Thursday, December 25, 2014

အမေရိကန်ဒေါ်လာ သန်းပေါင်း 25788 သန်း သည်ပြည်သူတွေခံစားရမှုမရှိပဲ လက်သိပ်ထိုးခံရပြီး ပျောက်ဆုံးနေ


မနေ့က Zawye Htat ရဲ့ ဓါတ်ခွဲခန်းအဖြေအရ လက်ပတောင်းတောင်မှ ရွှေ ၃၀%ပါဝင်သော ကျောက်တုံးဆိုတဲ့ posts ဖတ်လိုက်ရပါတယ်၊ ဓါတ်ခွဲခန်း အဖြေလေးပါ တွဲတင်ပေးရင် ပိုအဆင်ပြေပါလိမ်မယ်၊ ရွှေ သတ္ထုအနေဖြင့် အစိုင်အခဲ တစ်စုတည်းမှာ အဲဒီလောက် % ပါ/မပါ မသိပေမယ့် ယူဂိုဆလားဗီးယားနိုင်ငံ (RTB-BOR) ရဲ့ တွေ့ရှိချက်ကို အခြေခံထားတဲ့ အိုင်ဗင်ဟိုး (Ivanhoe) ရဲ့ 1996 ခုနှစ် အစီရင်ခံစာမှာ လက်ပတောင်းတောင်မှ ရွှေ (Gold) ငွေ (Silver) ကြေး (copper) ပါဝင်နှုံးတွေနဲ့ အတူ ယခု ခေတ်ကာလ ပေါက်ကြေးနဲ့ တန်ဖိုးငွေ တွတ်ချက်မှုကို တင်ပြပေးပါမယ်၊ လက်ပတောင်းတောင် သတ္ထုသိုက်အတွတ် သတ္ထုရိုင်း တန်ချိန်ပေါင်း = 186 သန်း ငွေ (Silver) ပါဝင်မှု =1903.9 တန်= ကာလတန်ဘိုး အမေရိကန်ဒေါ်လာ 1903 သန်း ရွှေ (Gold)ပါဝင်မှု = 605.98 တန် = ကာလတန်ဘိုး အမေရိကန် ဒေါ်လာ 23885 သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း 25788 သန်း သည် ပြည်သူတွေ ခံစားရမှုမရှိပဲ လက်သိပ်ထိုး ခံရပြီး ပျောက်ဆုံးနေပါတယ်၊

လက်ပတောင်းတောင် ကြေးနီစီမံကိန်း တွတ်ချက်မှုထဲမှာ မပါရှိတဲ့ ရွှေ ငွေ သတ္ထု များကို လက်ရှိ လယ်တီ သိမ် ဖျက်ဆည်းထားတဲ့ နေရာမှာ စက်ရုံ တည်ဆောက်ပြီး ထုတ်ယူဖို့ ပြင်ဆင်နေကြတယ်လို့ ဝန်ထမ်းတွေကြားထဲမှာ အသံထွတ်နေပါပြီ၊ မိုင်းခွဲ ဧရိယာ လွတ်ကင်းမှုမရှိတဲ့ တောင်ကြားထဲမှာ စက်ရုံ ခိုင်ခိုင်ခန့်ခန့် တည်ဆောက်နေတာ သည်လည်း သံသယ ပွားစရာ ဖြစ်ပေါ်နေပါတယ်။

sourcs>>> April 26, 1996 ကနေဒါနိုင်ငံ အိုင်ဗင်ဟိုးကုမ္မဏီ၏ A REVIEW OF MONYWA COPPER PROJECT IN THE UNION OF MYANMAR FOR INDOCHINA GOLD FIELD LTD
ကိုတိုး........

0 comments: