Aug 8, 2014
စစ်ကြီးပြီးဆုံးတာ နှစ်
၇ဝပြည့်တော့မှာမို့ ဒုတိယကမ္ဘာစစ်တွင်း
ချင်းတောင်တန်းတွေမှာ ကျဆုံးခဲ့တဲ့ ဂျပန်စစ်သားတွေရဲ့
ရုပ်ကြွင်းတွေကို အိမ်ပြန်ပို့ဖို့အတွက်
ဂျပန်စစ်သားရုပ်ကြွင်းရှာဖွေေ ရးအဖွဲ့ဟာ သြဂုတ်လဆန်းမှာ ချင်းပြည်နယ်ကို ပထမဆုံး ရောက်လာခဲ့ပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်မှာ ဒုတိယကမ္ဘာစစ်တွင်းက အင်ဖာ၊ မိုးရေး တိုက်ပွဲကြီးတွေဖြစ်ပွားခဲ့ပြီး ချင်းတောင်တန်းမှာ ဂျပန်စစ်သားအများအပြား ကျဆုံးခဲ့ရတာကြောင့် သူတို့ကို မြှုပ်နှံထားတဲ့ ရုပ်ကြွင်းတွေရှိရာကို ပြန်လည်ရှာဖွေတဲ့ လုပ်ငန်းစဉ်ကို သြဂုတ် ၁ရက်နေ့ကနေ ၇ရက်နေ့အထိ စူးစမ်းလေ့လာမှု စတင်ခဲ့ပါတယ်။

0 comments:
Post a Comment