
တရုတ်နယ်စပ်နမ့်ခမ်း တွင် မြန်မာ့တပ်မတော်နှင့် TNLA တပ်မတော်တိုက်ပွဲဖြစ်
၂၁ ရက် စက်တင်ဘာလ ၂၀၁၄ ခုနှစ်။
နမ့်ခမ်းမြို့နှင့် ၃ မိုင်ခန့်အကွာအဝေးတွင် TNLA တပ်မတော် တပ်ရင်း
(၁၁၂)နှင့် မြန်မာ့တပ်မတော် တပ်မ (၈၈)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲဖြစ်ပွားသည့်နေရာမှာ မန်စပ်-အွယ်လောရွာအနီးဖြစ်ပြီး ယနေ့
ညနေပိုင်း ၃း၁၅ မှ ၃း၃၀ အထိ ၁၅ မိနစ် ကျော်ခန့်ဖြစ်ပွားခဲ့သည်။ TNLA
တပ်မတော်ဘက်တွင် ထိခိုက်မှု မရှိပါ၊ မြန်မာ့တပ်မတော်ဘက် ထိခိုက်ကျဆုံး
မှုမသိရသေးပါ။
မြန်မာ့တပ်မတော်သည် တိုက်ပွဲဖြစ်ပွားသည့်နေရာမှ ပြန်လည်ဆုတ်ခွာခြင်း မရှိသေးသည့်အတွက် ဆက်လက်ပြီး တိုက်ပွဲဖြစ်ပွားနိုင်သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၉ ၄၇၀၉၇၇၇၂၊ ၀၆၉၂ ၆၂၂၄၈၅
PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၉ ၄၇၀၉၇၇၇၂၊ ၀၆၉၂ ၆၂၂၄၈၅
0 comments:
Post a Comment