Friday, February 28, 2014

ရှမ်းပြည်မြောက်ပိုင်းစစ်ပွဲတွေကြောင့် ဒုက္ခသည်စခန်း ၇ ခု ထပ်တိုး


(ဓါတ်ပုံ-မန်တုံ ကက်သလစ် ဘုရားကျောင်းဝန်း အတွင်း ရှိ စစ်ပြေး ဒုက္ခသည်စခန်း။)

February 26, 2014

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်တပ်ဖွဲ့တွေနဲ့ အစိုးရစစ်တပ်တို့ တိုက်ပွဲတွေရဲ့ အကျိုးဆက် အဖြစ် ဒုက္ခသည် စခန်း ၇ ခုထပ်တိုးလာပြီး အဲ့ဒီ့ဒုက္ခသည်တွေဟာ ကူညီသူမရှိဘဲ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သတင်းရရှိပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက မန်တုံနဲ့ နမ့်ခမ်းမြို့တွေမှာ ၂၀၁၂ ခုနှစ်က ဒုက္ခသည် စခန်း ၂ ခုပဲရှိခဲ့ရာက ၂၀၁၃ ခုနှစ်အတွင်းမှာ ဒုက္ခသည် စခန်းပေါင်း ၇ ခုထိ ထပ်တိုးလာပြီး ဒုက္ခသည် ၃၀၀၀ ကျော်ဟာ စားဝတ်နေရေး အကြပ် အတည်းတွေနဲ့ ရင်ဆိုင် နေကြတယ်လို့ တအာင်း (ပလောင်) အမျိုးသမီး အဖွဲ့ (TWO) က ဒီကနေထုတ်ပြန်လိုက်တဲ့ "လျစ်လျူရှုခံ အကြပ်အတည်းများ" စာတမ်းမှာ ဖော်ပြထားပါတယ်။

"ဒီဒုက္ခသည်တွေဟာ ဒေသတွင်းမှာဖြစ်တဲ့ စစ်ပွဲတွေကြောင့် အိုးအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးခိုလှုံဖို့ ရောက်လာကြတဲ့သူတွေပါ၊ ဒါပေမယ့် ကူညီမယ့်သူတွေမရှိတော့ အဟာရ မလုံလောက် တာ၊ ကျန်းမာရေး စောင့်လျှောက်မှု မရတာနဲ့ ဒုက္ခတွေကို အဆင့်ဆင့် ရင်ဆိုင်နေကြရတယ်" လို့ TWO

TNLA တပ်များ နေရာအနှံ့ တိုက်ပွဲဖြစ်ပွားနေ

 
Thursday, 27 February 2014

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) ၏ စစ်ဗျူဟာ (၂) မှ တပ်ရင်း (၇၁၇) တပ်ဖွဲ့များ သည် ရှမ်းပြည် မြောက်ပိုင်း ကျောက် မဲမြို့နယ် ပန်းဖြတ်ကျေးရွာ ၌ ခေတ္တ ညအိပ် ရပ်နားနေစဉ် ယနေ့ မနက်ပိုင်း (၁၀) နာရီကျော် တွင် အစိုးရ တပ်များမှ လျှပ်တပျက် ၀င်ရောက် တိုက်ခိုက်ခဲ့သဖြင့် (၁၀)မိနစ် ခန့်တိုက်ပွဲ ဖြစ်ပွားရာ ကျေးရွာ အတွင်း ရေးမှူး တဦးသေ ဆုံးပြီး ရွာသား (၃)ဦး ဒါဏ်ရာရှိသည်ဟု တအာင်း ပြန်ကြား ရေးဌာနက သတင်း ထုတ်ပြန် ခဲ့ပါ သည်။

“ ရွာထဲကို လက်နက်ကြီး ပစ်သွင်းလိုက်တာပါ။ အတွင်းရေး မှူး အိမ်ပေါ်ကိုကျတယ်။ ဒီတော့ အတွင်းရေးမှူး ဦး ကျော်လူ သေဆုံး ပြီး အရပ်သား (၃)ဦး ဒါဏ် ရာ ရသွားတာပေါ့။ အပြန်အလှန် ပစ်လိုက်ပေမဲ့ ကျနော်တို့ ပလောင် တပ်က ချက်ခြင်း ဆုတ်ပေး လိုက်တာ ဖြစ်တယ်။ တပ်မ(၇၇) စစ်ကြောင်း က လို့ နောက်မှ သိရတယ်။ ပြီးတော့ ရွာသားတွေကို စုလိုက်တယ် ထွက်ပြေးရင် သူပုန်နဲ့ ဆက်သွယ်အားပေးရင် အားလုံးကို သတ်ပစ်မယ်။ တရွာလုံး ကိုလည်း မီးရှို့ပစ်မယ် ဆိုပြီး ခြိမ်းခြောက် နေတယ်။ ” ဟု ကျောက်မဲ မြို့ပေါ်ရှိ TNLA ဆက်သား တဦးက ဆိုပါသည်။

အဆိုပါ တပ်မ (၇၇) စစ်ကြောင်းများ သည် ပန်ဖျတ်၊ ပန်ကွမ်၊ ပန်စပေ ကျေးရွာများ တွင် ဆက်လက် စခန်းချ နေပြီး ထပ်မံ စစ်ဆင်ရန် ရှိပါသည်။ ဤသို့ကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားရန် ရှိပါသည်။

TNLA တို့သည် ဗျူဟာ (၃) ခုဖွဲ့ကာ မူးရစ်ဆေး ၀ါး တိုက်ဖျက်မှု စစ်ဆင်ရေး အတွက် လှုပ်ရှားနေ ပါသည်။ ယင်းစစ် ဆင်ရေးသည် ပြီးခဲ့သည့် ဇန္နာဝါရီ လကုန် ပိုင်း စတင်ခဲ့ပြီး ဘိန်းခင်း ဧက (၅၀၀) ထက်မနဲ ဖျက်ဆီး နိုင်ခဲ့ပြီး တိုက်ပွဲ လည်း အဆက် မပြတ် ဖြစ်ခဲ့ပါသည်။

တိုက်ပွဲများ ရက်ဆက် ဖြစ်ရာ တွင် ယမာန်နေ့ ဖေဖေါ်ဝါရီ (၂၆) ရက်နေ့ ၌ (TNLA) ဗျူဟာ (၃) နှင့် အစိုးရ တပ်မ (၇၇) စစ်ကြောင်း တို့ ဖြစ်သော တိုက်ပွဲတွင် အစိုးရဖက်မှ အကျအဆုံး များသည်ဟု TNLA ဖက်မှ ဆိုပါသည်။ အ လားတူ ဖေဖေါ် ၀ါရီ (၂၄) ရက်နေ့ တွင်ရှမ်းပြည် မြောက်ပိုင်း နမ်ခမ်း မြို့နယ် ပန်ဆေး

Thursday, February 27, 2014

အစိုးရစစ်တပ်မှ ရွာတရွာ လျှင်ဘိန်းခွန်ကျပ် သိန်း (၃၀) ကောက်ခံ

(ဓါတ်ပုံ -တာမုံးညှဲ ဒေသရှိဘိန်းခြံ များအား ၂၀၁၄ ၌မြင်ရပုံ။)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် ၊ တာမုံးညှဲ ဒေသရှိ ဘိန်းစိုက်ပျိုးသော တောင်သူများထံမှ နယ်မြေခံ ဗမာအစိုးရ စစ်တပ်အတွက် ရွာတစ်ရွာ လျှင် မြန်မာ ကျပ်ငွေ သိန်း (၃၀) ပေးဆောင်နေ ရကြောင်း သိရှိရပါသည်။ ၄င်းငွေ များအား တာ...မုံးညှဲ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့် နှင့် နယ်မြေခံရဲ များက ဒေသခံ ရွာသားများထံ မှ လိုက်လံ ကောက်ခံ ပေးနေ ကြောင်းဒေသခံရွာသားများထံ မှ သတင်းရရှိပါသည်။

ထို့ အပြင် အုပ်ချုပ်ရေးမှူး နှင့် ၄င်းရဲများ သည် ရွာသားများ မိမိတို့၏အိမ်တွင် ထမင်း ချက်စားရန်အတွက် တနိုင်စာ သယ်ဆောင်လာသော ထင်းများအား လမ်း၌ ခြိမ်းခြောက် ကာ လုယူပြီး ၊ အုပ်ချုပ်ရေးမှူး နှင့် ရဲများက ၄င်းထင်းများအားတဆင့် ပြန်လည် ရောင်းစားနေ ကြ ကြောင်း ရွာသားများထံ မှ ထပ်မံ

တအန်းဒေသသို့ ထိုးစစ်ဆင်လာသည့် မြန်မာတပ်မ (၇၇) နှင့်တိုက်ပွဲတွင် တပ်မ(၇၇)မှ အနဲဆုံး ၁၀ ဦးကျော် ကျဆုံး

 
၂၆ ရက် ဖေဖော်ဝါရီလ ၂၀၁၄
...
တအန်းတပ်မတော်အခြေခံစစ်နယ်မြေအား ထိုးစစ်ဆင်လာသည့် မြန်မာ့တပ်မတော် တပ်မ (၇၇) စစ်ကြောင်းနှင့် တအန်းတပ်မတော်၏ ဗျူဟာ (၃) လက်အောက်ခံ တပ်ရင်း (၃၆၇) တပ်ဖွဲ့တို့ မိုးမိတ်မြို့နယ် ရူဗိန်း (ရေပုံး) ရွာအကျော် မန်တုံ-မိုးမိတ်ကားလမ်းမ တွင် ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက် ၁၂း၄၅ နာရီအချိန်ခန့်မှ ၁၃း၁၅ နာရီခန့်ထိ နာရီဝက်ကျော်ကြာ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲတွင် ရွှေဝါရောင်တော်လှန်ရေးတွင် ရဟန်းသံဃာတော်များကို ရက်စက်စွာသတ်ဖြတ်ခဲ့သည့် တပ်မ (၇၇) စစ်ကြောင်းမှ မြန်မာတပ်ဖွဲ့ဝင် အနဲဆုံး (၁၀) ဦးကျဆုံးပြီး အများအပြား ထိခိုက်ဒါဏ်ရာ ရရှိခဲ့သည်။ တအန်းတပ်မတော်ဘက်မှ ထိခိုက်ကျဆုံးမှု မရှိပါ။

အင်အား ၂၀၀ ကျော်ရှိသည့် မြန်မာတပ်မ (၇၇) မှ စစ်ကြောင်း သည် မိုးမိတ်မြို့သို့ ၂၄ ရက်နေ့တွင် ရောက်ရှိလာပြီး ထိုမှတဆင့် မန်တုံ-မိုးမိတ် အကြားရှိ တအန်းတပ်မတော် ဗျူဟာ အမှတ်(၃) ကို ထိုးစစ်ဆင်လာခဲ့သည်။ ၁၃း၁၅ နာရီခန့်တွင်တိုက်ပွဲငြိမ်သက်သွားသော်လည်း တပ်မ (၇၇) မှ

၂၀၁၅ မတိုင်မီဖြေပါ ပြည်ခိုင်ဖြိုး

 ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
မြန်မာနိုင်ငံ၏ အုပ်ချုပ်မှုမြို့တော်အဖြစ် သတ်မှတ်ထားသော နေပြည်တော်သို့ အမြန်လမ်းမကြီးမှတစ်ဆင့် လာရောက်ပါက ဦးစွာတွေ့ရှိရသော ကံ့ကော်ပန်းအ၀ိုင်းအနီးတွင် လှပခံ့ညားလှသည့် အဆောက်အအုံကြီး တစ်ခုက ဆီးကြိုနေမည်ဖြစ်သည်။

မြေဧကပေါင်းများစွာ ကျယ်ဝန်းသည့် မြေဧရိယာအတွင်း ခေတ်မီဒီဇိုင်းများဖြင့် ဆောက်လုပ် ပုံဖော်ထားသည့် အဆောက်အအုံကြီးမှာ မြန်မာနိုင်ငံတွင် အကြီးမားဆုံး ပါတီဌာနချုပ်ရုံး ဟူ၍ပင် ခေါ်ဆိုနိုင်မည့် ငွေကျပ်သန်းပေါင်းများစွာ အကုန်အကျခံတည်ဆောက်ထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပိုင် ဌာနချုပ်ရုံး အဆောက်အအုံကြီးပင်ဖြစ်သည်။

ထိုကဲ့သို့ ခမ်းနားလှသည့် အဆောက်အအုံကြီးကို တည်ဆောက်နိုင်သည့် ငွေကြေးပမာဏသာမက ထို့ထက်များပြားလှသည့် ငွေကြေး၊ အဆောက်အအုံ၊ လုပ်ငန်းများ ပိုင်ဆိုင်ထားသည့် ပါတီကြီး၏ ချမ်းသာ ကြွယ်ဝမှုများသည် မည်ကဲ့သို့ ရရှိလာပါသနည်းဟူသော မေးခွန်းမှာ ၂၀၁၅ ရွေးကောက်ပွဲ အကြိုကာလများတွင် ပြည်ခိုင်ဖြိုးအနေဖြင့် မဖြစ်မနေဖြေရမည့် ၂၀၁၀ ကပင် တင်ကျန်ခဲ့သည့် မေးခွန်းကြွေးဖြစ်သည်။

အသင်းပိုင် အဆောက်အအုံများ၊ ငွေကြေး၊ လုပ်ငန်းပိုင်ဆိုင်မှုများသည် ယခင်အစိုးရက ပြည်သူများ ပိုင်ဆိုင်သည့် လုပ်ငန်းငွေကြေး၊ ဘဏ္ဍာများကို လွှဲပြောင်းပေးခဲ့ခြင်းဖြစ်၍ ယခုလက်ရှိ ပါတီပိုင်ဖြစ်နေသော ဓနဥစ္စာများသည် ပြည်သူပိုင်များပင် ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူအချို့က ဝေဖန်ပြောကြားသည်။

ထိုအချက်ကို လွှတ်တော်အတွင်းရောက်ရှိနေသည့် ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင်များအား မေးမြန်းသော်လည်း ပြန်လည်ရှင်းလင်းဖြေကြားခြင်းမရှိခဲ့ပေ။

မကြာမီနှစ်အတွင်း ကျင်းပပြုလုပ်တော့မည့် အထွေထွေရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ဦးမည့် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပါတီပိုင်ဆိုင်မှုစာရင်းဇယားများနှင့် မည်ကဲ့သို့ရရှိလာသည်ကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်မှသာ ပြည်သူများ၏သံသယများကို ဖြေဖျောက်နိုင်ပြီး လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ

Wednesday, February 26, 2014

လျှစ်လျူရှုခံ အကြပ်အတည်းများ" ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်



Feb 25, 2014
တအာင်း အမျိုးသမီးအဖွဲ့အစည်းက သူတို့ဒေသတွေက အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ဒုက္ခသည် IDP တွေအကြောင်း ရေးသားထားတဲ့ အစီရင်ခံစာတစောင်ကို " လျှစ်လျူရှုခံ အကြပ်အတည်းများ" ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ထုတ်ပြန်လိုက်ပါတယ်။ RFA အဖွဲ့သူ မသင်းသီရီက တင်ဆက်ထား ပါတယ်။
 
Copy from - RFA

တအောင်းအမျိုးသမီးအဖွဲ့အစည်းမှ လျစ်လျူရှူခံ အကြပ်အတည်းနှင့်ပတ်သက်၍ရှင်းလင်း

 
Tuesday, February 25, 2014

တအောင်းအမျိုးသမီးအဖွဲ့အစည်းသည် ပလောင်လူမျိုးများ၏ စစ်ဘေးဒုက္ခများ ခံစားနေရသော အခြေအနေများနှင့် ပတ်သက်၍ လျစ်လျူရှူခံ အကြပ်အတည်းဆိုသည့် ခေါင်းစဉ်တစ်ခုအား ဖေဖော်ဝါရီ ၂၅ရက်က ရွှေဂုံတိုင်လမ်း၊ တော်ဝင် နှင်းဆီခန်းမတွင် ရှင်းလင်းသွားခဲ့သည်။

တအောင်းအမျိုးသမီး အဖွဲ့အစည်း၏ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂)ဖြစ်သူ မလိုည်းပိုးငယ်က “အခုချိန်ဟာ အစိုးရက ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ အချိန်ဖြစ်တယ် ဒါပေမဲ့ ကျွန်မတို့စီးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို တိုက်ခိုက်နေတဲ့ ဗမာစစ်တပ်တွေကို ဖယ်ရှားပေးသင့်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၂ခုနှစ်နောက်ပိုင်း စစ်ပွဲတွေ ပိုမိုပြင်းထန်လာတော့ ဒေသခံပြည်သူတွေအနေနဲ့ အိုးအိမ်ကိုစွန့်ခွာ ထွက်ပြေးနေရတာကို တွေ့ရတယ် နေ့စဉ်နှင့်အမျှ စိုးရိမ်မှုတွေနဲ့ပဲ နေထိုင်နေရတယ် လွှတ်လပ်မှုဆိုတာ အခုချိန်ထိမရသေးဘူး အစိုးရက ပြည်သူတွေရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လို့ ပြည်သူတွေရဲ့ အသံကို နားထောင်သင့်ပါတယ် အခုစစ်ဘေးဒဏ်ဒုက္ခတွေ ခံစားနေရတဲ့ ပလောင်လူမျိုးတွေဟာ ပုံမှန်ထောက်ပံ့မှုလည်း မရဘူး၊ ဒီတော့ အစားအသောက်အတွက်လည်း အရမ်းခက်ခဲတယ် ပလောင်လူမျိုးတွေဟာ လက်ဖက်စိုက်ပျိုးခြင်းကို အဓိက လုပ်ကိုင်ကျတာဖြစ်လို့ မတ်လမှာ လက်ဖက်ဖွင့်တဲ့ ရာသီဖြစ်တယ် ဒီတစ်လအတွင်းမှာ လက်ဖက်ခူးဖို့ အခွင့်အရေး မရဘူးဆိုရင် တစ်နှစ်လုံးစာ အတွက် ဒုက္ခခံရဖို့ရှိနေတယ် ဒီအတွက် အစိုးရဖက်ကနေ ထိုးစစ်ဆင်မှုတွေကို ရပ်တန့်ပေးဖို့လိုပါတယ်”ဟု ပြောသည်။


 ရှမ်းပြည်နယ် မြောက်ပိုင်း တအောင်း(ပလောင်)ဒေများတွင် ၂၀၁၁ ခုနှစ်နောက်ပိုင်းမှ စ၍ စစ်ပွဲများဖြစ်ပွားခဲ့ပြီး ပလောင်ပြည်သူလူထု ထောင်ပေါင်းများစွာသည် ပြည်တွင်း စစ်ပြေးဒုက္ခသည်များ ဖြစ်ခဲ့သည်။ ယင်း ပလောင်ပြည်သူလူထုများသည် စစ်ဒဏ်ကြောင့် သတ်ဖြတ်ခြင်း၊ ပေါ်တာဆွဲခြင်း၊ အိုးအိမ်များ ပျက်စီးရခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ အမျိုးသမီးငယ်များ မုဒိန်းကျင့်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ

ယူကရိန်းသမ္မတ ထွက်ပြေးသွားတော့ နန်းတော်ကြီးလို ခမ်းနားလွန်းတဲ့ စံအိမ်တော်ကြီးကို ပြည်သူတွေ လေ့လာနိုင်အောင်လို့ ခွင့်ပြုပေးလိုက်တယ်…


 
ကိုယ်ကျိုးစီးပွါးအတွက် ခရိုနီတွေနဲ့ ပေါင်းပြီး ချမ်းသာနေတဲ့ သမ္မတကို ပြည်သူတွေရဲ့ အားနဲ့ ဖြုတ်ချနိုင်ဖို့ ဆန္ဒပြပွဲတွေ၊ လူထုအုံကြွမှုတွေ၊ သွေးထွက်သံယိုဖြစ်စေမှုနဲ့ လမ်းပေါ်ထွက်ခဲ့ကြတယ်…

ကျုပ်တို့ ပြည်သူတွေအတွက် အတုယူစရာဆိုရင်လည်း မမှားပါဘူး…...
အနာမခံချင်ရင် အသာစံဖို့ အခွင့်အရေးမရှိဘူး…

ကျုပ်တို့ နိုင်ငံအခြေအနေက ယူကရိန်းထက် အဆပေါင်းများစွာ ဆိုးရွားပါတယ်…

ဖွဲ့စည်းပုံ မပြင်ချင်လို့ ပြည်သူတွေကို အမျိုးမျိုး နှိပ်စက်နေတဲ့ အစိုးရဟာ ဖွဲ့စည်းပုံသာ ပြင်လိုက်မယ်ဆိုရင် ခွေးဘဝရောက်တာထက် ဆိုးလိမ့်မယ်ဆိုတာ အာဏာရှင်တွေနဲ့ ခရိုနီတစ်စု သိနေကြလို့လည်း ကျုပ်တို့ ပြည်သူတွေကို ဒီလို မတရားမှုတွေနဲ့ ပြဿနာတွေကို ဖန်းတီးပေးနေခြင်းပဲ ဖြစ်တယ်…

မြင်တတ်ကြပါစေ…
နားလည်တတ်ကြပါစေ…
စစ်အာဏာရှင်ကျွန်ဘဝက လွတ်မြောက်ဖို့ ပြည်သူတွေ ညီကြပါ………

သက်နှင်း သုန္ဒရီ

Monday, February 24, 2014

TNLA တပ်ဖွဲ့ နှင့် အစိုးရတပ်ဖွဲ့ တို့ဆက်လက် တိုက်ပွဲဖြစ်

 
Monday, 24 February 2014
    
တအာင်း အမျိုးသား လွတ်မြောက် ရေးတပ်မတော် (TNLA)မှ ဗျူဟာ (၁) လက်အောက်ခံ တပ်ရင်း (၁၁၂) တပ်ဖွဲ့ နှင့် အစိုးရ ခလရ (၄၅ နှင့် ခလရ ၁၂၃) ပူး ပေါင်း စစ်ကြောင်းတို့ နမ် ခမ်းမြို့နယ် ပန်ဆေး ဒေသရှိပန်ပေး ကျေးရွာ အနီး (နမ့်ခမ်း နမ့်ဖက်ကာ ကားလမ်း မဘေး ) တွင် ယနေ့ ဖေဖော် ဝါရီလ၂၄ ရက် နံနက် ၁၁နာရီ ၄၅ မိနစ် အချိန်တွင် ရင်ဆိုင်တိုက်ပွဲ စတင် ဖြစ်ပွား ခဲ့သည်ဟု TNLA ပြန်ကြား ရေးဌာနက ဆိုပါသည်။

တိုက်ပွဲသည်နေ့လည် (၂)နာရီအထိ လက်နက် ကြီးများ ပစ်ခတ်နေဆဲ ဖြစ်ပါသည်။ တအာင်း တပ်ဖွဲ့တို့သည် ပန်ဆေး ပြည်သူ့စစ်လက် အောက်ခံ ပန်ပေးပြည် သူ့စစ်တို့ စိုက်ပျိုးထား သည့် ဘိန်းခြံများ အား လိုက် လံဖျက်ဆီးစဉ် အစိုးရ တပ်များနှင့်တွေ့ဆုံပြီး ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

နမ့်ခမ်းမြို့နှင့် ၅ မိုင်းခန့်သာ အကွာ အဝေးရှိသည့်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပန်ဆေးကျော်မြင့် အခြေစိုက် သည့်ပန်ဆေး ဒေသတွင် ဘိန်းခင်း ဧက (၃၀,၀၀၀) ကျော်ရှိပြီး တရုတ်လူမျိုးများအများဆုံး စိုက်ပျိုးကြသည်။ ယင်း ဘိန်းခြံများ သည် အစိုးရ တပ်များမှ ကာကွယ် စောင့်ရှောက် ထားပါသည်။ တအာင်း တပ်များသည် အဆိုပါ ဘိန်းခင်း ကို ဖျက်ဆီးရန် စစ်ဗျူဟာ (၁) ကို တာဝန်ပေး ထားပါသည်။

အလားတူ (TNLA) တပ်ရင်း (၂၅၆) တပ်ဖွဲ့သည် အစိုးရ ပူးပေါင်း တပ်ဖွဲ့များ နှင့် ယမာန်နေ့ နေ့လည် တနာရီ (၄၅)မိနစ် မှ (၂)နာရီခွဲ အထိ နမ့်ဆန်မြို့နယ် ရူ မန်းကျေးရွာ အနီးတွင် တိုက်ပွဲဖြစ် ပွား ခဲ့ကြောင်း TNLA ပြန်ကြားရေး ဌာနမှ သတင်း ထုတ်ပြန် ထားပါသည်။

ယင်းတိုက် ပွဲတွင် အင်အား (၁၀၀) ကျော်မည်ဟု ခန့်မှန်းထား သည့် အစိုးရ ခမရ (၁၇) တပ်ဖွဲ့ နှင့် ရှမ်းပြည် မြောက် ပိုင်းနန့်လန် အခြေစိုက် အမှတ်(၁) စစ် ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှ ခမရ ၅၀၅ စစ်ကြောင်း တို့ နှင့်ရင်ဆိုင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ တိုက်ခိုက်ရာ တွင်လည်း အစိုးရ တပ်များသည်

သံလွင်အရှေ့ခြမ်း၌ အစိုးရတပ် နှင့် RCSS/SSA တို့ တိုက်ပွဲဖြစ်

 
၂၄ ဖေဖော်ဝါရီ ၂၀၁၄

သျှမ်းပြည်အရှေ့ပိုင်းမိုင်းတုံမြို့နယ်အတွင်းရှိ တပ်စခန်းအားဖယ်ပေးရန် အစိုးရတပ်တောင်းဆိုမှုကို သျှမ်းပြည်တပ်မတော် RCSS/SSA က လိုက်လျောခြင်းမရှိသောကြောင့် ယမန်နေ့က ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ သည်ဟု RCSS ပြောခွင့်ရ က ပြောပါသည်။

“မိုင်းပန်ကနေ တာ့ဆွပ်ပတ်ကူးတို့ဆိပ်ကူးပြီး တက်လာတဲ့ စစ်ကြောင်း မနေ့က မွန်းလွဲပိုင်း ၃ နာရီ ကနေ ၆ နာရီ အထိ လွယ်လိတ်စီးမှာ တိုက်ပွဲဖြစ်တယ်။ အခုလဲ လွယ်ပန်းတုန်းမှာလဲ နှစ်ဘက် ချိန်နေတယ်” ဟု ပြောခွင့်ရ စိုင်းဆိုင်မိဏ်း ကပြော သည်။

မိုင်းပန်မြို့မှ သံလွင်မြစ်ကူး၍ နယ်စပ်ဘက် ဦးတည်နေသည့် မူးယစ်မှောင်ခိုအဖွဲ့အားတားဆီး ရှင်းလင်းနိုင်ရေးအတွက် ဖေါ်ဖေါ်ဝါရီ ၁၅ ရက်မှ စ၍ စစ်အင်အားဖြည့်လာခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ထိုဒေသအတွင်း အခြေချလှုပ်ရှားနေသော အင်အားများအား ဆုတ်ပေးရန် မိုင်းတုံ ဗျူဟာမှူးက RCSS/SSA တပ်မှူးအား အထက်သို့ တင်ပြပေးပါရန် အကြိမ်ကြိမ် လာရောက်တောင်းဆိုကြောင်း

တအန်းတပ်မတော် ၂၅၆ နှင့် မြန်မာတပ်မတော် (၅၀၅ )စစ်ကြောင်းတိုက်ပွဲတွင် မြန်မာ ၇ ဦးကျဆုံး

 
၂၃ ရက် ဖေဖော်ဝါရီလ ၂၀၁၄ ခုနှစ်

နမ့်ဆန်မြို့နယ်အခြေစိုက် တအန်းတပ်မတော် တပ်ရင်း ၂၅၆ နှင့် မြန်မာတပ်မတော် ခမရ ၁၇၊ ၅၀၅ စစ်ကြောင်းတို့ နမ့်ဆန်မြို့နယ် ရူမန်းရွာအနီးတွင် ဖေဖော်ဝါရီလ ၂၃ ရက် ၁၃း၄၅ နာရီခန့်မှ ၁၄း၃၀ နာရီခန့်ထိ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာဘက်မှ အရာရှိတဦး အပါအဝင် အနဲဆုံး ၇ ဦး ကျဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒါဏ်ရာရရှိခဲ့ကြသည်။

ဖေဖော်ဝါရီလ အစပိုင်းမှစတင်ပြီး မြန်မာတပ်ရင်းစစ်ကြောင်းများ တအာင်းဒေသဖြစ်သည့် နမ့်ဆန်၊ မန်တုံ၊ ကျောက်မဲ၊ မိုင်းလုံ၊ မိုးမိတ်၊ မိုးကုတ်၊ နမ့်ခမ်း၊ ကွတ်ခိုင် ဖက်သို့ ပိုမိုတိုးချဲ့လာပြီး ဆက်တိုက် ပိုက်စိပ်တိုက်

ဒေါ်အောင်ဆန်းစုကြည် မထိန်းပါက ပြည်ထောင်စုပြိုကွဲနိုင်


 ၁။ ဒါက ခြိမ်းခြောက်မှုတစ်ခုမဟုတ်ဘူး။ ဖြစ်လာဖို့ သေချာနေတဲ့ ကိစ္စတစ်ခုပါ။ ဘာကြောင့် ပြောရသလဲဆိုရင် လက်ရှိအချိန်မှာ ပြည်ထောင်စုမဟုတ်ဘူး။ တပြည်ထောင်စနစ်မှာ စစ်တပ်က အတင်းအကြပ်စုစည်းထားလို့ လေအပြည့်ရှိတဲ့ ပူးဖောင်းလေးလို ရပ်တည်နေရတာပါ။ ပေါက်ကွဲလွယ်တယ်။ ပြိုကွဲလွယ်တယ်။

၂။ လူများစုမြန်မာများကို အကောင်းမြင်တဲ့ တိုင်းရင်းသားလူမျိုးတွေ နည်းပါးတယ်။ ဒါလည်း ချဲ့ပြောတာမဟုတ်ဘူး။ ဖွင့်မပြောကြပေမဲ့ သိပ်ကျေနပ်နေကြတာ မဟုတ်ဘူး။ ဒီမကျေနပ်မှုဟာြ...မန်မာများအတွက် တစ်နေ့မဟုတ်တစ်နေ့ အန္တရာယ်ဖြစ်စေနိုင်တယ်။ သူတို့အားလုံး မညီမညွတ်ဖြစ်အောင် စစ်တပ်က ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မှာလဲ။ ထိန်းမထားနိုင်တဲ့တစ်နေ့ ဒါဟာ တန်ပြန်မှုတွေ ဖြစ်လာနိုင်တယ်။

၃။ ဒီအချိန်မှာ ဗမာပြည်နယ်မပါတဲ့ ပြည်ထောင်စုတစ်ခုကို ထူထောင်ကြဖို့ တိုင်းရင်းသားလူမျိုးများက စိတ်ဝင်စားနေကြတယ်။ မိမိလည်း စစ်တပ်က လုံးဝမလျှော့ရင် ဒီအကြံကို ထောက်ခံရမှာပဲ။ ဒါပေမဲ့ တိုင်းရင်းသားလူမျိုးများအားလုံးကို UNFC က မထိန်းနိုင်ခဲ့ရင် United States of Ethnic Nationalities တစ်ခု ဖြစ်မလာဘဲ (၃)ခုလောက် ကွဲထွက်ကုန်မှာ စိုးရတယ်။ မွန်၊ ကရင်၊ ကရင်နီ၊ တနသာင်္ရီကို ပေါင်းပြီး မွန်ကရင်ပြည်ထောင်စုတစ်ခု ဖြစ်လာနိုင်တယ်။ ရှမ်းစော်ဘွားများပြည်ထောင်စု ဖြစ်သွားနိုင်တယ်။ ကချင်၊ တအာင်း၊ ကိုးကန့်၊ ဝတို့က သီးခြားပြည်ထောင်စုတစ်ခု ဖြစ်လာနိုင်တယ်။ ရခိုင်နဲ့ ချင်းကတော့ ဗမာပြည်ထဲမှာ ကျန်နေခဲ့မလား၊ သီးခြားရပ်တည်ကြမလား ပြောဖို့ အချိန်စောသေးတယ်။

သေချာတာတစ်ခုမှာ တိုင်းရင်းသားတွေဟာ အမြဲတမ်း စစ်ရှုံးနေကြမယ်လို့ မထင်ဘူး။ အဲဒီအမုန်းတရားတွေ စုစည်းလာတဲ့တစ်နေ့မှာ လူမျိုးတုံးသုတ်ဖြတ်မှုအချို့ ပြန်ဖြစ်လာဖို့ရှိတယ်။ တပြည်ထောင်လည်း မဖြစ်၊ ပြည်ထောင်စုလည်း မဖြစ် ဖရိုဖရဲဖြစ်သွားနိုင်တဲ့အခြေအနေတစ်ရပ်လည်း ရှိတယ်။

ဒါကြောင့် ပြည်ထောင်စုကို ကယ်တင်ဖို့ဆိုရင် ...

၁။ စစ်မှန်တဲ့ ပြည်ထောင်စုတစ်ခုကို ထူထောင်ပါ။
၂။ တန်းတူတဲ့ အမျိုးသားပြည်နယ်များကို ပြည်ထောင်စုအဖွဲ့ဝင်အဖြစ် လက်ခံပါ။
၃။ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ပေးပါ။

မြန်မာတို့နဲ့ တိုင်းရင်းသားတို့ကြားမှာ ယုံကြည်မှုတည်ဆောက်နိုင်သူဆိုရင် အဖန်ဖန်အခါခါ လိမ်လည်ခဲ့ဖူးတဲ့ စစ်အုပ်စုတွေဟာ အကောင်းဆုံးအနေအထားမှာ ရှိမနေကြပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ခြွင်းချက်အနေနဲ့ သူတို့ ယုံကြပါတယ်။ စစ်အုပ်စုတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ပယ်ပြီး တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်အရှိန်ကို မြှင့်တင်နေခဲ့ရင် ဒါဟာ ပြည်ထောင်စုပြိုကွဲရေးလမ်းစလို့ မြင်ပါတယ်။ ပြည်ထောင်စုကို ကယ်တင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ရှိနေဖို့ လိုတယ်။

 
Ven Ravika(FB)သတင်းစာမျက်နှာမှ

Sunday, February 23, 2014

ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲ ဗဟန်းမှာ ကျင်းပ

ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲ ဗဟန်းမှာ ကျင်းပ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူတွေလိုလားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်လာဖို့ ပြည်ထောင်စု လွှတ်တော်မှာ နေရာအများစုရထားတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေက လွှတ်တော်တွင်းမှာ ၀ိုင်းဝန်းကြိုးပမ်းပေးကြဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းဇေယျာက ဒီနေ့ လူထုဟောပြောပွဲမှာ တိုက်တွန်းလိုက်ပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းမှာ ဒီနေ့ကျင်းပတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရေးဟောပြောပွဲမှာ ကိုမင်းဇေယျာက အခုလို တိုက်တွန်းခဲ့တာပါ။

ဒီနေ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲမှာ လယ်သမားအရေးဆောင်ရွက်သူ ဦးဝင်းချို၊ မင်းဇေယျာ၊ အလုပ်သမား လယ်သမားအရေး ဆောင်ရွက်သူ ကိုဝေလုနဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့က ဦးဆောင်ဟောပြောခဲ့ကြပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အဆိုပြုထားတဲ့ ကြီးလေးကြီး တွေ့ဆုံ ဆွေးနွေးမှုကိုလည်း အမြန်ဆုံးဆောင်ရွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒီဟောပြောပွဲကို ရွှေညဝါဆရာတော် အရှင်ပညာသီဟကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး သဝဏ်လွှာပေးပို့ခဲ့ရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပိုကောင်းမွန်တဲ့ ဥပဒေဖြစ်လာအောင် စိတ်ကောင်းစေတနာကောင်းထားပြီး ပြင်ဆင်ဖို့ အချိန်တန်နေပြီဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

ဗိုလ်စိန်မှန် အားကစားကွင်းမှာကျင်းပတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ကိုပြင်ဆင်ရေး ဟောပြောပွဲကို ရန်ကုန်မြို့ခံ ၅၀၀ နီးပါးတက်ရောက်ခဲ့ကြပြီး အဲဒီဟောပြောပွဲမှာ တက်ရောက်ခဲ့ကြသူတွေက ညနေပိုင်းမှာ ရန်ကုန် တာမွေမြို့နယ်မှာ နိုင်ငံတော်သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉ (ဃ) နဲ့ (စ)ကို ဖျက်သိမ်းပေးဖို့ စီတန်းလှည့်လည် တောင်းဆိုခဲ့ကြပါတယ်။
 
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူတွေလိုလားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်လာဖို့ ပြည်ထောင်စု လွှတ်တော်မှာ နေရာအများစုရထားတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေက လွှတ်တော်တွင်းမှာ ၀ိုင်းဝန်းကြိုးပမ်းပေးကြဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းဇေယျာက ဒီနေ့ လူထုဟောပြောပွဲမှာ တိုက်တွန်းလိုက်ပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းမှာ ဒီနေ့ကျင်းပတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရေးဟောပြောပွဲမှာ ကိုမင်းဇေယျာက အခုလို တိုက်တွန်းခဲ့တာပါ။

ဒီနေ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲမှာ လယ်သမားအရေးဆောင်ရွက်သူ ဦးဝင်းချို၊ မင်းဇေယျာ၊ အလုပ်သမား လယ်သမားအရေး ဆောင်ရွက်သူ ကိုဝေလုနဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့က ဦးဆောင်ဟောပြောခဲ့ကြပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အဆိုပြုထားတဲ့ ကြီးလေးကြီး တွေ့ဆုံ ဆွေးနွေးမှုကိုလည်း အမြန်ဆုံးဆောင်ရွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒီဟောပြောပွဲကို ရွှေညဝါဆရာတော် အရှင်ပညာသီဟကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး သဝဏ်လွှာပေးပို့ခဲ့ရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပိုကောင်းမွန်တဲ့

၂၀၀၈ ဖွဲ့စည်းပုံ လက်မခံကြောင်း ပြည်သူ့ဆန္ဒအမှန် ထုတ်ဖေါ်ကြပြီ......

Saturday, February 22, 2014

သျှမ်းတောင်နှင့် မြောက်ကြားဒေသ အစိုးရတပ် အင်အား တထောင် ခန့်ရောက်ရှိ

 
ဖေဖေါ်ဝါရီ ၂၁ ရက် ၂၀၁၄

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးနှင့် သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်ကြားရှိဒေသသို့ အစိုးရတပ် များ အင်အားဖြည့်တင်းရောက်ရှိလာသည့်အတွက် သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် ထိပ်တိုက် ထိတွေ့မှု ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြပါသည်။

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် မိုင်းအောတ်၊ တောင်ဟျိုးနှင့် တန့်ယန်းမြို့နယ် နမ့်လောဝ်း ၊ ၇ မိုင် ဘက် အစိုးရတပ်များ အခြေချရှိရင်းစွဲ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၇ မိုင်းပန်) လက်ခံတပ်များအပြင် မိုင်းနောင် အခြေစိုက် စကခ ၂ လက်အောက်ခံတပ်များ အင်အားတိုးဖြည့် လာခြင်းဖြစ် ကြောင်း၊ အဆိုပါဒေသအတွင်း တပ်အပြောင်းအလဲလှုပ်ရှားမှုတွင် စုစုပေါင်းစစ်အင်အား ၁၀၀၀ ထက်မနည်း ရောက်ရှိနေကြောင်း စစ်ရေးစောင့်ကြည့်လေ့လာသူများက ပြောသည်။

“ဟုတ်တယ် ကျနော်တို့လဲ သိပါတယ်။ စကခ ၁၇ က ရာဂဏန်းက ရှိနေပြီးသား၊ အဲဒီတပ်တွေ နောက် တန်းပြန်ဖို့ထင်တယ်။ စကခ ၂ က အစားလာထိုးတာဖြစ်နိုင်တယ်။ စစ်ဆိုတာ ယုံလို့တော့မရဘူးလေ။ ဒါ့ကြောင့် ကျနော်တို့ဘက်လဲ စစ်ရေးတော့ အသင့် အနေအထား ရှိနေရလိမ့်မယ်။” - ဟု ဌာနချုပ်အရာ

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးကို ဦးတည်တဲ့ ဘားအံ ညီလာခံကြီးအတွက် နှောင့်နှေး ကြံ့ကြာမှုတွေ ဖြစ်နေပါတယ်။



ပြီးခဲ့တဲ့ လော်ခီးလာ ဆွေးနွေးပွဲတုန်းက တိုင်းရင်းသားအဖွဲ့ ၁၆ ဖွဲ့ သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့ အဆိုပြုစာချုပ်ကို အစိုးရဘက်ဆီ ပေးပို့ထားခဲ့ပြီးတဲ့နောက် အစိုးရဘက်က သဘောထားကို အကြာင်းပြန်ပေးမယ့်ရက်ကို ချိန်းဆိုရာမှာတောင် ရက်တွေ နောက်ဆုတ်ပြီးရင်း ဆုတ်နေတာဖြစ်ပါတယ်။ အခုတော့ လာမယ့် မတ်လ ပထမပတ်မှာ တွေ့ကြမယ်လို့ သိရပါတယ်၊ ရက် အတိအကျရော သိရပါပြီလား၊ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး NCCT အဖွဲ့ဝင် ဦးခွန်ဥက္ကာကို မေးကြည့်ထားပါတယ်။
 
Copy from - BBC

Friday, February 21, 2014

တအာင်း အမျိုးသမီး အဖွဲ့မှ စစ်ပြေး ဒုက္ခသည် အကြပ် အတည်းများ သတင်းစာရှင်းလင်းပွဲ ဖိတ်ကြား

သို့

လေးစားရပါသောခေါင်းဆောင်များ၊ လူကြီးမင်းများနှင့် သတင်းမီဒီယာများ။

၂၅ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၁၄

အကြောင်းအရာ။ ။တအာင်း အမျိုးသမီးအဖွဲ့ အစည်းမှကျင်းပသော ပြည်တွင်း စစ်ပြေး ဒုက္ခသည်များ ၏ အခြေအနေနှ င့်ပတ်သက် သည့်” လျစ်လျူရှုခံ အကြပ်အတည်း“ အစီရင်ခံစာ၏ သတင်းစာ ရှင်းလင်းပွဲ သို့ကြွရောက် ပါရန် ဖိတ်ကြားခြင်း။

အထက်ပါ အကြောင်း အရာနှင့် ပတ်သက်ပြီး တအာင်း အမျိုးသမီး အဖွဲ့အစည်း မှလာမည့်ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၁၄ ခုနှစ် ” လျစ်လျူရှု ခံအကြပ် အတည်း“ အစီရင်ခံ စာကို ရန်ကုန်မြို့တွင်ကျင်းပမည် ဖြစ်ပါသဖြင့် လူကြီးမင်း များအားတက် ရောက်ပါရန် လေးစားစွာဖြင့်ဖိတ်ကြား အပ်ပါသည်။

တအာင်း အမျိုးသမီး အဖွဲ့အစည်း မှ(တအာင်း) ပလောင် ဒေသရှိ ပြည်တွင်း စစ်ပြေး ဒုက္ခသည် များ၏ အခြေအနေ နှင့်ပတ် သက်ပြီး “လျစ်လျူရှု ခံအကြပ် အတည်း” အစီရင်ခံ စာကို ထုတ်ဝေ သွားမည်ဖြစ် ပါသည်။ ထိုအစီရင် ခံစာ ထဲတွင်ပလောင် ဒေသရှိ ပြည်တွင်း စစ်ပြေး ဒုက္ခသည်များ အား တအာင်း အမျိုးသမီး အဖွဲ့ အစည်းမှသွားရောက် တွေ့ဆုံပြီး ထိုဒုက္ခ သည်များ၏ အခြေအနေ အားကိုယ်တိုင် ကိုယ်ကျ သွားရောက် မေးမြန်းလေ့လာခဲ့ ပါသည်။

ထိုပြည်တွင်း စစ်ပြေး ဒုက္ခသည် များသည် ဒုက္ခသည် စခန်းတွင်ကလေးများ ပညာသင်ကြား ခွင့်မရခြင်း၊ အကူအ ညီများ လုံလုံလောက် လောက် မရခြင်း၊ ကျန်းမာရေး ချို့တဲ့မှု များပြီးဆေးဝါး လုံလောက်မှု မရှိခြင်း၊ အလုပ်လက် မဲ့များ ဖြစ်နေခြင်း စသည့် အခြေအနေ များအပြင် မိမိတို့၏နေရပ်သို့ မပြန်နိုင် ဘဲအနာ ဂတ်မဲ့နေကြ ပါသည်။

တအာင်း အမျိုးသမီး အဖွဲ့အစည်းမှယခုပို့ ဆောင်ထား သော ဤအစီ ရင်ခံစာ အကျဉ်းချုပ် နှင့် တောင်းဆို ချက်များ သည်ခေါင်းဆောင်များ၊ လူကြီးမင်းများ၊ မီဒီယာများ ကြိုတင်ဖတ်ရှု ရန်အတွက်ဖြစ်ပြီး၂၅ရက်နေ့တွင် အစီရင်ခံစာကို ထုတ်ဝေဖြန့် ချိမည်ဖြစ် ပါသည်။

ကျင်းပမည့်အချိန်။ ။ ၁၁ နာရီမှ ၁ နာရီအထိ

ကျင်းပမည့်နေရာ။ ။ Royal Rose Restaurant (တော်ဝင်နှင်းဆီစားသောက်ဆိုင်)

NO. ၂၂၁/၂၂၃၊ ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ရန်ကုန် ၁၁၂၀၁၊

 မြန်မာ။ ။ဖုန်း - ၀၁-၅၄၂၇၂၀ ၊ ၀၉-၃၁၄၅၂၇၈၁
ဆက်သွယ်ရန်လိပ်စာ ။ ၀၉၃၃၄၈၆၆၂၃

ငြိမ်းချမ်းရေးကိစ္စ နေပြည်တော်တကယ်ပဲလိုလားရဲ့လား။ ယုံကြည်မှုမရှိကြဟု ကင်တားနားပြော

မန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားမှာ အပစ်ရပ်ရေး ငြိမ်းချမ်း မှုဆွေးနွေးနေသလို တစ်ဖက်မှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် နေပြည်တော်အနေနဲ့ တကယ့် ပူးပေါင်း ဆောင်ရွက်မှု လိုနေတယ်လို့ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောဆိုခဲ့ပါတယ်။
 
၆နှစ်ကြာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လွတ်လပ်တဲ့စုံစမ်းဖော်ထုတ်မှုတွေနဲ့ အစီရင်ခံစာတင်နေပြီး တာဝန်ပြီးဆုံးလို့ နောက်ဆုံးခရီးစဉ်အဆုံးသတ်ချိန်မှာတော့ တိုင်းရင်းသားတွေနဲ့ မြန်မာအစိုးရကြား ယုံကြည်မှုက အဓိကလိုအပ်တာလို့ မစ္စတာ သောမတ် အိုဟေး ကင်တားနားက ဆိုပါတယ်။
 
မြန်မာစစ်တပ်ဟာ ရှေ့တန်းစစ်မျက်နှာမှာ အင်အားတိုးချဲ့မှုနဲ့ မြေယာတွေကို အဓမ္မသိမ်းယူမှုတွေ ဆက်လုပ်နေပြီး ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ပွင့်လင်းမြင်သာမှု အားနည်းလွန်တာကြောင့် တွေ့ ဆုံဆွေးနွေးရေး တကယ်ပဲ လိုလားရဲ့လားလို့ မေးခွန်းထုတ်စရာဖြစ်တယ်လို့ အထူးကိုယ်စားလှယ်က

KIA လိုင်ဇာ ဌာနချုပ် ဧရိယာထဲ သို့ အစိုးရ တပ်ဖွဲ့များ အင်အား ဖြည့်တင်းနေ

အစိုးရ တပ်များ ၏ ယာဉ်တန်းချီတက်နေစဉ်
 ဓါတ်ပုံ - ( KIA)
 
ယမာန်နေ့ မနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ထွက်ခွာသွား သော အစီး တရာခန့်ရှိသည့် အစိုးရ စစ် ယာဉ်တန်း သည် ၀ိုင်းမော် မြို့နယ် ထဲရှိ ကန်တော် ယန်၊နန်ဆန် ယန်နှင့် လိုင်ဇာ ကားလမ်းမ ဘက်သို့ ရောက် ရှိနေသည်ဟု ကချင် လွတ်လပ်ရေး တပ်မတော် (KIA) စစ်ရုံးက ဆိုပါသည်။
 
“ မျက်မြင်တွေ ရဲ့ အပြော ကတော့ အစီးတရာ လောက် ရှိမယ်။ ရိက္ခာတွေ။ တပ်ဖွဲ့တွေ၊ စစ်လက်နက် ခဲယမ်းတွေ ပေါ့ဗျာ တင် လာတာတွေ့ ရတယ် လို့ ပြောကြ တယ်။ ပြီးတော့ ဗန်းမော် လိုင်ဇာ လမ်းကြောင်း ကနေလဲ ကားအစီး (၂၀) ကျော် တက်လာတယ်။ ဆိုတော့ တပ်လဲတာလား။ အားဖြည့်တာလား ဆိုတာ မသဲ ကွဲ သေးပါဘူး။” ဟု ဆိုပါ သည်။
 
ထို့ နည်းတူ မြစ်ကြီးနားမှ ဆွမ်ပရာဘွမ် လမ်းကြောင်း ဘက်သို့ လည်း စစ်ယာဉ်တန်း အစီး(၁၆၀) ကျော် ထွက်ခွာ သွားကြောင်း။ အဆိုပါ ယာဉ်တန်းတွင် သံ ကိုယ် ထည် ဖြင့်ပြုလုပ် ထားသည့် လှေ အစီးပေါင်း (၅၀)ခန့်  ပါကြောင်း ဆို ပါသည်။။
 
အထူးသဖြင့် ကချင်ပြည်နယ် ဖါးကန့်နယ်မြေမှ KIA တပ်ရင်း(၆) ဧရိယာထဲ သို့ လည်းတပ်မ အလိုက်ချီတက် ပြီး အင်အား ဖြည့်တင်းနေ သည်ဟု ဆိုပါသည်။ ဤကဲ့သို့ အစိုးရဖက်မှ စစ်ပြင်ဆင်နေ သည့် အချိန်မျိုး တွင် တရုတ်ကြက် ခြေနီအဖွဲ့ ကလည်း ကချင် ဒုက္ခသည် များကို ကူညီရန် ဒေါ်လာသန်း

Thursday, February 20, 2014

တအာင်းတပ် ၃၆၇ နှင့် မြန်မာတပ် ၅၀၆ တို့ တိုက်ပွဲဆက်

 
၂၀ ဖေဖော်ဝါရီ ၂၀၁၄

တအာင်းတပ်မတော် တပ်ရင်း ၃၆၇ နှင့် မြန်မာတပ်မတော် ၅၀၆ တို့ မန်တုံမြို့နယ် လွယ်ကန်နှင့် ကုန်းယောင်းရွာအကြားတွင် ယနေ့ ညနေ ၁၅း၃၀ နာရီမှ ၁၆း၁၅ နာရီခန့်ထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။

မြန်မာ ၅၀၆ စစ်ကြောင်းသည် မန်တုံမြို့ လွယ်ကန်ကျေးရွာမှ စထွက်ကတည်းက လက်နက်ကြီးများ ဆက်တိုက်ထုပြီး တောင်ပေါ် တောတန်းသို့ တက်လာခဲ့သည်။

ထိုနောက်အသင့်စောင့်နေသော တအန်းတပ်တို့နှင့် ညနေ ၁၅း၃၀ နာရီခန့်တွင်စတင်ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ကြသည်။ နှစ်ဖက် ပစ်ခတ်မှုမှာ မိနစ် ၂၀ ကျော်ခန့် အပြင်းအထန်ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ပစ်ခတ်မှု တဖြေးဖြေးလျော့သွားကာ ၁၆း၁၅ နာရီတွင် လက်နက်ငယ်အသံများတိတ်ဆိတ်သွားခဲ့သည်။

မြန်မာစစ်ကြောင်းမှ တောင်ပေါ်တောတန်းများဆီသို့ လက်နက်ကြီးများဖြင့် ၁၅ မိနစ်ခြားတလုံး ရမ်းသမ်းထုနေဆဲဖြစ်သည်။

နှစ်ဖက်ထိခိုက်ကျဆုံးမှုများမသိရသေးပါ။

လွန်ခဲ့သော ၁၈ ရက်နေ့တွင်လည်း မန်တုံမြို့နယ် နမ့်ပါကျိုင်ရွာအနီးတွင် တအန်းတပ် ၃၆၇ နှင့် မြန်မာတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
P.S.L.F/ T.N.L.A

ဝန်ကြီးအချို့ ယဉ်ကျေးမှုသင်တန်းတက်ရန် ဟံသာဝတီဦးဝင်းတင်မှ တိုက်တွန်း

ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့က အကြမ်းဖက် တိုက်ခိုက်မှုတွေ


ယူကရိန်း နိုင်ငံက ကိယက်ဗ်မြို့တော်မှာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အဆိုးဝါးဆုံး မြင်ကွင်းတွေကို တွေ့မြင်နေရပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီ အတွင်းမှာတင် တိုက်ကြခိုက်ကြတာတွေကြောင့် လူ ၂၅ ဦး သေဆုံးခဲ့ရပါပြီ။ အခု အစိုးရက မြို့တော်အတွင်းက အချက်အခြာ အဆောက်အအုံတွေကို ကာကွယ်ဖို့ လုံခြုံရေးတွေ ထပ်ချထားသလို အတိုက်အခံတွေဘက်ကလည်း ဆက်ပြီး ဆန္ဒပြသွားဦးမှာလို့ ပြောနေကြပါတယ်။ သတင်းဗီဒီယိုကို ကြည့်ရှုနိုင်ပါတယ်။
 
Copy from - BBC

အစအဆုံးနားထောင်ပါ တန်ဘိုးရှိလိုက်တဲ့စကား...

ဆရာညီမင်းညို

တအန်းတပ် ၃၆၇ တပ်ရင်းနှင့် မြန်မာတပ်တိုက်ပွဲတွင် မြန်မာ အနဲဆုံး ၃ ဦးကျဆုံး

 
19 Feb 2014

၁၈ ရက်နေ့ဖေဖော်ဝါရီလ နေ့လည် ၁၂း၁၅ နာရီခန့်တွင် TNLA တပ်ရင်း ၃၆၇ ၏ တပ်ခွဲ (၂) နှင့် မြန်မာ ခမရ (၁၇) နှင့် (၁၁၄) စစ်ကြောင်း တို့ မန်တုံမြို့နယ် အရှေ့ဘက် နမ့်ပါကျိုင်ရွာ အနီးတွင် ပက်ပင်းတိုး ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာဘက်မှ အနဲဆုံး ၃ ဦး ကျဆုံးပြီး အများအပြား ထိခိုက် ဒါဏ်ရာ ရရှိခဲ့ကြသည်။

တအန်းတပ်ဖွဲ့ဝင် တဦး၏ လက်တွင် လက်နက်ကြီးစ ထိမှန်ပြီး ဒါဏ်ရာ ရရှိခဲ့သည်။နှစ်ဘက် ရင်ဆိုင်တိုက်ပွဲမှာ ၁၅ မိနစ်ခန့်တာကြာပြီး နှစ်ဘက်စလုံး တပ်ဆုတ်ကာ တိုက်ပွဲ အဆုံးသတ်ခဲ့ကြသည်။

ထိုထိခိုက်ဒါဏရာရရှိသည့် မြန်မာတပ်ဖွဲ့များကို နမ္မတူမြို့ဘက်သို့ ခေါ်ဆောင်သွားခဲ့သည်။

မြန်မာစစ်ကြောင်းသည် ထိုတောင်ကြောမှ မန်တုံ-နမ္မတူ ကားလမ်းအနီးသို့ဆုတ်ခွာနေရာယူပြီး တအန်းတပ်ဖွဲ့များ ရှိမည်ဟု ယင်တို့ယူဆသည့် တောင်ကုန်းများဆီသို့ လက်နက်ကြီးများ တနာရီခြား တခါ ပစ်ခတ်နေလျှက်ရှိသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
P.S.L.F/T.N.L.A

Wednesday, February 19, 2014

တန်ချိန် ၅၀ လောက်ရှိ ကျောက်စိမ်းတုံး တူးဖေါ်ရ

ကျနော်တို့တွေရဲ့ ဘိုးဘွားပိုင် မြေပေါ်မြေအောက် သယံဇာတ ခံစားခွင့် ဆုံးရှုံးခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီ ..... ပြည်ထောင်စု မပြိုကွဲစေရေး စည်းလုံးညီညွတ်ရေး ကုန်းအော်နေလို့ ရမှာမဟုတ်ဘူး ... ဘိုးဘွားပိုင် သယံဇာတကို ဌာနေတိုင်းရင်းသား အကြိုးတူ ခံစားစံစားခွင့် ပြန်လည်ပေးသင့်ပါပြီ....
 
ကချင် ပြည်နယ် ဖားကန့်မြို့ ဝေခါ ကျောက်မျက် မှော် လုပ်ကွက်မှာ ခန့်မှန်းခြေ အလေးချိန် တန် ၅၀ လောက် ရှိတဲ့ ကျောက်စိမ်း တုံးကြီး တစ်တုံးကို တူးဖေါ် တွေ့ရှိခဲ့ ပါတယ်။

တနိုင်တပိုင် ကျောက် တူးဖော်သူ တွေ တူးဖေါ်ရရှိတဲ့ ဒီကျောက်စိမ်း တုံးကြီးဟာ တနိုင်တပိုင် သမားတွေ တွေ့ခဲ့ ဖူးတဲ့ ကျောက်စိမ်းတွေ ထဲမှာ အကြီးဆုံး လို့ ဆိုရမှာပါ။

ဒီအတုံးကြီးဟာ ကျောက်စိမ်း အရည် အသွေးပါတဲ့ လုံးချော ပုံသဏ္ဍဍန် ရှိတယ်လို့လည်း သိရပါတယ်။

အခုတော့ ဒီကျောက်စိမ်းတုံးကို တွေ့ခဲ့တဲ့ နေရာမှာဘဲ စစ်တပ် အစောင့် အရှောက်နဲ့ အစိုးရက ထိန်းသိမ်း ထားပါတယ်။

သတင်းရင်းမြစ် - ဘီဘီစီ (မြန်မာပိုင်း)

ဘန်ကောက် သပိတ်စခန်းကို ၀င်ရောက်သိမ်းပိုက်ရာက ရဲနဲ့ဆန္ဒပြသူတွေ အဓိကရုဏ်းဖြစ်ပွား

ရဲတစ်ဦး သေနတ်ဒဏ်ရာနဲ့သေဆုံး၊ ထိခိုက်ဒဏ်ရာရ ရဲနဲ့ဆန္ဒပြသူ ၄၀၀န်းကျင်၊ ဖမ်းဆီးထိန်းသိမ်း ခံထားရသူ တရာကျော်ရှိ။ (ဖေဖော်ဝါရီ ၁၈ရက်၊ နေ့လည် ၁း၃၀နာရီ)


အာဏာရှင်တွေကဖျက်ဆီး DKBA ကကယ်တင်..


Post by နိုင်ငံတော်ထိပ်တန်းလျှို့ဝှက်ချက်များ.
(FB)အင်တာနက်သတင်းစာမျက်နှာမှ

Monday, February 17, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်များနှင့် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှခေါင်းဆောင်များ ရှေ့လုပ်ငန်းစဉ်များ ပူးတွဲဆောင်ရွက်နိုင်ရန်အတွက် တွေ့ဆုံစည်းဝေးနေကြစဉ် …. ။

Photo by - The 88 Generation Peace and Open Society.
စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း ၁၂ပါ ပုဒ်မ ၄၃၆ ဖြစ်သော လွှတ်တော်အမတ်အားလုံး၏ ၇၅%ကျော်ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဖြင့် ပြင်ဆင်ရန် အပိုဒ်ခွဲ (က)နှင့် အပိုဒ်ခွဲ (က)တွင် မဖော်ပြထားသော ကျန်ပုဒ်မများကို ပြင်ဆင်ရန် လွှတ်တော်အမတ် အားလုံး၏ ၇၅%ကျော်၏ ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ရမည်ဆိုသည့် အပိုဒ်ခွဲ (ခ)တို့ကို ပြုပြင်ပြောင်းလဲနိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်တို့ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
Copy from - Kamayut Media

(၆၆)နှစ် မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား(တိုကျို)

၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ(၁၆)ရက်။

ချင်းတိုင်းရင်းသားများ အဖွဲ့အစည်း(ဂျပန်) Chin National Community –Japan မှ ဦးစီး၍(၆၆)နှစ် မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ယနေ့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဂျပန်နိုင်ငံ၊တိုကျိုမြို့ နိရှိရှီနာဂါဝ အရပ်ရှိ Shinagawa kuritsu Chushou kigyo Center 3F, တွင် ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားကို ညနေ ၆း၀၀ နာရီတွင် စတင်ကျင်းပခဲ့ပြီး မြန်မာ့အရေးကို စိတ်ဝင်စားသော ဂျပန်လူမျိုး ဧည့်သည်တော်များ၊ တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးမှ ဧည့်သည်တော်များ ၊ ဒီမိုကရေစီ အင်အားစုများတို့ပါ တက်ရောက် အားပေးခဲ့ကြပြီး  ချင်းပြည်နယ်နှင့် ချင်းအမျိုးသားများအတွက် ဆုတောင်းခြင်း အစီအစဉ်ခြင်း အစီအစဉ်နှင့်အတူ နှုတ်ခွန်းဆက်စကား၊ မိန့်ခွန်းပြောကြားသည့် အစီအစဉ်ပြီးသည့်နောက် ရိုးရာယဉ်ကျေးမှု ခေတ်ပေါ်တေးဂီတ နှင့် အကများတို့ဖြင့် တင်ဆက်ဖျော်ဖြေခြင်း၊ ချင်းရိုးရာ ဝတ်စားဆင်ယင်မှု ဖက်ရှင်ပြသခြင်း အစီအစဉ်များကို ပြုလုပ်ခဲ့ပြီးသည့်နောက်  တက်ရောက်လာသော ပရိသတ်များနှင့်အတူ ချင်းရိုးရာ စုပေါင်းအက ပါဝင်ကခဲ့ကြပြီးနောက် ချင်းရိုးရာ အစားအသောက်ဖြင့် ပြန်လည်ဧည့်ခံကာ ည ၉း၀၀ နာရီတွင် အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

သတင်းမှတ်တမ်း။ ။Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ။ Lian Khan Sum

သတင်းမှတ်တမ်း ဓါတ်ပုံကို ၀င်ရောက်ကြည်ရှု့နိုင်ပါသည် 

Sunday, February 16, 2014

ဘာ့ကြောင့်ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ လိုသလဲ

((သမိုင်းဆိုသည် ဖုံးဖိရုံဖြင့်မကွယ်ပျောက်))
 
ပြည်ထောင်စုမြန်မာနိုင်ငံတွင် တိုင်း ၇ တိုင်းခေါ်ဗမာပြည်နယ်နှင့် ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မွန်၊ရခိုင် ပြည်နယ်တို့ စုပေါင်းဖွဲ့စည်းထားပါသည်။

လွတ်လပ်ရေးကို တိုင်းရင်းသားပေါင်းစုံ ကြိုးပမ်းအားထုတ်၍ အရယူခဲ့ကြသည်။ လွတ်လပ်ရေး ရယူပြီးချိန်မှစ၍ ပြည်ထောင်စုဗဟိုအာဏာကို လူများစုဖြစ်သည့် ဗမာလူမျိုးတို့ အများဆုံး ကိုင်တွယ် ကျင့်သုံးပါသည်။ နောက်ပိုင်းတွင်တော့ ပြည်ထောင်စု ဗဟိုအာဏာကို ဗမာပြည်သူတွေပင် လက်မခံသည့် အာဏာရှင်တစ်ဦး (ဝါ) တစ်စုထံ ဆင်းသက် ကျရောက်ခဲ့ရသည်။

လွတ်လပ်ရေးမရမီ အချိန်ကာလက တောင်တန်းဒေသသည် မြန်မာပြည်၏ အစိတ်အပိုင်း မဟုတ်ခဲ့ပါ။ မြန်မာသမိုင်းအရ ရှေးအခါ ပုဂံမင်းနိုင်ငံ၊ အင်းဝမင်းနိုင်ငံ၊ စသည် မင်းနိုင်ငံများသာရှိ၍ မြန်မာနိုင်ငံ Burma ဟူ၍မရှိခဲ့ချေ။ ရှမ်း၊ ကချင်၊ ချင်းအကြီးအကဲများသည် ယင်း မင်းနိုင်ငံ မြန်မာဘုရင်များ၏ သြဇာခံများသာ ဖြစ်ခဲ့ကြသော သီးခြား ကင်းလွတ်သည့် နယ်မြေဒေသများဖြစ်သည်။ အချုပ်အခြာ အာဏာ လုံးဝမဆုံးရှုံးပဲ ပဏ္ဏာသ ဒေသများသာ ဖြစ်ခဲ့ကြသည်။

၈၈၅ ခုနှစ် သီပေါဘုရင် ပါတော်မူ၍ မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ကြောင်း အင်္ဂလိပ်ဘုရင်မ၏ ထုတ်ပြန်ကြေညာချက်တွင် မြန်မာပြည် Burma ဟူ၍ မဖော်ပြခဲ့။ ယခင် သီပေါမင်း အုပ်ချုပ်ခဲ့သော ဒေသများဟူ၍ ကွဲပြားစွာ ရေးသားသုံးနှုန်းခဲ့သည်။

၁၉၃၅ ခုနှစ် အောက်မြန်မာပြည် အက်ဥပဒေ ထုတ်ပြန်ကြေညာသည့်အခါမှသာ မြန်မာနိုင်ငံ Burma ဟု တိတိကျကျ သုံးစွဲလာသည်။ မြန်မာဘုရင် တိုက်ရိုက်အုပ်ချုပ်သော နယ်မြေနှင့် သွယ်ဝိုက်၍ အုပ်ချုပ်ခဲ့သော နယ်မြေဟုကွဲပြားလာသည်။ ထိုသွယ်ဝိုက်၍ အုပ်ချုပ်သော နယ်မြေများသည် မြန်မာဘုရင်၏ သြဇာခံမျှသာဖြစ်၍ အချုပ်အခြာ လုံးဝလက်မလွတ်သေးသော ဒေသများဖြစ်သည်။

အင်္ဂလိပ်လက်အောက်တွင်လည်း ၎င်းနယ်မြေများကို သွယ်ဝိုက်အုပ်ချုပ်ရေး စနစ်အရသာ အုပ်ချုပ်သည်။ ထိုကြောင့်လည်း ဒုတိယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရန်အတွက် မြန်မာပြည်မကို စက္ကူဖြူစီမံကိန်း White Paper အရ၎င်း၊ တောင်တန်းဒေသများကို တောင်တန်းဒေသ အုပ်ချုပ်ရေးဥပဒေ Frontier Area' Administration ဖြင့်၎င်း၊ သီးခြား အုပ်ချုပ်လာခြင်းဖြစ်သည်။

ထို့ကြောင့် ထိုအချိန်တွင် မြန်မာပြည်မနှင့် တောင်တန်းဒေသများသည် တသီးတခြား ဖြစ်ကြောင်း ထင်ရှားပေသည်။ အချို့မြန်မာ ခေါင်းဆောင်များ (အာဏာရှင်ဆန်ချင်သူ)က ရှမ်း၊ကချင်၊ချင်း စသောတောင်တန်းသားတို့သည် ၎င်းတို့ပေးမှ လွတ်လပ်ရေး ရမည့်သဘောများရှိနေကြောင်း တွေ့နေရပေသည်။

အမှန်မှာ ပြည်နယ်များသည် မြန်မာကပေး၍ ရသည့်ပြည်နယ်များမဟုတ်ကြပါ။ သမိုင်းဆိုသည်မှာလည်း ဖုံးဖိနိုင်ရုံမျှဖြင့် မကွယ်ပျောက်နိုင်ပါ။

Sai Myo Zin(FB) သတင်းစာမျက်နှာမှ

(၆၇)ကြိမ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနား တိုကျို။


၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ (၉)ရက်။

(၆၇)ကြိမ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ်  အခမ်းအနားကို တိုကျို Toshima-ku,Ikebukuro အရပ်ရှိ အကယ်ဒမီ Hall မှာညနေ ၁း၃၀ နာရီ မှ ၅း၃၀ အထိ  ဂျပန်နိုင်ငံရောက် ပုညဂါရီမွန်အမျိုးသားအဖွဲ့မှ ဦးစီးကျင်းပ ပြုလုပ်ခဲ့ကြပြီး ဖျော်ဖြေရေးအစီအစဉ်နဲ့ မွန်ရိုးရာအစားအစာများ စုံလင်စွာ ကျွေးမွေးဧည့်ခံခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum/ Ko Thar Htet

အောက်ပါလင့်တွင်လဲ မှတ်တမ်းပုံ ၀င်ရောက်ကြည့်ရှု့နိုင်ပါသည်။

https://plus.google.com/photos/105844691991013069656/albums/5980991114383321425

https://www.facebook.com/kotharhtet/media_set?set=a.633164556748475.1073741860.100001648083022&type=1

Saturday, February 15, 2014

Feb 7- 2014 ဗမာအစိုးရတပ် မှ KIA တပ်ရင်း(၁၂)နယ်မြေ နန်ဂေါင်ကျေးရွာအား ၀င်ရောက်တိုက်ခိုက်မှု တိုက်ပွဲမှတ်တမ်း

အကြိမ်ကြိမ်ညှိနှိုင်း တွေ့ဆုံနေကြတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ စရွက်ပေါ်မှာပဲလားဗျား.....


ကချင်ပြည်နယ် တကျော့ပြန် ထိုးစစ်ပြင်းထန်လာ ... (BBC)


ကြံ့ဖွတ်ဒုဥက္ကဌ - ၂ သူရဦးအေးမြင့်သို.

 
++++ကျမကိုယ်စားပြောပေးပါ++++++
-----------------------------------------------------------------
ကျမ မြက်တစ်ပင်မစိုက်ဖူးဘူး
ကျမ စစ်မတိုက်ဖူးဘူး။...
ကျမ ကြက်ဆူပင်လဲ မစိုက်ဖူးဘူး။

ဘယ်သစ်တောတွေမှ လဲရောင်းမစားဖူးဘူး။
ဘယ်တိုင်းရင်းသားတွေကိုမှ စစ်မခင်းခဲ့ဖူးဘူး။
ဘယ်ညီအကိုတွေကိုမှ မသတ်ခဲ့ဖူးဘူး။

ဘယ်လယ်တွေကိုမှ မတရားမသိမ်းခဲ့ဖူးဘူး။
ဘယ်အိမ်ကိုမှ ဘူဒိုဇာနဲ့ ထိုးမဖျက်ခဲ့ဖူးဘူး။
ဘယ်တောင်တွေကိုမှလဲ ရောင်းမစားခဲ့ဖူးဘူး။
ဘယ်မြစ်ကိုမှလဲ ထိုးမအပ်ခဲ့ဖူးဘူး။

ဘယ်သုံ့ပန်းကိုမှ ခေါင်းသေနတ်နဲ့တေ့မပစ်ဖူးဘူး။
ဘယ်အကျဉ်းသားကိုမှ မနှိပ်စက်ဖူးဘူး
သတ်လဲမသတ်ဖူးဘူး။

ညီအကိုအချင်းချင်းသတ်တဲ့ပွဲမှာ
ဆုတံဆိပ်တွေ ကျမ မရခဲ့ဖူးဘူး။

ကျမကိုယ်မှာ ဘာဒါဏ်ရာမှ မရှိခဲ့ဖူးဘူး။
ကျမရင်ထဲမှာ ဒါဏ်ရာတွေအများကြီးရှိတယ်။

ကျမအဖေရဲ့ ကိုယ်မှာ
သေနတ်ဒါဏ်ရာ ၁၃ ချက်ရှိတယ်။
လွတ်လပ်ရေးအတွက် မှန်ခဲ့တဲ့ ကျည်ဆန်တွေလေ။

ကျမလို အဖမဲ့ဘ၀ ရှင်နေဖူးလား
ကျမလို နိုင်ငံနဲ့အဝေးမှာ အနှင်ခံဘ၀နဲ့
နေခဲ့ဖူးလား
ကျမလို မိသားစုနဲ့ခွဲပြီး ရှင်နေခဲ့ဖူးလား။

ကျမလို တစ်ယောက်ထဲ
ဘာလက်နက်မှ မပါဘဲ ရှင်နေခဲ့ဖူးလား။
လက်ထဲမှာ သေနတ်ကိုင်လို့ သေနတ်မှန်တာဆန်းသလား။

ကျမရခဲ့တဲ့ဆုတံဆိပ်တွေက
ကမ္ဘာကပေးတာ အာဏာရှင်က ပေးတာမဟုတ်ဖူး။
အမုန်းစစ်ခင်းလို့ ရခဲ့တာမဟုတ်ဖူး
မေတ္တာတံတားခင်းလို့ ရခဲ့တာပါ
ကိုယ်ချင်းစာတံတားခင်းလို့ ရခဲ့တာပါ ။

ကျမရွာကို ကျမချစ်တယ်။
ကျမနိုင်ငံကို ကျမပိုချစ်တယ်။

ရေးသားသူ- ကိုဝင်းအောင်(ဇီးကုန်း)


Kyaw Swar Myint(FB)သတင်းစာမျက်နှာမှ

ကြံ့ဖွတ်ဒုဥက္ကဌ - ၂ သူရဦးအေးမြင့်

ကြံ့ဖွတ်ဒုဥက္ကဌ - ၂ သူရဦးအေးမြင့်သို.

ကြံ့ဖွတ်ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ပြောစကား


Kyaw Swar Myint(FB)သတင်းစာမျက်နှာမှ

Friday, February 14, 2014

နိုင်ငံခြား သတင်းသမား ပြည်ဝင်ခွင့်ဗီဇာ ဦးသိန်းစိန် အစိုးရ ပြန်ကန့်သတ်ပြီ

သတင်းလွတ်လပ်ခွင့်, မီဒီယာ, ပြန်ကြားရေး, ဦးရဲထွဋ်
မီဒီယာ လွတ်လပ်ခွင့် အတွက် ရန်ကုန်တွင် သတင်းသမား ဇန်န၀ါရီလဆန်းပိုင်းက ဆန္ဒပြကြစဉ်
(ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
 
သမ္မတဦးသိန်းစိန်အစိုးရက နိုင်ငံခြား သတင်းထောက်များ မြန်မာပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးရာတွင် ကန့်သတ် ပိတ်ပင်မှုများ ပြုလုပ်လာခြင်းကြောင့်  ရန်ကုန်အခြေစိုက် နိုင်ငံတကာ သတင်းဌာနများမှ နိုင်ငံခြား သတင်း ထောက် တချို့မှာ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာနေရပြီဖြစ်ကြောင်း သတင်းရရှိသည်။
 
အစိုးရသည် နိုင်ငံခြားသတင်းထောက်များအတွက်  ပြည်ဝင်ခွင့် အများဆုံး ၆ လအထိ ခွင့်ပြုခဲ့သည့်အပြင် ဗီဇာသက်တမ်း တိုးခြင်းကို ရန်ကုန်မြို့တွင်ပင် ဆောင်ရွက်ပေးခဲ့ရာမှ ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်၍ ပြည်ဝင်ခွင့်ဗီဇာ မူဝါဒကို ရုတ်တရက် တစုံတရာ ထုတ်ပြန်ကြေညာခြင်းမပြုဘဲ ပြောင်းလဲ ကန့်သတ်မှုများပြု လုပ်လာကြောင်း၊ အစိုးရ၏ ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်လိုက်မှုကြောင့် နိုင်ငံခြား သတင်းထောက်များသည် ပြည်ဝင်ခွင့်ဗီဇာ ၂ ပတ်သာရရှိမည် ဖြစ်ပြီး  ဗီဇာ သက်တမ်းတိုးခြင်းကိုလည်း ပြည်တွင်းတွင် ဆောင်ရွက်ခွင့်မပြုတော့ကြောင်း သိရှိရသည်။
 
ယခင် စစ်အစိုးရသည် နိုင်ငံခြားသတင်းထောက် ပြည်ဝင်ခွင့်ဗီဇာ အထူးကန့်သတ်ပိတ်ပင်မှုများ လုပ်ဆောင်ခဲ့ပြီး ဒီမိုကရေစီဖော်ဆောင်နေပါသည်ဆိုသော သမ္မတဦးသိန်းစိန်အစိုးရသည်လည်း ယခင် စစ်အစိုးရ နည်းလမ်းများ ပြန်လည် ကျင့်သုံးလာခြင်းဖြစ်သည်ဟု သတင်းမီဒီယာအသိုင်းအ၀ိုင်းက သုံးသပ်ကြပြီး ယင်းသို့ဗီဇာ ကန့်သတ်မှုတွင် ပြန်ကြားရေး ၀န်ကြီးဌာန၏ ပြောင်းလဲလိုက်သော မူဝါဒများကြောင့် ဖြစ်သည်ဟု သမ္မတ ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ် ၊ ပြန်ကြားရေး ဒုတိယ၀န်ကြီး လည်းဖြစ်သူ

Thursday, February 13, 2014

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

ငထက်ဖျားကြီး ဦးအောင်သောင်းမိသားစုနဲ့
ပြည်သူ့ဘဏ္ဍာသိုက်ဖောက်ခိုးသူများ။
ဦးအောင်သောင်း, နေအောင်, ပြည်အောင်, IGE, လာဘ်ပေးလာဘ်ယူ, စီးပွားရေး
 စစ်အစိုးရလက်ထက် နာမည်ဆိုး အထွက်ဆုံး ဝန်ကြီးဖြစ်ခဲ့သူ ဦးအောင်သောင်း
(သရုပ်ဖော်ပုံ – စိုင်းစိုးကြည် / ဧရာဝတီ)
ဆယ်စုနှစ်များစွာကြာ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်လိုက်ပြီးနောက် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းဝင် သွားသည်နှင့် ပြောင်းပြန်အချိုးညီစွာ ချမ်းသာကြွယ်ဝပြီး ကျန်ရစ်ခဲ့သူများတွင် ခရိုနီများနှင့်အတူ ဝန်ကြီးဟောင်း၊ စစ်ဗိုလ်ချုပ်ဟောင်းများလည်း ပါဝင်သည်။
 
ပြည်သူများ၏ လက်ထဲမှ ခိုးယူခံရသည့် မြန်မာပြည်၏ သဘာဝ သယံဇာတများမှ ရရှိသော အကျိုးအမြတ်များ၊ မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းကြီးများသည် ခရိုနီများ၏ အိတ်ထဲတွင် ရှိနေသည်ဆိုပါလျှင် ယင်းမှာ စုစုပေါင်း၏ ထက်ဝက်ဖြစ်နိုင်ပြီး ကျန်ထက်ဝက်မှာ ဝန်ကြီးဟောင်း၊ ဗိုလ်ချုပ်ဟောင်း ခရိုနီ မိသားစုများ၏ အိတ်ထဲတွင် ရှိနေပေသည်။
 
စစ်အစိုးရလက်ထက် ဝန်ကြီးများအနက် အချမ်းသာဆုံးဟု သတ်မှတ်ခံရသူများတွင် စက်မှု (၁) ဝန်ကြီးဟောင်း ဦးအောင်သောင်းနှင့် မိသားစုဝင်များလည်း ပါဝင်သည်။
 
ဦးအောင်သောင်း၏ ဇနီးမှာအထက်တန်းပြ ဆရာမ အငြိမ်းစား ဒေါ်ခင်ခင်ရီဖြစ်ပြီး သားသမီးများမှာ ဗိုလ်မှူးကြီး မိုးအောင်၊ စီးပွားရေး လုပ်ငန်းရှင် ဦးနေအောင်၊ ဒုဗိုလ်မှူးကြီး ပြည်အောင်၊ စီးပွားရေး လုပ်ငန်းရှင် ဒေါ်ခင်ငုရည်ဖြိုး တို့ဖြစ်သည်။ ဦးအောင်သောင်းရော စီးပွားရေး လုပ်ငန်းရှင် သူ့သားများပါ အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှု စာရင်းသွင်းခြင်း ခံထားရသည်။
 
ဦးအောင်သောင်း တန်ခိုးထွားစဉ်ကဆိုလျှင် ပရောဂျက်တခု ရရှိရေးအတွက် လာဘ်ငွေကို သူ့ကို သာမကသူ၏ ကိုယ်ရေးအရာရှိ နှစ်ဦးကိုပါ ပေးရသည်ဟု  ကိုယ်တိုင်ကြုံရသည့် စီးပွားရေးသမားများက ပြောကြသည်။ ကြီးမားသော စက်ရုံကြီးတခု ခွင့်ပြုမိန့်ရရှိရေးအတွက် ဦးအောင်သောင်း၏ ကိုယ်ရေးအရာရှိနှစ်ဦးကို သိန်း ၄ ထောင် လာဘ်ထိုးခဲ့ရသည်ဟု စီးပွားရေးသမား တဦးကဆိုသည်။ လာဘ်ပေးလာဘ်ယူ မလုပ်လိုဘဲ လမ်းရိုးလမ်းစဉ်အတိုင်း စီးပွားရေး အခွင့်အလမ်း တောင်းခံသူများကိုမူ

ကေအိုင်အေ စခန်းတစ်ခုကို အစိုးရတပ် သိမ်းပိုက်

 
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ ဂျာအင်ယန်ကျေးရွာအနီးမှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေအကြား ဒီနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပြီး KIA တပ်ရင်း ၁၈ ရဲ့ ခါအူ ရှေ့တန်းတပ်စခန်းကို အစိုးရတပ်တွေက သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။

အဲဒီ ဂျာအင်ယန်ကျေးရွာအနီးမှာ ဒီနေ့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအကြောင်း မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်နဲ့ မြန်မာငြိမ်းချမ်း...
ရေးစင်တာ MPC က တာဝန်ရှိသူတွေကို အကြောင်းကြားထားပြီးဖြစ်ကြောင်းနဲ့ အခြေအနေ ပိုတင်းမာလာနိုင်ကြောင်း မြစ်ကြီးနားမြို့အခြေစိုက် ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောပါတယ်။

“ခမရ ၁၆၁ နဲ့ ခမရ ၄၂ တပ်ရင်းနှစ်ရင်းက အင်အားနှစ်ကြောင်းနဲ့ လာတိုက်တော့ ကျနော်တို့ဘက်ကနေ ဖယ်သိမ်းလိုက်ပြီ၊ ဒီအကြောင်းကို ကျနော်တို့ MPC ကိုလည်း သတင်းပို့ထားပြီ၊ မြောက်ပိုင်းတိုင်းကိုလည်း သတင်းပို့ထားတယ်၊ အခြေအနေက ပိုပြီးတော့ တင်းမာလာနိုင်ခြေရှိတယ်၊ ဒီလိုမျိုး ပြည်ထောင်စုနေ့

Wednesday, February 12, 2014

မြန်မာအစိုးရနဲ့ ထိုင်းအစိုးရတို့ ကျူးကျော်နေထိုင်ရတဲ့ မိသားစုတွေကို ဖြေရှင်းတဲ့ပုံစလေး နှိုင်းယဉ်ထားတဲ့ သုံသပ်ချက်ပါ....

ထိုင်းနိုင်ငံမှ ကျူးကျော်ရပ်ကွက်ပုံပါ
 
ိုင်းတနိုင်ငံလုံးရဲ့ ရထားဘူတာအနီးနား ရထားသံလမ်းနံဘေးတွေမှာ မြို့ကြီးပြကြီးတိုင်းလိုလို ကျူးကျော်ရပ်ကွက်ရှိတယ် ဘန်ကောက်ကို တခြားနယ်တွေမှရထားစီးပြီးလာရင် ဟွာလန်ဖုံဘူတာနား ရောက်ပြီဆိုတာနဲ့ ရထားသံလမ်းနဘေးမှာ ကျူးကျော်ရပ်ကွက်တွေကို မြင်ရမှာဖြစ်တယ်....
 
ထိုင်းအစိုးရအဆက်ဆက်မှာ သူ့လူမျိုးတွေရဲ့ အိမ်မြေပိုင်မရှိဘဝတွေ... ကျူးကျော်နေထိုင်ရတဲ့ မိသားစုတွေကို နည်းမျိုးစုံ...နဲ့ ဖြေရှင်းပေးနေပါတယ်....ဘန်းအူးဟအာထွန်(บ้านเอื้ออาทร) တန်ဖိုးနည်းအိမ်ယာစီမံကိန်းတွေ ဆောက်လုပ်ပေး နှစ်(၂၀)အထိအချိန်ပေး လစဉ်အရစ်ကျသွင်းစံနစ်နဲ့ လူတိုင်းကို ကိုယ်ပိုင်အိမ်ရှိလာအောင် တဖြည်းဖြည်းနဲ့ဖြေရှင်းပေးနေပါတယ်.....
 
တခေတ်တခါကမှ ကျူးကျော်တွေကို မြန်မာပြည်က ခွေးတိရိစ္ဆာန်ထက်ယုတ်ညံ့တဲ့ စစ်အာဏာရှင်တွေလို ဘူဒိုဇာနဲ့ဖြိုဖျက်ပြီး နှင်မထုတ်ပါ.... သူတို့ ဘူဒိုဇာနဲ့ဖြိုဖျက်ပြီး နှင်ထုတ်တာမျိုးရှိတယ်...ဆင်းရဲသားတွေကို မဟုတ်ပါ...ငွေရှင်ကြေးရှင်တွေ ဒေသဆိုင်ရာအာဏာပိုင်နဲ့ဂွင်ရိုက်ပြီး သဘာဝဘေးမဲ့တောကို ကျူးကျော် Resort တွေဝင်ဆောက်ထားတာမျိုးကို သစ်တောဋ္ဌာန၊စစ်တပ်တွေနဲ့ ပူးပေါင်းပြီး ဥပဒေနဲ့အပြတ်ကိုင်တာ..ထိုင်းနိုင်ငံသားမဟုတ်တဲ့....နောက်တမျိုးက တိုင်းတပါးသားလို့သတ်မှတ်သူတွေကို ထိုင်းမြေကြီးပေါ်မှာ အိမ်ဆောက်/ရွာတည်ပြီး နေထိုင်ခွင့်မပေးပါ..ချက်ချင်း စစ်တပ်မှလာဖျက်ပါတယ်...
 
ဥပမာ ၎င်းတိုမှ ထိုင်းနိုင်ငံသားအဖြစ်လက်မခံ လာအိုနိုင်ငံသားဟုသာသတ်မှတ်ထားတဲ့(မြန်မာမှာဆို ရခိုင်ပြည်နယ်မှဘင်္ဂလီတွေလို) မုံးလူမျိုးတွေ ရွာတည်ပြီးနေထိုင်တာ ချက်ချင်းဖျက်ခိုင်းပါတယ်....
--------------------
မြန်မာပြည်မှာတော့ ထိုင်းနဲ့ပြောင်းပြန်ပါ......လက်ရှိ သမီးကလေးကျေးရွာအပါဝင် ယခင်အချိန်က ကျူးကျော်ဟုအမည်တပ် ဖျက်ဆီးခဲ့တဲ့အိမ်ယာတွေကို မြင်မိပြီး...လက်ရှိအုပ်ချုပ်နေတဲ့ စစ်အာဏာရှင်တွေဟာ မြန်မာလူမျိုးမှ ဟုတ်ပါရဲ့လား...လူမှဟုတ်ပါရဲ့လားလို့ထင်မြင်မိပါတယ်....
 
Boon Myo Myo(FB) သတင်းစာမျက်နှာမှ

"ပင်လုံကို ချစ်ပါ"

"ပင်လုံကို ချစ်ပါ" 
==========
(by-Z.H.G)

'နိဒါန်း' 
ကတိသစ္စာတည်မြဲမှုသည် လူတစ်ယောက်၏ တန်ဖိုးပင်ဖြစ်သည်။ ကတိဆိုရာမှာလဲ အမျိုးမျိုးကွဲသေးသည်။ နှုတ်ကတိ စာကတိ နားလည်မှုကတိ။ မြန်မာနိုင်ငံ၏ လတ်တလော နိုင်ငံရေး၊ လူမျိုးရေး ပြသာနာအားလုံးမှာ ကတိမတည်မှုကြောင့် ဖြစ်ခဲ့ရသည့် ဖြစ်နေရသည့် ပဋိပက္ခဖြစ်သည်ဟု ဆိုသော်လွန်အံ့မထင်။ ရွေးကောက်ပွဲပြီးလျင် စစ်တန်းလျားပြန်မယ် ဆိုသောကတိ။ ဒီကတိကို မတည်နိုင်သောကြောင့် တင်းမာမှုတွေ ဖြစ်ကုန်ကြသည်။ ကတိပေးသူက ပေးပြီး ဖောက်ဖျက်သူက မရှက်မကြောက်ဖောက်ဖျက်ခဲ့ကြသည်။ ကတိပေးသူက မပိုင်နိုင်ဘဲ၊ အားလုံးကို ကိုယ်စားမပြုနိုင်ဘဲ မိမိတစ်ဦးတည်းသဘောဖြင့် ကတိကြွံခဲ့သဖြင့် နောက်ကွယ်မှလူများ၏ မျက်နှာအိုးမဲသုတ်ခြင်း ခံရသည်ဟုသာ အကြမ်းဖျင်းမှတ်ယူထားရပေမည်။ ပြန်ဆန်းစစ်ကြည့်ကြပါစို့။ မြန်မာနိုင်ငံရေးသမိုင်းတွင် ကတိသစ္စာဖောက်ဖျက်မှုသည် ဤအဖြစ်အပျက်မတိုင်မီ နှစ်ပေါင်းများစွားကတည်းကပင် ရှိခဲ့ပေပြီ။ ပင်လုံကတိက၀တ် ချိုးဖောက်မှုပင်။ 

ဗိုလ်ချုပ်အောင်ဆန်းတည်ဆောက်ခဲ့သော၊ မျှော်မှန်းခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံ၏ အနာဂတ်ကို သစ္စာဖောက်ခြင်းဖြစ်သည်။ တစ်နည်းဆိုသော ဗိုလ်ချုပ်အောင်ဆန်းကို သစ္စာဖောက်ခြင်းဖြစ်သည်။ ကချင်အပါအ၀င် တိုင်းရင်းသားများက ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည်သည်။ လေးစားသည်။ ဗိုလ်ချုပ်အောင်ဆန်းကလဲ ရိုသားသော ဗမာလူမျိုးတစ်ဦးပီပီ ဖြောင့်မတ်သည်။ သို့သော် နောက်ကွယ်မှ သဘောထားသေးသိမ်သည့် အမြင်ကျဉ်းမြောင်းသည့် ဗမာခေါင်းဆောင်တစ်ချို့က ဗိုလ်ချုပ်မျက်နှာ အိုးမဲသုတ်သည်။ အသက်ထက် ကတိကို တန်ဖိုးထားတတ်သည့် ဗမာတို့အတွက် ဗိုလ်ချုပ်အောင်ဆန်းသည် ကတိက၀တ်ချိုးဖောက်သူပမာ အထင်ခံရစရာဖြစ်နေသည်။ ဗိုလ်ချုပ်ကို ချစ်သူတိုင်း သတိပြုဆင်ခြင်စရာပင်။ 'ဗိုလ်ချုပ်က ဘာတွေမျှော်မှန်းပြီး ဘာတွေ ကတိပေးခဲ့ပါသလဲ' ကချင်နှင့် တိုင်းရင်းသားများအရေး ပြောလျှင် သမိုင်းနှင့် ပင်လုံကို မပြော၍မဖြစ်။ ဒါတွေက အသက်ဖြစ်သည်။ သမိုင်းတလျှောက် တိုင်းရင်းသားများနှင့် ဗမာ တကယ်က သူ့အောက်ရောက်လိုက်၊ ကိုယ့်အောက်ရောက်လိုက်၊ သီးခြားလွတ်လပ်သွားလိုက်၊ ဘုရင့်တပ်များက သွားရောက် တိုက်ခိုက်လုယက်လိုက်၊ ဖြစ်နေသည်သာရှိသည်။ ဘာမှမထူးဆန်း၊ ရိုးမယ်ဖွဲ့စရာမလို။ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်အူတုံဆင်း ညီရင်းအစ်ကို ဆိုတာတွေနှင့် ဗာရာဏသီချဲ့စရာမလို။ ပထမ၊ ဒုတိယ၊တတိယ စသည် မြန်မာနိုင်ငံကြီးတွေအကြောင်းလဲ ခဏခဏပြောကြသည်။ ဒီလိုသာ ပြောကြေးဆိုလျှင် အယုဒ္ဒယ၊ ဇင်းမယ်၊ အာသံ၊ မဏိပူရ စသည်တို့ပါ မြန်မာနယ်နိမိတ်အတွင်း သက်ဆင်းခဲ့ရဖူးသည့်အတွက်၊ ၄င်းတို့ကိုပါ တစ်မြေတည်းနေ တစ်ရေတည်းသောက် တိုင်းရင်းသား ညီအစ်ကိုတွေအဖြစ် သွတ်သွင်းသိမ်းပိုက်သင့်သည်။ မြန်မာနယ်နိမိတ်အတွင်း သက်ဆင်းဖူးသည့်နယ်ပယ် အချင်းချင်းတွင် လက်ရှိပြည်နယ်များကိုတော့ တိုင်းရင်းသားများဟု သတ်မှတ်ပြီး.. အထက်ပါတိုင်းပြည်နှင့် လူမျိုးများကိုမူ တစ်ချိန်က မြန်မာတိုင်းရင်းသားဖြစ်ခဲ့ဖူးကြောင်းပင်မဖော်ပြဘဲ လက်နက်နိုင်ငံတော်နယ်ပယ်အဖြစ်သာ ဖော်ပြထားသည်မှာ စိတ်မချင့်မရဲဖြစ်စရာပင်။ 

ဘာတွေများကွာနေလို့ပါလိမ့် စဉ်းစားစရာပင်။ မှန်ပါသည်။ ကွာသည့်အချက်မှာ အဆိုပါ ဒေသများသည် မြန်မာနိုင်ငံလွတ်လပ်ရေးရချိန်တွင် မြန်မာနိုင်ငံနယ်နိမိတ်အတွင်းမရှိ၊ ပြည်မနေ ဗမာတိုင်းရင်းသားများနှင့်အတူ လွတ်လပ်ရေး ရယူရန်လဲ လက်မှတ်ထိုးမထားသောအချက်ပင် ဖြစ်ပါသည်။ ဗိုလ်ချုပ်က အင်အားတောင့်တင်းသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ရန် မျှော်မှန်းသည်။ ထို့ကြောင့် တောင်ပေါ်ဒေသနေ ပြည်ထောင်များကို လိုက်လံ စည်းရုံးသည်။ ကချင်၊ချင်း၊ရှမ်း…။ ယခင်မြန်မာနိုင်ငံတော် အဆက်ဆက်သည် လက်နက်အားကိုးဖြင့် သိမ်းပိုက်ခဲ့သည့် ကိုလိုနီနယ်ပယ်များ စုစည်းမှုသာဖြစ်ရာ ယခုပြည်ထောင်စုမြန်မာနိုင်ငံကမူ ပြည်ထောင်များအားလုံး မိမိတို့ပြည်သားများ၏ လွတ်လပ်သော သဘောထားဖြင့် အင်တိုက်အားတိုက်ပါဝင်လိုသော သဘောထားရှိမှ ဖွဲ့စည်းနိုင်မည်ဖြစ်သည်။ ဗိုလ်ချုပ်ကလဲ ဤသို့ဖြစ်စေချင်သည်။ အတင်းအဓမ္မ သိမ်းပိုက်သွတ်သွင်း၍ ဖွဲ့စည်းထားသော ကိုလိုနီစုနိုင်ငံကို သဘောမကျချေ။ တိုင်းရင်းသားအားလုံး စိတ်တူကိုယ်တူနှင့် အခွင့်အရေးတန်းတူစွာ လက်တွဲချီတက်သွားရန် ဆန္ဒရှိသည်။ အမှန်တကယ်လဲ ဤကိစ္စအတွက် အသက်စွန့်ဆောင်ရွက်ခဲ့သည်။ ကတိစကားတစ်ခွန်းအတွက် ဆောင်ရွက်စဉ် အသက်စွန့်သွားရှာသည်။ မည်မျ မြင့်မြတ်ပါသလဲ။ မည်မျ လေးစားဖွယ်ကောင်းပါသလဲ။ ဗိုလ်ချုပ်အောင်ဆန်းကို ဆက်ခံပြီး တိုင်းရင်းသားအရေးအာရုံမရသည့် နောက်လိုက်ပုဂ္ဂိုလ်များနှင့် ကွားခြားလှသည်။ ဤသို့နှယ် ဗိုလ်ချုပ်မပြီးပြတ်ခဲ့သော လုပ်ငန်းကိုဆက်လက် ကြိုးပမ်းဖေါ်ဆောင်ရန်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ ကျေးဇူးတရားကို ခံယူသူ လက်ရှိမြန်မာနိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။ ဗိုလ်ချုပ်နေရာ ဆက်ခံသူတွေ လူပါးဝပုံက ရွံဖို့ပင်ကောင်းလှသည်။ နောက်ပိုင်း ပုဂ္ဂိုလ်များက ပိုဆိုးသည်။ ၀ါဒဖြန့်ပုံများက အောက်တန်းကျလွန်းသည်။ မြန်မာနိုင်ငံ နယ်နိမိတ်ကို နဂိုကပင် ဆွဲထားပြီးမှ ကချင်များ ၀င်ရောက်လာသဖြင့် ကချင်ပြည်နယ်အဖြစ် ပြည်မဗမာအာဏာပိုင်တို့က သဘေားထားကြီးစွာ ရက်ရောစွာ သတ်မှတ်ပေးလိုက် သယောင်ယောင် ရေးသားဝါဒဖြန့်မှုတွေ တွေ့နေရသည်။ အမှန်က နိုင်ငံသတ်မှတ်ပြီးမှ ပြည်နယ်ပြန်ခွဲခြင်းမဟုတ်၊ ပြည်ထောင်များ စုစည်း၍ နိုင်ငံတည်ထောင်ခြင်းသာဖြစ်သည်။ နောက်တစ်ချက်က ပင်လုံရှိ ပြည်ထောင်စု ကျောက်တိုင်ကိစ္စဖြစ်သည်။ 

မူလကျောက်စာတွင် တောင်တန်း-ပြည်မ သွေးစည်းရေး ကျောက်တိုင်ဟု ရေးထားသော်လည်း နောက်ပိုင်းကျောက်တိုင် အသစ်ပြန်စိုက်သောအခါ ပြည်မ-တောင်တန်း သွေးစည်းရေးဖြစ်သွားသည်။ ကျောက်တိုင်ပေါ်တွင်ပင် ဦးစားမပေးလိုသော၊ အလွန်အကျူးရှေ့ရောက်ချင်နေသော အင်မတန်လေးစားထိုက်သည့် အားကိုးထိုက်သည့်၊ လူကြီးလူကောင်းဆန်သည့် ပြည်မဗမာအစိုးရပါပေ။ 'ပင်လုံသစ္စာအဖောက်ခံရမှု' ၁၉၆၂ မှစ၍ ပင်လုံစာချုပ်ကို အတည့်အလင်း ဖောက်ဖျက်ကြပါတော့သည်။ စာချုပ်အရ ဖယ်ဒရယ်မူ တောင်းပိုင်ခွင့်ရှိသည်။ တရားဝင်တောင်းဆိုသောအခါ စာချုပ်ကို လက်နက်နှင့် ချိုးဖောက်ကြတော့သည်။ ကတိက၀တ်ကို အင်အားဖြင့် ပယ်ဖျက်လိုက်ကြတော့သည်။ ပင်လုံစာချုပ်ကို ဖောက်ဖျက်လိုက်ပြီ ဖြစ်သဖြင့် ပြည်ထောင်စု မရှိတော့ပေ။ ပြည်နယ်စု ကိုလိုနီသာရှိတော့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟု ဆက်ခေါ်နေသူများ ရှက်တတ်လျှင် လဲသေဖို့ကောင်းသည်။ အမှန်က ပြည်နယ်စုမြန်မာနိုင်ငံတော်ကြီးသာ ဖြစ်သည်။ ဤသို့ပင်လုံကတိသစ္စာချိုးဖောက်မှုသည် ပြည်မရှိ ဗမာအစိုးရအတွက် ရာဇ၀င်တွင် ပြန်၍ အဖတ်ဆယ်ရန်ခက်ခဲသော အောက်တန်းကျမှုပင်ဖြစ်သည်။ 

သာမန်ကတိဖောက်ဖျက်မှုသည် ထွေးပြီးသား တံတွေးပြန်မြိုသကဲ့သို့ ဖြစ်လျှင်၊ ပင်လုံစာချုပ်ချိုးဖောက်မှုသည် ပြည်မအစိုးရအဖို့ မိမိမစင် မိမိပြန်စားခြင်းနှင့် သဏ္ဍန်တူပေလိမ့်မည်။ ကိုလိုနီခေတ်က အိန္ဒိယနိုင်ငံ၏ လက်အောက်ခံပြည်နယ်အဖြစ် မနေလိုသဖြင့် အသဲအသန်ကြိုးပမ်းခဲ့ကြသူများ၊ လွတ်လပ်ရေးရပြီးနောက်လဲ ဗြိတိသျှဓနသဟာယနိုင်ငံအဖြစ်ပင် မခံယူလိုသဖြင့် သဲကြီးမဲကြီးကန့်ကွက်ခဲ့သူတွေက တိုင်းရင်းသားတို့၏နယ်ပယ်ပိုင်းစိုးမှုကို ပြည်နယ်အဆင့်သာ သတ်မှတ်ချိုးနှိမ်ထားမှုက ကံ၊ ကံ၏အကျိုးကို ယုံကြည်သော ဗုဒ္ဒဘာသာဝင် ဗမာလူမျိုးများကြီးစိုးသည့် ပြည်မအစိုးရအတွက် နားလည်ရန်ခက်ခဲသည့် လုပ်ရပ်ပင်ဖြစ်သည်။ ပင်လုံစာချုပ်က အာမခံခဲ့သည့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူညီမျှမှုတွေ အကုန်လုံးသိမ်းပိုက်ခံလိုက်ကြရပြီ။ တန်းတူညီမျှမှုအရ ကချင်၊ ကယား၊ ကရင်၊ ဗမာ စသည် တိုင်းရင်းသားအားလုံး သာတူညီမျှမှုရှိရမည်ဖြစ်သည်။ ယခုမူ ဗမာတွေ၏ မင်းတစ်ကျပ် ငါတစ်ကျပ်လုပ်မှုကို တိုင်းရင်းသားတိုင်း ခံနေရသည်။ သေချာအရင်းစစ်လိုက်တော့ တိုင်းရင်းသားများ တစ်ကျပ်စီ၊ ဗမာ ၇ ကျပ်ဖြစ်သွားသည်။ မြန်မာဆိုသော စကားလုံးကိုပါ အပိုင်ပြန်သိမ်းသွားကြသည်။ လွတ်လပ်ရေးရခါစက မြန်မာဆိုသည် အားလုံးနဲ့ဆိုင်သော အသုံးကဲ့သို့ ပွဲထုတ်ခဲ့သောလည်း ယခုမူ လုံးဝ ဗမာသီးသန့် စကားလုံးလိုပြန်ဖြစ်သွားပါပြီ။

 မြန်မာစာ၊ မြန်မာစကား၊ မြန်မာရိုးရာယဉ်ကျေးမှု စသည် အားလုံးသည် ဗမာလူမျိုးတို့နှင့်သာ သက်ဆိုင်ပြီး အခြားတိုင်းရင်းသားများ၏ စာ၊ စကား၊ ယဉ်ကျေးမှုကို တစ်စုံတစ်ရာ ထင်ဟပ်ပြနိုင်မှုမရှိချေ။ ပိုဆိုးသည်က ယဉ်ကျေးမှု သွတ်သွင်းခြင်း၊ သမိုင်းကို ပြင်ရေးခြင်းဖြစ်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှုအဆိုအကအရေးအတီးပြိုင်ပွဲကို ရှုပါ။ မြန်မာရိုးရာဆိုစေကာမူ ဗမာအမျိုးသားများ၏ ယဉ်ကျေးမှုမှ လွဲ၍ မည်သည့်လူမျိုး၏ ယဉ်ကျေးမှုကိုမှ ထည့်သွင်း ယှဉ်ပြိုင်စေခြင်း အလျင်းမရှိသေးပါ။ တောင်ပေါ်တိုင်းရင်းသားများ မိမိတို့ရိုးရာဝတ်စုံဝတ်၍ ဗမာသီချင်းကြီး တက်ဆိုနေခြင်းများသာ တွေ့ရသည်။ ယခုဆို နှစ် ၂၀ ပြည့်တော့မည်။ မကြာမတင်မီကာလတွင် ကချင်မိန်းမက ကချင်ဝတ်စုံဝတ်၍ ဗမာသီချင်းကြီးဆိုခြင်းကို တရားဝင် မြန်မာယဉ်ကျေးမှုဟု သတ်မှတ်ကာ သမိုင်းကို ပြင်ရေးကြတော့မည်။ ခြေလှမ်းတွေကို မျက်ခြေမပြတ်လိုက်ကြည့်နိုင်မှ တော်ကာကျပေမည်။ 'Autonomy အရေးကြီးသည်၊ ရမှဖြစ်မည်။' တိုင်းရင်းသားများကို Autonomy ပေးလိုက်ရ၍ ပြည်မငါးပါးမှောက်မည်လော ကျနော်စဉ်းစားဖူးသည်။ ပြည်မအတွက် မည်သို့အကျိုးယုတ်သွားမည်နည်း။ ဖြစ်နိုင်ချေရှိသည်က မိမိတို့အကျိုးယုတ်မည်ကို စိုးရိမ်သဖြင့် ဗမာတို့က ဤသံသယဖြင့် တင်းခံနေခြင်း ဖြစ်နိုင်သည်။ Autonomy ရပြီး တိုင်းရင်းသားများလဲ ပြည်ပနည်းတူ ကိုယ်ပိုင်ပြဌာန်းခွင့်ဖြင့် ဖွံ့ဖြိုးလာမည်ကို မရှုစိမ့်၊ မနာလိုဖြစ်နေကြသည်။ မုဒိတာမပွားနိုင်ကြ။ ဆိုပါစို့။ လွတ်လပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကချင်ပြည်ကို ဖွဲ့စည်းလိုက်ပြီဆိုလျှင် ဗဟိုပြည်မအစိုးရမှ ၀င်ရောက်စွက်ဖက်ခွင့်. ကန့်သက်ခံရမည်ဖြစ်သည်။ ဒါကို သူတို့က အဖြစ်မခံနိုင်.။ 

တစ်နိုင်ငံလုံး သူတို့၏ ချုပ်ကိုင်လွမ်းမိုးမှုအောက်တွင် ထားချင်သည်။ တိုင်းရင်းသားနယ်ပယ်များကို မဆိုထားဘိ။ ပြည်မဗဟိုအစိုးရတွင်ပင် အာဏာတစ်စိတ်တစ်ပိုင်းချုပ်ကိုင်ထားရန် လွတ်တော်တွင်း အမတ် ၂၅% ၀င်ထိုင်ထားခိုင်းသည်။ တိုင်းရင်းသားများကို မိမိတို့ပြည်ထောင်အရေးမိမိတို့ လွတ်လပ်စွာဆုံးဖြတ်ခွင့်မပေးခြင်းသည်လဲ လူ့အခွင့်အရေးချိုးဖောက်မှုပင် ဖြစ်သည်။ စာချုပ်စာတမ်းဖြင့် လာရောက်ပူးပေါင်းသူများကို လက်နက်အားကိုဖြင့် ဒမြတိုက် တိုင်းပြည်လုယူလိုက်ခြင်းသည် ရာဇ၀င်တွင် မကြုံဖူးသည့် ယုတ်မာကောက်ကျစ်မှုဖြစ်သည်။ 'ကချင်တွေ စစ်သွေးကြွလွန်းတာလား' တလောက မိတ်ဆွေတစ်ယောက် ဤသို့မေးလာသည်။ ဗမာအစိုးရက အပစ်အခတ်ရပ်စဲရန် ကမ်းလှမ်းလာပါရက်နှင့် ကချင်တပ်မတော်က လက်မခံဘဲငြင်းဆန်ခဲ့သဖြင့် တိုက်ပွဲများ၏ တရားခံမှာ ကချင်တပ်မတြော်ဖစ်သယောင် ချိန်ခွင်လျှာပြောင်းသွားကြောင်းနှင့် အများအမြင်တွင် စစ်သွေးကြွတပ် အသွင်ဖြစ်လာမှာစိုးရကြောင်း သုံးသပ်ပြသည်။ အလွန်ကျေးဇူးတင်ပါသည်။ ထိုမေးခွန်းကို ဖြေရန်အတွက် ဤစာစုကို ရေးသားဖြစ်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း စာချုပ်စာတမ်း ကတိက၀တ်ကို လက်နက်အင်အားဖြင့် ချိုးဖောက်ကာ ထင်ရာစိုင်းခဲ့သည့် သရုပ်သကန်အရ ကချင်တို့သင်ခန်းစာယူခဲ့သည့် ခံယူချက်မှာ ပြည်မရှိဗမာအစိုးရကိုမယုံနဲ့ ဟူ၍ပင် ဖြစ်ပါသည်။ တိုင်းရင်းသားများကို လုံးဝတန်ဖိုးမထား၊ အလေးအနက်မပြု၊ 

ကတိသစ္စာမတည်သည့် ပြည်မအစိုးရ.၊ ကောက်ကျစ်စဉ်းလဲပြီး အစဉ်အမြဲ ဆင်ကြံကြံနေသည့် ဗမာစစ်တပ် စသည်တို့ကိုယုံလျှင် အဖန်ဆယ်မရဖြစ်သွားပေမည်။ ကတိပေးတိုင်း မယုံနိုင်တော့ပါ။ ပြည်မအစိုးရ အထူးသဖြင့် ဗမာစစ်တပ်ပေးသော ကတိကို ပို၍မယုံနိုင်ပါ။ ကတိပေးချင်ရာပေးပြီး သေနတ်တစ်ချက်ဖောက်ကာ ဘွာတေးခတ်တတ်သည့် လူကြီးလူကောင်းမဆန်သည့် လုပ်ရပ်များကို ကချင်တို့ လုံးဝရှုံ့ချပါသည်။ ပြည်မအစိုးရပေးသော ကတိသည် အင်အားမဲ့သူ လက်နက်မဲ့သူအတွက် အာမခံမှုလုံးဝမရှိသော လိမ်ဆင်ဇာတ်ထုပ် သက်သက်ဖြစ်သည်။ ထိုကတိကို အာမခံနိုင်ရန် မိမိတို့က အင်အားတောင့်တင်းပြီး လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားမှ တော်ကာကျပေမည်။ ကတိအတိုင်း အပြည့်အ၀ဖော်ဆောင်နိုင်မှ တက်ထောင်နိုင်ပါမည်။ ပင်လုံကတိက၀တ် ပြည့်စုံမှ အပစ်ရပ်နိုင်ပေမည်။ ပင်လုံစာချုပ်တုန်းက ရိုးသားသောတိုင်းရင်းသားများက ရိုးသားသော ဗိုလ်ချုပ်အောင်ဆန်းကို လွယ်လွယ်ယုံခဲ့ကြသည်။ ဗိုလ်ချုပ်နောက်ကွယ်မှ ၀ံပုလွေများကို သတိမထားမိခဲ့။ သဘောတူထားသော ကတိကို တစ်ဘက်မှဖောက်ဖျက်လာပါက ပြန်လည်တုံ့ပြန်ရန် လုံလောက်သောအင်အားမရှိဘဲ လိပ်ပတ်လည်အောင် မစဉ်းစာဘဲ အယုံလွယ်ခဲ့ကြသည်။ ယခု အားလုံးပြောင်းလဲကုန်ပြီ။ တိုင်းရင်းသာအားလုံး ဗမာအစိုးရကို မယုံကြတော့။ ဒီလိုဖြစ်အောင်လဲ ဗမာအစိုးရကိုယ်တိုင်ကပဲ လုပ်ခဲ့ခြင်းဖြစ်သည်။ 

ယခင်လို လှည့်၍ပတ်၍ရသော၊ ကြိုက်သလို လူလည်ကျနိုင်သော လူမျိုးများ မဟုတ်ကြတော့။ ထို့ကြောင့်ပင် ကချင်များသည် ဗမာစစ်တပ်နှင့်အစိုးရ၏ အောက်တန်းစားစိတ်ဓာတ်ကို အတွင်းသိ အစင်းသိဖြစ်သည့်အကြောင်း၊ ဗမာအစိုးရ၏ မလိမ့်တပတ်ထုပ်မှုကို ခါးစည်းခံရအောင် ယခင်ကကဲ့သို့ အင်အားမရှိသည့် လက်နက်မရှိသည့် လူမျိုးမဟုတ်တော့သည့် အကြောင်း ဗမာအစိုးရသိစေရန် လက်နက်ကိုင်တိုက်ပွဲဝင်နေခြင်း ဖြစ်ပါသည်။ 'နိဂုံး' နိဂုံးချုပ်ပါတော့မည်။ ၁။ ပင်လုံစာချုပ်အရ စုစည်းခဲ့သည့် ပြည်ထောင်စုတွင် ယခုအခါ ပြည်မရှိ ဗမာအစိုးရက ပင်လုံစာချုပ်ကို ဖောက်ဖျက်ခဲ့ကြပြီးဖြစ်ပါသည်။ ထို့ကြောင့် လက်ရှိနိုင်ငံသည် ပြည်ထောင်စုမဟုတ်တော့ဘဲ ပြည်နယ်စုကိုလိုနီတိုင်းပြည်တစ်ရပ်သာ ဖြစ်ပါသည်။ ကချင်ဒေသတွင် တိုက်ပွဲများ ရပ်စဲရန်မှာမူ၊ ရန်ပြုကျူးကျော်လာသူ ဗမာနယ်ချဲ့တပ်များ ဆုတ်ခွာသွားပါက တိုက်ပွဲဖြစ်ရန်လုံးဝလိုအပ်မည် မဟုတ်တော့ပါ။ အပစ်ရပ်လက်မှတ်ထိုးရန် မလိုပါ.။ နယ်ချဲ့တပ်ပြန်ဆုတ်သွားရန်သာ လိုပါသည်။ မဆုတ်လိုပါက အပစ်ရပ်ရန်လဲ မလိုပါ။ ဆက်တိုက်ဖို့သာ ရှိသည်။ နယ်ချဲ့တပ်နှင့် နယ်စောင့်မျိုးချစ်တပ် တိုက်ပွဲဖြစ်ကြမည်မှာ ရှောင်လွဲ၍ မရပေ။ သို့တည်းမဟုတ် ပင်လုံစာချုပ်ကို ပြန်လည်အသက်သွင်းလိုက်ပါမူ ဗမာတပ်သည် နယ်ချဲ့တပ်မဟုတ်တော့သဖြင့် အပစ်အခတ်ရပ်စဲလက်မှတ်ထိုးရန် ဖြစ်နိုင်ပါသည်။ ထို့ကြောင့် နိုင်ငံရေးဆွေးနွေးပွဲ ပြီးမှ အပစ်ရပ်မှု လာပါသည်။ 

၂။ တိုင်းရင်းသားတို့ကို ဗိုလ်ချုပ်ပေးခဲ့သော ကတိက၀တ်ကို လက်နက်အားကိုး၍ “မကျေနပ်ရင် မင်းဘာတတ်နိုင်လဲ”ဟူသည့် အချိုးဖြင့် ချိုးဖောက်ခဲ့သဖြင့် ယခုချိန်တွင်လဲ အလားတူ အဖြစ်ထပ်မဖြစ်အောင် တိုင်းရင်းသားများ လက်နက်စွဲကိုင်ကာ ရန်ပြုကျူးကျော်လာသည့် ဗမာစစ်တပ်ကို တွန်းလှန်နေကြပါသည်။ အမှန်တကယ် အင်အားချင်း မယှဉ်သာပါ.။ ဗမာတပ်များမှာ များစွာ အင်အားသာလွန်ပါသည်။ သို့သော တိုင်းရင်းတပ်များတွင် စိတ်ဓာတ်အင်အားသာလွန်ပါသည်။ မဟုတ်မခံ ရင်ဆိုင်တွန်းလှန်နေရခြင်း သည်ပင် တိုင်းရင်းသားတပ်မတော်တို့၏ အောင်ပွဲဖြစ်ပါသည်။ တစ်ချန်တုန်းကလို ပြုသမျှနုမည့်သူများ မဟုတ်ကြောင်း၊ ကတိကို အင်အားဖြင့် အာမခံယူထားကြောင်း ဗမာတပ်သိလျှင် အောင်မြင်ပါသည်။ 

၃။ ပြည်ထောင်စုထာဝရငြိမ်းချမ်းရန် တိုင်းရင်းသာအရေးသည် အလွန်အခရာကျပါသည်။ တိုင်းရင်းသားများကို လေးစားမှုမရှိ၊ အထင်အမြင်သေး နှိမ့်ချဆက်ဆံနေမည်ဆိုပါက စစ်မှန်သောပြည်ထောင်စုနှင့် ထာဝရငြိမ်းချမ်းရေး ဘယ်တော့မှ မရနိုင်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း သမိုင်းတစ်လျှောက်လုံး တိုင်းရင်းသားများသည် မိမိတို့အခွင့်အရေးအတွက် လက်နက်စွဲကိုင် တိုက်ပွဲဝင်ခဲ့ကြသည်။ ဗမာအစိုးရကလဲ တစ်လျှောက်လုံး တင်းခံခဲ့သည်။ အင်အားအလုံးအရင်းဖြင့် ချေမှုန်းခဲ့သည်။ အခွင့်အရေးဗန်းပြပြီးလဲ စည်းရုံးသိမ်းသွင်းခဲ့သည်။ သို့သော် ပြည်တွင်းစစ်သာ သက်ဆိုးရှည်လာသည်။ ဘာမှမထူးခဲ့။ မိမိအခွင့်အရေးအတွက် တိုက်ပွဲဝင်သူကလဲ ပစ်သည်။ နယ်ချဲ့အစိုးရတပ်ကလဲ ပစ်သည်။ နိုင်ငံရေးအတွေးအမြင်ခိုင်မာသည့် မည်သည့် အဖွဲ့ကို နယ်ချဲ့တပ်များ နိုင်အောင် မပစ်နိုင်။ မညှိနှိုင်းနိုင်။ နှစ်ဘက်လုံးက ဆက်ပစ်သည်။ ဤသို့နှင့်ပင် သောင်တင် ရေမကျဖြစ်နေသည်မှာ နှစ်ပေါင်း ၆၀ ကျော်ပြီ။ ဒီအတိုင်းပဲ ဆက်သွားကြဦးမည်လော။ ၄။ ယခုအချိန်သည်ပင် ဗမာအမျိုးသားများနှင့် ဗမာအစိုးရအတွက် တိုင်းရင်းသားများ၏ ယုံကြည်လေးစားမှုကို ပြန်လည်တည်ဆောက် ရန် အကောင်းဆုံးအချိန်ဖြစ်သည်။ ပြည်မနိုင်ငံရေး ချိန်ခွင်လျှာပြောင်းလဲမှု၊ ပြန်လည်ရင်ကြားစေ့မှုတွေနှင့်အတူ တိုင်းရင်းသားအရေး အပေါ်လက်ရှိအစိုးရ၏ သဘောထားပျော့ပြောင်းမှုတို့ကို အထင်အရှား တွေ့ရသည်။ ယခုသည်ပင် စစ်မှန်သော ပြည်ထောင်စုနှင့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ရမည့် အချိန်ဖြစ်ပါသည်။ ပင်လုံစိတ်ဓာတ်နှင့် အနှစ်သာရကို ပြန်လည်အသက်သွင်းကာ တိုင်းရင်းသားအရေး သင်ပုန်းချေရမည့် အချိန်ဖြစ်ပါသည်။
 
'နိဒါန်း'
ကတိသစ္စာတည်မြဲမှုသည် လူတစ်ယောက်၏ တန်ဖိုးပင်ဖြစ်သည်။ ကတိဆိုရာမှာလဲ အမျိုးမျိုးကွဲသေးသည်။ နှုတ်ကတိ စာကတိ နားလည်မှုကတိ။ မြန်မာနိုင်ငံ၏ လတ်တလော နိုင်ငံရေး၊ လူမျိုးရေး ပြသာနာအားလုံးမှာ ကတိမတည်မှုကြောင့် ဖြစ်ခဲ့ရသည့် ဖြစ်နေရသည့် ပဋိပက္ခဖြစ်သည်ဟု ဆိုသော်လွန်အံ့မထင်။ ရွေးကောက်ပွဲပြီးလျင် စစ်တန်းလျားပြန်မယ် ဆိုသောကတိ။ ဒီကတိကို မတည်နိုင်သောကြောင့် တင်းမာမှုတွေ ဖြစ်ကုန်ကြသည်။ ကတိပေးသူက ပေးပြီး ဖောက်ဖျက်သူက မရှက်မကြောက်ဖောက်ဖျက်ခဲ့ကြသည်။ ကတိပေးသူက မပိုင်နိုင်ဘဲ၊ အားလုံးကို ကိုယ်စားမပြုနိုင်ဘဲ မိမိတစ်ဦးတည်းသဘောဖြင့် ကတိကြွံခဲ့သဖြင့် နောက်ကွယ်မှလူများ၏ မျက်နှာအိုးမဲသုတ်ခြင်း ခံရသည်ဟုသာ အကြမ်းဖျင်းမှတ်ယူထားရပေမည်။ ပြန်ဆန်းစစ်ကြည့်ကြပါစို့။ မြန်မာနိုင်ငံရေးသမိုင်းတွင် ကတိသစ္စာဖောက်ဖျက်မှုသည် ဤအဖြစ်အပျက်မတိုင်မီ နှစ်ပေါင်းများစွားကတည်းကပင် ရှိခဲ့ပေပြီ။ ပင်လုံကတိက၀တ် ချိုးဖောက်မှုပင်။

ဗိုလ်ချုပ်အောင်ဆန်းတည်ဆောက်ခဲ့သော၊ မျှော်မှန်းခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံ၏ အနာဂတ်ကို သစ္စာဖောက်ခြင်းဖြစ်သည်။ တစ်နည်းဆိုသော ဗိုလ်ချုပ်အောင်ဆန်းကို သစ္စာဖောက်ခြင်းဖြစ်သည်။ ကချင်အပါအ၀င် တိုင်းရင်းသားများက ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည်သည်။ လေးစားသည်။ ဗိုလ်ချုပ်အောင်ဆန်းကလဲ ရိုသားသော ဗမာလူမျိုးတစ်ဦးပီပီ ဖြောင့်မတ်သည်။ သို့သော် နောက်ကွယ်မှ သဘောထားသေးသိမ်သည့် အမြင်ကျဉ်းမြောင်းသည့် ဗမာခေါင်းဆောင်တစ်ချို့က ဗိုလ်ချုပ်မျက်နှာ အိုးမဲသုတ်သည်။ အသက်ထက် ကတိကို တန်ဖိုးထားတတ်သည့် ဗမာတို့အတွက် ဗိုလ်ချုပ်အောင်ဆန်းသည် ကတိက၀တ်ချိုးဖောက်သူပမာ အထင်ခံရစရာဖြစ်နေသည်။ ဗိုလ်ချုပ်ကို ချစ်သူတိုင်း သတိပြုဆင်ခြင်စရာပင်။ 'ဗိုလ်ချုပ်က ဘာတွေမျှော်မှန်းပြီး ဘာတွေ ကတိပေးခဲ့ပါသလဲ' ကချင်နှင့် တိုင်းရင်းသားများအရေး ပြောလျှင် သမိုင်းနှင့် ပင်လုံကို မပြော၍မဖြစ်။ ဒါတွေက အသက်ဖြစ်သည်။ သမိုင်းတလျှောက် တိုင်းရင်းသားများနှင့် ဗမာ တကယ်က သူ့အောက်ရောက်လိုက်၊ ကိုယ့်အောက်ရောက်လိုက်၊ သီးခြားလွတ်လပ်သွားလိုက်၊ ဘုရင့်တပ်များက သွားရောက် တိုက်ခိုက်လုယက်လိုက်၊ ဖြစ်နေသည်သာရှိသည်။ ဘာမှမထူးဆန်း၊ ရိုးမယ်ဖွဲ့စရာမလို။ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်အူတုံဆင်း ညီရင်းအစ်ကို ဆိုတာတွေနှင့် ဗာရာဏသီချဲ့စရာမလို။ ပထမ၊

“၀” တပ်သားများ ရဟတ်ယာဉ်မောင်း သင်ရန် တရုတ်သို့ စေလွှတ်မည်

February 11, 2014

`၀´ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က စစ်သည် ၃၀ ဦးကို တရုတ်နိုင်ငံတွင် ရဟတ်ယာဉ်မောင်းသင်တန်း တက်ရန် စေလွှတ်မည်ဖြစ်ကြောင်း `၀´ တပ်ဖွဲ့နှင့် နီးစပ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း များထံမှ သိရှိရသည်။

UWSA ဌာနချုပ်တည်ရှိရာ ပန်ဆန်းမြို့သို့ မကြာသေးမီက သွားရောက် လည်ပတ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တချို့၏ အဆိုအရ UWSA သည် တရုတ်နိုင်ငံတွင် လေယာဉ်မောင်းသင်တန်း တက်ရောက်မည့် စစ်သည် ၃၀ ဦး ရွေးချယ်ထားပြီး ဖြစ်သည်ဟု UWSAမှ အရာရှိများက ပြောဆိုကြကြောင်း သိရှိရသည်။

“သူတို့ (UWSA အရာရှိ) ပြောတာက တရုတ်နိုင်ငံမှာ ရဟတ်ယာဉ် မောင်းသင်ဖို့ သင်တန်းသား ၃၀ ရွေးထားပြီးပြီ လို့ ပြောတယ်။ ဘာကြောင့် သင်ခိုင်းတာလဲဆိုတာ မပြောဘူး။ ဒါပေမယ့် သူတို့ဆီမှာ ကြီးမားတဲ့ စစ်ရေး ရည်ရွယ်ချက် ရှိမယ်လို့တော့ ကျနော်ထင်တယ်” ဟု ပန်ဆန်းမြို့သို့ သွားရောက် လည်ပတ်ခဲ့သော ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)မှ အမည်မဖော်လိုသော

၆၇ နှစ်မြောက် ပြည်ထောင်စုနေ့

(၆၇)နှစ်ပြည့်မြောက်ခဲ့သော်လည်း စစ်မှန်တဲ့ ပြည်ထောင်စုကို မထူထောင်နိုင်ခဲ့ပါဘူး
တောင်းတန်းပြည်မ သွေးစည်းရေး၊ တန်းတူရေး ပြည်ထောင်စုကြီးတည်ဆောက်ရေးအတွက် ဘ၀နဲ့ရင်ပြီး ကြိုးပမ်းခဲ့ကြတဲ့ ပင်လုံမျိုးဆက် ခေါင်းဆောင်ကြီးတွေလဲ တယောက်ပြီးတယောက်
ဆုံးပါးခဲ့ကြပြီဖြစ်တယ်.....

ယနေ့ ကျရောက်တဲ့ ပြည်ထောင်စုနေ့မှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အနာဂတ်ပြည်ထောင်စု တည်ဆောက်ရေးမှာ ကျနော်တို့မျိုးဆက်လူငယ်တွေ အသိစိတ်နဲ့ သမိုင်းပေးလက်ဆင့်ကမ်း ပုခုံးပြောင်းတာဝန်တွေကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြပါစို့လို့
တိုက်တွန်းနှိုးဆော်လိုက်ပါတယ်......

လေးစားစွာဖြင့်
မိုင်းကျော်ဦး

Tuesday, February 11, 2014

သန်းခေါင်စာရင်း ကောက်ယူပြီးပါက နိုင်ငံသားကတ်ပြားတွင် လူမျိုး၊ ဘာသာတို့ မထည့်သွင်းပဲ ပြုလုပ်ရန် ရည်ရွယ်ထားဟုဆို

takaung

မတ်လတွင် ကောက်ယူတော့မည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းများ ကောက်ယူပြီးပါက နိုင်ငံသား ကတ်ပြားလုပ်ရာတွင် လက်ရှိထည့်သွင်းထားသည့် လူမျိုးနှင့် ဘာသာဟူသည်ကို မထည့်သွင်းတော့ရန် ရည်ရွယ်ထားသည်ဟု ဖေဖော်ဝါရီ ၁ဝ ရက်တွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားလိုက်သည်။
   
ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်တွင် ကျင်းပသည့် ၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းနှင့် ပတ်သက်၍ ရှင်းလင်းပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။
 
“အခု သန်းခေါင်စာရင်းကောက်ပြီးသွားရင် လက်ရှိ ပြဿနာဖြစ်နေတဲ့ ဘာသာ၊ လူမျိုးကိစ္စတွေ နည်းသွားအောင် မှတ်ပုံတင်မှာ အားလုံး မြန်မာပေါ့။ ဘာသာ၊ လူမျိုးဆိုတာတွေကို ထည့်မလုပ်အောင်

KIA တပ်ရင်း ၁၂ နှင့် အစိုးရတပ်ကြား ဖြစ်ပွားသောတိုက်ပွဲတွင် KIA အရာရှိ ၂ ဦးကျ

Kachin-army-in-frontline
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရှေ့တန်းတနေရာမှ KIA စစ်တပ်ဖွဲ့များ။

ဗန်းမော်ခရိုင် မန်စီမြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၂ ဒေသ နားအိုကြီး အနီး ပရန်တိုင်းမှော်ကြား ဖေဖ၀ါရီလ ၇ ရက်နေ့တွင် အစိုးရတပ်နှင့် KIA တပ်ရင်း ၁၂ တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA ဘက်မှ အရာရှိ ၂ ဦးကျဆုံးခဲ့ကြောင်း သိရှိရသည်။

၎င်းအစိုးရတပ်သည် ရွှေဂူတပ်ခြေမြန်တပ်ရင်း ၆၀၂ ဖြစ်ပြီး စစ်အင်အား ၁၀၀ ကျော်ဖြင့် KIA တပ်ရင်း ၁၂ သို့ လှုပ်ရှားလာစဉ် နှစ်ဖက်တပ်များ မိနစ် ၃၀ ကျော်ကြာ ထိပ်တိုက် ပစ်ခတ်တိုက်ခိုက်ကာ KIA ဒုဗိုလ် မရန်အုန်ဆော်တန် (Lat du Maran Ungsau Tang)နှင့် အရာခံဗိုလ်မရစ်လဖရီး (Du tau Marip La Hpri) တို့ ၂ ဦး ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း တပ်ရင်း ၁၂ တပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

အဆိုပါ ရွှေဂူနယ်မြေခံ အစိုးရစစ်ကြောင်းသည် ကောင်ရွန်ရွာ (Gawngrun) တွင်တပ်စွဲထားသော အစိုးရတပ်အား စစ်ကူအဖြစ်အင်အား တိုးချဲ့လာချိန် ကောင်ရွန်ရွာနှင့် ၆ မိုင်ခန့်အကွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုချိန် ၎င်းလှုပ်ရှားစစ်ကြောင်းသည် ဂျေခမ်းစခန်းကြီးသို့ တပ်ချနေကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အစိုးရဖက်မှ ကျဆုံးမှုကိုမူ မသိရသေးပါ။ ယခုချိန် တပ်မဟာ (၃) တပ်ရင်း ၁၂ ဒေသ KIA နယ်မြေများတွင် အစိုးရတပ်များ လှုပ်ရှားနေခြင်းကြောင့် နှစ်ဖက်တပ်မှ တင်းမာနေဆဲဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ် KIA တပ်ရင်း ၃၄ ဒေသတွင် လားရှိုးဘက်မှ အစိုးရတပ်များသည် ဖေဖ၀ါရီလ ၈-၉ ရက်အတွင်း အင်အားများတိုးချဲ့လာနေဆဲဖြစ်ပြီး နမ်ဆန်ဘက်မှလည်း ဟူခင်မန်ဂျက်၊ ထတ်ဂျက်နှင့် ပန်ဆွေ၊ နမ်လန်း KIA နေရာ ၃ ခုတွင် စစ်အင်အား

တိုင်းရင်းသားတွေ ပြတ်သားသင့်ကြတယ်

 
10.02.2014
 
၁။ UNFC ရော UNFC မဟုတ်တဲ့ RCSS နဲ့ UWSA တို့ပါ သတိထားသင့်တဲ့ အချက်တစ်ခု ရှိတယ်။ အဲဒါကတော့ KIA နဲ့ TNLA တို့ကို ဒီအတိုင်း ပစ်ထားလို့ မဖြစ်ဘူးဆိုတဲ့အချက်ပါ။ ဒီဒေသမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲအတွက် သိန်းစိန်အစိုးရကနေတစ်ဆင့် ဖိအားတစ်စုံတစ်ရာ မပေးဘဲ နေခြင်းမှာ နည်းနည်းလေး မှားနေတယ်။
 
၂။ ဒီအစိုးရဟာ သိက္ခာကို စောင့်ထိန်းတဲ့ အစိုးရ မဟုတ်ဘူး။ စာနာတတ်တဲ့ အစိုးရ မဟုတ်ဘူး။ အလျှော့ပေးလွန်းရင် သူတို့က အားနာရကောင်းမှန်းမသိ ရှေ့တိုးလာမှာ ဖြစ်တယ်။ ဖွဲ့စည်းပုံပြင်ရေးမှာ ဒါဟာ သက်သေ ဖြစ်တယ်။ ဒါကြောင့် ပင်လုံပါ အခွင့်အရေးကို တောင်းဆိုကြရင် အဲဒါကို မပေးဘူး။ တောင်းသလို ပေးလိုက်ရင် သူတို့ဘက်က ရှုံးတယ်လို့ ဒီစိတ္တဇအစိုးရက မှတ်ယူလေ့ရှိတယ်။ ဒါကြောင့် သီးခြားပြည်ထောင်စုကို ထူထောင်ကြမယ်ဆိုတဲ့ မူကို ချမှတ်ထားမှ ဖက်ဒရယ်လောက် ရမှာ ဖြစ်တယ်။
 
၃။ UNFC က စစ်အစိုးရက စစ်ရေးလှုပ်ရှားမှုကို မဆိုင်းငံ့မချင်း နောက်ထပ်အပစ်ရပ်ရေးဆွေးနွေးပွဲကို လုပ်မှာ မဟုတ်ဘူးလို့ တရားဝင်ကျေညာချက်ကို ပြတ်ပြတ်သားသား ထုတ်ပြန်သင့်တယ်။
 
Written By -Ven Ravika

Monday, February 10, 2014

ကေအိုင်အေ ဌာနချုပ် လိုင်ဇာ အနီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေ

10 Feb 2014

ယနေ့ ဖေဖော်ဝါရီ (၁၀)ရက် မနက်ပိုင်း (၉း၀၀)နာရီ အချိန်ခန့် မှစ၍ နန်ဆန်ယန်ကျေးရွာ အထက် နန့် ဆန် ချောင်းဖျား ဂျာအိန်ယန်ကျေးရွာ အနီးပါတ်ဝန်းကျင်တွင် ယခုသတင်းရေးသားနေချိန် ညနေပိုင်း အချိန်ထိတိုင်အောင် နှစ်ဖက်တပ်များ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်းသိရသည်။

ကေအိုင်အေတပ်ဖွဲ့ ဝင်များ စခန်းထိုင်နေရာ ဂျာအိန်ယန်ကျေးရွာ အား မြန်မာအစိုးရတပ်များ အင်အားအလုံးအရင်း ဖြင့် ၀န်းရံကာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရပြီး နှစ်ဖက်တပ်များ ထိခိုက် ကျဆုံးမှု အား မသိရသေးပါ ။
 
post by Myu Tsaw kasa

၆၇ နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနား (တိုကျို - ဂျပန်)

 

ရုပ်သံမှတ်တမ်းအတွက် Ko Zay Yar အား အထူးကျေးဇူးတင်ရှိတယ်။

“တအန်း(ပလောင်) ဒေသနှင့် လူထုအား ဆက်တိုက်ထိုးစစ်ဆင် ညှင်းပမ်းနှိပ်စက်နေသည့် မြန်မာအစိုးရ၏ စစ်ဆင်ရေးကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း”

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၏ သဘောထားထုတ်ပြန်ကြေညာချက် 
၁၀ ရက်၊ ဖေဖော်ဝါရီလ၊ ၂ဝ၁၄ ခုနှစ်။ ထုတ်ပြန်ချက်အမှတ်။ ။ ဝဝ၄§၀၅§ဌနခ-၁၄

၁။ တအန်း(ပလောင်)ဒေသတွင် ဆက်တိုက်ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းနှင့် ဒေသခံလူထုအား ရိုက်နှက်ခြင်း၊ ပေါ်တာဆွဲခြင်း၊ မိုင်းရှင်းခိုင်းခြင်း၊ ပစ္စည်းဥစ္စာများ အတင်း အဓမ္မသိမ်းဆည်းယူငင်ခြင်း၊ လူနေကျေးရွာသို့ဦးတည်ပြီး လက်နက်ကြီးပစ်ခတ်ခြင်း အစရှိသည့် ညှင်းပမ်းနှိပ်စက်မှုများ ကျူးလွန်နေသည့် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်၏ ပြည်တွင်းရှိ တအန်း(ပလောင်)တိုင်းရင်းသား လူမျိုးစုအပေါ် စစ်ဆင်ရေးကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး P.S.L.F/T.N.L.A မှ အပြင်းအထန် ကန့်ကွက် ရှုတ်ချလိုက်ပါသည်။

၂။ ယခု ၂၀၁၄ ခုနှစ် တလကျော် ကာလတိုအတွင်းတွင်ပင် တအန်းတပ်မတော်နှင့် မြန်မာတပ်မတော်တို့ ထိတွေ့မှု တိုက်ပွဲ အကြိမ် (၃၀) ကျော်ရှိပြီး၊ မြန်မာစစ်ကြောင်းများမှာလည်း တအန်းကျေးရွာဒေသများသို့ ပိုမိုကြမ်းတမ်းစွာ လှုပ်ရှားလာကြပါသည်။ ၁၇ ရက် ဇန်နဝါရီလတွင် နမ့်ဆန်မြို့နယ် ဟိုမိန်းရွာသားများအား ဖမ်းဆီးနှိက်စက်ပြီး ပစ္စည်းနှင့် ငွေ စုစုပေါင် ၃၀ သိန်း အဓမ္မယူငင်ခဲ့သည်။ ထို့နောက် မန်မိုင်မိန်းကွမ်၊ ရူမန်း၊ ဘန်လူမ် အစရှိသော ရွာ များတွင်လည်း ဖမ်းဆီးနှိပ်စက်ခြင်းများပြုလုပ်ခဲ့သည်။ ယခုလည်း ရောက်လေရာရွာတိုင်းတွင် ကျေးရွာအုပ်ချုပ်ရေး မှူးများ၊ ရဟန်းသံဃာများအား ရိုက်နှက်စစ်ဆေးခြင်း၊

(၂၁)ကြိမ်မြောက် သျှမ်းပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို တိုကျိုတွင် ကျင်းပပြုလုပ်။



၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ (၉)ရက်။

(၂၁)ကြိမ်မြောက် သျှမ်းပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို တိုကျို Toshima-ku,Ikebukuro အရပ်ရှိ အကယ်ဒမီ Hall မှာညနေ ၅း၃၀ နာရီ မှ ၉း၀၀ အထိ  ဂျပန်နိုင်ငံရောက် သျှမ်းတိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှု အဖွဲ့  မှ ဦးစီးကျင်းပ ပြုလုပ်ခဲ့ပါသည်။ သျှမ်းပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အစီအစဉ်ကို သျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ဂျပန်)မှ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ် လာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၂၁)နှစ်မြောက် ရှိသွားပြီဖြစ်ကြောင်း ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် သျှမ်းအိုးစည် ဗုံမောင်းများ၊ သျှမ်းရိုးရာအကများဖြင့် ဧည့်ခံဖျော်ဖြေ သွားခဲ့ကြပြီးသျှမ်းတိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှု အဖွဲ့မှ သျှမ်းရိုးရာ အစားအစာများ စုံလင်စွာ ကျွေးမွေးဧည့်ခံခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

အောက်ပါလင့်တွင်လဲ မှတ်တမ်းပုံ ၀င်ရောက်ကြည့်ရှု့နိုင်ပါသည်။
https://plus.google.com/photos/105844691991013069656/albums/5978382926205352369