
တကယ်တော့ဒီလိုစာတွေ ကျွန်တော် မရေးချင်ပါဖူး။တိုင်းပြည် ပြန်လည် ပြုပြင်နေတဲ့ ကာလမှာ အတူပူးတွဲလုပ်ဆောင်ကြဖို့ ကို အာသီသ ထားသူပါ။သဘောထား မတိုက်ဆိုင်ရင်တောင်မှ အနိမ့်ဆုံး တိုင်းပြည်ကိုချစ်တယ် ဆိုတဲ့ သဘောထားအခံကိုပဲ ဘုံသဘောတူညီချက် အနေနဲ့ လက်ခံပြီး လက်ကမ်းနေဆဲပါ။
တစ်ချို့ ကဆို ဇာဂနာ ဟာ သမ္မတ နဲ့ နီးစပ်တယ်၊ဘက်ပြောင်းသွာြး ပီ၊ခွထိုင်နေတယ် စသဖြင့် စသဖြင့် ရေးနေကြတာ ဝေဖန်နေကြတာ ကြားပါတယ်။ဖတ်ရပါတယ်။ လမ်းဆုံးတော့ရွာတွေ့ မှာပဲ ဆိုတဲ့ စိတ်နဲ့ တစ်ခွန်းမှ ပြန်မပြောခဲ့သလို မတုံ့ ပြန်ခဲ့ပါဖူး။ သေချာတာ တစ်ခုကတော့ (ဇာဂနာ ဟာ ကိုယ့် ယုံကြည်ချက် ပေါ်မှာ တစ်လက်မ မှ အတိမ်းအစောင်းမခံပဲ ရပ်တည် နေဆဲပါ)။နောက်ထပ်သေချာတာတစ် ခုကတော့(ဒီနေ့ ထက်ထိ မဆလ၊န၀တ၊နအဖ နဲ့ ဦးသိန်းစိန် အစိုးရ တို့ ဆီကနေ ပေါင်မုန့် တစ်ချပ်တောင် အလကား မရခဲ့ဖူးပါဖူး၊တောင်းလဲမတော င်းခဲ့ပါဖူး။)န၀တ၊နအဖ ခေတ်တုန်း ကရုပ်ရှင်သမားတွေကိုတယ်လီဖု န်းတွေပေးခဲ့တဲ့အထဲမှာဇာဂနာ မရခဲ့သလိုမြေကွက်တွေ ပေးခဲ့တဲ့အထဲမှာ လဲ ဇာဂနာ မပါခဲ့ပါဖူး။
ခု ဦးသိန်းစိန် အစိုးရ လက်ထက်မှာ မြန်မာမီနီဆလွန်းတွေ ပေးတော့လည်းဇာဂနာ မရခဲ့ပါဖူး။ဒီစကားတွေ ပလ္လင်ခံနေတာအကြောင်းရှိပါတယ်။ ဘာကျေးဇူးစား ကျေးဇူးခံမှ မရှိလို့ လိပ်ပြာသန့် တယ်။ပြောစရာရှိရင် ပြောင်ပြောမယ်။ပွင့်ပွင့်လင်းလင်းဝေဖန်မယ် ဆိုတဲ့စိတ်နဲ့ပါ။ခံစရာ ရှိရင်လဲ ဘယ်သူ့ ကိုမှဆွဲခေါ်မနေပါဖူး။ခံသွားမှာပဲဖြစ်ပါတယ်။ တစ်ဖက်မှာကြည့်ပြန်တော့ ဇာဂနာ ဟာ ဘယ်ပါတီ၊ဘယ်အသင်းအဖွဲ့ ထဲကိုမှ ၀င်
မထားတဲ့အတွက် ဘယ်သူ့ မျက်နှာကိုမှ မငဲ့ပဲ မှားရင်မှားတယ် ထောက်ပြနေမှာပါပဲ။
ခုလည်းပြောဖို့ လိုအပ်လာလို့ ပြောရပါပြီ။သမ္မတ ရဲ့ တတိယလှိုင်းပြောင်းလဲရေးဟာ အစမှာကထည်း ကတော်တော်ပရမ်းပတာ နိုင်နေပါတယ်။ဒီနေရာမှာ နိုင်ငံရေး စကားပြောရမှာဖြစ်လို့  နိုင်ငံရေးဆန်တဲ့ သုံးသပ်မှု ကိုပဲ ပြောရပါလိမ့်မယ်။ စစ်အာဏာရှင် ကနေ ဒီမိုကရေစီပြုပြင်ရေးသွားတဲ့  နိုင်ငံတိုင်းရဲ့ ဆင်ခြေတစ် ခုကတော့ ပြောင်းလဲလိုစိတ် မရှိတဲ့  သူတွေ ရယ် ပြောင်းလဲလိုသူတွေရယ် ဆိုတဲ့ ဂိုဏ်း ၂ ဂိုဏ်း အမြဲရှိနေတတ်ပါတယ်။ဒီဆင်ခြေ ကိုအကောင်အထည်ဖော်တဲ့အနေနဲ့  အမာဂိုဏ်းသားတွေ နဲ့ အပျော့၈ိုဏ်းသားတွေ အဖြစ်ပုံဖော်ပြီးသရုပ်ဆောင် ခဲ့ကြတယ်လို့  ကျွန်တော်တို့ ထင်ထားပါတယ်။
တတိယလှိုင်းအစမှ ပထမ ဗေထိ ကတော့ မီဒီယာနဲ့ သမ္မတ ကြားကအကွဲအဟပါပဲ။ ဒါကိုအခြေံပြီးသည်လို သုံးသပ်ကြည့်ရအောင်။
၁။သမ္မတ နဲ့ မီဒီယာ တွေကို ၇န်တိုက်ပေးမယ်။သည်တော့ သမ္မတ ရဲ့  တတိယလှိုင်း ပြုပြင်မှုကို မီဒီယာက မထောက်ခံတော့ဖူး။ဒီတော့ သမ္မတ မအောင်မြင်နိုင်တော့ဖူး။ ဒါ့ကြောင့် ၂၀၁၅ မှာ ဦးသိန်းစိန် သမ္မတ ဖြစ်လာစရာ မရှိတော့ဖူး။
၂။ဒါဆို တိုင်းပြည်မှာ မဏ္ဍိုင်သုံးရပ်(အုပ်ချုပ်ရေး ၊တရားစီရင်ရေး၊ဥပဒေပြုရေး)တိတိကျကျ ရှိပါလျက် နဲ့  လွှတ်တော် က ဘာကြောင့် သမ္မတ ဆီ သ၀ဏ်လွှာ ပို့ ရတာလဲ။ တရားရေးမဏ္ဍိုင်ကိုဘာလို့ မပို့ ရတာလဲ။လွှတ်တော် လုပ်ပြီး ဒါလေးတောင် (တကယ်) နားမလည် လို့ လား။နားမလည်ချင်ယောင်ဆောင် တာလား။
၃။သမ္မတ နဲ့ စာနယ်ဇင်းကောင်စီ(ယာယီ)တို့ တွေ့ သလို၊လွှတ်တော်၊တရားသူကြီးချုပ် တို့ နဲ့  စာနယ်ဇင်းကောင်စီ(ယာယီ)ကော တွေ့ ဖို့မလိုဖူးလား။ ဒါတွေဟာ ရိုးရိုးလေး တွေးပြီးစဉ်းစားလို့ ရအောင် ထုတ်နှုတ်လိုက်တာပါ။ဒီလိုနဲ့  မလိုအပ်တဲ့ပြသနာတွေ ပေါ်ပေါက်ခဲ့ရတာ ပြုပြင်ရေး အရှိန်ကိုတုန့် နှေးစေခဲ့ပါတယ်။
ခုတစ်ခါ ရေနံချောင်း ကမောင်မောင်ဝမ်း ရဲ့ ပြသနာ ဟာ ဦးသိန်းစိန်အစိုးရ ရဲ့  ပုံရိပ်ကို ထိခိုက်စေပြန်ပါပြီ။မောင်မောင်ဝမ်း ဟာ ရေနံချောင်းသားပါ။ရှစ်ဆဲ့ရှ စ်ကာလက ရေနံချောင်းသပိတ်ခေါင်းဆောင်ပါ။ပြီးတော့ထောင်ကျ၊တောထဲေ ရာက်ပေါ့။ဒါပေမဲ့  သူဟာနိုင်ငံရေး ကိုစိတ်ကုန်သွားပြီး အင်္ဂလိပ်စာသင်တဲ့ ကျောင်းဆရာဘ ၀ကူးပြောင်းသွားပါပြီ။အမေရိကန် ဘတ်ဖဲလိုး မှာ နေတယ် ဆိုပေမယ့် သူဌေးမဟုတ်ပါဖူး။ ရရစားစားပါ။၂၀၁၂ ခုနှစ်က ကျွန်တော် အမေရိကား ကိုရောက်တဲ့အချိန် မြန်မာပြည်ကို သူ ပြန်လာပြီး အဂ်လိပ်စာသင်ကျောင်းတစ်ခုထူ ထောင်ချင်တယ် လို့ တဖွဖွ ပြောနေသူပါပဲ။
၂၀၁၄ ခုနှစ်မှာတော့ သူ ပတ်စ်ပို့ ရပြီဖြစ်လို့ မြန်မာပြည်ပြန်လာခွင့်ရပြါ ပီ။ သူရော၊ ကျွန်တော် တို့ ရော၊သူ့ ငယ် သူငယ်ချင်း ထိန်ထိန်(ပန်းချီ ထိန်လင်း) စုတ်ဖွား (မျိုးသိန်းထွန်း)တို့ ပါပျော်ခဲ့ကြပါတယ်။မတတ်သာလို့ အမေရိကားမှာနေနေရပေမဲ့ မြန်မာပြည်မှာပဲ ပြန်နေပါရစေလို့ တဖါဖွပြောနေရှာတဲ့ သူ့ မိခင်အတွက် ငှားပြီးနေနိုင်ဖို့  တိုက်ခန်းများတောင်လိုက်ရှာ နေကြတာပေါ့။
တစ်ဖက်မှာတော့ အင်္ဂလိပ်စာ သင်ကြားပို့ ချဖို့ စီစဉ်ခဲ့ရပါတယ်။ဒါလဲ အခမဲ့စေတနာ နဲ့ သင်တဲ့သင်တန်းပါ။ဗီဇာ သဘောအရအလည် အပတ်ပဲ ၇တယ် ဆိုရင် စာသင်လို့ မရဖူး ဆိုတာတော့ ဘယ်လိုမှ နားလည် လက်ခံလို့ မရတဲ့ အကြောင်းပြချက်ပါပဲ။န၀တ၊နအဖ လက်ထက်ကထည်း က မြန်မာပြည်ကို ဂဒီးဂဒီးလာပြီး ချောင်းပေါက်မတတ်စာ လာလာသင်ပေးနေတဲ့ပါမောက္ခ ရောဘတ်တေလာရဲ့ ဗီဇာမှာရော စာသင်လို့ ရပါသလား။ ခုမြန်မာပြည်မှာ PRစနစ်သုံးဖို့ စတင်တိုက်တွန်းခဲ့တဲ့ ပါမောက္ခ လယ်ရီ ဒိုင်းမွန်းရဲ့ ဗီဇာ မှာရော စာသင်လို့ ၇ပါသလား။တရားဥပဒေစိုးမိုးေ ရးဆိုတဲ့ ခေါင်းစဉ် နဲ့ နေပြည်တော် မှာရော၊ရန်ကုန်မှာပါ စာတွေ အကြီးအကျယ် သင်သွားခဲ့တဲ့ ပါမောက္ခ အမီတအချာရီးယရဲ့ ဗီဇာမှာရော စာသင်ကြားခွင့်ပါပါသလား။
ဒါ ကျွန်တော်အမြွက်မျှတင်ပြခြ င်းပဲရှိပါတယ်။ဒီစာရေးနေတဲ့ အချိန် မြန်မာပြည်မှာစာလာ
သင်နေတဲ့ အမေရကန်၊ ကနေဒါ၊ဒိန်းမတ်၊တရုတ် နဲ့ ၈ျပန် ဆရာတွေ ရိုက်သတ်လို့ 
မကုန်အောင်ရှိနေပါသေးတယ်။ဒါ ကိုမောင်မောင်ဝမ်းကျမှ ဗီဇာ စည်းမျဉ်းချိုးဖောက်လို့ 
ဆိုပြီးရေနံချောင်းကနေ ရန်ကုန်လေဆိပ်ကိုတန်းပို့ ၊ပြီးတော့ ထိုင်းနိုင်ငံသွားမဲ့ TG
လေယာဉ်ပေါ်တင်လွှတ်ပေးလိုက်တာ ဟာ ဘယ်လို ရည်ရွယ်ချက် နဲ့ ပါလဲ။
မောင်မောင်ဝမ်းဟာအမေရိကန် နိုင်ငံသားပါ။ဥပဒေအရဖြစ်လာခဲ့ရင် အမေရိကန်အစိုးရ
လည်း ပါလာတော့မှာပါ။သူ့ နိုင်ငံသားထိရင် အမေရိကန် ဟာ ဘယ်တော့မှ လက်မနှေး
ပါဖူး။ဖြစ်ချင်တော့ ဂျွန်ကယ်ရီ မြန်မာပြည်လာခါနီးမှ ဒီပြသနာကိုမီးမွှေးလိုက်တာဖြ စ်
နေပါတယ်။စာသင်နေတာဟာ ဘိန်းစားဖို့ ဆွယ်နေတာ မဟုတ်သလို သစ်တောတွေ
ခုတ်ဖို့ လည်းပြောနေတာ မဟုတ်ပါဖူး။ဘုရးကျောင်းကန်ဇ ရပ်တွေဖြိုခိုင်းနေတာ မဟုတ်
သလို တိုင်းပြည်ရဲ့ သယံဇာတ တွေ ကို ခိုးရောင်းခိုင်းနေတာ မဟုတ်ပါဖူး။ဘယ်နိုင်ငံ ဘယ်လူမျိုးရဲ့ စံနဲ့ တိုင်းတိုင်း စာသင်တာကို တိုင်းပြည်က နှင်လိုက်တယ် ဆိုတာကတော့ အီဘိုလာ ဗိုင်းရပ်စ် ထက်ကြောက်ဖို့ ကောင်းတဲ့လုပ်ရပ်ပါပဲ။
သည်တော့ ကျွန်တော် တို့ သည်လိုစဉ်းစားကြည့်ချင်ပါတ ယ်။
၁။သမ္မတ ရဲ့ တတိယလှိုင်း အပြောင်းအလဲကို မအောင်မြင်စေချင်သူတွေက သမ္မတ ရဲ့ပုံရိပ်ကိုထိခိုက်အောင် တနည်း မရ နောက်တစ်နည်း နဲ့  ကြံစည် နေတယ် လို့ 
ယေဘူယျ သုံးသပ်ရပါ့မယ်။(ဒါဆို သမ္မတ ကိုယ်တိုင်က ကိုယ့်ရဲ့ပြုပြင်ပြောင်းလဲေ ရးကို ခလုပ်ကန်သင်းဖြစ်စေနိုင်တဲ့ လူတွေကိုပြတ်ပြတ်သားသားဖယ်ရှားပစ်ဖို့ လိုပါတယ်)
၂။မောင်မောင်ဝမ်း ရဲ့ကိစ္စမှာ သမ္မတ နာမယ် ကို အသုံးပြုပြီး တိုင်းပြည်ထဲက နှင်ထုတ်
လိုက်တာဖြစ်နေတော့ သမ္မတ က သည် လိုအမိန့် မျိုးထုတ်ပေးလိုက်တယ်လို့ ယူဆရ
ပါတယ်။(ဒါဆိုလဲ သမ္မတ ကပဲ ဟုတ်ရင်ဟုတ်တယ် မဟုတ်ရင် မဟုတ်ဖူးရှင်းရှင်း
လင်းလင်းပြောဖို့ လိုမှာဖြစ်သလို၊အလွဲသုံးစားလုပ်သူတွေကိုထိထိရောက်ရောက်အရေး
ယူသင့်ပါတယ်။တစ်ခါ မောင်မောင်ဝမ်းကို မြန်မာပြည်ပြန်လာဖို့ ဖိတ်ခေါ်ပေးလိုက်ဖို့ လဲ
လိုပါ့မယ်။)
၃။သည်တစ်ချက်ကတော့အရေးအကြီး ဆုံးပါပဲ။အမှန်အတိုင်း ၀န်ခံကြစေချင်ပါတယ်။
မြန်မာပြည်မှာ ခုချိန်ထိ ဗဟို အစိုးရ နဲ့ ပြည်နယ် တိုင်း အစိုးရအဖွဲ့ တွေ ရဲ့ အာဏာ ခွဲဝေ သုံးစွဲမှုဟာ မပီပြင်သေးပါဖူး။ကိုယ့်တိုင်းဒေသကြီး ကိုယ့်သဘော ဆိုတဲ့ မူ(လုံးဝ)မရှိသေး
ပါဖူး။မကွေးတိုင်းဟာ နာမည် ဆိုး နဲ့ ကျော်ကြားနေတာကြာပါပြီ။ဒါကို သမ္မတ လဲသိမယ် ထင်ပါတယ်။သိရင် ဘာလို့  ခုထက်ထိ မသိချင်ယောင်ဆောင်နေတာလဲဆို တာကိုက
သံသယ ၀င်စရာပါပဲ။
တစ်ခါ မကွေးတိုင်း ကထင်ရာ လုပ်တယ်ထားပါ။သူ့ တိုင်းဒေသကြီးရဲ့ လုပ်ပိုင်ခွင့်ဘောင်
ကိုကျော်ပြီး မြန်မာပြည်ထဲကနေ နှင်ထုတ်လိုက်တယ် ဆိုတာကတော့
(ဆိတ်က ဆင်လိုအော် လိုက်သလိုပါပဲ)။
သည်တော့ တတိယလှိုင်းဟာကြမ်းတာနဲ့မတူ ပဲ ရမ်းတာနဲ့ တူနေပါပြီ။ပြည်သူလူထု လိုလားတဲ့ ပြုပြင်ပြောင်းလဲရေးဟာ ပြူးပြဲပြိုလဲရေး ဖြစ်ကုန်ပါတော့မယ်။အသေအချာ
ပြန်လှန်သုံးသပ်ပြီး လမ်းမှန်ပေါ်တက်လာကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။လောလော
ဆယ်တော့ မိဘပြည်သူများခင်ဗျား နဲ့တင် လမ်းမျက်စေ့တော့တော်တော်လည် နေပါပြီ။
ဇာဂနာ
( Tomorrow သတင်းဂျာနယ်အမှတ်(၂၄)ပါ ဆောင်းပါး )
တစ်ချို့ ကဆို ဇာဂနာ ဟာ သမ္မတ နဲ့ နီးစပ်တယ်၊ဘက်ပြောင်းသွာြး
ခု ဦးသိန်းစိန် အစိုးရ လက်ထက်မှာ မြန်မာမီနီဆလွန်းတွေ ပေးတော့လည်းဇာဂနာ မရခဲ့ပါဖူး။ဒီစကားတွေ ပလ္လင်ခံနေတာအကြောင်းရှိပါတယ
ခုလည်းပြောဖို့ လိုအပ်လာလို့ ပြောရပါပြီ။သမ္မတ ရဲ့ တတိယလှိုင်းပြောင်းလဲရေးဟာ
တတိယလှိုင်းအစမှ ပထမ ဗေထိ ကတော့ မီဒီယာနဲ့ သမ္မတ ကြားကအကွဲအဟပါပဲ။ ဒါကိုအခြေံပြီးသည်လို သုံးသပ
၁။သမ္မတ နဲ့ မီဒီယာ တွေကို ၇န်တိုက်ပေးမယ်။သည်တော့ သမ္မတ ရဲ့  တတိယလှိုင်း ပြုပြင်မှုကို မီဒီယာက မထောက်ခံတော့ဖူး။ဒီတော့ သမ္မတ မအောင်မြင်နိုင်တော့ဖူး။ ဒါ့ကြောင့် ၂၀၁၅ မှာ ဦးသိန်းစိန် သမ္မတ ဖြစ်လာစရာ မရှိတော့ဖူး။
၂။ဒါဆို တိုင်းပြည်မှာ မဏ္ဍိုင်သုံးရပ်(အုပ်ချုပ်ရေး
၃။သမ္မတ နဲ့ စာနယ်ဇင်းကောင်စီ(ယာယီ)တို
ခုတစ်ခါ ရေနံချောင်း ကမောင်မောင်ဝမ်း ရဲ့ ပြသနာ ဟာ ဦးသိန်းစိန်အစိုးရ ရဲ့  ပုံရိပ်ကို ထိခိုက်စေပြန်ပါပြီ။မောင်မေ
၂၀၁၄ ခုနှစ်မှာတော့ သူ ပတ်စ်ပို့ ရပြီဖြစ်လို့ မြန်မာပြည်ပြန်လာခွင့်ရပြါ
တစ်ဖက်မှာတော့ အင်္ဂလိပ်စာ သင်ကြားပို့ ချဖို့ စီစဉ်ခဲ့ရပါတယ်။ဒါလဲ အခမဲ့စေတနာ နဲ့ သင်တဲ့သင်တန်းပါ။ဗီဇာ သဘောအရအလည် အပတ်ပဲ ၇တယ် ဆိုရင် စာသင်လို့ မရဖူး ဆိုတာတော့ ဘယ်လိုမှ နားလည် လက်ခံလို့ မရတဲ့ အကြောင်းပြချက်ပါပဲ။န၀တ၊နအဖ လက်ထက်ကထည်း က မြန်မာပြည်ကို ဂဒီးဂဒီးလာပြီး ချောင်းပေါက်မတတ်စာ လာလာသင်ပေးနေတဲ့ပါမောက္ခ ရောဘတ်တေလာရဲ့ ဗီဇာမှာရော စာသင်လို့ ရပါသလား။ ခုမြန်မာပြည်မှာ PRစနစ်သုံးဖို့ စတင်တိုက်တွန်းခဲ့တဲ့ ပါမောက္ခ လယ်ရီ ဒိုင်းမွန်းရဲ့ ဗီဇာ မှာရော စာသင်လို့ ၇ပါသလား။တရားဥပေဒစိုးမိုးေ
ဒါ ကျွန်တော်အမြွက်မျှတင်ပြခြ
သင်နေတဲ့ အမေရကန်၊ ကနေဒါ၊ဒိန်းမတ်၊တရုတ် နဲ့ ၈ျပန် ဆရာတွေ ရိုက်သတ်လို့ 
မကုန်အောင်ရှိနေပါသေးတယ်။ဒါ
ဆိုပြီးရေနံချောင်းကနေ ရန်ကုန်လေဆိပ်ကိုတန်းပို့ ၊ပြီးတော့ ထိုင်းနိုင်ငံသွားမဲ့ TG
လေယာဉ်ပေါ်တင်လွှတ်ပေးလိုက်တာ
မောင်မောင်ဝမ်းဟာအမေရိကန် နိုင်ငံသားပါ။ဥပဒေအရဖြစ်လာခ
လည်း ပါလာတော့မှာပါ။သူ့ နိုင်ငံသားထိရင် အမေရိကန် ဟာ ဘယ်တော့မှ လက်မနှေး
ပါဖူး။ဖြစ်ချင်တော့ ဂျွန်ကယ်ရီ မြန်မာပြည်လာခါနီးမှ ဒီပြသနာကိုမီးမွှေးလိုက်တာဖြ
နေပါတယ်။စာသင်နေတာဟာ ဘိန်းစားဖို့ ဆွယ်နေတာ မဟုတ်သလို သစ်တောတွေ
ခုတ်ဖို့ လည်းပြောနေတာ မဟုတ်ပါဖူး။ဘုရးကျောင်းကန်ဇ
သလို တိုင်းပြည်ရဲ့ သယံဇာတ တွေ ကို ခိုးရောင်းခိုင်းနေတာ မဟုတ်ပါဖူး။ဘယ်နိုင်ငံ ဘယ်လူမျိုးရဲ့ စံနဲ့ တိုင်းတိုင်း စာသင်တာကို တိုင်းပြည်က နှင်လိုက်တယ် ဆိုတာကတော့ အီဘိုလာ ဗိုင်းရပ်စ် ထက်ကြောက်ဖို့ ကောင်းတဲ့လုပ်ရပ်ပါပဲ။
သည်တော့ ကျွန်တော် တို့ သည်လိုစဉ်းစားကြည့်ချင်ပါတ
၁။သမ္မတ ရဲ့ တတိယလှိုင်း အပြောင်းအလဲကို မအောင်မြင်စေချင်သူတွေက သမ္မတ ရဲ့ပုံရိပ်ကိုထိခိုက်အောင် တနည်း မရ နောက်တစ်နည်း နဲ့  ကြံစည် နေတယ် လို့ 
ယေဘူယျ သုံးသပ်ရပါ့မယ်။(ဒါဆို သမ္မတ ကိုယ်တိုင်က ကိုယ့်ရဲ့ပြုပြင်ပြောင်းလဲေ
၂။မောင်မောင်ဝမ်း ရဲ့ကိစ္စမှာ သမ္မတ နာမယ် ကို အသုံးပြုပြီး တိုင်းပြည်ထဲက နှင်ထုတ်
လိုက်တာဖြစ်နေတော့ သမ္မတ က သည် လိုအမိန့် မျိုးထုတ်ပေးလိုက်တယ်လို့ ယူဆရ
ပါတယ်။(ဒါဆိုလဲ သမ္မတ ကပဲ ဟုတ်ရင်ဟုတ်တယ် မဟုတ်ရင် မဟုတ်ဖူးရှင်းရှင်း
လင်းလင်းပြောဖို့ လိုမှာဖြစ်သလို၊အလွဲသုံးစာ
ယူသင့်ပါတယ်။တစ်ခါ မောင်မောင်ဝမ်းကို မြန်မာပြည်ပြန်လာဖို့ ဖိတ်ခေါ်ပေးလိုက်ဖို့ လဲ
လိုပါ့မယ်။)
၃။သည်တစ်ချက်ကတော့အရေးအကြီး
မြန်မာပြည်မှာ ခုချိန်ထိ ဗဟို အစိုးရ နဲ့ ပြည်နယ် တိုင်း အစိုးရအဖွဲ့ တွေ ရဲ့ အာဏာ ခွဲဝေ သုံးစွဲမှုဟာ မပီပြင်သေးပါဖူး။ကိုယ့်တိုင
ပါဖူး။မကွေးတိုင်းဟာ နာမည် ဆိုး နဲ့ ကျော်ကြားနေတာကြာပါပြီ။ဒါက
သံသယ ၀င်စရာပါပဲ။
တစ်ခါ မကွေးတိုင်း ကထင်ရာ လုပ်တယ်ထားပါ။သူ့ တိုင်းဒေသကြီးရဲ့ လုပ်ပိုင်ခွင့်ဘောင်
ကိုကျော်ပြီး မြန်မာပြည်ထဲကနေ နှင်ထုတ်လိုက်တယ် ဆိုတာကတော့
(ဆိတ်က ဆင်လိုအော် လိုက်သလိုပါပဲ)။
သည်တော့ တတိယလှိုင်းဟာကြမ်းတာနဲ့မတူ
ပြန်လှန်သုံးသပ်ပြီး လမ်းမှန်ပေါ်တက်လာကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။လောလော
ဆယ်တော့ မိဘပြည်သူများခင်ဗျား နဲ့တင် လမ်းမျက်စေ့တော့တော်တော်လည်
ဇာဂနာ
( Tomorrow သတင်းဂျာနယ်အမှတ်(၂၄)ပါ ဆောင်းပါး )
0 comments:
Post a Comment