Wednesday, November 26, 2014

PSLF/TNLAမှ ကျေးဇူးမှတ်တမ်းတင်ခြင်း



မြန်မာ့တပ်မတော်မှ ရည်ရွယ်ချက်ရှိရှိ ဖြင့်ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ၁၉ ရက် နိုဝင်ဘာ လ ၂၀၁၄ ခုနှစ်တွင် ကျဆုံးခဲ့ရသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများမှ မဟာမိတ် ရဲဘော် အရာရှိလောင်းများနှင့် အတူ မိမိတို့ P.S.L.F/T.N.L.A အရာရှိလောင်းများ အတွက် ရည်စူးပြီး မြန်မာပြည် အနယ်အနယ်အရပ်ရပ်တွင် ရက်လည် ဆွမ်းသွတ် အလှူဒါနပြုလုပ် အမျှတမ်းဝေခြင်း၊ ဘာသာ ပေါင်းစုံ ဆုတောင်းပွဲ များပြုလုပ်ခြင်း၊ အနက်ရောင် လှုပ်ရှားမှုများပြုလုပ်ခြင်း စသဖြင့် တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို ဖော်ထုတ်ပြသပြီး မြန်မာ့တပ်မတော်၏ အကြမ်းဖက် လုပ်ရပ်များကို လက်မခံကြောင်း ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ခဲ့ကြသည့် မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်ရှိ တိုင်းရင်းသား မိဘညီအစ်ကို မောင်နှမများ အားလုံးကို မိမိတို့ P.S.L.F/T.N.L.A မှ အထူး ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းပြုအပ်ပါသည်။

အမျိုးသားလွတ်မြောက်ရေးအတွက် အသက်ပေးလှူခဲ့သည့် အရာရှိလောင်း များအား ဂုဏ်ပြုခြင်းနှင့် အတူ တိုင်းရင်းသား မိဘပြည်သူများနှင့် အစဉ် လက်တွဲကာ အမှန်တကယ်ငြိမ်းချမ်းသာယာသော ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ တည်ဆောက်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်း ကတိပြုအပ်ပါသည်။


ဗဟိုကော်မတီ
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်
P.S.L.F/T.N.L.A

0 comments: