Thursday, August 28, 2014

မြန်မာအစိုးရ စစ်တပ် ၏ ယုတ်မာမှု


ရှမ်းပြည်မြောက်ပိုင်း မိုးမိတ် မြို့နယ်၊ မန်ရှီကျေးရွာမှ အသက် (၃၈) နှစ် ရှိ ဦးအိုက်ဇက်အား မြန်မာအစိုးရ တပ်၊ တပ်မ (၇၇) မှ ဖမ်းဆီးနှိပ်စက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော သြဂုတ်လ (၁ရ) ရက်နေ့ က အစိုးရစစ်ကြောင်း မန်ရှီရွာထဲသို့ ဝင်လာပြီး ဦးအိုက်ဇက်ကို ဖမ်းဆီး တုပ်နှောင်ကာ အစိုးရ စစ်တပ် ၏ စစ်ဗိုလ် ၀တ်စုံကို ၀တ်ဆင် စေပြီး စစ်ကြောင်း ရှေ့ဆုံးမှ မိုင်းဗုံး အကာ အကွယ် အဖြစ်လျှောက် စေခဲ့ကြောင်း၊ ၄င်း ၀တ်စုံကို ၀တ်ဆင်ရန် ငြင်းဆန်သော ကြောင့်ပြင်းထန် စွာရိုက်နှက်ခဲ့ကြောင်း၊ သြဂုတ်လ (၁၇-၂၁) ရက်နေ့ထိ (၄) ရက် ဆက်တိုက် ထိုကဲ့သို့ပြုလုပ် ခဲ့ကြောင်း နှိပ်စက် ဒဏ်ရာများ ပြင်းထန် လွန်း၍ လမ်းမ လျှောက်နိုင် တော့သော အခါမှ လမ်းခုလပ်တွင် ပစ်ထားခဲ့ရာ တွေ့ရှိသောရွာသားများ ရွာသို့ပြန်လည်ခေါ်ဆောင်လာကာဆေးကုသပေးခဲ့ကြရကြောင်း သိရသည်။

ယခုအခါ ဦးအိုက်ဇက်သည် မိမိ ရွာသို့ ပြန်လည်ရောက်ရှိပြီဖြစ်သော်လည်း အစိုးရတပ် မှ နှိပ်စက်ထားသော ဒဏ်ရာများကြောင့် မိမိ နေအိမ်တွင် ဆေးဝါးကုသနေဆဲဖြစ်ကြောင်း သိရသည် ။

သတင်းရင်းမြစ် - ကချင်သတင်းဌာန


0 comments: