Monday, June 30, 2014

MPC ဟာ လျှို့ဝှက်အဖွဲ့အစည်းလား


မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) အဆောက်အအုံးအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
(၁)
အီးယူလို နိုင်ငံတကာ အဖွဲ့အစည်းတွေ ငွေကြေး ကျောထောက်နောက်ခံ ပြုထားတဲ့ MPC (Myanmar Peace Center) ကို ၂ဝ၁၂ ခုနှစ်မှာ သမ္မတရုံးဝန်ကြီးတွေက ဦးဆောင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက MPC ရဲ့ ထိပ်ပိုင်းမှာ နေရာယူခဲ့ပြီး သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းလည်း အဓိကနေရာမှာ ပါဝင်ခဲ့တာဖြစ်လို့ MPC ဟာ သမ္မတရုံးနဲ့ ပတ်သက်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။

အမှန်တကယ် အားဖြင့်လည်း MPC ဟာ သမ္မတဦးသိန်းစိန်ရဲ့ အခန်းကဏ္ဍ တောက်ပြောင်စေဖို့ ကြိုးစားခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်က သူ့လက်ထက်မှာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ ဆန္ဒပြင်းပြခဲ့ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး ရခဲ့မယ်ဆိုရင် သူ့အတွက် အောင်မှတ်ရလိမ့်မယ်လို့ သဘောထားခဲ့ပုံ ရပါတယ်။ MPC က သမ္မတအောင်မှတ်ရဖို့ ပံ့ပိုးသူ ဖြစ်ခဲ့ပါတယ်။ သမ္မတ အောင်မှတ်ရဖို့ အခုချိန်အထိ မရေရာသေးပါဘူး။ တခြားပြဿနာတွေဖြစ်တဲ့ အစိုးရဌာနတွင်း အဂတိလိုက်စားမှု ပြဿနာနဲ့ ပြည်သူတွေရဲ့ ဆင်းရဲမွဲတေမှု ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာလည်း

Sunday, June 29, 2014

တပ်မ(၈၈)မှ မုန်ယာရွာအားမီးရှို့ပစ်မည်ဟု ပြော


(ဓါတ်ပုံ-မုန်ယာ မြန်မာ စစ်တပ်။)

ရှမ်းပြည်နယ်မြောက်ပိုင်း KIA, တပ်မဟာ (၄)ဒေသ၊KIA,တပ်ရင်း (၃၆)နယ်မြေ ဖြစ်သော မုန်ယာ ကျေးရွာ သို့ ဗိုလ်မှူး ဘိုဘို ဦးဆောင်သောမြန်မာအစိုးရတပ် တပ်မ(၈၈) လက်အောက်ခံ တပ်များ အင်အား တိုးချဲ့ ရောက်ရှိ လာပြီး ကွတ်ခိုင်မြို့ နယ် အတွင်းရှိ မုန်ယားကျေးရွာ မှ ရွာသား (၁၀) ဦးအား ယနေ့ မနက် (၁၁း၀၀)နာရီခန့် က အစိုးရတပ် တပ်မ(၈၈) တပ်မှ ဖမ်းဆီးခေါ် ဆောင်သွားကြောင်းသိရပြီး ယခုတိုင် ပြန်လွတ်ပေးခြင်း မရှိသေး ကြောင်းသိရသည်။

ဖမ်းဆီးသွားသည့် ရွာသားများတွင် ကချင် နှင့် ရှမ်းအမျိုးသားများ ပါဝင်ပြီး အဆိုပါ မုန်ယားကျေးရွာတွင် ကချင် ၊ ရှမ်း ၊ တရုတ် ၊ ပလောင် တိုင်းရင်းသားများ စုပေါင်းနေထိုင်သည့် ကျေးရွာကြီးဖြစ် ကြောင်းသိရသည် ။

၎င်း တပ်မ (၈၈)တပ်များသည် ရွာသားများ အားခြိမ်းခြောက် နှိပ်စက်ကာ နောက်တခါ ၄င်းတို့ ၏ဗမ စစ်တပ် ထပ်မံ တိုက်ခိုက်ခံရပါက ရွာ ဥက္ကဌ အိမ်အပါအ၀င် တရွာလုံးမီးရှို့ဖျက်ဆီး ပစ်မည် ဟုရွာသား များအားကြိမ်းဝါးခြိမ်းခြောက်ပြောဆို သည့်အပြင် အစိုးရ၏လက် အောက်ခံများ ဖြစ်သော မုန်ပေါ်နှင့် မုန်ယာ (ကချင်)ပြည်သူ့စစ် အဖွဲ့များကို လည်း အရေးယူမည်ဟု ထပ်မံခြိမ်းခြောက် သွားကြောင်း ဒေသခံ

မြန်မာ အစိုးရ တဖွဲ့လုံး တရုတ်ပြည်တွင် ခေါင်းဖြတ်ခံရ



(၂၈ ရက် ဂျွန်လ ၂၀၁၃ ခုနှစ်)


သိန်းစိန်တို့ တရုတ်ပြည်မှာ ဂစ်ရောင်းရငွေ တနှစ်ပြည့် အထိပ်မှတ်နဲ့ သွားကြတာကို ချစ်ကြည်ရေး ဆိုပြီး ဘန်းပြတာ အတိုက်ခံတွေနဲ့ ရခိုင်တွေ သိရင် သိပ်ကောင်းမယ်ဗျာ။

ကြီးကြီးကျယ်ကျယ် နှစ်နိုင်ငံ နှစ်(၆၀) ပြည့် ချစ်ကြည်ရေးတဲ့…..

တရုတ်နဲ့ဆက်ဆံတာ ပြန်ကြားရေး ၀န်ချီး ရဲဖွတ်က ပြောပြီးသား (ပျူ ခေတ်ထဲက) အဆက်ဆံရှိခဲ့ကြတာပါတဲ့… အဲဒါကို ..မဟုတ်တရုတ်တွေက ရုပ်ရှင်ကားကြီးတောင် ရိုက်ပြီးလို့ ယူနန် တီဗွီလိုင်းမှာ ပြနေတာ (၃) ပတ်တောင် ကျော်နေပြီဗျ…

အမျိုးမျိုးပဲ……… မုန်လာဥ လုပ်လိုက် ဟိုဟာ ဟိုဒင်းလုပ်လိုက်နဲ့… ရခိုင်ကို ဂစ်ရောင်းတာ ၂၀၁၃ ခုနှစ် ဂျွန်လ (၁၈) ရက်နေ့ကလေ ခုဆို တနှစ်ပြည့်လို့ စိန်ပြောင်တို့ တရုတ်ပြည်မှာ ပွဲတော်သွားတည်ကြတာ..

အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း(၁၂) ဘီလီယံ ဘိုးတောင် ရောင်းရသတဲ့… တရုန်က အမေရိကန်ဒေါ်လာ ( ၃ဒသမ ၄) ဘီလီယံ ပဲပေးမယ်ပြောလို့ သမ္မတ စိန်ပြောင်နဲ့ လိုက်သွားတဲ့ စာရင်းစစ်ကြီး မျက်နှာ နီသွားသတဲ့ဗျာ…

တရုတ်က အောက်တန်းစား ဈေးနဲ့ပေးဝယ်တာတင်မကဘူး အခု နှစ်ပတ်လည် ငွေရှင်းတော့မှ … အိတ်ပေါက်ပြသလို လုပ်တာလေ..

ဘာတဲ့……..ဂစ်ပိုက်လိုင်းဘိုးကို (၁၀)ရာနုံန်းဖြတ်တယ်
ဘာတဲ့….မြေယာလျော်ကြေးအတွက် ( ၄)ရာနုံန်းဖြတ်တယ်
ဘာတဲ့….လယ်ယာမြေအတွက် သီးစားလျော်ကြေး (၄)ရာနုံန်းဖြတ်တယ်
ဘာတဲ့….လမ်းတံတားတွေ ရခိုင်မှာ ဖေါက်လုပ်ပေးရတယ်ဆိုပြီး ( ၃) ရာနုံန်းဖြတ်တယ်
ဘာတဲ့….ရခိုင်ဒေသအတွက် ပညာရေးနဲ့ကျန်းမာရေး စရိတ်သုံးငွေ(၂) ရာနုံန်းဖြတ်တယ်
ဘာတဲ့…အလုပ်သင် အလုပ်သမားသစ်များ ပျိုးထောင်ရေးစရိတ်( ၁)ရာနုံန်းဖြတ်တယ်
ဘာတဲ့ …လုံခြုံရေး ၀န်ထမ်းစရိတ်(၃)ရာနုံန်းဖြတ်တယ်
ဘာတဲ့…လုပ်ငန်းသဘောတူမှု တည်တန့်ရေးအတွက် (၂) ရာနုံန်း စဘော်အဖြစ် ဖြတ်တယ်
ဘာတဲ့…လုပ်ငန်း အစုရှယ်ယာ ကုမ္ပဏီများ အာမခံကြေးအတွင် ( ၄) ရာနုံန်းဖြတ်တယ် နောက်ဆုံး (၃) မျိုးကတော့ သတင်းပေးပို့သူ လိုင်းကျသွားလို့…အတိကျ မသိလိုက်ရပါ

သေခြာတာကတော့ မြန်မာ အစိုးရကို ရခိုင်ဒေသ တွင်းထွက်တွေအတွက် တရုတ်က ခေါင်းဖြတ်လိုက်တယ် ဆိုတာကိုတော့ ကြိမ်းသေတယ်ဗျာ ....

တရုတ်ပြည်က ပြန်လာကြရင် သွားကြည့်ကြ တကောင်မှကို ခေါင်းပါမလာတော့ဘူး အထက်က တင်ပြထားတဲ့အတိုင်း ဖြတ်လိုက်လို့ပေါ့ဗျာ…………

သတင်းအမှန် (ဂိုလ်ရှယ်လေး)

Saturday, June 28, 2014

ကိုယ်ပိုင်အချုပ်ခန်းလုပ်ထားတဲ့ အုတ်လုပ်ငန်းရှင်


ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ် ရေကျော်ကျေးရွာအနီးရှိ အုတ်လုပ်ငန်းတခု၌ ပိုက်ဆံအကြွေး မဆပ်နိုင်သည့် အလုပ်သမားများကို အလုပ်ရှင်က ကိုယ်ပိုင် အချုပ်ခန်းတခု ပြုလုပ်ကာ ဖမ်းဆီးချုပ်နှောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အုတ်လုပ်ငန်းရှင် ဦးလှကြိုင်ဆိုသူက ကိုယ်ပိုင်အချုပ်ခန်း ပြုလုပ်ကာ ၎င်းအား အုတ်ဖိုး ပိုက်ဆံကြွေးကျန် ပေးဆပ်ရန် ကျန်နေသည့် အလုပ်သမားများကို ဖမ်းဆီး၍ အချုပ်ခန်းထဲ၌ ရက်များစွာ ထားရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အလုပ်သမား ခေါင်းဆောင် ကိုရှမ်းလေး ဆိုသူက တရားလိုပြုလုပ်ပြီး အလုပ်ရှင် ဦးလှကြိုင်ကို မတရားဖမ်းဆီး ချုပ်နှောင်မှုဖြင့် ဇွန်လ၂၅ ရက်က အမှုဖွင့်ထားကြောင်း မှော်ဘီမြို့နယ် ရဲစခန်းမှ တာဝန်ကျ အမှုစစ် ဒု ရဲအုပ်က ဧရာဝတီကို ပြောသည်။ “အချုပ်ခန်းပုံစံ မဟုတ်ပေမယ့် အလုပ်သမားတွေကို အခန်းထဲမှာ ထည့်ပြီး ချုပ်ထားတော့ အရပ်အခေါ် အချုပ်ခန်း ဖြစ်နေတာပေါ့။ အခုအမှုနဲ့ ပတ်သက်တဲ့သူတွေ အကုန်လုံးကို ခေါ်စစ်နေပါတယ်။ ဦးလှကြိုင်ကိုတော့ အာမခံ ပေးထားတယ်”ဟု အဆိုပါ အမှုကို စစ်ဆေးနေသည့် ဒုရဲအုပ်က ပြောသည်။

ဦးလှကြိုင်၏ ဖမ်းဆီးချုပ်နှောင် ခံထားရသူ အနည်းဆုံး ၁၅ ဦး ရှိကြောင်း သိရသည်။ဖမ်းဆီးခံထားရသူများတွင် အမျိုးသား အလုပ်သမားများ နှင့် အတူအရွယ်မရောက်သေးသည့် အသက် ၁၂ အရွယ် မအေးသူဇာ ဆိုသော မိန်းကလေးငယ် တဦးနှင့် လက်ပံတန်း မြို့နယ်မှ လာရောက် လုပ်ကိုင်သည့် အသက်မပြည့်သေးသော မိန်းကလေးငယ် တဦးလည်း ပါဝင်သည်ဟု ယင်းအမှုကို ကူညီဆောင်ရွက်နေသူ

မင်းကွန်းတောင်ရိုးကို အမြန်ကယ်တင်ကြပါ


စစ်ကိုင်းတိုင်းဒေသကြီင်္း မင်းကွန်းတောင်ရိုး ပိုထိုးတော်ကြီးမြောက်ဘက် ထုံဘိုကျေးရွာ မင်းကွန်းတောင်ရိုးတွင် Bentonite ဘင်တိုနိုက်(ဖရောင်းမြေ) ရှားပါးမြေတမျိုး ထွက်ရှိနေသဖြင့် မင်းကွန်းနယ်မြေတ၀ိုက်အား တရုပ်နှင့် လူမျိုးခြားများက ၎င်း မြေများအား လုပ်ငန်းရှင်များ တရားမ၀င်ဝယ်ယူ နေမှုများရှိနေသည် ၎င်းမြေသည် လမ်းတံတား အဆောက်ဦးအမြင့်များ ပိုင်ရိုက်ရာတွင် ထည့်သွင်း အသုံးပြုနိုင်ပြီး အခြားစက်မှု လုပ်ငန်းများတွင် အသုံးဝင်သော ရှားပါးမြေတမျိုးဖြစ်သည် လက်ပံရွှာတွင် တရုပ်အမျိုးသမီးတဦးမှ ဧက၃၀၀ ကျော်မြေ၀ယ်ယူပြီး ကျောက်မုန့်ကြိုတ် စက်ရုံတည်ပြီး တနာရီလျှင် ၈ တန်ထုတ်လုပ်ပြီး တရုပ်ပြည်သို့ နည်းလမ်းမျိုးဆုံပို့နေကြောင်း တချိုနေရာများတွင် တောင်ကို လှိုင်ဂူသဖွယ် အကြီးအကျယ်တူးနေကြောင်း ဒေသခံများက ပြောကြားသည်။

မင်းကွန်းတောင်ရိုးသည် စစ်ကိုင်ပြတ်ရွှေကျော်ပေါ်တွင် တည်ရှိသဖြင့် ငလျှင်လှုပ်လျှင် မမျှော်လင့်သော ဘေးအန္တရာယ်များ ကျရောက်နိုင်သည်အပြင် သဘာဝ ပတ်ဝန်းကျင်များ ပျက်စီးသွားနိုင်သည့်ဖြစ်၍ သက်ဆိုင်ရာနှင့် သဘာဝပါဝန်း ကျင်ထိမ်းသိမ်းရေးအဖွဲ့ဝင်များ ဒေသခံများ မင်းကွန်းတောင်ရိုး မပျက်စီးအောင် ကယ်တင်ကြပါရန် မိမိကိုယ်တိုင် သွားရောက်သတင်းယူ ရေးသားလိုက်ရပါသည်။

- Sunday Art
(အားလုံးသိရှိ တားဆီးနိုင်ဖို့ အမြန်ရှယ်ပေးကြပါ)

တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေဟာ အနည်းနဲ့အများဆိုသလို မြန်မာ့နိုင်ငံရေးအပေါ် ဂယက်ရိုက်ခတ်နိုင်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်ကပြော...

မဟာသန္တိသုခကျောင်းတိုက်အရေးနဲ့ ပတ်သက်ပြီး အင်္ဂလန်ဆရာတော် ဦးဥတ္တရနဲ့ သံဃာ ၄ ပါးကို ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဆရာတော်တွေနဲ့ ပတ်သက်တဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေဟာ အနည်းနဲ့အများဆိုသလို မြန်မာ့နိုင်ငံရေးအပေါ် ဂယက်ရိုက်ခတ်နိုင်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က အခုလိုပြောပါတယ်။

Friday, June 27, 2014

KNU ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး စောတာမလာဘော (၉၄) နှစ် ကွယ်လွန်


KNU ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးစောတာမလာဘော အသက် (၉၄) နှစ်သည် ယနေ့ည ၉ နာရီ ၁၅ မိနစ်တွင် ထိုင်း-မြန်မာနယ်စပ် မဲ့စရီးယန်းရှိ နေအိမ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း ကြားသိရသဖြင့်
ကျစ်ရစ်သော မိသားစုများနဲ့အတူ ထပ်တူထပ်မျှဝမ်းနည်းမိပါတယ်.....

အဖိုးကောင်းရာသုဂတိလားပါစေ.....

ကရင်တော်လှန်ရေးအမွေဆက်ခံသည့် ဗိုလ်ချုပ်ကြီးတာမလာဘော၏ သားသမီး ၃ ဦး

ပဒိုနော်စီဖိုးရာစိန်-ဒုဥက္ကဌ - KNU
ဗိုလ်ချုပ်စောဘိလပ်စိန် - စစ်ရေးချုပ် KNLA
ဗိုလ်မှူးချုပ်မဲအေစိန် - စစ်ဦးစီးပထမတန်း KNLA

၂၅ ရက် ဇွန်လ ၂၀၁၄ ခုနှစ် တအာင်းတပ်မတော်(TNLA)၊ KIA၊ MNDAA(ကိုးကန့်တပ်မတော်)ပူးပေါင်းအဖွဲ့နှင့် မြန်မာ့တပ်မတော်တိုက်ပွဲ Update သတင်း


၆ ရက် ဇွန်လ ၂၀၁၄ ခုနှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ မုံးကိုးမြို့နယ်ခွဲ၊ နမ့်ဆိုင်ဘာ ကျေးရွာအနီးတွင် ဇွန်လ ၂၅ ရက် ညနေ (၁၆း၀၀) မှ (၁၇း၃၀) နာရီအထိ တစ်နာရီခွဲကြာ တအာင်းတပ်မတော်(TNLA)တပ်ရင်း(၈၁၈) ၊ KIA ၊ MNDAA(ကိုးကန့်တပ်မတော်)တို့ ပူးပေါင်းတပ်ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ ဖြစ်ပွားခဲ့သော ရင်ဆိုင်တိုက်ပွဲ၌ မြန်မာ့တပ်မတော်မှ အထိနာသဖြင့် တပ်ပြန်ဆုတ်ပြေးသည့်အချိန်တွင် မိမိအဖွဲ့မှ စစ်မြေပြင် ရှင်လင်းရေး ပြန်လည် ဆောင်ရွက်စဉ် မြန်မာ့တပ်မတော်၏ အောက်ဖော်ပြပါ ပစ္စည်များ သိမ်းဆည်းရသည်-

(၁) MK သေနတ် (၁)လက် (၂) စစ်သုံးမြေပုံ (၁)ချပ် (၃) စကာပြောစက် (၂)လုံး (အထိုင်စက်) (၄) လက်ထောက်ဗုံးသီး (၁၀)လုံး (၅) RPG 7 ကျည်အကြီး (၂)လုံး (၆) RPG 7 ကျည်အသေး (၃)လုံး (၇) ၆၀မမ ကျည် (၂)လုံး (၈) M မိုင်း (၃) လုံး (၉) ကျည်ဆံမျိုးစုံ (၃၆၂)ထောင့် (၁၀) မိုင်း (၂)လုံး (၁၁) ကျည်ဘောက် (၁၂)ခု (၁၂) RPG 7 ပို့ကျည် (၄)ခု (၁၃) ဆရာဝန်ဆောင်နားကျပ် (stethoscope) (၁)ခု (၁၄) စစ်ဦးထုပ် (၂)လုံး
 
တိုက်ပွဲတွင် တအာင်းတပ်မတော်(TNLA) ၊ KIA ၊ MNDAA(ကိုးကန့်တပ်မတော်)ဖက်မှ ထိခိုက်ကျဆုံးမှု မရှိပါ။ မြန်မာ့တပ်မတော်ဖက်မှ (၅)ဦးထက်မနည်းကျဆုံးပြီး အများအပြားဒဏ်ရာရရှိသည်

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉၄၉၃၁၄၉၅၁၊ ၀၉၄၇၀၉၇၇၇၂၊ ၀၉၂၅၆၄၆၅၆၈၁၊ ၀၆၉၂၆၂၂၄၈၅၈


Thursday, June 26, 2014

တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ နမ့်ခမ်းမြို့နဲ့ အနီးအနားက ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် အတွင်းမှာ အစိုးရ တပ်မတော်နဲ့တအာင်းအမျိုးသား လွတ် မြောက်ရေးတပ်မတော် (TNLA ) တို့ တိုက်ပွဲတွေ မကြာခဏဖြစ်နေပါတယ်။ တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ နမ့်ခမ်းမြို့နဲ့ အနီးအနားက ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ အာအက်ဖ်အေ သတင်းထောက် ကိုကျော်မျိုးထွန်းက နမ့်ခမ်းမြို့နယ်ကိုသွားရောကရိုက်ကူ်းပြီး တင်ပြထားပါတယ်။
Copy from - RFA

ဘူတာကြီးစာသင်ဝိုင်းတားမြစ်ခံရပြီး ကလေးငယ် (၁၁) ဦး

ထို့ ကြောင့် မြန်မာနိုင်ငံဟု ခေါ်ပါသည်

လမ်းဘေး စာသင်ဝိုင်း ကိစ္စ က ရန်ကုန်ဘူတာကြီးမှာ စသင်ခဲ့တာ။ ဘူတာရုံထဲက ကူလီထမ်းနေတဲ့ သူတွေရဲ့ သားသမီးတွေနဲ့ စာမတတ်တဲ့ သူ အရွယ်အစားမရွေး လာတက်ကြတယ်။ ရုံပိုင်က လည်း ခွင့်ပြုချက်ပေးခဲ့တယ် ။ နောက်တော့ အထက်က ခွင့်ပြုချက်မပေးလို့ပါ ဆိုတဲ့ အကြောင်းပြချက်နဲ့ စာသင်ခွင့်ကို ပိတ်ပင်လိုက်ပါတယ်။

အခုနောက်ဆုံး သိတာကတော့ အဲ့လို လမ်းဘေးစာသင်ဝိုင်းမှာ စာလာသင်တဲ့ သူတွေကို ဖမ်းနေတဲ့အပြင် ....... စာတတ်ချင်လို့ စာလာသင်တဲ့ ကလေးတွေကို အိမ်ခြေယာခြေမဲ့ဆိုပြီး လိုက်ဖမ်းနေပါတယ်။

အခု လမ်းဘေးစာသင်ဝိုင်းကနေ စာသင်ပြီး ပြန်လာတဲ့ ကလေး ၁၅ ယောက်အဖမ်းခံရပြီးတဲ့နောက်မှာ ၁၂ ယောက်ကိုတော့ အာမခံ နဲ့ ပြန်လွှတ်ပေးပြီး ကလေး ၃ယောက် အချူပ်ထဲမှာ ကျန်နေပါသေးတယ်။ ပြစ်မှု ရှိတယ်တဲ့ အကြောင်းပြချက်နဲ့ ကျန်နေခဲ့တာပါ


အဘ ဥက္ကာကိုကို
----------------------------------------------------------------------------------------------------



လမ်းဘေး စာသင်ဝိုင်းတဲ့ သိပ်ကောင်းတဲ့ နာမည်လေးပါ။ အခြေနေ အမ် ိဳ းမ် ိဳးကြောင့် မိဘကမဲ့ ပညာကမတက် အလုပ်တွေကြုံ ရာလုပ်ရင်း ကလေးသူငယ် အခွင့်အရေးမဲ့ ရှင်သန်နေတဲ့ ဘဝလေးတွေ ဒါကို ပညာဒါနပြု နေကြတဲ့ လမ်းဘေး စာသင်ဝိုင်းလေးပါ။

အခြေမဲ့ ရှင်းလင်းရေးစီမံချ က်နဲ့ ဆယ့်တစ်ယောက် ထိန်းသိမ်းခံရတော့ ပရဟိတ လူငယ်တွေမှာ မိဘတွေအလား ပြာယာခတ်လို.ကိုယ်လည်းမနေနို င် ကူညီဖို့ သွားမိတော့ မြင်ကွင်းက မသက်သာလှပါ။

မြန်မာနိုင်ငံတဲ့ ဗျာ•••
နောင်တော်ဖြစ်သူနဲ့ နှစ်ပါးသား စိတ်ကမကောင်း နောင်တော်ဆရာတော် ခမြာ သူ့ ကျောင်းသားပါ မသိပ်နိုင်သေးလို့ စာသင်ပြီးပြန်လွှတ်ချိန်မှာ ဖြစ်သွားလို့ အာမခံလေးပေးပါပေါ့။ ကိုယ်လည်းဝိုင်းပြော အဲ့ဒီတော့ တာဝန်ရှိသူက ခုနှစ်ယောက်တော့ ပြန်လွှတ်ပေးပါ့မယ် ။

ဒါပေမယ့်
ရဲစခန်း ထောက်ခံစာ
ရပ်ကျေးထောက်ခံစာ
ကျောင်းထိုင်ကိုယ်တိုင်ကြီးလာနေရက်နဲ့ကျောင်းထိုင် ထောက်ခံစာ
ထောက်ခံစာ
ထောက်ခံစာ စာ စာ စာ စာ ~~~~~~

အဲဒါတွေလုပ်ဖို့ ပြန်လာ ကျောင်းတက်ဖို့ ပြေးရင်း နေ့ ဆွမ်းလေးအမှီပေါ့ ဆရာတော်တွေမှာ ပြေးရင်းလွှားရင်း ခေါင်းထဲပေါ်လာတာက ထို့ ကြောင့် မြန်မာနိုင်ငံဟု ခေါ်ပါသည် ဆိုတာပါလေးပါပဲ။

ကျေးဇူးပြု၍ကူညီနိုင်သူများ ရှိပါက လမ်းဘေးစာသင်ဝိုင်းလေးကို
ကူညီပေးကြပါနော်။

မေတ္တာစိတ်တို့ ဖြင့်
အရှင်ဝေပုလ္လ










တစ်ရက်အတွင်း TNLA နှင့် မြန်မာစစ်တပ်တိုက်ပွဲ သုံး ကြိမ်ဖြစ်ပွား


၂၅ ရက် ဇွန်လ ၂၀၁၄ ခုနှစ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ မုံးကိုးမြို့နယ်ခွဲ၊ နမ့်ဆိုင်ဘာ ကျေးရွာအနီးတွင် ယနေ့ ဇွန်လ ၂၅ ရက် ညနေ (၁၆း၀၀) မှ (၁၇း၃၀) နာရီအထိ တစ်နာရီခွဲကြာ တအာင်းတပ်မတော်(TNLA)တပ်ရင်း(၈၁၈) ၊ KIA ၊ MNDAA(ကိုးကန့်တပ်မတော်)တို့ ပူးပေါင်းတပ်ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဘက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲတွင်နှစ်ဘက် ထိခိုက်ကျဆုံးမှု အခြေအနေမသိရှိရသေးပါ။ တိုက်ပွဲ အသေးစိတ် နောက်ဆက်တွဲ သတင်းအား ဆက်လက်တင်ပြသွားပါမည်။

ထိုဒေသအတွင်းတွင် လှုပ်ရှားနေသော တအာင်းတပ်မတော်(TNLA) ၊ KIA ၊ MNDAA(ကိုးကန့်တပ်မတော်) ပူးပေါင်းတပ်ဖွဲ့တို့အား လိုက်လံတိုက်ခိုက် နေသော မြန်မာ့တပ်မတော်အား ပြန်လည်ခုခံ တိုက်ခိုက်ရာမှ နှစ်ဘက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခြင်းဖြစ်သည်။ တိုက်ပွဲတွင် လက်နက်ကြီးများဖြင့် နှစ်ဘက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး (၁၇း၃၀)နာရီအချိန်တွင် နှစ်ဘက်ပစ်ခတ်မှုငြိမ်သွားပြီ တစ်ဖက်နှင့်တစ်ဖက် စောင့်ကြည့်သည့် အနေအထားတွင် ရှိနေသည်။

 ယနေ့ဇွန်လ (၂၅) ရက်နေ့တွင် တအာင်းတပ်မတော်(TNLA)တပ်မတော် တပ်ဖွဲ့နေနှင့်လည်း ကျောက်မဲမြို့နယ်တွင် နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ယခုတစ်ကြိမ်တိုက်ပွဲသည် တစ်ရက်အတွင်း သုံး ကြိမ်မြောက် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉၄၉၃၁၄၉၅၁၊ ၀၉၄၇၀၉၇၇၇၂၊ ၀၉၂၅၆၄၆၅၆၈၁၊ ၀၆၉၂၆၂၂၄၈၅၈

ရှမ်းမြောက် KIA,တပ်မဟာ(၄) တွင် တိုက်ပွဲဆက်တိုက်ဖြစ်ပွား


ရှမ်းမြောက် KIA တပ်မဟာ(၄) တပ်ရင်း (၃၆) နယ်မြေ နမ်ဂွတ် ၊ လွိုင်လောမ် ၊ နမ်ဆေပါ ၊ ယိန်းဆိုင် စသည့် ဒေသများ နှင့် ဆက်သွယ်ထားသော ကားလမ်းမကြီးများ ဆုံရာ လမ်းဆုံဖြစ်သော ကွမ်ဆန်ကျေးရွာ အနီးတွင် စစ်ကြောင်းထိုးဝင်ရောက်လာသော မြန်မာအစိုးရတပ် နှင့် မိမိ ကေအိုင်အေ တပ်ဖွဲ့ ဝင်များ ဇွန်လ (၂၄)ရက် မနေ့ က တိုက်ပွဲ တစ်နေကုန် ပြင်းထန်စွာ ဖြစ်ပွားခဲ့သည် ။ မိမိ ကေအိုင်အေ တပ်ဖွဲ့ မှ ထိခိုက်ကျဆုံးမှု မရှိသော်လည်း အစိုးရတပ် ဘက်မှ ကျဆုံးသည့် အလောင်းများ (၄)လောင်းခန့် မြင်တွေ့ ခဲ့ရကြောင်း ကေအိုင်အေ တပ်ဖွဲ့ ဝင်များမှ ပြောကြားသည် ။

အလားတူ ညနေပိုင်း (၄)နာရီ အချိန့် တွင်လည်း တပ်မဟာ(၄) တပ်ရင်း (၃၆)နယ်မြေ နာ့မွန်ကျေးရွာ နှင့် နောင်ခမ်ကျေးရွာ အကြားတွင်လည်း စစ်ကြောင်းထိုးကာ စစ်ရေးလှုပ်ရှားနေသော အစိုးရတပ် စစ်ကြောင်း တစ်ခု နှင့် မိမိ ကေအိုင်အေ တပ်ဖွဲ့ ဝင်များ ထိတွေ့ ကာ တိုက်ပွဲ ပြင်းထန်စွာထပ်မံဖြစ်ပွားခဲ့သည် ။

Wednesday, June 25, 2014

TNLA နှင့် ဖြစ်ပွားသော မုန့်ယာ တိုက်ပွဲ၌ အစိုးရတပ်မှ (၆)ဦးကျ

ရှမ်းပြည်နယ်မြောက်ပိုင်း KIA, တပ်မဟာ (၄)လက်အောက်ခံ KIA, တပ်ရင်း (၃၆)အုပ်ချု ပ်နယ်မြေ အတွင်းရှိ မုန့်ယား - နမ့်မွေချောင်းတံတား တွင် (၂၄.၆.၂၀၁၄)ရက်နေ့ နံနက် အစောပိုင်း၌ TNLA နှင့် မြန်မာ အစိုးရစစ်တပ် တို့ တိုက်ပွဲ ဖြစ်ပွားကြောင်း သတင်းရရှိပါသည်။

၂၄ ၊ ၆ ၊ ၂၀၁၄ ရက်နေ့ နံနက် အစောပိုင်း (၄း၃၀) မှ ( ၅း၀၀)နာရီကြား KIA တပ်မဟာ (၄)ဒေသ၊ KIA, တပ်ရင်း (၃၆)အုပ်ချု ပ် ဒေသဖြစ်သော မုန့်ယား - နမ့်မွေချောင်းတံတား ၌ လမ်းသွားလမ်းလာ အများပြည်သူများအား ငွေ ညှစ်တောင်းခံ နေသော မြန်မာ အစိုးရစစ်တပ် အား TNLA တအာင်းတပ်ဖွဲ့ များမှ သွားရောက် တိုက်ခဲ့ကြောင်း သိရှိရပါသည်။

ဤတိုက်ပွဲ တွင် မြန်မာ စစ်တပ်ဘက်မှ မည်မျှ သေဆုံးသည် ကို သေးစိတ်မသိရှိ သော် လည်း တိုက်ပွဲ အတွင်းကျဆုံးသော မြန်မာ စစ်သား အလောင်း (၆)လောင်း အား ဒေသခံ ရွာ သားများမှ သွားရောက် မြှပ်နှံ ပေးခဲ့ ရကြောင်း ၊ ထို့ အပြင် ဒဏ်ရာရရှိသူများ လည်း အများအပြားရှိ ကြောင်း ဒေသခံ ရွာသား

နမ့်ခမ်းတွင် အစိုးရတပ်က ရွာသားခြောက်ဦးကို ဖမ်းဆီးသွား


24 June 2014

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်က ရွာသား ခြောက်ဦးကို အစိုးရ၏ တပ်မ ၈၈ လက်အောက်ခံ တပ်ဖွဲ့များက ဇွန်လ ၂၄ ရက် နံနက်က ၎င်းတို့၏ နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု နမ့်ခမ်းမြို့ ဘုရားကြီးကျောင်းမှ သံဃာ ဦးပညာရူပ က မဇ္ဈိမကို မိန့်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်က နမ့်ခမ်းမြို့နယ် မာန်အောင်ကျေးရွာအနီး အစိုးရစစ်တပ်နှင့် ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိ တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ဒေသခံ ရွာသားများကို ဖမ်းဆီးစစ်ဆေးမှုများ ရှိသဖြင့် ဒေသခံများက စိုးရိမ်မှုများ ရှိနေသည်ဟု အဆိုပါ သံဃာက မိန့်ဆိုသည်။

“တိုက်ပွဲတော့ မရှိဘူး။ မာန်အောင်ရွာက အစိုးရ စစ်တပ်တွေတော့ ရှိနေတယ်။ အခုချိန်က စစ်ဆေး မေးမြန်းတာတွေ ရှိတယ်။ ဒီနေ့မနက် မာန်အောင်ရွာက ၂ ဦး၊ ဖာဂန်ရွာက ၂ ဦးရယ် ဆိုင်းတောင်ရွာသား ၂ ဦး ၆ ဦးကို အစိုးရ တပ်မ ၈၈ တပ်ဖွဲ့တွေ နေအိမ်ကနေ ခေါ်သွားတယ်။ ဘာမှတော့ မပြောဘူး။ သူတို့ ဒီအတိုင်းခေါ်သွားတယ်။ လမ်းပြဖို့လား မသိဘူး။ ခုထိတော့ မလွတ်လာသေးဘူး”ဟု သံဃာ ဦးပညာရူပက မိန့်သည်။

ဇွန်လ ၂၁ ရက်က ဖြစ်ပွားခဲ့သော အစိုးရစစ်တပ်နှင့် TNLA တို့ တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့သော နမ့်ခမ်းမြို့နယ် မာန်အောင်ကျေးရွာသား ၂ဝဝဝ ကျော်သည် ဇွန်လ ၂၂ ရက်က မိမိနေရပ်သို့ ပြန်သွားကြပြီဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။

“တိုက်ပွဲဖြစ်တဲ့နေ့ကတော့ ရွာသားတွေ ထွက်ပြေးလာကြတယ်။ ထွက်ပြေးလာတော့ သံဃာတော်တွေနဲ့ ပူးပေါင်းပြီးတော့ TNLA ဘက်ကို တောင်းပန်ပြီးတော့ သူတို့ ဆုတ်ပေးလိုက်တယ်။ သူတို့ပြန်သွားတော့ ၂၂

တအာင်း တပ်မတော် (TNLA) ၊ KIA ၊ MNDAA (ကိုးကန့်တပ်မတော်) ပူးပေါင်းအဖွဲ့ မြန်မာ့ တပ်မတော် (မုံးယ) တပ်စခန်း ၀င်ရောက် တိုက်ခိုက်



၂၄ ရက် ဇွန်လ ၂၀၁၄ ခုနှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့နယ်ခွဲ၊ မုံးယကျေးရွာအုပ်စု ယနေ့ ဇွန်လ ၂၄ ရက် နံနက် (၀၄း၃၀) မှ (၀၆း၀၀) နာရီထိ တစ်နာရီခွဲကြာ တအာင်းတပ်မတော်(TNLA) ၊ KIA တပ်ရင်း၊ MNDAA(ကိုးကန့်တပ်မတော်)တို့ ပူးပေါင်းတပ်ဖွဲ့သည် မုံးယကျေးအနီးရှိ မြန်မာ့တပ်မတော် တပ်စခန်အား ၀င်ရောက် တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲတွင် တအာင်းတပ်မတော်(TNLA) ၊ KIA ၊ MNDAA(ကိုးကန့်တပ်မတော်)တို့ ဖက်မှ ထိခိုက် ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။ တိုက်ပွဲ နောက်ဆက်တွဲ သတင်းအား ဆက်လက်တင်ပြသွားပါမည်။

ကွတ်ခိုင်မြို့နယ် အတွင်းတွင် လှုပ်ရှားနေသော တအာင်းတပ်မတော်(TNLA) ၊ KIA ၊ MNDAA(ကိုးကန့်တပ်မတော်) ပူးပေါင်းတပ်ဖွဲ့တို့အား မြန်မာ့တပ်မတော်မှ လိုက်လံတိုက်ခိုက်ခြင်း၊ လမ်းကြောင်း လိုက်လံပိတ်ဆို့မှု ပြုလုပ်နေခြင်းကြောင့် တိုက်ပွဲဖြစ်ပွား ရခြင်းဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉၄၉၃၁၄၉၅၁၊ ၀၉၄၇၀၉၇၇၇၂၊ ၀၉၂၅၆၄၆၅၆၈၁၊ ၀၆၉၂၆၂၂၄၈၅၈

Tuesday, June 24, 2014

တအာင်းတပ်မတော် (TNLA) နှင့် မြန်မာအစိုးရတပ်မ (၈၈)တို့ တိုက်ပွဲဖြစ်


၂၃ ရက် ဇွန်လ ၂၀၁၄ ခုနှစ်

တအာင်းဒေသ၊ ကျောက်မဲမြို့နယ်၊ ပန်ကပျံကျေးရွာအနီးတွင် ယနေ့ ဇွန်လ ၂၃ ရက်၊ နေ့၁၂း၁၅ နာရီမှ ၁၂း၄၅ နာရီအထိ တအာင်းတပ်မတော် ဗျူဟာ(၂) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း(၇၁၇)နှင့် မြန်မာ့တပ်မတော် တပ်မ(၈၈) တို့ နှစ်ဘက်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲတွင်နှစ်ဘက် ထိခိုက်ကျဆုံးမှု အခြေအနေမသိရှိရသေးပါ။ တိုက်ပွဲ အသေးစိတ် နောက်ဆက်တွဲ သတင်းအား ဆက်လက်တင်ပြသွားပါမည်။

အင်အား (၃၀၀)ခန့် ရှိသော မြန်မာ့တပ်မတော် တပ်မ(၈၈)သည် ထိုဒေသတွင် လှုပ်ရှားနေသော တအာင်းတပ်မတော်အား လိုက်လံတိုက်ခိုက်ရာမှ နှစ်ဘက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွါးခြင်းဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

Monday, June 23, 2014

SCHOOL OF RAPE (မုဒိမ်းကျင့်ဖို့လေ့ကျင့်ရာနေရာ)

"သိပ်လည်း ဘ၀င်မမြင့်ကြပါနဲ့"


ပြည်တွင်းမှာ နေနေတဲ့ သူတော်တော်များများက ဗိုလ်ချုပ်အောင်ဆန်းလို လူမျိုးဟာ ကမ္ဘာမှာ မြန်မာမှာပဲ ရှိနေတယ် ထင်ကြတယ်။ဘာကြောင့်ဆိုတော့ သူတို့ဟာ ဒေါက်တာ ဆွန်ယက်ဆင်၊ ဟိုးဆေးရီးဇော်၊ ဟိုချီမင်း၊ ဂန္ဒီ၊ ချေဂွေဗားရား တို့အကြောင်းမသိကြတော့ နိုင်ငံတိုင်းမှာ ရှိတဲ့ သူရဲကောင်းတွေကို လေးစားရကောင်းမှန်း မသိကြဘူး။

လေယဉ်ပေါ်ကနေ မြန်မာပြည်ကို မမြင်ဘူးတော့အခုချိန်ထိ Golden Land ဆိုပြီး ဘ၀င်မမြင်ပါနဲ့။ တောတွေပြုန်းပြီး မီးလောင်ပြင်လိုဖြစ်နေတဲ့ လွင်ပြင်၊ တောင်တန်းတွေကိုမှ သူတို့မမြင်ဘူးကြပဲ။

တမလွန်အတွက် ပြင်ဆင်တဲ့ အလေ့အကျင့်တွေ ထုံနေတဲ့ထမင်းရေ၊ ချောင်းစီးအလှူကြီးမျိုးတွေကိုပဲ မြင်ဖူးပြေီး ဘ၀င်မြင့်မနေပါနဲ့။ ကမ္ဘာ့သူဋ္ဌေးသူကြွယ်ကြီးတွေရဲ့ကိုယ်ကျိုးမဖက် ပရဟိတသက်သက် လှူဒါန်းမှုတွေကို အသိအမှတ်ပြုရကောင်းမှန်း မသိကြဘူး။

Globalization ကိုနားမလည်တော့ ကိုယ့်နိုင်ငံထဲမှာပဲ ကိုယ်နေရင် လုံခြုံပြီလိုထင်ပြီး ဘ၀င်မြင့်မနေကြပါနဲ့။ CNN Effect, Al Jazeera Effect ခေါ်တဲ့ ကမ္ဘာအရှေ့ခြမ်းမှာ ဖြစ်နေတာကို အနောက်ခြမ်းက ချက်ချင်း သိနိုင်တာကို လက်မခံနိုင်ကြသေးဘူး။

သဘာဝဘေးအန္တရာယ်တွေ မကျအောင် သာသနာစောင့်နတ်မင်းကြီးတွေက မြန်မာနိုင်ငံကို ကာကွယ် ပေးထားတယ်လို့ သိပ်ဘ၀င် မမြင့်ကြပါနဲ့။ အာရှမှာ ရာသီဥတုဒါဏ် အဆိုးရွားဆုံးခံရတဲ့ နိုင်ငံဆယ်နိုင်ငံမှာ ဒုတိယမြောက် အဆိုးရွားဆုံး ဖြစ်နေတာကိုမှ မသိပဲ။

မြန်မာနိုင်ငံမှာ ငါးပါးသီလထွန်းကားပါတယ် ဆိုပြီး သိပ်ပြီးဘ၀င်မမြင့်ပါနဲ့၊ တကယ်တော့ စာအုပ်ထဲမှာပဲ ထွန်းကားပြီး မြန်မာပြည်သူတွေရဲ့ ကိုယ်ကျင့်တရားက မိစ္ဆာဒိဋ္ဌိနိုင်ငံတွေလို့ ခေါ်တဲ့ ဥရောပနိုင်ငံသားတွေ စံထားတဲ့ Gentleman ဆိုတဲ့အဆင့်ကိုတောင် မမှီသေးတာကိုမှ မသိကြပဲ။

ထမင်းငတ်ပြီးသေတဲ့မသာ မြန်မာပြည်မှာ မရှိဘူးလို့ဘ၀င်မြင့်မနေကြပါနဲ့။ တောင်သမန်အင်းထဲက ဓါတ်မြေသြဇာ အဆိပ်သင့်နေတဲ့ ငါးကြော်တွေကို မစားဖို့ သက်ဆိုင်ရာ သံရုံးတွေက သူတို့နိုင်ငံသား တိုးရစ်တွေကို တိုးတိုးတိတ်တိတ် မှာထားတာကိုမှ မသိကြပဲ။ ထမင်းငတ်ပြီး မသေပေမယ့် တရုပ်နဲ့ယိုးဒယားက ၀င်လာတဲ့ သူတို့နိုင်ငံသားတွေတောင် မစားတဲ့ သွားရေစာတွေကြောင့် သေနေတဲ့ ကလေးတွေ၊ ဓါတုအဆိပ်သင့်နေတဲ့ ဟင်းသီး၊ ဟင်းရွက် သားငါးတွေကြောင့် သေနေကြတာတွေ၊ အဟာရငတ်ပြီး သေနေကြတာတွေကိုမှ မသိရှာကြပဲ။

အိမ်ထဲအထိဝင်၊ ခြင်ထောင်ထဲ လှန်ကြည့်တဲ့ အထိ ဧည့်စာရင်းစစ်တာကို ကြည့်ပြိး မြန်မာပြည်မှာ တရားဥပဒေ စိုးမိုးမှုရှိတယ်ထင်နေကြတယ်။ ပြည်ပနိုင်ငံတွေမှာ ကိုယ့်အိမ်တံခါးကို ၀ါးရမ်းမပါပဲ လာခေါက်ရင်တောင် ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲလို့ရတယ်ဆိုတာကိုမှ မသိပဲ။

ပြည်တွင်းမှာ ကျပ်တည်း ကျဉ်းမြောင်းစွာ အမြဲနေရတာတော့ အကျင့်ပါနေပြီး လူတိုင်းလည်း ငါတို့လို ဒီလိုပဲ ရုန်းကန်နေရတာပဲ၊ ဘယ်သူမှ ထမင်း အလကား လာမကျွေးဘူးဆိုပြီး တဘက်သက် မာနတွေကလည်းကြီးတယ်။ တစ်ခြားနိုင်ငံတချို့မှာ ကလေးတွေရဲ့ ကျောင်းစားရိတ်၊ လူတိုင်းရဲ့ကျန်းမာရေးစောင့်ရှောက်မှု ကို အစိုးရဆီက အလကားရနေတယ်ဆိုတာမှ သူတို့မသိပဲ။

အခုချိန်ထိ တောင်တွေဖြိုလို့ကောင်းတုန်း၊ သစ်တွေခုတ်လို့ ကောင်းတုန်းပဲ။ ကိုယ့်နိုင်ငံမှာ ကိုယ်လု့ပ်တာ ဘာဖြစ်လည်းဆိုပြီး ရန်တောင် လို နေသေးတယ်။Butterfly Effect လို့ခေါ်တဲ့ လိပ်ပြာလေးတစ်ကောင် တောင်ပံခတ်ရုံနဲ့ အမေဇုံသစ်တောက သစ်ပင်ကြီးတွေ တ၀ုန်းဝုန်းလဲပြိုနေတာကိုမှ မသိပဲ။

စမတ်ဖုန်းတွေ၊ မော်တော်ကားတွေ၊ ကွန်ပျူတာဆက်စပ်ပစ္စည်းတွေ ဈေးကွက်ထဲမှာ မြင်တွေ့နေရတော့ မြန်မာနိုင်ငံကြီး ခေတ်မှီဖွဲ့ဖြိုး တိုးတက်နေပြီလို့ ထင်နေကြတယ်။ တကယ်တော့ မြန်မာပြည်ကိုပို့တဲ့ ပစ္စည်းကို သူ့တို့နိုင်ငံသားတွေ လုံးဝ မသုံးကြတာကိုမှ မသိပဲ။

မြန်မာပြည်က ရှုခင်းတွေသာ အလှဆုံးလို့ ထင်နေကြတယ်။ ဒါတွေကိုကြည့်ချင်လို့ နိုင်ငံခြား ခရီးသွားတွေလာနေတယ်လို့ ထင်နေကြတယ်။ တကယ်တော့ မြန်မာပြည်ထက် အဆပေါင်းများစွာသာတဲ့ ရှုခင်းတွေ နိုင်ငံရပ်ခြားမှာ အများကြီးရှိတယ် ဆိုတာမှ မသိပဲ။ သူတို့လာတာဟာ ကမ္ဘာ မြင်တွေ့ရခဲတဲ့ တတိယနိုင်ငံက ဆင်းရဲသားတွေရဲ့ ဘ၀ကို တအံ့တသြကြည့်ဖို့လာတာများတယ် ဆိုတာကို သိမှ မသိပဲ။

သိပ်လည်း ဘ၀င်မမြင့်ကြနဲ့ဗျာ..
ကမ္ဘာမှာ မြန်မာဆိုတာ သေးသေးလေးပါ။ အခုခေတ်က နိုင်ငံကို လာပြီး သိမ်းတဲ့ခေတ် မဟုတ်တော့ဘူး။ သွားသိမ်းစရာမလိုပဲ ကိုယ့်နိုင်ငံက ယူချင်သမျှ ယူလို့ရနေပြီ။

အခု ကိုယ့်လူတို့သုံးနေတဲ့ ဆိုင်ကယ်၊ မော်တော်ကား၊ ကွန်ပျူတာအပါအ၀င် အပ်တိုတစ်ချောင်းတောင် ပြည်တွင်းမှာ မလုပ်နိုင်သေးဘူး။ ဒါတွေပြည်တွင်းမှာ များလာတယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ မြန်မာပြည်က ကျွန်းသစ်၊ ရေနံ၊သဘာဝဓါတ်ငွေ့နဲ့တခြားသယံဇာတတွေ လျော့သွားပြီးဆိုတဲ့ သဘောပဲ။

ိသိပ်လည်းဘ၀င်မမြင့်ကြပါနဲ့။ သယံဇာတတွေ ကုန်ခန်းစပြုနေတဲ့တိုင်းပြည်၊ ခြစားမှုတွေနဲ့ ယိုယွင်းနေတဲ့ လူမှုအဖွဲ့အစည်း၊ ဆင်းရဲမွဲတေမှု ရောဂါစွဲကပ်နေတဲ့ တိုင်းပြည်။ ဒီလိုတိုင်းပြည်ကို ဘယ်နိုင်ငံမှ နာမည်အပျက်ခံပြီး ကိုလိုနီ လုပ်နေစရာ မလိုပါဘူး။ တရုပ်တွေနေချင်လည်း ရနေတာပဲ။ ကုလားတွေနေချင်လည်း ရနေတာပဲ။ တံခါးမရှိ၊ ဓါးမရှိ ၀င်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်း ထွက်လို့ရနေတဲ့ တိုင်းပြည်ကို ဘာလို့အလုပ်ရှုပ်ခံပြီး သိမ်းနေမှာလည်း။

ဒါကြောင့် သိပ်လည်း ဘ၀င်မြင့်မနေနဲ့။ အချိန်သိပ်မရှိတော့ဘူး။
မြန်မာပြည် လမ်းကြောင်းမှန်ပေါ်ရောက်ဖို့ အတွက် ဖွဲ့စည်းပုံကို ပြင်မယ့် ခေါင်းဆောင်ကို ၀န်းရံကြ၊ သူ့ကို ခိုင်းကြ။ တာဝန်ပေးကြ။ နောက်ဆုံးမြှော်လင့်ချက်က သူပဲရှိတော့တယ်။

ဒီမယ်မိတ်ဆွေ၊ ကိုယ့်လူ ကြည်တာမကြည်တာ၊ သဘောကျတာ၊ မကျတာ ခဏထား၊ ကိုယ့်လူတို့၊ ကျုပ်တို့မှာ ရွေးစရာ မကျန်တော့ဘူး၊ ကိုယ်မှာ မြှားတွေ စူးဝင်နေရင် အသက်ဘေးနဲ့ အနီးဆုံးမြှားတံကို အရင်ရှင်းပစ်ရမှာပဲ။ ဒါကြောင့် မျိုးစောင့်သမားအားလုံး၊ မျိုးချစ်သမားအားလုံး၊ အားလုံး..အားလုံး.. ဖွဲ့စည်းပုံပြင်ဖို့ပဲ အာရုံစိုက်ကြ။ ပြီးမှ လွတ်လပ်စွာ ၀ိဝါဒကွဲကြ၊ ငြင်းကြ၊ ခုန်ကြ။

(By Kogyimind Mind)

ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းမှတပ်မတော်အကြီးအကဲများ တပ်မတော်သားများ အငြိမ်းစားတပ်မတော်သားများအားတောင်းပန်

တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း တိုက်ခိုက်ကြတာဖြစ်လို့ ဒီလိုစစ်ပွဲတွေကနေ စစ်ဖက်ဆိုင်ရာ စွမ်းရည်နဲ့ ရဲစွမ်းသတ္တိဆိုင်ရာ ထိပ်သီးဆုတံဆိပ်တွေဖြစ်တဲ့ သူရဘွဲ့၊ သီဟသူရဘွဲ့တွေ ပေးဖို့မလိုပါဘူးလို့ " အမှန်တရားတွေ ပြောမိ "
စစ်အရာရှိကြီးတွေကို ဝန်ကြီး ဦးအောင်မင်း လူသိရှင်ကြားတောင်းပန်

ရန်ကုန်မြို့ စက်မှုလက်မှုလုပ်ငန်းရှင်များနဲ့ ကုန်သည်ကြီးများအသင်းချုပ် UMFCCI မှာ ထိပ်တန်း စစ်ဘွဲ့ထူး တွေ အပေါ် ဝေဖန်ပြောဆိုခဲ့တာတွေနဲ့ ပတ်သက်လို့ စစ်တပ်အကြီးအကဲတွေနဲ့ စစ်မှုထမ်းဟောင်း အရာရှိကြီးတွေကို သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဒီကနေ့ ကြေညာချက်ထုတ် ပြန်တောင်းပန်လိုက်ပါတယ်။

UMFCCI ဟောပြောပွဲတစ်ခုမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြောဆိုရာမှာ တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း တိုက်ခိုက်ကြတာဖြစ်လို့ ဒီလိုစစ်ပွဲတွေကနေ စစ်ဖက်ဆိုင်ရာ စွမ်းရည်နဲ့ ရဲစွမ်းသတ္တိဆိုင်ရာ ထိပ်သီးဆုတံဆိပ်တွေဖြစ်တဲ့ သူရဘွဲ့၊ သီဟသူရဘွဲ့တွေ ပေးဖို့မလိုပါဘူးလို့ ထည့်သွင်းပြောဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီး စစ်အရာရှိတွေနဲ့ အရာရှိဟောင်းတွေအကြား မကျေမနပ်ဖြစ်ခဲ့တဲ့အတွက် ဦးအောင်မင်းက အခုလို တောင်းပန်လိုက်တာဖြစ်ပါတယ်။

"UMFCCI အခမ်းအနားမှာ ကျနော်ပြောဆိုခဲ့တဲ့ စကားများအပေါ် တပ်မတော်သားများ၊ တပ်မတော်က အငြိမ်းစားယူတားသည့် ဆရာသမားများ၊ တပ်မတော်မိသားစုများက စိတ်အနှောင့်အယှက်ဖြစ်ရသည်ကို သိရ၏၊ ဒီနေရာမှ အနူးအညွှတ်တောင်းပန်အပ်ပါသည်၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်မှာ ကျနော့်အနေနဲ့ ဆောင်ရွက်နိုင်တာမှန်သမျှကို အစွမ်းကုန်ကြိုးစားပြီး ဆက်လက်ဆောင်ရွက်သွားပါ့မယ်လို့ ကတိပြုပြောကြားလိုပါတယ်၊ အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ"

စစ်အစိုးရလက်ထက် ပဲခုးတိုင်း စစ်တိုင်းမှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်ချုပ်ဟောင်း တစ်ဦးဖြစ်တဲ့ ဦးအောင်မင်းက တပ်မတော်မှာ သူတာဝန်ထမ်းဆောင်စဉ်က တာဝန်ဝတ္တရားကျေပွန်ခဲ့ပြီး သစ္စာစောင့်သိခဲ့သလို နောင်မှာလည်း သစ္စာဖောက်မှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လက်ရှိစစ်တပ်အကြီးအကဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း လူကိုယ်တိုင် သွားရောက်တောင်းပန်ခဲ့တယ်လို့ ပြည်တွင်းထုတ် သတင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

လက်ရှိအရပ်သားအစိုးရလက်ထက် စစ်တပ်အရာရှိကြီးတွေကို တာဝန်ထမ်းဆောင်ဆဲ ဝန်ကြီးတစ်ဦးက လူသိရှင်ကြား တောင်းပန်တာဟာ အခုတစ်ကြိမ်ဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

Copy from - RFA

Sunday, June 22, 2014

ဦးအံ့မောင်ကိုဖမ်းဆီး


 နိုင်ငံတော်သမ္မတရုံးအကြံပေး ဦးအံ့မောင်ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက မနေ့ညက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ နေပြည်တော် အသိုင်းအ၀ိုင်းက သိရပါတယ်။

ဦးအံ့မောင်ကို ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ကိစ္စဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အဖမ်းခံထားရတဲ့ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကိစ္စနဲ့ ဆက်စပ်နေတယ်လို့လည်း သိရပါတယ်။

အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်သူ ၉ဦးရှိပြီး အဲဒီလူပုဂ္ဂိုလ်တွေအားလုံးကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက ဆက်လက် အရေးယူသွားမယ်လို့လည်း သိရပါတယ်

Saturday, June 21, 2014

ကမ္ဘာ့ဖလားတွင် မသန်စွမ်း ပရိသတ်တစ်ဦး ဘီးတပ်ကုလားထိုင်ပေါ်မှ ထ၍ အားပေးနေမှုကို ရဲတပ်ဖွဲ့စုံစမ်းနေ

 
ဘရာဇီးနိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၌ မသန်စွမ်း ပရိသတ်တစ်ဦး ဘီးတပ် ကုလားထိုင်မှ ထ၍ မတ်တတ်ရပ် အောင်ပွဲခံခြင်းကို ရဲတပ်ဖွဲ့က စုံစမ်းလျက် ရှိသည်။
မသန်စွမ်း ပရိသတ်များအတွက် သတ်မှတ်ပေးထားသည့် ဘောလုံးပွဲ လက်မှတ်များကို အမှန်တကယ် မသန်စွမ်းသူ မဟုတ်သူများက အသုံးချနေခြင်း ဖြစ်မည်ကို ရဲတပ်ဖွဲ့က စိုးရိမ်နေခြင်း ဖြစ်သည်။
ဘရာဇီး ပရိသတ် အမျိုးသမီး တစ်ဦးက ဘီးတပ်ကုလားထိုင်ပေါ်မှ ထ၍ မတ်တတ်ရပ်ပြီး အောင်ပွဲခံနေသည့် ဓာတ်ပုံများ ပျံ့နှံ့လာပြီးနောက် ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ နောက်ဆက်တွဲ မေးခွန်းများ ထွက်ပေါ်လာသည်။ ကမ္ဘာ့ဖလားတွင် လက်မှတ်များမှာ ရောင်းလိုအားနှင့် ဝယ်လိုအား မမျှဘဲ ဖြစ်နေသောကြောင့် မသန်စွမ်းသူများအတွက် အထူးလက်မှတ်များကို ကျန်းမာသန်စွမ်းသူများက လိမ်လည် အသုံးချနိုင်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)သည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပင်စင်စားများ၊ ကျောင်းသားများနှင့် မသန်စွမ်းသူများအတွက် ဈေးနှုန်းလျှော့ချထားသည့် လက်မှတ်များကို သီးခြားရောင်းချပေးခဲ့သည်။ သို့သော်လည်း အရွယ်ကောင်း ပရိသတ်များက အဆိုပါ ခုံများပေါ်တွင် နေရာယူထားသည်ကိုလည်း တွေ့

ယနေ့ မနက် TNLA နှင့် အစိုးရတပ် တို့ နမ်းခမ်းမြို့နယ် မာန်အောင်ရွာတွင် တိုက်ပွဲဖြစ်

 
၂၁ ရက် ဇွန်လ ၂၀၁၄

တအာင်းဒေသ၊ နမ့်ခမ်းမြို့နယ်၊ မာန်အောင်ရွာအနီးတွင် ယနေ့ ဇွန်လ၂၁ ရက်နေ့ နံက်၀၄း၃၀ မှ ၀၅း၁၅ နာရီချိန်ထိ TNLA တပ်ရင်း (၄၇၈)နှင့် မြန်မာ့တပ်မတော် တို့ နာရီဝက်ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ မာန်အောင်ရွာဝန်းကျင်တွင် ယာယီအခြေစိုက်လှုပ်ရှားနေသည့် တအန်းတပ်မတော်ကို မြန်မာ့တပ်မတော်မှ
အလစ်ဝင်ရောက် ပစ်ခတ်ခြင်းဖြစ်သည်။ မြန်မာ့တပ်ဘက်မှ တပ်ရင်းကို အတည်မပြုနိုင်သေးပါ။

တိုက်ပွဲတွင် နှစ်ဘက်ထိခိုက် ကျဆုံးမှုမသိရှိရသေးပါ။ ယခုသတင်းရေးသားသည့်အချိန်ထိ အပြန်အလှန်ေ စာင့်ကြည့်နေသည့် အနေအထားရှိသည်။

တိုက်ပွဲနောက်ဆက်တွဲသတင်းကို ဆက်လက်ပြီး တင်ပြပေးသွားပါမည်။

_____________________________________________

နမ်းခမ်းမြို့နယ် မာန်အောင်ရွာတိုက်ပွဲ နောက်ဆက်တွဲ Update သတင်း

တအာင်းဒေသ၊ နမ့်ခမ်းမြို့နယ်၊ မာန်အောင်ရွာအနီးတွင် ယနေ့ ဇွန်လ၂၁ ရက်နေ့ နံက်၀၄း၃၀ မှ ၀၅း၁၅ နာရီချိန်ထိ TNLA တပ်ရင်း (၄၇၈)နှင့် မြန်မာ့တပ်မတော် တို့ နာရီဝက်ကျော်ကြာ ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် မြန်မာ့တပ်မတော်မှ တပ်မ(၈၈) တပ်ဖြစ်ပြီး ၊ ထိုတိုက်ပွဲတွင် မြန်မာ့တပ်မတော်မှ (၅) ဦး ကျဆုံးသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉၄၉၃၁၄၉၅၁၊ ၀၉၄၇၀၉၇၇၇၂၊ ၀၉၂၅၆၄၆၅၆၈၁၊ ၀၆၉၂၆၂၂၄၈၅၈
 
 

ကျပ်သိန်းတစ်ထောင်ဖြင့် ဖမ်းဆီးခံသံဃာငါးပါး အာမခံရ


မဟာသန္တိသုခ ကျောင်းတိုက် ချိတ်ပိတ်သည့်ညက ဖမ်းဆီးခံရပြီးနောက် လူဝတ်လဲ ခံထားရသည့် လူဝတ်လဲခံထားရသည့် သံဃာငါးပါး အား တာမွေတရားရုံးတွင် တစ်ပါးလျှင် ကျပ်သိန်းနှစ်ရာနှုန်းဖြင့် ကျပ်သိန်းတစ်ထောင် အာမခံကြေးပေးပြီး ပြန် လွတ်လိုက်ခြင်းဖြစ်သည်ဟု သွားရောက် သတင်းယူနေသည့် မဇ္ဈိမသတင်းထောက်များက သတင်းပေးပို့သည်။
 
ယင်းအပြင် အဆိုပါ သံဃာတစ်ပါးစီအတွက် ဆရ်ာတော်နှစ်ပါးစီက ကျောင်းပိုင်ဆိုင်မှု မြေဂရန်ပြပြီး အာမခံခဲ့ရခြ င်းလည်းဖြစ်သည်။ လက်ရှိတွင် သံဃာငါးပါးစလုံး သာသနာ့ဘောင်သို့ ပြန်လည် ဝင်ရောက်ပြီးဖြစ်ကာ အာမခံပေးသည့် ဆရာတော် တစ်ပါးဖြစ်သော တာမွေမြို့နယ်အတွင်းရှိ သုံးထပ်ကျောင်း ဆရာတော်၏ ကျောင်းတိုက်တွင် သတင်းသုံးမည် ဖြစ်သည်။
 
ထို့နောက် တရားရုံးက ယခုလ ၂၇ရက်တွင် ရုံးချိန်ပြန်ခေါ်ထားသည့်အတွက် ပြန်လည်အမှု ရင်ဆိုင်ကြရမည်ဖြစ် သည်။  လန်ဒန်ဆရာတော်အပါအဝင် သံဃာငါးပါးမှာ ဇွန်လ ၁၀ရက်ညက မဟာသန္တိသုခကျောင်းတိုက်ကို ချိတ်ပိတ် စဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။
 
သာသနာရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးဆန်းဆင့်ကိုလည်း ငွေအလွှဲသုံးစားမှုဖြင့် အမှုဖွင့်ထားသလို တာဝန်မှ ရပ်စဲလိုက်ကြောင်းလည်း ဇွန်လ ၂၀ရက်တွင် သမ္မတ ဦးသိန်းစိန်က ကြေငြာထားသည်။

 သတင်းရင်းမြစ် - မဇ္ဈိမသတင်းဌာန
 

တာမွေမြို့နယ် တ၇ားရုံးရှေ့ ဇွန်၂၀ရက်နေ့ မနက်ပိုင်း မြင်ကွင်း



Thursday, June 19, 2014

ကရင်တစီး ဗမာတစီး ချက်ခြင်းစီး

 
ဆောင်းပါးတွေရေးတော့ ဘာဘဲပြောပြော နိုင်ငံရေးနဲ့ ပတ်သက်ရတာပေါ့။ အတည်ပေါက်တွေ ရေးရတာမို့ တခါခါ ဆောင်းပါး ဆိုတာတွေဟာ လူတွေကို ဆရာလုပ်နေသလို ဖြစ်နေတယ်လို့ တွေးမိတယ်။ ဆရာလုပ်တာကို လောကကြီးမှာ ဘယ်သူမှ မခံချင်ပါ။ မကြိုက်ကြပါ။ ကျနော်လည်း ကျနော့်ကို ဆရာလာလုပ်ရင် မကြိုက်တတ်သူ တဦးပါ။ တခြားသူတွေ လည်း ဘယ်ခံချင်ပါ့မလဲလို့ စိတ်ထဲမှာ ကိုယ်ချင်းစာမိပါတယ်။ ဒါကြောင့် လူတွေကို ဆရာလုပ်ရတဲ့ ဆောင်းပါးမျိုးတွေကို ရေးဖို့ တခါတခါ ညီးငွေ့လာတယ်။ အပြောင်အပျက် စာကလေးတွေ ရေးရရင် အပျင်းလည်း ပြေသလို စိတ်မှာလည်း ပေါ့ပါးတာပေါ့။ ဟုတ်တယ်မို့လား။

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ အစိုးရနဲ့ ငြိမ်းချမ်းရေး စကားပြောကြတော့ အစိုးရဆီက အခွင့်အလမ်းတွေ ရခဲ့ကြ တယ် မဟုတ်လား။ ကျောက်စိမ်းတူးခွင့်တို့၊ မိုင်းရှုးရတနာမြေတို့၊ တခြားသတ္ထုမိုင်းတွေ တူးဖော်ခွင့်တို့၊ သစ်ခုတ်ခွင့်တို့၊ ရွှေတူးခွင့်တို့၊ ဘာကုမ္ပဏီ ညာကုမ္ပဏီတွေ ထူထောင်လုပ်ကိုင်ခွင့်တို့ ရခဲ့တာကို မှတ်မိနေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ဆင်းရဲလေတော့ အစိုးရက ပြန်ကြည့်တဲ့ သဘောမျိုးလားတော့ မသိဘူး။ ဒါမှမဟုတ် သွယ်ဝိုက်ပြီး လာဘ်ထိုးတာ များလားပေါ့။ စဉ်းစားကြည့်တာပါ။ ဘယ်သူ့ကိုမှ အပြစ်တင်တာ မဟုတ်ပါဘူး။

သမ္မတ ဦးသိန်းစိန် အစိုးရတက်လာတော့ တိုင်းရင်းသား လက်နက်ကိုင်များနဲ့ စကားပြောကြတဲ့အခါမှာ အပေးအကမ်း လုပ်တဲ့ ခေတ်အစားဆုံး ကိစ္စတခုကတော့ ကားပါမစ်ပါ။ ကေအန်ယူ အဖွဲ့ဆိုရင် ကားပါမစ် ၁၈ဝ ဆိုလား ၂ဝဝ ဆိုလား တောင် ရသတဲ့။ များလှချည်လားလို့ ပထမတော့ ထင်မိသေးတယ်။ ဒါပေမဲ့ ကေအန်ယူက ခေါင်းဆောင်တဦးဖြစ်တဲ့ မန်းငြိမ်းမောင်က ကေအန်ယူဟာ အဖွဲ့အစည်းကြီး တခုဖြစ်တာမို့ တကယ်တန်းဆိုရင် လိုအပ်နေတဲ့ ကားပါမစ်က ဒီထက်တောင် များများ ရသင့်တယ်လို့

သန္တိသုခ ဖမ်းဆီးခံသံဃာများ ဇွန် ၂၀ တွင် မလွတ်လျှင်

 
အင်္ဂလန်ဆရာတော်အ ပါအ၀င် ဖမ်းဆီးခံသံဃာတော် ငါးပါးအား ဇွန်လ ၂၀ ရက်တွင် ပြန်လွှတ်မပေးပါက ရွှေညဝါ ဆရာတော်၊ မစိုးရိမ်ကျောင်းတိုက်ဆရာတော် ဦးဝီရသူနှင့် ဆရာ တော်ဦးပါမောက္ခတို့က ဦးဆောင်၍ ဆန္ဒပြ တောင်းဆိုသွားမည်ဖြစ်ကြောင်း ဆရာတော်ဦးပါမောက္ခက မိန့်သည်။
 
ဆရာတော်ဦးပါမောက္ခနှင့် သံဃာတော်အချို့သည် အင်္ဂလန်ဆရာတော် အပါအ၀င် ဖမ်းဆီးခံ သံဃာတော် ငါးပါးအား ဇွန်လ၂၀ရက်တွင် ပြန်လွှတ်ပေးရန်အတွက် နတ်စင်တစ်ရာ ကျောင်းတိုက် ဆရာတော်ထံ သွားရောက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ ထိုဆွေးနွေးမှုများ အဖြေမထွက်ပါက အင်္ဂလန်ဆရာတော်နှင့် သံဃာလေးပါးအား ရုံးချိန်းထုတ်မည့် ဇွန်လ ၂၀ ရက်တွင် ဆန္ဒပြ တောင်းဆို သွားမည်ဖြစ်ကြောင်း မကွေးကျောင်းတိုက် ဆရာတော်ဦးပါမောက္ခက မိန့်ကြားသည်။
 
‘‘ဟိုနေ့ကလည်း တစ်ခါ နတ်စင်တစ်ရာ ကျောင်းတိုက်မှာ ဆွေးနွေးခဲ့ကြတယ်။မနက်ဖြန် ညမှာလည်း တစ်ခါဆက်ဆွေးနွေး ဦးမယ်။ ဆွေးနွေးမှာကတော့ ၂၀ ရက်မှာ သံဃာတော်တွေကို အပြီးပြန်လွှတ်ပေးဖို့ပဲ။ ၂၀ ရက် မှ ပြန်လွှတ်မပေးဘူးဆိုရင်တော့ ဆရာတော်ဦးဝီရသူရယ်၊ ရွှေည ၀ါဆရာတော်ရယ်၊ ဦးပဉ္ဇင်းရယ် ဦးဆောင်ပြီး လုပ်သင့်လုပ်ထိုက် တာတွေလုပ်ပြီး ဆန္ဒပြတောင်းဆို သွားမယ်’’ဟု

တတိယအကြိမ် တိုင်းရင်းသား ထိပ်သီး ညီလာခံ ဇူလိုင်လသို့ ရွှေ့ဆိုင်း

 
June 18, 2014

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အတွက် တိုင်းရင်းသားပေါင်းစုံ ပါဝင်မည့် တတိယ အကြိမ် တိုင်းရင်းသား ထိပ်သီး ညီလာခံကို ဇွန်လအတွင်း ကျင်းပရန်စီစဉ်ထားရာမှ လာမည့် ဇူလိုင်လအတွင်း သို့ ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

“ညီလာခံ လုပ်ဖို့က ဇူလိုင်လထဲ ရွှေ့လိုက်တယ်။ ဒီတခေါက်က နောက်ဆုံးဖိုင်နယ် ဆွေးနွေးဖို့ လိုပါတယ်။ ဆွေးနွေးမှုတွေက ကျနော်တို့ NCCT အဖွဲ့တွေရော အစိုးရဘက်က UPWC အဖွဲ့ဘက်ကရော ဆုံးဖြတ်သူတွေ မဟုတ်တော့ သက်ဆိုင်ရာ ထိပ်သီး ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ လိုတယ်။ ဒီအတွက် စာတမ်းတစောင် ပြုစုနေပါတယ်” ဟု တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) အဖွဲ့ဝင် ဒေါက်တာ ဆလိုင်း လျန်မုန်း ဆာခေါင်းက ဧရာဝတီကို ပြောသည်။

ယင်း တိုင်းရင်းသား ညီလာခံ ကျင်းပမည့်နေရာအတွက် မသတ်မှတ်ရသေးကြောင်းလည်း ဆိုသည်။

ဒေါက်တာ ဆလိုင်း လျန်မုန်းဆာခေါင်းက “အကောင်းဘက်ကို ရည်ရွယ်ပြီး ပြောင်းလဲတာပါ။ ငြိမ်းချမ်းရေး ဆိုတာက ကျနော် တို့ ရည်ရွယ်ထားတာ ခဏတာ ကိစ္စ မဟုတ်ဘူး။ နောက် တော်တော်များများက လက်မှတ်ထိုးဖို့ကိုပဲ အားသန်ကြတယ်။ ဒီလို မြန်မြန်လုပ်လို့ မရဘူး။ ဆန္ဒတွေ စောဖို့ မလိုပါဘူး။ သေချာညှိနှိုင်းဖို့ လိုတယ်။ စာချုပ်ချုပ်တာ အပြင် ငြိမ်းချမ်းရေး လမ်း စဉ် ဆက်သွားဖို့အတွက် ကျနော်တို့ အမြင် တခုတည်း ဖြစ်အောင် လုပ်သွားမှာပါ”ဟု ပြောဆိုသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး အစိုးရဘက်မှ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုင်းရင်းသားများဘက်မှ တင်ပြ ထား သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း စသည့်

တအာင်းတပ်မတော်(TNLA) နှင့် မြန်မာ့တပ်မတော်တိုက်ပွဲဖြစ်ပွါး မြန်မာ့တပ်မတော်(၅)ဦးကျဆုံး


 ၁၇ ရက် ဇွန်လ ၂၀၁၄ ခုနှစ်

တအာင်းဒေသ၊ မိုးမိတ်မြို့နယ်၊ တုံးကြီးကျေးရွာနှင့် လွယ်မောက်ကျေးရွာ ကြားတွင် ယနေ့ ဇွန်လ ၁၇ ရက်နေ့ နေ့လည် ၁၀း၀၀ မှ ၁၁း၁၅ နာရီအထိ တစ်နာရီကျော်ကြာ တအာင်းတပ်မတော် (TNLA)ဗျူဟာ(၃) ကွပ်ကဲမှု လက်အောက်ရှိ တပ်ရင်း(၃၆၇) တပ်ခွဲ(၃) နှင့် မြန်မာ့တပ်မတော် တပ်မ(၇၇) ရေပုံးအခြေစိုက်တပ်တို့ နှစ်ဘက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။

တိုက်ပွဲတွင် တအာင်းတပ်မတော်(TNLA) ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်မတော်ဖက်မှ (၅) ဦးကျဆုံးသည်။
 
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉၄၉၃၁၄၉၅၁၊ ၀၉၄၇၀၉၇၇၇၂၊ ၀၉၂၅၆၄၆၅၆၈၁၊ ၀၆၉၂၆၂၂၄၈၅၈

အထက်မြန်မာပြည် သံဃာတော်တွေ ဆန္ဒထုတ်ဖေါ်မယ်လို့ ကြေညာ


Wednesday, June 18, 2014

KIA,တပ်ရင်း (၂၇)၏ ရှေ့တန်းစခန်းတခုအားဆုတ်ခွာပေးရ


(ဓါတ်ပုံ-တိုက်ပွဲ များအပြင်းအထန်ဖြစ်ပွားရာ Gawk Ngu Yang ဒေသ။)
 
၁၇.၆.၂၀၁၄ ရက်နေ့ ညနေ (၈း၃၀) အချိန် ခန့်တွင် KIA,တပ်မဟာ(၃) လက်အောက်ခံ KIA, တပ်ရင်း (၂၇)၏ ရှေ့တန်း လုံခြုံေ၇း စခန်း တခု အား မြန်မာ အစိုးရ စစ်တပ် တပ်မ (၈၈) လက်အောက်ခံ တပ်များ မှ ထိုးစစ်ဆင် သိမ်းပိုက် လိုက်ကြောင်းသိရှိရပါသည်။
 
KIA, တပ်ရင်း (၂၇) အူလန်ပါ တိုက်နယ် ၏ ဂွန်ငူယာန် (Gawk Ngu Yang Post ) ရှေ့တန်းလုံခြုံရေး စခန်းအား မြန်မာ အစိုးရ စစ်တပ် တပ်မ(၈၈) လက်အောက်ခံ တပ်များ မှ (၁၇.၆.၂၀၁၄)ရက်နေ့ နေ့ ခင်းပိုင်း၌ စစ်အင် အား အလုံးအရင်း ဖြင့် လာရောက် ထိုးစစ်ဆင် တိုက်ခိုက် ခြင်း ကြောင့် တိုက်ပွဲ အပြင်း အထန် ဖြစ် ပွား ခဲ့ ကြောင်း သိရှိရ ပါသည်။
 
တဖန် မြန်မာ အစိုးရ တပ် များသည် ထို ဂွန်ငူယာန် (Gawk Ngu Yang Post ) ရှေ့တန်းလုံခြုံရေး စခန်းအား ညနေ(၆) နာရီ အချိန် ၌ စစ်အင်အား အလုံးအရင်း နှင့် လက်နက် ကြီးများဖြင့် ပစ် ကူကာ အပြင်းအထန်ပြန် လည် ထိုးစစ်ဆင် တိုက်ခိုက် ရာ ည(၈း၃၀) အချိန် ထိ နှစ် ဘက် အပြန်အလှန်

အချိုးကျကိုယ်စားပြုစနစ် PR ကို တိုင်းရင်းသားများ လက်မခံ

Monday, June 16, 2014

ရှမ်းပြည်မြောက်ပိုင်း တွင် ရက်ဆက် တိုက်ပြွဲဖစ်နေ

 တိုင်းရင်းသားများ၏ တပ်ပေါင်းစုတံဆိပ်
တိုင်းရင်းသားများ၏ တပ်ပေါင်းစုတံဆိပ

ယမာန်နေ့ နေ့လည် တနာရီခွဲတွင် တအာင်း အမျိုးသာ လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း (၁၀၁) တပ် ဖွဲ့ နှင့် အစိုးရ အမှတ် (၁၆) စစ်ဆင်ရေး ကွပ်ကဲမှု  ဌာနချုပ်( စကခ) လက်အောက်ခံ ခလရ(၂၄၁) ၊ ခလရ (၂၄၂) နှင့် ခလရ (၄၁) စစ်ကြောင်း တို့သည် ရှမ်းပြည်မြောက် ပိုင်း ကွတ် ခိုင်မြို့နယ် လုံ ကမ် ကျေးရွာနှင့် တုန်ပန်းကျေးရွာ ကြားနှစ်ကြိမ်တိုင် တိုက်ပွဲဖြစ် ခဲ့ကြသည်ဟု TNLA ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားပါသည်။
တိုက်ပွဲသည် နေ့လည် တနာရီခွဲမှ ညနေ (၃)နာရီ ထိ တကြိမ်ဖြစ် ပွားပြီး၊ ညနေ(၄)နာရီခွဲ ညနေ (၅)နာရီ (၄၀)မိနစ် တွင် တကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ဤတိုက်ပွဲနှင့် ပါတ်သက်ပြီး အစိုးရ တပ်ဖွဲ့ဖက်မှ တစုံတရာ ထုတ် ဖေါ်ပြောကြားခြင်း မရှိသေးပေ။
ထိခိုက် ကျဆုံးမှု အခြေအနေ မသိရသေး သော်လည်း ဆက်လက် တိုက်ပွဲဖြစ်ပွား ရန် အလား အလာရှိနေပါသည်။ သိန္နီမြို့ အခြေစိုက် အမှတ် (၁၆) စကခ တပ်များနှင့် တပ်မ(၇၇) စစ်ကြောင်း များသည် ဆက်လက် စစ်ဆင်နေဆဲ ဖြစ် ပြီး အပြန်အလှန် ပစ်ခတ်ရာတွင်လည်း ကျေးရွာထဲသို့ လက်နက်ကြီး ပစ်သွင်းမှု ရှိသည်ဟု ဒေသခံများက ဆိုနေ ပါ သည်။
ဇွန်လ (၁၅)ရက်ည (၈)နာရီမှာပင်  တိုက်ပွဲ ဖြစ်ပွားမှု မရှိသော်လည်း ကွတ်ခိုင်အခြေစိုက် အစိုးရစစ်ကြောင်း များ သည် ကွတ်ခိုင်မြို့နယ်၊ လုံကမ်ကျေးရွာထဲသို့ လက်နက်ကြီး အလုံး (၂၀)ခန့် ပစ်ခတ်ခဲ့သည်ဟု TNLA ပြန်ကြားက ဆိုပါသည်။ ယင်းပစ်ခတ်မှုကြောင့် အိမ်ခြေ တရာကျော် ရှိသည့် လုံကမ်ကျေးရွာမှ တာကွန်းဌေး နေအိမ်အား ထိမှန်ပျက်စီး ခဲ့ ပါသည်။
ဤအထဲတွင် (၃)ရက် ဆက်တိုက် တိုက်ပွဲဖြစ် ပွားနေသော ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊တာမိုးညဲမြို့ နယ်ခွဲ၊ မန်ချက်ကျေး ရွာအုပ်စု၊ နောင်စန့်ကျေး ရွာအနီးဖြစ်ပွားသော တိုက်ပွဲတွင် ယမာန်နေ့ ဇွန်လ ၁၅ ရက်နေ့၌ အစိုးရ စစ်ကြောင်းမှ ပစ်လိုက်သည့် နက်လက်ကြီး ကြောင့် နောင်စန့်ကျေး ရွာမှ လူနေအိမ် တစ်လုံးပျက်စီးသွားခဲ့ သည်။
ထို ပျက်စီးသွားသော နေအိမ်အား အစိုးရစစ်ကြောင်း များမှ ထပ်မံမီးရှို့ရာ ဦးဇော်မြ အိမ် နှင့် ဦးဇော်တောင် တို့ နေ အိမ် နှစ်လုံး မီးလောင်သွားခဲ့ ကြောင်း၊ ဤလုပ် ရပ် ကြောင့် နောင်စန့် ကျေး ရွာသားများ တာမိုးညဲမြို့ ဖက်သို့ ထွက် ပြေးကြရပါသည်။
ဤလုပ်ရပ်သည် (TNLA) KIA   MNDAA (ကိုးကန့် တပ်မတော်) ပူးပေါင်းတပ်ဖွဲ့များကို လိုက်လံ စစ်ဆင်နေသော တာမိုးညဲ အခြေစိုက် ခလရ (၂၉၀) စစ်ေ ကြာင်းနှင့် တပ်မ (၈၈) စစ်ကြောင်းများ၏ လုပ်ရပ်ဟု ဆိုပါသည်။
ယင်းဒေသသည် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) တပ်ဖွဲ့များ၊ ကချင်လွတ်လပ်ရေး တပ် မတော် (KIA) တပ်မဟာ (၄) တပ်ဖွဲ့ များနှင့် မြန်မာ ပြည် အမျိုးသား ဒီမိုကရေစီ

အစိုးရတပ် လှုပ်ရှား စစ်ကြောင်း နှင့် KIA တိုက်ပွဲဖြစ်

 
ကေအိုင်အေ တပ်မဟာ(၃) တပ်ရင်း (၁၂) နယ်မြေ မုန်ဒိန်ပါ ကျေးရွာ ရှိ စာသင်ကျောင်းတွင် စခန်းချနေသော မြန်မာအစိုးရတပ် ခလရ( ၂၁ရ) ၊ ခမရ (၃၁၈ ) ပူးပေါင်းတပ်ဖွဲ့ များ အင်အား (ရ၀)ခန့် ပါသော လှုပ်ရှားစစ်ကြောင်း နှင့် မိမိ ကေအိုင်အေ တပ်ဖွဲ့ ဝင်များ ဇွန်လ (၁၅)ရက် မနက် (၆း၃၀)ခန့် တွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါ အစိုးရတပ် ပူးပေါင်းစစ်ကြောင်း သည် တပ်ရင်း (၁၂)နယ်မြေ အတွင်းသို့  ၀င်ရောက် လှုပ်ရှားလာသောကြောင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်းသိရသည် ။

ဆက်လက်ပြီး မနက် ( ၁၀း၃၀) နာရီ ပါတ်ဝန်းကျင်ခန့် တွင် မြန်မာအစိုးရတပ် ခလရ (၁၀၈ ) တပ်ရင်း တပ်ဖွဲ့ စစ်ကြောင်း သည် ကေအိုင်အေ တပ်မဟာ(၃) တပ်ရင်း ( ၂ရ ) နယ်မြေ ဖြစ်သော လွိုင်ဆိုင်တောင် အောက်ဘက်ရှိ ကွန်ခါးပါ ရွာဟောင်း အနီးသို့ ဝင်ရောက်လှုပ်ရှား လာသောကြောင့် ကေအိုင်အေ တပ်ရင်း (၂ရ) တပ်ဖွဲ့ ဝင်များ နှင့် ထိတွေ့ ကာ တိုက်ပွဲ ပြင်းထန်စွာ ထပ်မံဖြစ်ပွားခဲ့သည် ။ တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်မှု အား စုံစမ်းနေဆဲဖြစ်သည် ။

Copy from - Jade Land

တနင်္သာရီမြို့နယ်တွင် အစိုးရတပ်နှင့် KNU တိုက်ပွဲဖြစ်၊ ၂ ဦး သေဆုံး

 
16 June 2014

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ အစိုးရတပ် ၅၅၂ နဲ့ ကေအန်ယူ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်းအကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကေအန်ယူဘက်က ၂ ဦး ကျဆုံးပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့ မနက်ပိုင်းက အစိုးရစစ်တပ်က ခမရ ၅၅၂ တပ်ဟာ တနင်္သာရီမြိုနယ် မြောက် ဘက်မှာ ရှိတဲ့ ကေအန်ယူတပ်ရင်း ၁၁ အနီး လှုပ်ရှားသွား လာရင်း ပြောင်းဖူးချိုးပြန် လာတဲ့ ကေအန် ယူတပ်သားတွေကို စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကေအန်ယူရဲ့ မြိတ်-ထားဝယ်ခရိုင် တွဲဘက်အတွင်းရေးမှူး ပဒိုစောအယ်နာက ပြောပါတယ်။

ဒီနောက် အစိုးရတပ်က အနီးမှာရှိတဲ့ စခန်းကို ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ကေအန်ယူတပ်သား ၂ ဦး ကျဆုံးသလို သေနတ် ၂ လက်ကိုလည်း သိမ်းယူသွားခဲ့တယ်လို့ သူက ပြောပါတယ်။

ကေအန်ယူရဲ့ မြိတ်၊ ထားဝယ်ခရိုင် တွဲဘက်အတွင်းရေးမှူး ပဒိုစောအယ်နာက “ဗမာတပ်က ကေအန်ယူ ထိန်းချုပ်နယ်မြေနားကို လှုပ်ရှားတယ်။ ကျနော်တို့ တပ်စခန်း တွေရှိမှန်း သူတို့ သိတယ်။ သူတို့ လှုပ်ရှားနေတဲ့အချိန်ကလည်း ကျနော်တို့ တပ်သားတွေ ပြောင်းဖူးသွားချိုး ပြန်လာတယ်။ သေနတ်လွယ်ထားတဲ့အတွက် သူတို့က တွေ့ပြီး ပစ်သတ်ပြီး သေနတ်ယူတယ်။ အဲဒီမှာ တယောက်ကို ပစ်သတ်ပြီးမှ စခန်းထဲ ၀င်ပစ်တာ” လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကေအန်ယူဘက်က တိုင်းမှူးဆီကို အကြောင်းကြား ကန့်ကွက်ထား ကြောင်းနဲ့ ဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့ အသေးစိတ်မသိရသေးကြောင်း ပြောပါတယ်၊

ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး လက်ရှိအစိုရနဲ့ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သက်ရောက်မှုရှိ/မရှိ ဆိုတဲ့အပေါ် ကေအန်ယူရဲ့ အထွေထွေအတွင်းရးမှူးလည်းဖြစ် တနိုင်ငံလုံး အပစ်အခတ်ရပ်ရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ)အဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ပဒိုကွယ် ထူးဝင်းက အခုလို ပြောပါတယ်။

“ကျနော်တို့ဘက်ကတော့ မဖြစ်သင့်တာ ဖြစ်တော့ မကောင်းဘူးပေါ့၊ ဒါပေမယ့် ဒေသခံတွေရဲ့ ကြေးနန်းအကြောင်းကြားချက်အရ တဖက်က တိုင်းမှူးကိုလည်း အသိပေးအ ကြောင်းကြား ကန့်ကွက်စာတော့ ရေးထားတယ်။ ဖြစ်ပျက်မှု ဖြစ်စဉ်ကိုကျတော့ သူတို့ သေချာ စုံစမ်းရဦးမှာပေါ့။ ငြိမ်းချမ်းရေးဖြစ်စဉ်က သွားနေတော့လည်း တိုက်ပွဲကလည်း တခါတ လေကျတော့ ရင်ဆိုင်တာ။ တခါလေ အသိပေးအကြောင်းကြားမှုမရှိဘဲနဲ့ ဖြစ်တာတွေကျတော့ သူ့ဘက်က ကာကွယ်၊ ကိုယ့်ဘက်က ကာကွယ်နဲ့ ဖြစ်တာတော့ ရှိမှာပေါ။ ဒါက ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်တာလား၊ သို့မဟုတ်ရင် ကြုံလို့ တိုက်တာလား၊ မတော်တဆလား ဒါက ကျနော်တို့ စုံစမ်းရ မှာပေါ့နော်။”

အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အစိုးရအဆက်ဆက်ကို နှစ်ပေါင်း ၆၀ ကျော် လက်နက်ကိုင်တော်လှန်တိုက်ခိုက်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အဖွဲ့ဟာ ၂၀၁၂ ခုနှစ်ဆန်းမှာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့ပါတယ်။
 
Copy from - DVB

အစိုးရစစ်သားက အိမ်ထောင်ရှင် အမျိုးသမီးအား အဓမ္မပြု ကျင့်ရန် ကြံစည်

 
16 June 2014 

ချင်းပြည်နယ်မတူပီမြို့နယ်၊ ရေဇွာမြို့ အခြေစိုက် ဗိုလ်မှူးအောင်သူဝင်း ဦးဆောင်သည့် ခလရ (၂၆၉) မှ ကိုယ်ပှိုင် အမှတ် တသ- ၃၇၁၈၅၀ ဖြစ်သူ တပ်သား မျိုး သူရကျော် က အိမ်ထောင်ရှင် အမျိုးသမီးတဦးအား ယခုလ ဇွန် ၁၀ ရက် နေ့က အဓမ္မ ပြုကျင့်ရန်ကြံစည်ခဲ့သည်။

အဆိုပါ အမျိုးသမီးသည် တောင်ယာသို့ အသွား တောင်ယာလမ်းဘေး သစ်ပင်အောက် တွင် အရက်မူးပြီး အိပ်နေ ကြသည့် စစ်သားနှစ်ဦးထဲက တပ်သား မျိုးသူရကျော် ဆိုသူက ထလာပြီး အဓမ္မပြုကျင့်ရန် ကြံစည် ခဲ့ခြင်းဖြစ်သည်။

” သူ့ အဖော်စစ်သားက အရက်မူးပြီး အိပ်နေပုံရတယ်၊ ထိုစဉ်မှာ တပ်သားမျိုးကျော်သူရကျော်က အမျိုးသမီး နောက် ကိုလိုက်ပြီး လှဲလိုက်တယ်၊ အမျိုးသမီးက ရုန်းတော့ အမျိုးသမီးကို လက်သီး၊ ပေါက်တူးနဲ့ ထုရိုက်တယ်၊ အဲဒါကို တောင်ယာသွားတဲ့ ရွာသားတွေက မြင်လို့ အချိန်မှီ

အစိုးရစစ်တပ် ထိုးစစ်ကြောင့် SSPP/SSA ၏ ရှေ့တန်းတပ်စခန်း ဆုတ်ခွာရ

 
June 16, 2014 

ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP/SSA) နဲ့ အစိုးရ စစ်တပ်တို့ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်ထဲမှာ ၂ ရက် ကြာ ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် SSPP/SSAက ရှေ့တန်းစခန်းတခုကို ဆုတ်ခွာ ပေးလိုက်ရတယ်လို့ သိရှိရပါတယ်။

မိုင်းရှူးမြို့နယ် အတွင်းက ဖိုးဖွားတောင်ပေါ်မှာရှိတဲ့ SSPP/SSA ရဲ့ တပ်မ ၉၁၈ လက်အောက်ခံ တပ်ရင်း ၇၆၂ ယာယီ ရှေ့တန်း စခန်းကို ဖယ်ရှားပေးဖို့ အစိုးရစစ်တပ်၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် (ရလခ) လက်အောက်ခံ ခြေမြန် တပ်ရင်း(ခမရ) ၁၅၁ က ဇွန်လ ၁၁ ရက်နေ့ကစပြီး ဖိအားပေးတိုက်ခိုက်ခဲ့တဲ့အတွက်ရှေ့တန်းစခန်းကို ဆုတ်ခွာ ပေးလိုက် တာ ဖြစ်တယ်လို့ SSPP/SSA ရဲ့

ဂျပန်အသင်းရှုံးပေမယ့်

ဒုတိယကမ္ဘာစစ်ရှူံးပြီးပြာပုံထဲကရုန်းထနိုင်တာအဲဒီစိတ်ဓာတ်
အတုယူဘွယ် စည်းကမ်းသေ၀ပ်တဲ့ ဂျပန်လူမျိုးများ
 
ဥရောပ ဘောလုံးလောကမှာ ပရိသတ်တွေ သောင်းကျန်းလို့ တစ်သင်းပြီးတစ်သင်း အိမ်ကွင်းပွဲကြည့်စဉ် ပိတ်ပင်ခံရလိုက်၊ ဒဏ်ရိုက်ခံရလိုက်ဖြစ်နေတဲ့အချိန် ဂျပန်ပရိသတ်တွေရဲ့ လုပ်ရပ်က မီဒီယာ စာမျက်နှာတွေထက် ချီးကျူးခံရတဲ့ အကြောင်းအရာ ဖြစ်လာပါတယ်။ ဘယ်အသင်း ပရိသတ်မဆို အသင်းရှုံးရင် ဒေါသထွက်တတ်ပြီး ဒေါသအလျှောက် ပြုမူကြတာတွေ ရှိပါတယ်။

 

ဒါပေမဲ့ ဂျပန်ပရိသတ်တွေကတော့ အိုင်ဗရီကို့စ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး သူတို့အသင်းကို အပြစ်မတင်သလို ဒေါသတကြီး ပေါက်ကွဲကြတာမျိုးလည်း မရှိခဲ့ပါဘူး။ ပါမန်ဘူချိုကွင်းက သူတို့ရဲ့အမှိုက်လေးတွေကို လိုက်သိမ်းပြီး စည်းကမ်းကြီးတဲ့ လူမျိုးဆိုတာကို ပြသလိုက်ပါတယ်။ ဂျပန်နိုင်ငံမှာတင်မကဘဲ ဘယ်နေရာရောက်ရောက် စည်းကမ်းသေ၀ပ်တဲ့ လူမျိုးဆိုတာကို ပြသနိုင်ခဲ့တာဟာ ၂၀၁၄ ကမ္ဘာ့ဖလားမှာ သူတို့ရခဲ့တဲ့ အမြတ်အစွန်းပါပဲ။

@z (ရိုးရာလေး)

နိုင်ငံတကာ သာသနာပြုဆရာတော် ဦးဥတ္တရ လူဝတ်လဲခံရမှု သံဃာများ ထိတ်လန့်အံ့သြ

မဟာသန္တိသုခ ကျောင်းတိုက်။ (ဓာတ်ပုံ မဟာသန္တိသုခနဲ့ နိုင်ငံတော် မဟန ဖဘ)
မဟာသန္တိသုခ ကျောင်းတိုက်။ (ဓာတ်ပုံ မဟာသန္တိသုခနဲ့ နိုင်ငံတော် မဟန ဖဘ)
 
လန်ဒန်မြို့ သာသနာ့ရံသီ ဝီဟာရကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးဥတ္တရကို မြန်မာနိုင်ငံမှာ လူဝတ်လဲပြီး သာသနာတော်ညစ်နွမ်းစေမှုနဲ့ တရားစွဲထားတဲ့အပေါ်မှာ အင်မတန် ထိတ်လန့် အံသြရတယ်လို့ သာသနာ့ရန်သီ တိုက်အုပ် ဆရာတော် ဦးသိဠိဋ္ဌ က မိန့်ကြားပါတယ်။ ယူကေနိုင်ငံမှာ မြန်မာတွေသာသမက နိုင်ငံခြားသားတွေကြားမှာပါ ဗုဒ္ဓရဲ့ တရားတော်တွေကို ပြန့်ပွားအောင် ဆောင်ရွက်နေတဲ့ ဘုန်းကြီးတပါးကို ခုလို ပုဒ်မတွေတပ် တရားစွဲတာကိုလည်း မယုံကြည်နိုင်ဖြစ်ရတယ်လို့ မိန့်ပါတယ်။ ဦးဥတ္တရ ပြန်လည် လွတ်မြောက်ရေးအတွက် ယူကေအစိုးရရဲ့ အကူအညီအပြင် တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ကြိုးပမ်းနေကြပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်လက် တင်ပြပေးထားပါတယ်။

သံင်္ဃာ့မဟာနာယကအဖွဲ့ရဲ့ အမိန့်နဲ့ တာမွေမြို့နယ်ထဲက မဟာသန္တိသုခ ဘုန်းကြီးကျောင်းတိုက်ကို ဂျွန်လ ၁၀ ရက်နေ့က အာဏာပိုင်တွေ ဝင်ရောက် ချိတ်ပိတ်ခဲ့ပြီးနောက် ဘုန်းကြီးကျောင်းထဲမှာ သီတင်းသုံးနေတဲ့ သံင်္ဃာတချို့ကို ထိန်းသိမ်းခဲ့ပါတယ်။ အဲဒီထဲကမှ ယူကေနိုင်ငံလန်ဒန်မြို့ သာသနာ့ရံသီ ဝိဟာရကျောင်းထိုင်ဆရာတော် ဦးဥတ္တရအပါအဝင် သံင်္ဃာ ၅ ပါးကို လူဝတ်လဲစေပြီး တရားစွဲထားပါတယ်။ ဒီလိုလုပ်လိုက်တဲ့အပေါ် အင်မတန် ထိတ်လန့် မယုံကြည်နိုင်အောင်ဖြစ်ရတယ်လို့ သာသနာ့ရံသီ ဝိဟာရ

ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ စိတ်ဝင်စားမှု မြင့်တက်နေသည့် သီလ၀ါ အထူးစီးပွားရေးဇုန် အပိုင်း (က) တွင် အမေရိကန်၊ ဂျပန် အပါအ၀င် ၁၁ နိုင်ငံမှ စက်ရုံပေါင်း ၄၅ ရုံ နေရာချထားပေးရန် လျာထား

 
ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများအကြား စိတ်ဝင်စားမှု မြင့်တက်နေသည့် သီလ၀ါ အထူးစီးပွားရေးဇုန် အပိုင်း (က) တွင် အမေရိကန်၊ ဂျပန်နိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ စက်ရုံပေါင်း ၄၅ ရုံအား နေရာချထားပေးရန် ကနဦး သတ်မှတ်ထားကြောင်း သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီမှ ဇွန် ၁၄ ရက်က သတင်းရရှိသည်။

ပြည်တွင်းပြည်ပ စိတ်ဝင်စားမှုများ မြင့်တက်နေသည့် သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် အစုရှယ်ယာများ ရောင်းချစဉ်က ရောင်းချရန် လျာထားသည့် ရှယ်ယာအရေအတွက်ဖြစ်သည့် အစုရှယ်ယာပေါင်း ၂ ဒသမ ၁၄၅ သန်းအတွက် ၀ယ်ယူရန် အဆိုပြုသည့် ရှယ်ယာစုစုပေါင်းမှာ အစုပေါင်း လေးသန်းကျော်ရှိနေပြီး ၀ယ်ယူရန် အဆိုပြုသည့် ပမာဏမှာ နှစ်ဆကျော် ရှိနေသဖြင့် လျာထားချက်ထက် ပိုနေသည့် အစုရှယ်ယာများအတွက် ငွေပြန်အမ်းမှုများပင် ပြုလုပ်ခဲ့ရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်တွင် စတင်မြှုပ်နှံမှုများ ပြုလုပ်ရန် အမေရိကန်နိုင်ငံမှ ပုလင်းခွံ၊ သံဘူးခွံ မျိုးစုံထုတ်လုပ်သည့် Ball ကုမ္ပဏီနှင့် ဂျပန်နိုင်ငံမှ ကားအပိုပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီတို့သည် မြန်မာ-ဂျပန် သီလ၀ါ ဖွံ့ဖြိုးတိုးတက်ရေးလီမိတက် (MJTD) နှင့် မြေယာဝယ်ယူခြင်းဆိုင်ရာ လက်မှတ်ရေးထိုးခြင်းကို ဇွန် ၆ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ သီလ၀ါ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်နိုင်မည့် ဧရိယာအဖြစ် မြေဧက ၆၀၀၀ နီးပါးအား ၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်း နယ်နိမိတ် သတ်မှတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယင်းသို့ သတ်မှတ်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် အတွင်းရှိ နယ်နိမိတ်တိုင်းတာပြီးစီးမှု အမှတ်ပေါင်း ၁၇၉ ခုဖြစ်သည့် နယ်မြေဧရိယာ စတုရန်းကီလိုမီတာအားဖြင့် ၂၃ ဒသမ ၄၂၂၁ (ဧရိယာ အကျယ်အ၀န်းအားဖြင့် ၅၇၈၇ ဒသမ ၇၁၈ ဧက) ကို သီလ၀ါ

၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ရေးထိုးဆန္ဒထုတ်ဖော်ပွဲ (ဂျပန်)

ဒီမိုကရေစီစံချိန်စံညွှန်းများနှင့်မကိုက်ညီသည့် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ၄၃၆အားပြင်ဆင်ရန် ဂျပန်နိုင်ငံရောက်ပြည်ထောင်စုမြန်မာနိုင်ငံသားများမှ စုပေါင်း လက်မှတ် ရေးထိုးဆ န္ဒထုတ်ဖော်မှုအား တိုကျိုမြို့ အိခဲဘုကုရို ကူမင်းစင်တာ ၄ထပ်တွင် မနက် ၉နာရီမှ ၁၂နာရီအထိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဋ္ဌာနခွဲ့နှင့် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အရေး လှုပ်ရှား ဆောင်ရွက် နေကြသော အဖွဲ့ အစည်း အသီးသီးတို့နှင့် ပူးပေါင်း၍ ကျင်းပပြု လုပ်ခဲ့ပြီး ဟောပြောပွဲအပြီးတွင် တက်ရောက်လာ ကြသော ပြည်ထောင်စု မြန်မာနိုင်ငံသားများမှ ၃ယောက်တစ်တွဲ စီတန်းကာ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လက်မှတ်ထိုးကာ မိမိတို့၏ ဆန္ဒကိုဖော်ထုတ် ခဲ့ပြီး ကိုမျိုးဆန်းဦး၊ ကိုအောင်နိုင်ဝင်း၊ ဒေါ်သန်းသန်းအေး နှင့် မွန်အဖွဲ့အစည်း တို့မှလည်း ကောက်ခံ ရရှိထားသော လက်မှတ် ရ၀၀ ကျော်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဋ္ဌာနခွဲ အား အပ်နှံခဲ့ပါသည်။ ယနေ့ ပြုလုပ်သော ပွဲတွင် လက်မှတ် စုစုပေါင်း ၁၀၀၀ ကျော်ကို ကောက်ခံ ရရှိခဲ့ပါတယ် တက်ရောက်လာကြသော ပြည်ထောင်စု မြန်မာနိုင်ငံသားများနှင့် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အရေး လှုပ်ရှား ဆောင်ရွက် နေကြသော အဖွဲ့ အစည်း အသီးသီးတို့ အားအထူးကျေးဇူး တင်ရှိပါသည်။ 
ဓါတ်ပုံ။ ။ဇေယျာမင်းထွန်း၊သာမည

ကမာ့္ဘဗုဒ္ဓသာသနာပြု ကျေးဇူးရှင် ပီနန်ဆရာတော်ကြီးအား စုပေါင်းပူဇော်ပွဲ အခမ်းအနား (တိုကျို)


photo by - DVB

မဟာသန္တိသုခကျောင်းတော်ကြီးမှာ မင်္ဂလာပွဲတွေလက်ခံကျင်းပတာ မရှိပါဘူး ငြင်းတဲ့သူတေံအတွက်....

 
မဟာသန္တိသုခကျောင်းတော်ကြီးမှာ မင်္ဂလာပွဲတွေလက်ခံကျင်းပတာ မရှိပါဘူး ငြင်းတဲ့သူကငြင်းတယ်။ မသိပါဘူး ပြောတဲ့သူက ပြောတယ်။ ၂၀၀၀-ခုနှစ်ကတည်းကျင်းပလာခဲ့တဲ့မင်္ဂလာဧည့်ခံပွဲတွေ။ Booking တောင် ၁-နှစ်လောက်ကြီုယူထားရတာ။ စနေ၊ တနင်္ဂနွေ လိုနေ့တွေဆို အနည်းဆုံး ၃-ပွဲရှိတယ်။ တာဝန်ခံကဦးတင်ရွှေ (ဦးစောမြင့်ယောက်ဖ၊ အငြိမ်းစားဗိုလ်မှူး)။

ကြုံတုန်းပြောလိုက်ပါအုံးမယ်။ မဟာသန္တိသုခ ကိုဦးတင်ရွှေ စရုံးတက်တော့ အိပ်တစ်လုံး လက်ကဆွဲလို့ Bus ကားစီးတက်ရာကနေ ၂၀၀၂-လောက်မှာ သိန်း ၇၀၀-တန်လောက် ကားနဲ့ သားမက်ကလာကြိုနေပီ။ တခြားဘာစီးပွါးရေးလုပ်ငန်းလုပ်သလဲတော့မသိ။ ဦးဇော်ဝင်းဇော် ( မဟာသန္တိသုခ ဥပဌာကအဖွဲ့ဝင်၊ YMBA ဥက္ကဌ) ကတော့ပြောဘူးတာဘဲ။ တင်ရွှေ ဆိုတဲ့ကောင်လည်း အလှူ ခံဖြတ်ပိုင်းကိုကော်ပီကူး အလှူခံတယ်တဲ့။ ၂၀၀၀-ခုနှစ်ကတည်းက ဆွမ်းပဒေသာပင်အလှူခံရာမှာ လက်ခံပါတဲ့

Sunday, June 15, 2014

" လက်ဖက်ရည်သောက်ခြင်း "

ရေး >>> ဒေါ်အောင်ဆန်းစုကြည် <<<
 
လက်ဖက်ရည်ဟာ မြန်မာပြည်ရဲ့ လူနေမှုဘ၀မှာ အလွန်အရေးပါတဲ့ အခန်းကနေ ပါဝင်နေပါတယ်။ ကုန်သွားလိုက် ၊ ဖြည့်လိုက်၊ ကုန်သွားလိုက်၊ ဖြည့်လိုက်နဲ့ တစ်အိုးပြီးတစ်အိုးဖြည့်နေရတဲ့ ရေနွေးကြမ်းကရားတစ်အိုးဟာ စိတ်ပါလက်ပါ ပြောဆိုဆွေးနွေးနေကြတဲ့ စကားဝိုင်းမပြတ်စေဖို့အတွက် အဓိကမဏ္ဍိုင်ဖြစ်ပါတယ်။

ဒါ့အပြင် သိပ်ထားတဲ့လက်ဖက်ကို ဆီမွှေးမွှေးလေးထဲမှာစိမ်ပြီး ပဲကြော်၊ မြေပဲ၊ နှမ်း၊ ပုစွန်ခြောက်၊ ကြက်သွန်ကြော်လေးထည့်ပြီး စားကြတာလည်း ရှိပါတယ်။ ထမင်းစားသောက်ပြီးတဲ့အခါမှာ အပြီးသတ်အနေနဲ့ စားတာပဲဖြစ်ဖြစ်၊ ထမင်းမစားတဲ့ တခြားအချိန်မှာ အဆာပြေ ရေနွေးကြမ်းသောက်ရင်းနဲ့ စားတာပဲဖြစ်ဖြစ် လက်ဖက်နဲ့ ဧည့်ခံတာဟာ ကျွန်မတို့မြန်မာလူမျိုးတွေရဲ့ ဧည့်ဝတ်ကျေပွန်တဲ့ ရိုးရာဓလေ့ ဖြစ်ပါတယ်။

ရှမ်းကုန်မြေမြင့်ကထွက်တဲ့ လက်ဖက်ခြောက်ကိုလှော်ပြီးခပ်ထားတဲ့ ပယင်းရောင် ရေနွေးကြမ်းကို သောက်လိုက်ရင်ဖြင့် ပင်ပန်းသမျှတွေ ပြေပျောက်ပြီး လန်းဆန်းသွားတာ ဘယ်ဟာနဲ့မှမတူပေမယ့်လည်း မြန်မာလူမျိုးတွေဟာ လက်ဖက်ရည်ချိုကို နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးမှု ပိုမိုများပြားလာနေပါတယ်။

နို့နဲ့သကြားနဲ့ ရောစပ်ဖျော်ထားတဲ့ လက်ဖက်ရည်မျိုးဟာ အင်္ဂလိပ်လူမျိုးများသောက်သုံးတဲ့ လက်ဖက်ရည်နဲ့ဖျော်ပုံချင်း မတူပါဘူး။ ဒီလက်ဖက်ရည်ချိုဆိုင်တွေကို မူလပထမဖွင့်ပြီး ရောင်းတဲ့သူတွေကတော့ အိန္ဒိယနိုင်ငံက ပြောင်းရွှေ့လာကြတဲ့သူများ ဖြစ်ပါတယ်။အဲဒါကြောင့် ဒီလက်ဖက်ရည်ချိုဟာ အိန္ဒိယနိုင်ငံက Char လို့ခေါ်တဲ့ လက်ဖက်ရည်ဆိုင်လေးတွေကို ရောက်ဖူးနေကျလူတွေ၊ သောက်ဖူးနေကျဖျော်ပုံနဲ့ ဖျော်တာဖြစ်ပါတယ်။ အိုးအကြီးကြီးထဲမှာ

မြန်မာ့တပ်မတော်မှပစ်လိုက်သည့် နက်လက်ကြီး ထိမှန်ခြင်းကြောင့် နောင်စန့်ကျေးရွာ လူနေအိမ် တစ်လုံးမီးလောင်ပျက်စီးသွား

 
၁၅ ရက် ဇွန်လ ၂၀၁၄ ခုနှစ်
 
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့နယ်ခွဲ၊ မန်ချက်ကျေးရွာ အုပ်စု၊ နောင်စန့်ကျေးရွာတွင် ယနေ့ ဇွန်လ ၁၅ ရက်နေ့တွင် မြန်မာ့စစ်တပ်မှ ပစ်လိုက်သည့် နက်လက်ကြီး ထိမှန်ခြင်းကြောင့် လူနေအိမ် တစ်လုံးမီးလောင် ပျက်စီးသွား ခဲ့သည်။
 
ထိုဒေသများတွင် လှုပ်ရှားနေသော တအာင်းတပ်မတော်(TNLA)၊ KIA ၊ MNDAA(ကိုးကန့်တပ်မတော်) ပူးပေါင်းတပ်ဖွဲ့အား မြန်မာ့တပ်မတော် တာမိုးညဲ အခြေစိုက် ခလရ (၂၉၀) ၊တပ်မ(၈၈) တို့မှ လိုက်လံတိုက်ခိုက်ရာမှ ထိုကျေးရွာအတွင်း တအာင်းတပ်မတော်(TNLA)၊ KIA ၊ MNDAA(ကိုးကန့်တပ်မတော်) ရှိသည်အထင်ဖြင့် လက်နက်ကြီးများ မှန်းဆပစ်ခတ်မှုကြောင့် နေအိမ် ထိခိုက်မီးလောင် ပျက်ဆီးသွားခြင်းဖြစ်သည်။
 
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉၄၉၃၁၄၉၅၁၊ ၀၉၄၇၀၉၇၇၇၂၊ ၀၉၂၅၆၄၆၅၆၈၁၊ ၀၆၉၂၆၂၂၄၈၅၈
 
 
နောက်ဆက်တွဲသတင်း
-----------------------------------------------------
တအာင်းဒေသ၊ ကွတ်ခိုင်မြို့နယ် လုံကမ်ကျေးရွာနှင့် တုန်ပန်းကျေးရွာအကြားတွင် တအန်းတပ်မတော် တပ်ရင်းအမှတ် ၁၀၁နှင့် မြန်မာ့တပ်မတော် စကခ ၁၆ ကွပ်ကဲမှုအောက်ရှိ ခလရ၂၄၁နှင့်၂၄၂တို့တိုက်ပွဲဖြစ်ပွားခဲ့သည့်တိုက်ပွဲမှာ မြန်မာ့တပ်မတော်ဘက်မှ ဖော်ပြပါတပ်ရင်းများအပြင် ခလရ ၄၁ တပ်ရင်းလည်းပါဝင်ခဲ့ကြောင်း ထပ်မံသိရှိရသည်။
 
တအန်းတပ်မတော်ဘက်တွင် ထိခိုက်ကျဆုံမှုမရှိပဲ ညနေ ၁၅း၀၀ နာရီအချိန်တွင် တိုက်ပွဲ ခေတ္တ ငြိမ်သက်သွားပြီး ၁၆း၃၀ အချိန်မှ ၁၇း၄၀ အချိန်အထိ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲ ဒုတိယပိုင်းတွင် နှစ်ဘက်ထိခိုက်မှုအခြေအနေ မသိရသေးပါ။
 
ဤသတင်းရေးသားနေချိန်အထိ တိုက်ပွဲ လုံးဝငြိမ်သက်သွားခြင်း မဟုတ်ပဲ နှစ်ဘက်အဖွဲ့မှ အပြန်အလှန်စောင့်ကြည့်သည့် အနေအထားတွင် ရှိနေသေးသည်။
 
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉၄၉၃၁၄၉၅၁၊ ၀၉၄၇၀၉၇၇၇၂၊ ၀၉၂၅၆၄၆၅၆၈၁၊ ၀၆၉၂၆၂၂၄၈၅၈

အမြန်ဆုံး ငြိမ်းချမ်းပါစေ တို့သျှမ်းပြည်

သျှမ်းပြည်နယ်ရှိ တိုင်းရင်းသားမျိုးနွယ်စုများ စုပေါင်းရိုးရာအက ....

Saturday, June 14, 2014

မဟာသန္တိသုခကျောင်းတိုက်မှ ပီနန်ဆရာတော်ကြီး၏ တပည့်ရင်း အင်္ဂလန်ဆရာတော် ဦးဥတ္တရအပါအ၀င် သံဃာငါးပါးကို သံဃမဟာနာယကအဖွဲ့၏ ညွန်ကြားချက်အရ လူဝတ်လဲပြီး အင်းစိန်ထောင်သို့ပို့

ဇွန် ၁၁ ရက် နံနက်အစောပိုင်းက မဟာသန္တိသုခ ကျောင်းတိုက်ကို ချိပ်ပိတ်ပြီး အင်္ဂလန်ဆရာတော်နှင့် သံဃာတော်များအား ကမ္ဘာအေးရှိ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ရုံးသို့ ပင့်ဆောင်လာစဉ်
 
မဟာသန္တိသုခ ကျောင်းတိုက်တွင် သီတင်းသုံးသည့် ပီနန်ဆရာတော်ကြီး ဦးပညာဝံသ၏ တပည့်ရင်း ဦးဥတ္တရ (အင်္ဂလန်ဆရာတော်) အပါအ၀င် သံဃာတော်ငါးပါး ကို ၂၀/၉၀၊ ပုဒ်မ ၂၉၅ (က) ဖြင့် လူဝတ်လဲကာ တာမွေတရားရုံးတွင် တရားစွဲဆိုထားပြီး လက်ရှိတွင် အင်းစိန်ထောင်သို့ ပို့ဆောင်ထားကြောင်း ပီနန်ဆရာတော်ကြီး၏ တပည့်သာဝကများ၏ ပြောပြချက်အရ သိရသည်။
 
ဇွန် ၁၀ ရက်တွင် အင်အားသုံး ခေါ်ဆောင်ခြင်းခံခဲ့ရသည့် သံဃာတော်အပါး ၂၀ တွင် ၁၅ ပါးကို ခံဝန်ဖြင့် ပြန်လည်လွှတ်ပေးခဲ့ပြီး ပီနန်ဆရာတော်ကြီး၏ တပည့်ရင်း သံဃာငါးပါးကိုမူ ထိန်းသိမ်းထားရာမှ သာသနာတော် ညှိုးနွမ်းစေမှု ၂၀/၉၀ ပုဒ်မ ၂၉၅ (က) ဖြင့် တရားစွဲထားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး တိုင်းသာသနာရေးမှူး ဦးစိန်မော်က ပြောကြားသည်။
 
“တရားစွဲပါဆိုလို့ တရားစွဲထားပြီ ပုဒ်မက ၂၀/၉၀ ၂၉၅ (က) ပါ။ အဲဒါက လူဝတ်လဲရတယ်။ တရားရုံး တင်ရင် လူဝတ်လဲရတယ်။ ဘယ်မှာထားတယ် ဆိုတာ ဦးလည်းမသိဘူး။ အပါး ၂၀ က ၁၅ ပါးကိုစိစစ်ပြီး လွှတ်ပေးလိုက်တယ်။ ငါးပါးပဲ ကျန်တာကို တရားစွဲပါဆိုလို့ တရားစွဲလိုက်တာ။ ဦးတို့က ဘယ်သူ့ကိုမှလည်း

ခေတ်သစ် အလိုတော်ရိ

 
ကြံ့ဖွတ်ဖက်ဆစ်စစ်အုပ်စုအလိုတော်ရိ ဆားထဲကလောက်ကောင်တွေကိုတိုက်ဖျက်ကြ

ကနေ့ဗိုလ်သန်းရွှေ ကြိုးကိုင်ထားတဲ့ ကြံ့ဖွတ်ဖက်ဆစ် စစ်အုပ်စုရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခိုင်မာပြီး ပြည်သူ တရပ်လုံးအပေါ် ဆက်လက်ကျွန်ပြုထားနိုင်ဖို့ ကြိုးပမ်းချက်များကို အလိုတူအလိုပါ ပူးပေါင်း လုပ်ဆောင်နေတဲ့ အမျိုး သားသစ္စာဖောက် အသားထဲက လောက်မကတဲ့ ဆားထဲက လောက်ကောင်တွေကို အမြန်ဆုံး တိုက်ဖျက်ပစ်ရမှာဖြစ် တယ်။
ကြံ့ဖွတ်ဖက်ဆစ် စစ်အုပ်စု ဆက်လက် အာဏာတည်မြဲရေးအတွက်   အနီးကပ် ပူးပေါင်း လုပ်ဆောင်နေတာက ကမ္ဘာ့လူ လိမ် နိုင်ငံရေး ပွဲစားကြီးဟန်ယောင်ဝေ၊ စားဖားတွေဖြစ်ကြတဲ့ အောင်နိုင်ဦး၊ မင်းဇော်ဦး၊ သန့်မြင့်ဦး၊ ဇော်ဦး၊ညိုအုန်းမြင့်၊ အင်ဒရူးငွန်ကျုံးလျံ၊ အောင်သူငြိမ်း၊ ဝင်းမင်း တို့နဲ့ လက်ကိုင်ဒုတ်တွေဖြစ်ကြတဲ့တူးတူးလေး၊ မန်းငြိမ်း မောင်၊ ရွှေခါး၊ ခွန်ဆိုင်းတို့ဖြစ်ကြပြီး သူတို့အားလုံးဟာ တော်လှန်ရေးသစ္စာဖောက်၊ဒီမိုကရေစီရေးသစ္စာဖောက်၊ တိုင်း ရင်းသားသစ္စာဖောက်၊ တိုင်းပြည်နဲ့ပြည်သူတွေအပေါ် သစ္စာဖောက်ပြီးဖက်ဆစ်စစ်အုပ်စုနဲ့ ပြောင်ပြောင်တင်းတင်း ပူးပေါင်းသူတွေဖြစ်တာကို အားလုံးအသိဘဲဖြစ်တယ်။အထူးသဖြင့် ပွဲစားကြီးဟန်ယောင်ဝေ ဆိုရင် ကမ္ဘာ့မွတ်ဆလင် ခေါင်းဆောင်တွေနဲ့ ပေါင်းပြီးရခိုင်အမျိုးသားသာမက ဗမာတနိုင်ငံလုံးကိုရောင်းစားဖို့ ဝန်မလေးဘဲ မျက်နှာမပူ ဘနဖူး သိုက်တူးမယ့်လူဖြစ်တယ်။
နအဖဖက်ဆစ်စစ်အုပ်စုက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်းအဓမ္မ အတည်ပြုပြဋ္ဌာန်းလိုက်တဲ့အချိန်မှာဒီမို ကရေစီအင်အားစုနဲ့ တိုင်းရင်းသားအင်အားစုတွေ ဖြစ်ကြတဲ့ NDF, ENC, DAB, NCUB တို့ကပြတ်သားစွာပယ်ချ လိုက်ကြတယ်။ စားပေါက်ကြီး ကြိုမြင်ထားတဲ့ ဟန်ယောင်ဝေနဲ့ အပေါင်းအပါတွေဖြစ်ကြတဲ့ ဒေးဗစ်ထော (သေဆုံး)၊ တူးတူးလေး၊ ရွှေခါး၊ ခွန်ဆိုင်းစတဲ့အုပ်စုဟာ ကမ္ဘာ့နိုင်ငံတကာခေါင်းဆောင်တွေနဲ့NGO တွေဆီကို တိုင်းရင်းသားတွေံ ပါတီထောင်တာပစ်မထားဖို့၊ ကူညီဖို့ လျှို့ဝှက်စာ ဆက်သွယ်လို့ ENC ဖရိုဖရဲကွဲပြဲသွားတယ်။
ကြံ့ဖွတ်စစ်အုပ်စု၂၀၁၀ ခု ဟန်ပြပါတီစုံတည်ဆောက်ရေးနဲ့ ရွေးကောက်ပွဲကာလမှာ ပွဲစားကြီးဟန်ယောင်ဝေနဲ့ အပေါင်းအပါတွေဟာကြံ့ဖွတ်အစိုးရနဲ့ အပေးအယူလုပ်ပြီး ပြည်တွင်းမှာ တိုင်းရင်းသားတွေက ပါတီထောင်၊ ကြံ့ဖွတ်နဲ့လက်တွဲဖို့ လှုပ်ရှားလာတယ်။ ဒါပေမဲ့ နိုင်ငံရေးဝါရင့်တဲ့ UNA, UNLD ကို မချဉ်းကပ်နိုင်ရှာဘူး။၂၀၁၀ ရွေးကောက်ပွဲ ဝင် ဒို့ညီနောင် တိုင်းရင်းသားပါတီတချို့ကို ချဉ်းကပ်နိုင်ပြီး နည်းနည်းပါးပါးအကူအညီပေးထားနိုင်တာကအပကြံ့ဖွတ် စစ်အုပ်စုလိုလားချက်ကို မလုပ်ဆောင်နိုင်ခဲ့ပါ။
ဟန်ယောင်ဝေနဲ့အပေါင်းအပါတစုဟာ ကြံ့ဖွတ်ဖက်ဆစ်စစ်အုပ်စုနဲ့ နားလည်မှုယူပြီး နယ်စပ်မှာရှိတဲ့ UNFC ကိုချဉ်း ကပ်လာတယ်။ UNFC ကိုဝန်းရံပေးဖို့ဆိုပြီး WGEC အလုပ်အဖွဲ့ကို ဖွဲ့လိုက်တယ်။UNFC ကိုဝန်းရံဖို့မဟုတ်ဘဲ UNFC ကို ဖြုတ်ချဖို့ဖြစ်တယ်ဆိုတာ စောစောသိလိုက်လို့UNFC ဟာ WGEC က နှုတ်ထွက်လိုက်တော့ WGEC ဟာ ကျော ထောက်နောက်ခံ (ownership) မရှိဖြစ်သွားတယ်။အဲဒါကြောင့် ပွဲစားကြီး ဟန်ယောင်ဝေဟာ အကြီးအကျယ် မကျေမနပ်ဖြစ်ပြီး WGEC ကို KNU တပိုင်းနဲ့RCSS တို့ကကျောထောက်နောက်ခံပေးဖို့ အရှက်မရှိကြိုးစားပြန်တယ်။ ဒါပေမဲ့ KNU နဲ့RCSS ခေါင်းဆောင်တွေဟာ ဟန်ယောင်ဝေရဲ့ လှည့်ကွက်ကို ကောင်းကောင်းသိကြတဲ့အတွက် တာဝန်ခံပေးဖို့လက်မခံဘဲ လိုင်ဇာကွန်ဖရင့်က ဖွဲ့စည်းလိုက်တဲ့ NCCT မှာ လက်တွဲပါဝင်ကြတာကြောင့်WGEC ဟာ မြောင်းပုပ်ထဲ ရောက်သွားတယ်။
ဒီနေ့ကြံ့ဖွတ်ဖက်ဆစ် စစ်အုပ်စုနဲ့ ပွဲစားဟန်ယောင်ဝေတို့ အပေါင်းအပါတွေ ဘာတွေလုပ်နေသလဲ။-
ဒီမိုကရေစီ အင်အားစုဖြစ်တဲ့NLD ၊ ၈၈ မျိုးဆက်အဖွဲ့ နဲ့ UNFC လုံးဝဆက်စပ်မှုမရှိရေး၊ UNFC နဲ့ တခြားတိုင်းရင်းသားတွေဖြစ်ကြတဲ့ ဝသပ၊ မိုင်းလားတို့ကို ခွဲခြားဖြိုခွဲရေး (divide)၊ UNFC အဖွဲ့အတွင်းဖြိုခွဲရေး (fragmentation) အပြင်းအထန် လုပ်နေတယ်။
ဟန်ယောင်ဝေနဲ့အပေါင်းအပါတွေဖြစ်ကြတဲ့ တူးတူးလေး၊ ခွန်ဆိုင်း၊ ရွှေခါး၊ မန်းငြိမ်းမောင်တို့ဟာWGEC မြောင်းပုပ် ထဲ ရောက်သွားကတည်းက UNFC ကို လုံးဝမကျေနပ်ဘဲ ကြံ့ဖွတ်ဖက်ဆစ်စစ်အုပ်စုနဲ့ခေါင်းချင်းရိုက်ပြီး UNFC နဲ့ တခြားတိုင်းရင်းသားတွေ မညီညွတ်ရေး၊ UNFC ဖြိုခွဲရေး၊UNFC ကို စင်ပြိုင်တိုက်ဖျက်ရေး (rivalry and elimination) တွေ နေ့စဉ်နဲ့ အမျှ လုပ်ဆောင်နေတယ်။
(၁)၂၀၁၄ ခု ဧပြီ ၄-၅ ရက်နေ့ ငြိမ်းချမ်းရေးစင်တာ ဆိုတဲ့နေရာမှာ UNFC နဲ့ တခြားတိုင်းရင်းသားတွေတွေ့ဆုံဆွေး နွေးခဲ့တုံးက တခြားတိုင်းရင်းသားတွေဖြစ်ကြတဲ့ ဝသပ၊ မိုင်းလား၊ ABSDF,RCSS နဲ့ နာဂအဖွဲ့တွေကို လေ့လာသူ (observer) မဟုတ်ဘူးဆိုပေမဲ့ လေ့လာသူပုံစံမျိုးနဲ့သီးခြားခုံတွေမှာ ထိုင်ခိုင်းလိုက်တာဟာ UNFC က တခြားတိုင်း ရင်းသားတွေကို တန်းတူအဆင့် လက်မခံသလို