Friday, January 31, 2014
ရပ်၊ ကျေး အုပ်ချုပ်ရေးမှူး အများစု ပြည်သူ စိတ်တိုင်းကျ တင်မြှောက်ထားခြင်း မဟုတ်ကြောင်း ၈၈ မျိုးဆက်ပြောကြား
တနိုင်ငံလုံးက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အများစုဟာ ပြည်သူလူထုက စိတ်တိုင်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေမဟုတ်ဘူးလို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဒီနေ့ ပြောလိုက်ပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်းမှာ ကျင်းပခဲ့တဲ့ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစီအရင်ခံစာ သတင်းစာရှင်းလင်းပွဲမှာ ၈၈ မျိုးဆက် လူထု ဆက်ဆံရေးဋ္ဌာန တာဝန်ခံ ကိုဂျင်မီ က အခုလိုပြောခဲ့တာပါ။
“ လူထုစိတ်တိုင်းကျတာ ၃၈ ရာခိုင်နှုန်းပဲကျွန်တော်တို့လေ့လာတွေ့ရရှိတယ်။ ၃၈ ရာခိုင်နှုန်းမှာ NLD ကကျော်ထောင့်နောက်ခံပြုထားတာက ၂၉ ရာခိုင်နှုန်း၊ တိုင်းရင်းသားပါတီတွေက ကိုယ်စားပြုထားတဲ့ ၉ ရာခိုင်နှုန်းတွေရတယ်။ ကျန်တာတွေကတော့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက အများစု အဲဒါတွေ ကျွန်တော်တို့တွေ့ရတယ်။”
၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အုပ်ချုပ်ရေးမှူးတွေရဲ့ ရွေးကောက်ပွဲ ကာလအခြေအနေတွေ၊ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွေ နဲ့ နိုင်ငံရေးပါတီတွေ ဆက်နွယ်မှုတွေ ၊ အုပ်ချုပ်ရေးမှူးတွေကို တိုင်းတန်းတာတွေ နဲ့
Thursday, January 30, 2014
P.S.L.F/T.N.L.A ၂၀၁၄ တအာင်းလူထုတွေ့ဆုံဆွေးနွေးပွဲ ခရီးစဉ်ပါ။ (မြို့သစ်- နမ့်ဆန်မြို့နယ် ၁၈-၁၉ ရက် ဇန္နဝါရီလ ၂၀၁၄)
ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးကြီးတာဂျုတ်ဂျား နဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးတာဘုန်းကျော် တို့ရဲ့ P.S.L.F/T.N.L.A ၂၀၁၄ တအာင်းလူထုတွေ့ဆုံဆွေးနွေးပွဲ ခရီးစဉ်ပါ။ (မြို့သစ်- နမ့်ဆန်မြို့နယ် ၁၈-၁၉ ရက် ဇန္နဝါရီလ ၂၀၁၄)
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ မကွေးတိုင်းတွင်ပြောကြားခဲ့သော မှတ်သားဖွယ်စကားမှ ကောက်နှုတ်ချက်များ
" ဘာနိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး။ ခင်ဗျားတို့ မှတ်ထားကြ။ ကျွန်တော့်နာမည် ဗိုလ်ချုပ်အုန်းမြင့်။ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တစ်ခါ (နယ်တကာ လို့ ပြောချင်ဟန်တူ) လှည့်ပြီး ပါးရိုက်ရဲတယ်ကွဆိုပြီး မိန့်ခွန်းပြောလာတာ၊ ရှင်းတယ်နော်။"
" တက်နေတဲ့ အစိုးရအပေါ်မှာ စော်ကားတဲ့ကောင် တွယ်မှာပဲ၊ ပါးစပ်နဲ့ တွယ...်လို့မရရင် အချုပ်ထဲ တည့်မှာဘဲ"
" ကျွန်တော်တို့ ခါးခြားမှာ (ခါးကြားမှာလို့ ပြောချင်ဟန်တူ) သေနတ်ထိုးပြီးတော့ ပုခုံးပေါ်မှာ သေနတ်လွယ်ပြီး အုပ်ချုပ်ခဲ့တာပဲဟာ ဘာမှ မတိုးတက်ဘူးပြော၊ သောက်ရူးတွေ ပြောနေတာ။ ခင်ဗျားတို့ သောက်ရူးတွေပြောတာ မယုံနဲ့။"
" အဲဒီလွှတ်တော်ကြီး ဘယ်သူ ဆောက်ခဲ့သလဲမေး စစ်တပ်က ဆောက်ခဲ့တာ။ အဲဒီမြို့ကြီး ဘယ်သူတည်ထောင်ခဲ့လဲ စစ်တပ်က တည်ခဲ့တာ။ ဒီလမ်းမကြီး ဘယ်သူဖေါက်ခဲ့သလဲ စစ်တပ်က
ဝန်ကြီး ဦးအောင်မင်းနဲ့ NCCT တွေ့ဆုံပွဲ
အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဝန်ကြီးဦးအောင်မင်းနဲ့ အဖွဲ့ဝင်တွေ ဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT အဖွဲ့ဝင်တွေနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က Green Lake Resort မှာ ဒီကနေ့ တွေ့ဆုံခဲ့ကြပါတယ်။
Copy from - RFA
Wednesday, January 29, 2014
ဘာလဲဟဲ့ စရဖ ...... စရဖ ဆိုတာ ဘာလဲ (၁)
(ပုံစာ-စရဖ ၏ လက်ရှိအကြီးအကဲ ဒုဗိုလ်ချုပ်ကြီးကျော်ဆွေ)
မြန်မာပြည်သူတွေကို ဆယ်စုနှစ်ပေါင်းများစွာ စိုးမိုးခြောက်လှန့်ထားနိုင်ခဲ့တဲ့ စစ်ထောက်လှမ်းရေးအဖွဲ့ကြီးဟာ စစ်အာဏာရှင်အချင်းချင်း သံသယတွေနဲ့ ဖြုတ်၊ ထုတ်၊ သတ်ခံလိုက်ရတာမို့ ၂၀၀၄ ခုနှစ်မှာ နိဌိတံသွားခဲ့ပါတယ်။ နှစ်ရှည်လများ တည်ဆောက်ထားခဲ့တဲ့ ထောက်လှမ်းရေး ကွန်ယက်ကြီးလည်း ဖရို ဖရဲနဲ့ အဖတ်ဆည်မရနိုင်အောင် ပျက်စီးသွားခဲ့ပါတယ်။ ထောက်လှမ်းရေးအဖွဲ့ကြီးတစ်ခုလုံး လက်စတုံး ချေမှုန်းခံလိုက်ရတာနဲ့ ပတ်သတ်တဲ့ အခြေခံအကြောင်းတရား သတင်းစကားတွေ အများအပြား ထွက်ခဲ့ပေမဲ့ အဓိကအချက်ကတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ထောက်လှမ်းရေးအဖွဲ့ကြီးကို ဒီအတိုင်း ဆက်လွှတ်ထားရင် အာဏာပါဝါချင်း တိုးတိုက် လာနိုင်ဖွယ်ရာကိစ္စတွေရှိတာမို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အပြတ် ရှင်းခဲ့တာဖြစ်ပါတယ်။
ဖျက်သိမ်းခံခဲ့ရတဲ့ တပ်မတော်ထောက်လှမ်းရေး အရာရှိချုပ်ရုံးကို အစားထိုးဖို့အတွက် တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးကို ၂၀၀၄ ခုနှစ်မှာ ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးကို အတိုကောက်သုံးအနေနဲ့ “စရခ” လို့ သုံးနှုန်းပြီး လက်အောက်ခံ တပ်ဖွဲ့တွေကိုတော့ “စရဖ” (စစ်ဖက်ရေးရာလုံခြုံရေး တပ်ဖွဲ့) လို့ သုံးနှုန်းပါတယ်။ တပ်မတော်စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးရဲ့ အကြီးအကဲအဖြစ် တာဝန်ယူခဲ့သူတွေကတော့
Monday, January 27, 2014
မြန်မာ့တပ်မတော် တပ်မှူးတပ်သားများအား P.S.L.F/T.N.L.A ၏ ပန်ကြားချက်
၂ဝ၁၄ ခုနှစ် ဇန္နဝါရီလ ၂၇ ရက် ထုတ်ပြန်ချက
အမှတ်။ ။ ဝဝ၂/ဝ၅/ဌနခ-၂၀၁၄
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး P.S.L.F သည် တအန်းအမျိုးသားလွတ်မြောက်ရေးအတွက် တအန်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် T.N.L.A ကို ပြန်လည် ဖွဲ့စည်းပြီးနောက် မြန်မာ့တပ်မတော်နှင့် တအန်း တပ်မတော်အကြား လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားလာသည်မှာ ၂ နှစ် ကျော်ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။
ထို ၂ နှစ်ကျော်ကာလတိုအတွင်း တအန်းနှင့်မြန်မာ တပ်မတော်နှစ်ဖက်အကြား ထိတွေ့မှုတိုက်ပွဲ ကြီးငယ် ၂၀၀ ကျော်တွင် နှစ်ဖက်တပ်ဖွဲ့များ ထိခိုက်ကျဆုံးမှုများရှိခဲ့ပါသည်။ မိမိတို့T.N.L.A ဖက်မှ ၁၁ ဦး ကျဆုံး ကာ ၂၀ ခန့် ထိခိုက်ဒါဏ်ရာရှိခဲ့ပြီး၊ မြန်မာ့တပ်မတော်ဖက်မှ အနဲဆုံး ၃၀၀ ကျော် ကျဆုံးပြီး ၇၀၀ ကျော်
တစ်နိုင်ငံလုံးအပစ်ရပ်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် UWSA ခေါ် “၀” အဖွဲ့ပါဝင်နိုင်မည်ဟုဆို
“၀” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP သည် ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာနယ်မြေ တပ်မဟာ(၇) လော်ခီးလာတပ်စခန်းတွင် ဇန်န၀ါရီ ၂၀ ရက်မှ ၂၅ ရက်ထိ ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များညီလာခံသို့ တက်ရောက်ခြင်းမရှိသော်လည်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး နှင့် နိုင်ငံရေးဆွေးနွေးမှုများတွင်မူ ပါဝင်နိုင်မည်ဟု လော်ခီးလာညီလာခံပြောရေးဆိုခွင့်ရှိသူ ဖဒိုကွယ်ထူး ၀င်းက ပြောသည်။
“သူတို့အမြင်က တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးကို သူတို့လက်ခံတယ်၊ တစ်ကယ့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုအဆင့်ကို သွားမယ်ဆိုရင်တော့ သူတို့လည်း ပါလာနိုင်မယ်”ဟု ပြောသည်။ လော်ခီးလာ ညီ လာခံသို့ တက်ရောက်ရန် “၀” အဖွဲ့ကို ကိုယ်တိုင်သွားရောက် ဖိတ်ကြားခဲ့သူ ဖဒိုကွယ်ထူးဝင်းက “၀” အဖွဲ့နှင့် အလွတ်သဘော ဆွေးနွေးစဉ် “၀”ခေါင်းဆောင်များက ဆိုသည်ဟုလည်း ဖဒိုကွယ်ထူးဝင်းက
မြန်မာပြည်မှာ တပ်မတော်မဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့ဘယ်လောက်များသလဲ သင်သိပါသလား၊???
photo by - Lachid Kachin
(၁)ALP/ALA/RSLP ရခိုင်
(၂)CNF ချင်း
(၃) DKBA 5 ကလိုထူးဖော
(၄)KNPP ကယား
(၅)KNU ကရင်
(၆)KNLA ကရင်
ဒေါ်အောင်ဆန်းစုကြည်ကို တရုပ်အစိုးရ ဖိတ်ကြားမည်
nld-china-305.jpg
တရုတ်နိုင်ငံကိုသွားမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်များကို မေလ ဂ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာေ လဆိပ်တွင် လိုက်ပါပို့ဆောင်သူများနဲ့ အတူ တွေ့ရပုံ။ photo: RFA/ Thiha Htun
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ကို တရုတ်အစိုးရက တရားဝင်အလည်အပတ် ဖိတ်ကြားဖို့ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ဟိုးလန် Yang Houlan က ပြောကြားတယ်လို့ ဒီကနေ့ တနင်္ဂနွေနေ့ထုတ် South China Morning Post သတင်းစာမှာ ဖေါ်ပြထားပါတယ်။
တရုပ်သံအမတ်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို အဲဒီလိုလာရောက်ဖို့အတွက် ဘယ်တော့ ဖိတ်ကြားမယ် ဆိုတာ အတိအကျ မပြောနိုင်သေးပေမယ့် တရုတ် အစိုးရဖက်ကရော ဒေါ်အောင်ဆန်းစုကြည်ဖက်က ပါ နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့အချိန်မှာ ဖြစ်ပါ လိမ့်မယ်လို့ ပြောပါတယ်။ ဒါ့အပြင် သံအမတ်ကြီးက ဒေါ်အောင်ဆန်းစုကြည် ဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ရရှိသူဖြစ်ရုံမက မြန်မာလူထုရဲ့ ချစ်ခင်မှုကိုလည်း ရရှိနေသူဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ သူတာဝန် စတင်ထမ်းဆောင်ချိန်ကစပြီး
လော်ခီးလာညီလာခံ သတင်းစာရှင်းလင်းပွဲ (အသံဖိုင်)
Copy from - thawthikho.blogspot.jp/
Sunday, January 26, 2014
မီးပုံပျံကွင်း ကန်.ကွက်ခံရသဖြင့် ရွေ.လျားစင်မြင့်ဖြင့် ဟောပြောရန် တောင်ကြီးသားတွေ စီစဉ်ကြပြီ။
 နေ၇ာမရွှေးဘူး....ရှင်းတယ်နော် (photo -Coko Dmo)
ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်နယ်တောင်ပိုင်း လူထုတွေ့ဆုံပွဲခရီးစဉ်တွင် တောင်ကြီးမြို့ အဝေရာမီး ပုံးပျံကွင်း၌ တပ်ပိုင်မြေဖြစ်၍ ကျင်းပခွင့် မရသော်လည်း၊ အဆိုပါ မီးပုံးပျံကွင်း အနီးရှိ ပုဂ္ဂလိကပိုင်မြေ ကွက်ကျယ် တစ်ခုတွင် ကျင်းပရန် စီစဉ်ထားကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း NLD ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးထံမှ သိရသည်။
၂၀၁၄ ခု ဇန်န၀ါရီ ၂၆ ရက် ညနေ ၃ နာရီတွင် တောင်ကြီးမြို့ အဝေယျာ မီးပုံးပျံကွင်း အနောက်မြောက်ဘက် ကျောင်းကြီးစုရပ်နယ်မြေ (၁၃) ကျောက်တစ်လုံးလမ်း ဘေးအမှတ် (၁၈၄)ရှိ အဆောက်အအုံ မဆောက်လုပ်ရသေးသည့် ပုဂ္ဂလိကပိုင် မြေကွက်လပ်တွင် ဒေါ်အောင်စုကြည်နှင့် တောင်ကြီးမြို့ လူထုတွေ့ဆုံပွဲကို ကျင်းပမည် ဖြစ်ကြောင်း၊ ဤနေရာတွင်သာမက မြို့ပေါ်ရှိ အခြားအဆင်ပြေနိုင်မည့် နေရာများ သို့ပါ လှည့်လည် သွားရောက် တွေ့ဆုံ ဟောပြောနိုင်ရန် စင်မြင့်ကို ၂၄ ဘီးကားကြီးပေါ်တွင် စီစဉ်ထားရှိကြောင်း၊ ယခုတွေ့ဆုံမည့်နေရာမှာ လမ်းမနံဘေးဖြစ်၍ လူဦးရေ တော်တော်များ ၀င်ဆံ့နိုင်ကြောင်း စီစဉ်သူတစ်ဦးက ရှင်းပြသည်။
Copy from - Eleven Media Group
TNLA တို့နှင့် ဖြစ်သော တိုက်ပွဲတွင် စစ်ကြောင်းမှုး ဒုဗိုလ်မှူးကြီး မျိုးဇော်လတ် ကျဆုံး
(၅၁)ကြိမ်မြောက် ပလောင်တော်လှန်ရေးနေ့ ကျင်ပစဉ် စစ်ကြောင်းများပုံ
အမှတ် () စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ ရှမ်းပြည် နယ်မြောက်ပိုင်း၊ နမ့်လန်မြို့ အခြေစိုက် တပ်ရင်း (၅၀၆) မှ စစ်ကြောင်း မှုး ဒုဗိုလ်မှူး ကြီး မျိုးဇော် လတ် သည် ယမာန် နေ့ ဇန္နာဝါရီ (၂၅) ရက်နေ့ မနက် (၈း၃၀) နာရီ တွင် နမ့်ဆန်မြို့နယ် အနောက် ကင်းအုပ်စု ဟိုလရွာ အနီး တအာင်း လွတ်မြောက်ရေး တပ်မေ တာ်  (TNLA) အမှတ် (၂၅၆) တပ်ရင်းမှ  တပ်ခွဲ (၃) စစ်ကြောင်းတို့နှင့် တိုက်ပွဲဖြစ်ရာ ကျဆုံး သွားခဲ့ ခြင်း ဖြစ်သည်ဟု မျက်မြင် ပေါ် တာ အထမ်း သမားများ ၏ ပြောပြချက် အရ သိရသည်ဟု တအာင်း ပြန်ကြားအဖွဲ့ဝင် တဦးဖြစ်သည့် မိုင်းအိုက် ကျော်က ဆိုပါသည်။
စစ်ကြောင်း မှူး အပါဝင် ()ဦး ကျတယ် လို့  အဲဒီ စစ်ကြောင်း မှာရှိတဲ့ အထမ်း သမား တွေဆီက သိရတယ်လေ။ အဲဒီ စစ် ကြောင်း မှူးဟာ သိပ်ရက် စက်တယ်ဗျ။  လူတွေကို ရိုက်တယ်။ ဖမ်းတယ် အမျိုးမျိုး နှိပ်စက် နေတဲ့ စစ်ကြောင်း မှူး ဘဲ။ တိုက်ပွဲကတော့ ဆက်ဖြစ်ဖို့ ရှိနေတယ်။ ကျနော်တို့ စစ်ကြောင်း ကလည်း ဘိန်းစိုက်ခင်း တိုက်ဖျက်ရေး တွေ လုပ်နေလေ။ သူတို့ စစ်ကြောင်း ကလည်း
သေနတ်တစ်လက် နားကြပ်တစ်ဖက်
မြူနှင်းများ ရစ်သိုင်းနေသည့် တောင်ပေါ်ရွာလေး၏ နံနက်ခင်းတွင် ဝီစီမှုတ်သံများ ထွက်ပေါ်လာပြီးနောက် အသက် ၁၈ နှစ်အရွယ် ယုယုထွေးခေါ် ရှင်းရှင်းတစ်ယောက် စစ်ယူနီဖောင်းကို ဆွဲဆန့်လျက် ဦးထုပ်ကို ယူဆောင်းလိုက်သည်။ သူ့ကဲ့သို့ပင် စစ်ယူနီဖောင်း ဝတ်ထားသော အမျိုးသမီးအချို့ ရွာလယ်ရှိ ဘုန်းတော်ကြီးကျောင်းသို့ ဦးတည် သွားနေကြသည်။
ထိုမြင်ကွင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန် မြို့နယ် ဟိုမိန်းကျေးရွာတွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) မှ စစ်သမီးများ နံနက်စာ စားသောက်ရန်အတွက် ဘုန်းတော်ကြီး ကျောင်းသို့ သွားရောက်ကြခြင်း ဖြစ်သည်။
ရှင်းရှင်းသည် TNLA မှစေလွှတ်သော သူနာပြုသင်တန်းကို ရှစ်လကြာ သင်ကြားခဲ့ပြီးနောက် TNLA ထိန်းချုပ် နယ်မြေအတွင်းရှိ ကျေးရွာများတွင် တာဝန် ထမ်းဆောင်ခွင့် ရရန် စောင့်ဆိုင်းနေသူ ဖြစ်သည်။
TNLA သည် တအာင်း အမျိုးသမီးများကို ကေအိုင်အေ ထိန်းချုပ် နယ်မြေဖြစ်သော မိုင်ဂျာယန်ရှိ တပ်ရင်း (၁၆) တွင် အခြေခံ သူနာပြု သင်တန်းနှင့် ကျန်းမာရေးမှူး သင်တန်းတို့ကို ၂၀၁၃ ခုနှစ်မှ စတင်၍ စေလွှတ်
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး ဥက္ကဌ တားအိုက်ဘုန်း နှင့် တွေ့ဆုံမေးမြန်းခန်း
တင်ဆက် - ကိုဇင်မောင်၊ တည်းဖြတ် - မောင်တူး၊ ရိုက်ကူး - စောဖိုးစီ
Copy from - DVB
မြန်မာနိုင်ငံကို စစ်ခေါင်းဆောင်တွေ ဘယ်လိုဖျက်စီးနေကြလဲဆိုတာ ယ္ခုပုံကိုကြည့်ကြပါ
မြန်မာနိုင်ငံမှာ လူလည်းနေစရာမရှိ သတ္တာဝါတွေလဲနေစရာမရှိ ဖြစ်သွားနေတာ ဒါလက်တွေ့ပါ
၂၀၁၁ ကသာမှာ တွေ့ရပြီး ကေအိုင်အေ လုပ်တာမဟုတ်ပါ။
 ဂါ မဏိ(FB) သတင်းစာမျက်နှာမှ
Saturday, January 25, 2014
တိုင်းရင်းသားတန်းတူရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည် ပြောကြား၊
(ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့တွင် ပြောကြားသည့်မိန့်ခွန်းမှ ကောက်နှုတ်ချက်)
Copy from - RFA
တအန်းတပ်ရင်း ၂၅၆ နှင့်တိုက်ပွဲတွင် မြန်မာ ၅၀၆ စစ်ကြောင်းမှူးအပါအဝင် ၅ ဦးကျဆုံး
၂၅ ရက် ဇန်နဝါရီလ ၂၀၁၄။
ယနေ့ နံနက် ၈း၃၀ နာရီခန့်အချိန်တွင် မြန်မာတပ်ရင်း ၅၀၆ စစ်ကြောင်းနှင့် တအန်းတပ် ၂၅၆ တပ်ခွဲ (၃) စစ်ကြောင်းတို့ နမ့်ဆန်မြို့နယ် အနောက်ကင်းအုပ်စု ဟိုလရွာအနီးတွင် နှစ်ဖက်ထိပ်တိုက်ရင်ဆိုင် ဖြစ်ပွားခဲ့ကြရာ မြန်မာတပ် မှ စစ်ကြောင်းမှူး ဗိုလ်မှူး နှင့်တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးခဲ့သည်။
ခမရ ၅၀၆ တပ်ရင်းမှူး မှာ ဒုဗိုလ်မှူးကြီး မျိုးဇော်လတ် ဖြစ်ပြီး စစ်ကြောင်းကို ကိုယ်တိုင် ဦးစီးကွပ်ကဲကာ ဒေသခံ လူထုများအား ဖမ်းဆီးခြင်းရိုက်နှက်ခြင်းများကို ရက်စက်ကြမ်းကြုတ်စွာ ဆောင်ရွက်သူဖြစ်သည်။ ပန်စရီရွာမှ နမ့်ဆန်မြို့ဖက်သို့ မြန်မာစစ်ကြောင်း အပြန်စစ်ချီလာစဉ် ဟိုလရွာမှ ထွက်ခွာလာသည့် တအန်းတပ်ဖွဲ့နှင့်တွေ့ဆုံရာ တအန်းတပ်ဖွဲ့မှအပေါ်စီးနေရာရရှိပြီး ၁၅ မိနစ်ခန့် ပစ်ခတ်ခဲ့ကြပြီး
ဘားအံ တိုင်းရင်းသားညီလာခံ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားမည်
လာမယ့် ဖေဖော်ဝါရီလထဲမှာ ကရင်ပြည်နယ် ဘားအံမြို့မှာကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးခွန်ထွန်းဦးတို့ကို ဖိတ်ကြားသွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ လေးဝါးမှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ...ညီလာခံနောက်ဆုံးနေ့မှာ ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် တိုင်းရင်းသားအဖွဲ့တွေအားလုံး သဘောတူတဲ့မူကြမ်းကို မနက်ဖြန်မှာ လက်မှတ်ထိုးပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပသွားမှာဖြစ်ပါတယ်။ မူကြမ်းထဲမှာ အရင်က ဖက်ဒရယ် တပ်မတော်ဆိုပြီး သုံးနှုန်းထားတာကို ပြည်ထောင်စုတပ်မတော်လို့ ပြောင်းလဲလိုက်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်
Friday, January 24, 2014
ပအိုဝ်းနှင့် ရှမ်းပြည် ဆိုတာ
ရှမ်းပြည် ဆိုတာ ဗမာပြည်မနှင့် မပူပေါင်းသည့် အချိန်ထိ လွတ်လပ်တဲ့ အချုပ်ခြာအာဏာပိုင်တဲ့ တိုင်းရင်းသား ပေါင်းစု နယ်တခု ဖြစ်ပါတယ်။ အိမ်နီးချင်း စီယံ (ထိုင်း)၊ ဗမာ၊ လာအို ၊ တရုတ်တို့နှင့် ကူးလူဆက်ဆံမှုတွေ ရှိခဲ့ပါတယ်။
...
ရှမ်းပြည်ကို ယောဘူယျအားဖြင့် လူမျိုးတစ်မျိုးတည်း (ရှမ်း) ကို အခြေခံပြီး ပေါ်ပေါက်လာတာ၊ စုဖွဲ့ခဲ့တာ မဟုတ်ဘူးဆိုတာ ၁၉၂၂ အောက်တိုဘာလမှာ ပေါ်ပေါက်လာခဲ့တဲ့ ဖယ်ဒရယ်ဆိုတဲ့ ဘုံသဘောတူညီချက်က ထင်ရှားတဲ့ သက်သေပါပဲ။ ရှမ်းပြည်ဆိုတာ သီးခြားလွတ်လပ်တဲ့ စော်ဘွားများပိုင်တဲ့ နယ်မြေ ၃၃ နယ် ပေါင်းစုပြီး “ရှမ်းပြည်နယ်များ” ဆိုတာ ဖြစ်ပေါ်လာခဲ့ပါတယ်။ “ရှမ်းပြည်နယ်များ” မှာ သီးခြားလွတ်လပ် တဲ့ တောင်ပိုင်းရှိ စော်ဘွားနယ် အများစုနှင့် စုဖွဲ့ပေါင်းစည်းထားတာပါ။ အရင်ကဆို စော်ဘွားနယ်တွေကာ မတူညီတဲ့ အုပ်ချုပ်ရေး စနစ်တွေနဲ့ ၄င်းတို့ဒေသကို ကိုယ်တိုင်ကိုယ်ကျ အုပ်ချုပ်ခဲ့ကြတာပါ။ နောက်ပိုင်းမှ သီးသန့်နယ်၊ ပအိုဝ်းနယ် အပါအ၀င် စော်ဘွားနယ်တွေပေါင်းလိုက်ပြီး “ဖယ်ဒရယ် ရှမ်းပြည်နယ်များ” ကို တည်ထောင်ခဲ့ကြတာပါ။ အဓိက ဖွဲ့
ဖက်ဒရယ်စနစ် ဗမာလူမျိုးများ မထောက်ခံလျှင် ဖြစ်မလာနိုင်ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လ ပြော
တိုင်းရင်းသား အများစု တောင်းဆိုနေသည့် ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို ဗမာလူမျိုးများ ပါဝင်ထောက်ခံမှု မရှိပါက ဖြစ်ထွန်း လာနိုင်မည် မဟုတ်ကြောင်း ကချင် တိုင်းရင်းသား ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြား လိုက်သည်။
ကရင်ပြည်နယ် ကရင်အမျိုးသား အစည်းအရုံး(KNU) ဌာနချုပ် လောခီးလာတွင် ဇန်န၀ါရီ ၂၀ ရက်က စတင် ကျင်းပနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ညီလာခံ စတုတ္ထနေ့ ဖြစ်သော ယနေ့တွင် ပြောကြားခြင်း ဖြစ်သည်။
“အစိုးရဘက်က အားသာမှုက များနေတယ်။ ဒီတော့ ကျနော်တို့ဘက်က အားသာမှု ရလာအောင်ဆိုရင် ကျနော်တို့က စည်းလုံးမှုကို ပိုပြီးတော့ ကြိုးစားလုပ်ရမှာ ဖြစ်ပါတယ်။ ဗမာလူမျိုးတွေကိုယ်နှိုက်က ကျနော်တို့ လိုချင်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု၊ အမျိုးသားကို အခြေခံတဲ့ ပြည်ထောင်စုကြီး ဖြစ်လာအောင် ဗမာလူမျိုးတွေက ထောက်ခံပေးရမှာ ဖြစ်တယ်။ ဗမာလူမျိုးတွေ မထောက်ခံလို့တော့
လောခီးလာ တိုင်းရင်းသားညီလာခံကို"၀"တပ်ဖွဲ့ ထောက်ခံအားပေး
23 January 2014
ကရင်ပြည်နယ် ဘားအံမြို့နယ် လောခီးလာမှာ လက်ရှိ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရဲ့ ဒုတိယအကြိမ်မြောက်ညီလာခံကို ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)က ထောက်ခံ အားပေးတယ်လို့ ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU)ဌာနချုပ် လောခီးလာမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးနေတာ ဖြစ်ပြီး ၀ တပ်ဖွဲ့အနေနဲ့ အဲဒီ ညီလာခံကို မတက် ရောက်နိုင်ပေမယ့်လည်း အဲဒီ ညီလာခံကို ထောက်ခံအားပေးတယ်လို့ ၀ တပ်ဖွဲ့ရဲ့ ပြောခွင့်ရ ဦးအောင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။
ညီလာခံ မတက်ရောက်နိုင်တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး သူက ခုလိုရှင်းပြပါတယ်။
“ကျနော်တို့ကို ဖိတ်တယ်။ သူတို့ အတွင်းရေးမှူးချုပ်ကိုယ်တိုင် လာပါတယ်။ ကရင်အဖွဲ့က စောကွယ်ထူးဝင်းပါ။ ဒီလ ၈ ရက်နဲ့ ၉ ရက်ပေါ့။ ဒါပေမယ့် သူတို့ ဆွေးနွေးမယ့်မူကြမ်းကို ကြိုတင်မရဘူး။ အရင်လည်း မတွေ့ရဘူး။ ဟိုဆွေးနွေးကျမှ ၂ ရက်အတွင်း ၃ ရက်အတွင်းမှာ သွား ဆွေးနွေးဖို့ဆိုတော့ ကျနော်တို့
Thursday, January 23, 2014
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အများကြီးလိုနေ......ဦးဝင်းတင်
ဦးအောင်သောင်းရေ လွန်တာရှိ ဝန်တာမိပါခင်ဗျာ
ကျုပ် မြို့နယ်ကျောင်းသား သမဂ္ဂဥက္ကဌ လုပ်ဖူးတယ်ဗျ။ ကျုပ်ကိုယ်ကျုပ် ကျောင်းသားခေါင်းဆောင်ရယ်လို့ မပြောဘူး။ ကျုပ် ဂျာနယ်ကြီးတွေ၊ မဂ္ဂဇင်းကြီးတွေမှာ ကဗျာတွေရေးဖူးတယ်ဗျ။ ကျုပ်ကိုယ်ကျုပ် ကဗျာဆရာရယ်လို့ မပြောဘူး။ ကျုပ် ဒီချုပ်လို နိုင်ငံရေးအဖွဲ့အစည်းကြီးတည်ထောင်ရာမှာ ပါဝင်ခဲ့ဖူးတယ်ဗျ။ ကျုပ်ကိုယ်ကျုပ် နိုင်ငံရေးသမားရယ်လို့ မပြောဘူး။
စာန...ယ်ဇင်းလောကမှာ ကျုပ်ဘဝစုံခဲ့တယ်။ နိုင်ငံခြားရောက်နေတုန်း သတင်းစာထုတ်တယ်။ အရေးတော်ပုံကာလမှာ သတင်းစာထုတ်တယ်။ ထောင်ထဲနေရတုန်း သတင်းစာထုတ်တယ်။ (“ဒီလှိုင်း” ဟာ ထောင်ထဲက ကျုပ်တို့ရဲ့ သတင်းစာနာမည်ပေါ့) ဆယ်ကျော်သက်ကတည်းက နာခဲ့တဲ့ သတင်းသမားဘဝ ကျုပ်တွယ်တာတယ်။ ဒီတော့ သူစိမ်းသူရံဆံလာမေး။ ခင်ဗျား ဘာကောင်လဲ။ ကျုပ်အဖြေက သတင်းသမား။ မိတ်ဆွေက မေးမေး၊ ရန်သူက မေးမေး၊ ဒီအဖြေပဲ။
မနေ့တစ်နေ့က ကြုံဆုံပွဲလေးတစ်ခုမှာ ကျုပ်က နိုင်ငံရေးသမားမဟုတ်ဘူး ပြောမိတယ်။ ကျုပ်ရဲဘော်ကြီး တစ်ယောက်က မာန်လိုက်တာဗျာ။ တစ်ခန်းလုံးကို ညံသွားတာပဲ။ ခင်ဗျားဟာ နိုင်ငံရေးသမားတဲ့။ နိုင်ငံရေးသမားလို့ပြောရာမှာ မရွံ့နဲ့တဲ့။ နိုင်ငံရေးသမားဆိုတာ တိုင်းရေးပြည်ရာလုပ်တဲ့သူတဲ့။
ဆူဇူကီး ကားကုမ္ပဏီအား သီလဝါ စီးပွားရေးဇုန်တွင် စက်ရုံဆောက်ခွင့် ပထမဆုံး ခွင့်ပြု
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် သီလဝါ အထူး စီးပွားရေးဇုန်တွင် ဆူဇူကီး ကားကုမ္ပဏီကို စက်ရုံ တည်ဆောက်ခွင့် ပထမဆုံး အနေဖြင့် ခွင့်ပြုလိုက်ကြောင်း သိရသည်။ ဂျပန်နှင့် မြန်မာ ဖက်စပ် အကောင် အထည်ဖော်နေသည့် သီလဝါ အထူး စီးပွားရေးဇုန်တွင် အခြေခံ တည်ဆောက်ရေး လုပ်ငန်းများ မပြီးပြတ် သေးသော်လည်း ဂျပန် ဆူဇူကီး ကုမ္ပဏီကို ပထမဦးဆုံး အဖြစ် စက်ရုံ တည်ဆောက်ခွင့် ပြုခဲ့သည်။
ဆူဇူကီး ကားကုမ္ပဏီသည် ရင်းနှီး...မြှုပ်နှံမှု ကော်မရှင်တွင် လုပ်ငန်း တိုးချဲ့ခွင့်ပြုရန်၂ဝ၁၂ ခုနှစ် ကတည်းက တင်ပြထားခြင်း ဖြစ်သည့်အတွက် စက်ရုံ တည်ဆောက်ခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လတ်တလော အနေအထားတွင် သီလဝါ စီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီသည် လျှပ်စစ်ဓာတ်အား လိုင်းသွယ်တန်းခြင်း၊ မြေပြင်တိုင်းတာခြင်း၊ ရေချိုသန့်စင်ခြင်း လုပ်ငန်းကို အပိုင်း (၁) အဖြစ် လုပ်ဆောင်
၁၃၀၀ ပြည့်အရေးတော်ပုံ စိန်ရတု လူ ၁၀၀၀ ကျော် တက်ရောက်
၁၃၀၀ ပြည့်အရေးတော်ပုံ နှစ်ပတ်လည်အခမ်းအနား 
ရန်ကုန်မှာ ကျင်းပပြုလုပ်နေစဉ်
မြန်မာနိုင်ငံ ကိုလိုနီဆန့်ကျင်ရေး လှုပ်ရှားမှုကာလ ၁၃၀၀ ပြည့် အရေးတော်ပုံဟာ မြန်မာ့လွတ်လပ်ရေးအတွက် အရေးကြီးတဲ့ ရှေ့ပြေး ခြေလှမ်းတရပ်ဖြစ်တာမို့၊ ဒီ သမိုင်းကို ထိန်းသိမ်းထားဖို့ နောက်မျိုးဆက်တွေ သိရှိနိုင်ဖို့ အရေးကြီးတယ်လို့ ၁၃၀၀ ပြည့် အရေးတော်ပုံ စိန်ရတုအခမ်းအနား စီစဉ်ကျင်းပသူတွေက ပြောပါတယ်။
ဒါကြောင့်လည်း ဒီနေ့ကို အမှတ်တရဖြစ်အောင် ရန်ကုန်၊ မန္တလေး အပါအ၀င် နေရာအတော်များများမှာ ဒီနှစ်အတွင်း စီစဉ်ပြုလုပ်ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့ မင်းဓမ္မလမ်း MCC ခန်းမမှာ ဒီကနေ့ ကျင်းပတဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံ စိန်ရတုအခမ်းအနားကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့
ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့ ဥပဒေပုဒ်မတွေ အမြန်ဆုံးပယ်ဖျက်ဖို့ ဆန္ဒဖေါ်ထုတ်ပွဲ
21.01.2014 -
ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့ ဥပဒေပုဒ်မတွေ အမြန်ဆုံးပယ်ဖျက်ဖို့ ဆန္ဒဖေါ်ထုတ်ပွဲကို ဇန္န၀ါရီလ ၂၀ ရက်နေ့က တောင်ငူမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒေါ်ခင်မင်းဇော် သတင်းပေးပို့ ထားပါတယ်။
ရိုက်ကူး သားကြီးတောင်ငူ
Copy from - DVB
Wednesday, January 22, 2014
လူထုအင်အာဖြင့် အခြေခံဥပဒေ ပြင်မယ်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေးနဲ့ ပတ်သက်လို့ရှိရင် တချို့တွေက ကျွန်မကို မေးပါတယ်။ တပ်မတော်က မပြောင်းရင် ဘယ့်နှယ့်လုပ်မလဲလို့ မေးကြတာ ရှိတယ်။ ဘာလုပ်မလဲဆိုတော့ ကျွန်မ လူထုအင်အားနဲ့ ပြင်မယ်။ ကျွန်မ လူထုအားကို အားကိုးပါတယ်”
(ဒေါ်အောင်ဆန်းစုကြည်) 18-1-2014
အရပ်သားအစိုးရလက်ထက် စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဆက်ရှိဆဲ
မြန်မာနိုင်ငံမှာ ၂၀၁၀ ခုနှစ် သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီး နောက်ပိုင်းမှာကိုပဲ မြန်မာစစ်တပ်ရဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ရှိနေတဲ့အကြောင်း "အရေးယူမှုမှ ကင်းလွတ်ခြင်းနှင့် မပြောင်းလဲသေးသည့်စနစ်" လို့ နာမည်ပေးထားတဲ့ အစီရင်ခံစာတစောင်ကို WLB အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ဇန်န၀ါရီလ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအရ အထူးအခွင့်အရေးရနေတဲ့ မြန်မာစစ်တပ်ဟာ အပြစ်ကျူးလွန်မှုတွေကနေ ကင်းလွတ်ခွင့် ရနေတဲ့အတွက် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေဟာလည်း ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ဖြစ်ပွားနေတာဖြစ်တယ်လို့ WLB တွဲဘက် အထွေထွေ အတွင်းရေးမှူး - ၂ ဂျူလီယာ မာရစ်(ပ်) က ပြောပါတယ်။ ၀ါရှင်တန်ဒီစီကို ရောက်လာခဲ့တဲ့ မဂျူလီယာကို ဗွီအိုအေရုံးမှာ မခင်ဖြူထွေးက တွေ့ဆုံမေးမြန်းထားပါတယ်။
Copy from - VOA Burmese News
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲဖို့ နီးစပ်လာပြီလို့ ဦးနိုင်ဟံသာ ပြောကြား
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လေးဝါးညီလာခံပြီးရင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်မယ်လို့ယုံကြည်ကြောင်း ညီလာခံပြောခွင့်ရပုဂ္ဂိုလ် ဦးနိုင်ဟံသာက ဒီနေ့ ပြောလိုက်ပါတယ်။
ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ထိမ်းချုပ်နယ်မြေ လော်ခီးလာခေါ် လေးဝါးဒေသမှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးရဲ့ ညီလာခံ ဒုတိယမြောက်နေ့မှာ အဲဒီညီလာခံ ပြောခွင့်ရပုဂ္ဂိုလ် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ ဥ...ီးနိုင်ဟံသာက အခုလိုပြောပါတယ်။
“ကျနော်တို့ဘက်က အတတ်နိုင်ဆုံး၊ အလိုက်လျောနိုင်ဆုံး ညှိနှိုင်းလုပ်ဆောင်ပေးနေပါတယ်။ ဒီအစိုးရဘက်ကပေါ့ဗျာ.. ဒီ.. သမ္မတကြီးရော၊ ဦးအောင်မင်းတို့ရော သူတို့လည်း တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးကို တော်တော်လေး လိုလားနေတဲ့ပုံပေါ်တယ်။ ဒါကြောင့် သူတို့ အဝန်းအဝိုင်းက အဲလို ဆန္ဒရှိမယ်ဆိုရင်ပေါ့ဗျာ၊ ဒါကတော့ ဖြစ်နိုင်မယ်လို့တော့ ကျနော်ယုံကြည်တယ်။”
နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးရင် အပစ်ခတ်ရပ်စဲရေး တည်တံ့ဖို့အတွက် အပစ်ခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာရေးကော်မတီတွေကိုလည်း ဖွဲ့စည်းသွားဖို့ တိုင်းရင်းသားအဖွဲ့တွေရဲ့ မူကြမ်းထဲမှာ ထည့်သွင်းရေးဆွဲထားကြောင်းလည်း သိရပါတယ်။
အဲဒီလိုဖွဲ့မယ်ဆိုရင် အများကယုံကြည်နိုင်မယ့် ဂုဏ်သိက္ခာရှိတဲ့ လူပုဂ္ဂိုလ်တွေ ၊ နိုင်ငံရေးအဖွဲ့ အစည်းတွေက ကိုယ်စားလှယ်တွေအပြင် နိုင်ငံတကာက အတွေ့အကြုံရှိတဲ့ လူပုဂ္ဂိုလ်တွေကိုလည်း ထည့်သွင်းဖွဲ့စည်းသွားဖို့ လျာထားကြောင်းလည်း ဦးနိုင်ဟံသာက ပြောပါတယ်။
ညီလာခံနောက်ဆုံးနေ့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးရဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးစာချုပ် အပြီးသတ်မူကြမ်းတစ်ခု ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။
လာမယ့် ဖေဖေါ်ဝါရီလထဲမှာ အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ နှစ်ဘက်ညှိနှိုင်းရမှာဖြစ်ပြီး အားလုံးလက်ခံမယ့် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူညီချက်တစ်ခုကို ရအောင်ကြိုးပမ်းရမှာ ဖြစ်ပါတယ်။
Copy from - RFA
Monday, January 20, 2014
တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ကေအင်ယူ ထိမ်းချုပ်နယ်မြေ စတင်ကျင်းပ။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ ဆွေးနွေးပွဲကို ကေအင်ယူ ကရင်အမျိုးသား အစည်းအရုံး ထိမ်းချုပ်နယ်မြေ လေးဝါးမှာ ဒီနေ့ စတင်ကျင်းပ။
Copy from - RFA
ဒုတိယအကြိမ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ညီလာခံကို KNU,နယ်မြေတွင်ကျင်းပနေ
မြန်မာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်နိုင်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များဟာ ပထမ အကြိမ် အဖြစ် KIA, ဌာနချုပ် လိုင်ဇာတွင် (၃၀.၁၀.၂၀၁၃)မှ(၂.၁၁.၂၀၁၃)ရက်နေ့ အထိ အောင်မြင်စွာ ပြုလုပ်ခဲ့ ပြီး၊ထိုညီလာခံမှ NCCTအဖွဲ ကို ဖွဲ့ စည်းနိုင်ခဲ့ ကြောင်းသိရှိရပါသည်။ ယခု ဒုတိယ အကြိမ်အ ဖြစ် KNU,ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၇)ထိန်းချုပ်နယ်မြေဖြစ်သော လေးဝါး ခေါ် လောခီးလာမှာ ဒီကနေ့ (၂၀.၁.၂၀၁၄) မှာစတင် ဆွေးနွေးနေပါတယ်။
ယခုကျင်းပနေ သော ဒုတိယအကြိမ်ညီလာခံတွင် တစ်နိုင်လုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့က သဘောတူ ရေးဆွဲခဲ့ကြသည့် အပစ်ခတ်ရပ်စဲရေး ဆိုင်ရာ စာချုပ်ကို အပြီးသတ် ဆွေးနွေးသွားရန် ရည်ရွယ်ထားသည်ဟု NCCTအဖွဲ့ဝင် ဗိုလ်မှုးကြီး ခွန်ဥက္ကာက ဆွေးနွေးပွဲ တွင် ပြောသည်။
ုယနေ့ စတင်ကျင်းပသော ဒုတိယအကြိမ် တိုင်းရင်းသားလက်နက်ကိုင်များ၏ညီလာခံ သို့ ပါဝင် တက်ရောက်လာ သည့် အဖွဲ့ များမှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်မြောက်ရေးအဖွဲ့
ငြိမ်းချမ်းရေး စစ်တမ်း (၃) - “အစိုးရအဆိုပြု တနိုင်ငံလုံး အပစ်ရပ်ရေးစာချုပ် အပေါ် သုံးသပ်ချက်”
နိဒါန်း
၂၀၁၃ ခုနှစ် နိုဝင်္ဘာလ (၂) ရက်နေ့ ကချင်ပြည်နယ် လိုင်ဇာမြို့ တွင်ကျင်းပခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ ၏ ညီလာခံ အပြီး နိုဝင်္ဘာလ (၄) ရက်နေ့ မြစ်ကြီးနား ၌ အစိုးရ ကိုယ်စား လှယ်များ နှင့်တွေ့ဆုံကြ ရာ အ မျိုးသား ကာကွယ် ရေး နှင့် လုံခြုံရေး ကောင်စီ (ကာ၊ လုံ) ကရေးဆွဲထား သည့် စာချုပ်ကို အစိုးရ ဘက်က တင်သွင်း ခဲ့ ကြောင်း သိရသည်။
အစိုးရ အဆိုပြု စာချုပ်သည် မည်မျှ အရေးကြီး သဖြင့် ယင်းကို အခြေပြုလျက် စာတမ်းငယ် တစောင်မျှ ဖြစ်အောင် သုံးသပ် ရသည်ကို ရှေးဦးစွာ ရှင်းရန် လိုပါ မည်။ ၆၅ နှစ်ကြာ ခဲ့ပြီးသည့် ပြည်တွင်း စစ် သမိုင်းတွင် တိုင်းရင်း သားလက်နက် ကိုင် အဖွဲ့ အစည်း အားလုံး လွှမ်းခြုံ ပါဝင်လက်မှတ် ရေးထိုး ခွင့်ရ အောင် အာဏာရ အစိုးရက အဆိုပြု တင် သွင်းသော စာချုပ် ဟူ၍ဤသည်မှာ ပထမ ဆုံးဖြစ်သည်။ ထို့အပြင် ၁၉၈၉ ခုနှစ်မှ စတင်၍စစ်အစိုးရ ဟောင်း များနှင့် တိုင်းရင်း သားလက်နက် ကိုင်အဖွဲ့ အစည်း များချုပ် ဆိုခဲ့ကြ သည့် သဘော တူညီချက် များအနက်ဥပဒေ သဘော ဆန်စွာ ပုံစံ တကျ ရေးသား
ဒေါ်အောင်ဆန်းစုကြည် လှိုင်းဘွဲ့မြို့နယ်၊ ကပ္ပလီကျေးရွာတွင် ပြောကြားသော မိန့်ခွန်း နားထောင်ရန် အသံဖိုင်
ခွန် ဒီးယမ်(FB)သတင်းစာမျက်နှာမှ
Sunday, January 19, 2014
အခြေခံဥပဒေ ပြင်ဆင်လိုစိတ်ရှိ၊ မရှိ ဖွင့်ဟပြောဆိုဖို့ ဒေါ်အောင်ဆန်းစုကြည် စိန်ခေါ်
dassk-hpa-an-305.jpg
ကရင်ပြည်နယ် ဘားအံမြို့ အောင်သံလွင်ဘောလုံးကွင်းမှာ ဇန်နဝါရီလ ၁၈ ရက်နေ့ကကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးချယ်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ချင်ဘူးဆိုရင် ဘာကြောင့် မပြင်ချင်သလဲဆိုတာကို ပြည်သူတွေထံ ရှင်းရှင်းလင်းလင်း ချပြရမှာဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ဒီနေ့ ပြောလို်က်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ကရင်ပြည်နယ် ဘားအံမြို့  အောင်သံလွင် ဘောလုံးကွင်း မှာ ထောင်ဂဏန်းရှိမယ့် ပရိတ်သတ်ကို ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဟောပြောစဉ် အခုလို ထည့်သွင်း ပြောခဲ့တာပါ။
“ကျမတို့အတွက် စကားပြောသွားတဲ့ အဲလူ ၃ ယောက်စလုံးဟာ ပြည်သူတွေကနေ ပြီးတော့ ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်၊ ကျမက စိန်ခေါ်ရဲပါတယ်၊ ကျမတို့ဟာ ပြည်သူလူထုရှေ့မှာတက်ပြီးတော့ ဘာကြောင့် ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်သင့်လဲ၊ ဘယ်လိုကိစ္စတွေကို ပြင်ချင်သလဲဆိုတာကို ကျမပြောရဲတယ်၊ ၂ဝ၁ဝ ရွေးကောက်ပွဲကနေ ရွေးချယ်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်အားလုံးဟာ ကျမတို့နည်း တူ ပြည်သူလူထုရှေ့ထွက်ပြီးတော့ မပြင်ချင်လဲ ဘာလို့မပြင်ချင်ဘူးလဲဆိုတာ ပြောရဲ သလားလို့ ကျမမေးချင်ပါတယ်”
ဒါ့အပြင် မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ မိမိတို့ရွေးချယ်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ချင်ဘူးဆိုရင် ဘာကြောင့် မပြင်ချင်တာလည်းဆိုတာ မေးမြန်းခွင့်ရှိကြောင်း
Saturday, January 18, 2014
အမျိုးသမီး တပ်မတော်သားကိုယ်စားလှယ် နှစ်ဦးခန့်အပ်မှုအပေါ် ဗေဒင်ပညာရှင် ဆရာ စံ-ဇာဏီဘို ဟောစာတမ်း...
အင်္ဂါနံဖြင့် နာမည်စတင်ထားသော အမျိုးသမီး တပ်မတော်သားကိုယ်စားလှယ် နှစ်ဦးဖြစ်သည့် ဒုတိယ ဗိုလ်မှူးကြီး ဒေါ်စိုးစိုးမြင့် (ကြည်း ၂၂၅၀၄) နှင့် ဒုတိယ ဗိုလ်မှူးကြီး ဒေါ်စန်းသီတာခင် (ကြည်း ၂၆၀၇၀) တို့သည် အင်္ဂါသမီး ဒေါ်အောင်ဆန်းစုကြည်ကို Attack လုပ်ဖို့ ဗေဒင် အရ ရောက်ရှိခဲ့ခြင်းဖြစ်လျှင် ထိုအမျိုးသမီး ကိုယ်စားလှယ်တွေရော ခန့်အပ်သူပါ ကြီးမားသည့် အန္တရာယ်ကျရောက်နိုင်ပာု ဇန်န၀ါရီ ၁၄ ရက်နေ့တွင် ဗေဒင်ပညာရှင် ဆရာ စံ-ဇာဏီဘို က မြန်မာသံတော်ဆင့် ဂျာနယ်သို့ ပြောကြားသည်။
အင်တာနက်သတင်းသာမျက်နှာမှ
သေနတ်ပြောင်းကို ပါးစပ်ထဲ ထည့်တယ် ..... မြန်မာစစ်တပ်မှ အပြစ်မဲ့ရွာသားများကို ဖမ်းဆီးရက်စက်စွာ ရိုက်နှက်
တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားမှ TNLA စစ်သမီးများ
မြန်မာစစ်တပ်နှင့် ငွန်ဆိုင်ပြည်သူ့စစ်ခေါင်းဆောင် ထွန်းမြတ်လေး၏ အဖွဲ့သားတို့မှ နမ့်ဆန်မြို့နယ် တက်လက်ရွာသား ၄ ဦးကို ဖမ်းဆီးစစ်ဆေးပြီး နှိပ်စက်သည်ဟု သတင်းရရှိပါသည်။
ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် တက်လက်ရွာသား ဦးအိုက်ဆေ (သက် - ၄၀)၊ အိုက်ဆွေ (သက် - ၃၀)၊ ဦးဆိုင်အေး (သက် - ၆၀)၊ သန်းကြည်စိုး (သက် - ၁၅) ၄ ဦးတို့သည် နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာတွင် ကျင်းပပြုလုပ်သော တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားမှ ရွာသို့အပြန် မြန်မာစစ်ကြောင်း ခလရ ၅၀၂၊ ၅၀၆ တို့မှ စစ်ဆေးမေး မြန်ကာ ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရပါသည်။
“တအာင်းစစ်တပ်ကျင်းပတဲ့ပွဲကို သွားတယ်ဆိုပြီးတော့ သူတို့ ၄ ယောက်စလုံးကို ရိုက်တယ်။ သေနတ်ပြောင်နဲ့ ပါးစပ်ထဲကို ထည့်တယ်။ သူတို့ ၄ ယောက်စလုံး သွေးထွက်အောင်ကို ရိုက်တယ်။ ဘာအပြစ်မှမရှိတဲ့ ရွာသားကို ရန်သူသဖွယ် နှိပ်စက် တယ်။ ဒဏ်ရာ ပိုပြင်းထန်တာတော့ ဦးအိုက်ဆေပေါ့။ သူက ဦးခေါင်းပါပေါက်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
နေ့လည် ၁း၃၀ နာရီခန့် ညှင်းပန်းနှိပ်စက်ပြီးနောက်ပိုင်း အိုမ်ဗါရ်ရွာဘက်သို့ ခေါ်ဆောင်သွားကာ ညနေ ၅း၀၀ ၀န်ကျင်တွင် ပြန်လွှတ်ပေးခဲ့သည်ဟု သိရှိရပါသည်။
ငွန်ဆိုင်ပြည်သူ့စစ်ခေါင်းဆောင် ထွန်းမြတ်လေးတို့မှ ပြီးခဲ့သည့် ၂၀၁၃-ခုနှစ်တွင် နမ့်ဆန်မြို့နယ် ရွာသားများကို ပစ်သတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ မတရားစစ်ဆေးမေးမြန်ခြင်း မကြာခဏ လုပ်လေ့ရှိပြီး ရွာသားများမှ တိုင်ကြာမှုပြုသော်လည်း အရေးယူပေးခြင်းမရှိသည့်အပြင် ပြန်လည် အော်ငေါက်
Friday, January 17, 2014
ရွှေပေါ်မြတင် ဘ၀ပုံစံ နေထိုင်သည့် တရုတ်ဗိုလ်ချုပ် ဖမ်းဆီးခံရပြီ
ပေကျင်း ဇန်န၀ါရီ ၁၆
အဂတိတရား နဲ့ ညစ်ထေးလက်တွေအားလုံး ဖမ်းဆီးခံရမှာဖြစ်ပြီး ဥပဒေစည်းကမ်းတွေကို စက္ကူ ကျားတွေ စာခြောက်ရုပ်တွေ အဖြစ်မခံ နိုင်ကြောင်း သည့်အပြင် အဂတိလိုက်စားမှုတွေက ကွန်မြူနစ်ပါတီကို အမြစ်က ဖြိုချပစ်လိုက်နိုင်ကြောင်း တို့ကို တရုတ်သမ္မတ ရှီကျင့်ဖင်က နိုင်ငံပိုင် သတင်းဌာန မှ ယမန်နေ့က ပြောကြားပြီးနောက် ယနေ့ တရုတ် ဗိုလ်ချုပ်တစ်ဦးကို အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးလိုက်သည်ဟု ဆိုသည်။
တရုတ်စစ်ဘက် ထိပ်တန်းခေါင်းဆောင် တစ်ဦးအား ရွှေလှေ ၊ ရွှေလက်ဆေးဇလုံ ၊ ရွှေပိန်းချ မော်စီတုန်းရုပ်တု ၊ အိမ်ကြီးရခိုင် ဒါဇင်ပေါင်းများစွာ ၀ယ်ယူထားမှု နှင့် လာဘ်စားမှု တို့ကြောင့် တရုတ် တွင် ဖမ်းဆီးထိန်းသိမ်း လိုက်သည်။ ၄င်းမှာ ပြည်သူလွတ်မြောက်ရေး တပ်မတော် အပေါ် သြဇာညောင်းသော ထောက်ပံ့ရေး ဒုအကြီးအကဲ ဗိုလ်ချုပ် ကူကျွန်းရှန် ဆိုသူဖြစ်ပြီး ရှန်ဟိုင်းမြို့တွင် ကန်ဒေါ်လာ သန်း ၃၃၀ တန် စစ်တပ်ပိုင် မြေကွက်တစ်ကွက်အား ၆ ရာခိုင်နှုန်း လာဘ်ယူ၍ ရောင်းချခဲ့သည် ဟု ဆိုသည် ။
သူနေထိုင်ရာ ဖုယန်မြို့တွင်လည်း ၄င်း၏ မိသားစုဝင်များသည် မြေယာများ သိမ်းပိုက်ရာတွင် နာမည်ကြီးကာ အဆောက်အဦးဆောက်လုပ်ရေး လုပ်ငန်းများ လုပ်သည်ဟု စိုက်ရှင်း Caixin
ငြိမ်းချမ်းရေး အတွက် ကျပ်သန်း ၇၀၀၀ သမ္မတရုံး တောင်းခံ
သမ္မတ ဦးသိန်းစိန် အစိုးရက လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်ရန် အတွက် ကျပ်သန်း ၇၀၀၀ ကို ဇန်န၀ါရီလ ၁၅ ရက်နေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တောင်းခံ လိုက်ကြောင်း သိရှိရသည်။
သမ္မတရုံး ၀န်ကြီးလည်းဖြစ် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ လည်းဖြစ်သူ ဦးသိန်းညွှန့်က ၂၀၁၄- ၂၀၁၅ ဘဏ္ဍာရေးနှစ် သမ္မတရုံး အသုံးစရိတ်အဖြစ် ကျပ် သန်း ၁၉၆၅၂ သန်းတောင်းခံပြီး ယင်းငွေကြေးတွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကျပ်သန်း ၇၀၀၀၊ အာဆီယံ ဥက္ကဋ္ဌ ရာထူးတာဝန်ယူ ထမ်းဆောင်ချိန် အခမ်းအနားများ ကျင်းပရန် ကျပ် ၇၃၀၁ သန်း၊ မြို့တော် နေပြည်တော် သန့်ရှင်း သာယာလှပရေးနှင့် စည်ပင်သာယာရေးအတါက် သုံးစွဲရန် ကျပ် ၁၃၄၅ သန်း၊ အာဆီယံ အခမ်းအနားများ ကျင်းပရန် အဆောက်အအုံများ အတွက် သုံးစွဲရန် ကျပ် ၃၂၇၄ ဒသမ ၂၀၁ သန်း လွှတ်တော်သို့ တင်ပြတောင်းခံခြင်း ဖြစ်သည်။
ဇန်န၀ါရီလ ၁၄ ရက်နေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ကာကွယ်ရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီးဝေလွင်က ကာကွယ် ရေး အသုံးစရိတ် ၂ ဒသမ ၃ ဘီလီယံ တောင်းခံသွားပြီး
Thursday, January 16, 2014
ီစနစ်ဆိုး အမွေဆိုး
လုပ်ဖေါ်ကိုင်ဘက်တယောက်အတွက် တုန့်ပြန်စာ
စိုင်းလောင်(၀်)းခမ်း
ဆန္ဒပြတောင်းဆိုသူတွေ အားလုံးကိုတော့ မင်းမစော်ကားသင့်ဘူး မင်းကသာ စစ်အစိုးရအတွက် လော်ဘီလုပ်ပေးတဲ့သူ ဂျပန်ကျောင်းတက်သူ(သို့)အလုပ်ဗီဇာနဲ့ လာတဲ့သူတယောက်ယောက်ဆိုရင် ဒီထက်စကားလုံး ပြင်းပြင်းထန်ထန်ပြောလဲ ကိုယ်ကပြန်ပြီးတော့ တုန့်ပြန်ခဲ့မိမှာ မဟုတ်ဘူးလေ အခုတော့ မင်းက ဒီလှုပ်ရှားမှုတွေထဲ ပါဝင်ခဲ့ဘူးတဲ့သူ တယောက်ဆိုတော့ နဲနဲပြန်ပြောပြချင်တယ်။
 မင်းပြောတာ အားလုံးမမှန်ဘူးလေ ဆန္ဒပြတဲသူတွေ အားလုံးကိုတော့ါးလုံးရှည်နဲမရမ်းပါနဲ့ ဆယ်စုနှစ်များစွာ ဆန္ဒပြတောင်းဆိုခဲ့ကြတာလဲ ပိုက်ဆံရလို့လဲမဟုတ်သလို ဘယ်သူတွေခိုင်းလို့ လုပ်နေတာလဲ မဟုတ်ဘူး ပြည်တွင်းပြန်ပြီးထိုင်ခုံအတွက် ပါတီထောင်ဖို့လဲ မဟုတ်ဘူး ကိုယ့်ထမင်းကိုယ်စား ကိုယ်ရဲ့ ကိုယ်ပိုင်အချိန်တွေကိုဖဲပြီး ကိုယ်ယုံကြည်ရာ တတ်နိုင်သလောက်
TNLA ရဲ့ ၅၁ နှစ်မြောက် "တအာင်းအမျိုးသား တော်လှန်ရေးနေ့" အခမ်းအနား
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခု ဖြစ်တဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော်- TNLA ရဲ့ ၅၁ နှစ်မြောက် "တအာင်းအမျိုးသား တော်လှန်ရေးနေ့" အခမ်းအနားကို ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာမှာ ဇန်နဝါရီလ ၁၂ ရက်နေ့က ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
Copy from - RFA
တအာင်းအမျိုးသားတော်လှန်ရေးနေ့ပြီး ၂ ရက်အကြာ တိုက်ပွဲဖြစ်ပွား
TNLA တအာင်းရဲမေများ
ယနေ့ (၁၅ - ၁ - ၂၀၁၄)တွင် နမ့်ဆန်မြို့နယ် ဟိုနမ့်ကျေးရွာတွင် TNLA နှင့် အစိုးရတပ်တို့ ၄၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ အစိုးရတပ်ဘက်မှ တပ်ရင်း - ၅၀၂နှင့် ၅၀၆ ပူးပေါင်းတပ် ခန့်မှန်းခြေအင်အား ၁၀၀ ကျော်နှင့် TNLA ဘက်မှ တပ်ရင်း ၂၅၆ တပ်ခွဲမှူး ဒုအရာခံဗိုလ် အိုက်ညွန်း တပ်ဖွဲ့တို့ဖြစ်သည်။ 
တိုက်ပွဲက ဒီနေ့နေ့လည် ၁ နာရီမှ ၁ နာရီ ၄၅ မိနစ်ထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရတပ်တိုဘက်မှ ၄ ဦး ကျသည်ဟုလည်း သိရပါသည်။ ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာတွင် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားအပြီး တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး ထိုနေရာ အလွန်နီးစပ်သည့် နေရာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သတင်းနှင့်ပြန်ကြားရေးဌာန P.S.L.F/T.N.L.A
ရှမ်းတပ်က တနိုင်ငံလုံး အပစ်ရပ်ရေးဆိုင်ရာ သဘောထား ထုတ်ပြန်
15 January 2014
အစိုးရနဲ့ အပစ်အခတ် ရပ်ထားတဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းက တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးဆိုင်ရာကိစ္စနဲ့ ပတ်သက်ပြီး သူတို့ရဲ့ သဘောထားရပ်တည်ချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ရှမ်းပြည်တပ်မတော် တောင်ပိုင်းရဲ့ နိုင်ငံရေးအဖွဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီက ဌာနချုပ် လွိုင်တိုင်းလျဲန်းမှာ ကျင်းပခဲ့တဲ့ နှစ်ပတ်လည်ညီလာခံကနေ တပြည်လုံး အပစ်ရပ်ရေးနဲ့ ပတ်သက်လို့ သဘောထား ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီသဘောထားတွေကို အဖွဲ့ရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက ဒီဗွီဘီကို ခုလိုပြောပြပါတယ်။ “တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးကိစ္စမှာ အပစ်ခတ်ရပ်ရေးကိစ္စကို အရင် ဖော်ဆောင်ဖို့ လိုတယ်၊ အပစ်ခတ်ရပ်ဆိုင်ရာ သဘောတူညီချက်တွေကလည်း အရင်က ကျနော်တို့ ရရှိထားတဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူချက်တွေကို ပြန်လည် အတည်ပြုပေးဖို့၊ နောက်ပြီး ကျနော်တို့ အခြေခံထားတဲ့ မူပေါ့နော်။ တန်းတူရေ၊ ပြည်ထောင်စုစစ်စစ်မူ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပြီးတော့ ဒီမိုကရေစီစတဲ့အချက်တွေကို အခြေခံပြီး
မြန်မာနိုင်ငံသားတွေအတွက် ဂျပန်နိုင်ငံကို အကြိမ်ကြိမ်ဝင်ထွက်ခွင့်ဗီဇာ စတင်ထုတ်ပေး
မြန်မာနိုင်ငံသားတွေအတွက် ဂျပန်နိုင်ငံကို အကြိမ်ကြိမ်ဝင်ထွက်ခွင့်ဗီဇာ စတင်ထုတ်ပေး
Wednesday, January 15, 2014
မြန်မာနိုင်ငံသားတွေ ဂျပန်နိုင်ငံကို အကြိမ်ကြိမ် ၀င်ထွက်သွားလာနိုင်တဲ့ multiple-entry ဗီဇာကို ဒီကနေ့ စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။
မြန်မာနိုင်ငံသားတွေ ဂျပန်နိုင်ငံကို ပိုမိုလာရောက်နိုင်အောင်နဲ့ ဂျပန်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့်မြောက်မှု အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံဆက်ဆံရေး ချဲ့ထွင်နိုင်အောင် ဒီအစီအစဉ်ကို အကောင်အထည်ဖော်တာလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
အခုထုတ်ပေးတဲ့ အကြိမ်ကြိမ်ဝင်ထွက်နိုင်တဲ့ ဗီဇာဟာ ၃ နှစ်သက်တမ်းရှိမှာဖြစ်ပြီး မြန်မာနိုင်ငံသားတွေအနေနဲ့ ခရီးတစ်ကြိမ်အတွင်း ဂျပန်နိုင်ငံမှာ ၁၅ ရက် နေထိုင်နိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အထူးစီးပွားရေးဇုန်တစ်ခု တည်ဆောက်ရေး၊ မီးရထားလမ်းတွေ အဆင့်မြှင့်တင်ရေးနဲ့ တခြားအခြေခံအဆောက်အဦး ဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက် ဂျပန်အစိုးရက ယန်းငွေ ၆၃ ဘီလျံ ထုတ်ချေးမယ်လို့ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက သမ္မတဦးသိန်းစိန်နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း တိုကျိုမြို့မှာတွေ့ဆုံစဉ် ကတိပြုပြောကြားထားပါတယ်။ 
ဒါ့ပြင် မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးအတွက်လည်း နှစ်နိုင်ငံအစိုးရတွေအကြား သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးထားပါတယ်။
RFA
Wednesday, January 15, 2014
မြန်မာနိုင်ငံသားတွေ ဂျပန်နိုင်ငံကို အကြိမ်ကြိမ် ၀င်ထွက်သွားလာနိုင်တဲ့ multiple-entry ဗီဇာကို ဒီကနေ့ စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။
မြန်မာနိုင်ငံသားတွေ ဂျပန်နိုင်ငံကို ပိုမိုလာရောက်နိုင်အောင်နဲ့ ဂျပန်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့်မြောက်မှု အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံဆက်ဆံရေး ချဲ့ထွင်နိုင်အောင် ဒီအစီအစဉ်ကို အကောင်အထည် ဖော်တာလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
အခုထုတ်ပေးတဲ့ အကြိမ်ကြိမ်ဝင်ထွက်နိုင်တဲ့ ဗီဇာဟာ ၃ နှစ်သက်တမ်းရှိမှာဖြစ်ပြီး မြန်မာနိုင်ငံသားတွေအနေနဲ့ ခရီးတစ်ကြိမ်အတွင်း ဂျပန်နိုင်ငံမှာ ၁၅ ရက် နေထိုင်နိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အထူးစီးပွားရေးဇုန်တစ်ခု တည်ဆောက်ရေး၊ မီးရထားလမ်းတွေ အဆင့်မြှင့်တင်ရေးနဲ့ တခြားအခြေခံအဆောက်အဦး ဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက် ဂျပန်အစိုးရက ယန်းငွေ ၆၃ ဘီလျံ
မုဒိမ်းတပ်မတော်
မြန်မာ့တပ်မတော်က မုဒိမ်းမှုကို စနစ်တကျ ကျူးလွန်နေတယ်ဆိုတာ ထင်ရှားတယ်။ သူတို့က ဗြိတိသျှသင်တန်းပေးတာကို ရချင်တယ်။ တရုတ်နဲ့ရုရှားနဲ့ ပေါင်းခဲ့တာ ကြာပါပြီ။ ပိုက်ဆံကုန်သလောက် မတန်ကြောင်း သူတို့သိကြတယ်။
...
အနောက်နိုင်ငံတပ်မတော်တွေနဲ့ ရင်းရင်းနှီးနှီး နေချင်တယ်။ အဲဒီလို နေချင်တဲ့အခါ ငါတို့ကလေးတွေ ဆိုးကြပါတယ်၊ ဝိုင်းပြီး ဆုံးပေးကြပါဆိုတဲ့ အချိုးမျိုးကို ချိုးနေတာ ဖြစ်တယ်။ ငါတို့တပ်မတော်က မုဒိမ်းကျင့်နေပါတယ်၊ ငါတို့လည်း မနိုင်ကြပါဘူး၊ အဆွေတို့ ဝိုင်းထိန်းပေးကြပါဆိုပါတော့။
အမှန်မတော့ မြန်မာနိုင်ငံမှာ စစ်တပ်တစ်ခုပဲ စည်းကမ်းရှိတယ်၊ စစ်တပ်တစ်ခုပဲ အလုပ်လုပ်တယ်၊ စစ်တပ်တစ်ခုပဲ အမိန့်နားထောင်တယ်၊ စစ်တပ်တစ်ခုပဲ ဒီမိုကရေစီစနစ်ကို တည်ဆောက်နိုင်တယ်လို့ မင်းအောင်လှိုင်က ပြောထားပြီသားပဲ။ စည်းကမ်းရှိတဲ့ တပ်မတော်သားများ၊ အမိန့်ကို တသွေမတိမ် နားထောင်တဲ့ တပ်မတော်သားများဟာ မင်းအောင်လှိုင် အမိန့်မပေးဘဲ မုဒိမ်းကျင့်ဝံ့ကြမှာ မဟုတ်ဘူး။
ရှင်းတယ်နော်။
(By Ven Ravika)
သမ္မတ ဦးသိန်းစိန် လက်ထက် သျှမ်း အမျိုးသမီးများ မြန်မာစစ်တပ်၏ လိင် အကြမ်းဖက်မှု ခံနေရဆဲ
Panglong(Burmese)'s photo.
သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်၌ သျှမ်းပြည်တွင်း အစိုးရ စစ်တပ်၏ လိင်အကြမ်းဖက် ခံရသည့် အမျိုးသမီး ၃၅ ဦးထက် မနည်းရှိကြောင်း အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ဆိုသည်။
အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က “အရေးယူမှုမှ ကင်းလွတ်ခြင်းနှင့် မပြောင်းလဲ သေးသည့် စနစ်များ” “Same Impunity, Same Patterns” အစီရင်ခံစာ ထုတ်ဝေရာ ဂျန္နဝါရီလ ၁၅ ရက် နံနက် ၁၀ နာရီ မှ ၁၂ နာရီထိ ချင်းမိုင်တက္ကသိုလ်ဝင်းရှိ Uniserv အဆောက်အဦး၌ အဆိုပါအစီရင်ခံစာနှင့် ပတ်သက် သည့် သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့သည်။
အဆိုပါ အစီရင်ခံစာ၌ ကချင်ပြည် ထိုးစစ်အတွင်း မြန်မာအစိုးရစစ်သား၏ လိင်အကြမ်းဖက်မှု ခံခဲ့ရ သည့် အမျိုးသမီး ၅၉ ဦး၊ သျှမ်းပြည်တွင်း ဖြစ်ပွားခဲ့သော အမျိုးသမီးနှင့် မိန်းကလေး ၃၅ ဦး၊ ကရင်ပြည်အတွင်း ဖြစ်ပွားခဲ့သည့် အဖြစ်အပျက် ၉ ခုတို့ကို မှတ်တမ်းတင်ထားသည်။
အဆိုပါအမှုအခင်း အများစုမှာ သျှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်တို့၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ဆက်စပ်နေကြောင်း၊ အဖြစ်အပျက်များသည် မြို့နယ် ၃၅ မြို့နယ်မှ ဖြစ်ပွားခဲ့ပြီး အစိုးရ စစ်တပ်မှ တပ်ရင်း
ဂျပန်ရောက် အင်အားစုများလှုပ်ရှားမှုမှတ်တမ်း
၂၀၁၄ ခုနှစ် ဇန္နဝါရီ ၁၄ ရက်မှာ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများတို့မှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား မှန်မှန်ကန်ကန်ဖြင့် အမြန်ဆုံး ပြင်ဆင်ပေးရေး၊ စစ်မှန်သော အပစ်အခတ်ရပ်ဆဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ချက်ခြင်းဆောင်ရွက်ရန် တိုက်တွန်းတောင်းဆိုသည့် တိုကျိုမြန်မာသံရုံးရှေ့ တောင်းဆို ဆန္ဒပြခဲ့ကြသည့် လှုပ်ရှားမှုမှတ်တမ်း
မှတ်တမ်း ။ Lian Khan Sum
မှတ်တမ်းဓါတ်ပုံကို အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည်။
https://plus.google.com/u/0/photos/105844691991013069656/albums/5968763827564964113
Wednesday, January 15, 2014
ဒုတိယ ပင်လုံ ဖြစ်မြောက်သည်အထိ စစ်ရေး တောင့်တင်းဖို့ လိုကြောင်း RCSS နှစ်လည် အစည်းအဝေးတွင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် ပြော
ဒုတိယ ပင်လုံ ညီလာခံ ဖြစ်မြောက်သည်အထိ တပ်ပိုင်း စစ်ရေးပိုင်းတွင် အင်အားတောင့်တင်းခိုင်မာ ထားဖို့လိုအပ်ကြောင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ သျှမ်းပြည် တပ်မတော် ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က ဌာနချုပ် လွယ်တိုင်းလျဲန်းတွင် ကျင်းပသော ၂၀၁၃ နှစ်ပတ်လည် အစည်းအဝေး တွင် ပြောကြား လိုက်ပါသည်။
“နိုင်ငံရေးပိုင်း နဲ့ စစ်တပ်ပိုင်း မရောထွေးစေဘဲ အပြန်အလှန် လေ့လာပြီး လုပ်ဆောင်သွားဖို့၊ ဒုတိယ ပင်လုံညီလာ ခံပြီးလို့ တန်းတူညီမျှအခွင့်အရေးရပြီးမှသာ စစ်တပ်ပိုင်းကဏ္ဌ ဆွေးနွေးဆုံးဖြတ်ဖို့၊ အဲဒီအချိန်အထိ မိမိတို့ဘက်က စစ်ရေးအင်အားခိုင်မာတောင့်တင်းနေဖို့လိုတယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားသွားပါတယ်” - အစည်းအဝေးတက်ရောက်ခဲ့သည့် ထိပ်ပိုင်း အရာရှိတဦးက
Tuesday, January 14, 2014
ဖယ်ဒ​ရ​ယ်ြ​ပ​ည်ေ​ထာင်စု​ထူေ​ထာင်ဖို့​ ညီလာခံ​တစ်ခု ကျ​င်း​ပ​ရ​န် ရှ​စ်ေ​လး​လုံး​စုံ​ညီ​အစ​ည်း​အေ​ဝး ဆုံးြ​ဖ​တ်
သတင်းရင်းမြစ် - ကမာရွတ် မီဒီယာ
Sunday, January 12, 2014
မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းစာ အတွဲ(၂)၊ အမှတ်(၄၄)
ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက် ဖော်ဆောင်ရေး ဆွေးနွေး
ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက် ဖော်ဆောင်ရေး ဆွေးနွေး
*****************************************
ပြီးခဲ့တဲ့နှစ် သြဂုတ်လက ကျင်းပခဲ့တဲ့ ရှစ်လေးလုံးငွေရတု အထိမ်းအမှတ်ပွဲက ချမှတ်ခဲ့တဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် လုပ်ငန်းအစည်းအဝေးကို ဒီနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပါတယ်။
ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး ပြင်ဆင်ညှိနှိုင်းရေး အလုပ်အဖွဲ့ဝင် ဦးတိုးကျော်လှိုင်က ဒီနေ့ပွဲမှာ ဆွေးနွေးတဲ့ အကြောင်းအရာတွေကို အခုလိုပြောပါတယ်။
“ရှစ်လေးလုံးငွေရတု လုပ်ငန်းစဉ်သုံးရပ် အကောင်အထည်ဖော်ရေးအတွက်ကို ကျနော်တို့ လုပ်ငန်းကော်မတီ ဖွဲ့စည်းနိုင်ရေးဖြစ်ပါတယ်၊ မနက်ဖြန်မှာ အဓိကထားပြီးတော့ လုပ်ငန်းကော်မတီဖွဲ့စည်းခြင်းကို ဆောင်ရွက်ပါမယ်၊ ဒီကနေ့ကတော့ အဲဒီလုပ်ငန်းကော်မတီ ဖွဲ့စည်းပြီးတဲ့အခါမှာ အခြေခံရမယ့် နိုင်ငံရေးအခြေခံမူဘောင်တွေ လုပ်ငန်းကော်မတီအနေနဲ့ တာဝန်ခံပြီးဆောင်ရွက်သွားမယ့် ရှေ့လုပ်ငန်းစဉ်တွေကို ကျနော်တို့ ဒီကနေ့ အဓိက ဆွေးနွေးတာပါ”
ပြီးခဲ့တဲ့ ၂၀၁၃ခုနှစ် သြဂုတ်လ ၈ ရက်နေ့က ရန်ကုန်မြို့ MCC ခန်းမမှာ ကျင်းပခဲ့တဲ့ ရှစ်လေးလုံးငွေရတု အထိန်းအမှတ်ပွဲမှာ ဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်ရေး ၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး (သို့) အသစ်ပြန်လည်ရေးဆွဲရေး၊ အမျိုးသားအင်အားစု အားလုံးပါဝင်တဲ့ ညီလာခံတစ်ရပ် ကျင်းပရေးဆိုတဲ့ ကြေငြာချက်ကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။
တိုင်းရင်းသားနဲ့ ဒီမိုကရေစီ အင်အားစုတွေအားလုံးပါဝင်တဲ့ ပြည်ထောင်စုညီလာခံတစ်ရပ် ကျင်းပနိုင်ရေးအတွက်လည်း ၂ ရက်ကြာ ဆွေးနွေးသွားမယ့် ဒီအစည်းအဝေးမှာ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
ဒီနေ့ အခမ်းအနားကို ၈၈ မျိုးဆက် ငြိမ်းချမ်ရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က အဖွဲ့ဝင်တွေနဲ့ အရပ်ဘက် အဖွဲ့အစည်းအသီးသီးက တာဝန်ရှိသူတွေ တက်ရောက်ကြပါတယ်။
RFA
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျက်
Martin Swe
11-01-2014
ပြီးခဲ့တဲ့နှစ် သြဂုတ်လက ကျင်းပခဲ့တဲ့ ရှစ်လေးလုံးငွေရတု အထိမ်းအမှတ်ပွဲက ချမှတ်ခဲ့တဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် လုပ်ငန်းအစည်းအဝေးကို ဒီနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပါတယ်။
ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး ပြင်ဆင်ညှိနှိုင်းရေး အလုပ်အဖွဲ့ဝင် ဦးတိုးကျော်လှိုင်က ဒီနေ့ပွဲမှာ ဆွေးနွေးတဲ့ အကြောင်းအရာတွေကို အခုလိုပြောပါတယ...်။
“ရှစ်လေးလုံးငွေရတု လုပ်ငန်းစဉ်သုံးရပ် အကောင်အထည်ဖော်ရေးအတွက်ကို ကျနော်တို့ လုပ်ငန်းကော်မတီ ဖွဲ့စည်းနိုင်ရေးဖြစ်ပါတယ်၊ မနက်ဖြန်မှာ အဓိကထားပြီးတော့ လုပ်ငန်းကော်မတီဖွဲ့စည်းခြင်းကို ဆောင်ရွက်ပါမယ်၊ ဒီကနေ့ကတော့ အဲဒီလုပ်ငန်းကော်မတီ ဖွဲ့စည်းပြီးတဲ့အခါမှာ အခြေခံရမယ့် နိုင်ငံရေးအခြေခံမူဘောင်တွေ လုပ်ငန်းကော်မတီအနေနဲ့ တာဝန်ခံပြီးဆောင်ရွက်သွားမယ့် ရှေ့လုပ်ငန်းစဉ်တွေကို ကျနော်တို့ ဒီကနေ့ အဓိက ဆွေးနွေးတာပါ”
ပြီးခဲ့တဲ့ ၂၀၁၃ခုနှစ် သြဂုတ်လ ၈ ရက်နေ့က ရန်ကုန်မြို့ MCC ခန်းမမှာ ကျင်းပခဲ့တဲ့ ရှစ်လေးလုံးငွေရတု အထိန်းအမှတ်ပွဲမှာ ဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်ရေး ၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး (သို့) အသစ်ပြန်လည်ရေးဆွဲရေး၊ အမျိုးသားအင်အားစု အားလုံးပါဝင်တဲ့ ညီလာခံတစ်ရပ် ကျင်းပရေးဆိုတဲ့
Friday, January 10, 2014
ဒေါ်အောင်ဆန်းစုကြည် ဟားခါးမြို့ ဟောပြောပွဲ (ရုပ်သံ)
Jan 9, 2014
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ချင်းပြည်နယ် ဟားခါးမြို့မှာ ဒီကနေ့ ဟောပြောခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
Copy from - RFA MyanmarVideoChannel
ပုဒ်မ ၅၉ (စ) ကို မပြင်ရင် ပါတီသဘောထားချပြမယ် လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
dassk-chin-305.jpg
သမ္မတဖြစ်ခွင့် အရည်အချင်းတွေကို ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉(စ)ကို မပြောင်းဘူးဆိုရင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒသဘောထားကို အချိန်တန်တဲ့အခါ အများပြည်သူကို ချပြသွား မှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောလိုက် ပါတယ်။
ဒီကနေ့ ချင်းပြည်နယ် ဟားခါးမြို့မှာ ကျင်းပတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို  ပြင်ဆင်မလား၊ အသစ်ရေးဆွဲမလားဆိုတဲ့ လူထုဆန္ဒခံယူပွဲမှာ ပရိတ်သတ်တစ်ဦးက မေးမြန်းစဉ် ဒေါ်အောင်ဆန်း စုကြည် ပြန်လည် ဖြေကြားခဲ့တာပါ။
“နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အမျိုးသမီးတစ်ယောက်ကို ဦးတည်ပြီးတော့ ရေး ဆွဲထားတယ်ဆိုတာ အင်မတန်မှ မသင့်တော်ပါဘူး၊ အဲဒီလိုရေးဆွဲထားတဲ့ အမျိုးသားတွေအတွက် အင်မတန်မှ သိက္ခာကျပါတယ်၊ ဒါကြောင့် ဒီဥစ္စာကို မြန်မြန်ဆန်ဆန် ပြောင်းသင့်တယ်လို့ ကျမကတော့ ယူဆတယ်၊ ၅၉(စ)ကို မပြောင်းခဲ့လို့ရှိရင် ၂ဝ၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘယ်လိုလုပ်မလဲ ဆိုတဲ့ မေးခွန်းကိုတော့ ဒီပုဒ်မကို ပြောင်းမလား မပြောင်းဘူးလားဆိုတာ အဖြေပေါ်တဲ့အခါကျမှ ကျမတို့ပြောပါမယ်၊ ဘာဖြစ်လို့လဲဆိုတော့ အလုပ်တစ်ခုက သိပ်ပြီးတော့ စောလွန်းပြီးတော့ လုပ်လို့မဖြစ်ဘူး၊
ပြင်ဖို့လိုအပ်တယ်ဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘာကြောင့် ပြင်ဆင်သင့်သလဲဆိုတာနဲ့ ပတ်သက်လို့ တရားလွှတ်တော်ရှေ့ နေ ဦးကိုနီ ကို ဗွီအိုအေဝိုင်းတော်သား ဦးသိန်းထိုက်ဦး က တွေ့ဆုံမေးမြန်းထားပါတယ်။
ဦးသိန်းထိုက်ဦး ။ ။ မြန်မာနိုင်ငံမှာ အတည်ပြုထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူက ရွေးချယ် တင်မြောက်ထားတဲ့ အရပ်သားအစိုးရရဲ့  အကြီးအကဲ နိုင်ငံတော်သမ္မတထက် ကာကွယ်ရေးဦးစီးချုပ်ကို အာဏာပိုပြီး အပ်နှင်းထားတယ်ဆိုပြီး အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့ တရားလွှတ်တော်ရှေ့ နေ ဦးကိုနီ က ပြောဆိုပါတယ်။ ရှေ့ နေများ ကွန်ရက်က ဦးကိုနီ အပါအဝင် ပါတီအဖွဲ့အစည်းအသီးသီးက အဖွဲ့ဝင် (၇) ယောက်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့  အစီအစဉ်နဲ့ အမေရိကန်ပြည်ထောင်စုအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖယ်ဒရယ်ရေးရာကိစ္စရပ်တွေကို လေ့လာဖို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဦးကိုနီ ကို ဗွီအိုအေ က တွေ့ဆုံမေးမြန်းတဲ့အချိန်မှာ ၂၀၀၈ ဖွဲ့စည်းပုံပါ ကာကွယ်ရေးဦးစီးချုပ်ကို ပိုပြီးအာဏာအပ်နှင်းထားတဲ့ အုပ်ချုပ်ရေးအာဏာနဲ့ ပတ်သက်တဲ့အချက်တွေကို သူက အခုလိုစပြီး ရှင်းပြပါတယ်။
ဦးကိုနီ ။ ။ တကယ်တော့ အုပ်ချုပ်ရေးအာဏာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သူက ရှင်းရှင်းလင်းလင်း ပြောထားတယ်။ ပုဒ်မ (၁၆) မှာပါတယ်။ ပုဒ်မ (၅၉) မှာပါတယ်။ ပုဒ်မ (၁၉၉) မှာပါတယ်။ နိုင်ငံတော်သမ္မတဟာ နိုင်ငံတော်အကြီးအကဲလည်း ဖြစ်တယ်။ အစိုးရအဖွဲ့ရဲ့  အကြီးအကဲလည်း ဖြစ်တယ်လို့ ပြောတယ်။ ဒါပေမဲ့ တကယ့်တကယ်တော့ တခြားတခြား ပြဌာန်းချက်တွေနဲ့ ချိန်းထိုးကြည့်လိုက်တဲ့အခါကြတော့ နိုင်ငံတော်သမ္မတဟာ တကယ့်အစိုးရအဖွဲ့ရဲ့  အကြီးအကဲ အမှန်တကယ် ဟုတ်ရဲ့ လားလို့ မေးစရာမေးခွန်းတွေ တွေ့လာတယ်။ ဥပမာ ဘာတုန်းဆိုတော့ နိုင်ငံတော်သမ္မတဟာ အကြီးအကဲအမှန်ဖြစ်ရင် သူ့လက်အောက်မှာ အလုပ်လုပ်မယ့် ဝန်ကြီးတွေကို သူ့မှာ ခန့်အပ်နိုင်တဲ့ အခွင့်အဏာရှိရမယ်။ ဒါပေမဲ့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၃၂) မှာ နိုင်ငံတော်သမ္မတဟာ အခြားအခြားသော ဝန်ကြီးတွေကို ခန့်နိုင်သော်လည်း ကာကွယ်ရေးဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး - အဲဒီ ဝန်ကြီး (၃) ပါးနဲ့ အဲဒီဌာနရဲ့  ဒု-ဝန်ကြီးတွေကို သူ့မှာ ခန့်အပ်နိုင်တဲ့ အခွင့်အာဏာမရှိဘူး။ ဒီ အာဏာ ဘယ်သူကို ပေးထားသလဲဆိုတော့ ကာကွယ်ရေးဦးစီးချုပ်ကို ပေးထားတယ်။ ဒီအချက်ကို ကြည့်လိုက်တာနဲ့ နိုင်ငံတော်သမ္မတရဲ့  လုပ်ပိုင်ခွင့် အရေးကြီးတဲ့ လုပ်ပိုင်ခွင့် ဝန်ကြီးခန့်အပ်ခွင့်ဆိုတဲ့ အခွင့်အာဏာတွေဟာ နိုင်ငံတော်သမ္မတမှာ အပြည့်အဝမရှိဘဲ
Thursday, January 9, 2014
ဂျပန်ရောက်မြန်မာနိုင်ငံသားများ မိမိတို့ရဲ့ဆန္ဒ သဘောထားကို လာရောက် ထုတ်ဖေါ် ပြသနိုင်ကြပါကြောင်း နှိုးဆော်ဖိတ်ခေါ်လိုက်ပါတယ် ။
ဂျပန်ရောက်မြန်မာနိုင်ငံသားများခင်ဗျာ၊
လက်ရှိကျင့်သုံးနေတဲ့၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ပုံ အတည်ပြုခဲ့ပုံ တို့သည် ဒီမိုကရေစီနည်း မကျခဲ့ခြင်း၊
ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် ပါဝင်နေတဲ့ ပြဌာန်းချက်များဟာလည်ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် မညီညွတ်ခြင်း တို့ကြောင့်၊ ၎င်းဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် အဓိက အဟန့်အတား (အဟန့်အတား) ဖြစ်နေပါတယ်။
   အဲဒီအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား မှန်မှန်ကန်ကန်ဖြင့် အမြန်ဆုံး ပြင်ဆင်ပေးရန်(အမြန်ဆုံး ပြင်ဆင်ပေးရန်)  ပြည်သူ့ဆန္ဒ သဘောထား ဖေါ်ထုတ် တောင်းဆိုတဲ့လှုပ်ရှားမှုကို လာမယ့် (၁၄)ရက်နေ့ အင်္ဂါနေ့မှာ တိုကျိုမှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ အဖွဲ့အစည်းပေါင်းစုံက စုပေါင်း ပြုလုပ်ကြပါမည်။
မိမိတို့ရဲ့ဆန္ဒ သဘောထားကို လာရောက်ထုတ်ဖေါ်ပြသနိုင်ကြပါကြောင်း နှိုးဆော်ဖိတ်ခေါ်လိုက်ပါတယ်
 မြတ်သူ
 DPNS(JpB)
 စုံစမ်းရန်၊  ၊ဦးဘုန်းမြင့်ထွန်း၊ဦးလှိုင်အေး၊ဦးဇော်မင်းခိုင်၊ဦးမိုင်ကျော်ဦး၊ဦးသောင်းမြင့်ဦး၊ဦးဇေယျာမင်းထွန်း၊
ပင်လုံစိတ်ဓါတ်ဖော်ဆောင်ရေးမှ စစ်မှန်သော ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ကြစို့။
Panlong
            Gragph2.jpg
ပင်လုံစိတ်ဓါတ်ဖော်ဆောင်ရေးမှ
စစ်မှန်သော ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ကြစို့။
နိဒါန်း
ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များသည် ၁၉၄၇ခု ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံ စာချုပ်ကို ချုပ်ဆိုခဲ့ပြီး၊ ပင်လုံစိတ်ဓါတ်၊ အမျိုးသားစိတ်ဓါတ်၊ ပြည်ထောင်စုစိတ်ဓါတ်ကို ချမှတ်ပေးထားခဲ့သည်။  အုပ်စိုးသူ အာဏာပိုင် အဆက်ဆက်သည် ပင်လုံစာချုပ် ချုပ်ဆိုသည့်နေ့ကိုအစွဲပြု၍ ပြည်ထောင်စုနေ့ဟု သတ်မှတ် ထားသော်လည်း ဦးတည်ချက်အမျိုးမျိုးဖြင့် ကျင်းပလာခဲ့သည်။
ထိုသို့ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ချမှတ်ထားသော ပင်လုံစိတ်ဓါတ် အခြေခံမူ လမ်းစဉ်အပေါ် သွေဖယ်အားနည်းသွားရာမှ ၁၉၄၇ ခု ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၇၄ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ယနေ့ ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲပြဌာန်းရာတွင် စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် ဆန့်ကျင် သဖြင့် လွတ်လပ်ရေးနှင့်တပြိုင်တည်း ပြည်တွင်းစစ်မီး တောက်လျှောက် လောင်ကျွမ်းခြင်းဖြစ်သည်။ ခေါင်းဆောင်များ ချမှတ်ထားသော အမျိုးသားရေးစိတ်ဓါတ် လုံးဝ ပြိုလဲပျက်စီးသွားခြင်းနှင့်အတူ တိုင်းပြည်သည် ဆင်းရဲနက်တွင်းသို့ ကျ ဆင်းသွားပြီး ပြည်သူလူထု စားဝတ်နေရေးသည်လည်း အတိဒုက္ခမျိုးစုံ ခံစားနေကြရသည်။
တိုင်းရင်းသားလူမျိုးများဖြစ်ကြသော ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ မြန်မာ၊ ရှမ်း၊ ရခိုင် စသည့် လူမျိုး များသည် ပင်လုံစိတ်ဓါတ်သည်သာလျှင် မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော လူမျိုးရေးဝါဒကို ဖယ်ရှားနိုင်ပြီး တိုင်းရင်းသားလူမျိုးများအချင်းချင်း လူမျိုးကြီး၊ လူမျိုးငယ် ဖိနိပ်ချုပ်ချယ်သော ပုံစံအားလုံးကို ဖယ်ရှားနိုင်မည် ဖြစ်သည်။ ထိုသို့ တိုင်းရင်းသားလူမျိုးများသည် လူမျိုးရေးတန်းတူညီမျှမှု၊ နိုင်ငံရေးတန်းတူညီမျှမှုရှိပြီး ပြည်ထောင်စု နိုင်ငံအတွက် တာဝန်အသီးသီး ရှိကြသည့်အတိုင်း ပူးပေါင်းဆောင်ရွက်ကြလျက် အချိုးကျ အကျိုးခံစားခွင့်ရရှိခြင်းမျိုး သည်သာလျှင် စစ်မှန်သော အမျိုးသားစည်းလုံးညီညွတ်ရေးကို အာမခံချက် ပေးနိုင်မည်ဖြစ်သည်။
သို့ဖြစ်ပါ၍  ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ချမှတ်ထားသည့် ပင်လုံစိတ်ဓါတ်၊ ပြည် ထောင်စုစိတ်ဓါတ် အခြေခံမူလမ်းစဉ်အတိုင်း ငြိမ်းချမ်းသာယာဝပြောပြီး စစ်မှန်သောဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ကြပါစို့။  
[] နောက်ခံသမိုင်းအကျဉ်း။
            ပြည်ထောင်စုဗမာနိုင်ငံတွင် နေထိုင်ကြသော ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ မြန်မာ၊ ရှမ်း၊ ရခိုင် စသည့်လူမျိုးများသည် ရှေးပဒေသရာဇ်ခေတ်ကာလကတည်းက ကိုယ့်ဘုရင်၊ စော်ဘွား၊ ဒူးဝါး၊ စောဖျာ၊ စော်ကဲ၊ တောင်ပိုင်ရမ်အုပ်မင်းများဖြင့်သီးခြား လွတ်လပ်စွာအုပ်ချုပ်နေထိုင်လာကြသည့်
အာဏာရှင်များနှင့် မြန်မာ့တပ်မတော် အပိုင်း (၁) – ဗိုလ်နေဝင်း တက်လာခြင်း
နိုင်ငံရေး, တပ်မတော်, ဗိုလ်ချုပ်ကြီး နေဝင်း, မဆလခေတ်, ဆိုရှယ်လစ်(ဒီဇိုင်း – ကာကြီး)
ပြီးခဲ့တဲ့ ရာစုနှစ် တဝက်လောက်ကာလမှာ မြန်မာနိုင်ငံကို သဘောထားတင်းမာပြီး အညှာအတာကင်းသူ နှစ်ယောက်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး နေဝင်းနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အစဉ်အဆက် အုပ်ချုပ်ခဲ့ကြတယ်။ ဗိုလ်ချုပ်ကြီး နေဝင်းက ကွန်မြူနစ်နဲ့ ဆိုရှယ်လစ် အတွေးအခေါ်တွေ လွှမ်းမိုးတဲ့ လွတ်လပ်ရေးကြိုးပမ်းမှုကာလရဲ့ ထုတ်ကုန် တခုဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အာဏာရှင်အုပ်ချုပ်ရေးနဲ့အတူ အောင်မြင်မှုမရခဲ့တဲ့ ဆိုရှယ်လစ် စီးပွားရေးစနစ်ရဲ့  ထွက်ကုန်တခုပါ။
မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ သူ့ရဲဘော်တွေကလည်း အာဏာရှင်စစ်အစိုးရနဲ့ သူတို့ရဲ့ စိတ်ဓာတ်ရေးရာ အခြေခံကို ပုံဖော်ပေးခဲ့ကြတဲ့ သူတို့နှစ်ယောက်ရဲ့  နောက်ခံသမိုင်းနဲ့ လုပ်ဆောင်ချက်တွေကို ကောင်းကောင်း သိနားလည်ကြပါတယ်။ အတိုက်အခံတွေ ပြုလုပ်တဲ့တွက်ချက်မှု၊ ဆုံးဖြတ်ချက် အားလုံးဟာ ဒီအတိတ်သမိုင်းအပေါ်မှာ အခြေခံ စဉ်းစားပြီး ဆောင်ရွက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သူ့ရဲ့ နောက်လိုက် ဗိုလ်ချုပ်တွေရဲ့ အတွေးအခေါ်ဘယ်လို ယိမ်းမယ်ဆိုတာ ဖော်ပြနေလို့ပါပဲ။ နောက်ပြီး အင်တိုက်အားတိုက် ပါဝင်နေသူပဲဖြစ်ဖြစ်၊ ထဲထဲဝင်ဝင် မသိဘဲ သရုပ်ခွဲနေသူဖြစ်ဖြစ်၊ မြန်မာ့အရေး စောင့်ကြည့်သူ ဘယ်သူမဆို နိုင်ငံကို ဒီနေ့အခြေအနေ ရောက်လာအောင် ပြောင်းလဲပစ်ခဲ့တဲ့ ဒီ အာဏာရှင်ကြီး နှစ်ယောက်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အကျွမ်းတဝင် ရှိထားသင့်ပါတယ်။
ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်
နာမည် မောင်ရှုမောင်လို့ ခေါ်တဲ့ ဗိုလ်ချုပ်ကြီး နေဝင်းကို ရန်ကုန်မြို့မြောက်ဖက် မိုင် ၂၀ဝ လောက် အကွာမှာရှိတဲ့ ပဲခူးတိုင်း ပြည်ခရိုင်မှာ ၁၉၁၁ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ အလယ်အလတ် အဆင့်အတန်းရှိတဲ့ မိသားစုမှာ ကြီးပြင်းခဲ့ပြီး အမျိုးသား အထက်တန်းကျောင်းမှာ တက်ရောက် ပညာသင် ကြားခဲ့တယ်။ ကလေးဘဝတုန်းက သူဖြစ်ချင်ခဲ့တာက ဆရာဝန်ပါ။ ဒါပေမယ့် ရန်ကုန်တက္ကသိုလ်တက်တဲ့ အချိန်မှာ စာကောင်းကောင်း မလိုက်နိုင်ခဲ့တဲ့အတွက် သူ့ရဲ့  ဆေးပညာအိပ်မက်တွေ ပျက်စီးခဲ့ရပါတယ်။ တက္ကသိုလ်က ထွက်ခဲ့ရပြီးတဲ့နောက် ကိုရှုမောင်ဟာ နေ့တိုင်းပဲ မြန်မာနိုင်ငံကို ဗြိတိသျှ လက်အောက်က လွတ်မြောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ဆွေးနွေးရင်း အချိန်ကုန်တတ်တဲ့ ကျောင်းသားသူငယ်ချင်း
ပြည်သူ.လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ဟားခါးမြို.တော်ကြီးမှာချင်းပြည်နယ်အစိုးရအဖွဲ.က အကူအညီမပေးတာ သိပ်မိုက်ရိုင်းလွန်းနေတယ်
Photo -RFA
တည်းခိုခန်း ကြိုဘိုကင်လုပ်ထားတာ အခု ဟာခါးလဲရောက်ရော မရတော့ဘူး လုပ်လို့ လုံခြုံရေး လိုက်လာတဲ့ အမျိုးသားတွေတည်းဖို့ စီစဉ်ထားတဲ့ .. လေမလုံ မိုးမလုံ သစ်သားစုတ် တည်းခိုခန်းလေးမှာ ပြည်သူ.လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် တည်းနေရရှာတယ်။
ဒီည ဟားခါးမှာ ၂ဒီဂရီထိေ အးမှာ၊ လေမလုံရင် အရိုးကွဲအောင်ေ အးတော့ ခြေထောက်ခွဲထားတာနဲ့ အရမ်း စိတ်ပူမိပါတယ်။ ပါသွားတဲ့ သတင်းထောက်တွေဆို တည်းစရာမရှိလို့ သောင်ပြင်လွှတ်တဲ့ဗျိုင်းတွေလို ဖြစ်နေကြတာ အရပ်က မနေနိုင်လို့ အိပ်စရာပေးတာ တော်သေးတာပေါ့...........
(ခွန်ဒီးယမ်)
Wednesday, January 8, 2014
အစိုးရတပ်နှင့် ပန်းဆေး ပသစ ပူးပေါင်းတပ်ကို TNLA တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်က အနိုင်ယူချေမှုန်းနိုင်ခဲ့
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ အုပ်စုတွင် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း ၁၂၂ ကို မြန်မာအစိုးရ တပ်နှင့် ပန်းဆေး ပြည်သူ့စစ်တို့ ပူးပေါင်း စစ်ကြောင်းက စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ထိုးစစ်ဆင်ခဲ့ရာ အစိုးရ တပ်မတော်ဘက်က အကျအဆုံး များခဲ့ကြောင်း သတင်းရရှိသည်။
တနာရီခွဲခန့် ကြာမြင့်ခဲ့သည့် တိုက်ပွဲကြောင့် မြန်မာ့တပ်မတော် ခလရ ၄၅ တပ်ရင်းနှင့် အစိုးရလက်အောက်ခံ ပန်းဆေးပြည်သူ့စစ်မှ ဆယ့် ၁၂ ဦး ကျဆုံးပြီး ဒဏ်ရာရရှိသူ များပြားကြောင်း ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ ဒုတိယ ဗိုလ်မှူးကြီး တားဘုန်းကျော်က ဧရာဝတီကို ပြောသည်။
“တပ်ရင်း ၁၂၂ ကို အစိုးရတပ်နဲ့ ပြည်သူ့စစ် ပေါင်းပြီး လိုက်နေတာ ၂ ရက် ၃ ရက်ရှိပြီ။ ကျနော်တို့ တနေရာပြီး တနေရာ ရွှေ့ပြီး ဆုတ်လာတာ။ မနေ့ကတော့ အတင်း ထိုးစစ်ဆင်လာလို့ တိုက်ပွဲ ဖြစ်တယ်။ ဒီနေ့တော့ သူတို့ ဒဏ်ရာရထားသူတွေကို သယ်နေတယ်လို့ သတင်းရတယ်။ ဖြစ်တဲ့နေရာက ရွာနဲ့ ဝေးတော့ အရပ်သား ထိခိုက်မှု မရှိခဲ့ပါဘူး” ဟု ၎င်းက ဆိုသည်။
နန်းသီရိလွင်
Copy from - Irrawaddy news