Thursday, September 18, 2014

မြန်မာစစ်တပ်ရာဇသံ ကရင်တက်ဖွဲ့လက်မခံ

KNU/KNLA . PC ကရင်ငြိမ်းချမ်းရေးကောင်စီနဲ့ကလို့ထူးဘောကရင်အစည်းအရုံး KKO အဖွဲ့တွေကို မြ၀တီအခြေစိုက် ရှေ့တန်းအမှတ်(၂၇၅) ခြေလျင်တပ်ရင်းမှူးကနေ ဒီလ ၁၄ ရက်နေ့စွဲနဲ့တားမြစ်သတိပေးစာပေးပို့ခဲ့တာကို ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့က လက်မခံတဲ့အကြောင်း ဒီနေ့ရက်စွဲနဲ့ ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။

အလားတူကြေညာချက်ကို မကြာမီထုတ်ပြန်သွားမယ်လို့လည်း ကလို့ထူးဘောကရင်အစည်းအရုံး KKO အဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီကြေညာချက်ကို ပြည်တွင်းပြည်ပက သတင်းဌာနတွေကို ကရင်ငြိမ်းချမ်းရေးကောင်စီက ဗိုလ်မှူးကြီးတိုက်ဂါးက ဒီနေ့ရက်စွဲနဲ့ပေးပို့ခဲ့တာပါ။

သူက" ဒီကိစ္စကိုလက်မခံနိုင်တဲ့အတွက် မီဒီယာကနေတဆင့် နိုင်ငံတကာက သိရှိနိုင်ဘို့အတွက် ထုတ်ပြန်ရတာဖြစ်တယ်"ဆိုပြီး ကရင်အမျိုးသား(မီဒီယာ)ကို ဒီနေ့မွန်းလွှဲပိုင်းမှာ ပြောဆိုခဲ့ပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)


0 comments: