရဲ့ ထူးခြားတဲ့ ဂုဏ်အင်တစ်ခုပါပဲ။ 

 ဒါ့အပြင် ဆိုက်ရောက်ခန်းမမှာ လေအေးပေးစက်မဖွင့်တာတွေ၊ အိမ်သာထဲမှာ စက္ကူမထား၊ ဖင်ဆေးရေမလာတော့ ဖင်တုန်းလုံးနဲ့ အပြင်ထွက်ပြီး အခန့်သားစောင့်နေတဲ့ အိမ်သာစောင့်ဆီကနေ ကျေးဇူးစကားဆိုပြီး စက္ကူတောင်းရမှာလား၊ ဝယ်ရမှာလား၊ အာကေပေးရမှာလား မသိနိုင်တာတွေ၊ ပေါ်တီကိုအောက် ကားရပ်ချင်ရင် လမ်းကြောင်းရှိတာတွေ၊ ကားအစုတ်အပြတ်တွေနဲ့ လေယာဉ်ပေါ်လိုက်ပို့တာတွေ၊ Terminal တွေအလုပ်မလုပ်တာတွေ၊ အင်တာနက်ကောင်းကောင်း မပေးနိုင်လို့ Check Trough ခရီးသည်တွေကို နောက်ထပ်ခရီးစဉ်အတွက် လေယာဉ်လက်မှတ် မထုတ်ပေးနိုင်တာတွေ၊ စတာတွေဟာ ဘယ်နိုင်ငံတကာ လေဆိပ်မှာ မှ ဒါမျိုးဝန်ဆောင်မှုကို မရနိုင်ပါဘူး။
အပြည်ပြည်ဆိုင်ရာလေဆိပ်တစ်ခုရဲ့ အခြေခံ လိုအပ်ချက် Necessary တွေတောင် လုပ်မပေးတာလား၊ မလုပ်တတ်တာလား၊ မသိကျိုးကျွံ လုပ်နေတာလားမသိ။ တခြားတိုင်းပြည်တွေနဲ့ယှဉ်ရင် ထပ်လောင်း Facility ဆိုတာ မိုင်တစ်သောင်းမက ကျန်ပါသေးတယ်။ 

 ခရီးသည်များထံမှ လေဆိပ်အသုံးပြုခ Airport Tax ကောက်ခံထားသော်လည်း အထက်ပါ ပြောမဆုံးပေါင် တောသုံးတောင် ဝန်ဆောင်မှုတွေကို ကြုံကြိုက်လို့ မြည်းစမ်း ခံစားချင်ကြည့်ရင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ ကမ္ဘာပေါ်မှာ လူပြောအများဆုံးနဲ့ အကောင်းတက အကောင်ဆုံး စီမံခန့်ခွဲမှုပါလို့....

မှတ်ချက်- အရင်တစ်ခါတုန်းက ရေးခဲ့သလို မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုသွားရင် ယပ်တောင်လေး ဆောင်သွားကြပါတို့၊ အပေါ်က မျက်နှာကြက်ပြုတ်ကျမှာစိုးလို့ Saftty Hat ဆောင်းသွားပါတို့၊ ကြမ်းပြင်က ကွဲနေတဲ့ကြွေပြားတွေ ခြေထောက်ရှမှာ စိုးလို့ တွတ်ပီဖိနပ်စီးသွားပါတို့ စာရှည်မှာစိုးလို့ မရေးတော့ပါဘူး။

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အသုံးပြုနေရတဲ့ ခရီးသည်အပေါင်း စိတ်ပျက်ခြင်း၊ စိတ်ညစ်ခြင်း၊ စိတ်ကုန်ခြင်း အပေါင်းမှ အမြန်ကင်းဝေးနိုင်ကြပါစေ


Zin Min Swe(FB)သတင်းစာမျက်နှာမှ

Monday, August 11, 2014

ဖက်ဒရယ် ဖွဲ့စည်းပုံ မပေါ်သရွေ့ လက်နက်ကိုင် တပ်များ အသွင်ပြောင်ရေးကို မွန်ပြည်သစ် လက်မခံ

Monday, 11 August 2014
တိုင်းရင်းသား များ၏ အမျိုးသား နိုင်ငံရေး ပြသနာကို မဖြေရှင်း နိုင်သရွေ့နှင့် အာမခံမှု ရှိသည့် ဖက်ဒရယ် ဖွဲ့စည်းပုံ မရေးဆွဲ နိုင်သရွေ့ မိမိတို့ လက်နက်ကိုင် တပ်များ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တပ်အသီးသီး၏ လက်နက်ကိုင် တပ်များ အသွင် ပြောင်းရေးကို လက်ခံမည် မဟုတ်ကြောင်း (၆၇) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့၌ မွန်ပြည်သစ် ပါတီက ထုတ်ဖော် ပြောကြား လိုက်သည်။

“သေချာ တာကတော့ အပစ်အခတ် ရပ်စဲရေး ရတာလောက်နဲ့ ကျနော်တို့ လက်နက်ကိုင် တပ်တွေ ပြောင်းလဲ ဖွဲ့စည်းပြီး တမျိုး တဖုံနဲ့ အစိုးရ ထိန်းချုပ်မှုအောက် ရောက်ရှိ သွားမှာကို ကျနော်တို့ လက်မခံ နိုင်ဘူး၊ အလားတူပဲ အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေကလည်း လက်ခံ နိုင်မှာ မဟုတ်ဘူး ၊ ကျနော်တို့ ရည်မှန်း ထားတဲ့ တိုင်းရင်းသား နိုင်ငံရေး ပြသနာကို မဖြေရှင်း နိုင်သရွေ့နဲ့ ဖက်ဒရယ် စနစ်ကို အာမခံတဲ့ ဖွဲ့စည်းပုံ မပေါ်မချင်းတော့ လက်နက်ကိုင်စွဲ နေရဦးမှာပဲ” ဟု မွန်ပြည်သစ်ပါတီ ပြောရေး ဆိုခွင့်

ရှစ်လေးလုံး အရေးတော်ပုံ ၂၆ နှစ်မြောက် အထိမ်းအမှတ် ချီတက်ဆန္ဒပြအခမ်းအနား ရုပ်သံမှတ်တမ်း(တိုကျို)

video by - maungwto


ဓါတ်ပုံမှတ်တမ်းကို အောက်ပါလင့်တွင် ၀ရောက်ကြည့်ရှု့နိုင်ပါသည်။

Sunday, August 10, 2014

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် NCCT တို့ မဲဆောက်တွင် တွေ့ဆုံ



ပည်ထောင်စု အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UWPC နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ NCCT တို့ ပြန်လည်တွေ့ဆုံဆွေးနွေးရန် ကြိုတင်ပြင်ဆင်သော ဆွေးနွေးမှုကို ယနေ့ သြဂုတ်လ ၉ ရက်နေ့ ထိုင်း-မြန်မာနယ်စပ် တစ်နေရာတွင် ကျင်းပနေသည်။

“ကျနော်တို့ လိုင်ဇာစည်းဝေးမှာ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ အကြံပြုချက်တွေကို မူတည်ပြီးတော့ ဒုတိယမူကြမ်းမှာ ပြင်ဆင်ဖြည့်စွက်မယ်။ တကြိမ်ထဲမှာဘဲ ဇူလိုင်လ ၁၃ ရက်နေ့မှာ ကျနော်တို့ကို အကြောင်း ကြားထားတဲ့အချက်တွေ ရှိတယ်။ ဦးအောင်မင်းတို့ မြစ်ကြီးနားမှာလာပြီး ကျနော်တို့ကိုတချို့အချက်တွေ ပြန်ပေးထားတာ ရှိတယ်။ ဒီခေါင်းစဉ် ၃ ခုအပေါ်မှာ ဆွေးနွေးပြီးတော့ ဒုတိယမူကြမ်းမှာ ဖြည့်စွက်မှုလုပ်မယ်” ဟု NCCT ၏ ဒုတိယ ခေါင်းဆောင် ဗိုလ်ချုပ် ဂွန်မော်က ပြောသည်။

လာမည့် သြဂုတ်လ ၁၂ ရက်နေ့ထိ လေးရက်ကြာ ကျင်းပမည့် NCCT ၏ အစည်းအဝေးတွင် ဇူလိုင်လ ၂၅ -၂၉ ရက်နေ့ထိ ကျင်းပသောလိုင်ဇာထိပ်သီးအစည်းအဝေးမှ တိုင်းရင်းသား ခေါင်းဆောင်များ၏ အကြံပြုချက်များ အပေါ်မူတည်၍ Single Text ဒုတိယမူကြမ်းတွင် ပြင်ဆင်ဖြည့်စွက်ရန်၊ ဇူလိုင်လ ၁၃ ရက်နေ့က MPC က ပေးသော ဒုတိယမူကြမ်းအပေါ်သုံးသပ်ချက်နှင့် သြဂုတ်လ ၃ ရက်နေ့ အစိုးရဘက်မှ တင်ပြချက်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ် ဂွန်မော်က ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဝန်ကြီး ဦးအောင်မင်းဘက်မှ တင်ပြသော အချက် ၅ ချက်ခန့်မှ စာတမ်းပါ တချို့အချက်များသည်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ လိုလားသော အချက်များနှင့် ကွဲလွဲမှုတွင် ရှိနေသဖြင့် ပြန်လည် ညှိနှိုင်းရန် လိုအပ်နေသည်ဟု သူက သတင်းထောက်များကို ပြောဆိုခဲ့သည်။

“မူအရ ဖက်ဒရယ်စနစ်ကို အတိအကျထည့်ချင်တယ်။ အစိုးရက ဖက်ဒရယ်ကို အတိအကျ မထည့်ချင်ဘူး။ ဒီမိုကရေစီကိုဘဲ ဖော်ပြချင်တယ်။ နောက်တခုက တိုင်းရင်းသားများ အားလုံးက တန်းတူရည်တူအခွင့်အရေးရှိတယ်။ ဒါကြောင့် နိုင်ငံရေးပူးတွဲဦးဆောင်ကော်မတီ ဖွဲ့စည်းရေးကို အဆိုတင်သွင်းတယ်။ အစိုးရဘက်က နိုင်ငံရေး ဦးဆောင် ကော်မတီ ဦးဆောင်ဖွဲ့စည်းရေးကို အစိုးရက အတိအကျသဘောတူကြောင်း မပြဘဲ တန်းတူရည်တူ အခွင့်အရေး ရှိတယ်ဆိုတဲ့ စာသားကိုပါ ဒီကိစ္စက

အီသီယိုးပီးယားက အမြန်လမ်းမနဲ့  မြန်မာပြည်က အမြန်လမ်းမ။


ကချင်ပြည်လွတ်လပ်ရေးတပ်မတော်ရဲ့ အာဇာနည်နေ့။


(သြဂုတ် လ၊၁၀ ရက်နေ့ )
ကချင်ပြည်လွတ်လပ်ရေးတပ်မတော်ရဲ့ အာဇာနည်နေ့။

ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများတို့အတွက် နစ်ပေါင်းများစွာ ကိုယ်ကျိုးစွန့်လွတ်အသက်ပေး၊ ဘ၀ပေးခဲ့ကြတဲ့ တော်လှန်ရေး အာဇာနည်သူရဲကောင်း ရဲဘော်အပေါင်းတို့အား ဒီနေ့ ကျရောက်တဲ့ (အာဇာနည်နေ့) မှာ လေးလေးနက်နက်  ဦးညွှတ်အလေးပြုပြီး ဂုဏ်ပြုအပ်ပါတယ်။

 

မိုင်းကျော်ဦး

ခေတ္တ၊ဂျပန်

Saturday, August 9, 2014

ရှစ်လေးလုံး အရေးတော်ပုံ ၂၆ နှစ်မြောက်နေ့ ရုပ်သံမှတ်တမ်း(တိုကျို)


@ ပြည်သူလူထုမှလက်မခံသော အချိုးကျကိုယ်စားပြု(PR) စနစ် ______ အလိုမရှိ..။ အလိုမရှိ..။
@ လူထုခေါင်းဆောင် နှင့် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို _______ အကောင်အထည်ဖော်...။ အကောင်အထည်ဖော်...။
@ ပြည်သူ့ ဆန္ဒအရ ပုဒ်မ ၄၃၆ကို ______ ပြင်ဆင်ပေး....။ ပြင်ဆင်ပေး....။
@ တိုင်းရင်းသားဒေသများနှင့်စစ်မှန်သောတွေ့ဆုံ ငြိမ်းချမ်းရေးကို _____ ချက်ချင်းလုပ်...။ ချက်ချင်းလုပ်...။
@ နိုင်ငံသားတိုင်းသမ္မတဖြစ်ခွင့်မရှိသော ပုဒ်မ၅၉(ဃ) (စ) ______ အလိုမရှိ....။ အလိုမရှိ....။ - ရှစ်လေးလုံးစိတ်ဓါတ်... အဓွန့်ရှည်ပါစေ။ - ဒီမိုကရေစီအရေးတော်ပုံ... အောင်ရမည်

တိုကျိုတွင် ကျင်းပပြုလုပ်သည့် ၂၅ နှစ်ပြည့် ၈၈၈၈ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ချီတက် ဆန္ဒပြပွဲ



တိုကျိုတွင် ကျင်းပပြုလုပ်သည့် ၂၅ နှစ်ပြည့် ၈၈၈၈ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ချီတက် ဆန္ဒပြပွဲ


ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ  စုပေါင်း၍ တိုကျိုတွင် ကျင်းပပြုလုပ်သည့် (၂၆)နှစ်ပြည့် ၈၈၈၈ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ချီတက် ဆန္ဒပြပွဲ အခမ်းအနားမှတ်တမ်းများ။