Tuesday, September 2, 2014

အမျိုးသားပညာရေး ဥပဒေမှုကြမ်းကို ဒဂုံတက္ကသိုလ်တွင်ဆန္ဒပြ


လွှတ်တော်နှစ်ရပ်တွင် အတည်ပြုထားသည့် အမျိုးသားပညာရေးဥပဒေကြမ်းတွင် ပညာရေးလွတ်လပ်ခွင့်မရှိခြင်း ၊ ဗဟိုချုပ်ကိုင်မှုများပြားခြင်းနှင့် လွတ်လပ်သောအသင်းများဖွဲ့စည်းခွင့်မပါရှိခြင်းတို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်အသီးသီးမှ ကျောင်းသားအဖွဲ့အစည်းများက ကန့်ကွက်ဆန္ဒပြပွဲကို ရန်ကုန်မြို ဒဂုံတက္ကသိုလ်တွင် စက်တင်ဘာလ(၂)ရက်နေ့ နေ့လည်က ကျင်းပပြုလုပ်ခဲ့သည်။

 
(ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ)

အဆိုပါ ဆန္ဒပြပွဲ မပြုလုပ်မှီ ကျောင်းသားများကို တက္ကသိုလ်လုံခြုံရေးအဖွဲ့များမှ ကြမ်းတမ်းစွာ လာရောက် တားမြစ်မှုကြောင့် တင်းမာမှုအချို့ ရှိခဲ့ပြီး ပါမောက္ခချုပ် ဒေါက်တာလှဌေးမှ လာရောက်ညှိနှိုင်းမှုကြောင့် ကျောင်းသားများနှင့် လုံခြုံရေးများအကြား တင်းမာမှုများ ပြေလည်ခဲ့ကြသည်။ တောင်းဆိုချက်များစွာ ပါဝင်သော ဆိုင်းဘုတ်အသီးသီးကိုင်ဆောင်ထားသည့် ကျောင်းသားများသည့် ဒဂုံတက္ကသိုလ်ဝင်းအတွင်း လှည့်လည်ဆန္ဒပြခဲ့ကြရာ ကျောင်းအဆောင်များကို ဆရာ၊ဆရာမများမှ တံခါးပိတ်ကာ ကျောင်းသားများ ပူးပေါင်းခွင့်မရအောင် တားမြစ်ခဲ့ကြပြီး ဆန္ဒပြခဲ့ကြသည့် ကျောင်းသားများမှ

အမျိုးသားပညာရေးကော်မရှင် ဖျတ်သိမ်းပေးရန် ၊
အဆင့်မြင့်ပညာပေါင်းစပ် ညှိုနှိုင်းကော်မတီ အလိုမရှိ ၊
ကျောင်းသားသမ္မဂများလွတ်လပ်စွာဖွဲ့စည်းခွင့် ရရှိရေး ဒို့အရေး ၊
အစိုးရ၊လွှတ်တော်နှင့် (NNER)တွေ့ဆုံညှိုနိုင်းရေး ဒို့အရေးစသည်တို့ကို ဟစ်ကြွေးလှည့်လည်ခဲ့ကြသည်။

သတင်းရင်းမြစ် - ဧရာဝတီ

0 comments: