
UNFC မှာ အဖွဲ့ဝင် ၁၁ ဖွဲ့ ရှိတယ်ဆိုတော့ ၁၀ ဖွဲ့ကသဘောတူပြီး ၁ ဖွဲ့က ကလန်တဲ့ သဘောပေါ့နော်
သဘောပေါက်ပါပြီ ...
KNU အကွဲအပြဲ ပိုပြီးရုပ်လုံးပေါ်လာပါပြီ။
ဦးအောင်မင်းတို့ ဦးသိန်းစိန်တို့ ဝမ်းသာစရာပါပဲ။ ကေအန်ယူမှာ
မူတူးဆေးဖိုးနဲ့ မန်းငြိမ်းမောင်တို့ဘက်က အသာရနေတာတော့ အားလုံးအသိပါ။
လက်နက်ကိုင် တပ်တွေက သူတို့ဘက်မှာပါ။ နော်ဇီဖိုးရာစိန်၊ စောဒေးဗစ်တာကဘောနဲ့
မန်းမန်းတို့ဘက်က အားနည်းပါတယ်။ ဒါတွေက တိုးတိုးတိတ်တိတ်ဖုံးဖုံးဖိ ဖိလုပ်နေပေမဲ့ အားလုံးသိကြပါတယ်။ အခု UNFC နဲ့ အမြင်တူတာက စောဒေးဗစ်တာကဘောတို့ မန်းမန်းတို့ပါ။ ဦးအောင်မင်းတို့
ဦးသိန်းစိန်တို့နဲ့ အမြင်တူတာက မူတူးတို့ မန်းငြိမ်းတို့ပါ။ ကေအန်ယူက အခု
UNFC ကနေထွက်လိုက်ပါပြီ။ အဲဒီလို ထွက်တဲ့အခါမှာ ဒေးဗစ်တာကဘောတို့
မန်းမန်းတို့လည်း နေခဲ့လို့ မရဘူးလို့ အမိန့်ပေးလိုက်ပါပြီ။ ကေအန်ယူ
ဘာဆက်ဖြစ်ကြမလဲဆိုတဲ့ မေးခွန်းပေါ်လာပါပြီ။
တော်လှန်ရေးတရပ်မှာ ခေါင်းဆောင်တွေ သစ္စာဖောက်တဲ့အခါ နောက်လိုက်တွေ ဘာတတ်နိုင်ကြမလဲ ဆိုတာလည်း စောင့်ကြည့် သင်ခန်းစာယူရမယ့် အဖြစ်ပါ။ ခေါင်းဆောင်တွေ အဝယ်ခံရပြီး နောက်လိုက်တွေနဲ့ ပြည်သူတွေ ဒုက္ခရောက်ကြတာ ဒီနေ့ နိုင်ငံရေးရဲ့ အဓိက လက္ခဏာ ဖြစ်လာပြီလားလို့တောင် တွေးစရာပါ။
ကရင်ပြည်တွေရော ဘာဆက်လုပ်ကြမလဲ။ ဘယ်သူ့ဘက်မှာ ရပ်မလဲ။ ကေအန်ယူကို ဘယ်လို ဆက်သဘောထားကြမလဲ။
တော်လှန်ရေးတရပ်မှာ ခေါင်းဆောင်တွေ သစ္စာဖောက်တဲ့အခါ နောက်လိုက်တွေ ဘာတတ်နိုင်ကြမလဲ ဆိုတာလည်း စောင့်ကြည့် သင်ခန်းစာယူရမယ့် အဖြစ်ပါ။ ခေါင်းဆောင်တွေ အဝယ်ခံရပြီး နောက်လိုက်တွေနဲ့ ပြည်သူတွေ ဒုက္ခရောက်ကြတာ ဒီနေ့ နိုင်ငံရေးရဲ့ အဓိက လက္ခဏာ ဖြစ်လာပြီလားလို့တောင်
ကရင်ပြည်တွေရော ဘာဆက်လုပ်ကြမလဲ။ ဘယ်သူ့ဘက်မှာ ရပ်မလဲ။ ကေအန်ယူကို ဘယ်လို ဆက်သဘောထားကြမလဲ။
0 comments:
Post a Comment