
တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးသဘောတူညီချက်
စာချုပ်ကို လက်မှတ်မရေးထိုးမီ ပြည်သူလူထုအပါအဝင်
နိုင်ငံရေး ပါတီများနှင့် အဖွဲ့အစည်းအသီး သီးအား
ချပြရန်လိုအပ်ကြောင်း NCCT ဒုတိယအဖွဲ့ခေါင်းဆောင်
(၂) ဗိုလ်ချုပ်ဂွန်မော်ကပြောကြား သည်။
သြဂုတ် ၁၈ ရက်ကပြုလုပ်ခဲ့ သော ပြည်ထောင်စုငြိမ်းချမ်းရေး
ဖော်ဆောင်ရေးလုပ်ငန်းကော် မတီ(UPWC) တိုင်းရင်းသား
လက် နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲ
ရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT နှင့် နိုင်ငံ ရေးပါတီများ
ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက် ၍ သုံးပွင့်
ဆိုင်တွေ့ဆုံပွဲတွင် ဗိုလ် ချုပ်ဂွန်မော်က အဖွင့်မိတ်ဆက်
စကားပြောကြားရာ၌ ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့
ခြင်းဖြစ် သည်။
‘‘ကျွန်တော်တို့ NCA လက် မှတ်ကိုမရေးထိုးမီ သက်ဆိုင်
ရာ လူထုနဲ့အဖွဲ့အစည်းအသီးသီး၊ နိုင်ငံရေးပါတီများကို
ချ ပြဖို့လို တယ်’’ဟုဆိုသည်။
ထို့အပြင် ဗိုလ်ချုပ်ဂွန်မော် က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမှတစ်ဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လက်
ဆောင် ရွက်ရာတွင် NCCT အဖွဲ့ဝင်များအပြင် NCCT
အဖွဲ့ဝင်မဟုတ် သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့
များ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများနှင့် ကျွမ်း
ကျင်ပညာရှင်များအားလုံး ပါဝင်ဆောင်ရွက်ရန် လိုအပ်
ကြောင်း ပြောသည်။
‘‘အခု ကျွန်တော်တို့ပြောနေ တာက အားလုံးပါဝင်ရေးပဲဖြစ်
ပါ တယ်။ ဘယ်အချိန်မှာစမလဲ၊ ဘယ်လိုရေးဆွဲမလဲ၊ ဘာ
ကြောင့် လဲဆိုရင် ကျွန်တော်တို့ ဆက် လက်ပြီးဆောင်ရွက်
ရမယ့်လုပ် ငန်းအားလုံးဟာ တစ်နိုင်ငံလုံး ပြည်သူလူထုအပါ
အဝင် တစ်နိုင် ငံလုံးက ပါဝင်ဆောင်ရွက်ဖို့လိုတဲ့ ကိစ္စဖြစ်တယ်’’
ဟု ဗိုလ်ချုပ်ဂွန် မော်ကပြောသည်။
ငြိမ်းချမ်းရေးအတွက်အရေး ကြီးသည့် တစ်နိုင်ငံလုံးအပစ်အ
ခတ်ရပ်စဲရေးစာချုပ်ကို လက် နက်ကိုင်အဖွဲ့အစည်းအားလုံး
ပါ ဝင်၍ မကြာမီလက်မှတ်ရေးထိုး နိုင်မည်ဟု မျှော်လင့်
ကြောင်း UPWC ဒုဥက္ကဋ္ဌဦးအောင်မင်းက အဖွင့်မိတ်ဆက်
စကားတွင်ထည့် သွင်းပြောသည်။
‘‘သမိုင်းဝင်စာချုပ်ကြီးကို လက်မှတ် ရေးထိုးနိုင်ဖို့ကြိုးစားနေ တဲ့တစ်ပြိုင်တည်းမှာပဲ နိုင်ငံရေး ဆွေးနွေးပွဲများအတွက်
(Framework) မူဘောင်များ ချမှတ်တဲ့အ ပိုင်းကို ပါဝင်သင့်ပါ
ဝင်ထိုက်သူ အားလုံးနဲ့ လက်တွဲပြီးဆောင်ရွက် သွားဖို့လိုတယ်
လို့ ကျွန်တော်တို့ သဘောတူပါတယ်’’ဟု ဦးအောင် မင်းက
ဆိုသည်။
သုံးပွင့်ဆိုင်တွေ့ဆုံခဲ့သော အလွတ်သဘောဆွေးနွေးပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား ပါတီများ အပါအဝင် နိုင်ငံရေးပါတီ ၃၄ ပါတီိမှ ကိုယ်စားလှယ်များ တက်ရောက်
၍ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့်ပတ် သက်သည့် သဘောထားအမြင်
များ တင်ပြခဲ့ကြောင်း သတင်းရရှိ သည်။
(By-7day)
0 comments:
Post a Comment