

မြန်မာပြည်ကို ဒုတိယအကြိမ်အဖြစ် ၂ရက်တာ ခရီးစဉ်ရောက်ရှိခဲ့တဲ့ အမေရိကန် သမ္မတ ဘားရတ်အိုဘားမားဟာ နိုဝင်ဘာ ၁၄ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ အရှေ့တောင်အာရှနိုင်ငံတွေက ဖိတ်ကြားထားတဲ့ အာဆီယံ လူငယ်တွေအပြင် မြန်မာလူငယ် ၂၀၀လောက်နဲ့ တွေ့ဆုံသွားပါတယ်။ ၂၀၁၂ ပထမအကြိမ် ခရီးစဉ်တုန်းမှာ စိန်ရတုခန်းမမှာပဲ မိန့်ခွန်းပြောကြားခဲ့စဉ်တုန်းက အိုဘားမားဟာ "မြန်မာနိုင်ငံ မင်္ဂလာပါ"လို့ နှုတ်ဆက်ခဲ့သလို အခုတခေါက်မှာလည်း "ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်"လို့ မြန်မာ စကားပုံကို ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။ YSEALI လို့ခေါ်တဲ့ အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များ ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ်ကို အမေရိကန်က စီစဉ်ခဲ့ပြီး အရင် ဧပြီလတုန်းကလဲ မလေးရှားမှာ YSEALI လူငယ်တွေနဲ့ Town Hall meeting တွေ့ဆုံခဲ့တုန်းက မြန်မာလူငယ် ၁၀ယောက် တက်ရောက်ခဲ့ကြပါတယ်။
.
Credit : DVB
0 comments:
Post a Comment