
၁ ရက် အောက်တိုဘာ ၂၀၁၄
နမ့်ခမ်းမြို့နယ် ပန်ခါးကျေးရွာ အထက်တွင် TNLA တပ်မဟာ (၁) လက်အောက်ခံ
တပ်ရင်း (၁၁၂)နှင့် မြန်မာစစ်တပ် တပ်မ (၈၈)တို့ နေ့လည် ၁၃း၃၀ နာရီမှ စပြီး
တိုက်ပွဲဖြစ်ပွားနေသည်။
စက်တင်ဘာလအတွင်း နမ်းခမ်းမြို့နယ်တွင် မြန်မာ့စစ်တပ်များသည်
ငြိမ်သက်ခဲ့ရာမှ ယခု အောက်တိုဘာလတွင် တအန်းတပ်မတော်အား
ထိုးစစ်ဆင်လာနေခြင်းဖြစ်သည်။
နှစ်ဘက်တပ်တို့၏ ထိခိုက်မှုနှင့်
တိုက်ပွဲအသေးစိပ် မသိရှိရသေးပါ၊ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ
ပစ်ခတ်နေကြဆဲဖြစ်သည့်အတွက် နောက်ဆက်တွဲ အခြေအနေများကို
ဆက်လက်တင်ပြသွားပါမည်။
တပြိုင်တည်းမှာပင် တာမိုးညဲမြို့နယ်ခွဲ၊
ပန်ဖျက်ရွားအနီးတွင်လည်း TNLA /KIA / MNDAA ကိုးကန့်တပ်မတော်
ပူးပေါင်းတပ်တို့နှင့် အပြန်အလှန် ပစ်ခတ်နေကြဆဲဖြစ်သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
PSLF/TNLA
0 comments:
Post a Comment