ဖမ်းဆီးထားသူများကို စစ်ဆေးခြင်း

ဖမ်းဆီးခေါ်ဆောင်သွားသော လဝက မှ ကားများ

ယနေ့ နံနက် ၁၁ နာရီမှ စတင်ပြီး မလေးရှား ကွာလာလမ်ပူ ရှိ
မြန်မာဆိုင်တန်းများ တည်ရှိရာ ဂျလန်းစီလန်း ၊ ဂျလန်းလီပို့ပူဒူး ၊
မိုင်ဒင်း (ကေအယ်) ၊ စသော နိုင်ငံခြားသားများ စုစည်းရာ ၊ မြန်မာဆိုင်များ ၊
ဘင်္ဂလားဆိုင်မျာ ၊ နီပေါဆိုင်များသို့ အထူးအော်ပရာစီ ပြုလုပ်ကာ လဝက ၊
အထူးရဲ ၊ ရေးလား ၊ ရဲ ၊ ပြည်သူ့စစ် စသည့်အင်အား ၁၀၀ ကျော်ဖြင့်
လာရောက်စစ်ဆေးဖမ်းဆီးသွားခဲ့သည် ။

စားသောက်နေစဉ်ဖမ်းဆီးမှုကြောင့် ကျန်ရစ်ခဲ့သော အိတ်များ
ဖမ်းဆီးသူများသည်
မြန်မာဆိုင်များသို့လာရောက် ဝယ်ယူစားသုံးသူများ ကိုသာမက ဆိုင်ရှင် ၊
အလုပ်သမား များကိုပါ ပါမစ်စစ်ဆေးကာ ပါမစ် နှင့်အလုပ်မမှန်ကန်သူ အားလုံးကို
စစ်ဆေး မေးမြန်းမရှိ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည် ။ ပတ်စပို့ ၊ ပါမစ်
မှန်ကန်သူများကိုမူ စစ်ဆေးရုံစစ်ဆေးပြီး ဖမ်းဆီးမှု မပြုသွားခဲ့ပါ ။
လာရောက် စာသုံးသူများထဲမှ ပါမစ် မှန်ကန်သူ
စာအုပ် လက်ဝယ်ရှိသူများကိုလဲဖမ်းဆီး မသွားခဲ့ပါ ။
ပါမစ် ရှိနေစေကာမူ
အလုပ်နှင့် ပါမစ် မတူသည့်သူ အားလုံး ယနေ့ဖမ်းဆီးခံရပြီး စုစုပေါင်း ၁၀၀
ကျော်ခန့် ကား ၃ စီးဖြင့် ဖမ်းဆီးသွားခဲ့သည် ။ UN ကဒ်
ကိုင်ဆောင်ထားသူများကိုပါ ယနေ့စစ်ဆေးရန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပြီး
ယခုထိုသူများ ဂျလန်းဒူတ လဝက ရုံးသို့ရောက်ရှိ ဖမ်းဆီးခံထားရကြောင်း သိရသည် .။
ယနေ့ဖမ်းဆီးမှုမျိုး မလေးရှား နိုင်ငံတစ်ဝှမ်းတွင် ပြုလုပ်နေပြီး မလေးရှား
လဝက ဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ်၏ ပြောကြားချက်အရ ယခု ၂၀၁၄
နှောင်းပိုင်းတွင် တရားမဝင် နိုင်ငံခြားသား သောသ်းကျော် ဖမ်းဆီးမိမည်ဟု
သတင်းဌာနများသို့ လွန်ခဲ့သောလက ပြောကြားထားခဲ့ကြောင်း
ကျွန်တော်တို့ဖော်ပြပြီးဖြစ်သည် ။
လွန်ခဲ့သော ရက်များက လည်း
ဂျိုဟိုးရှိ စက်ရုံများတွင် အလုပ်လုပ်ကိုင်နေသူများအား ပါမစ် နှင့်
အလုပ်စစ်ဆေးမှုများရှိနေပြီး လက်ရှိလုပ်နေသာ အလုပ်နှင့် ပါမစ်မတူသူ
အားလုံးကို ဖမ်းဆီးသွားခဲ့ကြောင်း သိရသည် ။
ထို့ကြောင့် မိမိတို့
လုပ်နေသော အလုပ်နှင့် ပါမစ် မတူညီပါက စာအုပ်ပါ ပါမစ်ရှိ အလုပ်ရှင်ထံမှ
အလုပ်သမား လွဲပြောင်းကြောင်း သဘောတူ စာချုပ်ကို ရရှိထားမှသာ လဝက
ဖမ်းဆီးစစ်ဆေးမှုမှ လွတ်မြောက်မည်ဖြစ်သည် ။
ယခု ကာလသည်
မလေးရှားအစိုးရမှ ပါမစ် နှင့် အလုပ်တူညီမှုရှိမရှိ ၊ သူဌေး တာဝန်ယူမှုရှိမရှိ
စစ်ဆေးသွားမည်ဖြစ်ကြောင်း .ယနှေု့ဖမ်းဆီးသူ လဝက အရာရှိမှ
ပြောကြားသွားခဲ့သည် ။
ဆက်လက် ထူးခြားမှုများရှိပါက တင်ဆက်မည် ။
မလေးရှားရောက် မြန်မာများ
0 comments:
Post a Comment