


23september2014
အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်နိုင်ငံများအဖွဲ့ဟာ
ဆီးရီးယားနိုင်ငံမှာ ရှိတဲ့ အစ္စလမ်မစ် နိုင်ငံတော် IS စစ်သွေးကြွ တွေကို
လေကြောင်းတိုက်ခိုက်မှု စစ်ဆင်ရေးတွေ စတင်ပြီဖြစ်တယ်လို့ ပင်တဂွန် စစ်ဌာန
ချုပ် က ပြောပါတယ်။ အခုလို လေကြောင်းစစ်ဆင်ရေး လုပ်ဆောင်ရာမှာ
တိုက်လေယာဉ်တွေ၊ ဗုံးကြဲဂျက်လေယာဉ်တွေနဲ့ တွန်မာဟော့
မစ်ဆိုင်းဒုံးကျည်တွေကိုလည်း အသုံးပြုခဲ့တယ်လို့ ပင်တဂွန်ပြောခွင့်ရ John
Kirby ပြောဆို တာကို ကိုးကားပြီး ဘီဘီစီ သတင်းမှာ ဖော်ပြပါတယ်။
SIS လို့ခေါ်တဲ့ အစ္စလာမ်မစ်နိုင်ငံ တည်ထောင်သူတွေက သြစတြေးလျ၊ အမေရိကန်၊
ကနေဒါနဲ့ ဥရောပတိုက်က မွတ်စလင်ဘာသာ မဟုတ်သူတွေကို သတ်ပစ်ဖို့ ကမ္ဘာပေါ်က
သူတို့အဖွဲ့ကို ထောက်ခံသူတွေကို ပန်ကြားလိုက်ပါတယ်။
အနောက်တိုင်းနိုင်ငံတွေအပေါ် စစ်ခင်းကြောင်း အတိအလင်းပြောကြားတဲ့ အသံဖိုင်ထဲမှာ ISIS အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် Abu Muhammad al-Adnani ash-Shami က ပြောခဲ့တာပါ။
အင်တာနက်သတင်းစာမျက်နှာမှ
0 comments:
Post a Comment