
ဗြိတိသျလူမျိုး အကူအညီပေးရေး ၀န်ထမ်း ဒေးဗစ် ဟိန်းစ်ကို ခေါင်းဖြတ်သတ်ဖြတ်ပုံရတဲ့ ဗွီဒီယိုတခုကို အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ (အိုင်အက်စ်) စစ်သွေးကြွတွေက စက်တင်ဘာလ ၁၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပြန်ပါတယ်။
အခုနောက်ဆုံး ဗွီဒီယိုနဲ့ပတ်သက်လို့ လူမှုကွန်ယက် မီဒီယာတွေမှာတော့
ပျံ့နှံ့နေပါတယ်။ အရင်ကလည်း အမေရိကန် သတင်းထောက်တွေ ဖြစ်တဲ့
ဂျိမ်းဖော်လေနဲ့ စတီဗင် ဆော့လော့ဖ် တို့ကို ဒီလို ခေါင်းဖြတ်သတ်တာမျိုးကို
အိုင်အက် သူပုန်တွေက ဖြန့်ဝေခဲ့ဖူးပါတယ်။
အခု ဗွီဒီိယိုမှာ ပါတဲ့
ဟိန်းစ်ကတော့ စကော့တလန်ပြည်နယ် ပါသ်မြို့က ဖြစ်ပါတယ်။ အသက် ၄၄ နှစ်အ၇ွယ်
ဖခင်ဖြစ်ပြီး ကလေးနှစ်ယောက် ရှိပြီး ဆီးရီးယားနိုင်ငံမှာ မနှစ်က ပြင်သစ်
အဖွဲ့တဖွဲ့ဖြစ်တဲ့ အက်တစ် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးနှင့်
ဖွံ့ဖြိုးရေးအေဂျင်စီအတွက် အလုပ်လုပ်နေရင်း အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
.
Credit : DVB
Credit : DVB
0 comments:
Post a Comment