October 10, 2014
ကရင်ပြည်နယ်၊
ကော့ကရိတ်မြို့တောင်ပိုင်း ကမိုင်ကုန်းကျေးရွာနှင့် အံဖလေးကျေးရွာကြား
ရေတွင်းဖြူကုန်းတွင် ဒီမိုကရေစီအ ကျိုးပြုကရင့်တပ်မတော်(ဒီကေဘီအေ) စစ်သား
၂ဦးနှင့် ရွာတန်းရှည်ရွာသားတစ်ဦးတို့ကို ယမန်နေ့ ည ၈နာရီကျော်အချိန်တွင်
ကော့ကရိတ်မြို့နယ် အခြေစိုက် စစ်ကွပ်ကဲရေးဌာနချုပ် လက်အောက်ခံ
ခြေမြန်တပ်ရင်း (ခမရ-၅၄၆)မှ ဖမ်းဆီးထိန်းသိမ်းလိုက် သည်ဟု
ရွာတန်းရှည်ကျေးရွာသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
“ညက ဒီကေဘီအေစစ်သားတွေကပေါ့နော်။ ရွာတန်းရှည်မှာလာပြီးတော့ သူတို့ကို
ဆိုင်ကယ်နဲ့ ကမိုင်ကုန်းကို လိုက်ပို့ခိုင်း တယ်။ အဲဒါနဲ့
သူလည်းလိုက်ပို့ပေးတယ်။ အခုအဖမ်းခံရတဲ့ ရွာတန်းရှည်ရွာသားက
ဆိုင်ကယ်တက္ကဆီမောင်းတော့ သူလည်း လိုက်ပို့ပေးတော့ ဒီကေဘီအေတွေနဲ့အတူ
အဖမ်းခံရတယ်”ဟု အမည်မဖော်လိုသူ အဆိုပါရွာသားက ပြောသည်။
၎င်းစစ်တပ်သည်
အောက်တိုဘာ ၉ရက်နေ့ညက လှိုင်ဝ၊ ချောင်းတောင်၊ အာရှလမ်းမကြီးအတိုင်း
တက်လာပြီး လမ်းတွင် အဆို ပါ ဒီကေဘီအေများနှင့် ရွာသားကို ဖမ်းဆီးလိုက်ပြီး
လက်ရှိတွင် ကမိုင်ကုန်းစာသင်ကျောင်းတွင် ထိန်းသိမ်းထားခဲ့သည်။ ထို့အ တွက်
ရွာတန်းရှည်ကျေးရွာရှိ ရွာဥက္ကဋ္ဌများနှင့် အမျိုးသမီးများ စုစုပေါင်း
၃၀ဦးကျော်က သွားရောက်ညှိနှိုင်းပြောဆိုသော်လည်း ပြန်မလွှတ်ပေးသေးဘဲ
စစ်ဆေးရန်ရှိသေးသည်ဟု စစ်တပ်က ပြန်လည်ပြောဆိုကြောင်း ဒေသခံများထံမှ
သိရှိရသည်။
ရွာတန်းရှည်ရွာသားနှင့်အတူ အဖမ်းခံထားရသည့်
ဒီကေဘီအေစစ်သားနှစ်ဦးမှာ ဒီကေဘီအေ ကလို့ထူးဝါးဗျူဟာမှူး ဗိုလ်မှူးချုပ်
စောကျော်သက်၏ တပ်ဖွဲ့ဝင်များဖြစ်ကြပြီး ၎င်းတို့ကို လက်နက်နှင့်အတူ
ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဒီကေဘီအေ ကော့က ရိတ်ဆက်ဆံရေးရုံး တာဝန်ခံ
ဗိုလ်မှူးစောသရဲနီက ကေအိုင်စီသို့ ထပ်မံ အတည်ပြု ပြောဆိုသည်။
ဗိုလ်မှူးစောသရဲနီက “အခုကျနော်တို့ စစ်သားနှစ်ယောက်ကို ပြန်တောင်းထားတယ်။
စစ်တပ်က အခုထိတော့ ဘာမှ အကြောင်း မကြားလာသေးဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး
ကျနော့်အမြင်ကတော့ ၂၀၁၅ မတိုင်ခင် သူတို့လုပ်ရမယ့် အလုပ်ကိုတော့ သူတို့လုပ်
တယ်လို့ မြင်တယ်”ဟု ဆိုသည်။
ကော့ကရိတ်မြို့တောင်ပိုင်း
ကမိုင်ကုန်းကျေးရွာတွင် ယခင်က အစိုးရစစ်တပ်စခန်းတည်ရှိပြီး အစိုးရနှင့်
တိုင်းရင်းသားလက်နက် ကိုင်များ အပစ်အခတ်ရပ်စဲရေးနောက်ပိုင်း ၂၀၁၄ ခုနှစ်၊
ဧပြီလတွင် ဖျက်သိမ်းခဲ့ရာမှ ယခု တပ်စခန်းထားကာ ပြန်လည်လှုပ်ရှား
လာခြင်းဖြစ်သည်။
post by KIC
0 comments:
Post a Comment