Sunday, November 23, 2014

(MPC) ရုံးခန်းရှေ့မှာ ငြိမ်းချမ်းရေး လိုလားသူ လူငယ်များ လွမ်းသူပန်းခွေ၊ ပန်းစည်းချတဲ့ လှုပ်ရှားမှု







နိုဝင်ဘာလ ၁၉ ရက်တွင် တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လိုင်ဇာမြို့ အနီးရှိ KIA ဗိုလ်သင်တန်းကျောင်းတွင် သင်တန်းတက်နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ လူငယ် ဗိုလ်လောင်းစုစုပေါင်း(၂၃)ဦး သေဆုံးခဲ့ပြီး(၂၀)ခန့် ဒဏ်ရာရရှိခဲ့တယ်။ ကျဆုံးသွားခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ အရာရှိငယ်များ အတွက်သူတို့ရဲ့ မိသားစုများ၊ ကိုယ်စားပြုအဖွဲ့အစည်းများ၊ သူငယ်ချင်းမိတ်ဆွေ များနှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြောင်း ထုတ်ဖော်ပြသရန်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းများအတွက် အပျက်သဘောဆောင်တဲ့ တပ်မတော်၏လုပ်ရပ်ကို ကန့်ကွက်သည့်အနေဖြင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) ရုံးခန်း ရှေ့မှာ လွမ်းသူပန်းခွေ၊ ပန်းစည်းချတဲ့ လှုပ်ရှားမှုတစ်ခုကို ငြိမ်းချမ်းရေး လိုလားသူ လူငယ်များနှင့် တက်ကြွ လှုပ်ရှားသူများက ယနေ့ မနက်ပိုင်းက လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။


Author /photo ကြည်နူး


0 comments: