Post by DVB TV News.
မွန်ပြည်နယ်
ကျိုက်မရောမြို့နယ်မှာ နယ်မြေခံတပ် ဖမ်းဆီးထားစဉ် သေဆုံးခဲ့တဲ့
ကိုပါကြီးရဲ့ အလောင်းကို ဒီကနေ့ နေ့လည် ၂ နာရီကျော်မှာ
တူးဖော်ဆောင်ပြီးတဲ့အချိန် တွေ့မြင်ချက်အရ ကိုပါကြီးဟာ နှိပ်စက်ညှဉ်းပန်း
ခံခဲ့ရမှန်း ပေါ်လွင်နေတယ်လို့ သွားရောက် ကြည့်ရှုခဲ့သူ ဦးနေမျိုးဇင်က
ပြောပါတယ်။
"ဦးခေါင်းပိုင်း တခြမ်းလုံး၊ နှာနုရိုးရဲ့ အပေါ်ပိုင်းတခြမ်းလုံးက ထုချေထားပြီးတော့ အထဲကို ခွက်ဝင်နေတာ တွေ့ရတယ်၊ အောက်သွား တွေလည်း အကုန်လုံး ကျိုးကြေနေတယ်၊ မေးရိုးလည်း သုံးပိုင်းလောက်ပိုင်းပြီး ကျိုးနေတာ တွေ့ရတယ်၊ အောက်ပိုင်းတွေမှာတော့ ညာဘက်ခြေသလုံးက အထဲကို နည်းနည်း ခွေဝင်နေတော့ ခြေဆစ်ကျိုးနေတယ်လို့ ခန်းမှန်းတဲ့ အကြောင်း" သူက ပြောပါတယ်။ နောက်တခါ "ညိုမဲစွဲနေတာ ပေါင်ရင်းမှာလည်း တွေ့တယ်၊ နံရိုးတခုကလည်း ဖောင်းပြီးတက်နေတယ် ဆိုတာ့ နံရိုးကျိုးထားတဲ့ သဘောလည်းရှိတယ်၊ သေနတ်ဒဏ်ရာတော့ မတွေ့ခဲ့ဘူး"လို့ လည်း ပြောပါတယ်။ အလောင်းကို ညနေပိုင်းမှာ မော်လမြိုင် ဆေးရုံယူဆောင် သွားပြီဖြစ်ပါတယ်။
ကိုပါကြီးအလောင်းဖော်ရာမှာ "ဖိနပ် တရံ ၊ သွားတိုက်တံ တချောင်း ၊ သွားတိုက်ဆေး တဗူး ၊ ဆပ်ပြာမှုန့် တထုပ်" စတဲ့ပစ္စည်းတွေ အလောင်းနဲ့အတူတွေ့ရှိတယ်လို့  လိုက်ပါသတင်းယူနေတဲ့ ဒီဗီဘီ သတင်းထောက်က ပြောပါတယ်။
အခု အမှုကိစ္စကို နိုင်ငံတကာကလည်း စိတ်ဝင်စားမှုတွေ ရှိနေပြီး ပြည်သူ့  လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အနေနဲ့လည်း ဘယ်လို ကိုင်တွယ်လဲ၊ ဘယ်လောက် စစ်မှန်မှုရှိလဲ ဆိုတာ စောင့်ကြည့်နေတယ်လို့ ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
(ရိုက်ကူး - မြတ်သူအောင်၊စိုးရ)
Copy fom - DVB
"ဦးခေါင်းပိုင်း တခြမ်းလုံး၊ နှာနုရိုးရဲ့ အပေါ်ပိုင်းတခြမ်းလုံးက ထုချေထားပြီးတော့ အထဲကို ခွက်ဝင်နေတာ တွေ့ရတယ်၊ အောက်သွား တွေလည်း အကုန်လုံး ကျိုးကြေနေတယ်၊ မေးရိုးလည်း သုံးပိုင်းလောက်ပိုင်းပြီး ကျိုးနေတာ တွေ့ရတယ်၊ အောက်ပိုင်းတွေမှာတော့ ညာဘက်ခြေသလုံးက အထဲကို နည်းနည်း ခွေဝင်နေတော့ ခြေဆစ်ကျိုးနေတယ်လို့ ခန်းမှန်းတဲ့ အကြောင်း" သူက ပြောပါတယ်။ နောက်တခါ "ညိုမဲစွဲနေတာ ပေါင်ရင်းမှာလည်း တွေ့တယ်၊ နံရိုးတခုကလည်း ဖောင်းပြီးတက်နေတယ် ဆိုတာ့ နံရိုးကျိုးထားတဲ့ သဘောလည်းရှိတယ်၊ သေနတ်ဒဏ်ရာတော့ မတွေ့ခဲ့ဘူး"လို့ လည်း ပြောပါတယ်။ အလောင်းကို ညနေပိုင်းမှာ မော်လမြိုင် ဆေးရုံယူဆောင် သွားပြီဖြစ်ပါတယ်။
ကိုပါကြီးအလောင်းဖော်ရာမှာ "ဖိနပ် တရံ ၊ သွားတိုက်တံ တချောင်း ၊ သွားတိုက်ဆေး တဗူး ၊ ဆပ်ပြာမှုန့် တထုပ်" စတဲ့ပစ္စည်းတွေ အလောင်းနဲ့အတူတွေ့ရှိတယ်လို
အခု အမှုကိစ္စကို နိုင်ငံတကာကလည်း စိတ်ဝင်စားမှုတွေ ရှိနေပြီး ပြည်သူ့  လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အနေနဲ့လည်း ဘယ်လို ကိုင်တွယ်လဲ၊ ဘယ်လောက် စစ်မှန်မှုရှိလဲ ဆိုတာ စောင့်ကြည့်နေတယ်လို့ ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
(ရိုက်ကူး - မြတ်သူအောင်၊စိုးရ)
Copy fom - DVB
0 comments:
Post a Comment