လှိုင်သာယာ စက်မှုဇုန် (၃) ရှိ မာစတာစပေါ့စ် အားကစားဖိနပ်စက်ရုံတွင်စက်တင်ဘာ
၁၆ရက် ညပိုင်းက အလုပ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များရုန်းရင်းဆန်ခတ် ဖြစ်ပွား
ခဲ့ကြောင်း သတင်းရရှိသည်။

မာစတာစပေါ့စက်ရုံ အလုပ်သမားများသည် ဇွန်လလစာနှင့်တရားမဝင်စက်ရုံပိတ်သိမ်း
ခဲ့သည့်အတွက် နစ်နာကြေးရရှိရန် ဇူလိုင်လ၁၇ ရက်နေ့က ကိုးရီးယားသံရုံးအရှေ့ထိ
ဆန္ဒထုတ်ဖော်ခဲ့ဖူးသည်။

အဆိုပါစက်ရုံပိုင်ရှင်ဖြစ်သူ ကိုရီးယာနိုင်ငံသို့ ပြန်သွားပြီးနောက်ပိုင်းစက်ရုံပစ္စည်းများ
ကို လေလံတင်ရောင်းချပြီး အလုပ်သမားများ ရစရာရှိသည့်နစ်နာကြေးများ ခွဲဝေပေး
မည်ဟု သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားသည်။ကနဦး သတင်းများအရ စက်ရုံ
တွင်း ပစ္စည်းများကို လာယူသည့်တာဝန်ရှိသူများကို စက်ရုံအလုပ်သမားများက ပိတ်ဆို့
ထားရာမှတစ်ဆင့်ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ အပြန်အလှန် ရိုက်နှက်မှုများ ဖြစ်ပွား
ခဲ့ကြပြီးညဆယ်နာရီခန့်တွင် လူစုကွဲသွားကြောင်း သိရသည်။

အဆိုပါ ရဲတပ်ဖွဲ.၀င်များ၏ ရိုက်နက်မှုကြောင့် လစာ၊နစ်နာကြေးမရကြတဲ့ မြန်မာလူမျိုး
အလုပ်သမလေး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း သတင်းရရှိပါသည်။

သတင်း- Aung Aung Kyaw.
ဓါတ်ပုံ- ကိုသော်ဇင်စိုး
ဓါတ်ပုံ- ကိုသော်ဇင်စိုး
0 comments:
Post a Comment