တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ
့အစည်းများ ၏ ခေါင်းဆောင်များ သီးသန့် တွေ့ ဆုံ ဆွေးနွေးမှု မနေ့ က
ညနေပိုင်း မှာ အောင်မြင်စွာ ပြီးဆုံးသွား ပြီဖြစ်ပါတယ် ။ အရေးကြီးတဲ့
ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခဲ့ရာမှာ
အကယ်၍ အပစ်ရပ်မူကြမ်းအပေါ် အစိုးရ နှင့် NCCT တို့ ဆက်လက်ဆွေးနွေးမှုတွင်
မကျေလည်မည့် ပြဿသနာပေါ်လာပါ က မည်ကဲ့သို့ ရပ်တည်မည်ကို ဦးဆောင်မှုနှင့်
ဆုံးဖြတ်မှုပေးနိုင်မည့် တိုင်းရင်းသားအဖွဲ့အသီးသီး၏ ဥက္ကဋ္ဌ သို့မဟုတ်
အတွင်းရေးမှူးချုပ်တို့က စည်းဝေးဆုံးဖြတ်ရန် သဘောတူကြကြောင်း သိရှိရပါတယ်။
အစိုးရနှင့် ဆွေးနွေးမှုတွင် ပြဿသနာပေါ်ပါက NCCT အဖွဲ့ဝင် တိုင်းရင်းသားအဖွဲ့အစည်း ၁၆ခုမှ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးချုပ်တို့ပါဝင်သည့် ခေါင်းဆောင်များ အရေးပေါ် အစည်းအဝေးကျင်းပရန် တိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိပ်သီးအစည်းအဝေးတွင် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါတယ်။

Copy from - Jade Land
0 comments:
Post a Comment