Saturday, September 20, 2014

ယနေ့နံနက် မြ၀တီတွင် ပစ်ခတ်မှုဖြစ် DKBA တဦးသေ တဦးဒဏ်ရာ ပြင်းထန်


ယနေ့နံနက် ၂ နာရီခန့်က မြ၀တီမြို့ ကြံခင်းလမ်းတွင် မြန်မာစစ်တပ်နှင့် DKBA ပစ်ခတ်မှုဖြစ်ပွားရာ DKBA တပ်ရင်း (၉၁၀)မှ ဗိုလ်လင်းနိုင် သေဆုံးပြီး ကျန်တဦး ဒဏ်ရာမင်းထန်စွာရရှိပြီး မြ၀တီဆေးရုံ အရေးပေါ်ဌာနတွင် ရောက်ရှိနေသည်ဟု DKBA တပ်မှူးတဦးကပြောသည်။

ပစ်ခတ်မှုကို အသေးစိပ် စုံစမ်းမှုများပြုလုပ်နေပြီး လုံးဝလက်မခံနိုင်သည့် ဖြစ်ရပ် ဖြစ်သည်ဟု DKBA တပ်မှူးကြီးတဦးက ပြောပြီး မြန်မာအာဏာပိုင်များ ယခုဖြစ်ရပ်ကို ဖြေရှင်းပေးရမည်ဟုဆိုသည်။

ကြံခင်းလမ်းတွင် နေထိုင်သူတဦးက"ဖြစ်တာဟုတ်တယ် ဒီကေဘီအေနဲ့ နယ်ခြားစောင့်တပ်ပြည်သူ့စစ် ပူးပေါင်းအဖွဲ့လို့ကြားတယ်"ဟုပြောသည်။မြ၀တီတွင် နှစ်ရက်ဆက်တိုက် ချိန်ကိုက်မိုင်းတွေ့ရှိပြီးနောက် အာဏာပိုင်များက လုံခြုံရေးကို တိုးမြှင့်ထားသည်ဟု ခရိုင်အဆင့်တာဝန်ရှိသူတဦးက ယမန်နေ့က မီဒီယာသမားများကို ပြောသည်။

ယနေ့ပစ်ခတ်မှုနှင့် ပတ်သက်၍ DKBA မှ တပ်မှူးကြီးတဦးဖြစ်သည့် ဗိုလ်မှူးချုပ် ကျော်သက်က " ငါ့လူတယောက်သေရင် သူတို့လူဆယ်ရောက်သေရမယ်"ဟု ယနေ့ နံနက်ပိုင်းက ပြောဆိုခဲ့သည်။ချိန်ကိုက်မိုင်းများတွေ့ရှိမှုနှင့်နောက်ဆက်တွဲဖြစ်ရပ်များကြောင့် ပြည်သူများ ကျီးလန့်စာစား ဖြစ်နေကြရသည်ဟု မြ၀တီမြီု့ခံများကပြောဆို နေကြသည်။

ကရင်အမျိုးသား(မီဒီယာ)

0 comments: