Thursday, August 14, 2014

တအာင်းတပ် TNLA နှင့် မြန်မာအစိုးရတပ် တို့ တိုက်ပွဲဖြစ်ပွား


၁၄ ရက် သြဂုတ်လ ၂၀၁၄ ခုနှစ်
 
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်၊ ရေပုံးကျေးရွာနဲ့ မိုးလုံကျေးရွာအကြားမှာ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၃၆၇) နဲ့ အစိုးရ စစ်တပ် တပ်မ (၇၇) လက်အောက်ခံတပ်ရင်းတို့ ဒီကနေ့မနက်ပိုင်းက ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မန်တုံမြို့နယ်ထဲမှတဆင့် TNLA ပျောက်ကျားတပ်တွေကို လိုက်လံတိုက်ခိုက်ဖို့ ကျိုးစားတဲ့ အစိုးရ စစ်ကြောင်းနဲ့ လမ်းခုလတ်မှာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ နာရီဝက်ခန့်ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ပွဲမှာ TNLA ဘက်က ကျဆုံး ဒဏ်ရာ မရရှိခဲ့ကြောင်း၊ အစိုးရစစ်တပ်ဘက်က အခြေအနေကိုလည်း မသိရသေးကြောင်း ထုတ်ပြန်ချက်မှာတွေ့ရှိရပါတယ်။


TNLA တပ်ဖွဲ့ဟာ အစိုးရ နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မရရှိသေးဘဲ ၂၀၁၄ ခုနှစ်ထဲမှာ အစိုးရ စစ်တပ်နဲ့ တိုက်ပွဲ အများဆုံးဖြစ်ပွားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး နှစ်ဖက်တိုက်ပွဲတွေကြောင့် ရာနဲ့ချီတဲ့ ဒေသခံတွေလည်း မြို့ပြတွေပေါ်တက်ပြီး စစ်ဘေးခိုလှုံနေရဆဲဖြစ်ပါတယ်။


သတင်းရင်းမြစ် - ဧရာဝတီ





0 comments: