Saturday, November 15, 2014

မြန်မာသမ္မတကို အချက်ငါးချက် အဓိကထားပြောခဲ့တယ်လို့ အိုဘားမားပြော

ရန်ကုန်၊ နိုဝင်ဘာ ၁၄

အမေရိကန်သမ္မတ ဘားရက် အိုဘားမားဟာ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံချိန်မှာ အချက်ငါးချက်ကို အဓိကထား ပြောခဲ့တယ်လို့ အိုဘားမားက ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ ဒီနေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်က ပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ သူက အခုလို ပြောဆိုခဲ့တာပါ။

“လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ပြုလုပ်ရမယ့် အချိန်အတိုင်း အတိအကျ အချိန်မှန်လုပ်ဖို့ အမေရိကန် ပြည်ထောင်စုက မျှော်လင့်တယ်။ အခြေခံ ဥပဒေပြင်ဆင်တဲ့နေရာမှာ အားလုံးပါဝင်တဲ့ လုပ်ငန်းစဉ် ဖြစ်ရမယ်၊ တစ်စုတစ်ဖွဲ့တည်းက ပြင်တာမျိုးလုံးဝ မဖြစ်ရဘူး” ဆိုပြီး အိုဘားမားက ပြောပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်ကို အမေရိကန် အစိုးရ အားပေးတယ်။ အကောင်းမြင်စရာ အချက်တွေလည်း တွေ့တယ်လို့ သူက ပြောတယ်။ ဒါပေမယ့် ပြီးဆောင်အောင် လုပ်ဖို့အတွက် အလုပ်အများကြီး ကြိုးစားဖို့ လိုသေးတယ်။ ဘာသာရေးဆိုင်ရာ လူနည်းစုအပေါ် ဆက်ဆံမှုကို အာရုံစိုက်ပြီး စောင့်ကြည့်နေတယ်လို့ ပြောခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

သတင်းမီဒီယာသမား တွေကို တရားစွဲဆို ဖမ်းဆီးထောင်ချနေတာနဲ့ ပတ်သက်ပြီးတော့လည်း သမ္မတ ဦးသိန်းစိန်နဲ့ ပြောဆိုခဲ့တယ်လို့ ဘားရက်အိုဘားမားက ပြောပါတယ်။

Copy from - The Voice Weekly

0 comments: