Wednesday, September 10, 2014

မြန်မာအစိုးရတပ်များ ကျေးရွာများအနီး စခန်းချလာသောကြောင့် ရွာသားများ စိုးရိမ်







ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ(၄)နယ်မြေ ဘန်နွယ်ကျေးရွာ တစ်လျှောက်တွင် မြန်မာအစိုးရများ တပ်စခန်းထိုင်ရန် နေရာလိုက်လံကြည့်ရှုကာ စီစဉ်ဆောင်ရွက်နေခြင်းကြောင့် အနီးပါတ်ဝန်းကျင်ကျေးရွာ များမျ ရွာသူရွာသားများ စိုးရိမ် ထိတ်လန့် ကာ အခက်တွေ့ နေကြကြောင်း သိရသည်။

ပြီးခဲ့သော သြဂတ်လ ကလည်း မုန်ဂျီ မြို့ နယ် အတွင်း ရျ မုန်ဘော်ကျေးရွာ နှင့် ယွန်မော်ကျေးရွာ အကြားတွင် မြန်မာအစိုးရ တပ်မ(၁၁) တပ်မ(၉၉) ပူးပေါင်းတပ်ဖွဲ့ များ တပ်စခန်းလာထိုင်ပြီးနောက် ရွာသူရွာသားများအား လုပ်အားပေး အတင်းအကြပ်ခိုင်းခြင်း ၊ မသင်္ကာမှုဖြင့် မကြာခဏ ဖမ်းဆီး စစ်ဆေး နှိပ်စက်ခံရခြင်း ၊ လုပ်အားပေး ပေါ်တာ အဖြစ် မကြာခဏ လိုက်လံပို့ ဆောင်ပေးရခြင်း စသည့် ဒုက္ခများကြောင့် မြန်မာ တပ်စခန်း လာရောက် တပ်စွဲ စခန်း ချ နေထိုင်ခြင်း အား မည်သည့် ရွာသူရွာသားများ မှ ကြိုက် နှစ်သက်ခြင်း မရှိချေ ။

ယခုတစ်ဖန် ဘန်နွယ်ကျေးရွာ အနီးတွင် မြန်မာတပ်စခန်း လာရောက် စခန်းချ နေထိုင်ခြင်းအား ရွာသားများမှ မကြိုက် မနှစ်သက်သောကြောင့် ရွာသားများ အခက်တွေ့ ကာ စိုးရိမ်နေကြောင်း ဒေသခံများ
ပြောကြားလာပါသည်။

ယခင်လများက အစိုးရ တပ်များ အင်အား အလုံးအရင်း ၀င်ရောက်လာပြီးနောက်ပိုင်း ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ(၄) ဒေသများဘက်တွင် မြန်မာအစိုးရတပ်များ တပ်စခန်း အခိုင်အမာ တည်ဆောက်ကာ နေရာယူ စခန်းထိုင်လာနေကြောင်း ဒေသခံများမှ တဆင့် သိရသည်။



သတင်းရင်းမြစ် - ကချင်သတင်းဌာန



0 comments: