
ပူတာအို မြို့နယ်မှ ကိုယ်ထူ ကိုယ်ထ ဖွင့်လစ်လျှက်ရှိသည့် မလိခေါမ်ကျေးရွာ
မူလတန်းကျောင်းအား ပူတာ အိုမြို့နယ် ပညာရေးဒုမှူးမြို့နယ်ဦးစီးမှူးမှ
တရားဝင် တွဲဖက်မူလတန်းကျောင်းအဖြစ် တရားဝင်လာ ရောက်ဖွင့်
လှစ်ခဲ့ပြီးဖြစ်သော်လည်း ယခုထိ စာသင်မည့်ဆရာများ တစ်ယောက်မှ
စေလွတ်ခြင်းမရှိသေးသည့်အတွက် ဒေသခံများ
အခက်အခဲဖြစ်နေကြကြောင်းသတင်းရရှိသည်။
“ဒီမှာကျောင်းမရှိတော့ ကလေးတွေက အရမ်းဒုက္ခရောက်တယ်။ (၅)
မိုင်ဝေးတဲ့ကျောင်းကို သွားတက်ရတယ်။ သူငယ်တန်း၊ ပထမတန်းတွေက
လမ်းမလျှောက်နိုင်ဘူး။ ကလေးတွေက မနက် (၅) နာရီလောက်ဆိုရင် သွား ရပြီ။
လမ်းကမကောင်း ဗွက်တန်းတွေနဲ့ဆိုတော့
တော်တော်သနားစရာကောင်းတယ်။”ဟု အဆိုပါဒေသခံ ဒီးဆာရ်မှဆိုသည်။
တော်တော်သနားစရာကောင်းတယ်။”ဟု အဆိုပါဒေသခံ ဒီးဆာရ်မှဆိုသည်။
မလိခေါမ်ကျေးရွာသည် အိမ်ခြေ
(၇၀)ခန့်ရှိသည့်ကျေးရွာဖြစ်ပြီး အဆိုပါကိုယ်ထူကိုယ်ထကျောင်းတွင် ကျောင်း
သား အယောက် (၂၀) ခန့်ရှိကြောင်းလည်းသိရသည်။ အချို့ကျောင်းသားများသည်
ဒုက္ခမခံနိုင်သည့် အတွက် ပူတာအိုမြို့ရှိ အမျိုးအိမ်တွင်
သွားရောက်နေထိုင်ပြီး ပညာ သင်ယူလျှက်ရှိကြောင်း ဆိုသည်။
“ကျောင်းလာဖွင့်တဲ့အချိန်မှာ နိုင်ငံတော်အလံတောင်မပါဘူး။
ကျောင်းဆရာမတွေလည်း လွှတ်ပေး မယ် လို့ ပြောတယ်။ ဒါပေမဲ့ယခုချိန်အထိ
တစ်ယောက်မှ မလာဘူး။ ကျွန်တော်တို့ဒေသခံတွေက ဖွင့်ပွဲတုန်းက ကျောင်း
ရတော့မယ်ဆိုတော့ ၀မ်းသာပြီး သူတို့ကို ကျွေးမွေးလိုက်တာ
နှစ်သိန်းလောက်ကုန်သွားတယ်။”ဟု အဆိုပါ မလိခေါမ်ကျေးရွာ ကျောင်းမိဘကော်မတီမှ
ဦးမဘုဒီးတန်မှဆိုသည်။
အဆိုပါကျောင်းသည် သူငယ်တန်းနှင့် ပထမတန်းအား
ဒေသခံများမှ တစ်အိမ်ထောင်လျှင် ကျပ်ငွေ တစ်နှစ် လျှင် ငါးထောင်ကျပ်
ကောက်ခံပြီး ဆရာမ တစ်ဦးအား ငှားရမ်းကာ
စာသင်ကြားလျှက်ရှိသည့်ကျောင်းဖြစ်ပြီး ၂၀၁၄ ဇွန်လ ၁၆ ရက်နေ့တွင်
အစိုးရရုံးမှ တရားဝင် မူလတန်းတွဲဖက် ကျောင်းအဖြစ်ပူတာအိုမြို့နယ် ပညာ
ရေးရုံးမှ လာရောက်ဖွင့်လှစ်ပေးခဲ့ခြင်းကြောင်းလည်းဆိုသည်။ အဆိုပါကျောင်းမှ
စာရင်းများနှင့် လိုအပ်သည့် ငွေကြေးများအား တွဲဖက်ကျောင်းဖြစ်သည့်
နမ့်ရှယ်ကျေးရွာမူလတန်းကျောင်းမှ ကောက်ခံခဲ့ ကြောင်းလည်း ဆိုသည်။
ထိုသို့လာရောက်ဖွင့်လှစ်ပေးခဲ့သည့်အတွက် အဆိုပါဒေသခံများသည် အစိုးရမှ
ခန့်အပ်ထားသည့် ဆရာမများ ရောက်လာမည်ကို စောင့်မျှော်ရင်း ယခုနှစ်တွင်
ဆရာမများရောက်မလာသည့်အတွက် ကျောင်းအား တစ်လ နောက်ကျပြီးမှ
ဖွင့်လှစ်နိုင်ခဲ့ကြောင်းလည်းဆိုသည်။
“အမက တွဲဖက်မှာ ပညာရေးရုံးနဲ့
မဆိုင်ဘူး။ ဆရာလည်းမပေးဘူး။ အဲ့ဒီကျောင်းကိုလည်း အစိုးရက မူလတန်း
ကျောင်းအဆင့်ထိ တိုးဖို့လုပ်နေတယ်။ ကျောင်းခွဲဆိုရင်တော့ နိုင်ငံတော်မှာ
တာဝန်အပြည့်ရှိတယ်။”ဟု ပူတာ အိုမြို့နယ် ပညာရေးမှူး မှဆိုသည်။
ပူတာအို ခရိုင်ရှိ ကျောင်းတော်တော်များများတွင် ကျောင်းဆရာမ ၀န်ထမ်းများ
လိုအပ်ချက်များ ရှိနေကြောင်း လည်း ပူတာအိုမြို့နယ် ပညာရေးမှူးရုံးမှသိရသည်။
Copy from - Kachinwave News
0 comments:
Post a Comment