
အစိုးရပိုင် မြန်မာအဲဝေးဟာ လာမယ့် အောက်တိုဘာ ၈ ရက်နေ့ကစပြီး ရန်ကုန်ကနေ
ဂျပန်နိုင်ငံရဲ့ တတိယ အကြီးဆုံးမြို့ဖြစ်တဲ့ အိုဆာကာမြို့ကို
ပျံသန်းပြေးဆွဲသွားမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။
လက်ရှိမှာတော့ အမ်အေအိုင်ဟာ ကမ္ဘောဒီးယာနိုင်ငံ မြို့တော် ဖနွမ်းပင်ကို ပြေးဆွဲနေတဲ့ လေကြောင်းခရီး စဉ်တွေကို ရပ်ဆိုင်းထားပါတယ်။
အမ်အေအိုင်ဟာ All Nippon အဲလိုင်းနဲ့ ပူးပေါင်းပြီး အိုဆာကာကို တပတ် ၃ ကြိမ် ပြေးဆွဲသွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အမ်အေအိုင်ဟာ လက်ရှိ အရှေ့တောင်အာရှ အပါအ၀င် နိုင်ငံတကာ ခရီးစဉ် ၁၂ ခု ကို ရန်ကုန်၊ မန္တလေးမြို့တွေကနေ ပြေးဆွဲနေပြီး အိုဆာကာ ခရီးစဉ်ကိုတော့ ဂျပန်ခရီးသည် ၀င်ရောက်မှုအပေါ် တိုးချဲ့သွားမယ်လို့ ဆိုပါတယ်။
သတင်းရင်းမြစ် - ဒီဗွီဘီ
0 comments:
Post a Comment