ဟောင်ကောင်မှာ လူထုရဲ့ အာဏာ ဖီဆန်ရေး လှုပ်ရှားမှုတွေ အခု စတင် လိုက်ပြီလို့ ဒီမိုကရေစီ လိုလားတဲ့ လှုပ်ရှား မှုရဲ့ ခေါင်းဆောင် Benny Tai က ပြောလိုက်ပါတယ်။
အစိုးရ ရုံးစိုက်ရာ အဆောက်အဦ ရှေ့မှာ စုဝေးနေကြတဲ့ ထောင်နဲ့ချီတဲ့ လူတွေကို ဒီလို ပြောခဲ့တာ ဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုဟာ လာမယ့် သီတင်းပတ်က စလို့ ဟောင်ကောင်ရဲ့ စီးပွားရေး အချက်အချာ ကျတဲ့ နေရာတွေ ကို ပိတ်ဆို့ နေရာယူကြဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
တရုတ်ပြည်မကြီး အစိုးရက ဟောင်ကောင်ကို ဒီမိုကရေစီ အပြည့်အဝ ပေးဖို့ ငြင်းဆန်တယ်လို့ ရှု့ မြင်ထားတဲ့ ဟောင်ကောင် ကျောင်းသားတွေ ဆန္ဒပြကြရာက အခုလို လှုပ်ရှားမှုကြီး ပေါ်ထွန်း လာခဲ့တာ ဖြစ်ပါတယ်။
BBC Burmese
0 comments:
Post a Comment