
ပည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ( UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ ပူးတွဲ သတင်းထုတ်ပြန်ချက်
၂၀၁၄၊ စက်တင်ဘာလ (၂၆) ရက် ရန်ကုန်မြို့
၁။ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၏
ကိုယ်စားလှယ်အဖွဲ့ နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏
တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့ တို့သည်
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲနိုင်ရေးအတွက် သဘောတူစာချုပ်မူကြမ်း
အပေါ် ညှိနှိုင်းဆွေးနွေးခြင်းကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့မှ
(၂၆) ရက်နေ့ထိ ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေး
ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန တွင် ပြုလုပ်ခဲ့ပါသည်။
၂။
နှစ်ဘက်ကိုယ်စားလှယ်များသည် ၂၀၁၄ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့မှ (၁၇)
ရက်နေ့အထိ ယခင်ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲမှ ကျန်ရှိနေသည့်
အချက်များကို ဆက်လက်ဆွေးနွေးညှိနှိုင်းရာတွင် တစ်ဖက်နှင့် တစ်ဖက်အကြား
အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုများ နှင့် သဘောတူညီမှုများ
ပိုမိုရရှိခဲ့ပါသည်။ ဤဆွေးနွေးပွဲမှ
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (စတုတ္ထမူကြမ်း) ကို
အတည်ပြုနိုင်ခဲ့ပါသည်။
၃။ နောက်တစ်ကြိမ် ဆွေးနွေးပွဲကို
အောက်တိုဘာလအတွင်းထပ်မံ ကျင်းပရန်နှင့် ကျင်းပ မည့်ရက်ကို
နှစ်ဘက်ခေါင်းဆောင်များမှ ညှိနှိုင်းရန်သဘောတူကြပါသည်။
၎။
ဤဆွေးနွေးပွဲသို့တက်ရောက်ကြသည့်နှစ်ဘက်ကိုယ်စားလှယ်များသည် တစ်နိုင်ငံလုံး
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အမြန်ဆုံးချုပ်ဆိုနိုင်ရေးနှင့်
နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများကို အမြန်ဆုံးကျင်းပကာ
ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရေးအတွက် ကြိုးပမ်းလုပ်ဆောင်
သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
0 comments:
Post a Comment