
Saturday, 23 August 2014
ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် နမ့်ခွန်ကျေးရွာအနီး ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)နှင့် မြန်မာအစိုးရ စစ်တပ်တို့အ ကြား သြဂုတ်လ ၂၃ ရက်က တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားေ နသည်ဟု TNLA ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က မဇ္ဈိမကို ပြောသည်။
TNLA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၇၁၇ နှင့် အစိုးရ၏ တပ်မ ၇၇ တပ်ဖွဲ့များ ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ကျောက်မဲမြို့နယ် နမ့်ခွန်ရွာအနီးမှာ ကျွန်တော်တို့အဖွဲ့က နယ်မြေစိုးမိုးရေး ခရီးထွက်နေတာ။ အဲဒီမှာ တပ်မ ၇၇ က ကျွန်တော်တို့ ရှိတဲ့ဘက်မှာ လိုက်တိုက် တာ။လမ်းခုလတ်မှာ တွေ့ပြီးတော့ ရင်ဆိုင်တိုက်ပွဲဖြစ်တာ”ဟု ပြောသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေချိန်အတွင်း တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့ဟု သူကဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၈ ရက်ကလည်း နမ့်ခမ်းမြို့နယ် ကောင်းဝိုင်းကျေးရွာနှင့် မန်စပ်ကျေးရွာအကြား TNLA ၏ တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၁၁၂ နှင့် အစိုးရ တပ်မ ၈၈ တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ယင်း တိုက်ပွဲဖြစ်ပွားပြီးနောက် နမ့်ခမ်းမြို့နယ် အွယ်လောကျေးရွာသား ၂ ဦးအား အစိုးရ တပ်မ ၈၈ စစ်တပ်က လမ်းပေါ်တွင် ပစ်ခတ်ခဲ့သဖြင့် ညီနိုင်ဂျာ ဆိုသူမှာ သေဆုံးခဲ့ပြီး ယိုင်ထွန်းသန်းဆိုသူမှာဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်ဟု သူက ဆိုသည်။
ယခုလအတွင်း အစိုးရနှင့် TNLA တို့ တိုက်ပွဲပေါင်း ၉ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး TNLA နယ်မြေအတွင်း အစိုးရ၏ တပ်ရင်း ၆၀ ကျော် ဆက်လက် လှုပ်ရှားနေသလို၊ နှစ်ဖက်တပ် နီးကပ်စွာ တည်ရှိနေသဖြင့်တိုက်ပွဲ ဆက်လက် ဖြစ်ပွားရန် ရှိနေသည်ဟု မိုင်းအိုက်ကျော်က ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း နှစ်ဖက် တိုက်ပွဲပေါင်း ၁၃ ကြိမ်ထိ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ဇူလိုင်ကုန်ပိုင်းကမူ နမ့်ခမ်းမြို့နယ် မန်ပူးကျေးရွာအနီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် မန်းပူးကျေးရွာဒေသခံ ၈၀၀ ကျော် မိမိနေအိမ်မှ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ လတ်တလော ဒေသခံများမှာယာယီစခန်းနှင့် သွားလိုက်လာလိုက် လုပ်နေရသည်ဟု သိရသည်။
ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် နမ့်ခွန်ကျေးရွာအနီး ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)နှင့် မြန်မာအစိုးရ စစ်တပ်တို့အ ကြား သြဂုတ်လ ၂၃ ရက်က တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားေ
TNLA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၇၁၇ နှင့် အစိုးရ၏ တပ်မ ၇၇ တပ်ဖွဲ့များ ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ကျောက်မဲမြို့နယ် နမ့်ခွန်ရွာအနီးမှာ ကျွန်တော်တို့အဖွဲ့က နယ်မြေစိုးမိုးရေး ခရီးထွက်နေတာ။ အဲဒီမှာ တပ်မ ၇၇ က ကျွန်တော်တို့ ရှိတဲ့ဘက်မှာ လိုက်တိုက် တာ။လမ်းခုလတ်မှာ တွေ့ပြီးတော့ ရင်ဆိုင်တိုက်ပွဲဖြစ်တာ”ဟု ပြောသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေချိန်အတွင်း တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့ဟု သူကဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၈ ရက်ကလည်း နမ့်ခမ်းမြို့နယ် ကောင်းဝိုင်းကျေးရွာနှင့် မန်စပ်ကျေးရွာအကြား TNLA ၏ တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၁၁၂ နှင့် အစိုးရ တပ်မ ၈၈ တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ယင်း တိုက်ပွဲဖြစ်ပွားပြီးနောက် နမ့်ခမ်းမြို့နယ် အွယ်လောကျေးရွာသား ၂ ဦးအား အစိုးရ တပ်မ ၈၈ စစ်တပ်က လမ်းပေါ်တွင် ပစ်ခတ်ခဲ့သဖြင့် ညီနိုင်ဂျာ ဆိုသူမှာ သေဆုံးခဲ့ပြီး ယိုင်ထွန်းသန်းဆိုသူမှာဒဏ်ရ
ယခုလအတွင်း အစိုးရနှင့် TNLA တို့ တိုက်ပွဲပေါင်း ၉ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး TNLA နယ်မြေအတွင်း အစိုးရ၏ တပ်ရင်း ၆၀ ကျော် ဆက်လက် လှုပ်ရှားနေသလို၊ နှစ်ဖက်တပ် နီးကပ်စွာ တည်ရှိနေသဖြင့်တိုက်ပွဲ ဆက်လက် ဖြစ်ပွားရန် ရှိနေသည်ဟု မိုင်းအိုက်ကျော်က ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း နှစ်ဖက် တိုက်ပွဲပေါင်း ၁၃ ကြိမ်ထိ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ဇူလိုင်ကုန်ပိုင်းကမူ နမ့်ခမ်းမြို့နယ် မန်ပူးကျေးရွာအနီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် မန်းပူးကျေးရွာဒေသခံ ၈၀၀ ကျော် မိမိနေအိမ်မှ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ လတ်တလော ဒေသခံများမှာယာယီစခန်းနှင့်
သတင်းရင်းမြစ် - မဇ္ဈိမ
0 comments:
Post a Comment