Thursday, July 31, 2014

အစိုးရ တပ်အရာရှိ သတ်ဖြတ်ခံရမှုအား ရိုက်နှက် စစ်ဆေးခြင်းကြောင့် ဒေသခံ ရွာလုံးကျွတ် ထွက်ပြေး

(ဓါတ်ပုံ)- ရိုက်နှက်စစ်ဆေးခံရမှုကိုထိပ်လန့်သည့် နောင်မတာရွာသားများ အဝတ်အစားယူ၍ထွက်ပြေးစဉ်

ဂျူလိုင် ၃၁ ရက် ၂၀၁၄

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် (တရုတ်နယ်စပ်) နောင်မတာရွာအနီး အစိုးရ တပ်မတော် အရာရှိ သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ရွာအကြီးအကဲ များနှင့် ဘာသာပြန်များအား ဆက်တိုက် ရိုက်နှက်စစ်ဆေးမှုကြောင့် ဒေသခံ ၄၀၀ ကျော် (ရွာလုံးကျွတ်) တရုတ်နယ်သို့ တိမ်းရှောင်လိုက်ရ သည်ဟု သိရပါသည်။

နောင်မတာရွာအကြီးအကဲများအား အစိုးရတပ်မတော်က ဆင့်ခေါ်ကာ ဂျူလိုင် ၂၉ ရက်နေ့က တညလုံး ရိုက်နှက်စစ်ဆေးမေးမြန်းခြင်း၊ ဂျူလိုင် ၃၀ ရက်နေ့ကလည်း နံနက် ၆ နာရီမှ ည သန်းခေါင်အထိ ထပ်မံဆင့်ခေါ်ထိန်း သိမ်းခြင်း၊ ရိုက်နှက်စစ်ဆေးခြင်းများပြုခဲ့သည်သာမက ဂျူလိုင် ၃၁ ရက်နေ့တွင် လည်း အဆိုပါအကြီးအကဲများအား နံနက် ၆ နာရီ တပ်စခန်းသို့ ထပ်မံ သွားရောက် အစစ်ဆေးခံရန် ဆင့်ဆိုခဲ့သေးသည်ဟုဆို၏။

ပျက်ကွက်ခဲ့ပါက ရွာအားမီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ခဲ့သည်ဖြစ်ရာ အသက်အန္တရာယ်ပါ ထိပါးလာသောကြောင့် ရွာမှထွက်ပြေးရခြင်းဖြစ်သည်ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“သူတို့ စစ်သားတယောက် က အရမ်းတန်ဖိုးရှိတာတဲ့။ စစ်သားတယောက်သေ တာရွာသား ၂၀၀ ယောက်နဲ့တန်တယ်တဲ့။ ကျနော်တို့ရွာမှာ အိမ်ခြေ ၁၂၀ ကျော် တယ်။ လူက ၄၀၀ ကျော်တယ်။ သူတို့ စစ်သားနှစ်ယောက် အတွက် ရွာသား ၄၀၀ လုံးလုံးသေရမယ်ဆိုတော့မဖြစ်ဘူးလေ။ ဒါ့ကြောင့် ထွက်ပြေးဖို့

အပစ်ရပ် လက်မှတ်ထိုးပြီး ကြားကာလ အစီအစဉ် လူမှုစီးပွားဆိုင်ရာ ခွဲဝေမှု ထည့်သွင်းမည်

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ, လိုင်ဇာ, NCCT , တိုင်းရင်းသား ညီလာခံ
ကချင်ပြည်နယ် လိုင်ဇာမြို့၌ ကျင်းပသော တတိယ အကြိမ်မြောက် တိုင်းရင်သား ညီလာခံကို ဇူလိုင် ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – သော်ဟိန်းထက် / ဧရာဝတီ)

ကချင်ပြည်နယ် လိုင်ဇာမြို့၌ ကျင်းပနေဆဲ တိုင်းရင်းသား ညီလာခံအတွင်း ဆွေးနွေးပွဲ၌ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီး နောက် ကြားကာလ အစီအစဉ်များတွင် အာဏာခွဲဝေမှု မပါသည့် လူမှုစီးပွား ဆိုင်ရာ ခွဲဝေမှုကို ထည့်သွင်းထားရန် စီစဉ်နေကြောင်း သိရသည်။

ယင်းအစီအစဉ်ကို နိုင်ငံရေး ဆွေးနွေးမှု မပြီးခင် ဆောင်ရွက်မည် ဖြစ်ကြောင်း တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) အဖွဲ့ဝင် ခွန်ဥက္ကာ က ပြောသည်။

“ကြားကာလ အစီအစဉ် ဆိုတာက အပစ်ရပ် လက်မှတ်ထိုးပြီး ပြည်ထောင်စု ညီလာခံ မပြီးခင် အထိကို ဆိုလိုတာပါ။ ဒါက ကူးပြောင်း ရေးကာလ အပြောင်းအလဲ မဟုတ်ဘူး။ မရောထွေးစေချင်ဘူး။ ဒါကို ဘာလို့ထည့်လဲ ဆိုရင် ၉၀၊ ၉၁ တုန်းက အပစ်ရပ်ပြီးတဲ့ အဖွဲ့တွေမှာ ဒီအစီအစဉ်တွေ မပါတော့ အဖွဲ့တွေ ပျောက်သွားတယ်။ အဓိက ကတော့ ကြားကာလမှာ အဖွဲ့တွေ အနေနဲ့ မသေ အောင် နေနိုင်ဖို့ပဲ။ ဒါကို

Tuesday, July 29, 2014

မြန်မာတပြည်လုံး အပစ်ရပ်နိုင်ရေး ကုလ အတွင်းရေးမှူးချုပ် တိုက်တွန်း

နမ့်ခမ်းမြို့နယ် တိုက်ပွဲများကြောင့် ဒုက္ခသည် ၈၀၀ ကျော် ထပ်တိုး


ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန်ပူးကျေးရွာမှာ တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ နှစ်ဘက်တပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံ ၈၀၀ ကျော်လောက်ဟာ နမ့်ခမ်းမြို့မှာ "မန်ပူး ဘုံအိမ်" အမည်နဲ့ ယာယီစစ်ဘေးဒုက္ခသည်စခန်း ဖွင့်လှစ်ပြီး ခိုလှုံနေထိုင်နေကြပါတယ်။

စစ်ဘေးဒုက္ခသည်တွေအတွက် ၁၀ ရက်စာ စားနပ်ရိက္ခာ ရရှိထားတယ်လို့ ယာယီစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးလျိုတေ့က အခုလို ပြောပါတယ်။

"ကျနော်တို့ဒေသတွေမှာ တိုက်ပွဲတခါမှ မကြုံတဲ့အခါကျတော့ ရွာသူရွာသားတွေ ကြောက်လန့်ပြီးတော့ မြို့ပေါ်ကို တက်ပြေးလာကြတယ်၊ ခုတော့ ၁ဝ ရက်လောက် ကျနော်တို့ရိက္ခာအတွက် ဖူလုံသွားပြီ၊

Monday, July 28, 2014

အပစ်ရပ်ရေးအတွက် အကောင်းဆုံး မျှော်ပြီး အဆိုးဆုံးအတွက် ပြင်ဆင်ထားဖို့လို




Jul 28, 2014
သမ္မတရဲ့ အပစ်ရပ် ကမ်းလှမ်းချက်အပေါ် အကောင်းဆုံး မျှော်လင့်ထားသလို အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားဖို့ လိုတယ်လို့ KNPP ဥက္ကဌက ပြောဆို လိုက်ပါတယ်။ ခွန်ဘသာက တင်ဆက်ထားပါတယ်။

Copy from - DVB TV

Sunday, July 27, 2014

တစ်ရက်အတွင်း တအာင်း တပ်မတော် နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွါး


၂၇ ရက် ဇူလိုင်လ ၂၀၁၄ ခုနှစ်

တအာင်းဒေသ၊ မိုးမိတ်မြို့နယ်၊ ရေပုံးကျေးရွာနှင့် မိုးနွဲကျေးရွာကြားတွင် ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့ ညနေ ၁၇း၀၀ နာရီ အချိန်မှ ၁၈း၃၀ နာရီအချိန် အထိ တအာင်းတပ်မတော် တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း(၃၆၇) နှင့် မန်တုံအခြေစိုက် မြန်မာ့တပ်မတော် ခလရ(၁၃၀)တို့ နှစ်ဘက် အပြင်းအထန်တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။

 တိုက်ပွဲတွင် တအာင်းတပ်မတော် ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်မတော်ဖက်မှ ထိခိုက် ကျဆုံးမှု မသိရှိ ရသေးပါ။ တိုက်ပွဲ နောက်ဆက်တွဲ သတင်းအား ဆက်လက်တင်ပြသွားပါမည်။ 

 တအာင်းတပ်မတော်မှ တအာင်းဒေသအတွင်း နယ်မြေစိုးမိုးရေး၊ မူးယစ်ဆေးဝါးနှိမ်နှင်းရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်နေစဉ် မြန်မာ့တပ်မတော်မှ လိုက်လံတိုက်ခိုက် နေခြင်းကြောင့် တိုက်ပွဲဖြစ်ပွါး ရခြင်း ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၉ ၄၇၀၉၇၇၇၂၊ ၀၆၉၂ ၆၂၂၄၈၅

ဒီ ကိစ္စ ဦးအောင်မင်း နဲ့  သမ္မတကြီး ဘယ်လိုဖြေရှင်း မလဲ သိချင်တယ်

]

လွန်ခဲတဲ့ ဇွန်လ အတွင်းမှာ ဖြစ်သွားတဲ့ကိစ္စပါ ။ ကေအိုင်အေ အရာရှိ တစ်ဦး အစိုးရတပ်က ပစ်ခတ်ဖမ်းဆီးမှု ကြောင့် သေနတ် ဒဏ်ရာ (ရ)ချက် နဲ့  ယခုလက်ရှိ မြစ်ကြီးနား ဆေးရုံမှာ တက်ရောက်ကုသမှု ခံယူနေတယ် ။ သေနတ် ကျည်ဆံထိမှန်မှုကြောင့် ညာဘက် ပေါင်ရိုးကျိုး ပြီး ကြေသွားတယ် ။ ခေါင်းကို သေနတ်ဒင် နဲ့ ထုရိုက်မှုကြောင့် နောက်စေ့ ကွဲကြေသွားတယ် ။ စစ်သားတွေ ခြေထောက်နဲ့ ကန်ကျောက် သေနတ်ဒင် နဲ့ ရိုက်နှက် တဲ့ အရှိန်ကြောင့် ဘယ်ဘက် လက်မောင်း ကျိုး သွားခဲ့တယ် ။

 

  ဒဏ်ရာ ဒဏ်ချက်များစွာနဲ့ မလှုပ်ရှား နိုင်တဲ့ သူကို သံကြိုး နဲ့ ချည်နှောင်ထားပြီး ဆေးရုံတက် ကုသစေတယ်။ ဘယ်လောက် ဆိုးဝါးတဲ့ လုပ်ရပ်လဲဆိုတာ ။ ရဲ အစောင့်က အချိန်ပြည့် (၃)ယောက်လောက်ထားပြီး စောင့်ကြည့်နေတယ် ။ တစ်ဖက် နဲ့ တစ်ဖက် ငြိမ်းချမ်းရေး အတွက် ကြိုးစားနေချိန်မှာ ဒီလိုကိစ္စမျိုးက ဖြစ်သင့်ပါသလား။ အငြိုးအတေး ကြီးကြီး နဲ့ လုပ်နေတဲ့ လုပ်ရပ်လို့ ဘဲ မြင်တယ် ။ ယုံကြည်မှု တည်ဆောက်နေပါတယ်ဆိုတဲ့ ခင်ဗျားတို့  ဒီလုပ်ရပ်ကို ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲ ကချင်လူထုက သိချင်နေတယ် ။


Copy from - Jade Land

ပီအာရ်စနစ်ဆိုတာ အရှုံးသမားတို့ရဲ့ စနစ်


တိုင်းရင်းသားတွေက ပီအာရ်စနစ်ကို မထောက်ခံခြင်းမှာ လူမျိုးစိတ် ရှိလို့ ပြောသူတွေ ရှိတယ်။
NLD က ပီအာရ်စနစ်ကို မထောက်ခံခြင်းမှာ မဲကို ဝေမျှလိုစိတ် မရှိလို့ ဆိုသူတွေ ရှိတယ်။

အမှန်မှာ ပီအာရ်စနစ်ဆိုတာ Majority Rule ဆိုတဲ့ ဒီမိုကရေစီအခြေခံစနစ်ကို အံတုပြီး Minority Rule လည်း ပါဝင်အောင် တီထွက်ထားတဲ့ စနစ်ပါပဲ။

မြန်မာနိုင်ငံဟာ ပြည်ထောင်စုနိုင်ငံဖြစ်တယ်။ Minority Rule ကို ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များကနေ ဦးရေတူအမတ်များ ရွေးကောင်တင်မြှောက်ထားတဲ့ အထက်လွှတ်တော်မှာ ကျင့်သုံးလို့ ရတယ်။ Majority Rule ကို ပြည်သူတို့ရွေးကောက်တင်မြှောက်ထားတဲ့ အမတ်များ စုဝေးရာ ပြည်သူ့လွှတ်တော်မှာ ကျင့်သုံးလို့ ရတယ်။

အဲဒီအစား ပီအာရ်စနစ်ကို ကျင့်သုံးဖို့ အဆိုတင်သွင်းခြင်းမှာ ရွေးကောက်ပွဲတောင် မဝင်ရသေးဘဲ ကြောက်မွေးပြနေတာနဲ့ အတူတူပဲ။ ပီအာရ်စနစ်ဆိုတာ အရှုံးသမားတွေကို အကာအကွယ် ပေးထားတဲ့ စနစ်ပါ။ ပြည်သူတို့ကို အမှန်တကယ် ကိုယ်စားမပြုပါဘူး။ အသုံးမကျသူများက အောင်နိုင်သူများကို အသိအမှတ်မပြုတဲ့စနစ်၊ အရှက်မရှိ ထိုင်ခုံဝင်လုတဲ့စနစ်သာ ဖြစ်တယ်။

Credit Ven Ravika

စစ်မှန်သော ငြိမ်းချမ်းရေး အတွက် UNFC မူဝါဒဖြင့် ဆက်ဆွေးနွေးမည်ဟု ကချင် ခေါင်းဆောင် ပြော

လိုင်ဇာမြို့၌ ယနေ့ ကျင်းပသည့် တိုင်းရင်းသားပေါင်းစုံ တတိယအကြိမ် ညီလာခံ၌ မိန့်ခွန်းပြောနေသော KIO ဥက္ကဌ ဦးဇောင်းဟရား (မတ်တတ်ရပ်နေသူ)
 
တိုင်းရင်းသားပေါင်းစုံ လိုလားနေသည့် စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိရန် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင် စီ(UNFC) ၏ မူဝါဒဖြင့်သာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့(KIO) ဥက္ကဌ ဦးဇောင်း ဟရား က ယနေ့ ပြောဆိုလိုက်သည်။

ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ပထမဆုံးနေ့ အဖြစ် ကျင်းပနေသည့် တတိယအကြိမ် တိုင်းရင်းသား ညီလာခံတွင် ယင်းသို့ ထုတ် ဖော် ပြောကြားလိုက်ခြင်းဖြစ်ပြီး UNFC ၏ မူဝါဒကို ယခုထက် ပိုပြီး လူအများ လက်ခံနိုင်ရေး ဆောင်ရွက်ရန် လိုအပ်သည်ဟုလည်း ၎င်းက ပြောဆိုသည်။

“UNFC အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အပစ်ရပ်ရေးကို စားပွဲပေါ် နိုင်ငံရေး ဆွေးနွေးဖို့ NCCT အဖွဲ့ကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ NCCT အဖွဲ့က UNFC နဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များက ချမှတ်ပေးလိုက်တဲ့ မူကို ကိုင်စွဲပြီး အစိုးရကို တင်ပြ ဆွေးနွေးနေတာ ဖြစ်သလို အဲဒီမူဝါဒတွေ အတိုင်း ဆက်လက် ဆွေးနွေးမှာ ဖြစ်ပါတယ်။ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ရေး၊ တန်းတူ အခွင့်အရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် တို့ကို လေးစားတဲ့ နိုင်ငံရေး

Friday, July 25, 2014

လူသားရဲ့ ဂုဏ်သိက္ခာနဲ့ MH17

လူသားရဲ့ ဂုဏ်သိက္ခာနဲ့ MH-17
လေယာဉ် ပျက်ကျမှုတွင် သေဆုံးသွား သူများအား နယ်သာလန်က နိုင်ငံတော် အခမ်းအနားဖြင့် လက်ခံကြိုဆို ခဲ့သည် (ဓာတ်ပုံ – Reuters)
“ဂုဏ်သိက္ခာရှိတဲ့ ကြိုဆိုဂုဏ်ပြုတာကို ခုမှပဲ လုပ်နိုင်တော့တယ်လို့” မလေးရှားလေယာဉ် MH-17 မှာ သေ ဆုံးခဲ့သူတွေရဲ့ အလောင်းတွေကို နယ်သာလန် တော်ဝင်လေတပ်မတော်ရဲ့ C- 130 နဲ့  သြစတြေးလျ တော် ၀င် လေတပ်မတော်ရဲ့ C-17 ဂျက်လေယာဉ်ကြီးနှစ်စီး ရဲ့ နောက်ပေါက်ကနေ အခမ်းအနားနဲ့ သယ်ချ နေ ချိန်မှာ BBC နဲ့ CNN ကေဘယ်လ်တီဗွီ သတင်းတွေက Live ပြနေတုန်းမှာ Dignity (ဂုဏ်သိက္ခာ) ဆိုတဲ့ စကားလုံးကို ရေလဲနဲ့ သုံးပြောသွားတာ ကြားလိုက် ရပါတယ်။

ခရီးသည်တင် လေယာဉ်ကို ရုရှားလိုလားသူ သူပုန်တွေက ရုရှား ထောက်ပံ့ထားတဲ့ supersonic အသံထက် မြန်တဲ့ဒုံးကျည်နဲ့ ပစ်ချအပြီး ကလေးသူငယ်တွေ အပါအဝင် ခရီးသည်တွေရဲ့ အလောင်းတွေ၊ သူတို့ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို သူပုန်များ ထိန်းချုပ်ထားတဲ့ နယ်မှာ သုံးလေးရက် ဒီအတိုင်း ပစ်ထား ခဲ့ တာ တွေ၊ အလောင်းတွေကို ရွှေ့ပြောင်းခဲ့တာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဝိုင်းဝန်းပြစ်တင် ရှုတ်ချခဲ့ ပါ တယ်။

မနေ့ကစပြီး အလောင်းတွေကို စတင် သယ်ခွင့်ရချိန်ကစပြီး နယ်သာလန်နိုင်ငံ အင်ဒိုဗန်( Eindhoven) လေ ဆိပ်မှာ အခမ်းအနားနဲ့ သေသေချာချာ ကြိုဆိုခဲ့ကြပါတယ်။

နယ်သာလန် နိုင်ငံရဲ့ ဘုရင်နဲ့ ဘုရင်မကြီး ကိုယ်တိုင် တက်ရောက်ခဲ့သလို ခရီးသည်တွေရဲ့ အလောင်းတွေ ကိုလည်း (အမျိုးဘာသာ မခွဲခြားဘဲ) သေသေချာချာ အခမ်းအနားနဲ့ သပ်သပ်ရပ်ရပ် ဂုဏ်သိက္ခာရှိစွာ ကြိုဆို တာကို တွေ့ရပါတယ်။

လူ့ဂုဏ်သိက္ခာဆိုတဲ့ စကားလုံးလေးနဲ့ ဒီဖြစ်ရပ်ကို ကြည့်နေရင်း ခံစားမိတာက ၂၀၀၈ တုန်းက မြန်မာ နိုင်ငံမှာ နာဂစ်မုန်တိုင်း တိုက်တဲ့အချိန်မှာ အလောင်းတွေ တောင်လိုပုံခဲ့တာ၊ မိသားစုဝင်တွေခမျာ သေသေ ချာချာ သဂြ င်္ိုလ်ဖို့ အခွင့်အရေးတောင် မရရှာတာကို သွားသတိရမိပါတယ်။
နောက်ဆုံး ကူညီကယ်ဆယ်မယ် ဆိုတဲ့ အဖွဲ့အစည်း တချို့နဲ့ ပြည်ပ မီဒီယာတွေကို အင်တာဗျူး ပြောဆိုပြီး သတင်းမှန်တွေ ပေးခဲ့သူတွေကိုတောင် ထောင်ချခဲ့တာတွေ ရှိခဲ့ပါတယ်။

၂၀၀၈ ခုနှစ် ဧရာဝတီ မြစ်ဝကျွန်းပေါ်ကို နာဂစ် ဆိုင်ကလုန်းတိုက်ခတ်စဉ်က တယောက်တယောက် တိုးဝှေ့ကာ မုန်တိုင်းဒဏ်ကိုကြံကြံ ခံရင်း အကူအညီကို စောင့်ဆိုင်းနေသည့် ဒေးဒရဲ ဒေသခံများ (ဓာတ်ပုံ - Reuters)

၂၀၀၈ ခုနှစ် ဧရာဝတီ မြစ်ဝကျွန်းပေါ်ကို နာဂစ် ဆိုင်ကလုန်းတိုက်ခတ်စဉ်က တယောက်တယောက် တိုးဝှေ့ကာ မုန်တိုင်းဒဏ်ကိုကြံကြံ ခံရင်း အကူအညီကို စောင့်ဆိုင်းနေသည့် ဒေးဒရဲ ဒေသခံများ (ဓာတ်ပုံ – Reuters)
နိုင်ငံတကာ အကူအညီ ပေးမယ့်သူတွေ၊ အဖွဲ့အစည်းတွေနဲ့ အစိုးရတွေကို အကန့်အသတ်နဲ့ ၀င်ခွင့်ပေးခဲ့ပြီး စစ်အစိုးရ ထိန်းချုပ်ထားတဲ့ သတင်းစာကနေ လယ်ကန်သင်းရိုးမှာ ဖားရှာ ငါးရှာပြီး မုန်တိုင်းဒဏ်ခံ ဒေသတွေမှာ အပူအပင် မရှိပါဘူးလို့ နာဂစ်မုန်တိုင်း တိုက်ခတ် အပြီး သုံးပတ်လောက်

Thursday, July 24, 2014

အစ္စရေးကို တိုက်ခိုက်မယ့် ဟားမတ်စ် အစီအစဉ်ကို အစ္စရေးက ထုတ်ဖော် ပြသ


ဂျူလိုင် ၂၃ ၊ ၂၀၁၄ ခုနှစ်
ပါလက်စတိုင်းက ဟားမတ်စ် အဖွဲ့တွေ အနေနဲ့ စာသင်ကျောင်း တွေကို အသုံးပြုပြီး အစ္စရေး ဘက်ကို တိုက်ခိုက် နိုင်ဖို့ စီစဉ် ထားတာ တွေကို အစ္စရေး အစိုးရက မီဒီယာ တွေကို ထုတ်ပြ ခဲ့ပါတယ်။

အခု ရက်ပိုင်းအတွင်း အစ္စရေးရဲ့ ဂါဇာ ကမ်းမြှောင်က ဟားမတ်စ် ပါလက်စတိုင်း စစ်သွေးကြွှ တွေကို မြေပြင်ရော ဝေဟင်ကပါ တိုက်ခိုက် နေတာမှာ စာသင်ကျောင်းနဲ့ အရပ်ဖက် ပစ်မှတ်တွေကို ထိမှန်ပြီး အပြစ်မဲ့သူတွေ သေဆုံး နေရတယ်လို့ ပါလက်စတိုင်း ဘက်က စွပ်စွဲ ချက်တွေ ထွက်လာခဲ့ပြီးနောက် အစ္စရေး ကလည်း အခုလို ထုတ်ဖော် ခဲ့တာပဲ ဖြစ်ပါတယ်။

ကျောင်းတွေ အောက်မှာ ဥမင်တွေ တူးထား ခဲ့ပြီး ဒီဥမင် တွေက တဆင့် အစ္စရေး ဘက်ကို တိုက်ခိုက် နိုင်ဖို့ ရည်ရွယ် ထားတဲ့ တိုက်ခိုက်ရေး လမ်းကြောင်း တွေကိုလည်း အစ္စရေး ဝန်ကြီးချုပ်က ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းကို ဗီဒီယို ဖိုင်တွေနဲ့ အသေအချာ ရှင်းလင်း ပြောကြား ခဲ့ပါတယ်။

အစ္စရေးက မစ္စတာ ဘန်ကီမွန်းကို ထုတ်ဖော် ပြသ ခဲ့တဲ့ ဗီဒီယိုဖိုင် တစ်ခုမှာ ဆိုရင် ဟားမတ်စ် အဖွဲ့တွေ အနေနဲ့ အစ္စရေး ဘက်ကို ချိန်ရွယ် ထားတဲ့ ဒုံးကျည်တွေကို စာသင်ကျောင်းတွေ အောက်မှာ အကာအကွယ် ယူပြီး တပ်ဆင်ထားတာ တွေကိုလည်း တွေ့ခဲ့ရပါတယ်။

ဒါပေမယ့်လို့ အစ္စရေးရဲ့ အခုလို တိုက်ခိုက်မှုတွေဟာ လူသားမဆန်တဲ့ တိုက်ခိုက်မှု ဖြစ်နေတယ် ဆိုပြီး နိုင်ငံ တော်တော်များများက ဝေဖန် နေကြပါတယ်။

တစ်ပတ်ကျော် ဖြစ်ပွားခဲ့တဲ့ နှစ်ဖက် တိုက်ပွဲ အတွင်းမှာတော့ အစ္စရေး စစ်သား (၁၅) ဦးခန့် နီးပါး သေဆုံး ခဲ့ရပြီး ၊ ပါလက်စတိုင်းဘက်က အပစ်မဲ့ပြည်သူတွေ အပါအဝင် ပါလက်စတိုင်း တပ်သား (၅၀၀) လောက် သေဆုံး ခဲ့ရပြီး ဖြစ်တယ်လို့ ပါလက်စတိုင်း အာဏာပိုင် တွေက ထုတ်ဖော် ပြောကြား ထားပါတယ်။

သတင်းရင်းမြစ် - ဟင်္သာနီ (မွန်မြေ)

 


( ၂၇-၇-၁၄) တနင်္ဂနွေနေ့မှာ အောက်ပါ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက် ၄၃၆ ပြင်ဆင်ရေး လူထုအစည်းပွဲ တရပ်ကို ကျင်းပမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။


မည်သူမဆို ပါဝင်တက်ရောက်နိုင်ပါသည်။ တက်ရောက်ကြပါရန်လည်း ဖိတ်ခေါ်ပါသည်။
ဒီချုပ်၊ ၈၈ပွင့်လင်းလူ့ အဖွဲ့အစည်းကိုယ်စားလှယ်များအပါအ၀င် တက်ကြွဦးဆောင်သူများက ဟောပြောကြမည်ဖြစ်ပါသည်။ 

 (၁) Generation Wave

(၂) New Generation

(၃) အလင်းစေတမာန် စာကြည့်တိုက်

(၄) Yangoon School of Students

(၅၀ ဒဂုန်မြို့သစ် လေးမြို့နယ် ပြည်သူ.လှုပ်ရှားမှု မြှင့်တင်ရေး ကွန်ယက်

( ၆) ဒီမိုကရေစီအင်အားစု

(၇) လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့

(၈) ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီ

(၉) အခြေခံပညာကျောင်းသားများ သမဂ္ဂ (၈၈)

( ၁၀) ရန်ကုန်လူငယ်များ အစည်းအရုံး

(၁၁) ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ယက်

(၁၂) ကြည့်မြင်တိုင် လူမှု ဖွဲ့ဖြိုးရေး ကွန်ယက်

(၁၃) ဗိုလ်တထောင်မြို့နယ် တက်ကြွလှုပ်ရှားသူများ

( ၁၄)တာမွေမြို့နယ် တက်ကြွလှုပ်ရှားသူများ

( ၁၅) ပုဇွန်တောင်မြို့နယ် တက်ကြွလှုပ်ရှားသူများ

(၁၆) သင်္ကန်းကျွန်းမြို့နယ် တက်ကြွလှုပ်ရှားသူများ

(၁၇) တောင်ဥက္ကလာမြို့နယ် တက်ကြွလှုပ်ရှားသူများ

(၁၈) ဒေါပုံမြို့နယ် တက်ကြွလှုပ်ရှားသူများ

(၁၉) သာကေတမြို့နယ် တက်ကြွလှုပ်ရှားသူများ

(၂၀) ရန်ကင်း မြို့နယ် တက်ကြွလှုပ်ရှားသူများ

(၂၁) မြောက်ဥက္ကလာပ မြို့နယ် တက်ကြွလှုပ်ရှားသူများ
(၂၂) လှိုင်သာယာ မြို့နယ် တက်ကြွလှုပ်ရှားသူများ

(၂၃) ဒဂုန်မြို့သစ် မြောက်ပိုင်း မြို့နယ် တက်ကြွလှုပ်ရှားသူများ

( ၂၄) ဒဂုန်တောင်ပိုင်း မြို့နယ် တက်ကြွလှုပ်ရှားသူများ

(၂၅) ဒဂုန်အရှေ. မြို့နယ် တက်ကြွလှုပ်ရှားသူများ

(၂၆) ဒဂုန်ဆိပ်ကမ်း မြို့နယ် တက်ကြွလှုပ်ရှားသူများ

(၂၇) မင်္ဂလာတောင်ညွန့် မြို့နယ် တက်ကြွလှုပ်ရှားသူများ

(၂၈) ပန်းဘဲတန်း မြို့နယ် တက်ကြွလှုပ်ရှားသူများ

(၂၉) သံလျင် မြို့နယ် တက်ကြွလှုပ်ရှားသူများ
(၃၀) ဗဟန်း မြို့နယ် တက်ကြွလှုပ်ရှားသူများ

( ၃၁) ပန်းဆိုးတန်း မြို့နယ် တက်ကြွလှုပ်ရှားသူများ

(၃၂) စမ်းချောင်း မြို့နယ် တက်ကြွလှုပ်ရှားသူများ

(၃၃) ရွေပြည်သာ မြို့နယ် တက်ကြွလှုပ်ရှားသူများ

(၃၄) အလုံ မြို့နယ် တက်ကြွလှုပ်ရှားသူများ

(၃၅) မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ယက်

(၃၆) မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်

(၃၇) ကဗျာဆရာများ သမဂ္ဂ

( ၃၈) မြန်မာ့ဘ၀ လူမှုဘ၀တိုးတက်မြင့်မားရေး အသင်း

( ၃၉) New Myanmar Foundation

( ၄၀) ဧရာဝတီသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသင်တန်းကျောင်

နေ့ရက်။ ။ ၂၇-၇-၁၄ တနင်္ဂနွေနေ့

အချိန်။ ။ နေ့လည် ၂-၀၀ နာရီ

နေရာ။ ။ ဗိုလ်စိန်မှန် အားကစားကွင်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်း။

တပ်မတော်စစ်ကြောင်းအား သျှမ်းပြည်တပ်မတော်လိုက်လံတိုက်ထုတ်




သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ဟာ့ဝမ့်ကျေးရွာအုပ်စု အတွင်း အခြေစိုက် သည့် SSPP/SSA တပ်စခန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့သည့် မြန်မာ့တပ်မတော် ခလရ ၂၄၈ တပ်ရင်းအား အဆိုပါအုပ်စု အတွင်းမှ ဂျူလိုင် ၂၁ ရက် မွန်းလွဲပိုင်းက လိုက်လံတိုက်ထုတ်နိုင်ခဲ့ သည်ဟု ရှေ့တန်းရောက် SSPP/SSA တပ်မှူး ကပြောသည်။

ဂျူလိုင်လ ၂၀ ရက် မွန်းလွဲပိုင်းမှ ၂၁ ရက် နံနက်ပိုင်းအထိ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့ အရှေ့ ဘက် ၈ မိုင်အကွာရှိ ဟာ့ဝမ့်အုပ်စုဝင် ကောင်းစဝ်မိန်းတပ်စခန်းအား အစိုးရတပ်ခလရ ၂၄၈ ကအကြိမ် ကြိမ်တိုက်ခိုက်ခဲ့ ပြီး ၂၀ ရက်နေ့ ညက ကောင်းစဝ်မိန်းတပ်စခန်းကို ဝန်းရံ ထားခဲ့ကြသည်ဟု ဆိုပါသည်။

SSPP/SSA ကလည်း မြန်မာ့ တပ်မတော်၏ အပြင်စည်းတွင် ထပ်မံအင်အားဖြည့်ဝန်းရံ ပိတ်ဆို့ တိုက်ခိုက်သောကြောင့် တိုက်ပွဲများဆက်တိုက်ဖြစ် ပွားခဲ့သည်။

၂၁ ရက်နေ့ မွန်းလွဲပိုင်း အဆိုပါတပ်များ ဝမ့်ဝပ်အုပ်စု နှင့် ဟာ့ဝမ့်အုပ်စုမှ ပန်စယ်ဘက်သို့ တပ်ဆုတ်ပြန်သွားမှသာ တိုက်ပွဲ ယာယီပြီးဆုံးသွားကြောင်း ရှေ့တန်းရောက် တပ်မှူး ဖှလျှပ်က ပြောသည်။

“ဒီနေ့တော့ တိုက်ပွဲသံမကြားရတော့ဘူး။ ကျနော်တို့ကိုဘာဖြစ်လို့လာတိုက်တာလဲဗျာ။ လူထု တော်တော် ဒုက္ခရောက်တယ်။ မိုးတွင်းလေ။ သူတို့တွေက သျှမ်းပြည်ရာသီဥတုနဲ့လည်း မရင်းနှီးဘူး ကော်။ သျှမ်းပြည်ထဲမှာ အခြေစိုက်ဆိုပေမယ့် အောက်ပြည်က လာတဲ့သူတွေဘဲ။ ကျနော်တို့ဘက်တော့ ဒဏ်ရာ ရတဲ့သူတော့ရှိတယ်။ ကျဆုံး တာတော့မရှိဘူး။ သူတို့ဘက်လည်း ဘယ်လောက်သေကြေ ဒဏ်ရာ ရလဲမသိဘူး ။ ဒီနေ့တော့ ကျနော်တို့ ကွင်းဆင်း ကြည့်နေတယ်။ သူတို့က ဒီဒေသကနေ ဆုတ်ခွါတော့

၂၅ ရက် ဇွန်လ ၂၀၁၄ ခုနှစ် တအာင်းတပ်မတော်(TNLA)၊ KIA၊ MNDAA(ကိုးကန့်တပ်မတော်)ပူးပေါင်းအဖွဲ့နှင့် မြန်မာ့တပ်မတော်တိုက်ပွဲ Update သတင်း

ဇူလိုင်လ ၂၁ ရက်နေ့ နမ်းခမ်း မန်းပူးရွာတိုက်ပွဲနောက်ဆက်တွဲ လူထုအခြေအနေ

ဇူလိုင်လ ၂၁ ရက် ၂၀၁၄ ခုနှစ်

မန်ပူးရွာတွင် ကျေးရွာပြည်သူများ အဆိုပြုချက်အရ လူထုစည်းရုံးရေးပြုလုပ်ရန်အစီအစဉ်ဖြင့် မန်းပူးရွာတွင်ရောက်နေသာ TNLA တပ်မတော် တပ်မဟာ (၁)အား မြန်မာစစ်တပ် ခလရ ၂၂၊ ခလရ ၂၃၊ ခလရ ၁၄၄၊ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်း ခလရ ၁၀ တို့ ၀င်ရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၁၉ ရက်နေ့ည ၈း၃၀မှ စ၍ တိုက်ပွဲစတင်ဖြစ်ပွားကာ ၂၀ ရက် ညနေ ၂း၀၀ နာရီကျော်မှပင် နှစ်ဘက် ပစ်ခတ်သံများ ငြိမ်သက်သွားခဲ့သည်။ တအန်းတပ်မတော် ပြန်လည်လှုပ်ရှားချိန်အတွင်း နမ်းခမ်းနယ်တွင် အပြင်ထန်ဆုံး တိုက်ပွဲတစ်ခု ဖြစ်ခဲ့သည်။

၂၁ ရက်ညနေပိုင်းတွင် TNLA တပ်မတော်မှ ရွာသားများ ထိခိုက်မှုများပြားမည်စိုးရိမ်၍ တိုက်ပွဲဖြစ်သည့်နေရာမှ ထွတ်ခွာခဲ့သည်။

တိုက်ပွဲအတွင်း မြန်မာစစ်တပ်မှ ပစ်လိုက်သည့် လက်နက်ကြီးများကြောင့် လူနေအိမ် ၁၀ အိမ်ကျော် ပျက်စီးပြီး ရွာသား ၂ ဦးသေဆုံးပြီး လက်နက်ကြီးအစများ ထိမှန်မှုကြောင့်လူကြီးကလေးအပါအ၀င် (၁၀ )

၁၉ ရက်နှင့် ၂၀ရက် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း မန်ပူးရွာတိုက်ပွဲနောက်ဆက်တွဲ သတင်းဓါတ်ပုံများ ။

တိုက်ပွဲအတွင်း မြန်မာစစ်တပ်မှ ပစ်လိုက်သည့် လက်နက်ကြီးများကြောင့် လူနေအိမ် ၁၀ အိမ်ကျော် ပျက်စီးပြီး ရွာသား ၂ ဦးသေဆုံးပြီး လက်နက်ကြီးအပိုင်းအစ များ ထိမှန်မှုကြောင့် လူကြီးကလေး အပါအ၀င် (၁၀ ) ကျော် ထိခိုက် ဒဏ်ရာရရှိကြသည်။

တိုက်ပွဲအတွင်း အစိုးရစစ်တပ်မှ ရွာလူထုကို ဦးတည်ပြီး ပစ်ခတ် တိုက်ခိုက်သောကြောင့် ပျက်စီးသွားသော မန်ပူးရွာမှ လူနေအိမ်များ၊ သာသနိက အဆောက်အဦများ ။


ခက်ခဲလှတဲ့ ဖက်ဒရယ်အရေးနဲ့ ဒီမိုကရေစီအရေး

"ကာချုပ်မူ(၆)ချက်"ကို ၎င်းတို့ စွဲကိုင်ထား သမျှ ကာလပတ်လုံး "ခုခံတော်လှန်ရေး"အတွက် သေနတ်ကိုင်ထားကြသူများကလည်း ကိုင်ထားသည့် သေနတ်ကိုမြဲမြဲ ကိုင်ထားကြရဦးမည်။ စစ်မှန်သော ဒီမိုကရေစီရရှိရေးအတွက်လည်း ပြည်သူအင်အားကိုလည်း ခိုင်ခိုင်မာမာ စုစည်းစည်းရုံးထားကြရလိမ့်ဦးမည်။

“တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးစာချုပ်” လက်မှတ်ရေးထိုးနိုင်ဖို့အရေးသည် ခက်ခဲလှသည်။ လွယ်လွယ်နှင့် ဖြစ်မြောက်လာ လိမ့်မည်မဟုတ်ပါ။ အပစ်အခတ်ရပ်စဲရေးစာချုပ်၌ ဤမျှခက်ခဲနေလျှင် အပစ်ရပ်ပြီးနောက် တဆင့်တက် ဆွေးနွေးကြမည်ဆို သော “နိုင်ငံရေးဆွေးနွေးပွဲ”၌ဆိုလျှင် ဆိုဖွယ်ရာမရှိပြီ။

ယင်းသို့ ခက်ခဲနေသည့် အခြားကိစ္စတစ်ရပ်လည်း ရှိသေးသည်။ ၂၀၀၈ အခြေခံဥပဒေ၊ “ပုဒ်မ ၄၃၆ ပြင်ဆင်ရေး” ဖြစ်သည်။ ယင်းကိစ္စသည်လည်း “တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးစာချုပ်”ကဲ့သို့ပင် ခက်ခဲလှသည်။

ယခုအခါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးသည့် လှုပ်ရှားမှုပြီးဆုံးသွားပြီ။ ဒီချုပ်ပါတီမှာ တာဝန်ရှိသူက ဦးဝင်းထိန်က ဘီဘီစီသို့ပြောသည့်စကားအရဆိုလျှင် “လက်မှတ်ပေါင်း ၅သန်းကျော်” စုဆောင်းရရှိသည်ဟု သိရှိပါသည်။

ထိုသို့ ပုဒ်မ ၄၃၆ ပြင်ဆင်ပေးရန် လက်မှတ်ရေးထိုးကြသည့် ပြည်သူ ၅သန်းကျော်၏ ဆန္ဒသည် “၃၁ဦး ကော်မတီ”ကို ကျော် လွန်နိုင်ရန် မလွယ်ကူပါ။ “၃၁ဦး ကော်မတီ”ဆိုသည်မှာလည်း တကယ်တော့ ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်း၏ ဆန္ဒကို အကောင်အထည်ဖော်ကြရသည့် ကော်မတီကလေးတစ်ခုမျှသာ ဖြစ်ပါသည်။ ဦးရွှေမန်း၏ လက်ကိုင်ဒုတ်ကော်မတီပဲ ဖြစ်သည်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုတွေဟာ “၃၁ဦးကော်မတီ”အပေါ် “သြဇာသက်ရောက်မှုမရှိပါဘူး”လို့ ဦးရွှေမန်းက ခပ်ပြောင်ပြောင်ပင် ပြောထားသည်။ ဤသည်မှာ “လူ ၅သန်းကျော်၏ ဆန္ဒ”ကို ဂရုမစိုက်/

Wednesday, July 23, 2014

လိုင်ဇာ ထိပ်သီး Conference တက်ရောက်ရန် အတွက် လိုင်ဇာ သို့ ရောက်ရှိလာသော တိုင်းရင်းသား ခေါင်းဆောင်များ အား ကြိုဆိုသော အခမ်းအနား

လိုင်ဇာ ထိပ်သီး Conference တက်ရောက်ရန် အတွက် လိုင်ဇာ သို့ ရောက်ရှိလာသော တိုင်းရင်းသား ခေါင်းဆောင်များ အား ကြိုဆိုသော အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပြီး ခေါင်းဆောင်အသီးသီး မှ အမှာစကား ပြောကြားခဲ့ကြပါတယ်။

လိုင်ဇာ ထိပ်သီး ညီလာခံကို ဇွန်လှိုင် (၂၄ ) မှ (၂၆) ထိ ကျင်းပသွားရန် ရှိပြီး တိုင်းရင်းသား ခေါင်းဆောင်များ သီးသန့် တွေ့ ဆုံဆွေးနွေးမှု ကို ဇွန်လှိုင် (၂၈) (၂၉) နှစ်ရက်တာ သီးသန့်  ကျင်းပသွားရန် ရှိကြောင်း ထပ်မံသိရပါ တယ် ။

Copy from - Lachid Kachin

ဇူလိုင်လ ၁၉ ရက်နှင့် ၂၀ ရက်နေ့TNLAနှင့် မြန်မာစစ်တပ်တိုက်ပွဲတွင် မြန်မာစစ်တပ်မှ ၂၇ ဦးကျဆုံး





၂၁ ရက် ဇူလိုင်လ ၂၀၁၄ ခုနှစ်



ဇူလိုင်လ ၁၉ ရက်နှင့် ၂၀ ရက်နေ့TNLAနှင့် မြန်မာစစ်တပ်တိုက်ပွဲတွင် မြန်မာစစ်တပ်မှ ၂၇ ဦးကျဆုံးပြီး TNLA တအန်းတပ်မတော် တပ်မဟာ (၁)လက်အောက်ခံ တပ်ရင်းများမှတပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာပြင်းထန်စွာရရှိပြီး တအန်းအမျိုးသားလွတ်မြောက်ရေးအတွက် အသက်လှူဒါန်းသွားခဲ့သည်။


တအန်းတပ်မတော်သားများမှာ ၁၉ ရက်နေ့ညတွင် ၂ ဦးဒဏ်ရာပြင်းထန်စွာရရှိပြီးနောက် ဆေးမမှီတော့ပဲ အသက်လှူဒါန်းသွားရပြီး အခြားတစ်ဦးမှာ ၂၀ ရက်နေ့နံနက်ပိုင်း မန်ပူးရွာစေတီကုန်းတွင် မြန်မာတပ်မှ ပစ်လိုက်သည့် လက်နက်ကြီးထိမှန်ပြီး အသက်ပေးသွားရသည်။


လူထုစည်းရုံးရေးပြုလုပ်ရန်အစီအစဉ်ဖြင့် မန်းပူးရွာတွင်ရောက်နေသာ TNLA တပ်မတော် တပ်မဟာ (၁)အား မြန်မာစစ်တပ် ခလရ ၂၂၊ ခလရ ၂၃၊ ခလရ ၁၄၄၊ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်း ခလရ ၁၀ တို့ ၀င်ရောက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၁၉ ရက်နေ့ည ၈း၃၀မှ စ၍ ၂၀ ရက် ညနေ ၂း၀၀ နာရီအထိ ဖြစ်ပွားသော တိုက်ပွဲကြောင့် မြန်မာစစ်တပ်မှ အနည်းဆုံး ၂၇ ဦးသေဆုံးသည်ကို အသေအချာ မြင်လိုက်ရသည်ပြီး မမြင်တွေ့ရသေးသည့် အလောင်းများလည်း ရှိနေကြောင်း သိရသည်။


မြန်မာစစ်တပ်ဘက်မှ ကျဆုံးသော ၂၇ ဦးတွင် ၈ ဦးခန့်တို့မှာ မြန်မာစစ်တပ်ယူနီဖောင်းဖြင့် မဟုတ်ပဲ SSPP/SSA ၀မ်းဟိုင်းမှ ရှမ်းစစ်သားဝတ်စုံတံဆိပ်အယောင်အဆောင်ပြီး ၀တ်ဆင်ထားသည်ကို စုံစမ်းသိရှိရသည်။


သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉၄၉၃၁၄၉၅၁၊ ၀၉၄၇၀၉၇၇၇၂၊ ၀၉၂၅၆၄၆၅၆၈၁၊ ၀၆၉၂၆၂၂၄၈၅၈

ပစ်ချခံရသည့် မလေးရှားလေယာဉ် မှတ်တမ်းသေတ္တာ ပြန်လည်လွှဲအပ်


ယူကရိန်းခွဲထွက်ရေးသူပုန်ခေါင်းဆောင် အလက်ဇန်းဒါ ဘိုရိုဒိုင်းက ယူကရိန်း အရှေ့ပိုင်းမှာ မှားယွင်းပစ်ချခံခဲ့ရတဲ့ မလေးရှားလေယာဉ်ရဲ့ မှတ်တမ်းသေတ္တာ (Blackbox) ၂ ခုကို မလေးရှားအာဏာပိုင်တွေဆီ ဒီနေ့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ဒိုနက်ရှ်မြို့က ဌာနချုပ်ရုံးမှာ နှစ်ဖက် သဘောတူလက် မှတ် ရေးထိုးပြီး မလေးရှား လုံခြုံရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မိုဟာမက် စက်က်ရီကို လွှဲပြောင်းပေး အပ်ခဲ့တာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံက တောင်းဆိုခဲ့တဲ့ လေယာဉ်မှတ်တမ်းသေတ္တာတွေကို လွှဲပြောင်း ပေးအပ်ခဲ့တဲ့ ဒိုနက်ရှ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ခေါင်းဆောင်ကြီးကို ဗိုလ်မှူးကြီး မိုဟာမက်စက်က်ရီက ကျေးဇူးတင် စကားပြောပြီး မှတ်တမ်းသေတ္တာတွေဟာ မလေးရှားနိုင်ငံက ပိုင်ဆိုင်တဲ့ပစ္စည်းတွေ ဖြစ်တယ်လို့လည်း

Monday, July 21, 2014

မန္တလေးတိုင်းဒေသကြီး မိုးကုတ်နယ်တွင် တအန်းတပ်မတော်နှင့် မြန်မာစစ်တပ် တိုက်ပွဲဖြစ်ပွား


၂၀ ရက် ဇူလိုင်လ ၂၀၁၄ ခုနှစ်

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် ရွှေညောင်ပင်ရွာနှင့် ဆိုင်းလိန်ရွာ အကြားတွင် တအန်းတပ်မတော် တပ်မဟာ (၂ )နှင့် မြန်မာစစ်တပ် ခလရ တပ်ရင်း (၇၁)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

မြန်မာစစ်တပ်မှာ တပ်ရင်းမှူးဗိုလ်မှူး စိုးအောင် ဦးဆောင်သော ခလရ (၇၁)ဖြစ်ပြီး တအန်းဘက်တွင် TNLA တပ်မဟာ (၂ ) အောက်ရှိ တပ်ရင်း (၅၂၇)တို့ဖြစ်သည်။

တိုက်ပွဲမှာ ရင်ဆိုင်တိုက်ပွဲဖြစ်ပြီး ၁၄း၄၀ မှ ၁၄း၅၅ အထိဖြစ်ပြီး ၁၅ မိနစ်ကျော်အပြန်အလှန်ပစ်ခတ်ကြပြီး သေနတ်သံများ ရပ်သွားခဲ့သည်။

ထိခိုက်မှုအခြေအနေကား မသိရသေးပေ၊ နောက်ဆက်တွဲသတင်းများ ဆက်လက်တင်ပြသွားပါမည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉၄၉၃၁၄၉၅၁၊ ၀၉၄၇၀၉၇၇၇၂၊ ၀၉၂၅၆၄၆၅၆၈၁၊ ၀၆၉၂၆၂၂၄၈၅၈

Sunday, July 20, 2014

----Asian နိင်ငံများရိုးရာအကပဒေသာကပွဲမှ ပြည်ထောင်စု တိုင်းရင်းသားများ ပူးပေါင်းပါဝင်


 


ယနေ့အကြိုက်ဆုံး ပို့စ်..။


သူ့ရဲ့ရင်ဘက်မှာသူ့စက်ရုံတံဆိပ်တပ်ထားဆဲပဲ...။
ဒါပေမဲ့စက်ရုံက မရှိတော့ဘူး...။
အဲ့ဒီအတွက်သူ့မှာလည်း အလုပ်လက်မဲ့ပေါ့...။
သူ့လိုပဲ ကျန်တဲ့အလုပ်သမား ၈၀၀ လောက်လည်း အလုပ်လက်မဲ့ဖြစ်ရတယ်...။
ပိုဆိုးတာက
သူတို့သူဌေးကိုးရီးယား အလုပ်ရှင်က
စက်ရုံကိုကြိုတင်အသိမပေးဘဲ ပိတ်လိုက်တဲ့အပြင်...။
လုပ်ခလစာတွေကိုလည်း ရှင်းမပေးသွားပဲ ကိုးရီးယားပြေးသွားပြီ...။
နစ်နာကြေးပေးဖို့ဆိုတာတော့ဝေးသေး။
အခုသူတို့ အလုပ်သမားတွေအားလုံး..
လုပ်ခလစာလေးများပြန်ရလေမလားမျှော်လင့်လို့ ..။
သူတို့စက်ရုံရှိရာလှိုင်သာယာကနေ ဗပာန်းတက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့

မန်ပူးရွာတွင်း ခလရ ၁၄၄ မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ရွာသားတစ်ဦး သေဆုံးပြီး (၂ )ဦးပြင်းထန်စွာ ဒဏ်ရာရ


၂၀ ရက် ဇူလိုင်လ ၂၀၁၄ ခုနှစ်

ယမန်နေ့ညတွင် မန်ပူးကျေးရွာအနီး TNLA တပ်မတော် တပ်မဟာ (၁)နှင့် တိုက်ပွဲဖြစ်စဉ်အတွင်း မန်တပ်ရွာ အခြေစိုက် ခလရ ၁၄၄ မှ ပစ်ခတ်လိုက်သော လက်နက်ကြီးများသည် ရွာအတွင်းသို့ ကျရောက်ပြီး လူနေအိမ် ၁ အိမ်ပျက်စီး၍ အိမ်ထဲတွင် ရှိနေသော မိသားစုဝင်များဖြစ်သည့် တားကူန်းအေးကွဲ့ အသက် (၅၀)ခန့် သေဆုံးပြီး ၎င်း၏ဇနီး ယာမားအေးကွဲ့ နှင့် မိုင်းအိုက်ညမ်းထူန်း တို့ ဒဏ်ရာ ပြင်းထန်စွာ ရကြသည့်အတွက် နမ်းခမ်းဆေးရုံသို့ တင်ထားရသည်။

ထို့အပြင် ယခုသတင်းရေးသာနေချိန်အထိ တိုက်ပွဲများ မစဲသေးပဲ ပစ်သံခတ်သံများ ကြားနေရဆဲဖြစ်သည်။ ယနေ့နံနက်ပိုင်းတွင် ရွာရှိ ရွာသားများလည်း တောထဲသို့ ထွတ်ပြေးပုန်းအောင်း နေကြသည်။ မန်ပူးရွာသည် နမ်းခမ်းမြို့နယ်မှ မိုင်းဝီးကျေးရွာသို့ ဆက်သွယ်ထားသည့် ကားလမ်းကြီးအပေါ်တွင် တည်ရှိသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

၆ လအတွင်း တိုက်ပွဲများတွင် အစိုးရတပ်မှ ၁၇၀ ကျော်သေ T.N.L.A ထုတ်ပြန်


၂၀၁၄ ၏ ၆ လတာကာလအတွင်း တအာန်း (ပလောင်) တပ်မတော် T.N.L.A နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲအကြိမ် ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး အစိုးရဘက်မှ စစ်ကြောင်းမှူး အရာရှိများ အပါအဝင် ၁၇၀ ကျော် သေဆုံးကာ ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်ဟု T.N.L.A ဗဟိုကော်မတီ ၆ လပတ်အစည်းအဝေးမှ ကြေငြာချက်တစောင်ထုတ်ပြန်လိုက်ပါသည်။

အဆိုပါကြေငြာချက်တွင် အချက် ၅ ချက် ပါရှိပါသည်။

တအာန်းတပ်မတော်အခြေစိုက်လှုပ်ရှားရာ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ ၊ မိုးကုတ်၊ မိုးမိတ်၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်မြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ထိပ်တိုက်တိုက်ပွဲများ ဖြစ်ပွါးခဲ့မှုများတွင် မြန်မာ့တပ်မတော်ဘက်မှ ၁၇၈ ဦးသေဆုံးပြီး တအာန်း

Saturday, July 19, 2014

အမေ ဒေါ်အောင်ဆန်းစုကြည် အလေးပြု


----Asian နိင်ငံများရိုးရာအကပဒေသာဖိတ်ခေါ်ခြင်း----

----Asian နိင်ငံများရိုးရာအကပဒေသာဖိတ်ခေါ်ခြင်း----

ဂျပန်နိင်ငံ Komazawa Olympic Park တွင်ပြုလုပ် ကျင်းပမည့် Asian နိင်ငံများရိုးရာယဉ်ကျေးမှူ ပွဲတော်တွင် ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိင်ငံ တိုင်းရင်းသားများအား ဖိတ်ကြားချက်အရပါဝင်ကပြသွားမည်ဖြစ်သောကြောင့် မိမိ၏လူမျိုးနှင့် သက်ဆိုင်သော ၀တ်စားဆင်ရင်မှုဖြင့် လာရောက်အားဖြည့်ပါဝင်ပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

အချိန်------1:00-5:00pm

ရက်စွဲ------20-7-2014 ( မနက်ဖြန်Sunday)

နရာ------Komazawa Olympic Park (Shibuya Sta- မှ Denentoshi Line Komazawa Daigakku Sta--Olympic Park Exit,

ဆက်သွယ်ရန
(၁) ညီညွတ်သောတိုင်ရင်းသားများဂျပန် - 090 6025 4629/ 090-9831-7192
(၂)ကချင်အမျိုးသားအစည်းအရုံးဂျပန်-080-5060-8792
(၃)တာဝန်ခံ-080-5878-7344

လေးစားစွာဖြင့်-

နှောက်ယှက်ဖို့ တားစီးဖို့ ကြိုးစားခဲ့ပေမယ့် လူထုစည်းလုံးညီညွတ်အားကို သဘောပေါက်လာတော့ အနီးကပ်မှ ခွင့်ပြုလိုက်တာ ......?

နိုင်ငံတဝှမ်း အာဇာနည်နေ့ကျင်းပဖို့ မြန်မာအစိုးရ ခွင့်ပြု
 ******************************************************

ဒီကနေ့ ကျရောက်တဲ့ (၆၇)နှစ်မြောက် အာဇာနည်နေ့မှာတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ မီးရထား၊ မီးသတ်ကားတွေနဲ့ သင်္ဘောတွေကနေ ဥသြဆွဲဂုဏ်ပြုဖို့ အစိုးရက မနေ့ညက ညွန်ကြားချက် ထုတ်ပြန်လိုက်တာကိုလည်း ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ကြိုဆိုလိုက်ပါတယ်။ ဒီကနေ့ ကျင်းပမယ့် အာဇာနည် ဗိမာန်နိုင်ငံတော် အခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည် နဲ့ အခြား အာဇာနည်ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေ အပြင် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ အတူ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ လွှတ်တော် ထိပ်ပိုင်းခေါင်းဆောင်တချို့ဟာ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုဖို့ တက်ရောက်မှာဖြစ်ပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က ပြောပြမှာပါ။

နှစ်စဉ်ဇူလိုင်လ (၁၉)ရက်နေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့အခမ်းအနားကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ဥသြဆွဲဂါရ၀ပြုတာ၊ မြို့နယ်အသီးသီးမှာ အခမ်းအနား ကျင်းပခွင့်တွေကို ပိတ်ပင်ထားခဲ့ရာက အစိုးရက ဒီနှစ်မှာ တရားဝင်ပြန်လည် ခွင့်ပြုလိုက်ပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ကျင်းပမယ့် နိုင်ငံတော် အခမ်းအနားမှာ ထူးခြားချက်အနေနဲ့ သူရဦးရွှေမန်း ပထမဆုံးအကြိမ် တက်ရောက်မယ့် အကြောင်း ဦးရွှေမန်းရဲ့ ကိုယ်ရေးအရာရှိက အတည်ပြုပြောဆိုခဲ့တဲ့ အကြောင်း 7 Days သတင်းထောက်ချုပ် ကိုအောင်သူရက ပြောပါတယ်။

" လေးနာရီလောက်က ကျနော် သတင်းကြားလို့ ဦးရွှေမန်း ကိုယ်ရေးအရာရှိ ဗိုလ်မှူးအောင်လင်းထွန်းဆီ ဖုန်းဆက်လိုက်ပါတယ်။ ဖုန်းဆက်လိုက်တော့ မနက်ဖြန် ပြည်ထောင်စု လွှတ်တော် နာယကကြီး အာဇာနည်ကုန်းကိုတက်ပြီး အလေးပြုမယ်ဆိုတာ ဟုတ်ပါသလား ဆိုတော့ ဟုတ်တယ်လို့ဖြေပါတယ်။ သူ့အပြင်ကို လွှတ်တော်အမတ် တချို့လည်း ပါလာမယ်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်လည်း

မလေးရှားလေကြောင်းလိုင်း လေယာဉ်ပစ်ချခံရမှု ရုပ်သံမှတ်တမ်း

မလေးရှားလေကြောင်းလိုင်း လေယာဉ်ပစ်ချခံရမှုနှင့် ပတ်သက်၍ တစ်ကမ္ဘာလုံး ဒေါသအကြီးအကျယ်ထွက်နေ

မလေးရှားလေကြောင်းလိုင်း လေယာဉ်ပစ်ချခံရမှုနှင့် ပတ်သက်၍ ဇူလိုင် ၁၈ ရက်၌ ကမ္ဘာတစ်ဝန်းလုံးက အကြီးအကျယ် ဒေါသထွက်လျက်ရှိရာ အမေရိကန်က ကြန့်ကြာမှုမရှိစေဘဲ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ရန် တောင်းဆိုလိုက်သည်။ မလေးရှား ခရီးသည်တင်လေယာဉ်သည် ခွဲထွက်ရေးသမားများ ထိန်းချုပ်ထားသော ယူကရိန်းအရှေ့ပိုင်းတွင် ဒုံးကျည်ဖြင့်ပစ်ချခံခဲ့ရသည်ဟု ယူဆရပြီး လေယာဉ်ပေါ်တွင် ပါရှိသည့် လူပေါင်း ၂၉၈ ဦးစလုံး အသက်ဆုံးရှုံးခဲ့ရသည်။

မလေးရှားလေကြောင်းလိုင်းမှ ဘိုးရင်း ၇၇၇ လေယာဉ်သည် ဇူလိုင် ၁၇ ရက်က တိုက်ပွဲဖြစ်ပွားနေသော နယ်မြေအတွင်းရှိ ပြောင်းဖူးခင်းထဲသို့ ပျက်ကျခဲ့ပြီး ဒုံးကျည် ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု အမေရိကန်က အခိုင်အမာ ပြောကြားခဲ့သည်။ ယူကရိန်းအစိုးရက ယင်းကို ရုရှားလိုလားသော ခွဲထွက်ရေးသမားများ၏ အကြမ်းဖက်လုပ်ရပ်ဟု စွပ်စွဲခဲ့ပြီး စစ်အေးခေတ်နောက်ပိုင်း အရှေ့နှင့်အနောက် အဆိုးရွားဆုံး ပဋိပက္ခဖြစ်ရန် ထပ်မံမီးမွှေးပေးခဲ့သည့် ယင်းကိစ္စကို စုံစမ်းမှု အပြည့်အစုံပြုလုပ်ရန် ကမ္ဘာ့ခေါင်းဆောင်များက တောင်းဆိုခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းအစိုးရ၏ ခွဲထွက်ရေးသူပုန်များကို နှိမ်နှင်းမှုက တင်းမာမှုများကို မြင့်တက်စေခဲ့ပြီး ယခုလေယာဉ်ပျက်ကျမှုဆီသို့ ဦးတည်သွားစေခဲ့သည်ဟု ပြောကြားမှုအား

Thursday, July 17, 2014

မင်းအောင်လှိုင်၏ငြိမ်းချမ်းရေး


သမတကြီးဆိုတဲ့ DSA အပတ်စဉ် ၉ ဆင်း ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်တော်လှန် ရေးအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လုပ်နိုင်ဖို့ဆိုပြီး အဓိကမူ ၂ ချက်ကိုဘဲ ‘မှာကြား’ထားတယ်။ အဲဒါတွေက (၁) ပြည်ထောင် စုမှမခွဲထွက်ခြင်း (၂) ပြည်ထောင်စု၏ အချုပ်အခြာအာဏာကို မထိပါးစေခြင်း ဆိုတဲ့ နှစ်ချက်ဘဲဖြစ်တယ်။

ဒါပေမဲ့ အဲဒါကို DSA အပတ်စဉ် ၁၉ ဆင်း မင်းအောင်လှိုင်က ချောင်ထိုးပစ်လိုက်ပြီး သူ့ရဲ့ငြိမ်းချမ်းရေးမူ ၆ ချက်ဆို တာကို အစိုးရအဖွဲ့တို့ လွှတ်တော်တို့ရဲ့ တရားဝင်အတည်ပြုချက် မရှိဘဲ ဇွတ်အတင်းပွဲထုတ်နေတယ်။ မြဝတီဆိုတဲ့ စစ်တပ်ရုပ်သံလိုင်းမှာ နေ့တိုင်း ပြောင်ပြောင်တင်းတင်း လွှင့်နေတယ်။ ဒီ ၆ ချက်ထဲမှာ ဦးသိန်းစိန်ပြောတာနဲ့ လုံးဝ ကွဲလွဲပြီး တိုင်းရင်းသားတွေ လုံးဝလက်မခံနိုင်တဲ့ အချက်(၅) နဲ့ အချက်(၆) ပါနေတာဟာ ငြိမ်းချမ်းရေးကို ရာနှုန်းပြည့် ဆန့်ကျင်နေတယ်။ အဲဒါတွေက (၅) နိုင်ငံတော်ကထုတ်ပြန်သည့် တည်ဆဲဥပဒေများကို တိတိကျကျ လိုက်နာရန် (၆) ဒို့တာဝန်အရေး ၃ ပါးနှင့် ဒီမိုကရေစီအနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက် လှမ်းမှုတွင် လိုက်ပါ ဆောင်ရွက်ရန်ဆိုတဲ့ ကြိုတင် စည်းကမ်းသတ်မှတ်ချက်တွေ ဖြစ်တယ်။ သဘောကတော့ မင်း အောင်လှိုင်ရဲ့အာဏာနီဟာ သမတအထက်မှာ ရှိနေတဲ့ အဓိပ္ပါယ်ပါဘဲ။

မင်းအောင်လှိုင်က ဖက်ဒရယ်ဆိုတာ အပစ်ရပ်ပြီးနောက်မှ နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးရမယ့်ကိစ္စလို့ ဇွတ်ပြော နေပေမဲ့ မူ ၆ ချက်ပါ ၂၀၀၈ လိုက်နာရေးကိုတော့ နိုင်ငံရေးဆွေးနွေးပွဲထဲ မထည့်ဘဲ ကြိုတင် စည်းကမ်းသတ် လက်ခံ ခိုင်းနေတယ်။ ဒါ့အပြင် ၂၀၀၈ အခြေခံဥပဒေမှာ တိုင်းရင်းသား တန်းတူရေး ပါပြီးသားလို့လဲ လျှောက်ပြောနေတယ်။ တကယ်တော့ ဗမာပြည်နယ်မရှိဘဲ စစ်မှန်တဲ့တန်းတူရေး လုံးဝမဖြစ်နိုင်သလို တမတ်သားမဖယ်၊ ကာချုပ်နဲ့ သမတက ထိုးထည့်ထားတဲ့လူတွေ မဖယ်ဘဲ စစ်မှန်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လဲ လုံးဝမဖြစ်နိုင်တာ နိုင်ငံရေးလေ့လာသူ အားလုံး အသိဖြစ်တယ်။

မင်းအောင်လှိုင်တို့ဟာ အပစ်ရပ်စာချုပ်မှာ ပင်လုံမူ/ပင်လုံကတိဆိုတာကိုထည့်ဖို့ အကြောက်အကန်ဆန့်ကျင်ပြီး ပင်လုံ စိတ်ဓာတ်ဆိုတဲ့ လိုသလိုဆွဲယူလို့ရတဲ့ ယေဘုယျစကားလုံးနဲ့ ချွေးသိပ် ညာဝါးဖို့လဲ ကြိုးစားနေတယ်။ ၂၀၀၈ ဥပဒေ မှာ ထည့်သွင်းမထားတဲ့ secular နိုင်ငံ (ဘာသာရေးနဲ့နိုင်ငံရေး မရောယှက်တဲ့နိုင်ငံ) ဖြစ်ရေးအခြေခံမူ တိုင်းရင်းသား တွေဘက်ကတင်တာကို ဆန့်ကျင်နေတာကလဲ ဘာသာရေးခုတုံးလုပ်ချင်တဲ့ လက်မည်းကြီးကို ဖော်ပြနေတာ ဖြစ် တယ်။

 အပစ်ရပ်စာချုပ်မှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ဆိုတဲ့စကားလုံး မသုံးဖို့ ကန့်ကွက်နေပေမဲ့ နိုင်ငံတော် ဆိုတဲ့ စကားလုံးကိုတော့ ထည်လဲနဲ့တဖက်သတ် သုံးနှုန်းပြီး အထက်စီးယူနေတယ်။ စစ်တိုက်ယူလို့မရခဲ့တဲ့ တိုင်းရင်းသား နယ်မြေတွေမှာ အပစ်ရပ်စာချုပ်နဲ့ ‘တည်ဆဲဥပဒေ’ဆိုတာကို အသုံးချပြီး အုပ်ချုပ်ရေး၊ စီးပွားရေး၊ လုံခြုံရေးကိစ္စတွေ ဝင်စွက်ဖို့လဲ လုပ်နေတယ်။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေက တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တောင်းနေပေမဲ့ တိုင်းရင်းသားတွေကို ပြည်တွင်းပြည်ပ NGO တွေနဲ့ ဆက်ဆံလုပ်ကိုင်ခွင့်မပေးဘဲ လက်ဝါးကြီးအုပ်နိုင်ဖို့လဲ စီစဉ်နေ တယ်။

အပစ်ရပ်ပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ကိစ္စကို နှစ်ဖက်ပူးတွဲဦးဆောင်ကော်မတီက တာဝန်ယူဖို့ တိုင်းရင်းသားတွေအဆိုပြုတာကိုလဲ လက်မခံဘဲ စစ်အုပ်စုကိုယ်စားလှယ်တွေနဲ့ဘဲ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုငြိမ်း ချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီကဘဲ လက်ဝါးကြီး အုပ်ချယ်လှယ်ဖို့ လုပ်နေတယ်။

မြန်မာ့တပ်မတော်ရဲ့ အရေးမပါတဲ့အောက်ခြေနေရာအချို့မှာ တိုင်းရင်းသား စစ်သားအချို့ပါရုံနဲ့ ပြည်ထောင်စုတပ်မတော် မဖြစ်သွားဘူးဆိုတာ ခလေးကအစ ခွေးကအစသိကြလို့ ဒီနေရာမှာ အကျယ်ချဲ့မပြောတော့ပါဘူး။ မင်းအောင်လှိုင်တို့ကတော့ သူတို့စစ်တပ်ဟာ ပြည်ထောင်စုတပ်ဖြစ်နေပြီလို့ ဇွတ်ပြော နေလေရဲ့။
တိုင်းရင်းသားတွေပြောတဲ့ ‘ပင်လုံမူ’အခြေခံတဲ့ (ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်မယ့်) ပြည်ထောင်စု ညီလာခံကိုလဲ လက်မခံ ချင်၊ (လွှတ်တော်-စစ်တပ်-ဝန်ကြီးအဖွဲ့အပါအဝင်) အစိုးရတစု၊ တိုင်းရင်းသား တော်လှန်ရေးတစု၊ နိုင်ငံရေးပါတီတစု ကိုယ်စားလှယ်အချိုးညီပါတဲ့ နိုင်ငံရေး ဆွေးနွေးပွဲကိုလဲ လက်မခံချင်ဘဲ ညောင်နှစ်ပင်ညီလာခံတုံးက ရွေးကောက်ခံ ကိုယ်စားလှယ်တစု၊ နိုင်ငံရေးပါတီတစုနဲ့ (တိုင်းရင်းသားအပစ်ရပ်အဖွဲ့တွေ ပါဝင်တဲ့) အခြားဖိတ်ကြားသင့်သူတစုကို စစ်အုပ်စုစိတ် ကြိုက်ရွေးထားတဲ့ အလုပ်သမား၊ တောင်သူလယ်သမား၊ အသိပညာရှင်၊ နိုင်ငံ့ဝန်ထမ်း၊ တိုင်းရင်းသား ကိုယ်စားလှယ် ဆိုတဲ့ ၅ စုနဲ့ဖိခဲ့သလို အခုလဲ အပစ်ရပ်ပြီးလုပ်မယ့် နိုင်ငံရေးဆွေးနွေးပွဲမှာ (တိုင်းရင်းသားအပစ်ရပ် အဖွဲ့တွေပါဝင်တဲ့) တိုင်းရင်းသားလူမျိုးတစုနဲ့ နိုင်ငံရေးပါတီတစုကို စစ်အုပ်စု စိတ်ကြိုက် ရွေးမယ့် သြဇာခံ အစိုးရ၊ လွှတ်တော်၊ စစ်တပ်၊ ပညာရှင်အဖွဲ့၊ စီးပွားရေးအသင်းအဖွဲ့၊ အရပ်ဖက် လူမှုအသင်းအဖွဲ့ ကိုယ်စားလှယ် ၆ စုနဲ့ ဝိုင်းဖိ အားပေးဖို့ ကြံစည်နေပြန်ပါပြီ (ဟိုတုံးက အခြားဖိတ်ကြားသင့်သူ အစုထဲမှာ တိုင်းရင်းသား အပစ်ရပ်အဖွဲ့တွေအပြင် စစ်အုပ်စု ခေါင်းခေါက် ရွေးထားတဲ့လူတွေ ရောထည့်ခဲ့သလို အခုတိုင်းရင်းသားလူမျိုးအစုမှာလဲ တိုင်းရင်းသားအပစ်ရပ် အဖွဲ့တွေအပြင် စစ်အုပ်စု ခေါင်းခေါက်ရွေးထားတဲ့ အလိုတော်ရိ တိုင်းရင်းသားတွေ ညှပ်ထည့်အုံးမှာဖြစ်တယ်)။
_________________
ဂါမဏိ (July 16, 2014)

အာဇာနည်နေ့ လှုံ့ဆော်မှုများ နိုင်ငံတဝန်းပြုလုပ်မည်


၂၀၁၁ ဇူလိုင် ၁၉ ရက်နေ့က ရန်ကုန်မြို့ အာဇာနည်ကုန်းတွင် တွေ့ရသော မြင်ကွင်းတခု
(ဓာတ်ပုံ - ဧရာဝတီ)
လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့သောနေ့နှင့် အာဇာနည် စိတ်ဓါတ်အကြောင်းကို လူထုအကြား ပိုမိုသိရှိနိုင်စေဖို့အတွက် လူမှုအဖွဲ့အစည်း ၄၀ ကျော်က စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၆၇ နှစ်မြောက် အာဇာနည်နေ့ မတိုင်မီ စတစ်ကာ ကမ်းလှမ်းမှု၊ တယ်လီဖုန်း Ring Tone နဲ့  ဥသြဆွဲဂုဏ်ပြုကြရန် ဇူလိုင်လ ၁၆ ရက်နေ့ကစပြီး လှုပ်ရှားမှုများကို စည်းရုံး လှုံ့ဆော်ကြမည့် အဖွဲ့ အစည်းများက ဦးဆောင်ပြီး တနိုင်ငံလုံး အတိုင်းအတာဖြင့် ချိတ်ဆက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း

တရုတ်ပြည် ကူမင်းမြို့ က ပရိဘောဂ ဆိုင်မှာ တွေ့ ရတဲ့ မြန်မာငွေ သိန်းထောင်ချီတန်တဲ့ အရောင်တင်ထားတဲ့ သစ်လုံးတွေ နဲ့  ပရိဘောဂ တွေပါတဲ့ ဗျာ .....

မြန်မာငွေ သန်း ၂၈၂၀ ကျပ်
photos - Bo Bo

မင်းအောင်လှိုင် အာဏာနီတည်ဆောက်နိုင်ဖို့ ကချင် ၊ ရှမ်း ၊ ပလောင်တို့နဲ့ တကျော့ပြန်ပြည်တွင်းစစ် ဆင်နွှဲခဲ့ရာမှာ စတေးခဲ့တဲ့ ရင်းမှူးတွေ၊ အရာရှိတွေ မနည်းတော့ပါဘူး။


မပြည့်စုံသေးတဲ့စာရင်းအရ ခလရ ၁၀ (တပ်မ ၈၈)၊ ခမရ ၃၁၇ (တပ်မ ၈၈)၊ ခမရ ၄၁၅ (တပ်မ ၈၈)၊ ခမရ ၄၃၈ (စကခ ၂၁)၊ ခလရ ၂၉၇ (မပခ)၊ ခလရ ၂၆၀ (မပခ)၊ ခလရ ၂၅၅ (တပ်မ ၁၀၁)၊ ခမရ ၅၀၆ (စကခ ၁)၊ ခမရ ၅၀၅ (စကခ ၁)၊ ခလရ ၂၄၁ (စကခ ၁၆) ခမရ ၃၂၆ (ရမခ)၊ ခမရ ၁၀၅ (တပ်မ ၇၇) တပ်ရင်းမှူးတွေ ကျခဲ့ပြီး မပခ လက်အောက်ခံ ခလရ ၂၁၊ ခလရ ၃၇၊ ခလရ ၄၇၊ ခလရ ၅၈၊ ခလရ ၂၆၀၊ ခမရ ၄၃၇ နဲ့ ခမရ ၃၁၇ (တပ်မ ၈၈)၊ ခမရ ၁၅ (တပ်မ ၉၉) တို့က ရင်းမှူး သို့မဟုတ် တခြားအရာရှိတွေ၊ စကခ ၂ လက်အောက်ခံ ဗျူဟာမှူး၊ စစ်ဦးစီး-ပ၊ ရင်းမှူး ၂ ယောက်၊ ဒုရင်းမှူး ၂ ယောက်တို့ကို ရာထူးဖြုတ် ထောင်ချခဲ့တယ်။


ရင်းမှူးတွေတောင် ဒါလောက်ထိရင် အခြားအဆင့်တွေဆို ဘယ်လောက်တောင် စတေးနေသလဲဆိုတာ သိသာလှ တယ်။ ကာချုပ်ရဲ့ ခု တမျိုးတော်ကြာတမျိုး ရှုံ့ချီနှပ်ချီအမိန့်တွေကြောင့် ထိခဲ့တာတွေလဲ မနည်းလှဘူး။

( ဂါမဏိ ) မင်းအောင်လှိုင်၏အာဏာနီ (အပိုင်း-၂) မှ ကောက်နုတ်ချက်