Monday, March 31, 2014

အိမ်အကူကို ဆီပူအိုးထဲ နှစ်ပြီး နှိပ်စက်သည့် သရုပ်ဆောင် ဇနီးမောင်နှံ တရားစွဲခံရ

အိမ်အကူ, မထက်ထက်, အမျိုးသမီးရေး, ပုသိမ်, မော်ဒယ်လ် သီရိကိုကိုနိုင်
 
အိမ်အကူ မိန်းကလေးငယ်ကို နှိပ်စက်သည့် ဗီဒီယို သရုပ်ဆောင်နှင့် မော်ဒယ်လ် သီရိကိုကိုနိုင်နှင့် ခင်ပွန်းဖြစ်သူ ဦးကြည်လှမြင့် တို့အား ကလေးငယ်၏ မိဘများက ပုသိမ်မြို့ အမှတ် ၂ ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆို ထားကြောင်း သိရသည်။
 
အသက် ၁၄ နှစ် အရွယ် မထက်ထက်သည် ရန်ကုန်မြို့ရှိ သရုပ်ဆောင် သီရိကိုကိုနိုင် နေအိမ်တွင် အိမ်အကူ အဖြစ် လုပ်ကိုင်နေစဉ် အိမ်ရှင်များ၏ နှိပ်စက်ခံရသဖြင့် ဒဏ်ရာများ ရရှိခဲ့ပြီး လက်ရှိတွင် ပုသိမ်ဆေးရုံ အဆောင်အမှတ် ၇ (အမျိုးသမီးဆောင်) ကုတင်အမှတ် ၁၄ တွင် မတ် ၂၆ ရက်မှ စတင်ကာ ယခုအချိန် အထိ ဆေးကုသမှု ခံယူနေရသည်။
 
လက်ကောက်ဝတ် ဘယ်ညာ နှစ်ဘက်စလုံးတွင် အပူလောင် ဒဏ်ရာ၊ မျက်နှာ၊ ဦးခေါင်း၊ ကျောကုန်းနှင့် နံဘေးတို့တွင် ပွန်းပဲ့ ပြတ်ရှ ဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူနေသူ မထက်ထက်က ၀က်သားဟင်း ချက်ရာတွင် ဟင်းအိုး တူးခဲ့ခြင်း၊ နေအိမ်တွင် မွေးထားသည့် ခွေးမလေး သေဆုံးခဲ့ခြင်းတို့ကြောင့် နှိပ်စက် ခံခဲ့ရခြင်း ဖြစ်သည်ဟု ဧရာဝတီကို ပြောသည်။
 
“သမီး ၀က်သားဟင်း ချက်တာ တူးသွားလို့ တူးရမလားဆိုပြီး အိမ်ရှင် အစ်မကြီးက သမီးလက်ကို ဆီပူအိုးထဲကို နှစ်တယ်၊ နောက်ပြီးတော့ အိမ်မှာ မွေးထားတဲ့ ခွေးကလေးက သူ့ဘာသာ ဆော့နေရင်းက သေသွားတယ်၊ အဲဒါကို ခွေး သေရမလားဆိုပြီး အိမ်ရှင် အစ်မကြီးကရော၊ သူ့ယောက်ျားကရော ရိုက်တယ်၊ မျက်နှာကို လက်သီးနဲ့ ထိုးတယ်၊ တံမျက်စည်းနဲ့ ခေါင်းကို ရိုက်တယ်။ ပလာယာနဲ့လည်း

Sunday, March 30, 2014

ပြည်သူတွေအိပ်ပျော်နေတဲ့အချိန် နံနက်(၄:၃၀ နာရီ) နာရီမှာ တာမွေမြို.နယ် မြန်မာ့ဂုဏ်ရောင်သပိတ်စခန်းအားအင်အားသုံး ဖြိုဖျက်မှု ။ ( ရုပ်သံမှတ်တမ်း )

မတ်လ ၃၀ ရက် မနက် ၇ နာရီမိချောင်းကန်သပိတ်စခန်း။ ပြည်သူတွေအိပ်ပျော်နေတဲ့အချိန် နံနက်(၃) နာရီမှာ မိချောင်းကန်သပိတ်စခန်းအားရဲတပ်ဖွဲ.များ၊ စည်ပင်သာယာဝန်ထမ်း၊ နေ.စားအလုပ်သမားများ၊ စွမ်းအားရှင်များမှ ဖြိုဖျက်မှုခံရပြီးနောက် နံနက်(ရ) နာရီမြင်ကွင်းများ။ (Kyaw Soe Naing)

ရှိသမျှ စည်းစိမ် အကုန်ရောင်းလို့ ဆင်းရဲကလေးငယ် များကို ကျွေးမွေးသူ သန်းကြွယ်သူဌေး

 
ပုံမှာ မြင်တွေ့နေရတဲ့ ပုဂ္ဂိုလ်က Scott Neeson လို့ အမည်ရပြီး 20th Century Fox ဆိုတဲ့ ဟောလိဝုဒ် ရုပ်ရှင် ထုတ်လုပ်ရေးမှာ ၁၀ နှစ်ကြာ ဥက္ကဌ အဖြစ် ဦးဆောင်လုပ်ကိုင် ခဲ့သူဖြစ်ပါတယ်။

သူ့လက်ထက်မှာ တိုက်တန်းနစ် ရုပ်ရှင်၊ X Men, Braveheart, Independence Day, Star War တို့လို အောင်မြင်တဲ့ ရုပ်ရှင်ပေါင်း ၁၀၀ ကျော်ကို ထုတ်လုပ် န...ိုင်ခဲ့ပြီး ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် စာရင်းထဲ ပါဝင်ခဲ့ ပါတယ်။ သက္ကရာဇ် ၂၀၀၃ ခုနှစ် အရောက်မှာတော့ 20 Centry မှ ထွက်ခွာပြီး ကမ္ဘောဒီးယားကို သွားပါတယ်။ ကမ္ဘောဒီးယားက အမှိုက်ပုံတွေ ပေါ်မှာ အမှိုက်ကောက်၊ အသက်မွေး ဝမ်းကျောင်း ပြုနေတဲ့ ကလေး ငယ်တွေကို မြင်တော့ သနား နာကျင်တဲ့ ဝေဒနာ ခံစား ရပြီး နောက်တော့ ဖောင်ဒေးရှင်း တစ်ခု ထောင်ဖို့ ဆုံးဖြတ် ခဲ့ ပါတယ်။

ရှိသမျှ အိမ်၊ ကား၊ ဇိမ်ခံရွက်လှေနဲ့ စည်းစိမ် အားလုံး အားလုံး တစ်ခု မကျန် အကုန် ရောင်းချပြီး သူ့ဖောင်ဒေးရှင်းမှာ ရင်းနှီးလိုက်ပါတယ်။ အခု ဆိုရင် သူ့ကျွေးမွေး ထောက်ပံ့မှုကြောင့် ကလေးပေါင်း တစ်ထောင်ကျော် ဆင်းရဲတွင်းမှ လွတ်ခဲ့ ပါပြီ။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အားလုံးကို တာဝန်ယူလို့

သမီးကလေးကျေးရွာ ပြောင်းရွှေ့သူများ အဆင်မပြေသဖြင့် အများစု DKBA နောက်သို့ လိုက်တော့မည်


(၀ါးယားကုန်းကျေးရွာအနီးရှိ မြေကွက်သို့ပြောင်းရွှေ့လာသည့် သမီးကလေးကျေးရွာသားများကို မတ် ၂၇ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း))

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းဘေးတွင်ရှိသည့် ၀ါးယားကုန်း ကျေးရွာအနီးရှိ မြေကွက်သို့ မတ် ၂၇ ရက်က ပြောင်းရွှေ့ခဲ့ကြသည့် သမီးကလေးကျေးရွာမှ အိမ်ထောင်စု ၆၄ စုမှာ ပြန်လည်ချပေးသည့် မြေကွက်မှာ ရေရှည်အာမခံချက် မရှိဟုဆိုကာ မတ် ၂၉ ရက် နံနက်ပိုင်းက အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းသို့ ပြန်လည်ထွက်...
ခွာလာခဲ့ကြောင်း အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်း ဆရာတော်ဦးအဂ္ဂဓမ္မက The Daily Eleven သတင်းစာသို့ မိန့်ကြားသည်။

အစားပြန်လည်နေရာချပေးသည့် မြေကွက်သို့ မတ် ၂၇ ရက်တွင် စတင်ပြောင်းရွှေ့ခဲ့ကြပြီး မြေကွက်များကို မဲနှိုက် နေရာချ ပေးသည့်အခါ အမည်ပေါက် မပေးသဖြင့် ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စု ၆၄ စုက လက်မှတ်မထိုးကြဘဲ မတ် ၂၉ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းသို့ ပြန်လည်ထွက်ခွာလာခဲ့ကြခြင်း ဖြစ်သည်။

ဝါးယားကုန်းမှ ပြန်လည်ထွက်ခွာလာသည့် သမီးကလေးကျေးရွာသားတစ်ဦးက “အာမခံချက် ဘာမှမရှိဘူး။ မြေကွက်ပိုင်ဆိုင်မှုဆိုတာလည်း မရှိဘူး။ ၀ါးတဲတောင် မဆောက်ပေးဘူး။ နောက်ပြီး ဒီမြေကွက်မှာ ၁၀ ရက်အတွင်း အိမ်ဆောက်နေရမယ်ဆိုတော့ ဘာမှမရှိတာ ဘယ်လို သွားဆောက်ရမှာလဲ။ ရေ ရတယ်လို့ပြောတယ်။ သောက်ရေက ရှိမှမရှိတာ။ နောက်ပြီး မြွေပွေးကလည်း တော်တော်ပေါတယ်။ ဒါကြောင့် မနေနိုင်တော့ဘူး။ DKBA နောက်ပဲ လိုက်တော့မယ်။ အားလုံးလိုလိုပဲ လိုက်ဖို့ ဆုံးဖြတ်လိုက်ကြပြီ”ဟု ပြောကြားသည်။

အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်း ဆရာတော်ဦးအဂ္ဂဓမ္မက“ပြောင်းရွှေ့ခဲ့တဲ့ အိမ်ထောင်စု ၆၄ စုလုံး ဒီမနက်မှာပဲ ဘုန်းကြီးကျောင်းကို ပြန်ရွှေ့လာကြတယ်။ သူတို့ မနေနိုင်တဲ့အချက်ကတော့ ဒီမြေကွက်တွေက ရေရှည်နေထိုင်ခွင့်ရဖို့ အာမခံချက် မရှိတဲ့အတွက်လို့ ပြောတယ်။ ပဲခူးမြို့နယ်ထွေအုပ်လည်း ကျောင်းကိုလာသွားတယ်။ တဲတွေကို ဖျက်ခိုင်းတယ်။ ကိုယ့်ဘာသာကိုယ် မဖျက်ရင် သူတို့ဖျက်မယ်လို့ပြောတယ်။ ဦးဇင်းကတော့ လုပ်ပေးနိုင်တဲ့ အတိုင်းအတာကုန်ပြီ။ ခုလေးတင်ပဲ DKBA ကို ဖုန်းလှမ်းဆက်ပြီး သွားပါပြီ။ သမီးကလေး ရွာသားတွေတင်မကဘူး အနီးနားရွာက လူတွေလည်းလိုက်ကြမှာ”ဟု မတ် ၂၉ ရက် နံနက်ပိုင်းက မိန့်ကြားသည်။

မြေနေရာ ပြန်လည်ချပေးသည့်နေရာမှာ လှည်းကူးမြို့နယ်ရှိ မင်းကုန်းကျေးရွာအုပ်စု ၀ါးယားကုန်းကျေးရွာအနီးဖြစ်ကာ အိမ်ထောင်စုတစ်စုလျှင် ပေ ၂၀၊ ပေ ၅၀ရှိ မြေကွက်များကို မဲနှိုက်ချပေးခဲ့ခြင်း ဖြစ်သော်လည်း သမီးကလေးကျေးရွာသားများကမူ မိုးတွင်းဘက် ရေ၀ပ်သည့်နေရာဖြစ်ခြင်း၊ ကွင်းပြောင်ပြောင်ဖြစ်ခြင်းနှင့် ရေရှည်ပိုင်ဆိုင်ခွင့် မရှိခြင်းတို့ကြောင့် လက်မခံဘဲ ပြန်လည်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လှည်းကူးအမှတ်(၂) မဲဆန္ဒနယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းက “ဘာကြောင့်ပြန်ပြောင်းရွှေ့ရတာလဲဆိုတာတော့ အကြောင်းစုံ မသိသေးပါဘူး” ဟု မတ် ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်က ပြောကြားသည်။

လက်ရှိတွင် ပြန်လည်ထွက်ခွာလာခဲ့သည့် အိမ်ထောင်စု ၆၄ စုမှာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းတွင် ပြန်လည်ခိုလှုံလျက်ရှိကြောင်း နှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်လက်နေထိုင်ခွင့်မှာ မတ် ၃၀ ရက် နောက်ဆုံးဖြစ်ကြောင်း သိရသည်။
Copy from - Eleven Media Group
 

Saturday, March 29, 2014

ပုရိသတို့ အသည်းစွဲ ဗီယက်နမ်ကော်ဖီဆိုင်



 
အမေရိကန်ပြည်ထောင်စုမှာ ကျယ်ကျယ်ပြန့်ပြန့် ခေတ်စားလာပြီး ပုရိသ ယောက်ျားတွေရဲ့ အသည်းစွဲဖြစ်နေ တာ ကတော့ ဗီယက်နမ်ကဖေးဆိုတာတွေပါ တဲ့။ 
 
တကယ်တော့ ဗီယက်နမ်ကဖေးဆိုတာ အမေရိကန်ရောက် ဗီယက်နမ်လူမျိုးတွေဖွင့်ခဲ့တာကြောင့် အဲဒီလို ခေါ်ကြ တာပါ တဲ့။  ဧရာဝတီဘလော့ ပရိသတ်အတွက် ဒီလိုဆိုင်များနဲ့ ပတ်သက်တဲ့ ထူးခြားချက်တွေ ဖော်ပြရရင် ဗီယက်နမ်ကော်ဖီဆိုင်တွေမှာ ခေတ်မီတဲ့ ဗီယက်နမ်အမျိုးသမီးတွေက ဘီကနီလေးတွေဝတ်ပြီး ကော်ဖီ လာသောက်သူတွေကို ဧည့်ခံတဲ့ အလုပ်တွေလုပ်ကြပါတယ်။ မြန်မာပြည်မှာ ဆိုရင်တော့ ဘီကနီဝတ် အမျိုးသမီး စားပွဲထိုးပေါ့။ 

ဗီယက်နမ်ကော်ဖီဆိုင်တွေဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာတော့ ပိုပြီး လူကြိုက်များသလို တချို့ အမျိုးသမီး စားပွဲ ထိုးတွေက အ၀တ်အစားတောင် မ၀တ်ပဲ စားပွဲထိုး အလုပ်ကိုလုပ်ပါတယ်တဲ့။ 

ဗီယက်နမ်တွေဟာ အမေရိကန်ကို ရောက်နေကြပြီး တချို့က ကိုယ့်ယဉ်ကျေးမှုအ၀တ်အစားကို ထိန်းသိမ်း ၀တ်စား ဆင်ယင်တာမျိုး ရှိသလို တော်တော်များများကတော့ အတော်ကို ခေတ်မီရုံတင်မကာ ခေတ်ကို ပါ ကျော်လွန်ကုန်ပြီလို့ ဆိုပါတယ်။ 

အခုတော့ ဒီလို ဗီယက်နမ်ကော်ဖီဆိုင်ယဉ်ကျေးမှုက အတော်ကို ကျယ်ကျယ်ပြန့်ပြန်ခေတ်စားလာ တာကြောင့် ကန့်သတ်မှုတွေနဲ့ ပိတ်ပင်မှုတွေ လုပ်သင့်တယ်လို့ တချို့ ဝေဖန်ထောက်ပြမှုတွေ ရှိလာပေ မယ့် အမေရိကန်လို နိုင်ငံမျိုး မှာ ဥပဒေနဲ့ ဘယ်လို ကိုယ်တွယ်ရမယ်ဆိုတာတော့ အခက်တွေ့နေတယ်လို့ လည်း သတင်းတွေက ဆိုပါတယ်။ 

လူပြောများလာတဲ့ ဗီယက်နမ် ကော်ဖီဆိုင်တွေအကြောင်း အမေရိကန် မီဒီယာတွေကလည်း ဆက်တိုက် ဆိုသလို ဖော်ပြလာတော့ အမေရိကန်ရဲတွေကလည်း ဆိုင်တွေကို ပိတ်ခိုင်းတာမျိုး ဖိအားပေးတာရှိသလို ဆိုင်ဝန်ထမ်းအမျိုးသမီး တွေကိုလည်း အရေးယူသွားမယ်လို့ ဆိုပါတယ်။ 


ဒါပေမယ့် အမေရိကန်နိုင်ငံမှာ ဒီလို ၀တ်စားဆင်ယင်တာမျိုးကို ပိတ်ပင်တဲ့ ဥပဒေမျိုးမရှိတော့ ဘယ်လို ဥပဒေမျိုးနဲ့ အဲဒီ အမျိုးသမီးစားပွဲထိုးတွေကို အရေးယူမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါ။ 
 
သတင်းရင်းမြစ် - ဧရာဝတီ

Friday, March 28, 2014

ဆန္ဒထုတ်ဖော်သူ ၄ဦးကို ရဲ၁၀၀လောက် အင်အားသုံးဖမ်းဆီး


အမျိုးသမီးတစ်ဦးအပါအ၀င် မီတာခလျှော့ချပေးရေး ဖယောင်းတိုင်ထွန်း ဆန္ဒထုတ်ဖော်သူ ၄ဦးကို ရဲတပ်ဖွဲ့အင်း ၁၀၀နီးပါးလောက်နဲ့တားဆီးပြီး အင်အာသုံး ဖမ်းဆီးခေါ်ဆောင်သွားမှုမြင်ကွင်း။

လျှပ်စစ်မီတာခ လျှော့ချပေးရေးအတွက် မန္တလေးမြို့ ၃၃လမ်း ၇၈လမ်းဒေါင့် ဒိုင်းမွန်းပလာဇာနားမှာ မတ်လ ၂၇ရက် အခုညနေပိုင်းက ဖယောင်းတိုင်ထွန်း ဆန္ဒထုတ်ဖော်သူ ၄ဦးကို ရဲတပ်ဖွဲ့ အင်အား ၁၀၀နီးပါးလောက်က တားဆီးခဲ့ပါတယ်။ အဲဒီ့နောက် ဆန္ဒထုတ်ဖော်သူ က...ိုသိန်းအောင်မြင့်၊ ကိုစောလှအောင်၊ ကိုကျော်မျိုးထွန်းနဲ့ မခက်ခက်ဇော်တို့ကို ပြည်သူ့ ရဲတွေက ဆန္ဒဖော်ထုတ်နေစဉ် ည ၆နာရီခွဲကျော်မှာပဲ အင်အားသုံး ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ဆန္ဒထုတ်ဖော်ခဲ့သူတွေဟာ "စီမံခန့်ခွဲမှု နှင့် အုပ်ချုပ်မှု ညံ့ဖျင်းသော ပြည်ထောင်စုအစိုးရ အလိုမရှိ၊ ပြည်သူနှင့် ပြည်သူ့ဝန်ထမ်းအပေါ် စာနာစိတ်မရှိသော ပြည်ထောင်စုအစိုးရ အလိုမရှိ၊ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံခြင်း အလိုမရှိ၊ ၂၄နာရီ လျှပ်စစ်မီးအပြည့်ဝရရှိရေး ဒို့အရေး" ဆိုတဲ့ အချက်လေးချက်ပါ စာရွက်တွေကိုလည်း ဝေဌခဲ့ကြပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဆန္ဒထုတ်ဖော်ခဲ့သူ (၄)ဦးကို အခုလက်ရှိ အမှတ်၈ မြို့မ ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ ဆန္ဒထုတ်ဖော်မှု ဖြစ်စဉ်နေရာမှာ ကျန်ရှိတဲ့ အရပ်ဝတ် ရဲသတင်းပေးဖြစ်သူများကလည်း သတင်းလာယူသူ သတင်းထောက်တွေကို စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်သွားပါတယ်။

ရိုက်ကူး - Super + ICJ ဘကြီးအောင်
Copy from - DVB

စစ်တွေမြို့ရှိ INGO နှင့် NGO များ ငှားရမ်းနေထိုင်သော နေအိမ်များကို ခဲဖြင့်ပစ်ပေါက်မှု ဆက်တိုက်ဖြစ်ပွားပြီး မတ် ၂၇ ရက်တွင် ပုဒ်မ ၁၄၄ အား အချိန်တိုးမြှင့် သတ်မှတ်၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ အရေးယူမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ကြေညာ

 
စစ်တွေမြို့ရှိ INGO နှင့် NGO များ ငှားရမ်းနေထိုင်သော နေအိမ်များကို ခဲဖြင့် ပစ်ပေါက်မှု ဆက်တိုက် ဖြစ်ပွားပြီးနောက် မတ် ၂၇ ရက်တွင် ပုဒ်မ ၁၄၄ အား အချိန်တိုးမြှင့် သတ်မှတ်လိုက်ကြောင်း သိရသည်။

စစ်တွေမြို့တွင် မတ် ၂၆ ရက် ညပိုင်းက လူစုလူဝေးဖြင့် INGO နှင့် NGO များ ငှားရမ်းနေထိုင်သော နေအိမ်များကို ခဲဖြင့် ပစ်ပေါက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် မတ် ၂၇ ရက်တွင်လည်း ခဲဖြင့်ပစ်ပေါက်မှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။

ခဲဖြင့် ပစ်ပေါက်မှု ဖြစ်ပွားရခြင်းမှာ INGO တစ်ခုမှ နိုင်ငံခြားသူတစ်ဦးက သာသနာ့ အလံကို ခါးတွင်ပတ်ပြီး လမ်းလျှောက်ခဲ့သဖြင့် ဗုဒ္ဓဘာသာ ရခိုင်တိုင်းရင်းသားများက မကျေမနပ်ဖြစ်ကာ လူစုလူဝေးဖြစ်ပေါ်ပြီး ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ဖြစ်စဉ်သည် မတ် ၂၆ ရက် ည ၁၂ နာရီခန့် ပြီးစီးသွားသော်လည်း မတ် ၂၇ ရက် နံနက် ၉ နာရီခန့်တွင် ကျောင်းတက်လမ်းရပ်ကွက်၊ ဂေါက်ရီလမ်းရှိ နိုင်ငံခြားသားများ တည်းခိုနေသော နေအိမ်ရှေ့သို့ ဒေသခံများ ထပ်မံရောက်ရှိလာပြီး ခဲများဖြင့် ပစ်ပေါက်ခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။ သက်ဆိုင်ရာက တာဝန်ယူ ထိန်းသိမ်းခဲ့သော်လည်း နိုင်ငံခြားသားများအား ငှားရမ်းထားသည့် အခြားအိမ်များကိုလည်း ခဲများဖြင့် ပစ်ပေါက်ခဲ့မှုကြောင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရကြောင်း

မြန်မာပြည် အရက်ချက်စက်ရုံများနဲဓာတ်မြေသြဇာ

အရက်ချက်တဲ့စက်ရုံ အ တွင်းဘက်ကိုဝင်ကြည့်တဲ့အခါ အလွန်စိတ်ပျက်စရာမြင်ကွင်း ကတော့ အရက်ဆီပေါင်းခံနေတဲ့ ဧရာမသံကန်ကြီးတွေထဲကို ဓာတ်မြေသြဇာအိတ်တွေဖွင့်ပြီး ဖြော ခနဲ ဖြောခနဲလောင်းထည့်နေတာ ပါပဲ။ ဓာတ်မြေသြဇာဆိုတာ စိုက် ပျိုးရေးအတွက်သုံးတဲ့ဓာတုဗေဒ ပစ္စည်းတွေပါ။ လူသောက်မယ့် အရက်ကိုချက်တဲ့နေရာမှာ ပေါ ပေါလောလောသုံးနေတယ်ဆို တာ ဘယ်လိုမှကောင်းနိုင်မယ် မဟုတ်ပါ။ သို့သော် အရက်စက် ရုံက တာဝန်ရှိတဲ့သူကတော့ သူ တို့စက်ရုံက ထုတ်လုပ်လိုက်တဲ့ အရက်ဆီဟာ ဘယ်လောက် ကောင်းကြောင်း၊ ဘယ်လောက် ပြင်းအားရှိကြောင်း ရှင်းပြနေပါ သေးတယ်။

အဲဒီလိုထုတ်လုပ်လိုက်တဲ့ ပြင်းအားမြင့်အရက်ဆီကို ဈေး ကွက်မတင်ခင် ဂိုဒေါင်ထဲမှာ နှစ်လလောက်ထားရတယ်လို့ဆို ပါတယ်။ အရက်မှာပါဝင်နေတဲ့ လူကိုအဆိပ်ဖြစ်စေတဲ့ဓာတ်တွေ အခိုးပြန်သွားစေဖို့အတွက်ဖြစ်ပါ တယ်။ နှစ်လပြည့်သွားတဲ့အခါ ကျမှ အရက်ဆီပြင်းအားကိုလိုက် ပြီး ရေသုံးဆ၊ ရေငါးဆစသဖြင့် ရောပြီး ပုလင်းသွတ်တံဆိပ်လှလှ လေးတွေကပ်တဲ့အလုပ်တွေလုပ် ရပါတယ်။ အဲဒါတွေပြီးရင်တော့ ဆိုင်တင်ရောင်းရုံပဲလို့ဆိုပါတယ်။သို့သော် ဈေးကွက်တောင်းဆိုမှု ကမြင့်မားနေတဲ့အတွက် အရက် ဆီကို ဂိုဒေါင်ထဲမှာဘယ်တော့မှ နှစ်လကြာအောင်အထိမထားဘဲ ရက်ပိုင်းအတွင်းမှာ ဈေးကွက်ထဲ ကိုတင်သွင်းလေ့ရှိတယ်လို့လည်း သိရပြန်ပါတယ်။

အဲဒီလို အရက်မျိုးတွေကို သုံးလေးနှစ်ဆိုသလို ဆက်တိုက် သောက်နေတဲ့သူတွေဟာ အသည်းနဲ့ပတ်သက်ပြီး ရောဂါ တစ်ခုခုရကြပါတယ်။ အဓိက ကတော့ ဓာတ်မြေသြဇာကို သုံးတဲ့ အတွက်ကြောင့်ပါ။ ဓာတ်မြေသြ ဇာဆိုတာ အက်စစ်တစ်မျိုးပါ။ လိုအပ်တာထက်ပိုသုံးရင် စပါး ပင်တွေတောင် သေနိုင်တဲ့အထိ ပြင်းအားရှိပါတယ်။

ဇော်မင်း
7Day News Journal

Thursday, March 27, 2014

ကချင်ပဋိပက္ခ တိုက်ပွဲများတွင် အစိုးရဘက်က စစ်သည် ၅၀၀၀ ခန့် သေကြေ

Wednesday, March 26, 2014

မြန်မာ့တပ်မတော်က တိုက်ခိုက်မှုတွေမှာ အရပ်သားတွေကို ပစ်မှတ်ထား သတ်ဖြတ်တာတွေ မဖြစ်အောင် လူ့အခွင့်အရေးအဖွဲ့က အကြံပြု

ကချင်ဒေသစစ်ဆင်ရေးမှာ ရဟတ်ယာဉ် ၂ စီး ဆုံးရှုံး

မြန်မာ့တပ်မတော်ရဲ့ ကချင်ဒေသစစ်ဆင်ရေးမှာ ရဟတ်ယာဉ် ၂ စီး ဆုံးရှုံးတယ်၊ အကျအဆုံးကလည်း ထောင်နဲ့ချီရှိတယ်လို့ စစ်ရေးဆိုင်ရာအထူးပြု IHS Jane’s Defence စာစောင်မှာ မကြာသေးခင်က ရေးသားထားပါတယ်။

၂၀၁၂၊ ၂၀၁၃ ကာလအတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ ဖြစ်ခဲ့တဲ့ ဆုံးရှုံးမှုတွေဖြစ်ကြောင်း ဗြိတိန်အခြေစိုက် အဲဒီ စာစောင်က ရေးတဲ့အကြောင်း ဧရာဝတီ သတင်းတပုဒ် ဖြစ်တဲ့ http://www.irrawaddy.org/burma/army-lost-2-helicopters-suffered-heavy-personnel-losses-past-kachin-offensive-report.html မှာ တွေ့ရပါတယ်။

အဲဒီကာတိုက်ပွဲတွေအတွင်း တိုက်ပွဲကျတဲ့ မြန်မာ့တပ်မတော်က ရဲဘော် အရေအတွက်က ငါးထောင် အထိ ရှိမယ်လို့ သူတို့က ခန့်မှန်းပါတယ်။

ကချင်ဒေသ စစ်ခင်းမှုကြောင့် မြန်မာ့တပ်မတော်ရဲ့ တိုက်ရည်ခိုက်ရည် တိုးတက်တာတော့ အသေအချာပါပဲ။ သို့သော်လည်း ကုန်ကျစရိတ်ကတော့ အတော်များပါလိမ့်မယ်။ ကန်သွားတာ သုံးလိုက်တာက နိုင်ငံရဲ့ဘဏ္ဍာ၊ ပြည်သူရဲ့ ဘဏ္ဍာတွေပါပဲ။ သေသွားကြတာ ဘယ်ဘက်ကပဲဖြစ်ဖြစ်

Tuesday, March 25, 2014

အစိုးရက Reform လုပ်နေတာသိပ်မကြာသေးဘူး လို့ချည်းပဲပြောနေလို့မရဘူး


သာမန်ပြည်သူတွေရဲ့ဘ၀တွေက မပြောင်းလဲသေးပါဘူး ။ ရန်ကုန်မြို့ရဲ့လမ်းမပေါ်မှာ ကားတွေ အများကြီးပေါလာတယ်လို့ တကချို့ကပြောပါလိမ့်မယ် ။ ဒါပေမဲ့ ဒါတွေဟာ ကျမတို့ပြည်သူအများစုအတွက် လက်လှမ်းမမှီနိုင်ပါဘူး ။ ကျေးလက်ဒေကသူတွေနဲ့ မြို့နေဆင်းရဲသူတွေရဲ့ဘ၀တွေ ပြောင်းလဲသွားတာကို ကျမတို့လိုချင်တယ် ။ ကျမတို့ တပ်မတော်သားတွေအများစုဟာလည်း ချမ်းသာကြတာမဟုတ်ဘူးဆိုတာတော့ မမေ့ပါနဲ့

လွယ်ဆိုင်တောင်ကို ဆင်ဖြူတော်ဦးတိုက်ရခြင်းအကြောင်း

 

 
လွန်ခဲ့သော နှစ်ပေါင်းသုံးရာခြောက်ဆယ်ခန့်လောက်က သူသည် တောင်ပိုင်း၌ ရှိသော လွယ်ဆိုင်တောင်ကို( တန်ခိုးရှိသောဖောင်တော်) အရာရှိနှင့် နောက်လိုက်၁၀၀,၀၀၀(တစ်သိန်း) ဖောင်စကြားဖြင့် လှည့်လည်ခဲ့ပါသည်။ သူသည် တမန်ဆာကျေးရွာတွင် တောင်မှ ကိုက်ငါးရာအဝေးခန့် လွယ်ဆိုင်တောင်ကို ဆင်ဖြူတော်ဖြင့် ကြွတော်မူပါသည်။ ထိုဆင်ဖြူတော်သည် လွယ်ဆိုင်းတော်ခြေသို့ဆိုက်သောအခါ ဒူးထောက်၍ ဦးတိုက်နေခဲ့ပါသည်။ ထိုကြောင့် လည်းကောင်းနေရာ မြတ်စွာဘုရား၏ အချို့ ဓါတ်တော်များ ရှိခဲ့သည်ဟု ရည်ညွန်နေပါသည်။ ထိုစဉ် ဘုရား၏ဓါတ်တော်များကို ရှာဖွေခဲ့၏။ ထိုနောက် အပျက်အစီးအောက်တွင် အရိုးများတွေ့ခဲ့၏။ ထိုအရိုးများပြန်လည်းမြေကြီးထဲသို့မြှပ်ပြီး ထိုအပေါ်တွင် ယမဒီကျေသူကစေတီတော်တစ်ဆူ  ပြန်လည်းတည်ဆောက်ခဲ့သည်။ ထိုနေရာ အများပြည်သူများ ကိုးကွယ်ကြရန် ကြေငြာခဲ့သည်။ ပြီးနောက်သူ မုဆိုးနှစ်ယောက်ကို ခေါ်ခဲ့လေ၏။ ( ထိုမုဆိုးသည်တောင်သူဟုဆို၏) သူတို့သည် လာဆန် နှင့်လာဆီ တို့သည် ထိုလူမျိုးများကို အစေ့ပေးခဲ့သည်။ ငှက်သေ၏ ဇလုပ်မှရရှိခဲ့သော အစေကို စိုက်ပျိုးဖို့ရန် ပေးခဲ့၏။ ထိုသခင်သည် တမန်ဆာကျေးရွာ ကို တစ်ပတ်နေထိုင်ခဲ့သည်။ ထိုနောက် သူ၏အရာရှိသုံးယောက် ထားခဲ့၍ ထိုအပင်များကြီးကြပ်ဖို့ရန် နှင့်စိုက်ပျိုးရန် ဖြစ်ကြပါသည်။
 
ထိုတောင်သူများသည် လက်တစ်ဖက်ဖြင့် ထိုအစေ့ကိုလက်ခံ၍  စိုက်ပျိုးခဲ့ရာ “ လက်တစ်ဖက်ပင်” ဟု ခေါ်ကြလေ၏။ ထိုဝေါဟာရ ကို ခုကာလရွေ့ပြောင်း၍ လက်ဖက်ဖြစ်၏။ ကျေးဇူးသခင်သည် ထိုတောင်သူများကို ဤ ကဲ့သို့ပြောဆိုလေ၏။ အကယ်၍ လက်နှစ်ဖက်ဖြင့်လက်ခံခဲ့သော် (လောက၀တ်နှင့် ရိုသေခြင်း လိုအပ်ချက်အရ ) သူတို့သည် ချမ်းသားကြပါလိမ့်မည်။ မည့်သို့ပင်ဆိုစေကာမူ ယခုသူတို့သည်ဆင်းရဲကြသည်။ လွယ်ဆိုင်းတောင်သည် ပလောင်လူမျိုးများအတွက် တကယ့်မြင့်မြတ်သော တောင်

တအာင်းသမိုင်း( တရုတ်ပြည်)အင်္ဂလိပ်ဘာသာ

တအာင်းသမိုင်း( တရုတ်ပြည်)အင်္ဂလိပ်ဘာသာ

Monday, March 24, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ရှင်းလင်းဟောပြောချက်

မိုးကုတ် အမေစု ဟောပြောပွဲ



မတ်လ(၂၃)ရက်နေ့ - မိုးကုတ်မြို့ ကျပ်ပြင်အနောက်ပိုင်း အားကစားကွင်း

ရို်က်ကူး - အောင်အောင် Credit : DVB

Sunday, March 23, 2014

အခြေခံဥပဒေ ပြင်ဆင်ရေး မိုးကုတ်မြို့မှာ ဒေါ်အောင်ဆန်းစုကြည် ဟောပြော

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာ နိုင်ငံနဲ့ပြည်သူကို အကျိုးပြုတဲ့ အပိုင်းတွေ ပါသလို အကျိုးမပြုတဲ့ အပိုင်း တွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့မိုးကုတ်မြို့လူထုနဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။

မိုးကုတ်မြို့ မြို့နယ်အားကစားဘောလုံးကွင်းမှာ ပရိတ်သတ် ၄ သောင်းနီးပါး တက်ရောက်တဲ့ လူထု ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုရာမှာ တိုင်းပြည်နဲ့ ပြည်သူအတွက် အကျိုးမပြုတဲ့ အပိုင်းတွေကို ပြင်ဆင်ရမှာ ဖြစ်တဲ့အကြောင်း အခုလို ထည့်သွင်းပြောခဲ့တာပါ။

" ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ဘယ်လိုပုံစံနဲ့ ပြည်သူလူထုကို အကျိုးပြုပါသလဲဆိုတဲ့ မေးခွန်းကို ဖြေနိုင်ရမယ်၊ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြည်သူကို အကျိုးပြုတဲ့ အပိုင်းတွေ ပါပါတယ်၊ ဒါတွေကို ကျွန်မတို့ ဘာမှမပြောလိုပါဘူး၊ ဒါကြောင့်မို့ ပြုပြင်ပြောင်းလဲတဲ့နေရာမှာ ပြည်သူတွေကို အကျိုးမပြုတဲ့

Saturday, March 22, 2014

အုပ်ချုပ်ရေး အာဏာကို စစ်တပ်က လုံးဝ လက်မလွှတ်ဘူးဆိုတာ သေချာ

 
တချို့က ပြောကြတယ်။ ၂၀၁၅ မှာ NLD က အရင် ၁၉၉၀ လို အပြတ်အသတ်နိုင်ရင် ၉၀ တုန်းကလိုပဲ အာဏာမလွှဲပေးဘဲ ညစ်တာကို ခံရနိုင်တယ် လို့ စိုးရိမ်သူတွေ ရှိကြပါတယ်။ အာဏာပြန်သိမ်းနိုင်တယ် ဆိုတာမျိုး ပြောဆိုတာ၊ ခြိမ်းခြောက်တာတွေလည်း ရှိပါတယ်။

ဒီမှာ ရွေးကောက်ပွဲ ပုံစံတွေကို ပြန်ကြည့်ဖို့ လိုလာပါတယ်။

၁၉၉၀ တုန်းက ရွေးကောက်ပွဲမှာ အာဏာသိမ်းခေါင်းဆောင် (ဦး)စောမောင်က ... "အနိုင်ရပါတီကို အာဏာလွှဲပြီး တပ်က စစ်တန်းလျားပြန်မ...ယ်" ဆိုတဲ့ ရာဇဝင် တွင်တဲ့ စကားကို ပြောခဲ့တာ အားလုံးလည်း အသိပါပဲ။ တပ်က ဒီနေ့အထိ ကတိ မတည်ခဲ့ဘူးပေါ့။

သူ့အပြောကို ကြည့်ရင် ၁၉၉၀ ရွေးကောက်ပွဲဟာ ပါလီမန် အုပ်ချုပ်ရေး စနစ်ကို ရွေးကောက်တဲ့ ရွေးကောက်ပွဲ ပုံစံလို့ မှတ်ယူနိုင်ပါတယ်။ ပါလီမန် အုပ်ချုပ်ရေးစနစ်ရဲ့ အထွေထွေ ရွေးကောက်ပွဲ ဆိုတာက ... ကိုယ်စားလှယ် အများစု အနိုင်ရတဲ့ (စုစုပေါင်း ကိုယ်စားလှယ်ရဲ့ ၅၀% ကျော်အနိုင်ရတဲ့) ပါတီကနေ အစိုးရ ဖွဲ့ပြီး တိုင်းပြည်ကို အုပ်ချုပ်ပါတယ်။ အစိုးရ အဖွဲ့ (ကက်ဘိနက်) ကို အနိုင်ရပါတီက ဦးဆောင်ဖွဲ့ပြီး ပါတီက ရွေးချယ်သူက ဝန်ကြီးချုပ် အဖြစ်နဲ့ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး အာဏာ အမြင့်ဆုံး ရရှိသူ ဖြစ်လာပါတယ်။ အကယ်၍ ပါတီ တစ်ခုတည်းက အများစုကို အနိုင်မရရင်တော့ ... ၅၀ % ကျော် ဖို့ အခြားပါတီတွေနဲ့ ညှိပြီး (သို့) ပေါင်းပြီး အစိုးရဖွဲ့ရပါတယ်။ ဒါဟာ အများက ခေါ်တဲ့ ညွှန့်ပေါင်း အစိုးရ ဆိုတာ ဖြစ်ပါတယ်။

အဲဒီတော့ ၁၉၉၀ ရလဒ်မှာ NLD က အပြတ်အသတ် ၈၂ % ကျော်နဲ့ အနိုင်ရတော့ .... တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး အာဏာကို NLD ကို လွှဲပေးပြီး NLD က အစိုးရဖွဲ့ပြီး တိုင်းပြည်ကို အုပ်ချုပ်ရမှာပါ။ NLD ပါတီက ရွေးချယ်တဲ့ တစ်ယောက်က "ဝန်ကြီးချုပ်" ဖြစ်မယ်ပေါ့ဗျာ။

ဒါဆို စစ်တပ်က (ဦး)စောမောင် စကားအတိုင်း "စစ်တန်းလျားကို ပြန်" ဖို့ပဲပေါ့။ ဒီအဖြစ်ကို မြင်တဲ့ ခင်ညွန်တို့ (ဦး)စောမောင်ကို ရူးသလို၊ နှမ်းသလို သတင်းထုတ်ပြီး ဖြုတ်ချခဲ့ပြီး ... အာဏာကို အရူးကွက်နင်းပြီး ဆက်ကိုင်ထားလိုက်တယ်။ ၁/၉၀ ဆိုတာကို ကြေငြာပြီး ရွေးကောက်ပွဲဟာ "အခြေခံ ဥပဒေ ရေးစွဲရေး" အတွက် လုပ်တဲ့ ရွေးကောက်ပွဲ ဖြစ်တယ် ဆိုပြီး ကလိမ်ကျပြီး သန်းရွှေကို တပ်ချုပ်တင်လိုက်ရာက တိုင်းပြည် အနှစ် ၂၀ ပျက်စီးစေခဲ့တာပါပဲ။

ဒီလို အဖြစ်ကို ထပ်မဖြစ်အောင် ရှောင်ဖို့ ... ကြံစည်ပြီး အခြေခံ ဥပဒေကို ၁၉၉၃ ကနေ ရေးလိုက်ကြတာ စာမျက်နှာ (၂၀၀) လောက်ပါတဲ့ အခြေခံ ဥပဒေကို ၁၅ နှစ်ကျော် ၁၆ နှစ်အထိ အချိန်စွဲခဲ့ကြတယ်။ (တကယ်ရေးရင် ၁ ပတ် အတွင်းတောင် ရေးလို့ရပါတယ်။ အတည်ပြုတာ အချိန်ယူရင် စုစုပေါင်း ၁ လကျော်လောက်မှာ အခြေခံ ဥပဒေ တစ်ခု အတည်ပြုဖို့ လုပ်နိုင်ပါတယ်။)

ကြားက ရင်နာစရာ အဖြစ် ကြက်ဆူစိုက်တာမျိုး အပါအဝင် တိုင်းပြည် "ဖာ" နိုင်ငံ ဖြစ်ခဲ့ရတာ အများသိမို့ ထည့်မပြောတော့ပါဘူး။

ရလဒ်အဖြစ် ၂၀၀၈ မှာ နာဂစ် အခြေခံ ဥပဒေ ထွက်လာခဲ့တယ် ပေါ့ဗျာ။ အခြေခံ ဥပဒေမှာ အဓိက ပါလာခဲ့တာကတော့ "ပါလီမန်စနစ်" မဟုတ်ဘဲ "သမ္မတစနစ်" ဆိုတာ ဖြစ်လာပါတယ်။

ဒါဟာ နိုင်ငံရေးအပြောင်းအလဲပါ။ ၁၉၉၀ တုန်းကလို မဖြစ်ဖို့ အကြံကြီးကြီးနဲ့ ဆင်ကြံ၊ ဂေါ်ဇီလာကြံ .... ကြံခဲ့ကြတာပါ။ "သမ္မတ စနစ်" အရ အထွေထွေ ရွေးကောက်ပွဲမှာ NLD က အပြတ်အသတ် ထပ်နိုင်စေဦးတော့ အုပ်ချုပ်ရေး အာဏာကို NLD က အလွယ်တကူ မရနိုင်စေတော့ပါဘူး။

ဒီအခါ သူတို့ ထပ်စဉ်းစားကြတာက သမ္မတ က အုပ်ချုပ်ရေး အစိုးရ ဖွဲ့မယ်။ ဒါဆို သမ္မတကို ဘယ်လို ရွေးမလဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေါ်ပြူလာ ဖြစ်မှုအရ လူထုကို သမ္မတ ရွေးခွင့်ပေးရင် ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတ ထပ်ဖြစ်လာပြီး အုပ်ချုပ်ရေးအာဏာကို လွှဲပေးရမယ်။ ဒါလည်း သူတို့အတွက် ပြဿနာ ဖြစ်ပြန်တော့ ... လူထုကို သမ္မတမရွေးခိုင်းတော့ဘဲ ... ပါလီမန်ကနေ သမ္မတ ရွေးဖို့

Friday, March 21, 2014

ယနေ့ မြန်မာ့ငြိမ်းချမ်းရေး အလားအလာ

 
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် တိုင်းရင်းသားအင်အားစုတွေနဲ့ ငြိမ်းချမ်းရေးရ-မရဆိုတာ မသေချာပေမဲ့ အပစ်အခတ်ရပ်စဲရေးတော့ ရနိုင်တယ်လို့ UNFC (ခေါ်) ညီညွတ်သောတိုင်းရင်းသားများ မဟာမိတ်အဖွဲ့ အကြီးအကဲ နိုင်ဟံသာ, က ပြောကြားလိုက်ပါတယ်။ ငြိမ်းချမ်းရေးရဖို့အတွက်ကော ဘယ်လို အတားအဆီးတွေ ရှိနေသေးသလဲဆိုတာ နိုင်ဟံသာ နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာနိုင်ဟံသာ ခင်များ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အစိုးရတို့ကြားမှာ ငြိမ်းချမ်းရေးရတော့မယ်။ အပစ်အခတ် ရပ်စဲရေး အောင်မြင်တော့မယ်ဆိုတာ ကြားနေရပေမယ့် လက်တွေ့ဖြစ်လာတာ မတွေ့ရသေးပါဘူး။ ဆရာတို့ ဘယ်လို အခက်အခဲတွေ၊ ဘယ်လို အနှောင့်အယှက် အတားအဆီးတွေ ကြုံနေရပါသလဲ ခင်များ။

နိုင်ဟံသာ ။ ။ အနှောင့်အယှက်ရယ်လို့တော့ သိပ်မဟုတ်သေးဘူးလေ။ အခုမှ နည်းနည်းလမ်းကြောင်းမှန်ပေါ် ရောက်လာတယ်လို့တော့ ပြောလို့ရပါတယ်။ အရင်ကဆိုရင် သူကလည်း တပြည်လုံး အပစ်အခတ်ရပ်စဲရေးမှာ သူ့ရဲ့  သဘောထားနဲ့ သူ့ရဲ့  အဆိုပြုလွှာတွေနဲ့ တက်လာတယ်။ ကျနော်တို့ဖက်ကလည်း အဲဒီလို တက်လာတယ်ဆိုတော့ အဲဒီမှာ ညှိနှိုင်းရတာ သိပ်အဆင်မပြေဘူး ဖြစ်နေတယ်။ အခုကတော့ နှစ်ဖက်စလုံးကနေပြီးမှ ဒီလို သူ့မူကိုယ့်မူအပေါ် ဆွေးနွေးနေတာထက် မူတစောင်ထဲကို ပူးတွဲရေးပြီးတော့ အဲဒီအပေါ်မှာ ညှိနှိုင်းသွားဖို့ အဲဒီလို သဘောထားတွေ ရလာပါတယ်။

ဦးကျော်ဇံသာ ။ ။ နိုင်ငံရေးသဘောတူညီချက်ထက် အပစ်အခတ်ရပ်စဲရေးကို အရင်ရအောင် လုပ်မယ်ဆိုတဲ့ သဘောပေါ့။ အခုသွားနေတဲ့ အစီအစဉ်က။
နိုင်ဟံသာ ။ ။ အခု အစီအစဉ်ကတော့ ဟုတ်တယ်။ တပြည်လုံး အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတော့မှ နိုင်ငံရေးအရ ဆက်လက်ဆွေးနွေးသွားဖို့ အဲဒါကို နောက်တဆင့်မှာ ဆက်လုပ်သွားဖို့ အဲဒီလို သဘောထားရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီသဘောထားကို ကချင်လိုအဖွဲ့အစည်းတချို့ က လက်မခံနေတာ ရှိတယ်မဟုတ်လား။

နိုင်ဟံသာ ။ ။ လက်ခံပါတယ်။ လက်မခံတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုပါ ကချင်ဖက်က ရပ်တည်တာကတော့ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးရင် နိုင်ငံရေးအရ ဆွေးနွေးမှုကို ခပ်မြန်မြန်သွက်သွက်နဲ့ အဲဒါလည်း ခိုင်ခိုင်မာမာနဲ့ တက်လှမ်းနိုင်ဖို့ အဲဒါကိုပဲ သူတို့ အဓိကထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီ အပစ်အခတ်ရပ်စဲရေးကော ဘယ်အချိန်လောက် ဖြစ်မယ်လို့ မျှော်လင့်ပါသလဲ။

နိုင်ဟံသာ ။ ။ အတိအကျတော့ ပြောလို့မရနိုင်သေးဘူး။ အခုအချိန်မှာ ကျနော်တို့ နားလည်းမှုရထားတာကတော့ နှစ်ဖက်စလုံးက လူ (၉) ဦးစီထည့်ပြီးတော့ အဲဒီမှာ ကော်မတီတရပ်ဖွဲ့မယ်။ အဲဒီ ကော်မတီကနေ အဆိုပြုလွှာ “တပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်” အဆိုပြုတဲ့ စာတန်းတရပ်ကိုရေးဖို့ အဲဒီလောက်ပဲ အဆင့်ရပါတယ်။ အဲဒါကို တကယ်တမ်း ဆွေးနွေးတဲ့အခါကြတော့ သူ့ရဲ့  ရပ်တည်ချက်နဲ့ ကိုယ့်ရဲ့ ရပ်တည်ချက် ဘယ်လောက်ကိုက်ညီသလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ဖြစ်လာနိုင်မယ့် အလားအလာ ရှိပါရဲ့ လား။

နိုင်ဟံသာ ။ ။ တပြည်လုံး အပစ်အခတ်ရပ်စဲရေးကတော့ ဖြစ်လာနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ငြိမ်းချမ်းရေးကရော။

နိုင်ဟံသာ ။ ။ ငြိမ်းချမ်းရေးဆိုတာက တပြည်လုံး အပစ်အခတ်ရပ်စဲရေးရရင် ဒါကတော့ တဆင့်ငြိမ်းချမ်းရေးပေါ့။ ဒါပေမဲ့ ပြဿနာအားလုံး ပြေလည်တဲ့အဆင့်တော့ မဟုတ်သေးဘူး။ နိုင်ငံရေးအရ ဆွေးနွေးဖို့ တက်လှမ်းဖို့ ရှိပါသေးတယ်။ နိုင်ငံရေးအရ ဆွေးနွေးဖို့ ပြေလည်မှပဲ ဒါကတော့ ရေရှည်ငြိမ်းချမ်းရေးကတော့ ဖြစ်လာနိုင်ပါမယ်။

ဦးကျော်ဇံသာ ။ ။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ဆရာပြောသလို အဲဒီမှာ သဘောတူညီချက်ရရင် ဆရာတို့တွေက လက်နက်စွန့်ကြမလား။ ပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်လို ပါဝင်လှုပ်ရှားကြမလဲ။

နိုင်ဟံသာ ။ ။ လက်နက်စွန့်ဖို့ကိစ္စကိုတော့ မပြောပါနဲ့။ ကျနော်တို့မှာ အတွေ့အကြုံရှိပါတယ်။ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုအားလုံးက လက်နက်စွန့်ရမယ်ဆိုတဲအပိုင်းကိုတော့ ဘယ်သူမှ လက်မခံဘူးဗျ။ ကျနော်တို့ ကိုင်ထားတဲ့ လက်နက်ကို ကျနော်တို့နိုင်ငံ ကာကွယ်ရေးအတွက် ဘယ်လိုနေရာ ချပေးမလဲ။ အဲဒီလိုပဲ မျှော်လင့်နေပါတယ်။ ကျနော်တို့လည်း တာဝန်ရှိပါတယ်။ ကျနော်တို့နိုင်ငံကို ကာကွယ်ဖို့။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ နိုင်ငံရေးသဘောတူညီမှုနဲ့ ငြိမ်းချမ်းရေးရတဲ့အထိ အနည်းဆုံး ဒီတိုင်းရင်းသား အင်အားစုတွေက လက်နက်တော့ ဆက်လက်ပြီး ကိုင်ထားဆဲ ဖြစ်မှာပေါ့။

နိုင်ဟံသာ ။ ။ လက်နက်ကတော့ ကိုင်ထားဖို့တော့ လိုပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ အတွေ့အကြုံအရ ကျနော်တို့ကတော့ ကျနော်တို့ဆီမှာ လက်နက်မရှိဘူးဆိုရင်၊ ကျနော်တို့မှာ နိုင်ငံရေးအရ ဘာမှလုပ်ပိုင်ခွင့် မရှိတော့ဘူးဆိုတဲ့ အရင်က အတွေ့အကြုံအရ အဲဒီလို အခိုင်အမာ ရှိနေကြပါတယ်။

ဦးကျော်ဇံသာ ။ ။ တနည်းအားဖြင့် ယုံကြည်မှု အပြည့်အဝမရှိသေးဘူးဆိုတဲ့ သဘောကိုတော့ ပြတာပေါ့။

နိုင်ဟံသာ ။ ။ ဒီလိုလည်း ပြောလို့ရပါတယ်။ နောက်ပြီးတော့ ကျနော်တို့ တောင်းဆိုတာကတော့ ကျနော်တို့ အနာဂတ်မှာလည်း တပ်မတော်ကို ပြည်ထောင်စုတပ်မတော် ပုံစံအသွင်ပြောင်းဖို့လိုတယ်လို့ ကျနော်တို့က ခံယူပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုက ရေရှည်ဖြစ်ပေါ်လာတဲ့ အနေအထားအပေါ်မှာ အဲဒီလို စစ်တပ်ကို ပြည်ထောင်စုဆန်ဆန်၊ စစ်မှန်တဲ့ ပြည်ထောင်စုအသွင်သဏ္ဍာန်နဲ့ ကိုက်ညီတဲ့ပုံစံမျိုး မပြောင်းလဲဘူးဆိုရင် စစ်တပ်ဆိုတာကတော့ တဖက်က အာဏာသိမ်းနေတဲ့ အနေအထားမျိုးတွေကတော့ စိုးရိမ်စရာတော့ အများကြီးရှိနေနိုင်တယ်။ ဖြစ်နိုင်တဲ့

Thursday, March 20, 2014

အာဏာရှင်များနှင့် မြန်မာ့ တပ်မတော် အပိုင်း ၁၁ – ဗေဒင်၊ ယတြာများနှင့် နိဂုံး အဆုံးသတ်ခြင်း

 
နေပြည်တော်ကို  မြို့တော်အဖြစ် ပြောင်းရွှေ့ရုံးစိုက်ခြင်းအတွက်  မဟာဗျူဟာ အကြောင်းပြချက်တွေ ပေးခဲ့ပေမယ့် မြန်မာပြည်သူအချို့ကတော့ သူ့ရဲ့ ဗေဒင်ဆရာကအကြံပေးခဲ့လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြို့သစ်တည်ခဲ့တယ်လို့ ပြောနေကြတုန်းပဲ။ ဗေဒင်ဆရာက သူနဲ့ ဒေါ်ကြိုင်ကြိုင်ကို ကပ်ဘေးတခု ရောက် မလာခင် မြို့တော်ရွှေ့ပြောင်းဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုတယ်။ အဲဒီကပ်ဘေးက၂၀ဝ၈ ခုနှစ် နာဂစ်မုန်တိုင်း ဒါမှမဟုတ် ၂၀ဝ၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး တခုခုကိုဆိုလိုတာဖြစ်မယ်လို့လည်း ယူဆနိုင်ပါတယ်။ ဒီသတင်းတွေ ဘယ်လောက်အတိုင်းအတာအထိ မှန်ကန်မယ်ဆိုတာကိုတော့ ဘယ်သူမှ မသိပါဘူး။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒေါ်ကြိုင်ကြိုင်က နက္ခတ်၊ ဗေဒင်နဲ့ တခြားသော လျှို့ဝှက်ဆန်းပြားတဲ့ လောကီပညာ ရပ်တွေကို အလွန်ယုံကြည် အားကိုးတယ်ဆိုတာကတော့ မြန်မာနိုင်ငံမှာ လူတိုင်းသိကြတဲ့အချက်တခုပါ။
 
ဥပမာပြရင် နေပြည်တော် လွှတ်တော်ဝင်းအတွင်း မှာ အဆောက်အဦ ၃၁ ခု တည်ဆောက်ခဲ့တာဟာ ဗုဒ္ဓ ဘာသာ ယုံကြည်မှုမှာပါဝင်တဲ့ ၃၁ ဘုံကို ရည် ညွှန်းတာ ဖြစ်ပါတယ်။ ထို့နည်းတူပဲ စစ်အစိုးရက မြို့တော် ပြောင်းရွှေ့တာကို နှစ်တနှစ်ရဲ့ ၁၁ လ မြောက်လဖြစ်တဲ့ နိုဝင်ဘာလမှာ ပြုလုပ်ခဲ့ပါတယ်။ ၁၁ ဂဏန်းဟာ စစ်အစိုးရအသိုင်းအဝိုင်းမှာ အတော် လေး ရေပန်းစားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဗုဒ္ဓဘာသာ  သက်ဝင် ယုံကြည်မှုအရ  ကိလေသာ စွဲလမ်းမှုကြောင့် ရာဂ၊ ဒေါသ၊ မောဟ၊ ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါ ယာသ စတဲ့ မီး ၁၁ မီးတွေလောင်ကျွမ်းရပါတယ်။
 
လွှတ်တော် အဆောက်အဦသစ်၊ အစိုးရဝန်ကြီး ဌာန ရုံးတွေနဲ့ စစ်ရုံးချုပ်ကိုတည်ဆောက်ပြီးတဲ့နောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နေပြည်တော်မှာ ရန်ကုန် က ရွှေတိဂုံစေတီနဲ့ ပုံစံတူဖြစ် စေတီတဆူကိုလည်း တည်တယ်။ အဲဒီစေတီရဲ့  ဥာဏ်တော် ၃၂၄ ပေ မြင့်ပြီး ရွှေပြားသင်္ကန်းအပြည့် ကပ်ထားပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ မိသားစုက စေတီမှာ ဌာပနာဖို့အတွက် တရုတ်နိုင်ငံကရောက်လာတဲ့ ဗုဒ္ဓရဲ့ စွယ်တော်ကို လှူဒါန်းခဲ့တဲ့အကြောင်း အစိုးရပိုင် မြန်မာ့အလင်းသတင်းစာက ဖော်ပြခဲ့တယ်။ စေတီ ကိုလည်း  ငြိမ်းချမ်းရေးစေတီလို့  အဓိပ္ပာယ်ရတဲ့ ဥပ္ပါတသန္တိစေတီတော်လို့ အမည်တွင်စေခဲ့တယ်။ ဥပ္ပါတသန္တိဆိုတာ ၁၆ ရာစုနှစ် အစောပိုင်းလောက်က ရဟန်းတော်တပါး ရေးသားခဲ့တဲ့ ၂၇၁ ဂါထာပါတဲ့ ကျမ်းတစောင်ရဲ့ အမည်ဖြစ် ပြီးတော့ ပဋိပက္ခဖြစ်ပွား တဲ့ ကာလတွေမှာ အထူးသဖြင့် နိုင်ငံရပ်ခြားက ကျူး ကျော်တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာ အကာအကွယ်အဖြစ် ရွတ်ဆိုနိုင်ကြဖို့အတွက် ရည်ရွယ် ရေးသားပြုစုခဲ့တာ ဖြစ်ပါတယ်။
 
ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ဘုရားအသစ်တွေ တည်၊ အဟောင်းတွေကို ပြင်ဆင်မွမ်းမံတဲ့ အစီ အမံဟာ ကုသိုလ်ရစေဖို့နဲ့ ၂၀ဝ၇ ခုနှစ် စက်တင်ဘာ လက သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင် လှုပ်ရှားမှုကို သူ့ရဲ့ အမိန့်နဲ့ ကြမ်းတမ်းရက်စက်စွာ ဖြိုခွဲခဲ့တဲ့ အပြစ်တွေကနေကင်းလွတ်နိုင်ဖို့လုပ်ဆောင် နေတာဖြစ်တယ်လို့ အများကယူဆကြတယ်။ ဘုရား စေတီတွေရဲ့ တန်ခိုးက သူ့ရဲ့ ရာထူးအာဏာကို

Wednesday, March 19, 2014

အနှစ်သက်ဆုံး ကာတွန်းပြကွက်.....

အနှိပ်စက်ခံနေရတဲ့သူတွေက မကြောက်တော့ဘူးဆိုရင် နှိပ်စက်နေသူတွေကပြန်ပြီးကြောက်သွားပါတော့တယ်...
Copy from - Cold Dead Hands(FB)

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဘာတေးလ် လင့်တ်နာ ဝေဖန်

အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ နွားရှေ့ ထွန်ကျူး သလို၊ မြင်းရှေ့ လှည်းရောက်နေသလို ဖြစ်နေ

 
March 18, 2014

ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် မြန်မာ အစိုးရ၏ ဆောင်ရွက်မှု များသည် စနစ်ပြောင်းပြန် ဖြစ်နေကြောင်း မြန်မာ့ အရေး ကျွမ်းကျင်သူ ဘာတေးလ် လင့်တ်နာက ဝေဖန် ပြောဆို လိုက်သည်။

“အခု လုပ်ဆောင်နေတဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွေ ကြည့်မယ် ဆိုရင် တကယ်တမ်း ဖြစ်သင့်တာက စကား ပြောပြီးမှ သဘောတူ လက်မှတ်ထိုးတဲ့ ကိစ္စမျိုး ဖြစ်ရမှာပါ၊ အခုတော့ အရင် လက်မှတ် ထိုးမယ်၊ ပြီးမှ နိုင်ငံရေးအရ စကားပြောမယ် ဆိုတဲ့ ကိစ္စက စကားပုံ အနေနဲ့ပြောမယ် ဆိုရင် နွားရှေ့ ထွန်ကျူး သလို၊ မြင်းရှေ့ လှည်းရောက်နေသလို ဖြစ်နေပါတယ်”ဟု ၄င်းက ပြော ဆို သည်။

ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် ယမန်နေ့က ကျင်းပသည့် “ငြိမ်းချမ်းရေး ဖြစ်စဉ်၊ အခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေးနှင့် တိုင်းရင်းသား တို့၏ အခန်းကဏ္ဍ”ဟောပြောပွဲတွင် ဘာတေးလ် လင့်တ်နာ(Bertil Lintner)က အထက်ပါအတိုင်း မြန်မာ စကားပုံ တချို့နှင့် ခိုင်းနှိုင်း၍ ဝေဖန် ပြောကြားခြင်း ဖြစ်သည်။

ဆွီဒင် သတင်းစာဆရာ ဘာတေးလ် လင့်တ်နာက အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် အထောက်အပံ့ အများအပြား ရနေသော်လည်း ထင် သလောက် ခရီးမရောက်ကြောင်း၊ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနှင့် ယခုအထိ ယုံကြည်မှု မရှိသေးကြောင်းလည်း ၎င်းက ထည့်သွင်း ပြောကြားသည်။

“ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ အခြေအနေကို ကြည့်မယ် ဆိုရင် သူတို့ အနေနဲ့ ရွေးကောက်ပွဲတွေ ပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်မယ်လို့ ပြောခဲ့ပါတယ်၊ အခုလည်း ၂၀၁၀ ရွေးကောက်ပွဲ ပြီးဆုံး သွားပေမယ့် အဲဒီ နောက်ပိုင်းမှာလည်း တိုက်ပွဲတွေနဲ့ ထိုး စစ် ဆင်တာတွေ တွေ့ခဲ့ရပါတယ်၊ ဒါကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ အဲဒီအပေါ် ယုံကြည်ဖွယ် မရှိဘူးဆိုတာ ယုံမှားသံသယ ရှိစရာ မလိုပါဘူး”ဟု

Tuesday, March 18, 2014

မြေသိမ်းခံ အုံတုံပင်ကျေးရွာမှ ထန်းတက်တောင်သူများ လုပ်ကိုင်စားသောက်စရာ မရှိတော့သဖြင့် မုံရွာ-ပုသိမ် လမ်းမကြီးနံဘေးတွင် တောင်းရမ်းစားသောက်

(မတ် ၁၇ ရက်က ယင်းမာပင်မြို့နယ် အုံတုံပင်ကျေးရွာမှ တောင်သူများ မုံရွာ-ပုသိမ်လမ်းမကြီးပေါ်၌ တောင်းရမ်းနေစဉ်)
 
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ် အုံတုံပင်ကျေးရွာရှိ ထန်းတက်တောင်သူ ၂၀ ခန့်သည် မြို့ပြစီမံကိန်းဖော်ထုတ်ရန်နှင့် ရဲတပ်ရင်း ၂၈ တည်ဆောက်ရန်အတွက် ၎င်းတို့ပိုင်ဆိုင်သော မြေယာများ သိမ်းဆည်းခံရခြင်း၊ ထန်းပင်များအား မြေကော်စက်များနှင့် ထိုးလှဲခံရခြင်းတို့ကြောင့် ...လုပ်ကိုင်စားသောက်စရာ မရှိတော့သဖြင့် မုံရွာ-ပုသိမ် လမ်းမကြီးဘေးတွင် မတ် ၁၇ ရက် နံနက်မှ စတင်၍ တောင်းရမ်းစားသောက်နေကြောင်း သတင်းရရှိသည်။

"ရွာကိုလာပြီးကြည့်ပါ။ တကယ်ကို လုပ်စားစရာမရှိတော့ပါဘူး။ တောသူတောင်သားဆိုတာ တောင်ယာလုပ်ငန်းခွင်ကလွဲရင် ဘာတစ်ခုမှလုပ်မစားတတ်သလို ထန်းတက်တောင်သူဆိုတာကလည်း ထန်းတက်ပြီး ထန်းလျက်ချက်ရောင်းစားတဲ့ အတတ်ပညာကလွဲလို့ ဘာအတတ်ပညာမှ မတတ်တော့ ငတ်သေဖို့ပဲ ရှိတော့တယ်။ အဲဒါကြောင့် အခုလိုတောင်းစားကြရတာပါ။ အုပ်စုဖွဲ့တောင်းကြပြီး ညနေရောက်ရင် တစ်နေ့တာတောင်းရသမျှကို ညီတူညီမျှ ခွဲဝေယူကြမယ်။ ရတာလေးနဲ့ မိသားစု

နိုင်ငံတနိုင်ငံ မှောင်လါး??? လင်းလါး ??? သိချင်ရင် ....

နာရေးကူညီမှု့ အသင်း ( ရန်ကုန် ) မှ သုခအလင်း ပညာဒါနကျောင်း ဖွင့်ပွဲ
Copy from - Ko Daun

ကျောင်းသား ၄ဝဝ ခန့် တက်ရောက်နိုင်မည့် ပညာဒါနကျောင်း နာရေးကူညီမှုအသင်း ဦးဆောင်ဖွင့်လှစ်

March 17, 2014

ကျောင်းသား ၄ဝဝ ခန့် တက်ရောက်နိုင်သည့် သုခအလင်း ပညာဒါနကျောင်းကို မြောက်ဒဂုံ ၄၂ ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်း၊ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် ကျောင်းဆောင်သစ်ကို မတ်လ ၁၇ ရက်တွင် ဖွင့်လှစ်လိုက်သည်။

ယင်းကျောင်းကို ကျပ်သိန်းပေါင်း ၂၉ဝဝ ကျော်ဖြင့် တည်ဆောက်ခဲ့ပြီး စာသင်ခန်းပေါင်း ၁၃ ခန်းပါဝင်သော နှစ်ထပ်ကျောင်းဆောင်ဖြစ်ကာ ကျောင်းသား ၄ဝဝ ခန့်အထိ တက်ရောက် နိုင်မည်ဖြစ်သည်။

 နားရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌ ဦးကျော်သူက “ကျွန်တော်တို့နိုင်ငံကို ဦးဆောင်မယ့် ကလေးငယ်တွေ အနာဂတ်ခေါင်းဆောင်လေးတွေအတွက် လမ်းစတစ်ခုပွင့်သွားပြီ။ ဘာသာပေါင်းစုံကို သင်ကြားပေးမယ်။ လူမှုရေးစိတ်ဓာတ်တွေပါ သင်ကြားတဲ့ ဘာသာရပ်နဲ့ ဒွန်တွဲပြီးပါသွားလိမ့်မယ်” ဟု ပြောသည်။

ယင်းကျောင်းတွင် ကလေးများနွေရာသီ အင်္ဂလိပ်စာ 4-Skills သင်တန်း၊ ပန်းချီသင်တန်း၊ ယဉ်ကျေးလိမ္မာသင်တန်း၊ တက္ကသိုလ်ဝင်တန်းနှင့်အထက် English 4- skills သင်တန်း၊ တက္ကသိုလ်ဝင်တန်း (ဘာသာစုံ) သင်ရိုးကုန် ပညာဒါန၊ ကွန်ပျူတာသင်တန်း တို့ကို ဆရာ၊ ဆရာမ ၃ဝ ကျော် ဖြင့် သင်ကြားပေးလျှက်ရှိသည်။

အတွင်းရေးမှူးဒေါ်မြင့်မြင့်ခင်က “ဒီကျောင်းက နာရေးကူညီမှုအသင်းငွေနဲ့ ဆောက်တာမဟုတ်ပါဘူး။ အများက လှူဒါန်းထားတဲ့ငွေနဲ့ ဆောက်ခဲ့တာပါ”ဟု ပြောသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နားရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အပြင် အသိပညာ ဖွံ့ဖြိုးရေးအတွက် သုခအလင်း ပညာဒါနအနေဖြင့် ၂ဝ၁ဝ ခုနှစ်စတင်၍ စတင်ဆောင်ရွက်ခဲ့သည်။

သတင်းရင်းမြစ် - မဇ္ဈိမ

Monday, March 17, 2014

သမ္မတကြီးရဲ့ မြစ်ကြီးနားခရီးစဉ်နဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့

 
မည်သည့်ဘက်ကဘဲ ဆုံးရှုံး ဆုံးရှုံး တိုင်းပြည်က ဆုံးရှုံးလို့ သူ့အနေနဲ့ ၀မ်းနည်းမိကြောင်းလို့ ဆိုတယ်။ ဆုံးရှုံးတာကို ၀မ်းနည်းပြတတ်ရင် လက်တွေ့ဆုံးရှုံးမှု ဖြစ်တဲ့ ဒုက္ခသည်စခန်းတခုခုက ဒုက္ခသည်တွေရှေ့၊ နှစ်ဘက်ရှေ့တန်းက စစ်သည်တွေရှေ့ပေါ်တင် သွားပြောသင့်တယ်။

ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး မည်သူမှားတယ် မှန်တယ်ဆိုတာကို ပြစ်တင်ရှုံ့ချနေမယ့်အစား ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းရှာသင့်တယ်လို့ ဆိုတယ်။ တွေ့ဆုံဆွေးနွေးမှုတိုင်းမှာ “နှစ်ဘက်တပ် ထိန်းသိမ်းရေး” ဆိုတဲ့ အချက်ပါတယ်။ မရှုံ့ချပါဘူး။ တပ်တွေသတ်မှတ်ထားတဲ့ နေရာကို ပြန်ရုပ်ပေးလိုက်ရင်ကိုက လတ်တလော ဖြေရှင်းရခက်နေတဲ့ ပြဿနာအကြီးစားကြီးက ဖြေရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်။

ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် နှစ်ဦးနှစ်ဘက် အပစ်အခတ်ရပ်စဲရုံနှင့် မပြီးဘဲ နိုင်ငံရေး နည်းလမ်းဖြင့် အဖြေရှာရန် ၊ နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ပြီး ကချင် ပြည်နယ်လူထုနှင့် မိမိတို့အားလုံး လိုလားလျှက်ရှိသည် စစ်မှန်သော ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် သံန္ဒိဌာန် ချမှတ်ထားကြောင်း (သံန္ဒိဌာန်တောင် ဖမ်းချပြလိုက်သေးတယ် ) နိုင်ငံရေး ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ တတွင်တွင် ပြောနေကြတာ ကြာပြီ ခုမှတရေးနိုးတဲ့ ပုံစံနဲ့ ယောင်တိယောင်တောင် လူထုရှေ့ ကြားကောင်းအောင် မပြောဖို့တော့ လိုပါလိမ့်မယ်။ နိုင်ငံရေး ဆွေးနွေးမယ့် စားပွဲဝိုင်းမရှိ စစ်သလင်းပြင်သာ ခင်းနေတာ ရှေ့တည့်တည့်မှာ ထိုင်နေတဲ့ မင်းအောင်လှိုင် မျက်နှာကို ကြည့်ပြီး သေချာပြောသင့်တယ်။

တပ်မတော်အနေဖြင့်လည်း အဆိုပါငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နိုင်ငံ တော်အစိုးရနှင့် တသားတည်း ရှိပြီး...ဆိုပြန်တယ်။ ကျနော်ထိုးစစ်တွေ မဆင်ဖို့ အမိန့်ပေးထားပြီးပါပြီလို့ လူရှေ့သူရှေ့ ပြောတာ ၂ခါတိတိ။ ပြောပြီးမကြာဘူး ဖားကန့် ဗုံးကျဲခံရတယ်။ သိပ်မကြာဘူး လိုင်ဇာ ရဟတ်ယာဉ်နဲ့ ကျည်မိုး သွန်းဖြိုးပေးခဲ့တယ်။ အဲ့ဒါကို ဟန်ချက်ညီညီ လိုက်နေတယ်ဆိုတာ ဘယ်လိုနားလည်ပေးရမလဲ။
(Tsawra Tsaw ၏ FB မှ ပြန်လည်ကူးယူဖော်ပြသည်။)
 

Saturday, March 15, 2014

မြစ်ဆုံမှာ လူ ငါးရာနီးပါး ဆန္ဒပြ

 
မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း အပြီးတိုင်ဖျက်သိမ်းဖို့ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ ဒေသခံ ၅၀၀ နီးပါး မြစ်ဆုံစီမံကိန်း တည်ဆောက်မယ့်နေရာမှာ ဒီနေ့မနက်က စုပေါင်း ဆန္ဒပြခဲ့ကြပါတယ်။

မြစ်ဆုံစီမံကိန်းဖျက်သိမ်းဖို့ တောင်းဆိုဆန္ဒပြရတာနဲ့ ပတ်သက်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ ကိုထွယ်အောင်က အခုလို ပြောပါတယ်။ "မြစ်ဆုံစီမံကိန်း လုံးဝရပ်ဆိုင်းဖို့အတွက်ပါပဲ၊ CPI ကုမ္ပဏီကိုလည်း ဒီကနေ လုံးဝထွက်သွားဖို့ ဆန္ဒရှိတာပေါ့၊ မြန်မာနိုင်ငံအနှံ့က သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ NGO အဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူလူထုတွေ ပေါင်းပြီးတော့ လုပ်ကြတာပေါ့"

မြစ်ဆုံစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုတွေကိုလည်း ဆန္ဒပြပွဲမှာ တက်ရောက် လာသူတွေကို ဟောပြောခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ မြစ်ဆုံစီမံကိန်းနေရာအပြင် အောင်မြင်သာကျေးရွာနဲ့ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ CPI ကုမ္ပဏီရုံးရှေ့တွေကိုလည်း သွားရောက်ပြီး CPI ကုမ္ပဏီ အလိုမရှိကြောင်း၊ CPI ကုမ္ပဏီထွက်သွားဖို့နဲ့ မြစ်ဆုံစီမံကိန်း လုံးဝဖျက်သိမ်းရေးစတဲ့ ကြွေးကျော်သံတွေကိုလည်း အော်ဟစ်

ဖိုးတွမ်တီးအစိုးရကို စာရင်းပေါင်းပေးစမ်းဗျာ

 
ကြည့်ကြစမ်းဗျာ…

- ဗြိတိန်က အခုပေါင်စတာလင် သန်း ၁၀၀ ပေးဖို့ သဘောတူပြီတဲ့…...

- အမေ၇ိကန်က တနှစ်ကို ၇၅ သန်း ပေးနေသတဲ့

- သြစတေးလျ က ဒေါ်လာ သန်း ၆၀ တောင်

- အီးယူက တနှစ်ကို ဒေါ်လာ သန်း ၁၂၀ တဲ့

- နော်ဝေက နှစ်စဉ်ဆက်တိုက် ဒေါ်လာ သန်း ၉၀ ပေးနေပြီဆိုတယ်

- ကနေဒါက ၂၀၁၄ မှာ သန်း ၅၀ စပေးတာတဲ့

- ဂျပန်က အိုဒီအေ အပြင် အခြား ဘာရီရ အားလုံးပေါင်း ဒေါ်လာ သန်းပေါင်း ၁၄၀

- အာစီယံက ဒေါ်လာ သန်း (၂၀) ၅နှစ်ဆက်တိုက်ပေးမယ်တဲ့

- နယူးဇီလန်က ဒေါ်လာ သန်းပေါင်း ၂၀၀ ကို စပေးလိုက်ပြီတဲ့

- ဒိန်းမတ်က ဒေါ်လာသန်းပေါင်း ၁၈၀ တောင် ပေးပြီးသွားပြီဆိုသတဲ့

- နယ်သာလန်( ဟော်လန်) က သန်း ၈၀ စပြီး ပေးတာတဲ့

- ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၂ ထောင်တဲ့ဗျာ ကြက်သီးတောင်ထမိတယ်

အာရှ ဖွံ့ဖြိုးရေးဘဏ်က ပဏာမ ထူထောင်ရေးအတွက် ဒေါ်လာ သန်းပေါင်း ၅၆၀ ပေးနေပြီတဲ့ ဆွီဒင် ဒေါ်လာ ၅၈ သန်းတောင် ပေးထားပြီပြီတဲ့ဗျာ…

ဒီကြားထဲ ကုလသမဂ္ဂကနေနှစ်(၅၀) ကျော်အကြာ ပစ်ထားတဲ့ မဆီမဆိုင် သန်းခေါင်စာရင်းအတွက် ၀င်ပြီး ဂလိုင်ခေါက်မိလို့ အမေ၇ိကန်ဒေါ်လာ ၅ သန်း ၈ သိန်းကို ခင်ရီတို့ထံ ပေးလိုက်ရပြီသတဲ့…

အိုအိုင်စီမှ ၂၀၁၃ တွင် အမေ၇ိကန်ဒေါ်လာ သန်းပေါင် ၈၄ သန်းနှင့် ယခု ၂၀၁၄ ခုနှစ်အတွက် သန်းပေါင်း ၅၀ ကြိုတင် ပေးပို့ထားပြီးကြောင်း…
.
စဉ်းစားကြည့်တာ သမ္မတ သိန်းစိန်လောက် စီးပွားရေးမှာ တော်တာ တယောက်မှ မရှိဘူး ဘာမှမလုပ်ရပဲ ဒလဟော ငွေဝင်နေတဲ့ စီးပွါးရေးရဲ့ သီအိုရီ ဘယ်သူမှ မရေးနိုင်သေးဘူး ဒါကြောင့် တရုတ်က သိန်းစိန်ကို စီးပွါးရေး မဟာဘွဲ့ ပေးတာလေ တရုတ်ကတောင် ဘွဲ့ပေးတယ်ဆိုတာ ဘာမှတ်လို့လဲ အနေစားတတ်လို့ နေမှာပေါ့ သိန်းစိန်တို့ ဘောင်းဘောင်းချွတ်တသိုက် နိုင်ငံတကာပွဲတွေ တက်လိုက်ပြီး ကတည်းက စည်းကား သိုက်မြိုက်လာတဲ့ ဒေါ်လာတွေ ……..

ဘာအကြောင်းနဲ့ပေးတာလဲ ? ရှင်းပြရအုံးမလား?......ရှင်းပြမယ်ဗျ…

သန့်ရှင်းသော အစိုးရ ကောင်းမွန်သော အစိုးရ ဖြစ်လာဖို့ လုပ်ငန်းခွင် ဆောင်ရွက်ရေး…
- ဆင်းရဲသား ပပျောက်ရေး
- အေအိုင်ဒီအစ် ရောဂါ ကာကွယ်တိုက်ဖျက်ရေး
- ငှက်ဖျား ရောနှင့် အခြားကူးစက်ရောဂါ ကာကွယ်ရေး
- ရေးပေးဝေမှုစနစ် နှင့် သန့်ရှင်းသော သောက်ရေသန့် ဖြန့်ဖြူးရေး (မအေပေးတွေ မလုပ်ပါဘူး)
- ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ဒေသဆိုင်ရာ ပြန်လည်ထူထောင်ရေး
- နိုင်ငံတကာနှင့် တိုက်ရိုက် ဆက်သွယ်နိုင်သော ဆက်သွယ်ရေးစနစ် ကောင်းမွန်လာရေး
- လယ်ယာစိုက်ပျိုးရေးနှင့် စက်မှုလယ်ယာ စနစ်သို့ ကူးပြောင်းလုပ်ဆောင်နိုင်ရေ
- နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ဆောင်၇န်နှင့် ဒေသခံပြည်သူများ ပြည်မကဲ့သို့ တန်းတူ နေထိုင်ခွင့်အခြေနေ တိုးတက် မြင့်မားလာရေး
- လမ်းပမ်းဆက်သွယ်မှုနှင့် ပိုဆောင့်ရေးအားနည်းချက်များ ပြုပြင် မွန်းမံ တိုးမြှင့်ရေး
- ပြည်တွင်းမှာ ဖြစ်ပေါ်နေသော ဘာသာရေး ဂိုဏ်းဂန ကွဲပြားမှုနှင့် မတည်ငြိမ်မှုတို့အား အချိန်မှီ ထိန်းသိမ်း ကာကွယ်နိုင်ရေး …
- သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးတဲ့…

နောက်ဆုံးတချက်ကတော့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုလျော့ကျလာရေး (မှတ်ချက်) ၂၀၁၃ ခုနှစ်တွင် ကမ္ဘာပေါ်ဝယ် မြန်မာပြည်မှ ဒုတိယ အများဆုံးမူးယစ်ဆေးဝါး ထုတ်လုပ်မှုဖြင့် စံချိန်တင်ခဲ့သည်။

အခု နေပြည်တော် သိန်းစိန်အစိုးရ အားလုံးလဲ ရလေရော….ဆင်းရဲသားတွေ ပြောက်သွားအောင် ဘိုဒိုဇာနဲ့ ထိုးပြီး လက်စဖျောက်နေပြီတဲ့…

အခု ဦးသိန်းစိန်အစိုးရ လယ်တီဆရာတော်ဘုရားကြီး၇ဲ့ လက်ပံတောင်း တောင်ကြားက သမိုင်းဝင် သိမ်တော်ကို သမိုင်းထဲကနေ ဖယ်ထုတ်ဖို့ မတ်လ (၂၅ )ရက်နေ့ မှာ အားကောင်းမောင်းသံ ယမ်းမိုင်းတချို့နဲ့ ဘူဒိုဇာတွေ တွဲဖက်လို ဖြိုဖျက်ပွဲ ဆင်နွဲတော့မယ်တဲ့……(မျိုးစောင့်တွေ ဘယ်မှာလဲ?)
အခု နေပြည်တော် အစိုးရ လယ်ယာမြေတွေ ၀ါးစားချလိုက်တာ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ ဆန်စပါး ထုတ်လုပ်မှု တပြည်လုံးအတိုင်းတာအရ ၃၃ ရာနုန်းကျော် လျော့ကျသွားပြီတဲ့ (မကြာခင် ပြည်သူတွေ ငတ်ကြပြီး ဆန်နဲ့ရွှေ လဲပြီးဝယ်ရတော့မယ်)

နေပြည်တော် သလင်းပြောင် အစိုးရလက်ထက်မှာ သဘာဝ ပတ်ဝန်းကျင် ဘယ်လို စောင့်ရှောက်သလဲ ဆိုလျင်….တနိုင်ငံလုံး နေပြောက်မထိုးအောင်မဲမှောင်ခဲ့တဲ့ သစ်တောတွေ တရုတ်ပြည်နဲ့ အိမ်နီးချင်း နိုင်ငံတွေဆီကို နုတ်မဆက်ပဲ ထွက်သွားလိုက်ကြတာ …..မီးတောင် ထိပ်ဝမှာ ၇ှိတဲ့ အပူချိန်လောက်ကို ပြည်သူတွေ နေစဉ် ခံစားနေရပြီသတဲ့ဗျာ….

စာဖတ်သူများအားလုံးကျေးဇူးပြု၍ အထက်တွင် ဦးသိန်းစိန် ဖိုးတွမ်တီး အစိုးရ လိမ်တောင်းထားသမျှလေးတွေကို စာရင်းပေါင်းပေးလိုက်ကြပါ……

ကြိုသလောက်ရှယ် ခွင့်ပြုတယ် အချက်လက် မှန်တယ်

ဂိုလ်ရှယ်လေး

မတ်လ ၁၃ ရက် အောက်မေ့ဘွယ်

၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့က ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားလှုပ်ရှားမှုအတွင်း မဆလ စစ်အစိုးရရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့တဲ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ကို ရည်စူးပြီး ရန်ကုန်မြို့မှာ ဒီနေ့ အခမ်းအနားတွေ ကျင်းပခဲ့ပါတယ်။

RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
Copy from - RFA

Friday, March 14, 2014

အာဏရှင်စနစ်ဆန့်ကျင်ရေးကို အရင်လုပ်ကြရမှာဖြစ်တယ်လို့ ဟံသာဝတီဦးဝင်းတင်က ပြောဆို



13.03.2014 အခုလက်ရှိအခြေအနေမှာ အာဏရှင်စနစ်ဆန့်ကျင်ရေးကို အရင်လုပ်ကြရမှာဖြစ်ပြီး ပြီးတော့မှ ဒီမိုကရေစီရေးကို ဆောင်ရွက်ကြရမှာဖြစ်တယ်လို့ ဟံသာဝတီဦးဝင်းတင်က ပြောဆိုခဲ့ပါတယ်။ ဒေါ်ညိုမာသက် က သတင်းပေးပို့ထားတာပါ။

Copy from - DVB

အပစ်ရပ် ပြီးနောက် တပ် ဖျက်သိမ်းဖို့ ကိစ္စ ညှိနှိုင်းရ ခက်ခဲ

အပစ်ရပ် ပြီးရင် တပ်တွေ ဖျက်ပေးရမယ်ဆိုတဲ့ တောင်းဆိုချက်အပေါ် အစိုးရနဲ့  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ညှိနှိုင်းဖို့ အခက်အခဲ ရှိနေပါတယ်။

Monday, March 10, 2014

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲကော်မတီ သတင်းထုတ်ပြန်ချက်။

အပစ်ရပ်စဲရေးစာချုပ် ရရှိနိုင်ဖို့ ပူးတွဲလုပ်ငန်းကော်မတီ ဖွဲ့မည်

အပစ်ရပ်စဲရေးစာချုပ် ရရှိနိုင်ဖို့ ပူးတွဲလုပ်ငန်းကော်မတီ ဖွဲ့မည်
==================================
(RFA)
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ဖို့ အတွက်  ပူးတွဲလုပ်ငန်းကော်မတီတစ်ရပ် ဖွဲ့စည်းသွား ဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC  နဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ ဖွဲ့စည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ NCCT တို့ ဒီနေ့ သဘောတူညီလိုက်ကြပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ စည်းဝေး ပွဲပြုလုပ်ရာမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ" ဘားအံဆွေးနွေးပွဲ " မတိုင်မီ နှစ်ဖက်ဘုံ သဘောတူညီချက်တွေကို စုစည်းထားတဲ့ မူကြမ်းတစ်ခုရရှိရေးဖို့အတွက် ပြင်ဆင်မှုလုပ်နေပုံကို ချင်းအမျိုးသား လွတ်မြောက်ရေးတပ်ဦးက ဆလိုင်းလျန်မုန်းဆာခေါင်းက ပြောပါတယ်။

"ဒီနေ့ ဦးအောင်မင်း တင်ပြတာကတော့ ဦးအောင်မင်းဘက်က ၃ ဦး၊ တပ်မတော်ဘက်က ၃ ဦး ပြီးတော့ လွှတ်တော်ဘက်က ၃ ဦး ပူးတွဲလုပ်ငန်းကော်မတီကို ဖွဲ့မယ်ပေါ့၊ ကျနော်တို့ဘက်ကလည်း ၃ ဦး၊ ဒီနေ့ဖြစ်နေတဲ့ အနေအထားကတော့ ကော်မတီဖွဲ့ဖို့ ကျနော်တို့ သဘောတူတယ်၊ မနက်ဖြန် ကျနော်တို့ဆက်ပြီးတော့ ဆွေးနွေးမှာက အဲဒီကော်မတီကနေပြီးတော့ မပါမဖြစ်ပါအောင် ရေးသားရမယ့် အခြေခံအချက်အလက်တွေ၊ အခန်းခေါင်းစဉ်တွေကို ကျနော်တို့ မနက်ဖြန် ဆွေးနွေးပြီးတော့ သဘောတူမှာဖြစ်ပါတယ်"

မနက်ဖြန်ဆွေးနွေးပွဲမှာ နှစ်ဖက်ဘုံသဘောတူညီချက်မှာပါဝင်ရမယ့် တပ်ပိုင်းဆိုင်ရာ နေရာချထားရေး၊ အပစ်အခတ်ရပ်စဲထားတဲ့ကာလမှာ နှစ်ဖက်လက်နက်ကိုင်တပ်တွေကို ဘယ်လိုနေရာချထားရေးစတဲ့ ကိစ္စရပ်တွေ ပါဝင်ရေးကို ဆက်လက်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရက ချပြထားတဲ့ အပစ်ရပ်မှုတွေရှိသလို တိုင်းရင်းသားတွေဘက်ကလည်း လိုင်ဇာမူ၊ လောခီးလာမူ စသဖြင့် မူကွဲတွေရှိနေတဲ့အတွက် " ဘားအံဆွေးနွေးပွဲ " မတိုင်မီ အဲဒီအချက်တွေအားလုံးကို စုပေါင်းကာ ဘုံသဘောတူညီချက်ရရှိရေး ကြိုးပမ်းသွားမှာဖြစ်ကြောင်း သိရပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ဖို့ အတွက် ပူးတွဲလုပ်ငန်းကော်မတီတစ်ရပ် ဖွဲ့စည်းသွား ဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ ဖွဲ့စည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ NCCT တို့ ဒီနေ့ သဘောတူညီလိုက်ကြပါတယ်။
 
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ စည်းဝေး ပွဲပြုလုပ်ရာမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ" ဘားအံဆွေးနွေးပွဲ " မတိုင်မီ နှစ်ဖက်ဘုံ သဘောတူညီချက်တွေကို စုစည်းထားတဲ့ မူကြမ်းတစ်ခုရရှိရေးဖို့အတွက် ပြင်ဆင်မှုလုပ်နေပုံကို ချင်းအမျိုးသား လွတ်မြောက်ရေးတပ်ဦးက ဆလိုင်းလျန်မုန်းဆာခေါင်းက ပြောပါတယ်။
 
"ဒီနေ့ ဦးအောင်မင်း တင်ပြတာကတော့ ဦးအောင်မင်းဘက်က ၃ ဦး၊ တပ်မတော်ဘက်က ၃ ဦး ပြီးတော့ လွှတ်တော်ဘက်က ၃ ဦး ပူးတွဲလုပ်ငန်းကော်မတီကို ဖွဲ့မယ်ပေါ့၊ ကျနော်တို့ဘက်ကလည်း ၃ ဦး၊ ဒီနေ့ဖြစ်နေတဲ့ အနေအထားကတော့ ကော်မတီဖွဲ့ဖို့ ကျနော်တို့ သဘောတူတယ်၊ မနက်ဖြန် ကျနော်တို့ဆက်ပြီးတော့ ဆွေးနွေးမှာက အဲဒီကော်မတီကနေပြီးတော့ မပါမဖြစ်ပါအောင် ရေးသားရမယ့် အခြေခံအချက်အလက်တွေ၊ အခန်းခေါင်းစဉ်တွေကို ကျနော်တို့ မနက်ဖြန် ဆွေးနွေးပြီးတော့

ပရိသတ်တွေ မျက်ရည်ဝဲခဲ့ရတဲ့ ဆရာမောင်သာချိုရဲ့ (ရေကြည်ပြီး မြက်နုစေချင်ဆိုတဲ့) ဟောပြောချက် (တိုကျို)


 
ဆရာနေဝင်းမြင့်  ဆောင်ပုဒ်သက်သက် ပါးရိုက် တာသက်သက် ပါဝင်တဲ့ဟောချက်

video by - Zay Yar

တတိယအကြိမ်မြောက် စာပေဟောပြောပွဲ(တိုကျို)


ဆရာမောင်သာချိုရဲ့ (ရေကြည်ပြီး မြက်နုစေချင်)


ယနေ့ ဂျပန်နိုင်ငံ အလင်းအိမ် စာပေအင်အားစု၏ တတိယအကြိမ်မြောက် စာပေဟောပြောပွဲအား ဆရာနေဝင်းမြင့်နဲ့ ဆရာမောင်သာချိုတို့မှ လာရောက်ဟောပြောခဲ့ပါတယ်..။
 
ယနေ့ ဂျပန်နိုင်ငံ အလင်းအိမ် စာပေအင်အားစု၏ တတိယအကြိမ်မြောက် စာပေဟောပြောပွဲမှာ ဆရာနေဝင်းမြင့်မှ (အမေနဲ့ အလင်းဆုံးကြယ်) ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ဆရာမောင်သာချိုမှ (ရေကြည်ပြီး မြက်နုစေချင်ဆိုတဲ့) ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပါတယ်..။
 
ကျွန်တော်တို့ ပရိသတ်တွေ မျက်ရည်ဝဲခဲ့ရတဲ့ ဆရာမောင်သာချိုရဲ့ (ရေကြည်ပြီး မြက်နုစေချင်ဆိုတဲ့) ဟောပြောချက်မှာတော့ လက်ရှိ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ လူနဲ့ တိရိစ္ဆာန်တောင် မကွဲပြားနိုင်လောက်အောင် ဆင်းရဲတွင်းနက်လွန်းတဲ့ အခြေအနေကို မျက်စိရှေ့မှာ ကွင်းကွင်းကွက်ကွက် ပေါ်လာနိုင်အောင် ကဗျာနဲ့ မိမိကိုယ်တွေ့ အဖြစ်အပျက်တွေကို တွဲဘက်ဟောပြောခဲ့တာပါ..။
 
ံHuman resourcesကို သေသေချာချာ ပြုစုပျိုးထောင်ဖို့ မကြိုးစားခဲ့ပဲ အသိမိုက်မဲခဲ့တဲ့ အုပ်ချုပ်သူ အစိုးရတရပ်ရဲ့ အမှောင်ခေတ်အောက်မှာ သယံဇာတကျိန်စာ သင့်ခဲ့ရတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ တရိစ္ဆာန်သာသာ ဆင်းရဲတွင်းနက်နေရတဲ့ အခြေအနေတွေအတွက် ကျွန်တော်တို တဦးချင်း တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းလုပ်ဆောင်ကြပါစို့..
 
သတင်းရင်းမြစ် - ဒီမိုဝေယံ
 

Saturday, March 8, 2014

"ပြည်ထောင်စုစနစ်ကို အခြေမခံဘဲ အမျိုးဘာသာ အခြေခံသော အမျိုးသား နိုင်ငံတော် ထူထောင်ရေးလမ်းစဉ် လိုက်နေသရွေ. တိုင်းရင်းသားများ လက်နက်ကိုင်နေအုံးမည်"

 
8 March 2014

ပြည်ထောင်စုစနစ်ကို အခြေမခံဘဲ အမျိုးဘာသာ အခြေခံသော အမျိုးသား နိုင်ငံတော် ထူထောင်ရေးလမ်းစဉ် လိုက်နေသရွေ. တိုင်းရင်းသားများ လက်နက်ကိုင်နေအုံးမည်ဖြစ်ကြောင်း တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့.(NCCT) မှ ပညာရှင် ဒေါတ်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း ကပြောဆိုလိုက်ပါသည်။

"ကိုယ့်အကျိုးပဲ ကိုယ်ကြည့်မယ်။ကိုယ်ကြီးပွားရင်ရပြီ၊ဗမာချမ်းသာရင်ရပြီ၊ဗုဒ္ဓသာသနာထွန်းကားရင် ရပြီ ဆိုတဲ့ အမျိုးဘာသာ၊သာသနာဝါဒနဲ့ခင်ဗျားတို့ ဆက်ပြီးသွားနေသရွေ. ခင်ဗျားတို့တိုင်းပြည်တိုးတက်မှာ မဟုတ်ဘူး။လူမျိုးလည်းတိုးတက်မှာ မဟုတ်ဘူး။ဒီပြည်ထောင်စုကြီးလည်းတိုးတက်မှာ မဟုတ်ဘူး" ဟု ၎င်းကပြောကြားပြီး ပြည်ထောင်စုစနစ်ကိုအပေါ်ယံသဘောသာသုံး၍ အမျိုးသားနိုင်ငံ ထူထောင်သည့် လမ်းစဉ်ကြောင့် တိုင်းပြည် နှစ်ပေါင်း(၆၀)ကျော် ပြည်တွင်းစစ်နှင့် ရင်ဆိုင်နေရကြောင်း ဒေါက်တာ

ANP ရခိုင်အမျိုးသားပါတီသစ် တရားဝင် ခွင့်ပြုချက်ရရှိ

ANP ရခိုင်အမျိုးသားပါတီသစ် တရားဝင် ခွင့်ပြုချက်ရရှိ

ရခိုင်ပါတီနှစ်ခု ပူးပေါင်းပြီး ဖွဲ့စည်းလိုက်တဲ့ ရခိုင်အမျိုးသားပါတီ ANP ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မနေ့ကရက်စွဲနဲ့ ပါတီမှတ်ပုံတင် ချပေးလိုက်ပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီတို့ ပူးပေါင်းထားတဲ့ ပါတီအသစ်ရဲ့ ပထမဆုံးအကြိမ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကို မကြာခင် စစ်တွေမြို့မှာ ကျင်းပသွားမယ်လို့ အရင်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရဲ့ ဥက္ကဌ ဖြစ်တဲ့ ဦးအေးသာအောင်က ပြောပါတယ်။

"ANP ပါတီမှတ်ပုံတင် ကျပြီးပြီဆိုတော့ စစ်တွေမှာကျင်းပမယ့် CEC အစည်းအဝေးက ပါတီရဲ့ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးပြီးတော့ လုပ်စရာရှိတဲ့ကိစ္စတွေကိုလုပ်မယ်"

ရခိုင်အမျိုးသားပါတီ ANP  ရဲ့ ပထမဆုံးအကြိမ် ဗဟိုအလုပ်အမှုဆောင် ကော်မတီတွေ့ဆုံပွဲမှာ ပါတီသစ်ရဲ့ ဥက္ကဌ၊ ဒုက္ကဌတွေကို ရွေးချယ်သွားဖို့ရှိသလို နှစ်ဘက်ပါတီတွေရဲ့ မြို့နယ်အသီးသီးက ရုံးခွဲတွေကိုလည်း ရခိုင်အမျိုးသားပါတီ ANP အဖြစ် ပြန်လည်ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီနှစ်ခုကိုလည်း ကော်မရှင်လုပ်ထုံးလုပ်နည်းအရ ဖျက်သိမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD တို့ ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ ANP အဖြစ် ပါတီမှတ်ပုံတင်ခွင့်ကို ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၃ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုလိုက်တာဖြစ်ပါတယ်။

ရခိုင်ပါတီနှစ်ခု ပူးပေါင်းပြီး ဖွဲ့စည်းလိုက်တဲ့ ရခိုင်အမျိုးသားပါတီ ANP ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မနေ့ကရက်စွဲနဲ့ ပါတီမှတ်ပုံတင် ချပေးလိုက်ပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီတို့ ပူးပေါင်းထားတဲ့ ပါတီအသစ်ရဲ့ ပထမဆုံးအကြိမ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကို မကြာခင် စစ်တွေမြို့မှာ ကျင်းပသွားမယ်လို့ အရင်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရဲ့ ဥက္ကဌ ဖြစ်တဲ့ ဦးအေးသာအောင်က  ပြောပါတယ်။

"ANP ပါတီမှတ်ပုံတင် ကျပြီးပြီဆိုတော့ စစ်တွေမှာကျင်းပမယ့် CEC အစည်းအဝေးက ပါတီရဲ့ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးပြီးတော့ လုပ်စရာရှိတဲ့ကိစ္စတွေကိုလုပ်မယ်"

ရခိုင်အမျိုးသားပါတီ ANP ရဲ့ ပထမဆုံးအကြိမ် ဗဟိုအလုပ်အမှုဆောင် ကော်မတီတွေ့ဆုံပွဲမှာ ပါတီသစ်ရဲ့ ဥက္ကဌ၊ ဒုက္ကဌတွေကို ရွေးချယ်သွားဖို့ရှိသလို နှစ်ဘက်ပါတီတွေရဲ့ မြို့နယ်အသီးသီးက ရုံးခွဲတွေကိုလည်း

ဆရာညီမင်းညို ပြောတဲ့ ကျနော်သမ္မတဖြစ်လျှင် တဲ့.. မိုက်တယ် မိုက်တယ်

စိတ်မကောင်းစရာပဲ။ ကိုယ့်လူမျိုးကို အနိုင်ကျင့်ဖို့ ကျတော့ ရှိလိုက်ကြတဲ့ သတ္တိ

ဒါဒီနေ့ စစ်ကိုင်းမှာဖြစ်တာ
ယင်းမာပင်မြို့တွင် ရဲနှင့်ဒေသခံများ မြေယာကိစ္စကြောင့် ပဋိပက္ခမှ မြင်ကွင်းတချို့

Thursday, March 6, 2014

မဟာဗျူဟာကျသောနေရာတွင်ရှိခြင်းကြောင့်မြန်­မာနိုင်ငံဗဟိုပြုတစ်ဆင့်ခံကုန်သွယ်ရေးထွန်­းကားလာနိုင်


 
မဟာဗျူဟာကျသောနေရာတွင်ရှိခြင်းကြောင့်မြန်­မာနိုင်ငံဗဟိုပြုတစ်ဆင့်ခံကုန်သွယ်ရေးထွန်­းကားလာနိုင်ဟု စီးပွား/ကူးသန်းဝန်ကြီးပြော၊ ယခုဘဏ္ဍာနှစ်တွင်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၅ဘီလျံကျော်ရရှိရန်လျာထား
Copy from - Eleven Myanmar

အပစ်အခတ် ရပ်စဲရေးစာချုပ် ဒုတိယ အကြိမ် လောခီးလာ ညီလာခံ(မူကြမ်း)

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ၏ ညီလာခံ တံဆိပ်
 
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ၏ အပစ်အခတ် ရပ်စဲရေးစာချုပ်
ဒုတိယ အကြိမ် လောခီးလာ ညီလာခံ
(မူကြမ်း)
အပိုင်း()
 တိုင်းရင်း သား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ၏ဒုတိယအကြိမ် ညီလာခံကို ပြီးခဲ့သည့် ဇန္နာဝါရီလ အကုန်ပိုင်းတွင် ကရင်အမျိုးသား အစည်း အရုံး (KNU) တပ်မဟာ () ဌာနချုပ် လောခီးလာ (ခေါ်) လေးဝါးစခန်းတွင် ကျင်းပခဲ့ပါသည်။ ဤ ညီလာခံမှ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး အတွက် လိုအပ်သော စာချုပ်ကို အောက်ပါ အ တိုင်း ရေးဆွဲပြီး အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ နှင့် လာမည့် မတ်လ ဒုတိယ အပါတ်တွင် ညှိ နှိုင်းကြတော့ မည်ဖြစ်သည်။
၎င်းတို့မူကြမ်းသည် စာမျက်နှာ (၃၀)ကျော် ရှိသဖြင့် အပိုင်း ()ပိုင်း ခွဲပြီး တင်ပြလိုက်ပါသည်။ မည်သို့အဖြေ ထွက် လာမည်ကို စောင့်ကြည့် နိုင်ရန် အစိုးရ၏ စာချုပ် မူကြမ်း နှင့် တိုင်းရင်းသား များ၏ စာချုပ် မူကြမ်းအား လေ့လာနိုင် ရန် ရွှေဟင်္သာ သ တင်းဌာနမှ ပြိုင်တူ တင်ပြပေး ထားပါသည်။
 
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ အစိုးရနှင့်
တိုင်းရင်း သားလက်နက် ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ
အကြားချုပ်ဆိုထားသော
တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးသဘောတူ စာချုပ်
 
နိဒါန်
 
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်ကို ပါဝင် လက်မှတ်ရေး ထိုးကြသော အကျွန်ုပ်တို့  ပြည်ထောင်စု သမ္မတမြန် မာနိုင်ငံအစိုး ရ နှင့်  တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများ တို့သည်
 
·         အပြန်အလှန် ယုံကြည်မှု အခိုင်အမာ တည်ဆောက် လိုသည့် အတွက် လည်းကောင်း၊
·        မြန်မာနိုင်ငံ သမိုင်းတလျှောက် ပေါ်ပေါက် ခဲ့သောပြည်တွင်း စစ်၏ ခါးသီးသော အနိဋ္ဌာရုံ များကို သင်ခန်းစာ ယူကြလျက် နောက်နောင် ထပ်မံ မပေါ်ပေါက်ရေး ကို ဆန့်ကျင် ဟန့်တား လို၍ လည်းကောင်း၊
·         ယခင် ချုပ်ဆို ခဲ့ပြီးသော သဘောတူ ညီချက်များ အားတရား ဝင်မှုပိုမိုခိုင် မာစေရန် ထပ်ဆင့် အတည်ပြု လို၍ လည်းကောင်း၊
·         တနိုင်ငံလုံး အပစ် အခတ် ရပ်စဲသည့် အခြေခံ အဆင့်မှ နိုင်ငံရေးဆွေးနွေး ပွဲများကို သဘောတူ ညီမှု ရရှိသည် အထိ ဆက်လက်ဆွေးနွေး သွားနိုင်ရန်  ဦးတည် ရည်ရွယ်၍ လည်းကောင်း၊
  • မြန်မာနိုင်ငံ တွင်ရေရှည် တည့်တံ့ခိုင်မြဲသော တရားမျှတ မှုနှင့်ဂုဏ် သိက္ခာရှိ မှုတို့ အပေါ်အခြေ ခံသည့်ငြိမ်း ချမ်းရေး ကိုဖော်ဆောင် ရန်၊တည်ဆောက် ရန်နှင့် ထိမ်းသိမ်း သွားရန် ခိုင်ကျည်သည့် ဆန္ဒရှိကြောင်း သက်သေပြု လို၍ လည်းကောင်း၊
အောက်ဖော်ပြ ပါအပစ် အခတ် ရပ်စဲရေး သဘောတူ စာချုပ်၏ ပြဌာန်းချက် များအားလုံး ကိုနှစ်ဦးနှစ် ဘက်လက်ခံ သဘောတူ ကြပြီး အပြည့်အဝ အကောင်အ ထည်ဖော် သွားကြ ရန်အလို့ ငှာမွန်မြတ် တည်ကြည်သော စိတ်ထားဖြင့် အဓိဋ္ဌာန်ပြုခြင်းနှင့် အတူအတည်ပြု လက်မှတ်ရေး ထိုးကြသည်။
 အခန်း ()
အခြေခံမူများ
 
ပြည်တွင်းငြိမ်း ချမ်းရေး တည်ဆောက်မှုနှင့် နိုင်ငံရေးဆွေးနွေး မှုလုပ်ငန်းစဉ် အဆင့်ဆင့်တွင် အောက်ဖော်ပြ ပါအခြေခံမူ များအတိုင်းဆောင် ရွက် သွားရန် သဘော တူကြသည်။
 
.၁။ ငြိမ်းချမ်းရေး အတွက် သံန္နိဋ္ဌာန်ပြုခြင်း
ပြည်ထောင်စု သမ္မတမြန် မာနိုင်ငံ အား လွတ်လပ်မှု၊ တန်းတူ ညီမျှမှုနှင့် တရားမျှ တမှုတို့ကို အခြေခံသော ငြိမ်းချမ်း သာယာသည့် ဒီမိုကရေ စီနိုင်ငံ အဖြစ်စစ်မှန်သော ဖက်ဒ ရယ်ပြည်ထောင် စုစနစ်ဖြင့်တည်ဆောက်  ရန်နှင့် ယင်းကဲ့သို့ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင် စုတည်ဆောက်ခြင်း သည်ရေရှည် တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်ခြင်း ဖြစ်သည်ဟု သဘော တူကြသည်။
 
.၂။ ပင်လုံ သဘော တူညီချက်ကို အသိအမှတ်ပြုခြင်း
          ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသည် ၁၉၄၇ခုနှစ် ဖေဖော်ဝါ ရီလ (၁၂) ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့၌ သဘောတူ လက် မှတ်ရေးထိုး ချုပ်ဆိုခဲ့ သည့်ပင်လုံစာချုပ်အရတိုင်းရင်း သားလူမျိုးပေါင်းစုံ တို့ကပူးပေါင်း ၍ဖွဲ့စည်း ထူထောင် ခဲ့သော နိုင် ငံဖြစ် သည်။ ထို့ကြောင့် တိုင်းရင်းသား လူမျိုးအား လုံး၏ လူမျိုးဖြစ်ခြင်း လက္ခဏာ များနှင့် အမျိုးသား ဂုဏ်သိက္ခာ များကို အပြန်အ လှန် လေးစား အသိအ မှတ်ပြုခြင်းဖြင့် ဤပြည်ထောင်စု ကိုပင်လုံ စိတ်ဓာတ်၊