Saturday, October 4, 2014

ကမ္ဘာ့ မဟာအင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကို အံတုရင်ဆိုင်နေတဲ့ ၁၇နှစ်သာရှိသေးတဲ့ လူငယ်ကျောင်းသားလေး


လူဦးရေသန်း ၁၃၀၀ ရှိပြီး ကမ္ဘာ့ မဟာအင်အားကြီး နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကို အံတုရင်ဆိုင်နေတဲ့ ယနေ့ ဟောင်ကောင် ဒီမိုကရေစီ လှုပ်ရှားမှု ရဲ့ ဦးဆောင်သူဟာ အသက်အားဖြင့် ၁၇နှစ်သာရှိသေးတဲ့ လူငယ် ကျောင်းသားလေး တစ်ယောက် ဆိုတာသိရင် အံ့သြသွားမယ်ထ င်ပါတယ်။။ ဂျော့ ရွှာ ဝေါင် ( Joshua Wong ) ဟာ အသက် ၁၃နှစ် အရွယ်ကတည်းက တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင်ကျွန်းကို ဆက်သွယ်ဖေါက်လုပ်မယ့် အမြန်ရထားလမ်း ဖေါက်လုပ်ရေးကို ကန့် ကွက် ဆန္ဒပြရင်းသူ့ ရဲ့ နိုင်ငံရေး လှုပ်ရှားမှုကို စတင်ခဲ့ပါတယ်။ 

 ပြီးခဲ့တဲ့ ၂၀၁၂ခုမှာ တရုတ်ပြည်မ အစိုးရ အလိုကျခန့် အပ်ထားတဲ့ ဟောင်ကောင် အုပ်ချုပ်ရေးမှုး စီ ဝိုင် လောင်း C Y Leung ရဲ့ အစီအစဉ်ဖြစ်တဲ့ မသင်မနေရ မျိုးချစ် ပြည်ချစ် ပညာရေး ဘာသာရပ် ပြဌာန်းခြင်း အစီအစဉ်ကို လူ၁သိန်း ကျော် ပါဝင်လာအောင် စည်းရုံး ဆန္ဒပြကန့် ကွက် နိင်ခဲ့ပြီး ဟောင်ကောင် အုပ်ချုပ်ရေးမှုးရဲ့ အကြံအစည် ပျက်ခဲ့ရပါတယ်..။

၁၉၉၇ ဟောင်ကောင်ကျွန်းကို ဗြိတိသျှအစိုးရမှ တရုတ်အစိုးရကို လွှဲပြောင်းအပ်နှံ ချိန်မှာ Joshua Wong ဟာ ၈ လ သားအရွယ် ခလေးပဲ ရှိပါသေးတယ်..။ ယနေ့ အသက်၁၇နှစ်သာ ရှိသေးတဲ့ Joshua Wong ဟာ တရုတ်အစိုးရကို ကောင်းကောင်းကြီး အကြပ်ရိုက် ခေါင်းကိုက်နေစေပြီး တရုတ်ပြည်ရဲ့ နိုင်ငံပိုင် ရုပ်သံနဲ့ သတင်းမီဒီယာတွေက သူ့ ကို အစွန်းရောက် သူဟု စွတ်စွဲထားပြီး ဟောင်ကောင်မှာတော့ သူဟာ နိုင်ငံရေး စူပါစတား အဖြစ် အသိအမှတ်ပြု ထားပြီး သူ့ ရဲ့ ဦးဆောင်မှုအောက်မှာ ဆန္ဒပြသူများက တညီတညွတ်ထဲ ရှိနေကြပါတယ်..။

သက္ကရာဇ်၂၀၁၇မှာပြုလုပ်မည့် ဟောင်ကောင် အုပ်ချုပ်ရေးမှုး ရွေးချယ်ပွဲမှာ တရုတ်အစိုးရ အလိုကျ စီစစ်ပြီးသူကိုသာ ရွေးချယ်ရမည်ဟု တရုတ်အစိုးရမှ ချမှတ်ထားသည့် ရွေးချယ် တင်မြှောက်ခြင်း ဆိုင်ရာ နည်းဥပဒေကို ဖျက်သိမ်းရန်နှင့် လူထု အမှန်တကယ် လိုလားတဲ့သူကို ရွေးချယ်ပိုင်ခွင့်ရှိရေးကို တောင်းဆိုနေကြခြင်း ဖြစ်ပါတယ်.။

အင်တာနက်သတင်းစာမျက်နှာမ

0 comments: