
သြဂတ်စ်လ၂၆ ရက်၂၀၁၄
ပြည်ထောင်စုငြိမ်းချမ်းရေးေ ဖ်ာဆောင်ရေးကော်မတီ UPWC ၊ တပြည်လုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ
ညှိနှိုင်းရေးအဖွဲ့ NCCT နဲ့နိုင်ငံရေးပါတီ ၃၄ ပါတီတို့
“သုံးပွင့်ဆိုင်အစည်းအဝေး” ကို သြဂတ်စ်လ ၁၈ ရက် ကနေ ၂၀ ရက်နေ့အထိ
ရန်ကုန်မြို့ ရွှေလီလမ်းမှာရှိတဲ့ ငြိမ်းချမ်းရေးစင်တာမှာ ပြုလုပ်ခဲ့ပါတယ်။
ဒီသုံးပွင့်ဆိုင်အစည်းအဝေးမ တိုင်ခင်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူညီလ က်မှတ်ရေးထိုးဖို့အတွက် UPWC နဲ့ NCCT တို့ ၁၅-၁၇ သုံးရက်တာဆွေးနွေးခဲ့ကြပါသေးတယ်။ အဲဒီဆွေးနွေးပွဲကနေ အစိုးရဖက်က ဖက်ဒရယ်ပြည်ထောင်စုတည်ထောင် ဖို့ သဘောတူတယ်၊ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီလက်မှတ်ရေးထိုးပြီး ရင် ၂၄ နာရီအတွင်း အကောင်အထည်ဖော်ရမယ်−စတဲ့ရလဒ် ကောင်းတွေ ထွက်ပေါ်လာပါတယ်။
ဒါပေမဲ့သဘောတူညီမှုမရရှိဘဲဆ က်လက်ဆွေးနွေးဖို့အချက်အလက် တွေလည်းရှိသေးတယ်လို့ NCCT အဖွဲ့ဝင်တဦးက အခုလိုပြောပါတယ်။
“ပင်လုံစိတ်ဓာတ်၊ပင်လုံကတိက ဝတ်ကအဓိကပေါ့။နောက်ကိုယ်ပို င်ပြဌာန်းခွင့်မှာဥပဒေနဲ့အညီလို့ထည့်ထားတယ်။ ဒါတွေကိုပြန်ဆွေးနွေးရမယ်။”
UPWC နဲ့ NCCT တို့ ၁)အခြေခံမူများ ၂)ဦးတည်ချက်နှင့်ရည်ရွယ်ချက်များ ၃)အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ ၄)အပစ်အခတ်ရပ်စဲရေးကို ခိုင်မာအောင် လုပ်ဆောင်ရမည့်နည်းလမ်းများ ၅) နိုင်ငံရေးဆွေးနွေး ပွဲအတွက် အာမခံချက်များ ၆)ရှေ့လုပ်ငန်းစဉ်များ ၇)အထွေထွေစတဲ့အခန်း ၇ ခန်းနဲ့ ဆွေးနွေးခဲ့ကြပါတယ်။
ဒါပေမဲ့သုံးပွင့်ဆိုင်အစည်း အဝေးမှာ NCCT ရဲ့ခေါင်းဆောင်ဖြစ်တဲ့ နိုင်ဟံသာက “အပစ်ခတ်ရပ်စဲရေးကာလမှာ ဘယ်လိုနေထိုင်သွားလာလှုပ်ရှားမယ်။ တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးသဘောတူညီမှု လက်မှတ်ရေး ထိုးရင် ဘယ်အဖွဲ့တွေပါမယ်။ နိုင်ငံရေးဆွေးနွေးရင် ဘယ်အဖွဲ့တွေပါမယ်ဆိုတာကို ဆက်ဆွေးနွေးရမယ်” လို့ ပြောပါတယ်။
UPWC ရဲ့ဒု−ဥက္ကဋ္ဌဖြစ်တဲ့ ဦးအောင်မင်းကလည်း သဘောတူညီချက်မရသေးတဲ့အချက်အားလုံး ၁၂၂ ချက် ရှိတဲ့အထဲမှာ အရင်က ၃၁ ချက်ကျန်ကြောင်း၊ ယခုတဖန်ဆွေးနွေးရာ ၄−၅ ချက်သာ ကျန်တော့ကြောင်း ဆိုပါ တယ်။
လာမဲ့စက်တင်ဘာလထဲမှာ UPWC နဲ့NCCT တို့ပြန်ဆွေးနွေးမှာဖြစ်ပြီး သဘောတူညီချက်အားလုံး ရယူနိုင် မှာဖြစ်ကြောင်း၊ အောက်တိုဘာလကုန်မှာ တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ဖို့ ၉၅% ရှိကြောင်း မြန်မာ့ငြိမ်းချမ်းရေးစင်တာ က ဦးလှမောင်ရွှေက သတင်းထောက် တွေကို ဖြေကြားခဲ့ပါတယ်။
သုံးပွင့်ဆိုင်အစည်းအဝေးမှာ နိုင်ဟံသာက “ကျနော်တို့ကိုသောင်းကျန်တဲ့ သူတွေလို့ပြောကြတယ်။ ဒါပေမဲ့ ကျနော်တို့တော်လှန်ရေးလုပ်တာဟာ သောင်းကျန်းဖို့အတွက်မဟုတ်ဘူး။ ကျနော်တို့အခွင့်အရေးတွေ ရှုံးဆုံးရတယ်။ အခွင့်အရေးပြန်ရအောင် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ေ ဖြရှင်းပြန်တော့လည်းမရဘူး။ ကျနော်တို့ အနိုင်ကျင့်ဖိနှိပ်တာတွေခံခဲ့ရတယ်။ ဒါကြောင့်တော်လှန်ပုန်ကန်ရတာ။ ဒီပြည်ထောင်စု ပန်းဥယျာဉ်မှာ ပန်းမျိုးတရာ ဝေဝေဆာဆာ လှလှပပ ဖူးပွင့်နိုင်ဘို့ လိုပါတယ်” လို့ ပြောပါတယ်။
တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ဆွေးေ နွးပွဲကရရှိလာတဲ့သဘောတူညီချ က်တွေကိုလွှတ်တော်ကအသိအမှတ်ြ ပုဖို့ကြိုးစားသွားမယ်လို့လ ည်း UPWC ရဲ့ဒု−ဥက္ကဋ္ဌ ၂ ဦးသိန်းဇော်ကလည်း ပြောပါ တယ်။
KIA ဒု−စစ်ဦးစီးချုပ်ဗိုလ်ချုပ် ဂွန်မော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ၃နှစ်ကြာပြီဖြစ်ပေမဲ့ မအောင်မြင်သေး ဘူးလို့ ပြစ်တင်ဝေဖန်တဲ့သူတွေလည်းရှိကြောင်း၊
ဒါပေမဲ့ တချို့နိုင်ငံတွေတောင် ငြိမ်းချမ်းရေးဖော်ဆောင်ရာ မှာ ၅ နှစ် အထိ
ကြာမြင့်သေးကြောင်း၊ ဒါကြောင့် စိတ်ရှည်ရမည်ဖြစ်ကြောင်း ဆိုပါတယ်။
နိုင်ငံရေးပါတီတွေအားလုံးလိုလို တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးဆွေးနွေးပွဲ ၊ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ တွေကို ကျေနပ်အားရကြောင်း၊ ဝမ်းမြောက်ဝမ်းသာကြောင်း ဆိုပါတယ်။
KIO ဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာ(ယခု ကချင်ပြည်နယ်ဒီမိုကရတ်တစ်ပါ တီဥက္ကဌ)
ကတော့ − “အရေးကြီးဆုံးက ဝမ်းသာခြင်းကနေ ဝမ်းနည်းခြင်း ပြောင်းလဲမသွားဖို့
ကြိုးစားရမယ်။ ဒါကြောင့် ကာလရှည် ကြာတယ်ဆိုတာ ကြာသင့်ရင်ကြာရမယ်။ ဒါပေမဲ့
မကြာသင့်တာကိုကြာအောင် အချိန်ဆွဲထားတာမျိုးတော့ မဖြစ်သင့်ဘူး” လို့
ဆိုပါတယ်။
SNLD ဒု−ဥက္ကဋ္ဌ စိုင်းစောအောင်ကတော့“ငြိမ်း ချမ်းရေးအလင်းရောင်သန်းလာပြီ” လို့ ဆိုပါတယ်။
ဆွေးနွေးပွဲရဲ့နိဂုံးမှာတော့  နိုင်ဟံသာက “အခုကျနော်တို့အနာနဲ့တည့်တဲ့ ဆေး ရှာတွေ့ပြီ။ အဲဒီဆေးကို အသုံးပြုပြီး ရဲရဲဝံ့ဝံ့နဲ့ အနာကို ကုသသွားဖို့ဘဲလိုတယ်” လို့လည်း ပြောကြားသွားပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲက နေတဆင့် ဝမ်းသာစရာ ဝမ်းနည်းစရာတွေကြားကနေ ငြိမ်းချမ်းရေးရောင်ခြည် သန်းလာပြီလားဆိုတာ…
ပြည်ထောင်စုငြိမ်းချမ်းရေးေ
ဒီသုံးပွင့်ဆိုင်အစည်းအဝေးမ
ဒါပေမဲ့သဘောတူညီမှုမရရှိဘဲဆ
“ပင်လုံစိတ်ဓာတ်၊ပင်လုံကတိက
UPWC နဲ့ NCCT တို့ ၁)အခြေခံမူများ ၂)ဦးတည်ချက်နှင့်ရည်ရွယ်ချက
ဒါပေမဲ့သုံးပွင့်ဆိုင်အစည်း
UPWC ရဲ့ဒု−ဥက္ကဋ္ဌဖြစ်တဲ့ ဦးအောင်မင်းကလည်း သဘောတူညီချက်မရသေးတဲ့အချက်အ
လာမဲ့စက်တင်ဘာလထဲမှာ UPWC နဲ့NCCT တို့ပြန်ဆွေးနွေးမှာဖြစ်ပြီ
သုံးပွင့်ဆိုင်အစည်းအဝေးမှာ
တနိုင်ငံလုံးဆိုင်ရာအပစ်အခတ
KIA ဒု−စစ်ဦးစီးချုပ်ဗိုလ်ချုပ်
နိုင်ငံရေးပါတီတွေအားလုံးလိ
KIO ဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာ(ယခု ကချင်ပြည်နယ်ဒီမိုကရတ်တစ်ပါ
SNLD ဒု−ဥက္ကဋ္ဌ စိုင်းစောအောင်ကတော့“ငြိမ်း
ဆွေးနွေးပွဲရဲ့နိဂုံးမှာတော
ငြိမ်းချမ်းရေးဆွေးနွေးပွဲက
သျှမ်းသံတော်ဆင့်
0 comments:
Post a Comment