
Friday, 29 August 2014
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် ပြည်တွင်း ဒီမိုကရေစီအင်အားစု အဖွဲ့အစည်း ငါးဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သြဂုတ် ၂၉ရက်က တွေ့ဆုံခဲ့ပြီး မြန်မာ့ငြိမ်းချမ်းရေး အခြေအနေများကို သုံးသပ်၍ ငြိမ်းချမ်းရေး ဘုံသဘောတူညီမှု ချမှတ်မည်ဟု UNFC၏ မဟာမိတ်အဖွဲ့တစ်ခုဖြစ်သည့် ညီညွတ်သောတိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့(UNA)၏ သဘာပတိ အဖွဲ့ဝင် ဦးအေးသာအောင်က မဇ္ဈိမကို ပြောသည်။
“ကျွန်တော်တို့ UNFC မှာ မပါတဲ့ အဖွဲ့အစည်းများ အနေနဲ့ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ် အပါအဝင် မြန်မာနိုင်ငံ အပြောင်းအလဲအတွက် အားလုံးဆွေးနွေး ဆုံးဖြတ်မယ်။ ဘုံလုပ်ငန်းစဉ်တခု ချမှတ်မယ်။ တကယ်တော့ လက်တွဲ ပူးပေါင်း ဆောင်ရွက်မယ် ဆိုရင် နိုင်ငံရေးဆွေးနွေးရမည့် ကဏ္ဍတွေမှာပါ အကျိုးရှိမယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဦးအေးသာအောင်က ပြောသည်။
UNFC နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချ
“ပြည်တွင်းက အင်အားစုတွေအနေနဲ့ လက်ရှိ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေရော အပစ်ရပ်ထားတဲ့ လူတွေရော၊ ပါတီတွေရော အားလုံးကြားထဲမှာ တွေ့ဆုံနိုင်တဲ့အခွင့်အလမ်း
ငြိမ်းချမ်းရေး အာမခံချက်ရှိရန်အတွက် ပထမအဆင့်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခြင်း ဖြစ်၍ အရေးကြီးသော တွေ့ဆုံဆွေးနွေးမှု ဖြစ်သည်ဟု ဦးကိုကိုကြီးက ဆက်ပြောသည်။
“ငြိမ်းချမ်းရေးဖြစ်စဉ်က နိုင်ငံသားတွေ အားလုံးပါဝင်လာမှ ဒီငြိမ်းချမ်းရေးက အာမခံချက်ရှိမယ်၊ ပထမအဆင့်မှာက လက်နက်ကိုင် အဖွဲ့အစည်းတွေကြား၊ နိုင်ငံရေး အင်အားစုတွေ အကြား တွေ့ဆုံဆွေးနွေးမှုတွေ စလုပ်တာပေါ့”ဟု ဦးကိုကိုကြီးက ပြောသည်။
သြဂုတ်လ ၂၉ရက် နံနက်ပိုင်းတွင် UNFC ခေါင်းဆောင်များ၏ ညီလာခံ ကျင်းပခဲ့ပြီးနောက် မွန်းလွဲပိုင်းတွင် ပြည်တွင်းမှ ဒီမိုကရေစီအင်အားစုများနှင်
သတင်းရင်းမြစ် - မဇ္ဈိမ
0 comments:
Post a Comment